၇ - ၁၀ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )
မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့
၁။ဆားတောင်မိုးကြိုးအဖွဲ့ခေါင်းဆောင် ပစ်ခတ်ခံရပြီး သေဆုံး၊ KNA တပ်ရင်းညွှန်ကြားရေးမှူး လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံး
၂။ရေစကြို ဂွေးချိုပျူစခန်း တိုက်ခိုက်မှု စစ်တပ်ဘက် ၁၀ ဦးသေဆုံး၊ တောင်ကုတ်ဗုံးကြဲမှုကြောင့် ဒေသခံ ၂ ဦး သေဆုံး
၃။အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မလေးရှားခရီးစဉ်ကို APHR ကန့်ကွက်ပြီး မြန်မာစစ်တပ်ကို အသိအမှတ်မပြုဖို့ တောင်းဆို
၄။ ရန်ကုန်မှာ တပတ်အတွင်း လူငယ် ၃၀ ကျော် ပေါ်တာဆွဲခံရ စတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
အခုပထမဆုံးအနေနဲ့

===================
m.CDM အောက်တိုဘာ ၆
စစ်ကိုင်းတိုင်း၊ ဆားတောင်ဒေသအတွင်း လှုပ်ရှားနေသည့် ဆားတောင်မိုးကြိုးအဖွဲ့ခေါင်းဆောင် ကိုမိုးကြိုးသည် အောက်တိုဘာ ၅ ရက်တွင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများနှင့် ဒေသကာကွယ်ရေးအဖွဲ့ဝင်များထံမှ သိရသည်။
အောက်တိုဘာ ၅ ရက် မွန်းလွဲ ၂ နာရီကျော်ခန့်တွင် ကိုမိုးကြိုးသည် စစ်ကိုင်းမြို့နယ် အိုင်ဓမ္မကျေးရွာရှိ စတားလင့်ဆိုင်၌ ရှိနေစဉ် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လာရောက်ဖမ်းဆီးရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“သူ့ကို ဖမ်းဝရမ်းထုတ်ထားတယ်လို့တော့ သိရတယ်။ NUG အစိုးရ စစ်ဌာနဘက်က ထုတ်ထားတာရှိတယ်။ ဝင်ဖမ်းတာကို ပြန်ပစ်ရာက နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီး သေတာလို့တော့ သိရတယ်” ဟု ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောဆိုထားပါသည်။
ဖြစ်စဉ်ကို သိရှိသည့် ဒေသခံတစ်ဦးကလည်း ကိုမိုးကြိုးသည် ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း၊ လာရောက်ပစ်ခတ်သည့်အဖွဲ့ဝင်များမှာ မျက်နှာဖုံးများ စွပ်ထားကြကြောင်းလည်း ၎င်းက ဆိုထားသည်။
ပစ်ခတ်မှုဖြစ်ပြီးနောက် လာရောက်ပစ်ခတ်သည့်အဖွဲ့ ပြန်လည်ထွက်ခွာသွားခဲ့ပြီး ကိုမိုးကြိုး၏ ရုပ်အလောင်းကို ကျေးရွာတွင် သင်္ဂြိုဟ်ခဲ့ကြောင်း ကနဦးသိရသည်။
ကိုမိုးကြိုး ပစ်ခတ်ခံရမှုသည် ဆားတောင်နယ်မြေအတွင်းရှိ ဒေသကာကွယ်ရေးအဖွဲ့များမှ အဖွဲ့ဝင်များ စစ်တပ်ဘက်သို့ ဘက်ပြောင်းသွားပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တစ်ဖက်တွင် ကယန်းအမျိုးသားတပ်မတော် (KNA) အမှတ် ၂၁၀၆ တပ်ရင်းမှ တပ်ရင်းညွှန်ကြားရေးမှူး ရဲဘော်ခွန်းဆာအယ်ခူထူးသည်လည်း အောက်တိုဘာ ၄ ရက်တွင် ဒီမော့ဆိုအနောက်ခြမ်းရှိ မြေပြင်တစ်နေရာ၌ တိုက်လေယာဉ်တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ကြောင်း KNA က အောက်တိုဘာ ၆ ရက်တွင် ထုတ်ပြန်သည်။
KNA ၏ ထုတ်ပြန်ချက်အရ ရဲဘော်ခွန်းဆာအယ်ခူထူးသည် ဖက်ဒရယ်ဒီမိုကရေစီနှင့် အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူများအပါအဝင် ကယန်းအမျိုးသားပြည်သူလူထုအတွက် တော်လှန်တိုက်ပွဲဝင်နေစဉ် ကျဆုံးခဲ့ခြင်းဖြစ်သည်။
၎င်း၏ ဈာပနအခမ်းအနားကို ကယန်းဒေသတစ်နေရာတွင် ပြုလုပ်ခဲ့ကြောင်း KNA က ထုတ်ပြန်ထားသည်။
—————————————
၂။တောင်သာတွင် စာသင်ကျောင်းကို စစ်တပ်က ဒရုန်းဖြင့် ဗုံးချ၊ ဆရာမနှင့် ကျောင်းသားများ ထိခိုက်၊ မြိုင်စစ်ရှောင်တဲများနှင့် ချောင်းဝဘုရားကျောင်းလည်း လေကြောင်းတိုက်ခိုက်ခံရ
===================
