၃ - ၁၀ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )
မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့
၁။ရေဖြူမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၄ ဦး သေဆုံး၊ ထားဝယ်ခရိုင် အတွင်း ရေဘေးနဲ့ မြေပြိုမှု တွေကြောင့် သေဆုံးသူ ၄၁ ဦး ထိရှိလာ၊ တနင်္သာရီမြို့မှာလည်း ရေကြီးနေ
၂။ကျုံဒိုးနဲ့ ရွှေဘိုမှာ အကြမ်းဖက် စစ်တပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံး၊ရေဖြူမှာ စစ်ကော်မရှင်စစ်ကြောင်းက ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူပြီး နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီး၊
ဖရူဆို အနောက်ခြမ်းကို လေယာဉ်နဲ့ ဒရုန်းတွေ အသုံးပြုပြီး စစ်အုပ်စု ဗုံးကြဲ
၃။မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်ပို့နေမှု ရပ်တန့်ဖို့ မလေးရှားအစိုးရကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် တောင်းဆို
၄။ဓမ္မဒူတ လူငယ်ကျောင်းမှာ ကလေးငယ်တွေကို စစ်ရေးပြ လေ့ကျင့်ပေးနေတာကြောင့် ပြင်းပြင်းထန်ထန် ဝေဖန် ခံနေရ စတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
အခုပထမဆုံးအနေနဲ့

====================
m.CDM အောက်တိုဘာ ၂ ရက်။
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ သစ်တိုတောင့်ရွာအနီးမှာ စက်တင်ဘာလ ၂၉ ရက်နေ့၊ မနက်ပိုင်းက အကြမ်းဖက် စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ၄ ဦး သေဆုံးခဲ့တယ် လို့ သိရပါတယ်။
သေဆုံးသွားတဲ့ စစ်ကော်မရှင် တပ်သား ၄ ဦးရဲ့ ရုပ်အလောင်းတွေကို ရွာသားတွေက မီးရှို့ပေးခဲ့ရပြီး၊ တိုက်ပွဲအ ပြီးမှာ အင်အား ၈၀ ခန့်ပါတဲ့ ၎င်းစစ်ကြောင်းဟာ ထားဝယ် ရေနက်ဆိပ်ကမ်း ဘက်ကို ပြန်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။
၎င်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်တွေဟာ နေအိမ်တွေကြား ကျရောက် ပေါက်ကွဲခဲ့ပြီး၊ သားအဖ ၂ ဦး ကျည်စထိမှန် ဒဏ်ရာရခဲ့ကာ၊ သားဖြစ်သူဟာ ဒဏ်ရာပြင်းထန်တာကြောင့် ဆေးရုံ တင်ထားရတယ်လို့ သိရပါတယ်။
တစ်ဖက်မှာလည်း ထားဝယ်ခရိုင်အတွင်းက လောင်းလုံး၊ သရက်ချောင်းနဲ့ ထားဝယ် မြို့နယ်တွေမှာ ရေကြီးမြေ ပြိုမှုတွေကြောင့် ကျေးရွာနဲ့ ရပ်ကွက်ပေါင်း ၁၂၀ ကျော် ရေဘေး သင့်ခဲ့ရပြီး၊ အောက်တိုဘာလ ၁ ရက်နေ့ အထိ သေဆုံးသူ စုစုပေါင်း ၄၁ ဦး ရှိလာပြီလို့ Dawei Watch က ဖော်ပြထားပါတယ်။
သေဆုံးသူတွေထဲမှာ တောင်ပြိုမှုဒဏ် အဆိုးရွားဆုံး ခံစားခဲ့ရတဲ့ လောင်းလုံးမြို့နယ်က ၃၁ ဦးအထိ ပါဝင်နေပြီး၊ ကဒက်ငယ်ထိန်ရွာက ၁၅ ဦး၊ တောကျဲရွာက သီလရှင် တစ်ပါး အပါအဝင် ၅ ဦးနဲ့ အများဆုံး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ထို့အပြင် သဗျာ၊ ကဒက်ကြီး၊ ညောပြင်၊ ကျောက်နီမော်၊ ဇလွတ်ပြင်ကြီး၊ မင်းရပ်ကျေးရွာတွေမှာ ပြည်သူ ၁၁ ဦး မြေပြိုမှုကြောင့် သေဆုံးခဲ့ရပြီး၊ တီဇစ်ကျေးရွာက သက်ကြီးရွယ်အို တစ်ဦးဟာလည်း မြေပြိုလမ်းပိတ်မှုကြောင့် အချိန်မှီ ဆေးကုသခွင့်မရဘဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အလားတူ တနင်္သာရီ မြစ်ရေဟာလည်း အန္တရာယ် ရေမှတ်ထက် ၆ ပေကျော်အထိ ကျော်လွန်ရောက်ရှိလာနေပြီး၊ တနင်္သာရီမြို့ပေါ်က ချောင်းကြီးနဲ့ ချောင်းငယ် ရပ်ကွက်တွေ အပါအဝင် ကျေးရွာ ၅၀ ကျော်က ပြည်သူသောင်းချီ ရေဘေးသင့်နေတယ်လို့ ဆိုပါတယ်။
