၁၅ - ၁၀ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )
မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့
၁။ကြာအင်းဆိပ်ကြီးမှာ တိုက်ပွဲတွေပြင်းထန်နေပြီး အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး သေဆုံး
၂။အာဏာသိမ်းစစ်တပ်က စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၆၅၀ လုပ်ခဲ့ပြီး ကချင်ပြည်နယ်ကို အဓိကထားတိုက်ခိုက်
၃။ငပြီကျွန်းကို အာရက္ခတပ်တော်က အပြည့်အဝ ထိန်းချုပ်ထားပြီး စစ်တွေက စစ်အုပ်စုရဲ့ ကာကင်းစခန်း အချို့ကို ထပ်မံ သိမ်းပိုက်
၄။ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်ရဲ့ တတိယအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ဘွဲ့ရမောင်မယ် (၁၁၁) ဦးကို ဘွဲ့လက်မှတ်များချီးမြင့် စတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
အခုပထမဆုံးအနေနဲ့

=====================
m.CDM အောက်တိုဘာ ၁၄ ရက်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဘက်ကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ် နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး၊ စစ်အုပ်စုရဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့၊ နေ့လယ်ပိုင်းကစတင်ပြီး တံခွန်တိုင် ကျေးရွာအုပ်စု၊ ပုလိန်ရွာနဲ့ အဘစ်ရွာ အနီးမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် စတင်ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က အထိနာခဲ့တာကြောင့် အရပ်သားပြည်သူတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ ဆိုင်ကယ်စီးလာတဲ့ ပုလိန်ရွာသား ၁ ဦးနဲ့ ခရီးသွားပြည်သူ ၂ ဦး ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် ရော်ဘာခြံ အလုပ်သမားတွေနဲ့ ကားသမား ၂ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
၎င်းစစ်ကြောင်းဟာ မုဒုံအခြေစိုက် အမြောက်တပ်ရင်း ၃၁၈ ကနေ အင်အား ရာနဲ့ချီကို စစ်ကြောင်း ၃ ကြောင်းခွဲ ကာ ထိုးစစ်ဆင်လာတာ ဖြစ်ပြီး လေကြောင်းနဲ့ လက်နက်ကြီးတွေကိုပါ ဆက်တိုက် ရမ်းသမ်းပစ်ခတ်နေတယ်လို့ သိရပါတယ်။
လက်ရှိအချိန်အထိ စစ်ရေးတင်းမာနေဆဲ ဖြစ်တာကြောင့် ပုလိန်ကျေးရွာက ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရသလို အဘစ်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းမှာလည်း ခရီးသွားပြည်သူတွေ ပိတ်မိနေဆဲ ဖြစ်တယ် လို့ သိရှိရပါတယ်။
--------------------
၂။ဗန်းမော် ၃ မိုင်ရွာ ရွှေပြည်သာရပ်ကွက်က KBC ဘုရားကျောင်းနဲ့ ပြည်သူပိုင်အိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီး
======================
m.CDM၊ အောက်တိုဘာ ၁၄
ကချင်ပြည်နယ် ဗန်းမော်မြို့ ၃ မိုင်ရွာ ရွှေပြည်သာရပ်ကွက်မှာရှိတဲ့ ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘုရားကျောင်းနဲ့ ပြည်သူပိုင်အိမ်တွေကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
