၂၃ - ၉ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )
မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့
၁။အမ်းမှာ စစ်ကော်မရှင် စစ်ကြောင်းကို AA ချေမှုန်း၊ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိ၊သာပေါင်း-ရေကြည်အစပ်မှာ တိုက်ပွဲပြင်းထန်နေ၊ခေါင်လန်ဖူး က ရဟတ်ယာဉ်ကွင်းပါ စစ်တပ်စခန်းကို KIA သိမ်းပိုက်၊
၂။လေးမျက်နှာမှာ စစ်ကော်မရှင်ရဲ့ ဗုံးကြဲသတ်ဖြတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံး၊ မင်းလှမှာ လုပ်ငန်းရှင် ၁ ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးသတ်ဖြတ်
၃။SCEF ကို ထောက်ခံကြောင်း အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဉ်းသားတွေ သဘောထားထုတ်ပြန်၊တောင်လှန်ရေး အင်အားစုများ ပူးပေါင်းရန် တိုက်တွန်း
၄။မန္တလေးမှာ စစ်မှုထမ်းသင်တန်း ပို့နေစဉ် လူငယ် ၁ ဦး ကားပေါ်ကနေ ခုန်ချထွက်ပြေး၊ တောင်ကြီးမှာ ပေါ်တာဆွဲ ခံရသူ ၄ ဦး ထွက်ပြေးလွတ်မြောက်၊ကော့သောင်းမှာ ပေါ်တာဆွဲခံရသူ ၂ ဦးနဲ့ စစ်မှုထမ်း တပ်သား ၁ ဦးကို ပကဖ ကယ်ထုတ် စတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
အခုပထမဆုံးအနေနဲ့

===================
m.CDM စက်တင်ဘာ ၂၂ ရက်။
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က ဘက်ရိုးကျော်လမ်းကို ထိန်းချုပ်ဖို့ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းတစ်ခုကို အာရက္ခတပ်တော် AA က ချေမှုန်းလိုက်ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိ ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
၎င်းစစ်ကြောင်းဟာ မင်းတုန်းနဲ့ သဖန်ရောင်ဘက်ကနေ လေကြောင်းနဲ့ လက်နက်ကြီးတွေပစ်ကူပေးပြီး အင်အား ၁၀၀ ကျော်နဲ့ ထိုးစစ်ဆင်လာခဲ့ပေမယ့် AA ရဲ့ တန်ပြန်ချေမှုန်းမှုကြောင့် စစ်ကြောင်းတစ်ခုလုံး ပြိုပျက်သွားခဲ့တာ လို့ ဆိုပါတယ်။
ထို့အပြင် ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်နဲ့ ရေကြည်မြို့နယ်အစပ် ရခိုင်ရိုးမပေါ်မှာလည်း ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ စစ်အုပ်စုနဲ့ AA တို့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။
သာပေါင်းမြို့နယ်၊ ဘောမိချောင်းဝန်းကျင်က သဲဖြူရွာနဲ့ သာပေါင်းလေးရွာ အနီးတစ်ဝိုက်မှာ စက်တင်ဘာလဆန် းပိုင်း ကတည်းကနေ တိုက်ပွဲတွေ နေ့တိုင်းလိုလို ဖြစ်နေတာလို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ အရပ်ဘက်သုံး ၁၀ ဘီးကားတွေနဲ့ အင်အားဖြည့်ပြီး ထိုးစစ်ဆင်လာပေမယ့် ကြားဖြတ် တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးသူ များပြားနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒဏ်ရာရသွားတဲ့ စစ်ကော်မရှင်တပ်သားတွေကို ညဘက်တွေမှာ သာပေါင်း၊ ရေကြည်နဲ့ ပုသိမ်ဆေးရုံကြီးတွေဆီ အသုတ်လိုက် သယ်ဆောင်နေရတယ်လို့ သိရှိရပါတယ်။
အလားတူ ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်၊ တရုတ်-မြန်မာ နယ်စပ်မှတ်တိုင် ၃၀ အနီးက ရဟတ်ယာဉ်ကွင်း ပါတဲ့ စစ်ကော်မရှင်ရဲ့ ဗျူဟာ စခန်းကုန်းကို KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်တယ်လို့ ဆိုပါတယ်။
