၁၄ - ၁၀ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )
မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့
၁။အမ်းမှာ တရုတ် ဓါတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ ကားကို အကြမ်းဖက် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်၊ကျိုက်ထိုမှာ အကြမ်းဖက် စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး သေဆုံး၊
၂။မြန်မာကလေးငယ် ၄ ဒသမ ၉ သန်း အရေးပေါ် အကူအညီလိုအပ်နေ၊ ၁ ဒသမ၂ သန်းသော ကလေးငယ်တွေဟာ ကာကွယ်ဆေးနဲ့ ကျန်းမာရေးဝန်ဆောင်မှု အလုံးစုံ ဖြတ်တောက်ခံထားရတယ်လို့ သံအမတ်ကြီး ဦကျော်မိုးထွန်းပြော
၃။နောင်ချိုက နိုင်ငံရေး အကျဉ်းသား ၅၀ ခန့်ကို စစ်အုပ်စုက ငွေညှစ်ပြီး အိုးဘိုထောင်ဆီ မတရားအမိန့်ချ ပို့ဆောင် နေတယ်လို့ JNPP ထုတ်ပြန်
၄။ဘန်ကောက်မှာ ကလေးငယ်တွေကို အဓမ္မ ခိုင်းစေနေတဲ့ လူကုန်ကူးဂိုဏ်းကို ဝင်ရောက်စီးနင်း၊ မြန်မာကလေး ၇ ဦး အပါအဝင် ကလေးငယ် ၁၀ ဦးကို ကယ်တင်နိုင်ခဲ့ စတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
အခုပထမဆုံးအနေနဲ့

===================
m.CDM အောက်တိုဘာ ၁၃ ရက်။
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က တရုတ် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းစက်ရုံမှာ အလုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသား တစ်ဦးနဲ့ မြန်မာ အလုပ်သမား နှစ်ဦး လိုက်ပါလာတဲ့ ကားကို အကြမ်းဖက် စစ်တပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့က အမ်း-ပဒါန်း ကားလမ်းပိုင်းမှာရှိတဲ့ စက်ရုံတစ်ရုံကနေ နောက်တစ်ရုံကို သွားနေရင်း ဆင်ခုံတိုင်ရွာနဲ့ တောင်စောက်ရွာကြားမှာ အခုလို အပစ်ခံရတာလည်း ဖြစ်ပါတယ်။
ဒီကားပေါ်မှာ တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) က တရုတ်ဝန်ထမ်း Chen Jie အပါအဝင် ၃ ဦး လိုက်ပါလာတာဖြစ်ပြီး လူအထိအခိုက် မရှိပေမယ့် ကားကတော့ ထိမှန် ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံဘက်က သူတို့ရဲ့ လုပ်ငန်းသုံးကားတွေကို မပစ်ခတ်ဖို့ အာရက္ခတပ်တော် (AA) နဲ့ စစ်ကော်မရှင်တပ် တို့ကို သတိပေးထားတာတွေ ရှိပေမယ့် အခုလို လေကြောင်းကနေ ပစ်ခတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတော ကျေးရွာအုပ်စုကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး၊ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၁၂ ရက်၊ နေ့လယ်ပိုင်းမှာ ကျိုက်ထိုအခြေစိုက် တပ်မ (၄၄) ဌာနချုပ်ကနေ ဒရုန်းနဲ့ ၃ ကြိမ်တိုင် အကြောင်းမဲ့ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးသွားခဲ့ပြီး၊ အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ နေအိမ် ၃ လုံးလည်း ပျက်စီးသွားခဲ့တယ်လို့ သိရှိရပါတယ်။