ရေကြီးရေလျှံမှုကြောင့် လျှပ်စစ်မီးနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေသလို သောက်သုံးရေ အခက်အခဲနဲ့ ကြုံတွေ့နေရတာကြောင့် ကြက်ခြေနီအဖွဲ့က ရေသန့်ဆေးပြားခပ်ပြီး ရေဝေပေးနေရတယ်လို့ သိရပါတယ်။
ဒီနှစ်ထဲမှာ ၃ ကြိမ်မြောက် ရေကြီးတာဖြစ်ပြီး မြိတ်-တနင်္သာရီ-ကော့သောင်း ပြည်ထောင်စု ကားလမ်းပိုင်းတွေပါ ရေကျော်နေသလို မြို့ပေါ်မှာလည်း ကယ်ဆယ်ရေးစခန်း ၈ ခု ဖွင့်ထားရကာ ထောင်နဲ့ချီတဲ့ မြို့ခံတွေ ဘေးလွတ်ရ ာကို ပြောင်းရွှေ့နေကြရတယ်လို့ သိရပါတယ်။
————————————

ဖရူဆို အနောက်ခြမ်းကို လေယာဉ်နဲ့ ဒရုန်းတွေ အသုံးပြုပြီး စစ်အုပ်စု ဗုံးကြဲ၊
====================
m.CDM အောက်တိုဘာ ၂ ရက်။
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ KNU ထိန်းချုပ်နယ်မြေ အတွင်းက ကျေးရွာတွေကို အကြမ်းဖက် စစ်ကော်မရှင် တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ရတယ်လို့ KNU က ထုတ်ပြန်ထား ပါတယ်။
စက်တင်ဘာလ ၂၅ ရက်ကနေ ၃၀ ရက်နေ့ အထိ တပ်သစ် အမြောက်ကုန်းနဲ့ အမတ (၃၁၂) တပ်ရင်းတို့က နေ့စဉ် လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
လက်နက်ကြီး ပေါက်ကွဲမှုကြောင့် ၇၃ နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး၊ ၂၆ နှစ်အရွယ် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ နေအိမ် ၂ လုံး၊ ဝက် ၁ ကောင်နဲ့ ရာဘာပင် ၃၅၀ ကျော် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အနောက်ခြမ်းက ချီပါရွာကိုလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့ နေ့လယ် ၃ နာရီခန့်မှာ စစ်ကော်မရှင်တပ်က တိုက်ခိုက်ရေး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွှေဘိုမြို့ပေါ်ကနေ အကြောင်းမဲ့ လာရောက်ဗုံးကြဲခဲ့တာ ဖြစ်ပြီး၊ လူလတ်ပိုင်းအရွယ်ရှိ အမျိုးသား ၁ ဦး သေဆုံးခဲ့ပေမယ့် အခြား ထိခိုက်ပျက်စီးမှု မရှိခဲ့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ထို့အပြင် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ သစ်တိုထောင့်ရွာမှ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ဟာ ပြည်သူတွေရဲ့ နေအိမ်တွေကို မွှေနှောက်ခိုးယူ သွားတဲ့အပြင် နေအိမ် ၁ လုံးကိုပါ မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။
၎င်းစစ်ကြောင်းဟာ ရွာထဲကနေ ပြန်လည်ထွက်ခွာသွားပြီဖြစ်ပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်၊ မနက် ၅ နာရီကနေ နေ့လယ် ၃ နာရီအထိ လေကြောင်းကနေ ၃ ကြိမ်ထပ်မနည်း လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တ ယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ခြမ်းကိုလည်း အောက်တိုဘာလ ၂ ရက်၊ မနက် ၁၀ နာရီခန့် မှာ အကြမ်းဖက် စစ်တပ်က အသေခံဒရုန်း ၂ စီးနဲ့ ဗုံး ၃ လုံး လာရောက်ကြဲချခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် အောက်တိုဘာလ ၁ ရက် ည ၁၁ နာရီခန့်ကလည်း ဖရူဆိုမြို့ အနောက်ခြမ်းက နေရာ ၃ ခုကို လေယာဉ် နဲ့ ဗုံး ၄ လုံး ကြဲချခဲ့ပြီး၊ လူအထိအခိုက် မရှိပေမယ့် စစ်ရှောင်တဲတချို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ တစ်လအတွင် ကရင်နီပြည်နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းနဲ့ အသေခံဒရုန်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၅ ဦး ထက်မနည်း သေဆုံးခဲ့ရတယ်လို့ သိရှိရပါတယ်။