အဆိုပါ စခန်းကုန်းကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့က သိမ်းယူနိုင်ခဲ့တာဖြစ်ပြီး၊ ခလရ (၄၇) အပါအဝင် ရှေ့တန်းစခန်းတွေဆီကို ရိက္ခာနဲ့လက်နက် ပို့ပေးနေတဲ့ အရေးပါတဲ့ နေရာဖြစ်တယ်လို့ KIA သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။
မြေပြင်တိုက်ပွဲတွေရော ရေကြောင်းမှာပါ အထိနာနေတဲ့ အကြမ်းဖယ် စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ တန်ပြန် လုပ်လာနိုင်တာကြောင့် ရွှေကူ၊ ဗန်းမော်၊ မိုင်ဂျာယန်၊ လိုင်ဇာနဲ့ ကန်ပိုက်တီ ဒေသက ပြည်သူတွေအနေနဲ့ အထူးသတိပြု နေထိုင်ကြဖို့ကိုလည်း အသိပေးထားပါတယ်။
-------------------------

====================
m.CDM စက်တင်ဘာ ၂၂ ရက်။
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ဒေါင့်ကြီးကျေးရွာကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် စစ်ရှောင် အမျိုးသမီး ၁ ဦး သေဆုံးပြီး၊ အမျိုးသား ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၂၁ ရက်၊ မနက် ၅ နာရီကျော်မှာ ဗုံးကြဲချခဲ့တာ ဖြစ်ပြီး၊ အသက် ၅၀ ကျော်အရွယ် ဒေါ်မြင့်အေး ဆိုသူ ပွဲချင်းပြီး သေဆုံးခဲ့ကာ၊ အသက် ၅၀ ကျော်အရွယ် ဦးလှဌေး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် အရပ်သား ပြည်သူပိုင် နေအိမ် ၄ လုံးထက်မနည်းလည်း ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
ဒေါင့်ကြီးရွာ အပါအဝင် အနီးနား ကျေးရွာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ယာယီ ထိန်းချုပ်ထားတာ ဖြစ်ပြီး၊ အကြမ်းဖက် စစ်တပ်က လက်လွှတ်ထားရတဲ့ နယ်မြေတွေကို အခုလို ဗုံးကြဲနေတာလည်း ဖြစ်ပါတယ်။
ပဲခူးတိုင်း၊ မင်းလှမြို့မှာလည်း “ဝေဖြိုး အိမ်ဆောက်ပစ္စည်းဆိုင်” ပိုင်ရှင် အသက် ၂၇ နှစ်အရွယ် ကိုဝေဖြိုးအောင် ကို စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားပြီး သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ထဲက ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး၊ ၁၀ ရက်အကြာ စက်တင်ဘာလ ၂၀ ရက်နေ့ မှာ ရဲစခန်းကနေ မိသားစုဝင် ၈ ဦးကို ခေါ်ယူခဲ့ပေမယ့် အလောင်းကိုတော့ ပြန်မပေးဘဲ သင်္ဂြိုဟ်လိုက်တာကိုသာ မြင်တွေ့ခဲ့ ရတယ်လို့ ဆိုပါတယ်။
ကိုဝေဖြိုးအောင် ဟာ သာယာဝတီခရိုင် တပ်ရင်း (၂) ကနေ တပ်ဖွဲ့ပိုင်ငွေတွေခိုးပြီး စစ်အုပ်စုထံ ပူးပေါင်းသွားတဲ့ ရဲဘော် ရေခဲ ဆိုသူရဲ့ သတင်းပေးမှုကြောင့် PDF အဖွဲ့တွေကို ထောက်ပံ့ကူညီတယ်ဆိုပြီး ဖမ်းဆီးခံလိုက်ရတာ လည်း ဖြစ်ပါတယ်။
------------------------

================
m.CDM စက်တင်ဘာလ ၂၂ ရက်။
မြန်မာနိုင်ငံက အကျဉ်းထောင်တစ်ခုမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေက ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကို ထောက်ခံကြိုဆိုကြောင်းနဲ့ တော်လှန်ရေးအင်အားစု- တွေ အတူလက်တွဲဆောင်ရွက်ကြဖို့ သဘောထား ထုတ်ပြန်ခဲ့ပါတယ်။