m.CDM အောက်တိုဘာ ၆
မန္တလေးတိုင်း တောင်သာမြို့နယ်တွင် စစ်တပ်လက်အောက်ခံ စာသင်ကျောင်းကို စစ်တပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများနှင့် တောင်သာမြို့နယ် ပကဖ တာဝန်ရှိသူများထံမှ သိရသည်။
အောက်တိုဘာ ၆ ရက် နံနက် ၈ နာရီ ၂၅ မိနစ်ခန့်တွင် ထန်းပင်ကန်ကျေးရွာ၌ တပ်စွဲထားသည့် စစ်တပ်က ဒရုန်းတစ်စီးဖြင့် တောင်သာမြို့နယ် သာပေါင်းလေးကျေးရွာရှိ စာသင်ကျောင်းဝင်းအတွင်းသို့ ဗုံးသီးတစ်လုံး ကြဲချခဲ့ခြင်းဖြစ်ကြောင်း သိရဟည်။
ဗုံးသည် ကျောင်းမျက်နှာစာရှိ ကွက်လပ်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းဖွင့်ချိန်ဖြစ်သဖြင့် ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ ထိခိုက်ခဲ့ကြောင်း သိရသည်။
ပထမသတင်းရင်းမြစ်များအရ ဆရာမတစ်ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၇ ဦး၊ စုစုပေါင်း ၈ ဦး ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း၊ အခြားသတင်းရင်းမြစ်တစ်ခုတွင်မူ ပဉ္စမတန်းသင် ဆရာမတစ်ဦးအပါအဝင် ကျောင်းသား၊ ကျောင်းသူ ၁၅ ဦး ထိခိုက်ပြီး ၂ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ဖော်ပြထားသည်။
အဆိုပါ ကျောင်းကို ဗုံးချခဲ့သည့် စစ်တပ်သည် ထန်းပင်ကန်ကျေးရွာ ရေအောင်မြင်ဘုရား၌ အထိုင်ချတပ်စွဲထားသည့်အဖွဲ့ဖြစ်ကြောင်း ဒေသခံအဖွဲ့များက ပြောသည်။
ထို့အပြင် မကွေးတိုင်း မြိုင်မြို့နယ်တောင်ပိုင်းတွင် ရွာလုံးကျွတ် စစ်ရှောင်နေသည့် ကျေးရွာတစ်ရွာမှ စစ်ရှောင်တဲများကို အောက်တိုဘာ ၅ ရက် ည ၇ နာရီ ၄၃ မိနစ်ခန့်တွင် မကွေးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင်တဲအတွင်း နေထိုင်နေသည့် သားအဖနှစ်ဦးနှင့် အခြားတဲတစ်တဲမှ အမျိုးသမီးတစ်ဦး၊ စုစုပေါင်း ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အမျိုးသမီးတစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။
အောက်တိုဘာ ၅ ရက်က မြိုင်မြို့နယ်အတွင်း လေယာဉ်အမျိုးမျိုးဖြင့် လေကြောင်းတိုက်ခိုက်မှုများ နံနက် ၉ နာရီမှ ည ၇ နာရီ ၄၃ မိနစ်အထိ တစ်နေ့လုံးနီးပါး ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အလားတူ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၊ ချောင်းဝကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းကို အောက်တိုဘာ ၅ ရက် မွန်းလွဲ ၃ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ရှမ်းနီပြည်သူ့စစ် (SNA) ပူးပေါင်းတပ်ဖွဲ့က အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ဘုရားကျောင်းအဆောက်အအုံ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုကြောင့် လူသေဆုံး၊ ဒဏ်ရာရမှု မရှိခဲ့သော်လည်း ဘုရားကျောင်းအဆောက်အအုံ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ တိုက်ခိုက်ခံရသည့်နေ့တွင် ဘုရားကျောင်း၌ ဆုတောင်းပွဲရှိသဖြင့် မူကြိုကလေးများ စာသင်ကြားခြင်း မရှိသည့်အချိန်ဖြစ်ကြောင်း သိရသည်။
————————————
၃။လယ်ဒိုနဲ့ မူးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် အရပ်သားတဦးသေဆုံးခဲ့ရပြီး ၆ ဦး ဒဏ်ရာရ
====================
m.CDM၊ အောက်တိုဘာ ၆
ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်က လယ်ဒိုနဲ့ မူးမြို့နယ်တို့ မှာ အာဏာသိမ်းအကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အပြစ်မဲ့အရပ်သားပြည်သူတ ဦး သေဆုံးခဲ့ရပြီး ၆ ဦး ဒဏ်ရာရရှိကာ အိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ကေအဲန်ယူ-ဗဟိုက အောက်တိုဘာ ၆ မှာ ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၃ ရက်နေ့မှာ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ဟာ လယ်ဒိုမြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေက အင်ပုရစ်ရွာထဲကို ဒရုန်းနဲ့ ၃ ကြိမ်လာရောက်တိုက်ခိုက်တာကြောင့် အိမ် ၅ လုံး ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
ထို့အတူ မူးမြို့နယ်မှာလည်း အောက်တိုဘာ ၁ ရက်နေ့မှာ အာဏာသိမ်းအကြမ်းဖက်စစ်တပ်က ကျောက်ကြီး ပေါက်ရွာထဲကို ဒရုန်းနဲ့ ၂ ကြိမ် လာရောက်တိုက်ခိုက်တာကြောင့် အသက် ၁၇ နှစ်အရွယ် လူငယ်အမျိုးသား သေဆုံးခဲ့ရပြီး အသက် ၇ဝ အရွယ်အမျိုးသမီးတဦးအပါအဝင် အမျိုးသားအမျိုးသမီးစုစုပေါင်း ၆ ဦး ဒဏ်ရာ ရသွားတယ်လို့ အသိပေးပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ အာဆီယံ ဘုံသဘောတူညီချက် Five-Point Consensus ကို လိုက်နာ ဆောင်ရွက်တာမရှိဘဲ နိုင်ငံတ၀န်းက အပြစ်မဲ့အရပ်သားပြည်သူတွေကို လေယာဉ်တွေ ဒရုန်းတွေ လက်နက် ကြီးတွေနဲ့ အကြမ်းဖက်တိုက်ခိုက်တာ၊ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ စစ်ရာဇ၀တ်မှု ဆိုင်ရာတွေကို နေ့စဉ်နဲ့အမျှ ကျူးလွန်နေတယ်လို့ ကေအဲန်ယူ-ဗဟိုက ထုတ်ပြန်ထားပါတယ်။
————————————
၄။ရေစကြို ဂွေးချိုပျူစခန်း တိုက်ခိုက်မှု စစ်တပ်ဘက် ၁၀ ဦးသေဆုံး၊ တောင်ကုတ်ဗုံးကြဲမှုကြောင့် ဒေသခံ ၂ ဦး သေဆုံး
===================
m.CDM အောက်တိုဘာ ၆
ရေစကြိုမြို့နယ် ဂွေးချိုပျူစောထီးစခန်းကို အောက်တိုဘာ ၂ ရက်တွင် ရေစကြိုမြို့နယ်အထူးလှုပ်ရှားစစ်ကြောင်းနှင့် မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးကာ ၂၀ ဦး ဒဏ်ရာရခဲ့ကြောင်း ရေစကြိုမြို့နယ်အထူးလှုပ်ရှားစစ်ကြောင်းက အောက်တိုဘာ ၅ ရက်တွင် ထုတ်ပြန်သည်။
တိုက်ပွဲကို နံနက် ၅ နာရီခွဲတွင် စတင်ခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းပစ်ကူ ၂၈ ကြိမ်ထက်မနည်းနှင့် ရေစကြိုမြို့နယ် ခလရ ၂၅၆ တပ်ရင်းမှ ဟောင်ဝစ်ဇာဖြင့် ၄ ကြိမ် ပစ်ကူပေးခဲ့ကြောင်း ဖော်ပြထားသည်။
လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများကြောင့် ဂွေးချိုစခန်းကို အပြီးသတ်မသိမ်းပိုက်နိုင်ဘဲ နံနက် ၉ နာရီတွင် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုအတွင်း မဟာမိတ်တပ်ဖွဲ့ဘက်မှ ရဲဘော် ၃ ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့ပြီး အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဆိုထားသည်။
အဆိုပါ တိုက်ခိုက်မှုတွင် ပခုက္ကူခရိုင် အမှတ် ၂၊ ၃ နှင့် ၁၀ တပ်ရင်း၊ ရေစကြိုတပ်ပေါင်းစု၊ One More စစ်ကြောင်း၊ ကြယ်တံခွန်စစ်ကြောင်း၊ ဒေါင်းညီနောင်၊ မြိုင်ပကဖ ဒရုန်းအဖွဲ့နှင့် KNLA တပ်ရင်း ၂၇ နယ်စည်းမခြား ဖရီးဒမ်းဖက်ဒရယ်စစ်ကြောင်း (၁) အပါအဝင် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။
တစ်ဖက်တွင် ရခိုင်ပြည်၊ တောင်ကုတ်မြို့အနီးရှိ စကခ (၅) တပ်မဌာနချုပ်ဟောင်းနှင့် ခမရ ၃၄၆၊ ခမရ ၅၄၄ တပ်ရင်းဟောင်းနေရာများကို အောက်တိုဘာ ၆ ရက် နံနက်ပိုင်းတွင် စစ်တပ်က ဂျက်လေယာဉ်အုပ်စုဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံအမျိုးသား ၂ ဦး နှလုံးအမောဖောက်ကာ သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံများနှင့် ဒေသတွင်းသတင်းဌာနများက ဖော်ပြထားသည်။