------------------
၃။ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ရွာကို စစ်တပ်က ညသန်းခေါင်မှာ တိုက်လေယာဉ်နဲ့ဗုံးကြဲတဲ့အတွက် ပြည်သူအချို့ဒဏ်ရာရ
===================
m.CDM၊ အောက်တိုဘာ ၂
ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်ထဲက အောင်ဖြူပြင်ရွာကို ညသန်းခေါင်အချိန်မှာ စစ်တပ်က တိုက်လေယာဉ် နဲ့ ဗုံးကြဲတဲ့အတွက် ဒေသနေပြည်သူအချို့ ထိခိုက်ဒဏ်ရာရသွားတယ်လို့ ရခိုင်မျိုးချစ်လူငယ်ဖောင်ဒေးရှင်း အဖွဲ့က ပြောပါတယ်။
အောက်တိုဘာ ၂ ရက် မနက်အစောပိုင်း ၁၂ နာရီ ၅၀ မိနစ်ခန့်မှာ စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသနေပြည်သူတွေ ဒဏ်ရာရသွားတာလို့ ဆိုပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတဦးနဲ့ အသက် ၁၇ နှစ်အရွယ် လူငယ် အမျိုးသား ၂ ဦး ဒဏ်ရာခဲ့တာကြောင့် ဒဏ်ရာရသူတွေ ဆေးကုသမှုရရှိစေရေး လူမှုကူညီရေးအဖွဲ့ တွေ သွားရောက်ကူညီပေးခဲ့တယ်လို့ ရခိုင်မျိုးချစ်လူငယ်ဖောင်ဒေးရှင်းက အသိပေးပါတယ်။
လေကြောင်းတိုက်ခိုက်ချိန်ဟာ ညသန်းခေါင်အချိန်ဖြစ်တာကြောင့် အောင်ဖြူပြင်ရွာက လူနေအဆောက်အ အုံတွေ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ရခိုင်ပြည်အနှံက စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေကို လေကြောင်းကနေ အကြမ်းဖက်တိုက်ခိုက်တာတွေ မရပ်မနားလုပ်နေရာမှာ စက်တင်ဘာ ၃၀ နဲ့ အောက်တိုဘာ ၁ ရက်နေ့ တို့ မှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေကို အကြမ်းဖက်တိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့အရပ်သားပြည်သူ အချို့ သေဆုံးတာနဲ့ ဒဏ်ရာရတာတွေ၊ ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်အချို့ ပျက်စီးတာတွေရှိခဲ့တယ်လို့ ရခိုင်တပ်တော် AA က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၂၈ ရက်ကဆိုရင် ကျောက်တော်မြို့နယ် အိန္ဒိယဈေးအနီးနဲ့ ဂစ္ဆပနဒီတံတားအနီးကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ အနည်းဆုံး ၅၀ သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
————------------------------
၄။ရေဘေးကြုံနေရချိန် လေကြောင်းတိုက်ခိုက်တဲ့ စစ်တပ်လုပ်ရပ်ကို တနင်္သာရီဖက်ဒရယ်ယူနစ် ဖော်ဆောင်ရေးကောင်စီ ရှုတ်ချ
=====================
m.CDM၊ အောက်တိုဘာ ၂
တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်းက မြို့နယ်တွေ သဘာဝဘေးအန္တရာယ်ထိခိုက်ခံစားနေရချိန် အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့အပေါ် တနင်္သာရီ ဖက်ဒရယ်ယူနစ် ဖော်ဆောင်ရေးကောင်စီက ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