စက်တင်ဘာ ၂၁ ရက်နေ့ ညပိုင်းမှာ လုံခြုံရေးအရ အကျဉ်းထောင်ရဲ့အမည်ကို ဖော်ပြထားခြင်းမရှိဘဲ လက်ရေးနဲ့ ရေးသားထားတဲ့ အချက် (၆) ချက်ပါ သဘောထား ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့တာပါ။
အဆိုပါ သဘောထားထုတ်ပြန်ချက်ထဲမှာ - စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးတို့အတွက် SCEF ဟာ အဖြေတစ်ရပ်ဖြစ်တယ်လို့ ဖော်ပြထား ပြီး မြန်မာ့နွေဦးတော်လှန်ရေး အပြီးသတ်အောင်ပွဲရဖို့အတွက် SCEF ရဲ့ လုပ်ဆောင်မှုတွေကို ထောက်ခံကြောင်း အသိပေးထားပါတယ်။
ဒါ့အပြင် အရပ်သား ပြည်သူတွေ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ၊ Local PDF တွေ အနေနဲ့ လည်း SCEF နဲ့အတူ လက်တွဲပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။
တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာလည်း ဒီမိုကရေစီ ယဉ်ကျေးမှု ခိုင်မာအားကောင်း လာစေဖို့နဲ့ အရပ်ဘက်လူထုအခြေပြုအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို အလေးထားဖို့ကိုလည်း အကြံပြုထားပါ တယ်။
အလားတူ စစ်အာဏာရှင် စနစ်ရဲ့ ခံစစ် ရေသောက်မြစ်ဖြစ်တဲ့ အဓမ္မစစ်မှုထမ်း ဖမ်းဆီး စုဆောင်းမှုတွေကိုလည်း ထိရောက်တဲ့ ကာကွယ်မှုဆိုင်ရာမူဝါဒတွေ ချမှတ်အကောင်အထည်ဖော်ပေးဖို့ တော်လှန်ရေး အဖွဲ့အစည်းတွေကို အလေးအနက် တိုက်တွန်းထားပါတယ်။
တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် နဲ့ ဒီမိုကရေစီအရေး တို့အတွက် ခေတ်အဆက်ဆက် တော်လှန်တိုက်ပွဲဝင်ခဲ့မှုကို ထောက်ခံဂုဏ်ပြုထားပြီး၊ ပင်လုံစိတ်ဓာတ်ကို အခြေ -ခံကာ မိမိတို့ရဲ့ မူဝါဒတွေကို SCEF နဲ့ ပူးပေါင်းအကောင်အထည်ဖော်ဖို့လည်း အကြံပြုထားပါတယ်။
တော်လှန်ရေးရဲ့ အဆုံးအဖြတ်ဟာ ပြည်သူလူထုအပေါ်မှာ မူတည်တယ်လို့ ယုံကြည်ကြောင်း ဖော်ပြထားပြီး၊ စစ် အာဏာသိမ်းမှုကို အပြင်းအထန်ဆန့်ကျင်ခဲ့ကြတဲ့ ပြည်သူတွေအနေနဲ့ SCEF ဦးဆောင်တဲ့ တော်လှန်ရေးတိုက်ပွဲ တွေကို ဆက်လက်အားပေး၊ ပံ့ပိုးကူညီကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
အကျဉ်းထောင်အတွင်းကနေ အခုလို စာထုတ်ဖို့နဲ့ ပြင်ပကိုပို့ဖို့ဆိုတာ အလွန်အန္တရာယ်များပြီး မလွယ်ကူကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးက ပြောပါတယ်။
အခုလို အခက်အခဲတွေကြားကနေ ထွက်ပေါ်လာတဲ့ ထောက်ခံစာဖြစ်တာကြောင့် တော်လှန်ရေးအဖွဲ့အစည်းတွေ အတွက် အားတက်စရာ ဖြစ်မယ်လို့လည်း ၎င်းက ဆိုပါတယ်။
SCEF ကို ၂၀၂၆ မတ်လအတွင်း NUG၊ CRPH၊ KNU၊ KIO၊ KNPP၊ CNF တို့က ဦးဆောင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး စစ်ကိုင်း၊ မန္တလေးနဲ့ မကွေး ဖက်ဒရယ်ယူနစ်တွေ မကြာသေးခင်က ထပ်မံ ပါဝင်လာတာလည်း ဖြစ်ပါတယ်။
---------------------------
၃။မန္တလေးမှာ စစ်မှုထမ်းသင်တန်း ပို့နေစဉ် လူငယ် ၁ ဦး ကားပေါ်ကနေ ခုန်ချထွက်ပြေး၊ တောင်ကြီးမှာ ပေါ်တာဆွဲ ခံရသူ ၄ ဦး ထွက်ပြေးလွတ်မြောက်၊ကော့သောင်းမှာ ပေါ်တာဆွဲခံရသူ ၂ ဦးနဲ့ စစ်မှုထမ်း တပ်သား ၁ ဦးကို ပကဖ ကယ်ထုတ်၊
====================
m.CDM စက်တင်ဘာ ၂၂ ရက်။
