၂၉ - ၁၀ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )
မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့
၁။အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့ ကုလ သံတမန်တွေ တောင်းဆို
၂။ကျိုက်ထိုမြို့နယ်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်တပ်က လေကြောင်း၊လက်နက်ကြီးတို့နဲ့တိုက်ခိုက်မှု ပြည်သူ ၈ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရ
၃။ကုလားတန် မြစ်ဝက တိုက်ပွဲမှာ အကြမ်းဖက် စစ်ကော်မရှင်ရဲ့ သင်္ဘော ၂ စီးကို AA ထပ်မံ တိုက်ခိုက်နှစ်မြုပ်၊ဗန်းမော်မြို့ အနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး၊ စကခ (၂၁) ကို KIA ထိုးစစ်ဆင်နေ
၄။စစ်ကိုင်းမြို့နယ်မှာ အကြမ်းဖက် စစ်တပ်က ၁၀ ရက်ဆက် စစ်ကြောင်းထိုးပြီး လုယက်နေ၊ပေါက်မှာလည်း စစ်ကော်မရှင် စစ်ကြောင်းကြောင့် ဒေသခံ ၁ သောင်းနီးပါး စစ်ရှောင်နေရ စတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
အခုပထမဆုံးအနေနဲ့

======================
m.CDM အောက်တိုဘာ ၂၈ ရက်။
အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်တန့်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့ ကုလသမဂ္ဂ သံတမန်တွေက ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ တတိယကော်မတီ အစည်းအဝေးမှာ မြန်မာနို င်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့ (Julie Bishop) နဲ့ လူ့အခွင့်အရေး အထူးကိုယ်စား လှယ် ကယ်လီ ကျူရီ (Kelly Currie) တို့က မြန်မာ့အရေး အစီရင်ခံစာတွေကို တင်ပြခဲ့ကြတာ ဖြစ်ပါတယ်။
ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းတွေဟာ ဖြေရှင်းလို့မရနိုင်တော့တဲ့ အခြေအနေမရောက်ခင်မှာ ကုလသမဂ္ဂအနေနဲ့ ထိရောက်စွာအရေးယူ ဆောင်ရွက်မလားဆိုပြီး အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ က မေး ခွန်းထုတ် သတိပေးလိုက်ပါတယ်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဟာ သူ့ကိုယ်သူ သမ္မတအဖြစ်ကြေညာပြီး ရက် ၁၀၀ စီမံချက်ကို ဖော်ဆောင်ပြခဲ့ပေမယ့် အဲဒီကာလအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ မီးရှို့ဖျက်ဆီးမှု တွေကို ပိုပြင်းထန်စွာ လုပ်ဆောင်ခဲ့တယ်လို့လည်း ကယ်လီကျူရီ က တင်ပြခဲ့ပါတယ်။
စစ်အာဏာသိမ်း ၅ နှစ်တာအတွင်းမှာ ပဋိပက္ခကြောင့် သေဆုံးသူ ၁ သိန်း ကျော်သွားပြီဖြစ်ပြီး အများစုဟာ အရ ပ်သားတွေ ဖြစ်သလို၊ အကြမ်းဖက် စစ်တပ်ဟာ ဘုရားကျောင်းတွေ၊ ကျောင်းတွေ နဲ့ ဆေးရုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့လည်း သူက ဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုက ပြုလုပ်ခဲ့တဲ့ ၂၀၂၆ ရွေးကောက်ပွဲနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုဆိုတာဟာ အဓိကပါတီတွေကို ဖယ်ရှားထားတာ၊ ပဋိပက္ခကြား မဲခွဲတာနဲ့ တိုက်ခိုက်မှုတွေ ဆက်လုပ်နေတာကြောင့် အတုအယောင် ရွေးကောက် ပွဲနဲ့ ဟန်ပြလုပ်ဆောင်ချက်သာ ဖြစ်တယ်လို့ ဂျူလီ ဘစ်ရှော့ က ထောက်ပြခဲ့ပါတယ်။