စက်တင်ဘာနောက်ဆုံးပတ်မှာဖြစ်ခဲ့တဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် သမိုင်းတလျှောက် အမြင့်ဆုံး မိုးရေချိန်နဲ့ မိုးရွာသွန်းခဲ့တဲ့အတွက် ထားဝယ်ခရိုင်ထဲက လောင်းလုံ၊ သရက်ချောင်းနဲ့ ထားဝယ်မြို့နယ်တွေက ပြည်သူတွေ တောင်ပြိုတာ၊ မြေပြိုတာ၊ ရေဘေး စတဲ့ အန္တရာယ်တွေ ခံစားနေရချိန် စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့အပေါ် တနင်္သာရီ ဖက်ဒရယ်ယူနစ်ဖော်ဆောင်ရေးကောင်စီက ဒီနေ့ အောက်တိုဘာ ၂ ရက်မှာ ကြေညာချက်တစောင်ထုတ်ပြန်ပြီး ရှုတ်ချလိုက်တာြဖစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရေဘေးကြုံနေရတဲ့ဒေသတွေဖြစ်တဲ့ ထားဝယ်မြို့နယ် ရေဝိုင်းရွာကို စက်တင်ဘာ ၃၀ရက်မှာ တိုက်လေယာဥ်နဲ့ ဗုံးကြဲခဲ့သလို အောက်တိုဘာ ၁ရက်မှာလည်း သရက်ချောင်းမြို့နယ်ထဲက ပိတိုင်ရွာ၊ လဘရွာနဲ့ ဆင်ကျန်းရွာတို့ကို လေယာဉ်နဲ့ ဗုံးကြဲပြီး စက်သေနတ်နဲ့ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့ တာရှိပါတယ်။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူထိခိုက်သေဆုံးမှု မရှိခဲ့ပေမယ့် တိုက်ခိုက်ခံရတဲ့ နေရာတွေဟာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ဒေသတွေဖြစ်ပြီး ရှင်းလင်းရေး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်နေတဲ့နေရာတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သဘာဝဘေးထိခိုက်ခံစားနေရတဲ့ ပြည်သူတွေအပေါ် ကူညီထောက်ပံ့မှုတွေ ဆောင်ရွက်ရမယ့်အစား အကြမ်းဖက်စစ်အုပ်စုဟာ နိုင်ငံတော်အဆင့် ကူညီဆောင်ရွက်တာမရှိတဲ့အပြင် သဘာဝဘေးသင့် ဒေသကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့ အကြမ်းဖက်လုပ်ရပ်အပေါ် တနင်္သာရီ ဖက်ဒရယ်ယူနစ် ဖော်ဆောင်ရေးကောင်စီ - TFUCC အနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်တာဖြစ်ပါတယ်။
စစ်တပ်ရဲ့ လုပ်ရပ်ဟာ သဘာဝဘေးသင့်ပြည်သူတွေ လိုအပ်နေတဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး၊ ရှင်းလင်းရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို နှောင့်ယှက်ဟန့်တားဖို့ ရည်ရွယ် တာပဲလို့လို့လည်း ထောက်ပြထားပါတယ်။
——————————
၅။မိုးမိတ်မှာ စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးနေပြီး KIA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲ ပြင်းထန်နေ၊
=====================
m.CDM အောက်တိုဘာ ၂ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုးမိတ်မြို့နယ် အတွင်းကို စစ်ကော်မရှင်တပ်က စစ်ကြောင်း ပြန်ထိုးလာတာကြောင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။
မန္တလေးဘက်ကနေ စစ်ကား ၃၆ စီးနဲ့ စစ်ကူလာတဲ့ အင်အား ၅၀၀ ခန့်ရှိ စစ်ကော်မရှင် တပ်ဖွဲ့ဟာ KIA ထိန်းချုပ် ထားတဲ့ မဘိမ်းမြို့ဘက်ကို ဦးတည် စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။
အောက်တိုဘာလ ၂ ရက်နေ့၊ မနက် ၈ နာရီခန့်က စတင်ပြီး မိုးမိတ်-မဘိမ်း ကားလမ်းမပေါ်က ၄ မိုင်တောလမ်း နဲ့ အုန်းကြောရွာ အနီးပတ်ဝန်းကျင်မှာ နှစ်ဖက် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲ ပြင်းထန်နေချိန်မှာ စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာတွေနဲ့ နေ့လယ် ၂ နာရီခန့်မှာ ဗုံး ၄ လုံး လာရောက် ကြဲချခဲ့ပြီး၊ မနက်အစောပိုင်းကလည်း လူနေအိမ်တွေကို ပစ်မှတ်ထားကာ ဗုံး ၂ လုံး ကြဲချခဲ့သေးတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