အောက်တိုဘာ ၁၁ ရက်နေ့က ၃ မိုင်ရွာ နမ့်ဖာနောင်းဘက်ကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ဗုံးကြဲပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတဲ့အတွက် KIA နဲ့ပူးပေါင်းတပ်တွေက တိုက်ပွဲဖြစ်ခဲ့တာ ရှိတယ်လို့ ဆိုပါတယ်။
တိုက်ပွဲမှာအထိနာသွားတဲ့ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဟာ အောက်တိုဘာ ၁၂ ရက် နေ့လည် ၃ နာရီခွဲ လောက်မှာ ပြန်လည်ဆုတ်ခွာသွားချိန် ၃ မိုင်ရွာ ရွှေပြည်သာရပ်ကွက်က KBC ဘုရားကျောင်းဆောင်နဲ့ ရွာထဲက ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြတာလို့ အသိပေးပါတယ်။
KBC ဘုရားကျောင်းနဲ့လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကြောင်းဟာ တပ်မ ၃၃ နဲ့ တပ်မ ၈၈ လက်အောက်ခံတပ်ရင်းတွေက စစ်သားတွေလို့ သိရပါတယ်။
လက်ရှိမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းနဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်တပ်က အရပ်သားပြည်သူတွေနေထိုင်ရာရွာတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ပြည်သူလူထု အနေနဲ့ သတိပြုနေထိုင်ကြဖို့ တော်လှန်ရေးအင်အားစုတွေ အသိပေးနှိုးဆော်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ကချင်ပြည်ထဲကို နည်းမျိုးစုံနဲ့ စစ်အင်အားဖြည့်တင်းနေတဲ့အတွက် အဲဒီဒေသတွေ မှာ KIA နဲ့ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပါတယ်။
————————————

=================
m.CDM အောက်တိုဘာ ၁၄ ရက်။
ရခိုင်ပြည်နယ်၊ ဝီရဌာနီ (ပေါက်တော) မြို့နယ်က ငပြီကျွန်းကို အကြမ်းဖက် စစ်တပ်က အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့ပေမယ့် အာရက္ခတပ်တော် (AA) က အပြည့်အဝ ထိန်းချုပ်လိုက်ပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့က စတင်ကာ နေဗီသင်္ဘော ၉ စီးအပြင် လက်နက်ကြီးနဲ့ လေကြောင်းတွေ ကိုပါ အသုံးပြုပြီး အပြင်းအထန် ထိုးစစ်ဆင်ခဲ့ပေမယ့် အထိနာကာ ပြန်ဆုတ်သွားခဲ့ရတာ ဖြစ်ပါတယ်။
အောက်တိုဘာလ ၁၃ ရက်နေ့က စတင်ကာ ဒီကနေ့အထိ နှစ်ဖက်တိုက်ပွဲတွေ ငြိမ်သက်နေပြီး အာရက္ခတပ်တော် ဘက်က ကျွန်းကို အပြည့်အဝ ထိန်းချုပ်ထားနိုင်တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ငပြီကျွန်းဟာ စစ်တွေ၊ ဝီရဌာနီ (ပေါက်တော) နဲ့ ပုဏ္ဏားကျွန်း ၃ မြို့နယ်အစပ်မှာရှိပြီး စစ်တွေ ရွှေမင်းဂံ ရေတပ် စခန်းနဲ့ ၁ မိုင်ခွဲလောက်သာ ဝေးတာကြောင့် စစ်ရေးအရ အရေးပါတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ငပြီကျွန်းကို စစ်အုပ်စု အပြင်းအထန် ထိုးစစ်ဆင်နေချိန်မှာပဲ စစ်တွေမြို့နယ်ထဲက စစ်ကော်မရှင် တပ်ရဲ့ ကာကင်းစခန်း တချို့ကိုလည်း AA ဘက်က ယခုရက်ပိုင်းအတွင်း ထပ်မံသိမ်းပိုက် ခဲ့တယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၁၄ ရက်နေ့ မနက်ပိုင်းမှာလည်း စစ်တွေဘက်မှာ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ အဆက်မ ပြတ် ကြားနေရသလို စစ်အုပ်စုဘက်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာတွေပါ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