မန္တလေးမြို့ နန်းတွင်းမှာ စစ်မှုထမ်းဖို့ စုဆောင်းခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီး မြို့နယ်က တပ်ရင်းတွေဆီ ကားနဲ့ ပို့ဆောင်နေချိန်မှာ လူငယ် ၁ ဦး ကားပေါ်ကနေ ခုန်ချထွက်ပြေး လွတ်မြောက်သွားတယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၂၁ ရက်၊ ညနေ ၅ နာရီဝန်းကျင်က ၁၉ လမ်း၊ ၆၂ လမ်းနဲ့ ၆၆ လမ်းကြားအနီး ယာဉ်ကြောပိတ်ဆို့ နေချိန်မှာ ခုန်ချသွားခဲ့တာဖြစ်ပြီး၊ စစ်အုပ်စုက အနီးတစ်ဝိုက်မှာ အင်အား အများအပြားနဲ့ ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့မှာလည်း ပေါ်တာဆွဲ ခံထားရတဲ့ လူငယ် ၄ ဦးခန့် ထွက်ပြေး လွတ်မြောက် လာခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနဖြစ်တဲ့ ခမ်းသားငေါဝ်း က ဖော်ပြထားပါတယ်။
အဆိုပါ လူငယ် ၄ ဦးထဲက တစ်ဦးဟာ အေးသာယာကနေ အောင်ပန်းကို သွားတဲ့လမ်းမှာ ကားကြုံလိုက်စီးမိရာမှ စစ်တပ်ထဲကို မောင်းဝင်ပို့ဆောင်ခံရကာ ၈ ရက်ခန့် ပိတ်လှောင်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် ပေါ်တာဆွဲခံထားရတဲ့ ဘဝတူ လူငယ်တွေနဲ့ တွေ့ရှိခဲ့ပြီး၊ ကင်းသမား အခြေအနေကို စောင့်ကြည့်ကာ ထွက်ပြေးလွတ်မြောက်လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ထို့အပြင် တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှာ ပေါ်တာဆွဲ ဖမ်းဆီးခံထား ရတဲ့ လူငယ် နှစ်ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပ.က.ဖ က ထုတ်ပြန်ထားပါတယ်။
ထို့အပြင် စက်တင်ဘာလအတွင်းမှာပဲ ကော့သောင်းမြို့အခြေစိုက် ခလရ (၂၆၂) တပ်ရင်းမှ စစ်မှုထမ်း အပတ်စဉ် ၂၀ ဆင်း တပ်သား မောင်ဇော်ကိုကို ဆိုသူကိုလည်း ချိတ်ဆက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းတာတွေကို ဆက်တိုက် လုပ်ဆောင်နေပြီး မလွှဲမရှောင်သာဘဲ ဖမ်းဆီးခံရသူတွေ အနေနဲ့ အခွင့်အရေးရရင် စစ်တပ်ကနေ စွန့်ခွာထွက်ပြေးကြဖို့နဲ့ လိုအပ်တဲ့ ချိတ်ဆက်ကူညီမှုတွေကို လုပ်ဆောင်ပေးသွားမယ်လို့ NUG က တိုက်တွန်းချက် ထုတ်ပြန်ထားပါတယ်။
----------------------
၄။အကြမ်းဖက်စစ်အုပ်စုကို ဆက်သွယ်နေတာနဲ့ ဆက်ဆံနေတာတွေဟာ ကုလသမဂ္ဂပဋိညာဉ်ကို ချိုးဖောက် တာပဲလို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ပြော
=====================
m.CDM၊ စက်တင်ဘာ ၂၂
အကြမ်းဖက်စစ်အုပ်စုကို ဆက်သွယ်နေတာနဲ့ ဆက်ဆံနေတာတွေဟာ ကုလသမဂ္ဂပဋိညာဉ်ကို အတိအလင်း ချိုးဖောက်တာပဲလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားလိုက်ပါတယ်။
နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်ရှေ့မှာ စက်တင်ဘာ ၁၉ ရက်ကလုပ်ခဲ့တဲ့ Global Action for Credential Campaign 2026 လူထုထောက်ခံ ချီတက်ပွဲအခမ်းအနားမှာ အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
