၅ - ၁၀ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )

signal-2026-10-04-08-08-29-375_005.jpg
၅ -  ၁၀ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )

မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့

၁။ပုဏ္ဏားကျွန်း စစ်ဘေးရှောင်စခန်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ စစ်ဘေးရှောင် ၆ ဦး သေဆုံး၊ ရေဦးမှာ အကြမ်းဖက်စစ်တပ်က ဒရုန်း ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရ

၂။နာဂဒေသ လန်ခိုရွာကို အိန္ဒိယစစ်တပ်က ဒရုန်းနဲ့ တိုက်ခိုက်၊ ၉ နှစ်အရွယ် ကလေးငယ် အပါအဝင် ၂ ဦး ဒဏ်ရာရ

၃။ကျောက်ဖြူ တောင်မော်ဦးရေတပ်စခန်းအနီးမှာ တိုက်ပွဲတွေပြင်းထန်နေပြီး တပ်မိသားစုတွေကို အရေးပေါ် ရွှေ့ပြောင်း

၄။စစ်ခေါင်းဆောင် မင်းအောင်လှိုင် မလေးရှား လာမယ့်နေ့မှာ အလုပ်ရပ်နား သပိတ်မှောက်ကြဖို့ MAA တိုက်တွန်း၊မလေးရှားက ပြန်ပို့ခံရတဲ့ ပြည်သူ ၁,၄၀၀ ကျော် စစ်မှုထမ်း အသွင်းခံရမှာကို မိသားစုတွေ စိုးရိမ်နေ  စတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

အခုပထမဆုံးအနေနဲ့
⁨၁။⁨ပုဏ္ဏားကျွန်း စစ်ဘေးရှောင်စခန်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ စစ်ဘေးရှောင် ၆ ဦး သေဆုံး၊ ရေဦးမှာ အကြမ်းဖက်စစ်တပ်က ဒရုန်း ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရ
====================
m.CDM အောက်တိုဘာ ၄ ရက်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ သရက်ချို ရွာနဲ့ ယိုးငူ ရွာကြားမှာရှိတဲ့ ယိုးငူ - ဗျာလ စစ်ဘေးရှောင်စခန်းကို အကြမ်းဖက် စစ်တပ်က အောက်တိုဘာလ ၄ ရက်နေ့ ညနေပိုင်းမှာ ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ တယ်လို့ သိရပါတယ်။

ညနေ ၅ နာရီ ၁၀ မိနစ်ခန့်မှာ ဂျက်ဖိုက်တာ ၂ စီးနဲ့ ရှေ့ဆင့်နောက်ဆင့် လာရောက် ကြဲချခဲ့တာဖြစ်ပြီး စစ်ဘေးရှေ ာင် ပြည်သူ ၆ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ ဒဏ်ရာရသူတွေလည်း အများအပြား ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ဘေးရှောင် စခန်းတွေဟာ  လက်ရှိ တိုက်ပွဲဖြစ်နေတဲ့ စစ်တွေ၊ ပုဏ္ဏားကျွန်း စတဲ့ နေရာတွေနဲ့ ၁၀ မိုင် ခန့် ကွာဝေးပြီး၊ စစ်ရှောင်တွေ ဓနိမိုး၊ ဝါးကာတဲလေးတွေနဲ့ စုပေါင်းနေထိုင်ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ဗုံးကြဲခံရမှုကြောင့် နေအိမ်တွေနဲ့ ဈေးဆိုင်အများအပြား မီးလောင်ပျက်စီးခဲ့ရပြီး၊ အလောင်းတွေ ထပ်တိုးလာနိုင် သေးတယ်လို့ မြေပြင်မှာ ကူညီပေးနေသူတွေက ပြောပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲက ရွာတစ်ရွာကိုလည်း အောက်တိုဘာလ ၄ ရက်၊ မွန်းလွဲ ၁ နာရီခန့်မှာ အကြမ်းဖက် စစ်ကော်မရှင်တပ်က ကာမီကာဇေ ဒရုန်း ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အရပ်သားတွေသာရှိတဲ့ ကျေးရွာကို အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)က အသေခံဒရုန်းတွေနဲ့ တိုက်ခိုက် ခဲ့တာဖြစ်ပြီး၊ ကလေး တစ်ဦးနဲ့ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