---------------------------
၄။အာဏာသိမ်းစစ်တပ်က စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၆၅၀ လုပ်ခဲ့ပြီး ကချင်ပြည်နယ်ကို အဓိကထားတိုက်ခိုက်
======================
m.CDM၊ အောက်တိုဘာ ၁၄
အာဏာသိမ်းစစ်တပ်က စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၆၅၀ လုပ်ခဲ့ရာမှာ ကချင်ပြည်နယ် ကို အဓိကထားတိုက်ခိုက်ခဲ့တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI က ထုတ်ပြန်ပါတယ်။
MDSI ကပြုစုထားတဲ့စာရင်းတွေအရ စက်တင်ဘာလထဲမှာ စကစရဲ့ လေကြာင်းတိုက်ခိုက်မှုဖြစ်စဉ် ၁၇၅ ခု၊ အကြိမ် ရေအားဖြင့် ၆၅၀ ရှိခဲ့ပြီး သြဂုတ်လထက် သိသိသာသာမြင့်တက်လာတယ်လို့ ဆိုပါတယ်။
စစ်ဆင်ရေးပစ်မှတ်တွေထဲက ဗဟိုချက်ဖြစ်တဲ့ ကချင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ၃၂ ခုသာရှိပေမယ့် တိုက်ခိုက်မှုအကြိမ်ရေ ၃၁၂ ကြိမ်ထိရှိခဲ့ပြီး တနိုင်ငံလုံးရဲ့ ၄၈ ရာခိုင်နှုန်းအထိ ရှိခဲ့တယ်လို့ အသိပေးပါတယ်။
အရပ်ဘက်နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုအနေနဲ့ကတော့ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကရင် ပြည်နယ်တို့က အရပ်ဘက်ဆိုင်ရာနေရာတွေကို တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားထိခိုက်မှု ၃၅၉ ဦးရှိခဲ့ပြီး တနိုင်ငံလုံးရဲ့ ၈၇ ရာခိုင်နှုန်းအထိရှိတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်ဘက်ဆိုင်ရာပစ်မှတ်တွေအပြင် ကျေးရွာလူနေအိမ်ခြေနဲ့အရပ်ဘက်နေရာတွေအပြင် ဘာသာရေးဆိုင်ရာ၊ ပညာရေးဆိုင်ရာ၊ စစ်ဘေးရှောင်နေရာနဲ့ အခြေခံအဆောက်အအုံတွေကို ဂျက်တိုက်လေယာဉ်တွေ နဲ့ အဓိကတိုက်ခိုက်ခဲ့တာြဖစ်ပြီး ပဲ့ထိန်းမဲ့ သမရိုးကျ ဖျက်အားပြင်းဗုံးတွေ၊ ပေါင် ၂၅ဝ၊ ပေါင် ၃ဝဝ ဗုံးတွေနဲ့ ဆင့်ကွဲဗုံး ဖြစ်တဲ့ ကလပ်စတာဗုံးတွေ အသုံးပြုခဲ့တယ်လို့ MDSI ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စကစဘက်က အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်တိုက်တွေလည်းရှိခဲ့ပြီး နေရာဒေသတခုကို အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်တဲ့ နည်းဗျူဟာတွေကိုလည်း အသုံးပြုလာတဲ့အတွက် စစ်တင်ဘာလအတွင်း အမျိုးသမီးနဲ့ကလေးငယ် တွေ အပါအဝင် အရပ်သား ၁၆၃ ဦးသေဆုံးကာ ၂၄၉ ဦး ဒဏ်ရာရသွားတဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုဟာ သြဂုတ်လထက် ၂ဆ နီးပါး မြင့်တက်လာတယ်လို့လည်း ထုတ်ပြန်ချက်က ဆိုထားပါတယ်။
ထူးခြားဖြစ်စဉ်အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအတွက် အရေးပါတဲ့ အထူးတိုင်းစစ်ဌာနကို နေပြည်တော်နဲ့ မှော်ဘီလေတပ်က တိုက်လေယာဉ်တွေနဲ့ အတိအကျ ဗုံးကြဲတိုက်ခိုက်ခဲ့တာကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။
အခုလို အာဏာသိမ်းစစ်တပ်က သတင်းအချက်အလကတွေပေါ်အခြေခံပြီး စစ်ရေးပစ်မှတ်တွေကို အချိန်နဲ့ တပြေးညီ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာနေတာကြောင့် တော်လှန်ရေးတပ်တွေအနေနဲ့ အားနည်းချက်တွေကို ဖော်ထုတ်ပြီး သတင်းအချက်အလက်၊ ဆက်သွယ်ရေးနဲ့ လုံခြုံရေးစနစ် အစီအမံတွေ သုံးသပ်ပြင်ဆင်ဖို့ လိုအပ် နေပြီလို့ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI က အကြံပြုထားပါတယ်။