နံနက် ၉ နာရီခွဲမှ ၁၀ နာရီကျော်အထိ ဗုံးအလုံး ၂၀ ကျော် ကြဲချခဲ့ကြောင်းနှင့် သေဆုံးသူများမှာ တောင်ကုတ်မြို့ ဆိပ်ကမ်းသစ်ရပ်ကွက်မှ အသက် ၅၂ နှစ်အရွယ် ဦးဇော်ခင်ဦးနှင့် ဆေးရိုးတန်းလမ်းမှ ဦးလှစိန်တို့ဖြစ်ကြောင်း သိရသည်။
ဖုံညိုကျေးရွာမှ အသက် ၃၁ နှစ်အရွယ် ကိုမောင်ချမ်းသာမှာလည်း ဗုံးစထိမှန်၍ ညာဘက်ပေါင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
——————————
၅။တမူးမြို့နယ်မှာ ခရီးသွားပြည်သူတွေကို ဆက်ကြေးကောက်နေတဲ့ စစ်တပ်ဂိတ်က စစ်သား ၃ ဦး လက်နက် ခဲယမ်းတွေနဲ့အတူ တမူးခရိုင် အမှတ်-၆ တပ်ရင်းထံ အလင်းဝင်
====================
m.CDM၊ အောက်တိုဘာ ၆
စစ်ကိုင်းတိုင်း တမူးမြို့နယ်အတွင်းမှာ ခရီးသွားပြည်သူတွေကို ဆက်ကြေးကောက်နေတဲ့ စစ်တပ်ဂိတ်က စစ်သား ၃ ဦး လက်နက် ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ တမူးခရိုင် အမှတ်-၆ တပ်ရင်းက အောက်တိုဘာ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။
ကမ္မကြီးရွာနဲ့ထင်းဇင်ရွာတို့မှာ အခြေပြုတပ်စွဲပြီး ခရီးသွားပြည်သူတွေကို အတင်းအဓမ္မ ငွေကြေးကောက်ခံ နေတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်က စစ်ကောင်စီတပ်သား ၃ ဦးက MA-1 တလက်၊ ကျည်ဘောက်၂ခု၊ ၅ ပွိုင့် ၅၆ ကျည် ၁၁၃ တောင့် ယူဆောင်လာပြီး တမူးခရိုင် အမှတ် - ၆ တပ်ရင်းထံ အလင်းဝင်ပူးပေါင်းလာခဲ့တာ လို့ သိရပါတယ်။
အခုလို လက်နက်၊ခဲယမ်းတွေနဲ့အတူ အလင်းဝင် ပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်သားတွေကို ဆုကြေးငွေ ပေးအပ်ပြီး သူတို့ဖြစ်ချင်တဲ့ ဆန္ဒသဘောအတိုင်း ဆက်လုပ်သွားမယ်လို့ အသိပေးပါတယ်။
တဆက်တည်းမှာပဲ ကျန်ရှိနေသေးတဲ့ အကြမ်းဖက်စစ်တပ်က အဆင့်ဆင့်သော တပ်သားတွေအနေနဲ့ အတင်းအကြပ် ခိုင်းစေနေတဲ့ အဓမ္မမှုတွေကို ငြင်းဆန်ပြီး ပြည်သူလူထုနဲ့ အမြန်ဆုံးပူးပေါင်းဖို့နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်မတော် - PDF တွေဆီမှာ လက်နက်ချအလင်းဝင်ကြဖို့လည်း တမူးခရိုင် အမှတ် - ၆ တပ်ရင်းက ဖိတ်ခေါ်ထားပါတယ်။
———————————
၆။နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု SRA အဖွဲ့ဝင်ဖြစ်တဲ့ 96 Soldiers- PDF တပ်ဖွဲ့က ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ကြေညာ
======================
m.CDM၊ အောက်တိုဘာ ၆
နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု SRA အဖွဲ့ဝင်ဖြစ်တဲ့ 96 Soldiers- PDF တပ်ဖွဲ့က မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး အာဏာရှင်စနစ်မှန်သမျှ လုံးဝ ချုပ်ငြိမ်း ပပျောက်ရေး၊ အမျိုးသားတန်းတူရည်မှုနဲ့ ကိုယ်ပိုင်ပြ ဌာန်းခွင့် ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက် ကြိုးစားအားထုတ် တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
96 Soldiers-PDF တပ်ဖွဲ့ ဖွဲ့စည်းခြင်း ၅ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ အခုလို ထုတ်ပြန်ကြောညာလာတာ ဖြစ်ပါတယ်။
96 Soldiers - PDF တပ်ဖွဲ့ဟာ မြန်မာနိုင်ငံတောင်ပိုင်း ကရင်ပြည်နယ်မှာ သန္ဓေတည်ပြီး စစ်အာဏာရှင်စနစ် ကို တိုက်ထုတ်တွန်းလှန်ခဲ့တာ ဒီနေ့ အောက်တိုဘာ ၆ ရက်ဆိုရင် ငါးနှစ်ပြည့်မြောက်ခဲ့ပြီလို့ သိရပါတယ်။