လက်ရှိအချိန်ထိ KIA နဲ့ ပူးပေါင်းတပ်တွေဟာ နောက်ဆုတ်မသွားဘဲ ဆက်လက် တိုက်ပွဲဝင်နေပြီး စစ်ကော်မရှင် တပ်ဘက်က အလောင်းတွေနဲ့ လက်နက်တချို့ကို သိမ်းဆည်းရမိထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်က မိုးမိတ်မြို့အနီး၊ ရွှေမြင်တင် စေတီကုန်းမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ် စခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် တိုက်ပွဲတွေ ပြန်ဖြစ်လာတာဖြစ်ပြီး၊ လက်ရှိမှာတော့ မိုးမိတ်မြို့ အဝင်အထွက်ကို အကြမ်းဖက် စစ်တပ်က ပိတ်ဆို့ထားတယ်လို့ သိရှိရပါတယ်။
------------------
၆။ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း အာရှ-ပစိဖိတ်ဒေသ အလှည့်ကျဥက္ကဋ္ဌတာဝန် အောင်မြင်စွာ ထမ်းဆောင်ခဲ့
=====================
m.CDM၊ အောက်တိုဘာ ၂
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအနေနဲ့ အခုနှစ် စက်တင်ဘာလအတွက် အာရှ-ပစိဖိတ် ဒေသအုပ်စုရဲ့ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့တယ်လို့ နယူးယောက်မြို့မှာရှိတဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက အောက်တိုဘာ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။
အာရှ-ပစိဖိတ်ဒေသအုပ်စုရဲ့ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို အဖွဲ့ဝင်နိုင်ငံတွေကြား အမည်အက္ခရာစဉ်အလိုက် လစဉ်လွှဲပြောင်းထမ်းဆောင်ရတာဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ ကာဂျစ်သမ္မတနိုင်ငံဆီကနေ လွှဲပြောင်းလက်ခံ ခဲ့တာြဖစ်ပါတယ်။
ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ချိန်မှာ အာရှ-ပစိဖိတ်ဒေသအုပ်စု အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်လောင်းအနေနဲ့ အဆိုပြုလာတာတွေကို အဖွဲ့ဝင်နိုင်ငံတွေဆီ ဖြန့်ဝေတာ၊ အုပ်စုကိုယ်စား ထောက်ခံအတည်ပြုပေးတာနဲ့ သက်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းတွေဆီ လက်ဆင့်ကမ်းပေးပို့တာ စတဲ့ လုပ်ငန်းတာဝန်တွေကို ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၁၄ ရက်မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေး မှာ နော်ဝေနိုင်ငံရဲ့ ပဉ္စမမြောက်ဘုရင် ဟာရဲလ်ဒ် ကွယ်လွန်ခြင်းအတွက် ပြုလုပ်တဲ့ လွမ်းဆွတ်အောက်မေ့ ဖွယ် အခမ်းအနားမှာလည်း အာရှ-ပစိဖိတ်ဒေသအုပ်စုကိုယ်စား ဝမ်းနည်းကြောင်း မိန့်ခွန်းပြောကြားခဲ့တယ် လို့ သိရပါတယ်။
စက်တင်ဘာ ၃၀ ရက်မှာလည်း အာရှ-ပစိဖိတ်ဒေသအုပ်စုရဲ့ လစဉ်အစည်းအဝေးကို ခေါ်ယူကျင်းပနိုင်ခဲ့ပြီး ကုလသမဂ္ဂရဲ့ South-South Cooperation ဆိုင်ရာ အစီအစဉ်တွေနဲ့ပတ်သက်တဲ့ ရှင်းလင်းဆွေးနွေးမှုတွေကို ထည့်သွင်း ဆွေးနွေးခဲ့တယ်လို့ အသိပေးပါတယ်။
အဲ့ဒီနောက် ၂၀၂၆ ခုနှစ် အောက်တိုဘာလအတွက် အာရှ-ပစိဖိတ်ဒေသအုပ်စုရဲ့ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို နာရိုနိုင်ငံရဲ့ အမြဲတမ်းကိုယ်စားလှယ်ထံ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးအနေနဲ့ အာရှ-ပစိဖိတ်ဒေသအုပ်စုရဲ့ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ တကြိမ်ထမ်းဆောင်ခဲ့ဖူးတာကြောင့် အခုတကြိမ်ဟာ ဒုတိယအကြိမ်မြောက် ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။
အခုတကြိမ်မှာတော့ ၈၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံစတင်ချိန် အဆင့်မြင့်သီတင်းပတ် ကျင်းပနေတဲ့ကာလမှာ တာဝန်ထမ်းဆောင်ခဲ့ရတာဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် အလှည့်ကျဥက္ကဋ္ဌတာဝန်ကို အောင်မြင်စွာထမ်းဆောင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