————————————
၅။ဟင်္သာတမြို့က ကမ်းနားကြီး ပွဲရုံတန်း မီးလောင်ပြီး ကျပ်သိန်း ၄ ထောင်ကျော် ပျက်စီးဆုံးရှုံး၊မူဆယ်မြို့လယ်ခေါင်မှာ ကားဗုံးခွဲခံရ၊
==========================
m.CDM အောက်တိုဘာ ၁၄ ရက်။
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့က ကမ်းနားကြီးပွဲရုံတန်းမှာ ဒီကနေ့ အောက်တိုဘာလ ၁၄ ရက် မနက်အစောပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကျပ်သိန်း ၄ ထောင်ကျော်ဖိုး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
မနက် ၃ နာရီ ၅၀ မိနစ်ခန့်မှာ ပြည့်စုံဖြိုး ဆန်စပါးပွဲရုံကနေ မီးစတင် လောင်ကျွမ်းခဲ့တာဖြစ်ပြီး၊ မီးသတ်ကား ၁၀ စီးခန့်ဖြင့် ဝိုင်းဝန်း ငြိမ်းသတ်ခဲ့ရကာ မနက် ၅ နာရီ ၄၀ မိနစ်မှာ မီးငြိမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။
လျှပ်စစ်ဝါယာရှော့ ဖြစ်ရာကနေ မီးကူးစက်လောင်ကျွမ်းခဲ့တာဖြစ်ပြီး၊ အဆိုပါ မီးလောင်မှုကြောင့် ပွဲရုံ ၁၀ ခန်းနဲ့ အလုပ်သမားတန်းလျား ၁၁ ခန်း မီးထဲပါသွားခဲ့တယ်လို့ သိရပါတယ်။
လူအထိအခိုက် မရှိခဲ့ပေမယ့် ပွဲရုံပိုင်ရှင် ဦးကျော်လင်းမောင် ကိုတော့ မီးပေါ့ဆမှု ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှု ဖွင့် အရေးယူထားတယ်လို့ သိရှိရပါတယ်။
ထို့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့လယ်ခေါင်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့က ကားဗုံးခွဲ တိုက်ခိုက်မှု တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မူဆယ် ဈေးရပ်ကွက်နဲ့ တောင်ရပ်ကွက် ကြားက နာရီစင်အနီးမှာ ရပ်ထားတဲ့ အိမ်စီးကား တစ်စီးကို ဆိုင်ကယ်စီး လာတဲ့ အမျိုးသား နှစ်ဦးက ဗုံးပစ်သွင်းပြီး ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။
ကားထဲမှာ လူမရှိနေတာကြောင့် လူအထိအခိုက်မရှိခဲ့ပေမယ့် ပေါက်ကွဲမှုကြောင့် ကားကတော့ မီးလောင်ပျက်စီး သွားခဲ့တယ်လို့ သိရပါတယ်။
ဖောက်ခွဲတိုက်ခိုက်မှု ဖြစ်စဉ် အသေးစိတ်ကို မသိရသေးပေမယ့် ဒါဟာ ဒုစရိုက်သမား အချင်းချင်းကြား ရှင်းကြ တဲ့ ပြဿနာလို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းမြောက်ဒေသက မြို့နယ်အများစုကို လက်လွတ်ထားရတဲ့ စစ်ကော်မရှင်ဟာ နယ်စပ်ကုန်သွယ်ရေးမြို့ ဖြစ်တဲ့ မူဆယ်မြို့ကိုတော့ ထိန်းချုပ်ထားပါတယ်။
ဒါပေမယ့် မူဆယ်မြို့ပေါ်မှာ လုယက်မှုတွေ၊ ဓားပြမှုတွေ၊ ပြန်ပေးဆွဲမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်အုပ်စုနဲ့ ပတ်သက်တဲ့ ကျားဖြန့်လုပ်ငန်းတွေလဲ ရှိနေကာ တရားဥပဒေစိုးမိုးမှု လုံးဝမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ် ။
-----------------------
၆။SNA တပ်ဖွဲ့ဝင် ၃ ဦး KIA ထံ လက်နက်နဲ့တကွ အလင်းဝင်၊ တစ်ဦးကို ကျပ်သိန်း ၂၀၀ စီ ချီးမြှင့်ပေးခဲ့၊
====================