၂၀၂၂ ခုနှစ်မှာ 96 Soldiers – PDF အညာတပ်ခွဲကို တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့သလို လက်ရှိမှာဆိုရင်လည်း ဧရာဝတီ တိုင်းမှာ မဟာမိတ်တွေနဲ့လက်တွဲပြီး အကြမ်းဖက်စစ်တပ်ကို ခြေသလုံလုံနဲ့ တိုက်ခိုက်ချေမှုန်းနေပြီး အောင်ပွဲတွေ ရယူနေတယ်လို့ ဆိုပါတယ်။
ဒီငါးနှစ်ကျော် တော်လှန်ရေးကာလမှာ 96 Soldiers - PDF နဲ့အတူ တိုက်ပွဲဝင်ရင်း အသက်ခန္ဓာပေးဆပ်ပြီး ကျဆုံးသွားတဲ့ ရဲဘော်တွေ၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးတဲ့အထိ စွန့်လွှတ်တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်တွေနဲ့ ရန်သူ့ လက်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ရဲဘော်တွေကို ထာဝစဥ်အောက်မေ့သတိရနေမှာြဖစ်သလို ဥဒါန်းတွင်ရစ်မယ့် အာဇာနည်တွေလို့လည်း ဂုဏ်ပြုထားပါတယ်။
ကရင်ပြည်နယ်က အခြေခံစစ်သင်တန်းနဲ့ တိုက်ပွဲအတွေ့အကြုံတွေ အညာဒေသက တိုက်ပွဲအတွေ့အကြုံ တွေ မဟာမိတ်တွေနဲ့ လက်တွဲတိုက်ပွဲဝင်ခဲ့ရတဲ့ အတွေ့ကြုံတွေကိုပေါင်းစပ်ပြီး စစ်အာဏာရှင်အမြစ်ပြတ် နိုင်ရေး ဆက်လက်ချီတက်နေတယ်လို့ 96 Soldiers - PDF တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
————————————
၇။ရွှေကူ-ငါးအိုးလမ်းမကြီးကို အသုံးမပြုဖို့ KIO/KIA သတိပေး
======================
m.CDM၊ အောက်တိုဘာ ၆
ကချင်ပြည်နယ် ရွှေကူ-ငါးဘိုးလမ်းမကြီးကို အသုံးမပြု KIO/KIA ဘက်က တားမြစ်ထားပြီး ပိတ်ပင်ထားတဲ့ လမ်းပိုင်းတွေကို အသုံးပြုသွားလာသူတွေကို စစ်ကောင်စီရဲ့ သတင်းပေး၊သူလျှိုတွေအဖြစ် သတ်မှတ်မယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) က သတိပေး ထုတ်ပြန်လိုက်ပါတယ်။
ကချင်လွတ်လပ်ရေးကောင်စီ (KIC/KIA)၊ တပ်မဟာ (၁၁) ဒေသ၊ တပ်ရင်း (၁၂) နဲ့ တပ်ရင်း (၂၅) တပ်ရင်းမှူး ရုံးတို့က အောက်တိုဘာ ၅ ရက်စွဲနဲ့ အများပြည်သူသိရှိနိုင်စေဖို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဒီထုတ်ပြန်ချက်ထဲမှာ တပ်မဟာ ၁၁၊ တပ်ရင်း ၂၅ နယ်မြေအတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ ရွှေကူ-ငါးဘိုးလမ်းမကြီးကို KIO/KIA ဘက်က ပိတ်ပင်ထားတဲ့အတွက် ဒီလမ်းပိုင်းမှာ သွားလာလှုပ်ရှားတာ လုံးဝမလုပ်ဖို့ အသိပေးဖော်ပြထားပါတယ်။
ဒေသနေပြည်သူတွေအနေနဲ့ ရွှေကူ-ငါးဘိုလမ်းကို မဖြစ်မနေသွားရမယ်ဆိုရင် KIO/KIA က သတ်မှတ်ပေး ထားတဲ့ လမ်းကြောင်းအတိုင်း သွားလာကြဖို့၊ ပိတ်ပင်ထားတဲ့ လမ်းပိုင်းကနေ ဖြတ်သန်းသွားလာသူတွေကို စစ်ကောင်စီရဲ့ သတင်းပေး၊ သတင်းယူသူ ဒါမှမဟုတ် သူလျှိုအဖြစ် သတ်မှတ်အရေးယူမည်လို့လည်း အသိပေးထားပါတယ်။
ဒါ့အပြင် သတ်မှတ်ထားတဲ့ညွှန်ကြားချက်တွေကို ဖောက်ဖျက်သွားလာတာကြောင့်ဖြစ်လာမယ့် နောက်ဆက် တွဲ ပြဿနာတွေကို တာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ဘူးလို့ KIO/KIA ဘက်က ပြတ်ပြတ်သားသား သတိပေး ထားပါတယ်။
—————————————
၈။မလေးရှားပြန်ပို့သည့် မြန်မာနိုင်ငံသား ၁၀,၀၀၀ ကျော်တွင် ရိုဟင်ဂျာမပါဟု အန်ဝါပြော၊ ထိုင်ဝမ်က မြန်မာခရီးသွားများကို ကျားဖြန့်အန္တရာယ် သတိပေး
===================
m.CDM အောက်တိုဘာ ၆
မလေးရှားနိုင်ငံက ယခုနှစ် ဇန်နဝါရီလမှစ၍ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့သည့် မြန်မာနိုင်ငံသား ၁၀,၀၀၀ ကျော်အနက် ရိုဟင်ဂျာတစ်ဦးမျှ မပါဝင်သေးကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က အောက်တိုဘာ ၆ ရက်တွင် လွှတ်တော်အတွင်း ပြောဆိုခဲ့သည်။