စစ်အုပ်စုဘက်က လေကြောင်းတိုက်ခိုက်မှုတွေဟာ တော်လှန်ရေးအုပ်စုတွေကို ပစ်မှတ်ထားတာလို့ ဆင်ခြေပေး နေပေမယ့် အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် အရပ်သား ၈,၅၀၀ ထက်မနည်းကို ပစ်မှတ်ထား သတ်- ဖြတ်နေတာ ဖြစ်ကြောင်း၊ အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်တန့်ဖို့နဲ့ ဖမ်းဆီးခံထားရသူ ၂၀,၀၀၀ ကျော် ကိုလည်း လွှတ်ပေးဖို့ သူက တောင်းဆိုသွားပါတယ်။
မြန်မာ့ပဋိပက္ခတွေကို စစ်ရေးနည်းနဲ့ ဖြေရှင်းနိုင်မယ်ဆိုတာ မဟုတ်မှန်ကြောင်းနဲ့ ကုလသမဂ္ဂ ရဲ့ အခန်းကဏ္ဍဟာ မေးခွန်းထုတ်ခံနေရချိန်မှာ မြန်မာ့အရေးဟာ ကြီးမားတဲ့စိန်ခေါ်မှုဖြစ်လို့ အခြေအနေတွေမဆိုးရွားခင် ထိရောက်စွ ာအရေးယူဖို့ လိုအပ်ကြောင်း ဂျူလီဘစ်ရှော့ က သတိပေး တိုက်တွန်းခဲ့ပါတယ်။
——————————

m.CDM၊ အောက်တိုဘာ ၂၈
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ အာဏာသိမ်း အကြမ်းဖက်စစ်တပ်က လေကြောင်း ကနေ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်တာတွေကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၈ ဦး သေဆုံးပြီး ၁၁ ဦး ပြင်းထန် ဒဏ်ရာရခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၉ ရက်မှ ၁၅ ရက်နေ့အထိ တပတ်တာအတွင်း အကြမ်းဖက်စစ်တပ် လက်ချက်ကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရတာကို အသိပေး ထုတ်ပြန်လာတာပါ။
အောက်တိုဘာ ၁၂ ရက်နေ့က ငှက်ပျောတောရွာထဲကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၄၃ နှစ်အရွယ် ဦးမင်းဇော်၊ ဒေါ်စန္ဒာနဲ့ အသက် ၂၁ နှစ်အရွယ် မောင်ဇွဲဇင်ဖြိုးတို့ ၃ ဦး သေဆုံးခဲ့ရပြီး ဦးချစ်သဲအောင်ကတော့ ညာခြေထောက်ဖြတ်ရတဲ့အထိ ပြင်းထန်ဒဏ်ရာရရှိကာ ကားတစီးနဲ့ ဆိုင်တဆိုင် လည်း ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၁၃ ရက်နေ့မှာလည်း ကျောက်ဖျာအောက်ရွာအနီးက စစ်ဘေးရှောင်ပြည်သူတွေခိုလှုံရာ နေရာနဲ့ အနီးဝန်းကျင်ကို လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင် တဲတလုံး မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။