ထို့အပြင် ကလေးတွေဘော်လုံးကန်နေတဲ့ ကွင်းထဲကို ဦးတည်ပျံသန်းလာတဲ့ ဒရုန်းတစ်စီးဟာ ရွာနဲ့ တစ်မိုင်ကျော် အကွာက လယ်ကွင်းထဲမှာ ပျက်ကျခဲ့ပြီး၊ တော်လှန်ရေးတပ်တွေက သွားရောက်သိမ်းဆည်းပေးခဲ့တယ်လို့ သိရှိရ ပါတယ်။
----------------------
၂။ကန့်ဘလူမှာ ပျူခေါင်းဆောင် အောင်ဇင်ဦး အပါအဝင် ပျူစောထီး ၃ ဦး ပစ်ခတ်ရှင်းလင်းခံရ၊မင်းတုန်းမှာ ၁ လကျော်ကြာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရပြီး ၇ ဦး သေဆုံး၊စစ်ကိုင်းမြို့က ရဲ့လေ့ကျင့်ရေးကျောင်း သင်တန်းဆင်းပွဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရ၊
=====================
m.CDM အောက်တိုဘာ ၄ ရက်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ညောင်ဇင်လေး ရွာက ပျူခေါင်းဆောင် အောင်ဇင်ဦး အပါအဝင် ပျူစောထီး ၃ ဦး ပစ်ခတ်ရှင်းလင်း ခဲ့တယ်လို့ KANTBALU DRONE FORCE (KDF) က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ၃ ရက်၊ ညနေပိုင်းမှာ အုတ်ဖိုရွာကနေ ညောင်ဇင်လေးရွာကို ပြန်လာတဲ့ အဆိုပါ ပျူစောထီး ၃ ဦးကို လမ်းကနေ အသင့်စောင့်ပြီး ပစ်ခတ်ခဲ့တာကြောင့် နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

၎င်းပစ်ခတ်မှုကို ကန့်ဘလူခရိုင် ဒရုန်းအဖွဲ့နဲ့ KANTBALU DRONE FORCE (KDF) တို့က ပူးပေါင်းလုပ်ဆော င်ခဲ့တာဖြစ်ပြီး Mini Starlink တစ်လုံးနဲ့အတူ အောင်ဇင်ဦး ကိုင်တဲ့ ပစ္စတို တစ်လက်ကိုပါ သိမ်းဆည်းရမိခဲ့တယ် လို့ ဖော်ပြထားပါတယ်။

ထို့အပြင် မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ကြိုးဝရွာမှာ ဝင်ရောက်တပ်စွဲနေတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်ကို တော်လှန်ရေးတပ်တွေက တစ်လကျော်ကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင် တပ်ဘက်က ၇ ဦး ထပ်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းကစပြီး ဝင်ရောက်တပ်စွဲနေတဲ့ အဲ့ဒီစစ်ကြောင်းကို သရက်ခရိုင် အမှတ် ၄ တပ်ရင်းက ၁၁ ကြိမ် ချောင်းမြောင်းပစ်ခတ်ပြီး၊ ထိတွေ့တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ထိုသို့တိုက်ခိုက်ခံရတဲ့ စစ်အုပ်စုဟာ အောက်တိုဘာလ ၃ ရက်နေ့ မနက်ပိုင်းမှာ ဆုတ်ခွာသွားခဲ့ပြီး၊ တော်လှန်ရေး တပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးတာတွေ ထပ်ရှိနိုင်တယ်လို့ သိရပါတယ်။

တစ်လကျော်ကြာ တိုက်ပွဲတွေအတွင်း အကြမ်းဖက် စစ်တပ်ဘက်က ၇ ဦး သေဆုံးခဲ့ပြီး၊ ၅ ဦး ဒဏ်ရာရခဲ့သလို သရက်ခရိုင်၊ တပ်ရင်း ၄ ဘက်ကလည်း ရဲဘော်တစ်ဦး ကျဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ထို့အပြင် စစ်ကိုင်းမြို့ပေါ်က အမှတ် (၃) ရဲလေ့ကျင့်ရေး သင်တန်းကျောင်းကိုလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်၊ မနက်ပိုင်းမှာ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း) က ၈၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ် လို့ ထုတ်ပြန်ထားပါတယ်။