မလေးရှားနှင့် မြန်မာအကြား ပြန်လည်ပို့ဆောင်ရေး သဘောတူညီချက်တွင် ရခိုင်၊ ကရင်၊ ရှမ်းနှင့် ရိုဟင်ဂျာအပါအဝင် မြန်မာနိုင်ငံသား လူမျိုးစုအားလုံး အကျုံးဝင်ကြောင်း၊ လက်ရှိအချိန်အထိ ရိုဟင်ဂျာများကို ပြန်လည်ပို့ဆောင်ထားခြင်း မရှိသေးသော်လည်း ယင်းကိစ္စ ဆွေးနွေးမှုများ ဆက်လက်ရှိနေကြောင်း ၎င်းက ဆိုသည်။
မကြာသေးမီက မလေးရှားမှ မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို မြန်မာရေတပ်သင်္ဘောများဖြင့် ပြန်လည်ပို့ဆောင်ခဲ့ပြီး အောက်တိုဘာ ၄ ရက်တွင် ရန်ကုန်အပြင်ဘက်ရှိ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။
ပြန်လည်ပို့ဆောင်ခံရသူများသည် မိမိတို့၏ သဘောဆန္ဒဖြင့် ပြန်လည်သွားရောက်ရန် သဘောတူထားကြောင်းနှင့် ပြန်လည်ရောက်ရှိပြီးနောက် သင့်လျော်စွာ ဆက်ဆံခံရရေး၊ လူ့အခွင့်အရေးချိုးဖောက်မှု မခံရရေးအတွက် မလေးရှားဘက်က အာမခံချက်များ တောင်းခံထားကြောင်း အန်ဝါက ပြောသည်။
သို့သော် မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်ပွားနေခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများ၊ အဓမ္မစစ်သားစုဆောင်းမှုများ ရှိနေခြင်းကြောင့် ဒုက္ခသည်များကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းသည် အန္တရာယ်ရှိနိုင်ကြောင်း ကုလသမဂ္ဂအပါအဝင် လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်ထားသည်။
အန်ဝါက မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံသားများ ပြန်လည်ပို့ဆောင်ရေးကိစ္စ ဆွေးနွေးရန်ရှိကြောင်း ပြောဆိုထားပြီး မင်းအောင်လှိုင်သည် အောက်တိုဘာ ၆ ရက်မှ ၈ ရက်အထိ မလေးရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။
တစ်ဖက်တွင် ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အောက်တိုဘာ ၆ ရက်တွင် မြန်မာနိုင်ငံသို့ ခရီးသွားမည့် ထိုင်ဝမ်နိုင်ငံသားများကို သတိပေးချက် ထုတ်ပြန်ခဲ့သည်။
ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဌာန ညွှန်ကြားရေးမှူးချုပ် မိုက်ကယ်ချောင်ဟွန်းလင်း (Michael Chau-Horng Lin) က အတင်းအကျပ် အလုပ်ခိုင်းစေသည့် ကျားဖြန့်စခန်းများ ရှိနိုင်သည့် ဒေသများသို့ အထူးသဖြင့် မသွားရန် တိုက်တွန်းထားသည်။
မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိုင်ဝမ်ကိုယ်စားလှယ်ရုံးအနေဖြင့် အရေးပေါ်အကူအညီပေးခြင်းနှင့် ကယ်ဆယ်ရေးဆောင်ရွက်နိုင်မည့် လမ်းကြောင်းများမှာ အလွန်နည်းပါးနေကြောင်း ၎င်းက ပြောသည်။
ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံကို ပြည်နယ်နှင့်ဒေသအလိုက် အဝါရောင်အဆင့် သတ်မှတ်ထားသော်လည်း ရခိုင်ပြည်နယ်အပါအဝင် အချို့ဒေသများကို အနီရောင်အဆင့်၊ အမြင့်ဆုံးအန္တရာယ်အဆင့် သတ်မှတ်ထားကြောင်း သိရသည်။
အခြားဒေသများတွင်လည်း ကျားဖြန့်စခန်းများ ပြန်လည်ပေါ်ပေါက်လာနိုင်ပြီး ယင်းစခန်းများသည် စက်မှုဇုန် သို့မဟုတ် စက်မှုဥယျာဉ်ပုံစံမျိုးဖြင့် တည်ရှိနိုင်ကြောင်း မိုက်ကယ်ချောင်ဟွန်းလင်းက ပြောသည်။
မြန်မာနိုင်ငံသို့ ခရီးသွားရန် စီစဉ်ထားသူများအနေဖြင့် ခရီးစဉ်မစတင်မီ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကောင်စူလာရေးရာဗျူရို ဝက်ဘ်ဆိုက်တွင် ခရီးသွားသတိပေးချက်များနှင့် လုံခြုံရေးဆိုင်ရာ အချက်အလက်များကို ကြိုတင်စစ်ဆေးရန်လည်း တိုက်တွန်းထားသည်။
———————————
၉။အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မလေးရှားခရီးစဉ်ကို APHR ကန့်ကွက်ပြီး မြန်မာစစ်တပ်ကို အသိအမှတ်မပြုဖို့ တောင်းဆို