အဲဒီနေ့မှာပဲ ကျိုက်ထိုမြို့နယ် အလူးရွာကြီးအထက်ရွာကို စစ်တပ်က လေကြောင်းကနေ ထပ်ပြီးတိုက်ခိုက်ခဲ့ တာကြောင့် အရပ်သားပြည်သူ ၅ ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရခဲ့သလို အိမ်တလုံး မီးလောင်ပျက်စီးကာ ၁၃ လုံး ပျက်စီးသွားတယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၉ ရက်၊ ၁၂ ရက်နဲ့ ၁၅ ရက်နေ့တွေမှာလည်း ပတိမ်တောင်၊ မိုးဘောနတ်စင်ရွာ၊ ဇီးကုန်းစုနဲ့ ရှမ်းစုရွာထိပ်က အရပ်သားပြည်သူတွေ နေထိုင်ရာနေရာတွေနဲ့ လုပ်ငန်းခွင်တွေကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းတို့နဲ့ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဆိုင်ကယ် ပြင်ဆိုင်အပါအဝင် အရပ်သားပိုင်ပစ္စည်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အခုလို အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဒေသနေပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်နဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ဆုံးရှုံးခဲ့ရပြီး စစ်ဘေးရှောင်ပြည်သူတွေလည်း လုံခြုံရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခက်အခဲတွေ ပိုပြီးရင်ဆိုင်ကြုံတွေ့နေရတယ်လို့ KNU က ထုတ်ပြန်ပြောဆိုထားပါတယ်။

=====================
m.CDM အောက်တိုဘာ ၂၈ ရက်။
ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ ဝီရဌာနီ(ပေါက်တော) မြို့ကြားက ကုလားတန်မြစ်ဝမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင် ရဲ့ စစ်သင်္ဘောအုပ်စုကို အာရက္ခတပ်တော် (AA) က တိုက်ခိုက်ခဲ့ရာ သင်္ဘော ၃ စီး ပျက်စီးပြီး၊ ၂ စီး လုံးဝ နစ်မြုပ် သွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက် (သီတင်းကျွတ် လပြည့်နေ့) ညက ရေကြောင်းစစ်ဆင်ရေး အနေနဲ့ တိုက်ခိုက် ခဲ့တာဖြစ်ပြီး၊ စစ်သင်္ဘော ၂ စီး လုံးဝ နစ်မြုပ်သွားသလို ကျန် ၁ စီး ဟာလည်း ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးသွား တယ်လို့ AA ပြောခွင့်ရ ဦးခိုင်သုခ က ပြောပါတယ်။
အလားတူ စစ်တွေမြို့နယ်နဲ့ အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက် စစ်ကော်မရှင် တပ်ဟာ မြို့ပေါ်က ပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုဖို့ ဗုံးခိုကျင်းတွေကို လိုက်လံ ဖျက်ဆီးနေတယ်လို့ ဆိုပါတယ်။
ဒါဟာ အရပ်သား ပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ဖို့ စနစ်တကျ ကြိုတင် ပြင်ဆင်နေတာဖြစ်ပြီး၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ဖြစ်တယ်လို့လည်း ဦးခိုင်သုခ က ပြောပါတယ်။
ဒါ့အပြင် လွန်ခဲ့တဲ့ ရက်ပိုင်းမှာ စစ်တွေမြို့ အနီးက ငပြီကျွန်းကို အကြမ်းဖက် စစ်တပ်က အင်အားအလုံးအရင်းနဲ့ ကမ်းတက်ဖို့ ကြိုးစားခဲ့ပေမယ့် ငပြီကျွန်းဟာ AA ရဲ့ ထိန်းချုပ်မှုအောက်မှာ အပြည့်အဝဆက်ရှိနေတယ်လို့ သူက အတည်ပြု ပြောကြားခဲ့ပါတယ်။