ရဲသင်တန်းဆင်းပွဲ လုပ်နေချိန်မှာ သင်တန်းကွင်းထဲကို လက်နက်ကြီး ၂ လုံး ကျရောက်ပေါက်ကွဲ ခဲ့တာကြောင့် ရဲ တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး လူနာတင်ကား ၂ စီးနဲ့ လာသယ်သွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၂ ရက်၊ နေ့လယ်ပိုင်းကလည်း န.မ.ခ ကနေ စစ်ကိုင်း တပ်မ (၃၃) ကို ထွက်လာနေတဲ့ စစ်ယာဉ်တန်းကို လုံခြုံရေးယူနေတဲ့ စစ်သားနဲ့ ရဲတွေကို ရဲတပ်ရင်း (၁၆) အနီးမှာ လက်နက်ကြီး ၃ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့လည်း သိရှိရပါတယ်။
-----------------------
၃။နာဂဒေသ လန်ခိုရွာကို အိန္ဒိယစစ်တပ်က ဒရုန်းနဲ့ တိုက်ခိုက်၊ ၉ နှစ်အရွယ် ကလေးငယ် အပါအဝင် ၂ ဦး ဒဏ်ရာရ
====================
m.CDM အောက်တိုဘာ ၄ ရက်။

နာဂဒေသ၊ လန်ခိုကျေးရွာကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၃ ရက်နေ့ အစောပိုင်းမှာ အိန္ဒိယစစ်တပ်က ဒရုန်းနဲ့ လာ ရောက်တိုက်ခိုက်ခဲ့တာကြောင့် ၉ နှစ်အရွယ် မိန်းကလေး တစ်ဦး အပါအဝင် အရပ်သား ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အခုလို အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး နာဂလန် အမျိုးသား ဆို ရှယ်လစ်ကောင်စီ ခပ်ပလန် - ယောင်းအောင်အုပ်စု (NSCN-K YA) က ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချထား ပါတယ်။

အိန္ဒိယစစ်တပ်ဟာ လန်ခိုဒေသက နာဂ တိုင်းရင်းသားတွေကို တမင်သက်သက် တိုက်ခိုက်နေတာဖြစ်ပြီး၊ ထိခိုက် ဒဏ်ရာရသူတွေ၊ ဒေသခံတွေနဲ့အတူ ရပ်တည်သွားမယ်လို့ NSCN-K အဖွဲ့က ဆိုပါတယ်။

ဒါ့အပြင် ဒီဖြစ်စဉ်ဟာ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဥပဒေတွေကို ချိုးဖောက်တာဖြစ်လို့ ကုလ သမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ အထူး စောင့်ကြည့်ပေးဖို့ တောင်းဆိုထားပါတယ်။

တစ်ဆက်တည်းမှာပဲ အိန္ဒိယအစိုးရကို သတင်းအချက်အလက်နဲ့ ထောက်ပို့အကူအညီတွေ ပေးနေတဲ့ နာဂအဖွဲ့ အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေကိုလည်း NSCN-K က ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်။
————————————
၄။⁨⁩⁨⁨ကျောက်ဖြူ တောင်မော်ဦးရေတပ်စခန်းအနီးမှာ တိုက်ပွဲတွေပြင်းထန်နေပြီး တပ်မိသားစုတွေကို အရေးပေါ် ရွှေ့ပြောင်း
====================
m.CDM၊ အောက်တိုဘာ ၄

