၁၀ - ၁၁ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )
မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့
၁။မော်လူးတိုက်ပွဲအတွင်း စစ်စခန်း ၃ ခုကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်၊ လက်နက်ခဲယမ်းနဲ့ သုံ့ပန်းတွေရရှိ
၂။ရိုဟင်ဂျာအရေး ဖြေရှင်းဖို့ စစ်အုပ်စုနဲ့ရော အာရက္ခတပ်တော်နဲ့ပါ ဆွေးနွေးနေတယ်လို့ ဘင်္ဂလားဒေ့ရှ် ဆို၊ရခိုင်ဟာ သီးခြားနယ်မြေ ဖြစ်လာနိုင်လို့ AA နဲ့ ဆက်ဆံရေးကောင်းဖို့ လိုတယ်လို့ အကြံပေးဟောင်း ပြော၊
၃။တစ်လအတွင်း CI စာအုပ် လာလုပ်သူ တစ်သောင်းခွဲခန့်သာ ရှိတယ်လို့ စစ်အုပ်စုခန့် အလုပ်သမားဝန်ကြီး ဆို၊CI ဖျက်သိမ်းရေး ကမ်ပိန်းမှာ ထိုင်းရောက်မြန်မာလုပ်သား ၂ သန်းကျော် ပါဝင်
၄။ပေါက်မြို့နယ်တောင်ပိုင်းကို အကြမ်းဖက်စစ်တပ်က နေ့စဉ်တိုက်ခိုက်နေလို့ ထောင်နဲ့ချီတဲ့ဒေသနေပြည်သူတွေ တိမ်းရှောင်နေရ စတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
အခုပထမဆုံးအနေနဲ့

==================
m.CDM၊ နိုဝင်ဘာ ၉
မန္တလေး - မြစ်ကြီးနားကားလမ်းပေါ်က အင်းတော်မြို့နယ် မော်လူးမြို့နဲ့ အနီးဝန်းကျင်ကျေးရွာတွေမှာြဖစ်တဲ့ တိုက်ပွဲ တွေမှာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်စခန်း ၃ ခုကို သိမ်းပိုက်ရရှိထားပြီး လက်နက်ခဲယမ်းနဲ့ သုံ့ပန်းတွေရရှိထားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
အခု နိုဝင်ဘာ ၄ ရက်နေ့က မော်လူးမြို့ပေါ်က စစ်ကောင်စီတပ်စခန်းတွေနဲ့ စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီးတဲ့နောက် တိုက်ပွဲတွေ စတင်လာခဲ့တာပါ။
အဲဒီနောက် မော်လူးမြို့အုပ်စုမှာပါတဲ့ စီပိန်း၊ ဖားပန့်နဲ့ ပင်ဝယ် စတဲ့ကျေးရွာတွေက စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးတပ်တွေ တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့သိမ်းပိုက်ခဲ့တာလို့ ဒေသတွင်း သတင်းရင်းမြစ်တွေက အသိပေးပါတယ်။
အခုလိုတိုက်ခိုက်ရာမှာ နိုဝင်ဘာ ၇ ရက်နေ့က စီပိန်း၊ ဖားပန့်နဲ့ ပင်ဝယ်ရွာက စစ်ကောင်စီစခန်း ၃ ခုကို တော်လှန်ရေး ပူးပေါင်းတပ်တွေ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲတွေမှာ ရန်သူစကစဘက်က ၃၆ ဦး သေဆုံး ကာ ၃၈ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တဲ့အပြင် လက်နက်ခဲယမ်းတွေလည်း အများအပြား သိမ်းဆည်းရရှိခဲ့တာ လို့ သိရပါတယ်။
စစ်ကောင်းတပ်တွေ အထိနာနေတာကြောင့် မိုးညှင်း၊ ဟိုပင်နဲ့ မိုးကောင်းဘက်မှာရှိတဲ့ ရှမ်းနီပြည်သူ့စစ်အဖွဲ့တွေနဲ့ SNA ခြေလျင်တပ်တွေ မော်လူးမြို့က စစ်ကောင်စီတပ်တွေဆီ စစ်ကူအဖြစ်ရောက်ရှိလာတယ်လို့ ဒေသတွင်းတော်လှန်ရေး ရဲဘော်တွေက အသိပေးပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတာကြောင့် ဒေသနေ အရပ်သားအချို့ ထိခိုက်သေဆုံးတာတွေရှိနေပြီး လူနေအိမ်တွေလည်း မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။