တစ်ဖက်မှာလည်း ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်တို့ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ခလရ (၄၇) တပ်ရင်းဘက်မှာရှိတဲ့ KIA ထိန်းချုပ်နယ်မြေတွေကို ပြီးခဲ့တဲ့ တစ်ပတ်လေ ာက်ကစပြီး အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေသလို KIA ပူးပေါင်းတပ်တွေကလည်း အမှတ် (၂၁) စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ် စကခ (၂၁) ကို တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် စကခ (၂၁) အနောက်ဘက်ခြမ်းမှာရှိတဲ့ အရေးပါတဲ့ မိုးစိန်ကျွန်းကို KIA ဘက်က ပြင်းပြင်းထန်ထန် တန်ပြန် ထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိမှာ တိုက်ပွဲတွေ နေ့စဉ်နီးပါး ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်ကော်မရှင်က လေကြောင်း တိုက်ခိုက်မှုတွေနဲ့ ဒရုန်းမျိုးစုံကို အသုံးပြုပြီး ခုခံတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ဗန်းမော်မြို့ကို ရေကြောင်းကနေ အင်အားနဲ့ လက်နက်တွေ ဖြည့်တင်းပြီး ထိုးစစ်ဆင် နေတာ ဖြစ်သလို၊ KIA ပူးပေါင်းတပ်တွေရဲ့ ထောက်ပို့လမ်းကြောင်းတွေ ပြတ်တောက်ဖို့အတွက် တံတားအချို့ကို လည်း လေကြောင်းကနေ တိုက်ခိုက်ဖျက်ဆီး နေတယ်လို့ သိရှိရပါတယ်။
----------------------------
၄။ဝန်းသိုမှာ အာဏာသိမ်းစစ်တပ်က လူသားဒိုင်းစစ်ဆင်မှုကြောင့် ထိခိုက်ခဲ့ရတဲ့ မိဘပြည်သူတွေကို ကောလင်းခရိုင် အမှတ် ၄ တပ်ရင်း တောင်းပန်
======================
m.CDM၊အောက်တိုဘာ ၂၈
စစ်ရေးတင်းမာနေတဲ့ ကောလင်းခရိုင် ဝန်းသိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လူသားဒိုင်းနဲ့ စစ်ဆင်လာမှုကြောင့် ထိခိုက်ခဲ့ရတဲ့ မိဘပြည်သူတွေကို ကောလင်းခရိုင် အမှတ် ၄ တပ်ရင်းက သီတင်းကျွတ်အခါသမယတွင် ဂါရဝပြု တောင်းပန်လွှာနဲ့အတူ လက်ရှိ မြေပြင်အခြေအနေတွေကို အောက်တိုဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒေသနေပြည်သူတွေဟာ နိုင်ငံတော်အဆင့် ထိုးစစ်ဆင်လာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းတွေနဲ့ တိုက်ရိုက် ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပြီး အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်ဖြတ်သန်း ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲတွေ ဖော်ဆောင်ရာမှာ ကောလင်းခရိုင် အမှတ် ၄ တပ်ရင်းနဲ့အတူ အမှတ် ၁၊ အမှတ် ၂၊ အမှတ် ၃ တပ်ရင်းများ၊ ခရိုင်နဲ့မြို့နယ် တိုက်ခိုက်ရေး ပြည်သူ့ကာကွယ်ရေး ပကဖ ပူးပေါင်းတပ်တွေဘက်က အသက်၊ သွေး၊ ချွေး များစွာ ပေးဆပ်ခဲ့ကြရသလို ပြည်သူလူထုအနေနဲ့လည်း အသက်၊ ခန္ဓာ၊ ငွေကြေး၊ ရိက္ခာနဲ့ ဆေးဝါးလိုအပ်ချက်တွေ ရင်းနှီး ပေးဆပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