ရခိုင်ပြည် ကျောက်ဖြူမြို့နယ်ထဲက တောင်မော်ဦးရေတပ်စခန်းအနီးမှာ အာရက္ခတပ်တော်နဲ့ အာဏာသိမ်း အကြမ်းဖက်စစ်တပ်တို့ကြား တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် တပ်မိသားစုတွေကို အရေးပေါ် ရွှေ့ပြောင်း နေတယ်လို့ ရခိုင်ဘက်ကလာတဲ့ သတင်းတွေကဆိုပါတယ်။
ကျောက်ဖြူမြို့နယ်၊ အဝတောင် - စနဲ လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေပြီး တောင်မော်ဦးရေတပ်စခန်း အနီး ထိ တိုက်ပွဲတွေဖြစ်လာတဲ့အတွက် တောင်မော်ဦးရေတပ်စခန်းက လက်ကျန်တပ်မိသားစုတွေကို ဓညဝတီ ရေတပ်ဌာနချုပ်ကို အရေးပေါ်ပြောင်းရွှေ့နေရတာလို့ ‌စစ်ရေးသတင်းရင်းမြစ်တွေကို ကိုးကားပြီး ဒေသတွင်း သတင်းဌာနတွေကလည်း ဖော်ပြထားပါတယ်။
တောင်‌မော်ဦးရေတပ်စခန်းမှာ ကျန်နေသေးတဲ့ တပ်မိသားစုဝင်တွေကို သစ်ပုတ်တောင်က ဓည၀တီရေတပ် စခန်းကိုပြောင်းနေတာြဖစ်ပြီး တပ်မိသားစုတွေရဲ့လုံခြုံရေး စိုးရိမ်ရတဲ့အနေအထားရောက်လာလို့ အခုလို ပြောင်းနေတာလို့ သိရပါတယ်။
မြေပြင်မှာ အာရက္ခတပ်တော် (AA) ဘက်က အသားစီးရနေတာကြောင့် အာဏာသိမ်းစစ်တပ်က သူတို့ အားသာတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ်လုပ်နေရတဲ့အတွက် တိုက်ပွဲတွေပြင်းထန်နေပဲဖြစ် ပါတယ်။
ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်စခန်းက စစ်တပ်စစ်ကြောင်းတွေဟာ အာရက္ခတပ်တော် ထိန်းချုပ် ရာ နေရာတွေကို ထိုးစစ်ဆင်လာပေမယ့် အကျအဆုံးများနေပြီး အောက်တိုဘာ ၂ ရက်နေ့မနက်ပိုင်းကဆိုရင် AA က စစ်စခန်းတချို့ကို သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပေမယ့် AA ကတော့ ဒီနေ့ အောက်တိုဘာ ၄ ရက်နေ့မနက်ပိုင်းအထိ တရားဝင်ထုတ်ပြန်တာတော့မရှိသေးပါဘူး။
ကျောက်ဖြူမြို့နယ် ဓညဝတီရေတပ်ဌာနချုပ်နဲ့ တောင်မော်ဦးရေတပ်စခန်းက စစ်တပ်မိသားစုဝင်တွေကို ၂၀၂၅ ခုနှစ်တုန်းကလည်း ပြည်မဘက်ကို စစ်သင်္ဘောတွေနဲ့ ပြောင်းရွှေ့ခဲ့ဘူးတယ်လို့ စစ်ရေးသတင်း မှတ်တမ်းတွေအရ သိရပါတယ်။
—————————————
၅။⁨ပြည်သူတွေ အခက်အခဲဖြစ်နေချိန် စစ်တပ်ဘက်က စစ်ကြောင်းထိုးလာမယ်ဆိုရင် ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ နည်းဗျူဟာ ၃၃ သတိပေး
====================
m.CDM၊ အောက်တိုဘာ ၄

ပြည်သူတွေ အခက်အခဲဖြစ်နေချိန် စစ်တပ်ဘက်က စစ်ကြောင်းထိုးလာမယ်ဆိုရင် ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ ၃၃ က သတိပေးလိုက်ပါတယ်။
တနင်္သာရီတိုင်း ထားဝယ်ခရိုင်ထဲက လောင်းလုံးနဲ့သရက်ချောင်းမြို့နယ်တို့ကကျေးရွာတွေမှာ ဒေသနေ ပြည်သူများ သဘာဝဘေးဖြစ်တဲ့ ရေဘေးကြုံနေရချိန်မှာ အကြမ်းဖက်စစ်တပ်က ညင်းမော်ရွာကို အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး အဲဒီကတဆင့် ကဒက်ငယ်ရွာဘက်ကိုပါဆက်ပြီး  စစ်ကြောင်းထိုးဖို့ ပြင်ဆင်လာတဲ့အတွက် နည်းဗျူဟာ ၃၃ က အခုလို သတိပေးလိုက်တာြဖစ်ပါတယ်။
နည်းဗျူဟာ ၃၃ ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်ဖွဲ့တွေနဲ့မဟာမိတ်ပူးပေါင်းတပ်တွေဘက်က ဒေသနေပြည်သူ တွေ ဆင်းရဲဒုက္ခကျရောက်နေချိန်ဖြစ်တဲ့အတွက် ထိတွေ့မှုမဖြစ်စေဖို့ ခေတ္တနောက်ဆုတ်ပေးထားတာကို စစ်တပ်ဘက်က အခွင့်ကောင်းယူပြီး ထိုးစစ်ဆင်ဖို့ ပြင်ဆင်လာတာပါ။
အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဘက်က ပြည်သူလူထုရဲ့အခက်အခဲကို လှစ်လျူရှုပြီး စစ်ကြောင်းထိုး ဆက်ထိုးလာမယ်ဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေအနေနဲ့ လိုအပ်သလို အရေးယူမှုတွေ ပြင်းပြင်းထန်ထန် လုပ်သွားမယ်လို့ နည်းဗျူဟာ ၃၃ အသိပေး ထုတ်ပြန်ထားပါတယ်။
ရေဘေးအန္တရာယ်ကျရောက်နေတဲ့ပြည်သူတွေကို သွားရောက် ကူညီပေးကြမယ့် ကယ်ဆယ်ရေးအဖွဲ့ အစည်းတွေ ကယ်ဆယ်ရေးယာဉ်တွေ ထောက်ပံ့ရေးယာဉ်တွေ အားလုံး သက်ဆိုင်ရာနယ်မြေမှာ အဆင်ပြေပြေ သွားရောက်နိုင်စေဖို့အတွက် နည်းဗျူဟာ ၃၃ စစ်ဆင်ရေးတပ်ဖွဲ့ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်ရင်း၊တပ်ဖွဲ့တွေနဲ့ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပါဝင်ကူညီပေးကြဖို့ စက်တင်ဘာ ၂၈ ကပဲ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။
ဒီလို ကူညီပေးနေချိန်မှာ ပြည်သူလူထုရဲ့ ဒုက္ခနဲ့အခက်အခဲတွေကို အကြောင်းပြုပြီး စကစ တပ်ဖွဲ့ဝင်တွေဟာ  ပြည်သူအသွင်ယူပြီး ရေဘေးသင့်ဒေသတွေထဲ စိမ့်ဝင်လာတဲ့အတွက် ဒေသနေပြည်သူတွေအနေနဲ့ သတိရှိဖို့ လိုအပ်ပါတယ်။
—————————————
၆။⁨ချင်းပြည်ကောင်စီအဖွဲ့ဝင် CDF များအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်လာရေး ရွပ်ရွပ် ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ ကြေညာ
========================
m.CDM၊ အောက်တာဘာ ၄