------------------------
၂။မင်းတုန်းမြို့နယ်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ဦး သေဆုံး၊ နေအိမ်တချို့ ပျက်စီး
========================
m.CDM၊ အောက်တိုဘာ ၁၃
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတဦး သေဆုံးပြီး နေအိမ်အချို့ ပျက်စီးခဲ့တယ်လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်းက ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁၂ ရက် နေ့လည် ၁၂ နာရီ၀န်းကျင်မှာ သရက်အခြေစိုက် အမှတ် ၁၂ ကာကွယ်ရေး ပစ္စည်းစက်ရုံ ကပစ-၁၂ က ပါရာမော်တာ ၂ စီးနဲ့ မင်းတုန်းမြို့နယ်၊ မဲဇလီရွာကို ဗုံး ၈ လုံးကြဲချတိုက်ခိုက် ခဲ့တာလို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် မဲဇလီရွာသား အသက် ၄၀ အရွယ် ဦးစည်သူ သေဆုံးခဲ့ရပြီး အိမ် ၂လုံး ပျက်စီးခဲ့ရ တယ်လို့ အသိပေးပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မင်းတုန်းမြို့နယ်အတွင်းက စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ တွေနေထိုင်ရာနေရာတွေကို လေကြောင်းကတဆင့် ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်တိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုတွေကို နေ့စဥ်လိုလို ကျူးလွန်နေတယ်လို့ သရက်ခရိုင်အမှတ် (၄) တပ်ရင်းက ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်း အောက်တိုဘာ ၈ ရက်ကလည်း မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်တဦးနဲ့သက်ကြီးရွယ်အိုတဦးသေဆုံးပြီး အရပ်သား ၃ဦး ဒဏ်ရာရခဲ့ပါ တယ်။
ရခိုင်နဲ့ မကွေးအစပ် မင်းတုန်းမြို့နယ်အနောက်ခြမ်းကနေ ရခိုင်ရိုးမပေါ် တက်ဖို့ကြိုးစားနေတဲ့ အာဏာသိမ်း စစ်တပ်စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်တွေ အထိနာနေတဲ့ အတွက် အရပ်သားပြည်သူတွေကို အခုလို အကြောင်းမဲ့ တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။
———————————
၃။အမ်း-မင်းတုန်း လမ်းပိုင်း၊ စစ်တွေ-ပုဏ္ဏားကျွန်းနဲ့ အင်းတော်-ဝန်းသို ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေ၊
=====================
m.CDM အောက်တိုဘာ ၁၃ ရက်။
ရခိုင်ပြည်နယ်၊ အမ်း-မင်းတုန်း လမ်းပိုင်းမှာ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက် စစ်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့ ယခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကော်မရှင်ဘက်က အထိနာနေတယ်လို့ သိရပါတယ်။