————————————
၇။မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်ပို့နေမှု ရပ်တန့်ဖို့ မလေးရှားအစိုးရကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် တောင်းဆို
====================
မလေးရှားနိုင်ငံကိုရောက်နေတဲ့ မြန်မာနိုင်ငံသား ၅ထောင်ခန့်ကို မြန်မာနိုင်ငံ ပြန်ပို့နေမယ့်အစီအစဉ်ကို ရပ်တန့်ပြီး ကုလသမဂ္ဂနဲ့ ပူးပေါင်းဖြေရှင်းဖို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံ စာတင်သွင်းသူ Kelley E. Currie က မလေးရှားအစိုးရကို တောင်းဆိုလိုက်ပါတယ်။
မလေးရှားအစိုးရအနေနဲ့ မြန်မာနိုင်ငံက အာဏာသိမ်းစစ်တပ်နဲ့ သဘောတူညီမှုရယူထားတဲ့ “ဆန္ဒအလျောက် ပြန်လည်ပို့ဆောင်ရေးအစီအစဉ်” အောက်မှာ အမျိုးသမီးတွေနဲ့ ကလေးတွေအပါအဝင် မြန်မာနိုင်ငံသား ၅ထောင်ကို ပြန်ပို့နေရာမှာ စက်တင်ဘာ ၂၉ ရက်နေ့မှာ လူပေါင်း ၁,၄၇၆ ဦးကို ပထမအသုတ်အနေနဲ့ ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်သွင်းသူက ပြောပါတယ်။
လက်ရှိအခြေအနေမှာ ပြန်လည်ပို့ဆောင်ခံရသူတွေဟာ ဖိနှိပ်ညှဉ်းပန်းခံရတာ၊ နှိပ်စက်ညှဉ်းပန်းခံရတာ ဒါမှ မဟုတ် အခြား ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ရင်ဆိုင်ရနိုင်တဲ့အန္တရာယ် ရှိနေတဲ့အတွက် မလေးရှားအစိုးရအနေနဲ့ အန္တရာယ်ရှိတဲ့နေရာကို ပြန်မပို့ရေးဆိုတဲ့ မူဝါဒကို လိုက်နာဖို့လိုတယ်လို့ Currie က ထောက်ပြပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေအရ ပြန်လည်ပို့ဆောင်ခံရသူတွေဟာ အန္တရာယ်ရှိတဲ့အခြေအနေထဲ ပြန်ရောက်သွားနိုင်ခြေ မြင့်မားနေတယ်လို့လည်း Currie က ပြောပါတယ်။
မြန်မာစစ်တပ်က စက်တင်ဘာ ၂၈ ရက်နေ့မှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပိန္နဲတောရွာက လူစည်ကားတဲ့ အိန္ဒိယဈေးကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကိုလည်း Currie က ရှုတ်ချထားပါတယ်။
မြန်မာစစ်တပ်အနေနဲ့ အရပ်သားတွေကို တိုက်လေယာဉ်တွေကိုအသုံးပြုပြီး တိုက်ခိုက်နေမှုတွေအပါအဝင် နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်နေတာကို ပုံမှန်အဖြစ် မမြင်ကြဖို့နဲ့ နိုင်ငံတကာဥပဒေအရလက်နက်ကိုင် ပဋိပက္ခအတွင်း အရပ်သားတွေကို ကာကွယ်ပေးရမယ့်တာဝန်ရှိတယ်လို့ Currie က သတိပေးထားပါတယ်။
ဒါ့ကြောင့် မလေးရှားအစိုးရအနေနဲ့ ဆန္ဒအလျောက် ပြန်လည်ပို့ဆောင်ရေးအတွက် လိုအပ်တဲ့ ဥပဒေရေးရာ၊ လူသားချင်းစာနာမှုနဲ့ လက်တွေ့အခြေအနေဆိုင်ရာ သတ်မှတ်ချက်တွေကို ထည့်သွင်းစဉ်းစားပြီး မလေးရှား နိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာဒုက္ခသည်တွေအားလုံးရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ အထူးအစီရင်ခံစာတင်သွင်းသူ Currie က တိုက်တွန်းထားပါတယ်။
———————————
၈။ဓမ္မဒူတ လူငယ်ကျောင်းမှာ ကလေးငယ်တွေကို စစ်ရေးပြ လေ့ကျင့်ပေးနေတာကြောင့် ပြင်းပြင်းထန်ထန် ဝေဖန် ခံနေရ
====================
m.CDM အောက်တိုဘာ ၂ ရက်။
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းရွာမှာ အရှင်ဆေကိန္ဒ ဖွင့်လှစ်ထားတဲ့ ဓမ္မဒူတ လူငယ်ကျော င်းမှာ ကလေးငယ်တွေကို စစ်တပ်ပုံစံ စစ်ရေးပြ လေ့ကျင့်ပေးနေတာကြောင့် ဝေဖန်မှုတွေ မြင့်တက်နေတယ် လို့ သိရပါတယ်။