ချင်းပြည်ကောင်စီအဖွဲ့ဝင် CDF တွေအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်လာရေး ရွပ်ရွပ် ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ချင်းပြည်ကောင်စီ အစုအဖွဲ့ဝင်တွေဖြစ်တဲ့ မြို့နယ်နဲ့ဒေသအဖွဲ့အစည်းတွေ စက်တင်ဘာ ၂၅ ကနေ ၂၇ ထိ ချင်းပြည်တနေရာမှာ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။
ဒီတွေ့ဆုံဆွေးနွေးပွဲမှာ ချင်းပြည်တည်ဆောက်ရေး၊ ချင်းအမျိုးသားညီညွတ်ရေး၊ စစ်အာဏာရှင်အောက်က လွတ်မြောက်ရေးအတွက် စစ်ရေးနဲ့နိုင်ငံရေးပိုင်းမှာ CDF တွေရဲ့အခန်းကဏ္ဍမြှင့်တင်ဖို့နဲ့ ချင်းနွေဦးတော်လှန် ရေးအဖွဲ့အစည်းတွေ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ စတာတွေနဲ့ပတ်သက်တဲ့ သဘော ထား စုစည်းချက်တွေ ချမှတ်နိုင်ခဲ့တယ်လို့ CDF ပလက်ဝက ပြောပါတယ်။
ချင်းပြည်ကောင်စီအဖွဲ့ဝင် CDF တွေအနေနဲ့ ချင်းပြည်ကောင်စီစုစည်းမှု အားကောင်းလာရေးနဲ့ ချင်းတော်လှန် ရေးအဖွဲ့တွေ စုစည်းပြီး စစ်အာဏာရှင်မှန်သမျှ ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် ရှေ့ဆက်ပြီး ရွပ်ရွပ် ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ ပြည်သူလူထုကို အသိပေးထား ပါတယ်။
ချင်းပြည်ကောင်စီအဖွဲ့ဝင်တွေဖြစ်တဲ့ CDF တွေဟာ ချင်းပြည်လွတ်မြောက်ရေး၊ ချင်းအမျိုးသားတည်ဆောက်ရေးနဲ့ ချင်းပြည်တည်ဆောက်ရေးတို့မှာ မြို့နယ်နဲ့ဒေသအစုအဖွဲ့တွေအဖြစ်နဲ့ ပူးပေါင်းပါဝင်နေတာြဖစ်ပါတယ်။
ဒီလိုပါဝင်နေပေမယ့် နွေဦးတော်လှန်ရေး ၅ နှစ်ကျော်ကာလမှာ ချင်းတော်လှန်ရေးအဖွဲ့တွေကြား ယုံကြည်မှု တည်ဆောက်ရေးနဲ့ စည်းလုံးညီညွတ်မှု အားနည်းနေတဲ့အပေါ် ချင်းပြည်သူတွေအနေနဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။
———————————
၇။စစ်ခေါင်းဆောင် မင်းအောင်လှိုင် မလေးရှား လာမယ့်နေ့မှာ အလုပ်ရပ်နား သပိတ်မှောက်ကြဖို့ MAA တိုက်တွန်း၊မလေးရှားက ပြန်ပို့ခံရတဲ့ ပြည်သူ ၁,၄၀၀ ကျော် စစ်မှုထမ်း အသွင်းခံရမှာကို မိသားစုတွေ စိုးရိမ်နေ
=====================
m.CDM အောက်တိုဘာ ၄ ရက်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မလေးရှာခရီးစဉ်အတွင်း မလေးရှားရောက် မြန်မာနိုင်ငံသားတွေ အနေနဲ့ အလုပ်ရပ်နား သပိတ်မှောက်ကြဖို့ Myanmar Affairs Alliance (MAA) က တိုက်တွန်းထားပါတယ်။