မင်းတုန်းမြို့နယ် ကနေ အမ်းမြို့နယ်၊ တလိုင်းတောင် ဘက်ကို ဦးတည် ထိုးစစ်ဆင်လာတဲ့ တပ်မ (၅၅) စစ်ကြော င်းကို သဖန်ရောင်နဲ့ ကံကြိုးရွာအနီးမှာ အောက်တိုဘာလ ၈ ရက်နဲ့ ၉ ရက်နေ့ နှစ်ရက်ဆက် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
၎င်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ထံမှ သုံ့ပန်းနဲ့ လက်နက်ခဲယမ်း တွေကို အာရက္ခတပ်တော် က သိမ်းဆည်း ရမိခဲ့တယ်လို့ သိရပြီး၊ စစ်ကော်မရှင်တပ်ဟာ အင်အား ၁,၀၀၀ ကျော်နဲ့ မင်းတုန်း-သဖန်ရောင်ဘက်မှာ ခြေကုတ် ယူထားပြီး ထပ်မံထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ သိရှိရပါတယ်။
အလားတူ စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်း ဘက်မှာလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး၊ အမြင့်ကျွန်း နဲ့ ရေချမ်းပြင် ဘက်က စစ်ကော်မရှင် တပ်စခန်း အချို့ကို AA က ထိုးစစ်ဆင် သိမ်းပိုက်ထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့မှာ အမြင့်ကျွန်းက စစ်ကော်မရှင် ကာကင်းစခန်း ၂ ခုကို AA က ထပ်မံသိမ်းပိုက်ခဲ့ပြီး၊ စုစုပေါင်း ကာကင်းစခန်းငယ် ၉ ခုအထိ သိမ်းပိုက်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရေချမ်းပြင်ဘက်က ဘန်ကာတွေကိုလည်း သိမ်းပိုက်ရရှိထားပြီး ရွှေမင်းဂံ ရေတပ်စခန်း၊ ကံကော်ကျွန်း ကာကင်းတွေ၊ ဒ.က.စ အနီးက စခန်းတွေနဲ့ စ.န.ခ (၃၄၃) တပ်ရင်း ကိုပါ AA က ဆက်လက်ထိုးစစ်ဆင်နေတယ် လို့ သိရှိရပါတယ်။
တစ်ဖက်မှာလည်း အင်းတော်နဲ့ ဝန်းသိုမြို့နယ် ကြားကို ရောက်နေတဲ့ စစ်ကော်မရှင် စစ်ကြောင်းနဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေ တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
အင်းတော်မြို့နယ်၊ မဲဇာရွာက ထွက်လာတဲ့ စစ်ကြောင်းဟာ အောက်တိုဘာလ ၁၁ ရက်နေ့မှာ ပါအောနဲ့ တပ်လွင် ကျေးရွာတွေကို ရောက်ရှိလာခဲ့ပြီး တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
အောက်တိုဘာလ ၁၂ ရက်နေ့ မနက်ပိုင်းမှာတော့ တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ ကျောင်းကုန်းရွာကို စစ်ကော်မရှင်တပ် က လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး ကလေးငယ် ၁ ဦးနဲ့ အမျိုးသမီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
၎င်းစစ်ကြောင်းဟာ ဝန်းသိုမြို့ဘက်ကို ဦးတည်နေတာကြောင့် ဝန်းသို ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ မြေပြင် စစ်ကြောင်း အန္တရာယ်ကို အထူးသတိပြုကြဖို့ ကောလင်းခရိုင်၊ အမှတ် (၄) တပ်ရင်းက သတိပေးထားပါတယ်။
-------------------------
၄။နောင်ချိုက နိုင်ငံရေး အကျဉ်းသား ၅၀ ခန့်ကို စစ်အုပ်စုက ငွေညှစ်ပြီး အိုးဘိုထောင်ဆီ မတရားအမိန့်ချ ပို့ဆောင် နေတယ်လို့ JNPP ထုတ်ပြန်