အဆိုပါကျောင်းရဲ့ တရားဝင် TikTok အကောင့်ကနေ တင်ထားတဲ့ ရုပ်သံမှတ်တမ်းတွေမှာ စစ်သီချင်း ဖွင့်ထားပြီး Grade 5 နဲ့ Grade 6 အရွယ် ကလေးငယ်တွေကို စစ်တပ်ပုံစံ အလေးပြုတာနဲ့ ချီတက်တာတွေ လုပ်ဆောင်ခိုင်း နေတာကို တွေ့ရပါတယ်။
ထိုသို့ လုပ်ဆောင်တာကို ကျောင်းဘက်က ကာယလေ့ကျင့်ခန်းနဲ့ ကင်းထောက်ပညာလို့ အကြောင်းပြနေပေမယ့် လက်တွေ့မှာတော့ ကလေးတွေရဲ့ နေ့စဉ်ဘဝထဲကို စစ်ရေး ယဉ်ကျေးမှုတွေ အတင်းအဓမ္မ သွတ်သွင်းနေတာလို့ ပညာရေးအသိုင်းအဝိုင်းက ထောက်ပြထားပါတယ်။
ကျောင်းထိုင်ဘုန်းကြီးဖြစ်တဲ့ အရှင်ဆေကိန္ဒဟာ အကြမ်းဖက် စစ်ကော်မရှင်တပ်ကို ထောက်ခံသူဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလကလည်း ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ကို ငွေကျပ်သိန်းတစ်ရာ ထောက်ပံပေးခဲ့ပါသေးတယ်။
အဆိုပါ ဓမ္မဒူတ လူငယ်ကျောင်းဟာ အခမဲ့ သင်ကြားပေးနေပေမယ့် ဝင်ခွင့် စာမေးပွဲအောင်မှ တက်ခွင့်ရတာဖြစ် သလို မိဘတွေနဲ့ နှစ်လမှ တစ်ကြိမ်သာ တွေ့ခွင့်ပေးထားတဲ့ တင်းကျပ်တဲ့ နေထိုင်မှုပုံစံ ရှိတယ်လို့ သိရပါတယ်။
ထို့ကြောင့် ကလေးငယ်တွေအပေါ် မိသားစုထက် ကျောင်းက ပိုမိုလွှမ်းမိုးနိုင်ပြီး အခုလို စစ်ရေးအမိန့်ပေးမှုတွေနဲ့ လေ့ကျင့်တာဟာ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံဖြိုးမှုကို အကြီးအကျယ် ထိခိုက်စေနိုင်တယ်လို့ ပညာရှင်တွေ က သုံးသပ်ပြောဆိုထားပါတယ်။
ကျောင်းဆိုတာ ကလေးတွေကို စစ်ပွဲတွေအကြောင်း မေးခွန်းထုတ်နိုင်တဲ့သူဖြစ်အောင် ပြင်ဆင်ပေးရမယ့် နေရာ ဖြစ်ပြီး၊ အခုလို စစ်သားဖြစ်အောင် လေ့ကျင့်ပေးနေတာဟာ လုံးဝမလုပ်သင့်တဲ့ ဆိုးရွားတဲ့ပြစ်မှုတစ်ခု ဖြစ်တယ် လို့လည်း ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။
အထူးသဖြင့် လူငယ်တွေကို အကြမ်းဖက် စစ်အုပ်စုက အဓမ္မ စစ်မှုထမ်းခိုင်းနေချိန်မှာ ဘုန်းကြီးကျောင်းကနေပါ ကလေးတွေကို စစ်ရေးအမြင်တွေရိုက်သွင်းနေတာဟာ နိုင်ငံရဲ့အနာဂတ်လူငယ်တွေကို ဖျက်ဆီးနေတာဖြစ်တယ် လို့လည်း ဝေဖန်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။
———————————
၉။မြစ်ကြီးနား မှာ ရွှေပန်းတိမ်ဆိုင် ဓါးထိုးလုယက်ခံရပြီး ကျူးလွန်သူ ၃ ဦးကို ပြည်သူတွေ ဝိုင်းဝန်းဖမ်းဆီး၊နှစ်ရက်အတွင်း ရေခဲတောင်ပေါ်မှာ ဆေးမြစ်ရှာသူ ၃ ဦး ပြုတ်ကျသေဆုံး
=====================
m.CDM အောက်တိုဘာ ၂ ရက်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မင်းရပ်ကွက်၊ ညဈေးအနီးက ရွှေစည်တော် ရွှေပန်းထိမ်ဆိုင် အနုအကြမ်းစီးခံရ ပြီး လာရောက်လုယက်သူ ၃ ဦးကို ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၂ ရက်နေ့ မနက် ၈ နာရီခွဲခန့်မှာ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦး တို့ဟာ စရံငွေ ပေးမယ့်ပုံစံ ဟန်ဆောင်ဝင်လာပြီး ဆိုင်ပိုင်ရှင် အမျိုးသမီးကို ဓားနဲ့ ထိုးခုတ်ကာ လုယက်ခဲ့ကြတာ ဖြစ်ပါတယ်။