m.CDM အောက်တိုဘာ ၁၄ ရက်။
အကြမ်းဖက် စစ်ကော်မရှင် လက်အောက်ခံ ရှမ်းနီအမျိုးသားတပ်မတော် (SNA) တပ်မဟာ (၈၉၁) တပ်ရင်း (၄) က ရဲဘော် ၃ ဦးဟာ KIA ထံ လက်နက်နဲ့တကွ အလင်းဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့က ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်မဟာ (၉) တပ်ရင်း (၂၆) ထံကို ဆက်သွယ်အလင်းဝင်ရောက်လာခဲ့တာလို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
အဆိုပါ အလင်းဝင်တပ်သား ၃ ဦးကို KIA ဘက်က တစ်ဦးလျင် ငွေကျပ် သိန်း ၂၀၀ စီ ဂုဏ်ပြုချီးမြှင့်ပေးခဲ့တယ် လို့ သိရပါတယ်။
SNA တပ်ဖွဲ့ဟာ ယခင်က တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့ ၁ ခု အနေနဲ့ ရပ်တည်ခဲ့ပေမယ့် စစ်အာဏာသိမ်းပြီ းနောက်ပိုင်းမှာတော့ စစ်အုပ်စုနဲ့ ပူးပေါင်းပြီး တော်လှန်ရေးတပ်ဖွဲ့တွေကို ပြန်လည်တိုက်ခိုက်နေတာလည်း ဖြစ် ပါတယ်။
KIA အနေနဲ့ တခြားလက်နက်ကိုင်အဖွဲ့တွေကို အလင်းဝင်ဖို့ တရားဝင်နှိုးဆော်ထားတာမျိုးမရှိပေမယ့် ချိတ်ဆက် ဝင်ရောက်လာသူတွေကိုတော့ ထိုက်သင့်တဲ့ ဆုငွေတွေ ချီးမြှင့်ပေးကာ နေထိုင်စားသောက်ရေးကိုပါ အပြည့်အစုံ ကူညီထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။
--------------------------
၇။အကြမ်းဖက် စစ်အုပ်စုကို တွန်းလှန်ဖို့ တောကျီးကန်း (၇) ကောင် တပ်ရင်းက ရဲဘော်သစ်တွေ ခေါ်ယူနေ
====================
m.CDM အောက်တိုဘာ ၁၄ ရက်။
မကြာခင် အဆုံးသတ်တော့မယ့် အာဏာရှင်စနစ် နိဂုံးချုပ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆော က်ရေးအတွက် အတူလက်တွဲတိုက်ပွဲဝင်မယ့် ရဲဘော်သစ်တွေကို တောကျီးကန်း (၇) ကောင်တပ်ရင်းက ဖိတ်ခေါ် ထားပါတယ်။
အဆုံးသတ်အခြေအနေကို ရောက်ရှိနေပြီဖြစ်တဲ့ အာဏာရှင်အစိုးရဟာ အင်အားပြုန်းတီးလာတဲ့အတွက် လူငယ် တွေကိုသာမက အိမ်ထောင်သည် အမျိုးသားတွေကိုပါ ပေါ်တာဆွဲ ဖမ်းဆီးပြီး အတင်းအကျပ် စစ်မှုထမ်းခိုင်းတာ တွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် စစ်ကော်မရှင်ရဲ့ မတရား ဖိနှိပ်မှုတွေကို ငုံမခံဘဲ ပြန်လည် တွန်းလှန်ချင်သူတွေ အနေနဲ့ တောကျီးကန်း (၇) ကောင် တပ်ရင်းမှာ လာရောက် တာဝန်ထမ်းဆောင်နိုင်တယ်လို့ ဖိတ်ခေါ်ထားပါတယ်။
ရဲဘော်သစ်တွေ အနေနဲ့ အသက် ၁၈ နှစ်ကနေ ၄၀ အတွင်း ကျန်းမာရေး ကောင်းမွန်တဲ့ အမျိုးသားတွေ ဖြစ်ရမှာ ဖြစ်ပြီး၊ တော်လှန်ရေး ပြီးဆုံးတဲ့အထိ တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမယ်လို့ ဆိုပါတယ်။
တပ်ရင်းကချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာနိုင်ပြီး သတ်မှတ်နေရာကို မိမိအစီအစဉ်နဲ့ လာနိုင်သူတွေကို အဓိက ဦးစားပေး ခေါ်ယူသွားမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
------------------------
၈။ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်ရဲ့ တတိယအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ဘွဲ့ရမောင်မယ် (၁၁၁) ဦးကို ဘွဲ့လက်မှတ်များချီးမြင့်
======================