===================
m.CDM အောက်တိုဘာ ၁၃ ရက်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ အကြမ်းဖက် စစ်တပ်က နိုင်ငံရေးအကျဉ်းသား ၅၀ ခန့်ကို မတရား အမိန့်ချပြီး မန္တလေးအိုးဘိုထောင်ဆီ ပို့ဆောင်နေသလို ငွေညှစ်တာတွေပါ လုပ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသား များ တရားမျှတရေးကွန်ရက် (JNPP) က ထုတ်ပြန်လိုက်ပါတယ်။
စစ်ကော်မရှင် လက်အောက်ခံ ဆယ်အိမ်မှူး နောင်ငယ် ဆိုသူရဲ့ နေအိမ်မှာ ဗုံးပေါက်ကွဲခဲ့တာကို အကြောင်းပြပြီး၊ ချိပ်ပိတ်ခံထားရတဲ့ နေအိမ် ၅၄ လုံးက နိုင်ငံရေး အကျဉ်းသား ၅၀ ခန့်ကို မြို့နယ်တရားရုံးကနေ စစ်ခုံရုံးဆန်ဆန် အစုလိုက်အပြုံလိုက် မတရားအမိန့်ချခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နောင်ချိုအချုပ်ခန်းမှာ ဖမ်းဆီးခံထားရသူတွေကို ရဲစခန်းမှူး မျိုးညွန့်အောင်နဲ့ စစ်အုပ်စု တပ်ဖွဲ့ဝင်တွေက သိန်းနဲ့ချီ ငွေညှစ်တောင်းခံနေပြီး ငွေပေးပေမယ့်လည်း ပြန်မလွှတ်ပေးဘဲ ဆက်လက် အမိန့်ချနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
အကြမ်းဖက် စစ်ခေါင်းဆောင်ဟာ ပုဒ်မ ၅၀(ည) နဲ့ ၅၂(က) တို့ကို လွတ်ငြိမ်းခွင့်ပေးမယ်လို့ ဟန်ပြကြေညာခဲ့ပေ မယ့် လက်တွေ့ မြေပြင်မှာတော့ ဒီပုဒ်မတွေနဲ့ ဆက်လက် အရေးယူနေတဲ့အတွက် ဒါဟာ လိမ်လည်လှည့်ဖြားမှု သက်သက်သာ ဖြစ်တယ်လို့လည်း ထောက်ပြထားပါတယ်။
အခုလို ဥပဒေမဲ့ ငွေညှစ်နေတာနဲ့ မတရား အမိန့်ချ နေတာတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပြီး၊ နစ်နာ သူတွေအတွက် တရားမျှတမှု ရရှိဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ JNPP က အသိပေးထားပါတယ်။
-------------------
၅။မြန်မာကလေးငယ် ၄ ဒသမ ၉ သန်း အရေးပေါ် အကူအညီလိုအပ်နေ၊ ၁ ဒသမ၂ သန်းသော ကလေးငယ်တွေဟာ ကာကွယ်ဆေးနဲ့ ကျန်းမာရေးဝန်ဆောင်မှု အလုံးစုံ ဖြတ်တောက်ခံထားရတယ်လို့ သံအမတ်ကြီး ဦကျော်မိုးထွန်းပြော
==================
m.CDM၊ အောက်တိုဘာ ၁၃
အကြမ်းဖက်စစ်အုပ်စုက ကလေးငယ်တွေအပေါ် ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ တိုးမြှင့်လုပ်ဆောင်နေတဲ့အတွက် မြန်မာကလေးငယ် ၄ ဒသမ ၉ သန်းဟာ လူသားချင်းစာနာမှု အကူအညီတွေ အရေးပေါ်လိုအပ်နေပြီး ဒီထဲက ၁ ဒသမ၂ သန်းသော ကလေးငယ်တွေဟာ ကာကွယ်ဆေးနဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ အလုံးစုံ ဖြတ်တောက်ခံထားရတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။
အောက်တိုဘာ ၁၂ ရက်က နယူးယောက်မြို့မှာကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီရဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို ပြောကြားလိုက်တာပါ။