ထိုသို့ လုယက်နေတာကို အနီးနားကပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးလိုက်တာဖြစ်ပြီး၊ ဆိုင်ပိုင်ရှင် အမျိုးသမီးဟာ ဓားဒဏ်ရာကြောင့် ဦးခေါင်းမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီး နောက်ပိုင်း မြစ်ကြီးနားမြို့မှာ အလုပ်လက်မဲ့နဲ့ မူးယစ်ဆေးဝါး သုံးစွဲသူတွေ များပြားလာတာ ကြောင့် အခုလို ဓားပြတိုက်၊ လုယက်မှုတွေ နေ့စဉ်နဲ့အမျှ ပိုဆိုးလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထို့အပြင် ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်ထဲက ရေခဲတောင်တွေပေါ်မှာ ဘေချီ ခေါ် ဆေးမြစ်ဥ သွားရှာတဲ့ ဒေသခံ ၃ ဦး ကျောက်ကမ်းပါးကနေ ပြုတ်ကျ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့မှာ မခွပ်ကန်ရွာက ညီအစ်ကို ၂ ဦးနဲ့ စက်တင်ဘာလ ၃၀ ရက်နေ့မှာ ကဆန်ခူး ရွာက တစ်ဦးတို့ ခြေချော်လက်ချော်ဖြစ်ပြီး တောင်ပေါ်ကနေ ပြုတ်ကျသေဆုံးခဲ့တာလို့ ဆိုပါတယ်။
လမ်းခရီးအခက်အခဲကြောင့် ရုပ်အလောင်းတွေကို ပြန်မသယ်နိုင်ဘဲ နေရာမှာပဲ မြေမြှုပ်သင်္ဂြိုလ်လိုက်ရတယ်လို့ သိရပါတယ်။
ခါကာဘိုရာဇီ၊ ဖုန်ကန်ရာဇီ စတဲ့ ရေခဲတောင်တွေမှာ စက်တင်ဘာလ ကနေ နိုဝင်ဘာလအတွင်း တရုတ်တိုင်းရင်း ဆေးဖော်စပ်တဲ့ ဘေချီဥကို အသက်စွန့်ပြီး ရှာဖွေလေ့ရှိရာမှာ ရာသီဥတုဒဏ်နဲ့ မတော်တဆမှုတွေကြောင့် နှစ်စဉ် ၁၀ ဦးထက်မနည်း သေဆုံးလေ့ရှိတယ်လို့ သိရှိရပါတယ်။
————————————
၁၀။ပန်ဝါမှာ တရုတ်လုပ်ငန်းရှင်ပိုင် ယမ်းဂိုဒေါင် ပေါက်ကွဲလို့ အနည်းဆုံး လူ ၇ ဦး သေဆုံးပြီး ထိခိုက်မှုတွေ ရှိနေ
====================
m.CDM အောက်တိုဘာ ၂ ရက်။
ကချင်လွတ်မြောက်ရေးတပ် KIA ထိန်းချုပ်ထားတဲ့ ပန်ဝါဒေသ၊ လဂွေရွာမှာ အောက်တိုဘာလ ၂ ရက်၊ နေ့လယ် ၂ နာရီခန့်က တရုတ်လုပ်ငန်းရှင် တစ်ဦးပိုင်ဆိုင်တဲ့ ယမ်းဂိုဒေါင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ယမ်းဂိုဒေါင်ဟာ ကျောက်လုပ်ငန်း ဒါမှမဟုတ် လမ်းလုပ်ငန်းတွေမှာ သုံးဖို့ သိုလှောင်ထားတာ ဖြစ်နိုင်ပြီး၊ ပေါက်ကွဲမှုကြောင့် တရုတ်သူဌေး အပါအဝင် သေဆုံးသူ ၇ ဦးရဲ့ ရုပ်အလောင်း တွေ့ထားတယ်လို့ သိရပါတယ်။
ထို့အပြင် လူအများအပြား ထိခိုက်မှု ရှိခဲ့တယ်လို့ သတင်းတွေ ထွက်နေပေမယ့် အသေးစိတ်ကိုတော့ သက်ဆိုင်ရ ာက စာရင်းကောက်ယူနေဆဲ ဖြစ်တာကြောင့် အတည်ပြုလို့ မရသေးပါဘူး။
ပေါက်ကွဲသွားတဲ့ ယမ်းသိုလှောင်ရုံအနီးမှာ စာသင်ကျောင်းရှိပေမယ့် ကျောင်းပိတ်ထားတဲ့ အချိန်ဖြစ်တာကြောင့် ကျောင်းသူ/သား တွေ ရှိမနေခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့ကလည်း ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန္နီမြို့နယ်မှာ MNDAA ရဲ့ ယမ်းဂိုဒေါင် ပေါက်ကွဲခဲ့ပြီး လူ ၁၅ ဦး ထက်မနည်း ထိခိုက်ခဲ့သလို TNLA ထိန်းချုပ်တဲ့ ကောင်းတပ်ရွာမှာလည်း ယမ်းဂိုဒေါင် ပေါက်ကွဲမှုကြောင့် လူ ၅၀ ထက်မနည်း သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်လူလေးတို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။
--

Send email to - editors@moemaka.net to contact and contribute with us!
MoeMaKa on the Facebook Page from here (For Burma / Myanmar User)
MoeMaKa News & Media covering Burmese Community
http://www.MoeMaKa.Com - Burmese Language
http://eng.MoeMaKa.net - English Edition
http://moemaka.net/omeka2/ - Audio & Video Archives

Moemaka Multimedia is a tax-exempt organization in Richmond, California. Donations to Moemaka Multimedia are tax deductible. This organization has been in operation for more than 20 years. EIN - 26-1387654
No comments:
Post a Comment