m.CDM၊ အောက်တိုဘာ ၁၄
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန အသိအမှတ်ပြု တော်လှန်တက္ကသိုလ်တခုဖြစ်တဲ့ ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်ရဲ့ တတိယအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို အောက်တိုဘာ ၁၀ ရက်က ပြုလုပ်ခဲ့ရာမှာ ဘွဲ့ရမောင်မယ် ၁၁၁ ဦးကို ဘွဲ့လက်မှတ်ချီးမြင့်နိုင်ခဲ့တယ်လို့ အဲဒီတက္ကသိုလ်က ထုတ်ပြန်ထားပါတယ်။
ခက်ခဲနက်နဲတဲ့ စိန်ခေါ်မှုတွေကြားက မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့နဲ့ ကြိုးပမ်းအားထုတ်ခဲ့ကြတဲ့ ဘွဲ့ရ ကျောင်းသား၊ ကျောင်းသူတွေအတွက် ဂုဏ်ယူစရာသမိုင်းမှတ်တိုင်တခုတင်မက ပညာရေးရဲ့ မြင့်မားသော တန်ဖိုးနဲ့ အနာဂတ်မျှော်မှန်းချက်တွေကို ပိုပြီးခိုင်မာစေတယ်လို့ ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်က ပြောထားပါ တယ်။
ဒီအခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဆရာမဂျာထွယ်ပန်၊ ဒုတိယဝန်ကြီး ဒေါက်တာမားငိုက်ဆန်းငါနဲ့ ပညာရေး ဝန်ကြီးဌာနက တာဝန်ရှိသူများ၊ မန္တလေးဒေသ ကြားကာလ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမြင့်အောင်မိုး၊ ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်ရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက တာဝန်ရှိသူများ၊ တက္ကသိုလ်ပါမောက္ခချုပ်နဲ့ သဟာယအဖွဲ့ဝင်များ၊ သင်ကြား/စီမံဆရာ၊ ဆရာမများ၊ ဘွဲ့ရမောင်မယ်များနဲ့ ဖိတ်ကြားထားတဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်တွေ စုံစုံလင်လင် တက်ရောက် ချီးမြင့်ခဲ့ကြတယ်လို့ သိရပါတယ်။
ဘွဲနှင်းသဘင် အခမ်းအနားအစမှာ နွေဦးတော်လှန်ရေးအပါအဝင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ခရီးလမ်းတလျှောက် ကျဆုံးခဲ့ကြသော အာဇာနည် သူရဲကောင်းတွေအတွက် စက္ကန့် ၂၀ ခန့် ငြိမ်သက် အလေးပြုခဲ့ကြပါတယ်။
အဲဒီနောက် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဘွဲ့နှင်းသဘင် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး ပေးပို့တဲ့ ဂုဏ်ပြုသဝဏ်လွှာကို ကျောင်းသားရေးရာဌာနဌာနမှူးက ဖတ်ကြားခဲ့ပါတယ်။
ဆက်လက်ပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဆရာမ ဂျာထွယ်ပန်နဲ့ ဒုတိယဝန်ကြီး ဒေါက်တာ မားငိုက်ဆန်းငါ ၊ မန္တလေးဒေသ ကြားကာလ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမြင့်အောင်မိုးတို့က ဂုဏ်ပြု အမှတ်တရစကားတွေ ပြောခဲ့ကြပါတယ်။
အဲဒီနောက် ဝန်ဇင်းအွန်လိုင်းတက္ကသိုလ် ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင် ဂုဏ်ပြုနှုတ်ခွန်းဆက်စကား ပြောကြားကာ ဘွဲ့ရမောင်မယ်တွေကို ကတိသစ္စာခံယူစေပြီး ဒီပလိုမာဘွဲ့ရ ၁၉ ဦး၊ ဝိဇ္ဇာဘွဲ့ရ ၅၄ ဦး၊ သိပ္ပံဘွဲ့ရ ၁၇ ဦး၊ ဝိဇ္ဇာ ဂုဏ်ထူး ဘွဲ့ရ ၆ ဦး၊ သိပ္ပံ ဂုဏ်ထူးဘွဲ့ရ ၁၁ ဦး၊ မဟာဝိဇ္ဇာဘွဲ့ရတဦးနဲ့ မဟာသိပ္ပံဘွဲ့ရ ၃ ဦး၊ စုစုပေါင်း ဘွဲ့ရမောင်မယ် ၁၁၁ ဦးကို ဘွဲ့လက်မှတ်တွေ ပေးအပ်ချီးမြင့်ခဲ့ပါတယ်။