သံအမတ်ကြီး ဦးကျော်မိုးထွန်းက ၄ ဒသမ ၉ သန်းသော ကလေးငယ်တွေဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အရေးတကြီးလိုအပ်နေပြီး စစ်အုပ်စုက အကူအညီတွေကို ရည်ရွယ်ချက်ရှိရှိ ပိတ်ဆို့ထားတဲ့အတွက် ၁ဒသမ၂ သန်းသော ကလေးငယ်တွေဟာ သူတို့အတွက် အခြေခံကျတဲ့ အသက်ကယ် ကာကွယ်ဆေးတွေနဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ အလုံးစုံဖြတ်တောက်ခံထားရတယ်လို့ အစည်းအဝေးတက်ရောက်လာသူတွေကို ရှင်းပြခဲ့ ပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုဟာ နေအိမ်တွေ၊ ကျေးရွာတွေ၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေ၊ ဘာသာရေး အဆောက်အအုံတွေ၊ ဈေးတွေ၊ စစ်ဘေးရှောင်စခန်းတွေလို စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကိုလည်း ရည်ရွယ် ချက်ရှိရှိ တိုက်ခိုက်နေတယ်လို့ ဦးကျော်မိုးထွန်းက ထောက်ပြခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံက ကလေးငယ်တွေဟာ အသက်ဆုံးရှုံးရမှု၊ မိသားစုတွေနဲ့ ကွဲကွာရမှု၊ နေအိမ်နဲ့ စာသင်ကျောင်း တွေ ပျက်စီးဆုံးရှုံးရမှုအပြင် စားနပ်ရိက္ခာရှားပါးမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရတာတွေနဲ့ပါ ရင်ဆိုင်နေရတယ်လို့ လည်း အသိပေးခဲ့ပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းက “သာမန်ကလေးငယ်တယောက်အနေနဲ့ ဟမ်ဘာဂါတလုံးကို အလွယ်တကူ တောင်းဆိုလို့ရနိုင်ပေမယ့် မြန်မာနိုင်ငံက ကလေးငယ်၊ အထူးသဖြင့် သူတို့ဆန္ဒမပါဘဲ စစ်ဘေးရှောင်စခန်းတွေကို ထွက်ပြေးတိမ်းရှောင်ခိုလှုံနေရတဲ့ ကလေးငယ်တွေအတွက်ကတော့ ဟမ်ဘာဂါတလုံးဟာ လူ့စည်းစိမ်ဖြစ်နေတယ်"လို့ ပြောကြားခဲ့ပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင်တွေနဲ့ စစ်အာဏာရှင်တွေဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံရမယ့်သူတွေဖြစ်တာမို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဒီ အကြမ်းဖက် စစ်အုပ်စုကို အကာအကွယ်ပေးတာ၊ ရာဇဝတ်မှုတွေအတွက် ဆုပေးသလိုဖြစ်စေတာမျိုး မလုပ်သင့်ဘူးလို့ အကြံပြုခဲ့ ပြီး မြန်မာပြည်သူတွေနဲ့ ကလေးငယ်တွေကို ကယ်တင်နိုင်ဖို့အတွက် တရားခံတွေကို တာဝန်ခံမှုရှိစေမယ့် နိုင်ငံတကာ ယန္တရားတွေကို ထိထိရောက်ရောက် အသုံးချဖို့ ဦးကျော်မိုးထွန်းက နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းခဲ့ပါတယ်။
—————————
၆။အရှိုချင်းကာကွယ်ရေးတပ် ACDF ကို အရှိုအမျိုးသားအဖွဲ့ချုပ်/အရှိုအမျိုးသားတပ်တော် ANO/ANA လို့ ပြောင်းလဲ
=======================
m.CDM၊ အောက်တိုဘာ ၁၃
နွေဦးတော်လှန်ရေးကိုအခြေခံပြီးဖွဲ့စည်းခဲ့တဲ့ အရှိုချင်းကာကွယ်ရေးတပ် ACDF ကို အရှိုအမျိုးသားအဖွဲ့ချုပ်/ အရှိုအမျိုးသားတပ်တော် ANO/ANA လို့ အမည်ပြောင်းလဲ သတ်မှတ်လိုက်ပါတယ်။