မြေပြင် စစ်ဆင်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်ဟာ စစ်သုံ့ပန်းအချို့နဲ့ အရပ်သား ပြည်သူတွေ ကို ဖမ်းဆီးနှိပ်စက်ပြီး ဓားစာခံအနေနဲ့ လူသားဒိုင်းအဖြစ် စစ်ကြောင်းရှေ့ကနေ မိုင်းနင်းခိုင်းတာ၊ ကျည်ကာအဖြစ် အသုံးချပြီး ထိုးစစ်ဆင်တာတွေ ကျူးလွန်ခဲ့တဲ့အတွက် တိုက်ခိုက်ရေးရဲဘော်တွေဘက်ကလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ကြရတယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် စစ်ရေးဗျူဟာအရ တိုက်ခိုက်သင့်တဲ့နေရာတွေကို တိုက်ခိုက်ခဲ့သလို ဆုတ်ပေးသင့်လို ဆုတ်ခွာပေးရချိန်မှာ အာဏာသိမ်းစစ်တပ်က ရွာစဉ်တလျှောက် ပြည်သူပိုင်အိမ်တွေနဲ့ တဲတွေက တန်ဖိုးရှိပစ္စည်းတွေ ဖောက်ထွင်းခိုးယူတာ၊ မီးရှို့ဖျက်ဆီးတာနဲ့ အဓမ္မပြုကျင့်မှုတွေပါ ကျူးလွန်ခဲ့ကြတာတွေရှိတယ်လို့ သိရပါတယ်။
တော်လှန်ရေးကာလမှာ အစွမ်းကုန်ကြိုးပမ်းနေချိန်မှာ လိုအပ်ချက်တွေနဲ့ အားနည်းချက်တွေရှိခဲ့ရင် နားလည်ပေးဖို့ ကောလင်းခရိုင် အမှတ် ၄ တပ်ရင်းက ကျဆုံးခဲ့ကြသော ရဲဘော်တွေကို ဂုဏ်ပြု အလေးပြုရင်း ရှေ့တန်းစစ်မြေပြင် တိုက်ပွဲတွေကြားကနေ ပြည်သူလူထုကို ရှိခိုးကန်တော့တောင်းပန်ထားပါတယ်။
ကျန်ရှိနေသေးတဲ့ တော်လှန်ရေးခရီးမှာ မိဘပြည်သူများအကျိုး အကောင်းဆုံးဖြစ်အောင် ဆက်ပြီးကြိုးစား အကောင် အထည်ဖော်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ အမှတ် ၁ စစ်ဒေသ၊ ကောလင်းခရိုင် အမှတ် ၄ တပ်ရင်းက ကတိသစ္စာပြု ထုတ်ပြန်ထားပါတယ်။
———————————
၅။အရာတော်နယ် သစ်ကျင်းကြီးပျူရွာကို ကာကွယ်ရေးပူးပေါင်းတပ်တွေ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ တိုက်ခိုက်
=====================
m.CDM၊ အောက်တိုဘာ ၂၈
စစ်ကိုင်းတိုင်း အရာတော်မြို့နယ်ထဲက အာဏာသိမ်းစစ်တပ်လက်အောက်ခံ ပျူစောထီးတွေ တပ်စွဲနေတဲ့ သစ်ကျင်းကြီးရွာကို အောက်တိုဘာ ၂၇ ရက် မွန်းလွဲပိုင်းမှာ တာဝေးပစ် ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ် ၃ တပ်ရင်းက ထုတ်ပြန်ပါတယ်။
မုံရွာခရိုင်အမှတ် ၃ တပ်ရင်းနဲ့ အရာတော်မြို့နယ် ပကဖ တိုက်နယ် ၈ တို့က သူတို့ထုတ်လုပ်ထားတဲ့ တာဝေးပစ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာြဖစ်ပြီး ဒီတိုက်ခိုက်မှုကို နေ့လည် ၁၂ နာရီခွဲကနေ ၁ နာရီခွဲအထိ တနာရီနီးပါးပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ တော်လှန်ရေးတပ်တွေဘက်က အထိအခိုက်မရှိ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြတာပါ။
စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဘက်က ထိခိုက်ကျဆုံးမှုအခြေအနေနဲ့ စခန်းအတွင်း ထိခိုက်မှုပျက်စီး အခြေအနေတွေကိုတော့ တော်လှန်ရေးတပ်တွေဘက်က ဆက်လက်စုံစမ်း ထောက်လှမ်းနေဆဲဖြစ်ပါတယ်။
ယခု စစ်ဆင်ရေးကိုလုပ်ဆောင်ခဲ့တဲ့ မုံရွာခရိုင်အမှတ် ၃ တပ်ရင်းဟာ အောက်တိုဘာ ၂၅ ရက်နေ့ကလည်း မုံရွာမြို့နယ် ပကဖနဲ့အတူ ကျောက္ကာ ရွှေဂူနီဘုရားဝင်းမှာ တပ်စွဲနေတဲ့ အကြမ်းဖက်စစ်တပ်ကို ရော့ကတ် တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
ထို့အတူ အောက်တိုဘာ ၁၄ ရက်ကလည်း ကိုယ်တိုင်ထုတ် ၂မိုင်ပစ် ရော့ကတ်ဒုံးတွေနဲ့ မုံရွာစီးပွားရေး တက္ကသိုလ်ကျောင်းဝင်း အနီးတဝိုက်နဲ့ ရဲတိုင်းရုံးကို တိုက်ခိုက်ခဲ့ပါတယ်။
——————————
၆။သီတင်းကျွတ် လပြည့်ညမှာ ခိုက်ရန်ဖြစ်ပွားမှုနဲ့ ပစ်ခတ်မှုတွေကြောင့် ၄ ဦး သေဆုံး၊ မလှိုင်မှာလည်း ပေါက်ကွဲမှု ကြောင့် အဘွားအို ၁ ဦး သေဆုံး
===================
m.CDM အောက်တိုဘာ ၂၈ ရက်။
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာ အောက်တိုဘာလ ၂၇ ရက်နေ့ ညပိုင်းက သီတင်းကျွတ်ပွဲတော် အတွင်းမှာ လူငယ်တွေ ခိုက်ရန်ဖြစ်ပွားရာကနေ ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်အုပ်စုထိန်းချုပ်ထားတဲ့ အဲ့ဒီဒေသမှာ တော်လှန်ရေးအရှိန် လျော့ကျဖို့ ပွဲတော်ကို စည်ကားအောင် လုပ်ဆောင် စေခဲ့တာ ဖြစ်ပြီး၊ အဲ့ဒီနေ့ည ဖြစ်စဉ်နဲ့ ပတ်သက်လို့ လူငယ်တချို့ကို ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
ထို့အပြင် သီတင်းကျွတ်လပြည့်ညမှာပဲ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ စစ်ကော်မရှင် လက်အောက် ခံ ပြည်သူ့စစ် အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၂ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။
အလားတူ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့မှာလည်း စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တွေက သေနတ် ပစ်ဖောက်ခဲ့ရာ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။
တစ်ဖက်မှာလည်း မန္တလေးတိုင်း၊ မလှိုင်မြို့၊ အမှတ် (၃) ရပ်ကွက်၊ မျိုးအောင် စက်ဘီးဆိုင်ရှေ့မှာ ပေါက်ကွဲမှုဖြစ် ပွားခဲ့ပြီး အဘွားအို ၁ ဦး သေဆုံးကာ အမျိုးသား ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်၊ မနက် ၁၁ နာရီခန့်မျာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ အသက် ၈၅ နှစ်အရွ ယ် ဒေါ်ချိုတီ သေဆုံးခဲ့ပြီး၊ စက်ဘီးလာဝယ်တဲ့ ၅၃ နှစ်အရွယ် ဦးဇော်မိုး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။
ဒီပေါက်ကွဲမှုဟာ သူတို့လက်ချက် လုံးဝ မဟုတ်ဘူးလို့ ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေ ဖြစ်ကြတဲ့ Ma Hlaing Revolution နဲ့ Guardian Of Mahlaing အဖွဲ့တွေက ငြင်းဆိုထားကြပါတယ်။