အကြမ်းဖက် စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင် ကို မလေးရှား မြေပေါ်ကနေ လက်မခံကြောင်း ပြသတဲ့အနေနဲ့ လာမယ့် အောက်တိုဘာလ ၇ ရက်နေ့မှာ တရက်တာ အလုပ်ခွင်ကို လုံးဝ မသွားဘဲ ဆန္ဒပြကြဖို့ နှိုးဆော်ထားတာ ဖြစ်ပါတယ်။

အခုလို အလုပ်ရပ်နားတာဟာ အလုပ်ရှင်တွေကို ထိခိုက်နစ်နာစေဖို့ မဟုတ်တဲ့အတွက် မြန်မာ အလုပ်သမားတွေ ရဲ့ အခြေအနေကို ကိုယ်ချင်းစာ နားလည်ပေးဖို့ကိုလည်း အလုပ်ရှင်တွေကို MAA က မေတ္တာရပ်ခံထားပါတယ်။

မင်းအောင်လှိုင် ဟာ မြန်မာပြည်သူတွေ ရွေးချယ်တင်မြောက်ထားတဲ့ တရားဝင် နိုင်ငံခေါင်းဆောင် မဟုတ်ကြော င်းနဲ့ အရပ်သား ပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်ကို မလေးရှားအစိုးရ အနေနဲ့ တွေ့ဆုံဆက်ဆံ တာ မလုပ်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။

ထို့အပြင် အောက်တိုဘာ ၇ ရက်နေ့ လှုပ်ရှားမှုမှတဆင့် ဒေါ်ဆောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသာ း အားလုံးကို ချက်ချင်း လွတ်ပေးဖို့နဲ့ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်နေတာတွေကို ချက်ချင်း ရပ်တန့်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။

မြေပြင်သပိတ်မှာ မပါဝင်နိုင်သူတွေ အနေနဲ့လည်း အွန်လိုင်းကနေ မင်းအောင်လှိုင်ကို ဆန့်ကျင်တဲ့ The Bloodst ained Ghost (သွေးစွန်းနေသော စစ်ရာဇဝတ်ကောင်) ပုံကို Profile ချိန်းပြီး ပါဝင်ပေးကြဖို့ကိုလည်း တိုက်တွန်း ထားပါတယ်။

နောက်ထပ် သတင်းတစ်ပုဒ် အနေနဲ့ မလေးရှားနိုင်ငံကနေ ရေတပ်သင်္ဘော ၃ စီးဖြင့် ပြန်လည် ခေါ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား ၁,၄၀၀ ကျော်ဟာ ဒီကနေ့ အောက်တိုဘာလ ၄ ရက်၊ မနက် ၅ နာရီခွဲခန့်မှာ သီလဝါဆိပ်ကမ်းကို ရောက်ရှိလာတယ်လို့ ဆိုပါတယ်။

အခုလို ပြည်လည်ရောက်ရှိလာသူတွေကို လာကြိုတဲ့ မိသားစုဝင်တွေ အနေနဲ့ ညနေပိုင်းအထိ တွေ့ဆုံခွင့်မရသေး တဲ့အတွက် အတင်းအကျပ် စစ်မှုထမ်း စုဆောင်းခံလိုက်ရမှာကို အလွန် စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

ညနေ ၅ နာရီ ဝန်းကျင်မှာတော့ ပြန်ရောက်လာသူ အချို့ကို မိသားစုဝင်တွေထံ လွှဲပြောင်းပေးခဲ့တယ်လို့ သိရပြီး၊ အရေအတွက် တိတိကျကျကိုတော့ အတည်မပြုနိုင်သေးပါဘူး။