နွေဦးတော်လှန်ရေးကိုအခြေခံပြီး ၂၀၂၁ ခုနှစ် နို၀င်ဘာ ၁၆ ရက်က ဖွဲ့စည်းခဲ့တဲ့ အရှိုချင်းကာကွယ်ရေးတပ် ACDF ကို အရှိုအမျိုးသားအဖွဲ့ချုပ်/အရှိုအမျိုးသားတပ်တော် ANO/ANA လို့ အောက်တိုဘာ ၁၂ မှာ ပြောင်းလဲသတ်မှတ် လိုက်တာပါ။
အခုလို အမည်ပြောင်းလဲလိုက်တာဟာ အရှိုအမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် အာမခံချက်ရှိတဲ့ အရှိုမြေ Asho Land တည်ဆောက်နိုင်ဖို့၊ ဒီမိုကရေစီစနစ်အရ နိုင်ငံရေး၊ အမျိုးသားရေး၊ တန်းတူအာမခံချက်ရှိသော ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ဖို့၊ အာဏာရှင်စနစ်မှန်သမျှ အမြစ်ဖြတ်တော်လှန်ဖို့နဲ့ အရှိုအမျိုးသားနိုင်ငံရေးကို တစိုက် မတ်မတ် ဦးဆောင်နိုင်ဖို့ ရည်ရွယ်တာကြောင့်လို့ ပြောပါတယ်။
စက်တင်ဘာ ၂၀ ကနေ ၂၄ ရက်နေ့ထိ ကျင်းပခဲ့တဲ့ တပ်ညီလာခံရဲ့ သဘောတူဆုံးဖြတ်ချက်အရ အဖွဲ့အစည်းအမည်ကို ပြောင်းလဲသတ်မှတ်လိုက်တာကို အများပြည်သူသိရှိနိုင်ဖို့ ထုတ်ပြန်ကြေညာလိုက်တာလို့ ANO/ANA က အသိပေး ထားပါတယ်။
အခုလို အမည်ပြောင်းလဲသတ်မှတ်လိုက်တာဟာ အဖွဲ့အစည်းရဲ့ မူလရည်ရွယ်ချက်တွေကို ပြောင်းလဲပစ်တာမဟုတ်ဘူး လို့ အသိပေးထားပြီး လုပ်ငန်းတာဝန်နဲ့ ဆောင်ရွက်မှုနယ်ပယ်တွေ ကျယ်ပြန့်လာစေဖို့နဲ့ မိမိတို့လူမျိုးနဲ့ ပြည်သူလူထု အကျိုးစီးပွားကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ထားတာကြောင့်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
အခုလို အမည်ပြောင်းလဲသတ်မှတ်လိုက်ပေမယ့် အရှိုချင်းကာကွယ်ရေးတပ် ACDF အဖွဲ့အစည်းအနေနဲ့ ဆောင်ရွက်ခဲ့ ချိန်ကတည်းက တည်ဆောက်ထားတဲ့ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်း များနဲ့ ပြည်သူလူထုတို့ကြား ပူးပေါင်းဆောင်ရွက်မှုတွေ၊ ဆက်ဆံရေးနဲ့ လုပ်ငန်းဆိုင်ရာသဘောတူညီမှုတွေဟာ မူလ ရပ်တည်ချက်အတိုင်း ဆက်ရှိနေမယ်လို့ သိရပါတယ်။
ဒါကြောင့် အဖွဲ့အစည်းနဲ့ပတ်သက်တဲ့ ရုံးလုပ်ငန်းကိစ္စတွေ၊ စာပေးစာယူကိစ္စတွေ၊ လုပ်ငန်းညှိနှိုင်းဆောင်ရွက်မှုတွေနဲ့ အခြား ဆက်သွယ်ဆောင်ရွက်ဖို့ရှိတဲ့ကိစ္စတွေမှာ အမည်သစ်ဖြစ်တဲ့ အရှိုအမျိုးသားအဖွဲ့ချုပ်/အရှိုအမျိုးသားတပ်တော် (ANO/ANA) နဲ့ ဆက်သွယ်ဆောင်ရွက်ကြဖို့ အသိပေးထားပါတယ်။
အခုလို အဖွဲ့အစည်းအမည် ပြောင်းလဲသတ်မှတ်လိုက်သလို အရှိုချင်းကာကွယ်ရေးတပ် ACDF အဖွဲ့အစည်းအမည်၊ တံဆိပ်အမှတ်အသား ၊ အလံ၊ ရုံးတံဆိပ်တွေနဲ့ အခြား တရားဝင်ကိုယ်စားပြုအမှတ်အသားတွေကိုပါ ပယ်ဖျက်လိုက်ပြီး အရှိုအမျိုးသားအဖွဲ့ချုပ်/အရှိုအမျိုးသားတပ်တော် (ANO/ANA) ကို ကိုယ်စားပြုတဲ့ တံဆိပ်အမှတ်အသားသစ်၊ အလံသစ်နဲ့ ရုံးတံဆိပ်တုံးအသစ်တွေကို အသုံးပြုသွားမှာမို့ အဖွဲ့အစည်းရဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေမှာ အရင်ကလိုပဲ ဆက်ပြီး ပူးပေါင်းဆောင်ရွက်ပေးကြဖို့ အသိပေးကြေညာထားပါတယ်။