ခေတ်မီဆန်းသစ်တဲ့ ပညာရေးစနစ်တွေနဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားပြီး မျိုးဆက်သစ်လူငယ်တွေကို ပျိုးထောင်ပေးနေတဲ့ ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်အနေနဲ့ ပထမအကြိမ် ဘွဲနှင်းသဘင်ကို ၂၀၂၄ ခုနှစ်က ပြုလုပ်ခဲ့ရာမှာ ဘွဲ့ရမောင်မယ် ၃၂ ဦး ၊ ဒုတိယအကြိမ် ဘွဲ့နှင်းသဘင်ကျင်းပတဲ့ ၂၀၂၅ ခုနှစ်မှာ ဘွဲ့ရမောင် မယ် ၃၂ ဦးမွေးထုတ်ပေးခဲ့ပြီးဖြစ်တာကြောင့် အခုတကြိမ်နဲ့ဆိုရင် ဘွဲ့ရမောင်မယ် ၁၇၅ ဦးကို အောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့ပြီလို့ သိရပါတယ်။
———————————
၉။လန်ဒန်မြို့က မလေးရှားသံရုံးနဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ စစ်သံရုံးရှေ့မှာ မြန်မာအရေးနဲ့ပတ်သက်ပြီး ဆန္ဒပြ
====================
m.CDM၊ အောက်တိုဘာ ၁၄
ဗြိတိန်ရောက် မြန်မာတွေစုပေါင်းပြီး လန်ဒန်မြို့မှာရှိတဲ့ မလေးရှားသံရုံးနဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ စစ်သံရုံး ရှေ့မှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ဆန္ဒပြတောင်းဆိုမှုတွေလုပ်ခဲ့တယ်လို့ Myanmar Unity Movement အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Myanmar Unity Movement အဖွဲ့က ဦးဆောင်ပြီး လန်ဒန်မြို့က မလေးရှားသံရုံးအရှေ့မှာ အောက်တိုဘာ ၁၃ ရက်၊ မနက် ၁၀ နာရီကနေ ၁၂ နာရီအထိ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး နေ့လည် ၁၂ နာရီခွဲကနေ ၂ နာရီအထိ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုရဲ့ စစ်သံရုံးအရှေ့မှာ ဆန္ဒပြခဲ့ကြတာလို့ ဆိုပါတယ်။
မလေးရှားအစိုးရအနေနဲ့ မြန်မာပြည်သူတွေရဲ့ အသံကို အလေးထားဖို့၊ စစ်အာဏာပိုင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်တာတွေ ရပ်တန့်ဖို့၊ အာဆီယံအနေနဲ့ မြန်မာ့အရေးအတွက် ထိရောက်တဲ့ လုပ်ဆောင်ချက်တွေ ဆောင်ရွက်ဖို့ သပိတ်စစ်ကြောင်းက တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်အုပ်စုရဲ့ စစ်သံရုံးရှေ့မှာတော့ စစ်အာဏာပိုင်တွေရဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ တရားမဝင်လွှတ်တော်ကို လက်မခံကြောင်းပြသခဲ့ကြပြီး မတရားစစ်မှုထမ်းစေတာ၊ အပြစ်မဲ့ပြည်သူများ အပေါ် သတ်ဖြတ်နေတာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ ဘာသာရေးအဆောက်အအုံတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ သပိတ်စစ်ကြောင်းက ကြွေးကြော်သံတွေနဲ့ တောင်းဆိုခဲ့ကြတယ်လို့ Myanmar Unity Movement အဖွဲ့က ပြောပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးဖို့၊ အကျဉ်းထောင်တွေမှာ ညှဉ်းပန်းနှိပ်စက်တာ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အခြေခံကျန်းမာရေး စောင့်ရှောက်မှု မပေးတာတွေ ရပ်တန့်ဖို့ အလေးအနက်တောင်းဆိုခဲ့ကြတယ်လို့လည်း သိရပါတယ်။
ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်လူလေးတို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။

No comments:
Post a Comment