ထို့အပြင် ရေတပ်ဗိုလ်ကြီး ဆိုသူ ၁ ဦးကလည်း ပြန်ရောက်လာသူတွေရဲ့ မိသားစုဝင်တွေဆီ ဖုန်းဆက်ပြီး KPay ကနေ ငွေကျပ် တစ်သိန်းစီ တောင်းယူခဲ့သေးတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ပြန်ရောက်လာသူတွေကို ဘတ်စ်ကားတွေနဲ့ ဘုန်းကြီးကျောင်း ၁ ကျောင်းဆီ ခေါ်ဆောင်သွားပြီး စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အခုရောက်ရှိလာတဲ့ အဖွဲ့ဟာ မလေးရှား ကနေ ပြန်ပို့မယ့် လူ ၅ ထောင်ဝန်းကျင်ထဲက ပထမဆုံးအသုတ် ဖြစ်ပြီး ကလေး ၂၇ ဦးနဲ့ အမျိုးသမီး ၇၉ ဦး ပါဝင်ကာ အမျိုးသားတွေက အများဆုံး ဖြစ်တယ်လို့ သိရှိရပါတယ်။
---------------------------------
၈။အကြမ်းဖက်စစ်တပ်လက်အောက်ခံသံရုံးတွေဟာ ပွဲစားတွေကို ကြားခံထားပြီး ထောင်ချောက်ဆင် ဖိနှိပ်ညစ် ပတ်နေ
======================
m.CDM၊ အောက်တိုဘာ ၄

အကြမ်းဖက်စစ်တပ်လက်အောက်ခံသံရုံးတွေဟာ ပတ်စပို့နဲ့ ကောင်စစ်လုပ်ငန်းတွေမှာ ပြည်သူတွေ အခက်အခဲဖြစ်အောင် တမင်ဖန်တီးပြီး ဥပဒေမဲ့ ဖိနှိပ်ခွဲခြားမှုတွေ လုပ်နေသလို ပွဲစားတွေကို ကြားခံထားပြီး  ပွဲစားမှတဆင့် လုပ်ဆောင်လာအောင် စနစ်တကျထောင်‌ချောက်ဆင် ဖိနှိပ်ညစ်ပတ်နေတယ်လို့ ကိုရီးယားနိုင်ငံရှိ မြန်မာ့ဒီမိုကရေစီရေး အဖွဲ့အစည်းများနှင့် တော်လှန်ပြည်သူများ မဟာမိတ်အဖွဲ့က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
ပတ်စပို့ကိစ္စကို ပွဲစားတွေက ဆိုရှယ်မီဒီယာပေါ်ကနေ ကျယ်ကျယ်ပြန့်ပြန့် ကြော်ငြာပြီး ကြားဝင်လုပ်ဆောင် ပေးနေတာဟာ စစ်ကောင်စီက နောက်ကွယ်ကနေ စနစ်တကျ ဖန်တီးပေးထားတဲ့ လှည့်ကွက်တခုဖြစ်ပြီး လူထုအနေနဲ့ စစ်ကောင်စီအပေါ် မှီခိုလိုစိတ် ဖြစ်ပေါ်လာအောင် လှည့်စားပုံသွင်းနေတာလည်းဖြစ်တယ်လို့ ထောက်ပြပါတယ်။
ဒီကြော်ငြာတွေဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်ထိန်းချုပ်မှုကို တရားဝင်သယောင် ထင်မှတ်လာအောင် ပံ့ပိုး ပေးရာရောက်နေတဲ့အပြင် စစ်အာဏာရှင်စနစ် တည်တံ့ပြန့်ပွားလာအောင် ကူညီပေးရာရောက်နေတယ်လို့ လည်း သတိပေးပါတယ်။  
သံရုံးပွဲစားတွေအနေနဲ့ ကိုယ်ကျိုးစီးပွားအတွက် ဝန်ဆောင်မှုပေးတာလို့ အကြောင်းပြ ကြော်ငြာနေတာဟာ  စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ မသမာမှုသာဖြစ်တယ်လို့လည်း ကိုရီးယားနိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ ရေး အဖွဲ့အစည်းများနှင့် တော်လှန်ပြည်သူများ မဟာမိတ်အဖွဲ့က ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံသံရုံးရဲ့ ၂၀၂၆ ခုနှစ် ဧပြီလ ၂၀ ရက်စွဲပါ အသိပေးကြေညာချက်မှာ မြန်မာသံရုံးအနေနဲ့ သံရုံးရဲ့ ကောင်စစ်ဆိုင်ရာလုပ်ငန်းတွေနဲ့ သံရုံးဆိုင်ရာလုပ်ငန်း တွေမှာ မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမျှ ကြားခံပြီး ဆောင်ရွက်ဖို့ တာဝန်ပေးအပ်ထားခြင်း မရှိဘူးလို့ အသိပေးကြေညာတာဟာ ပွဲစားကြောင့်ဖြစ်ပေါ်လာမယ့်ပြဿနာတွေကို ရှောင်လွှဲနိုင်ဖို့ ကြိုတင်ကာကွယ် ထားတာြဖစ်ပေမယ့်  တဖက်မှာတော့ ပွဲစားတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖန်တီးမွေးထုတ်ပေးနေတယ်လို့ သိရပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့ စစ်ကောင်စီရဲ့ လှည့်စားဖိနှိပ်မှုတွေကို နားလည်သိရှိပြီး စစ်ကောင်စီ ယန္တရားတွေမှာ ပါဝင်အားမဖြည့်ပေးကြဘဲ စစ်ကောင်စီရဲ့ ထောင်ချောက်တွေကိုရှောင်ရှားဖို့၊ ပွဲစားစနစ်ကို ဆန့်ကျင်ကြဖို့ ကိုရီးယားနိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ ရေး အဖွဲ့အစည်းများနှင့် တော်လှန်ပြည်သူများ မဟာမိတ် အဖွဲ့က တိုက်တွန်းနှိုးဆော်ထားပါတယ်။⁩
———————————
၉။ရွှေကူ စင်းခန်းတံတားအနီး နစ်မြုပ်သွားတဲ့ စစ်အုပ်စု သင်္ဘောပေါ်က ၁၂၂ မမ အမြောက်ကို KIA ဆယ်ယူရရှိ
====================
m.CDM အောက်တိုဘာ ၄ ရက်။