———————————
၇။ဘန်ကောက်မှာ ကလေးငယ်တွေကို အဓမ္မ ခိုင်းစေနေတဲ့ လူကုန်ကူးဂိုဏ်းကို ဝင်ရောက်စီးနင်း၊ မြန်မာကလေး ၇ ဦး အပါအဝင် ကလေးငယ် ၁၀ ဦးကို ကယ်တင်နိုင်ခဲ့
====================
m.CDM အောက်တိုဘာ ၁၃ ရက်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ တရားမဝင် ခေါ်ဆောင်လာတဲ့ ကလေးငယ်တွေကို အဓမ္မ ပန်းရောင်းခိုင်းနေတဲ့ လူ ကုန်ကူးဂိုဏ်းကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စီးနင်းပြီး၊ မြန်မာ ကလေးငယ် ၇ ဦး အပါအဝင် ကလေးငယ် ၁၀ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။
အောက်တိုဘာလ ၁၃ ရက်၊ မနက်အစောပိုင်းက ဘန်ကောက်မြို့၊ ရမ်ခမ်ဟန်း (Ramkhamhaeng) လမ်းသွယ် ၁၂၂ အတွင်းက နေအိမ် တစ်လုံးကို ထိုင်းအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစစ်ဆင်ရေး တပ်ဖွဲ့ (DOPA S.W.A.T) က ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။
ထိုသို့ ဝင်ရောက်စီးနင်းရာမှာ သံသယရှိသူ ၄ ဦးကို ဖမ်းဆီးရမိခဲ့ပြီး လူမှောင်ခိုမှု၊ တရားမဝင်ဖမ်းဆီးထိန်းသိမ်းမှု နဲ့ အတင်းအကျပ် အလုပ်ခိုင်းစေမှုတွေနဲ့ စွဲချက်တင်ထားတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရ သူတွေဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေကို မဲဆောက် တရားမဝင် နယ်စပ်လမ်းကြောင်းတွေကနေ တဆင့် ခေါ်ဆောင်လာတာဖြစ်ပြီး ညနေစောင်းကနေ မနက် ၃ ၄ နာရီလောက်အထိ ခေါင်ဆန်လမ်းနဲ့ နွန်ချန်လမ်း တွေမှာ ပန်းနဲ့ အအေးတွေ အတင်းအကျပ် လှည့်လည်ရောင်းချ ခိုင်းနေတာလည်း ဖြစ်ပါတယ်။
အဆိုပါနေအိမ်ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ မြန်မာအမျိုးသမီး တစ်ဦးက အဓမ္မခိုင်းစေခံရတာ၊ ရိုက်နှက် ခံရတာနဲ့ မုဒိမ်းကျင့်ခံရတာတွေကို Thai Mai Thon အဖွဲ့ထံ တိုင်ကြားခဲ့သလို အိမ်နီးချင်းတွေကလည်း မသင်္ကာ လို့ သတင်းပေးရာကနေ အခုလို ဖမ်းဆီးနိုင်ခဲ့တာလို့ သိရပါတယ်။
လက်ရှိမှာတော့ ကယ်တင်နိုင်ခဲ့တဲ့ မြန်မာကလေးငယ်တွေကို နွန်သဘူရီ (Nonthaburi) ခရိုင်မှာရှိတဲ့ လူငယ်စော င့်ရှောက်ရေးဂေဟာကို ယာယီ ပို့ဆောင်ထားပြီး၊ မိသားစုတွေနဲ့ ဆက်သွယ်နိုင်ဖို့ တာဝန်ရှိသူတွေက ဆက်လက် စုံစမ်းနေတယ်လို့ သိရှိရပါတယ်။
---------------------
၈။ရန်ကုန် နဲ့ တောင်ငူ မှာ အပူရှပ်ပြီး အမျိုးသား ၂ ဦး သတိလစ်လဲကျကာ ဆေးရုံတင်ထားရ၊မူဆယ် ရေပြာအိုင်မှာ ရေဆင်းကူးတဲ့ လူငယ် ၂ ဦး ရေနစ်သေဆုံး၊
=====================
m.CDM အောက်တိုဘာ ၁၃ ရက်။