----------------------------
၇။စစ်ကိုင်းမြို့နယ်မှာ အကြမ်းဖက် စစ်တပ်က ၁၀ ရက်ဆက် စစ်ကြောင်းထိုးပြီး လုယက်နေ၊ပေါက်မှာလည်း စစ်ကော်မရှင် စစ်ကြောင်းကြောင့် ဒေသခံ ၁ သောင်းနီးပါး စစ်ရှောင်နေရ
====================
m.CDM အောက်တိုဘာ ၂၈ ရက်။
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ အကြမ်းဖက် စစ်ကော်မရှင်တပ်က ဒုတိယဗိုလ်မှူးကြီး တစ်ဦး ဖမ်းဆီးခံရပြီး- နောက်ိပုင်း ကျေးရွာတွေကို ၁၀ ရက်ဆက်တိုက် စစ်ကြောင်းထိုးနေပြီး၊ ပြည်သူပိုင် ပစ္စည်းတွေကို လုယက်တာနဲ့ လေကြောင်းကနေ တိုက်ခိုက်တာတွေကိုပါ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နေ့က အုန်းတောအခြေစိုက် အမှတ် (၇၂) သံချပ်ကာတပ်ရင်းက ဒုတိယ စစ်ဆင် ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဇော်မျိုးတင့် ဖမ်းဆီးခံရပြီး၊ သေနတ်လု ခုခံထွက်ပြေးရာမှ ပစ်ခတ်ခံရပြီး သေဆုံး သွားခဲ့တာပါ။
အဲ့ဒီနောက် အောက်တိုဘာလ ၁၉ ရက် ကနေ ၂၈ ရက်နေ့ အထိ ငါးထပ်ကြီးဘုရား အနောက်ဘက်ခြမ်းနဲ့ ရွာသစ်ကြီးရွာ အနောက်ဘက်ခြမ်းတွေကို စစ်အုပ်စုက ပိုက်စိတ်တိုက် စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
ဒီစစ်ကြောင်းတွေဟာ ပြည်သူတွေဆီက ဖုန်းတွေ ငွေသားတွေနဲ့ ဝတ်ဆင်ထားတဲ့ ရွှေထည်တွေကို အတင်းအဓမ္မ လုယက်နေသလို အောက်တိုဘာလ ၁၉ ရက်နဲ့ ၂၀ ရက်နေ့ မှာလည်း Mi-35 ရဟတ်ယာဉ်နဲ့ ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲပစ်ခတ်ခဲ့တာကြောင့် စေတီပုထိုးတွေနဲ့ နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အောက်တိုဘာလ ၂၄ ရက်နဲ့ ၂၅ ရက်နေ့တို့မှာ ရွှေလှေရွာနဲ့ သဖန်းရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး၊ ပြည်သူ ၂ ဦးထပ်မနည်းကို သတ်ဖြတ်ခဲ့တဲ့အပြင် အနောက်တာရွာဘက်က နေအိမ်တွေကိုလည်း တစ်အိမ်ကို သုံးသောင်း နှုန်းဖြင့် ဆက်ကြေးကောက်ခံနေတယ်လို့ သိရပါတယ်။
အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်းကိုလည်း အောက်တိုဘာလ ၂၈ ရက်နေ့မှာ ဆိပ်ဖြူ အခြေစိုက် ကပစ (၂၂) ကနေ စစ်ကော်မရှင်တပ်က ယာဉ်တန်း ၂၉ စီးနဲ့ အင်အား အလုံးအရင်း အသုံးပြုကာ စစ်ကြောင်းထိုး ဝင်ရောက်လာတယ်လို့ ဆိုပါတယ်။
အဲ့ဒီလိုစစ်ကြောင်းထိုးလာတာကြောင့် ပုသိမ်-မုံရွာ ကားလမ်းဘေးမှာရှိတဲ့ သပြေရေ၊ ချက်ကန်၊ မှန်ထောင်ကွင်း၊ တယ်ပင်ကန် နဲ့ ပေခုနှစ်ပင် စတဲ့ ကျေးရွာတွေက ပြည်သူ ၆,၅၀၀ နီးပါးဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။