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ စင်းခန်းတံတားအနီးမှာ နစ်မြုပ်သွားတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ် သင်္ဘော ပေါ်က ၁၂၂ မမ အမြောက်ကြီး တစ်လက်ကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က ပြန်လည်ဆယ်ယူ ရရှိခဲ့ တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်းက မန္တလေးကနေ ဗန်းမော်မြို့ကို လက်နက် ခဲယမ်းနဲ့ အင်အားဖြည့်ဖို့ ဆန်တက် လာတဲ့ စစ်သင်္ဘောအုပ်စုကို KIA ပူးပေါင်းတပ်တွေက ကြားဖြတ် တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

ထိုသို့ တိုက်ခိုက်ခံရတာကြောင့် ရွှေကူနဲ့ ဗန်းမော် အကြားမှာ နစ်မြုပ်သွားတဲ့ သင်္ဘောတွေ ထဲကနေ အသစ်နီးပါး ရှိသေးတဲ့ ၁၂၂ မမ ဟောင်ဝစ်ဇာ အမြောက်ကြီးကို စက်ယန္တရားတွေနဲ့ ရေထဲကနေ ဆွဲထုတ် ဆယ်ယူနိုင်ခဲ့တာလို့ ဆိုပါတယ်။

အခု ဆယ်ယူရရှိတဲ့ အထဲမှာ အဲဒီ ၁၂၂ မမ အမြောက်အပြင် တခြား လက်နက်ကြီးတွေနဲ့ ကျည်ခဲယမ်းတွေလည်း ပါဝင်တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့လအတွင်း ဗန်းမော်ကို အင်အားဖြည့်တဲ့ စစ်အုပ်စုရဲ့ သင်္ဘော အစီး ၂၀ လောက်ကို KIA က တိုက်ခိုက် နစ်မြုပ်နိုင်ခဲ့သလို အလံဖြူထောင် လက်နက်ချခဲ့တဲ့ စစ်ကော်မရှင် တပ်ဖွဲ့ဝင် နဲ့ မိသားစုဝင် ၁၅၀ ကျော်ကိုလည်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ ပါသေးတယ်။

ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်လူ‌လေးတို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။


--
Send email to - editors@moemaka.net to contact and contribute with us!

MoeMaKa on the Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
http://www.MoeMaKa.Com - Burmese Language
http://eng.MoeMaKa.net - English Edition
http://moemaka.net/omeka2/ - Audio & Video Archives


https://www.paypal.com/donate?hosted_button_id=CTZLJSNKYX28Q     

Moemaka Multimedia is a tax-exempt organization in Richmond, California. Donations to Moemaka Multimedia are tax deductible.  This organization has been in operation for more than 20 years.  EIN - 26-1387654

Share:

No comments:

Post a Comment