ရန်ကုန်တိုင်း၊ မရန်းကုန်းမြို့နယ်နဲ့ ပဲခူးတိုင်း၊ တောင်ငူမြို့ တို့မှာ အောက်တိုဘာလ ၁၃ ရက်၊ နေ့လယ်ပိုင်းက အပူ လွန်ကဲပြီး အမျိုးသား ၂ ဦး သတိလစ် မူးလဲခဲ့တာကြောင့် ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။
မရမ်းကုန်းမြို့နယ်က ဘုရင့်နောင် ကားပစ္စည်း အရောင်းဝင်းထဲမှာ နေ့လယ် ၁၂ နာရီခန့်က အသက် ၆၀ အရွယ်ရှိ ဦးစိုးဝင်း ဆိုသူ အပူရှပ် မူးလဲခဲ့တာကြောင့် အင်းစိန် ဆေးရုံကို ပို့ထားရပြီး လေဖြတ်သွားတယ်လို့ ဆိုပါတယ်။
အလားတူ တောင်ငူ ကွန်ပျူတာတက္ကသိုလ်ရှေ့မှာလည်း နေ့လယ် ၂ နာရီခွဲခန့်က အသက် ၆၀ အရွယ် အမျိုးသား တစ်ဦး သတိလစ် လဲကျခဲ့တာကြောင့် တောင်ငူဆေးရုံကြီးကို ပို့ဆောင်ပေးထားရတယ်လို့ TERT လူမှုကူညီရေး အသင်းက ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့ကလည်း သထုံမြို့နဲ့ အောက်တိုဘာ ၁၂ ရက်နေ့က ကျောက်တံတား မြို့နယ် တို့မှာ အပူရှိန်ကြောင့် လမ်းပေါ် လဲကျပြီး သေဆုံးခဲ့သူ ၂ ဦးအထိ ရှိခဲ့တယ်လို့ သိရှိရပါတယ်။
ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်၊ ကျင်စန်းကျော့ နယ်စပ်ဂိတ်နဲ့ ပန်ဆိုင်းကြားက ရေပြာအိုင်မှာ လာရောက်လည်ပတ်တဲ့ လူငယ်နှစ်ဦး ရေနစ် သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်နေ့က အဲဒီ ရေပြာအိုင်မှာ ရေဆင်းကူးတဲ့ အသက် ၁၈ နှစ်နဲ့ ၂၀ အရွယ် လူငယ် ၂ ဦး နစ်မြှုပ်ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပြီး၊ ရုပ်အလောင်းတွေကို ဒီကနေ့ (အောက်တိုဘာလ ၁၃ ရက်) မနက်ပိုင်းမှ ရှာဖွေတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ ကျင်စန်းကျော့ နယ်စပ်ဂိတ်နဲ့ ပန်ဆိုင်းမြို့ကို MNDAA က ထိန်းချုပ်ထားတာဖြစ်ပြီး၊ အဆိုပါ ရေပြာအိုင် ဟာ ရေနက်ပြီး ချောက်တွေရှိနေတာကြောင့် သွားရောက်လည်ပတ်ဖို့ အန္တရာယ်များတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်လူလေးတို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။

Send email to - editors@moemaka.net to contact and contribute with us!
MoeMaKa on the Facebook Page from here (For Burma / Myanmar User)
MoeMaKa News & Media covering Burmese Community
http://www.MoeMaKa.Com - Burmese Language
http://eng.MoeMaKa.net - English Edition
http://moemaka.net/omeka2/ - Audio & Video Archives

Moemaka Multimedia is a tax-exempt organization in Richmond, California. Donations to Moemaka Multimedia are tax deductible. This organization has been in operation for more than 20 years. EIN - 26-1387654
No comments:
Post a Comment