=====================
m.CDM၊ အောက်တိုဘာ ၆
လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ - APHR က မင်းအောင်လှိုင်ရဲ့ မလေးရှားခရီးစဉ် ကို APHR က ကန့်ကွက်လိုက်ပြီး စစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရာရောက်မယ့် လုပ်ရပ်တွေမလုပ်ဖို့နဲ့ မြန်မာနိုင်ငံသားတွေ ပြန်လည်ပို့ဆောင်တဲ့ကိစ္စမှာ သူတို့ရဲ့လုံခြုံရေးကို အလဲအလှယ် အနေနဲ့ အသုံးမပြုဖို့ မလေးရှားအစိုးရကို တောင်းဆိုလိုက်ပါတယ်။
မင်းအောင်လှိုင်ဟာ တရားဝင်ခရီးစဉ်အဖြစ် မလေးရှားနိုင်ငံကို အောက်တိုဘာ ၆ ရက်မှာ ရောက်ရှိလာ မှာဖြစ်ပြီး မလေးရှားအစိုးရက တရားဝင်ဧည့်သည်အဖြစ် လက်ခံတာဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနဲ့ စစ်တပ်က မြန်မာပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို လက်ခံတဲ့သဘော သက်ရောက် စေတယ်လို့ APHR က ထောက်ပြထားပါတယ်။
“မလေးရှားအနေနဲ့ မင်းအောင်လှိုင်ကို လက်ခံမတွေ့ဆုံသင့်ပါဘူး။ သူ့အတွက် ကော်ဇောနီခင်းပေးလိုက်တိုင်း လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အတင်းအကျပ် စစ်မှုထမ်းခိုင်းခံနေရတဲ့ မြန်မာပြည်သူတွေကို ဒေသတွင်း နိုင်ငံတွေက လက်ခံလိုက်ပြီဆိုတဲ့ သတင်းစကားပေးရာရောက်ပါတယ်” လို့ အင်ဒိုနီးရှား အောက်လွှတ်တော်အမတ်လည်းဖြစ် APHR ဥက္ကဋ္ဌလည်းဖြစ်တဲ့ Mercy Chriesty Barends က ပြောပါတယ်။
အာဆီယံအနေနဲ့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုသလို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာစစ်ခေါင်းဆောင်တွေကိုလည်း အာဆီယံထိပ်သီးအစည်းအဝေးတွေကို တက်ရောက်ခွင့် မပြုထားဘူးလို့ APHR က ဖော်ပြထားပါတယ်။
ဒီအခြေအနေမှာ အာဏာသိမ်းစစ်ကောင်စီကို အပြင်းထန်ဆုံးဝေဖန်သူတွေထဲက တနိုင်ငံဖြစ်တဲ့ မလေးရှား အနေနဲ့ မင်းအောင်လှိုင်ကို တရားဝင်ခရီးစဉ်အဖြစ် လက်ခံတာဟာ သူတို့အတွက် နိုင်ငံတကာအသိအမှတ်ပြု မှု ရရှိရေး အရေးပါတဲ့ အောင်မြင်မှုတရပ် ဖြစ်လာနိုင်တယ်လို့လည်း သုံးသပ်ထားပါတယ်။
မင်းအောင်လှိုင်ဟာ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာတွေအပေါ် စစ်တပ်က စစ်ဆင်ရေးကို ဦးဆောင်ခဲ့သူဖြစ်တာ ကြောင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC ရဲ့ အစိုးရရှေ့နေကလည်း လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ဖမ်းဝရမ်းထုတ်ပေးဖို့ တောင်းဆိုခံထားရသူလည်းဖြစ်တယ်လို့ APHR က ထောက်ပြ ထားပါတယ်။
ဒါ့အပြင် မင်းအောင်လှိုင်ဟာ လက်ရှိရာထူးကို ရယူထားတာကြောင့် ICC ရဲ့ အမှုဆောင်အာဏာကနေ ကင်းလွတ်ခွင့်ရမှာ မဟုတ်ဘူးလို့ ICC ဘက်က ရှင်းလင်းထားတယ်လို့ APHR က ပြောထားပါတယ်။
APHR က မလေးရှားနိုင်ငံဟာ ကမ္ဘာ့အခြားဒေသတွေမှာ နေရပ်စွန့်ခွာခဲ့ရသူတွေနဲ့ ဖိနှိပ်ခံနေရသူတွေအတွက် အခိုင်အမာ ထောက်ခံပြောဆိုခဲ့တဲ့ နိုင်ငံတနိုင်ငံဖြစ်တာကြောင့် မြန်မာနိုင်ငံက ပြည်သူတွေအပေါ် တုံ့ပြန်ရာ မှာလည်း ဒီမူဝါဒကို ဆက်လက်ကျင့်သုံးသင့်တယ်လို့ တိုက်တွန်းထားပါတယ်။
————————————
၁၀။ရန်ကုန်မှာ တပတ်အတွင်း လူငယ် ၃၀ ကျော် ပေါ်တာဆွဲခံရ
=======================
m.CDM၊ အောက်တိုဘာ ၆
ရန်ကုန်မြို့တော်မှာ ပြီးခဲ့တဲ့ တပတ်အတွင်း မတရားပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ် ၃၀ ကျော်ရှိတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေကိုဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က ထုတ်ပြန်ပါတယ်။