တစ်ဖက်မှာလည်း ပေါက်မြို့နယ် မြောက်ပိုင်း၊ ရေနံမှော် ဒေသကို စစ်ကော်မရှင်တပ်က ဦးတည် စစ်ကြောင်းထိုး နေတာကြောင့် ကန်သစ်၊ နယ်သတ်၊ ဆုံကုန်း နဲ့ ကြက်ဆူအိုင့် ရွာတွေက လူဦးရေ ၃,၁၀၀ နီးပါးဟာ နေရပ်မပြန်နို င်တာ ၃ လကျော် ကြာမြင့်နေပြီလို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ပေါက်မြို့နယ်ထဲမှာ မြေပြင် စစ်ကြောင်းထိုး မီးရှို့တာတွေအပြင် ဂျက်ဖိုက်တာ၊ ဂျိုင်ရိုကော်ပတာ၊ ပါရာမော်တာနဲ့ Y-12 တွေကိုပါအသုံးပြုပြီး မကြာခဏ လေကြောင်းတိုက်ခိုက် နေတာကြောင့် စစ်ရှောင်ပြည်သူ ၁ သောင်းနီးပါးဟာ အရေးပေါ် စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
———————————
၈။တော်လှန်အနုပညာရှင် လင်းလင်းရဲ့ Theatre21 ဖျော်ဖြေပွဲကနေ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃သောင်း၇ ထောင်ကျော် ရတယ်လို့ Maryland Music Concert အသိပေး
========================
m.CDM၊ အောက်တိုဘာ ၂၈
အမေရိကန်ပြည်ထောင်စု မေရီလန်းမြို့မှာလုပ်တဲ့ တော်လှန်အနုပညာရှင် လင်းလင်းရဲ့ Theatre21 ဖျော်ဖြေ ပွဲကနေ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃သောင်း၇ထောင်ကျော် ရရှိခဲ့တယ်လို့ Maryland Music Concert က အသိပေးထားပါတယ်။
ဒီဖျော်ဖြေပွဲကို အောက်တိုဘာ ၁၂ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃၇,၉၀၆ ရရှိခဲ့တယ် လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီပွဲကရရှိလာတဲ့ရန်ပုံငွေတွေဟာ နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ မိသားစုတွေ၊ လက်ရှိ အချိန်အထိ ကြံ့ကြံ့ခံရပ်တည်ပေးတဲ့ CDM မိသားစုတွေနဲ့ နွေဦးမိသားစုတွေရဲ့ ပညာရေးအတွက် ကူညီပေးသွားဖို့ ရည်ရွယ်ထားတာပါ။
ကျဆုံးသူရဲကောင်းနှစ်ဦးရဲ့ အမှတ်တရပစ္စည်းတွေကို လေလံတင်ရောင်းချတဲ့ အစီအစဉ်ကနေ အမေရိကန် ဒေါ်လာ တသောင်းခွဲကျော်ရရှိခဲ့ပြီး အဲဒီ့ငွေတွေကိုတော့ ကျဆုံးသူရဲကောင်းတွေရဲ့ မိသားစုတွေဆီ ပို့ဆောင် ပေးသွားမယ်လို့ သိရပါတယ်။
ဖျော်ဖြေပွဲမှာ လင်းလင်းနဲ့အတူ ချစ်သုဝေ၊ လင်းထက်၊ ခါရာ၊ လီယို၊ Mark Jason တို့ ပါဝင်ဖျော်ဖြေပေးခဲ့ ပါတယ်။
တော်လှန်အနူပညာရှင်လင်းလင်းဟာ ပြီးခဲ့တဲ့နှစ်က ရောင်နီအမည်နဲ့ ဖျော်ဖြေပွဲတွေကို အမေရိကန်နိုင်ငံရဲ့ မြို့ ၁၁ မြို့မှာပြုလုပ်ခဲ့ပြီး ထောက်ပို့ငွေ အမေရိကန်ဒေါ်လာ ၇ သိန်း ၆ သောင်းကျော် မြေပြင်ကို ပို့ဆောင်ပေးနိုင်ခဲ့တဲ့ မှတ်တမ်းကောင်း ရရှိထားသူဖြစ်ပြီး အခုနှစ်ထဲမှာလည်း တိုင်းရင်းသားလူမျိုးတွေရဲ့ ဒေသတွေကို ထောက်ပို့နိုင်ဖို့ကျင်းပတဲ့ ဖျော်ဖြေပွဲတွေမှာ ပါဝင်ဖျော်ဖြေပေးနေတယ်လို့ သိရပါတယ်။
ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်လူလေးတို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။

No comments:
Post a Comment