“တော်တော်များများက နေပြည်တော်ကို သွားကြတယ်။ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုမှုအရေးကို ပြောရင် နေပြည်တော်ကို သွားသွားကြည့်ကြတယ်။ ဒါပေမဲ့ မေးရမယ့်မေးခွန်းက We The Peoples ဒီအာဏာက ဘယ်နားမှာရှိနေလဲဆိုတာမဟုတ်ဘူး။ ရှိနေတဲ့အာဏာက ဘယ်ကဆင်းသက်လာလဲဆိုတာက အရေးကြီး ပါတယ်။ ဒါကြောင့်မို့ ပြည်သူလူထုကသာ အာဏာဆင်းသက်ရမယ်ဆိုတဲ့ နိုင်ငံရေးတခုကို ကျမတို့ ယုံကြည် ခဲ့တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ဒီ ၂၀၀၈ ဖွဲ့စည်းပုံမှာ ကိုယ်တိုင်ချိုးဖောက်ပြီးတော့ အာဏာသိမ်းခဲ့ တာဖြစ်တယ်။ ဒါကြောင့်မို့ Constitutional breach ကို ကျူးလွန်ခဲ့ကြတဲ့သူတွေ နိုင်ငံတော်ကို သစ္စာဖောက်ခဲ့ ကြတဲ့သူတွေကို သွားပြီးတော့ ဆက်သွယ်ဆောင်ရွက်နေတာဟာ ကုလသမဂ္ဂပဋိညာဥ်ကိုလည်း ချိုးဖောက် နေတာဖြစ်တယ်ဆိုတာ ကျမတို့ ထပ်လောင်းပြီးတော့ ပြောချင်တယ်” လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။
ပြည်သူလူထုကို ကိုယ်စားမပြုတဲ့အတွက် အကြမ်းဖက်စစ်အုပ်စုနဲ့ ဆက်ဆံနေတဲ့ နိုင်ငံတွေဟာ ကုလသမဂ္ဂ ပဋိညာဥ်မှာပါရှိတဲ့ စကားချီးကို စတင်ပြီးတော့ ချိုးဖောက်နေတာဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် အသိပေးပြောကြားခဲ့ပါတယ်။
ဒါအပြင် သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ကိုယ်စားပြုမှုကို ထောက်ခံခြင်းဟာ လူပုဂ္ဂိုလ်တဦးကို ထောက်ခံ တာမဟုတ်ဘဲ ပြည်သူတွေရဲ့အသံ၊ ဒီမိုကရေစီစနစ်ကို ကာကွယ်နေတာဖြစ်တယ်လို့လည်း ထည့်သွင်းပြော ဆိုထားပါတယ်။
ကုလသမဂ္ဂရဲ့ We The Peoples ဆိုတာကို မျက်ကွယ်ပြုပြီးတော့ အကြမ်းဖက်စစ်အုပ်စုနဲ့ ဆက်သွယ် ဆောင်ရွက်နေတာတွေကို ပြည်သူလူထုအနေနဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ဖို့ လိုအပ်တယ်လို့လည်း NUG ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က အသိပေးပြောကြားခဲ့ပါတယ်။
———————————
၅။စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ က CDM ဒေတာကောက်ယူမှု ကိစ္စရပ်တွေ အတွက် ဆွေးနွေး
=====================
m.CDM၊ စက်တင်ဘာ ၂၂
စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ CCSC-SFU က CDM ဒေတာကောက်ယူမှု CDM Data Collection ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီရဲ့ အလုပ်အမှုဆောင်ကော်မတီနဲ့ မြို့နယ် အလုပ်အမှုဆောင်ကော်မတီတွေရဲ့ ပုံမှန်အစည်းအဝေးကို စက်တင်ဘာ ၂၀ ရက် နေလဉ် ၁ နာရီမှာ အွန်လိုင်းကနေ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီအစည်းအဝေးမှာ မြို့နယ်အလုပ်အမှုဆောင်ကော်မတီတွေက မြို့နယ်ကောင်စီတွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသလို CDM ဒေတာကောက်ယူမှု CDM Data Collection အခြေအနေကို တက်ရောက်လာသူတွေ အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီနောက် တက်ရောက်လာတဲ့ မြို့နယ်အလုပ်အမှုဆောင်များကိုယ်စား မြို့နယ်အလုပ်အမှုဆောင်တဦးက အပိတ်နှုတ်ဆက်စကား ပြောကြားပြီး အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့တယ်လို့ စစ်ကိုင်းဖက် ဒရယ်ယူနစ် CDM နိုင်ငံ့၀န်ထမ်းများကောင်စီ အတွင်းရေးမှူးများအဖွဲ့က ထုတ်ပြန်ထားပါတယ်။
——————————
၆။အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ငြိမ်းချမ်းရေးဖိတ်ခေါ်မှုမှာ ပါဝင်ဆွေးနွေးတာတွေမလုပ်ဖို့ EROs တွေနဲ့ တော်လှန်ရေးအင်အားစုတွေကို GSCN နဲ့ SYCBတိုက်တွန်း
===================
m.CDM၊ စက်တင်ဘာ ၂၂
အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ငြိမ်းချမ်းရေးဖိတ်ခေါ်မှုတွေမှာ ပါဝင်ဆွေးနွေးတာတွေမလုပ်ဖို့ EROs တွေနဲ့ တော်လှန်ရေးအင်အားစုတွေကို လူမျိုးပေါင်းစုံမျိုးဆက်များသွေးစည်းညီညွတ်သော မဟာမိတ်အင်အားစု GSCN နဲ့ မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် SYCB က တိုက်တွန်း ပြောကြား လိုက်ပါတယ်။
စက်တင်ဘာ၂၁ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်နေ့မှာ GSCN နဲ့ SYCB တို့က ပူးတွဲကြေညာချက်တစောင်ထုတ်ပြန်ပြီး တိုက်တွန်းလိုက်တာဖြစ်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ငြိမ်းချမ်းရေးဖိတ်ခေါ်မှုတွေမှာ ပါဝင်ဆွေးနွေးတာဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေဖို့ အားပေးရာရောက်တဲ့အပြင် တော်လှန်ရေးအဖွဲ့တွေကြား သွေးစည်း ညီညွတ်မှုနဲ့ အပြန်အလှန် ယုံကြည်မှုကို ထိခိုက်စေလိမ့်မယ်လို့လည်း သတိပေးထားပါတယ်။
တိုင်းပြည်အာဏာကို အတင်းအဓမ္မသိမ်းယူခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုဟာ နိုင်ငံတကာနဲ့ ပြည်သူလူထုရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေနဲ့ ပြည်တွင်းစစ်မီး တောက်လောင်နေတဲ့ကြားက ပြည်သူလူထုကို နိုင်ငံရေးအရ လှည့်စားဖို့နဲ့ သူတို့ရဲ့ အကျိုးစီးပွား၊ နိုင်ငံရေးတရားဝင်မှုရရှိဖို့၊ အာဏာတည်မြဲဖို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံ ကိုအခြေခံပြီး အတုအယောင်ရွေးကောက်ပွဲတရပ်ကျင်းပခဲ့တာကြောင့် ဒီရွေးကောက်ပွဲက ပေါ်ပေါက်လာတဲ့ အစိုးရဟာလည်း အတုအယောင်အစိုးရသာဖြစ်တယ်လို့ ထောက်ပြထားပါတယ်။
အရပ်သားအယောင်ဆောင်စစ်အုပ်စုရဲ့ အတုအယောင်အစိုးရကဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ ပြည်ထောင်စု အမှန်တကယ်ငြိမ်းချမ်းစေဖို့ ရည်ရွယ်တာမဟုတ်ဘဲ သူတို့အနေနဲ့ နိုင်ငံရေးအရ တရားဝင်မှု အတွက် ရည်ရွယ်တဲ့ အတုအယောင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သာဖြစ်ပြီး လူမျိုးပေါင်းစုံပါတဲ့ ပြည်သူတရပ် လုံး လိုလားတောင့်တနေတဲ့ ငြိမ်းချမ်းရေးမျိုးမဟုတ်ဘူးလို့လည်း GSCN နဲ့ SYCB က ဝေဖန်ထားပါတယ်။
ဒါကြောင့် EROs တွေနဲ့ တော်လှန်ရေးအင်အားစုများအနေနဲ့ ခေတ်အဆက်ဆက်ကြုံတွေ့ခဲ့ရ သမိုင်းသင်ခန်း စာတွေကို အခြေခံပြီး အတုအယောင်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် သွေးစည်ညီညွတ်စွာ တိုက်ပွဲဝင်သွားကြဖို့ GSCN နဲ့ SYCB က နှိုးဆော်ထားပါတယ်။
အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ငြိမ်းချမ်းရေးကို အသိအမှတ်မပြုဘဲ ပြည်သူလူထုရဲ့ အမှန်တကယ်လိုလားချက်ဖြစ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုနိုင်ငံသစ်တည်ဆောက်ရေး လုပ်ငန်းစဉ်တွေကို ဆက်ပြီး ပံ့ပိုးကူညီပေးဖို့ တိုက်တွန်းထားပါတယ်။
————————————
၇။တောင်ကိုရီးယား သရုပ်ဆောင် Shin Ye-eun ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ လာရောက်ပြီး မြန်မာဒုက္ခသည် ကလေးတွေနဲ့တွေ့ဆုံ
====================
m.CDM၊ စက်တင်ဘာ ၂၂