ရန်ကုန်မြို့တော်မှာ စက်တင်ဘာ ၂၈ ကနေ အောက်တိုဘာ ၄ ရက်အတွင်း မြို့နယ် ၁၀ ခုက လူငယ် ၃၄ ဦး ဖမ်းဆီးခံခဲ့ရတာကို RSN က မှတ်တမ်းနဲ့တကွ ထုတ်ပြန်လာတာပါ။
RSN ကရရှိထားတဲ့စာရင်းတွေအရ ကျောက်တံတားမြို့နယ်မှာ ၁၀ ဦး၊ ကမာရွတ်မြို့နယ်မှာ ၆ ဦး၊ စမ်းချောင်း မြို့နယ်မှာ ၅ ဦး၊ အင်းစိန်မြို့နယ်မှာ ၅ ဦး၊ သင်္ဃန်းကျွန်းမြို့နယ်မှာ ၂ ဦး၊ အရှေ့ဒဂုံ၊ မြောက်ဒဂုံ၊ သာကေတ၊ တာမွေ၊လှိုင်နဲ့ အခြားမြို့နယ် တခုမှာ တဦးစီ ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
စည်ပင် ကြိုပို့ ကားပေါ်တင်ခေါ်သွားတာတွေဟာ ထူးခြားမှုဖြစ်ပြီး လမ်းမပေါ် ရှိနေချိန် ဆွဲခံရတာ အရပ်ကား ရဲကား စစ်ကား နဲ့ပေါ်တာဆွဲ ဖမ်းဆီးတာတွေကတော့ အရင်လို့ပါပဲလို့ RSN တာဝန်ရှိသူတွေက ပြောပါတယ်။
ရန်ကုန်မြို့မှာ လတ်တလော အဖမ်းအဆီးများဦးမယ်လို့ ယူဆပြီး နေအိမ်တွေအထိ လိုက်ခေါ်တာတွေလည်း ရှိလာနိုင်တယ်လို့ RSN က သုံးသပ်ထားပါတယ်။
စစ်မှုထမ်းအပတ်စဉ်သစ် စခါနီးတဲ့အချိန်တိုင်း ရန်ကုန်မြို့မှာ စစ်တပ်ရဲ့ မတရားဖမ်းဆီးခံရများလေ့ရှိတယ် လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အခုအောက်တိုဘာမှာလည်း စစ်မှုထမ်းအပတ်စဥ် (၂၉) ကို စတင်နိုင်ဖို့ ကြိုးစားနေ တာကြောင့် ရန်ကုန်၊ မန္တလေးအပါအဝင် အခြားမြို့ကြီးတွေမှာလည်း စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲ ဖမ်းဆီးတာတွေ စစ်အုပ်စုဘက်က ဆက်တိုက်ပြုလုပ်နေပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ ၂၀၂၄ ဇူလိုင်ကနေ ၂၀၂၆ သြဂုတ်အတွင်း ပြည်သူ့စစ်မှုထမ်း (ပစ) အပတ်စဥ် ၂၇ ခု ဖွင့်လှစ်ခဲ့ပြီး အင်အား ၁၃၅,၀၈၀ ခန့် အဓမ္မစုစည်းခဲ့ပြီး အဲဒီအင်အားကို အသုံးပြုကာ လူလှိုင်းစစ်ဆင်ရေး တွေ နိုင်ငံအနှံ့ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီး ဌာနက စက်တင်ဘာ ၁၈ ရက်ကပဲ အသိပေးထုတ်ပြန်ထားပါတယ်။
စစ်တပ် စစ်ကြောင်းတွေမှာ ပြည်သူ့စစ်မှုထမ်း (ပစ) အင်အား ၈၀ ရာခိုင်နှုန်းခန့်အထိ ပါဝင်နေတာ တွေ့ရပြီး ပြည်သူ့စစ်မှုထမ်း (ပစ) အင်အားကို အလောင်းအစားလုပ် ထိုးစစ်ဆင်နေပေမယ့် ပြည်သူ့တော်လှန်ရေးအဖွဲ့ အစည်းတွေရဲ့ ထိရောက်တဲ့ တိုက်ခိုက်ချေမှုန်းမှုတွေကြောင့် ထိခိုက်ဆုံးရှုံးမှု အလွန်များနေတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် အရွယ်ရောက်ပြီး လူငယ်တွေအနေနဲ့ စစ်အုပ်စုရဲ့ အဓမ္မစစ်သားစုဆောင်းခံရမယ့်အရေးကို နည်းလမ်းအစုံသုံးပြီး ရှောင်ရှားကြဖို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။
ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်ခါးရှဲလ်တို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။
--

Send email to - editors@moemaka.net to contact and contribute with us!
MoeMaKa on the Facebook Page from here (For Burma / Myanmar User)
MoeMaKa News & Media covering Burmese Community
http://www.MoeMaKa.Com - Burmese Language
http://eng.MoeMaKa.net - English Edition
http://moemaka.net/omeka2/ - Audio & Video Archives

Moemaka Multimedia is a tax-exempt organization in Richmond, California. Donations to Moemaka Multimedia are tax deductible. This organization has been in operation for more than 20 years. EIN - 26-1387654
No comments:
Post a Comment