တောင်ကိုရီးယားနိုင်ငံက နာမည်ကျော်သရုပ်ဆောင် Shin Ye-eun ဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို လာရောက် ခဲ့ပြီး မြန်မာဒုက္ခသည်ကလေးတွေနဲ့ တွေ့ဆုံကာ ကူညီထောက်ပံ့မှုတွေလုပ်ဆောင်ခဲ့တယ်လို့ ကိုရီးယားသတင်းဌာနတွေနဲ့ ဒေသတွင်းသတင်းတွေက စက်တင်ဘာ ၂၂ မှာ ဖော်ပြလာပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးရေး NGO အဖွဲ့ Hope Friends Kia Relief ရဲ့ ထုတ်ပြန်ချက်အရ သရုပ်ဆောင် Shin Ye-eun ဟာ စက်တင်ဘာ ၁၁ ရက်ကနေ ၁၆ ရက်နေ့အထိ မဲဆောက် မြို့ကို သွားရောက်ခဲ့ပြီး မြန်မာဒုက္ခသည်ကလေးတွေနဲ့တွေ့ဆုံကာ ကလေးငယ်တွေရဲ့ အတွေ့အကြုံတွေကို နားထောင်ခဲ့တဲ့အပြင် ကူညီထောက်ပံ့ရေး အစီအစဉ်တွေမှာလည်း ပါဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီခရီးစဉ်ဟာ Kia Relief နဲ့အတူ သရုပ်ဆောင် Shin Ye-eun ရဲ့ ပထမဆုံး ပြည်ပကွင်းဆင်းလေ့လာရေးခရီးစဉ် ဖြစ်ပြီး မဲဆောက်ဒေသကိုရောက်ရှိနေကြတဲ့ ဒုက္ခသည်တွေနဲ့ လိုအပ်နေတဲ့ ကလေးငယ်တွေရဲ့ ပညာရေး၊ နေထိုင်မှုဘဝတွေကို ကိုယ်တိုင်မြင်တွေ့ခံစားနိုင်ဖို့ ရည်ရွယ်ပြီး စီစဉ်ခဲ့တာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ မဲဆောက်ဒေသမှာ ပဋိပက္ခတွေနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် မြန်မာနိုင်ငံကနေထွက်ပြေးလာတဲ့ ဒုက္ခသည်များ၊ ရွှေ့ပြောင်းနေထိုင်သူများ အများအပြားရှိနေပြီး မိသားစု များစွာဟာ ဘဝနေထိုင်မှုနဲ့ စီးပွားရေးအခက်အခဲတွေကြား ရုန်းကန်နေရတယ်လို့လည်း ထုတ်ပြန်ချက်က အသိပေးထားပါတယ်။
Shin Ye-eun အနေနဲ့ မဲဆောက်ခရီးစဉ်အတွင်း မြန်မာဒုက္ခသည်ကလေးများ ပညာသင်ကြားနေတဲ့ ကျောင်း တွေနဲ့ ဘုရားကျောင်းတွေကို သွားရောက်ခဲ့ပြီး မနက်စာနဲ့နေ့လယ်စာဝေငှတဲ့ အစီအစဉ်တွေမှာ ပါဝင်ခဲ့သလို အချိန်ပေးပြိး ကလေးတွေနဲ့တွေ့ဆုံစကားပြောတာ ကစားတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
Shin Ye-eun ဟာ ၂၀၁၉ ခုနှစ်မှာ ဗီယက်နမ်နိုင်ငံက ကလေးတဦးကို စပွန်ဆာပေးပြီး နိုင်ငံတကာကလေးများ အတွက် ကူညီပံ့ပိုးရေးလုပ်ငန်းတွေ စတင်ခဲ့ပြီး အီကွေဒေါ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနဲ့ ဗီယက်နမ်နိုင်ငံတို့ က ကလေးတွေကို ဆက်ပြီး ကူညီခဲ့သူဖြစ်ပါတယ်။
Kia Relief အနေနဲ့လည်း မဲဆောက်ဒေသက ဒုက္ခသည်ကလေးငယ်တွေကို ကူညီထောက်ပံ့ဖို့အတွက် သရုပ်ဆောင် Shin Ye-eun နဲ့အတူ ပြည်ပကလေးငယ်များ စပွန်ဆာပေးရေး ရန်ပုံငွေကမ်ပိန်းကို စတင် သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
———————————
၈။ကုန်ဈေးနှုန်းတက်တာ ဘာမှမထူးဆန်းကြောင်းနဲ့ အလုပ်မလုပ်ဘဲ အော်နေလို့မရဘူးလို့ မင်းအောင်လှိုင် ဆို၊
================
m.CDM စက်တင်ဘာလ ၂၂ ရက်။
စက်တင်ဘာလ ၂၁ ရက်နေ့က နေပြည်တော်၊ MICC-1 မှာ ပြုလုပ်ခဲ့တဲ့ “လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲမှာ ကုန်ဈေးနှုန်းတက်တာ “ဘာမှ မဆန်းဘူး” လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ပြောဆိုခဲ့ပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ ထုတ်လုပ်မှုနဲ့ဝယ်လိုအား မမျှတနေတာ၊ ထုတ်လုပ်မှုကုန်ကျစားရိတ်တွေ မြင့်တက်နေတာ တွေကြောင့် အခုလို ကုန်ဈေးနှုန်း တက်နေရတာ ဘာမှမထူးဆန်းဘူးလို့ သူက ဆိုပါတယ်။
ကြက်ဥဈေးနှုန်း မြင့်တက်နေတာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ သန်းကျော်ရှိပေမယ့် မွေးမြူထားတဲ့ ဥစားကြက် အရေအတွက်ဟာ လူဦးရေနဲ့ မမျှတဘဲ နည်းပါးနေတယ်လို့လည်း သူက ပြောပါတယ်။
အသား၊ ငါးနဲ့ ဝက်သား အပါအဝင် မွေးမြူရေးထုတ်ကုန်တွေဟာလည်း လိုအပ်ချက်ကို မပြည့်မှီနေကြကြောင်းနဲ့ လူတစ်ဦးကို တစ်နေ့ ဝက်သား ၅ ကျပ်သား စားတယ်လို့ တွက်ချက်ထားပေမယ့် လက်တွေ့မှာ ၁၀ ကျပ်သားခန့် စားသုံးနေကြကြောင်းကိုလည်း စစ်ခေါင်းဆောင်က ရှင်းပြပါတယ်။
ဒါ့အပြင် လောင်စာဆီဈေးနှုန်း မြင့်တက်မှုကြောင့် သယ်ယူပို့ဆောင်ရေးစရိတ် တက်လာတာ၊ ပြင်ပက တင်သွင်း ရတဲ့ ဓါတ်မြေဩဇာနဲ့ အလုပ်သမားစရိတ် မြင့်တက်လာတာ တွေကလည်း ထုတ်လုပ်မှု ကုန်ကျစားရိတ် တိုးလာ စေတယ်လို့ ဆိုပါတယ်။
ကုန်စည်သယ်ယူ ပို့ဆောင်ရာမှာလည်း ဖြတ်သန်းရတဲ့ဂိတ်တွေ များလာတာကြောင့် ကုန်ကျစရိတ် တက်လာပြီး၊ အဲ့ဒီ ကုန်ကျစားရိတ်တွေက ကုန်ဈေးနှုန်း မြင့်တက်မှုအပေါ် သက်ရောက်မှု ရှိတယ်လို့ သူက ပြောပါတယ်။
ကုန်ဈေးနှုန်းကျဆင်းဖို့အတွက် ပြည်တွင်းကုန်ထုတ်လုပ်မှု မြှင့်တင်ဖို့ လိုအပ်သလို နိုင်ငံခြားဝင်ငွေ ရရှိဖို့အတွက် လည်း ပြည်တွင်းထုတ်လုပ်မှု တိုးမြှင့်ဖို့လိုတယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်၊ ဝင်ငွေမရှိဘဲ ပြည်ပနိုင်ငံကနေ ကုန်ပစ္စည်း တင်သွင်းဖို့ ခက်ခဲတယ်လို့လည်း ပြောပါတယ်။
ဒါအပြင် ကုန်ဈေးနှုန်း ကြီးမြင့်မှုနဲ့ စီးပွားရေး အခြေအနေတွေအပေါ် အင်တာနက်နဲ့ မီဒီယာတွေ ပေါ်မှာ ရေးသား ပြောဆို ဝေဖန်နေကြသူတွေကိုလည်း “အလုပ်မလုပ်ဘဲ ပြဿနာတွေကိုသာ အော်ဟစ်ပြောဆိုနေလို့ မရဘူး” ဆို ပြီး ဆူပူကြိမ်းမောင်း ခဲ့ပါသေးတယ်။
၎င်းအလုပ်ရုံဆွေးနွေးပွဲအတွင်း သူ့ကို ရှင်းလင်းပြောကြားနေတဲ့ ဝန်ထမ်းတစ်ဦးကိုလည်း လူပိန်းနားလည်အောင် ပြောဖို့ မင်းအောင်လှိုင် က ပြောဆိုခဲ့တဲ့ ရုပ်သံမှတ်တမ်းလည်း ထွက်ပေါ်လာပါတယ်။
အဆိုပါ ရုပ်သံဖိုင်အတွင်းမှာ စစ်ခေါင်းဆောင် က “ဖြည်းဖြည်းချင်း ပြောပါ၊ ကျက်ထားတာတွေ မပြောနဲ့၊ လူပိန်း နားလည်အောင်ပြော” လို့ ပြောဆိုခဲ့တာကို တွေ့ရပါတယ်။
ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်လူလေးတို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။
--

Send email to - editors@moemaka.net to contact and contribute with us!
MoeMaKa on the Facebook Page from here (For Burma / Myanmar User)
MoeMaKa News & Media covering Burmese Community
http://www.MoeMaKa.Com - Burmese Language
http://eng.MoeMaKa.net - English Edition
http://moemaka.net/omeka2/ - Audio & Video Archives

Moemaka Multimedia is a tax-exempt organization in Richmond, California. Donations to Moemaka Multimedia are tax deductible. This organization has been in operation for more than 20 years. EIN - 26-1387654
No comments:
Post a Comment