———————————
၂။မိုးမိတ်တိုက်ပွဲမှာ KIA နဲ့ PDF ရဲ့ တန်ပြန်ထိုးစစ်ကြောင့် စကစစစ်ကြောင်း မြို့အနီးထိ ဆုတ်ခွာ
===================
m.CDM၊ နိုဝင်ဘာ ၉
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာြဖစ်တဲ့တိုက်ပွဲမှာ ကချင်လွတ်လပ်ရေး တပ်မတော် KIA နဲ့ PDF တို့ရဲ့ တန်ပြန်ထိုးစစ်ကြောင့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ မိုးမိတ်မြို့အနီးထိ ဆုတ်ခွာသွားရတယ်လို့ ကချင်ဒေသ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မိုးမိတ်-မြစ်ဆုံ-မဘိမ်း လမ်းကြောင်းကိုထိန်းချုပ်နိုင်ဖို့ မိုးမိတ်မြို့ကို စစ်အင်အားအလုံးအရင်း နဲ့ အောက်တိုဘာလဆန်းပိုင်းကစပြီး ထိုးစစ်ဆင်နေတာပါ။
အကြမ်းဖက်စစ်တပ်က ထိုးစစ်ဆင်လာတာကို KIA နဲ့ PDF ပူးပေါင်းတပ်တွေဘက်က တန်ပြန်ထိုးစစ်နဲ့ တိုက်ခိုက်တာ ကြောင့် နိုဝင်ဘာ ၈ ရက်မှာ စစ်တပ်စစ်ကြောင်းတွေဟာ မြို့အနီး ၃ မိုင်အထိ ဆုတ်ခွာနေရပြီလို့ ဒေသစစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိမှာတော့ ဆုတ်ခွာသွားတဲ့ စစ်တပ်စစ်ကြောင်းတွေကို KIA နဲ့ PDF ပူးပေါင်းတပ်တွေ လိုက်လံတိုက်ခိုက် ချေမှုန်း နေဆဲပါ။
KIA နဲ့ PDF ပူးပေါင်းတပ်တွေရဲ့ တန်ပြန်ထိုးစစ် တပတ်တာကာလအတွင်း လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့သလို သုံ့ပန်းတွေလည်း ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။
မိုးမိတ်ဒေသကို အကြမ်းဖက်စစ်တပ်ရဲ့ အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ ၁ လက်အောက်ခံ တပ်ရင်း ၃ ခု ပါတဲ့အဖွဲ့ ထိုးစစ်ဆင်လာတာဖြစ်ပေမယ့် KIA နဲ့ PDF ပူးပေါင်းတပ်တွေရဲ့ တန်ပြန်ထိုးစစ်အောက်မှာ အထိနာပြီး တပ်ဆုတ်နေရတာလည်း ဖြစ်ပါတယ်။
——————————
၃။ရိုဟင်ဂျာအရေး ဖြေရှင်းဖို့ စစ်အုပ်စုနဲ့ရော အာရက္ခတပ်တော်နဲ့ပါ ဆွေးနွေးနေတယ်လို့ ဘင်္ဂလားဒေ့ရှ် ဆို၊ရခိုင်ဟာ သီးခြားနယ်မြေ ဖြစ်လာနိုင်လို့ AA နဲ့ ဆက်ဆံရေးကောင်းဖို့ လိုတယ်လို့ အကြံပေးဟောင်း ပြော၊
=================
m.CDM နိုဝင်ဘာ ၉ ရက်။
ရိုဟင်ဂျာအကျပ်အတည်းကို ဖြေရှင်းဖို့အတွက် အမျိုးသားမဟာဗျူဟာရေးဆွဲရေး ကော်မတီတစ်ရပ် ဖွဲ့စည်းထ ားပြီး စစ်ကော်မရှင် နဲ့ရော အာရက္ခတပ်တော် နဲ့ပါ ဆက်သွယ်ဆွေးနွေးနေတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဒု-ဝန်ကြီး Shama Obaed Islam က ပြောဆိုလိုက်ပါတယ်။
နိုဝင်ဘာလ ၈ ရက်နေ့က ဒါကာမြို့မှာပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ ဒု-ဝန်ကြီးက ရိုဟင်ဂျာ အကျပ်အတည်းဟာ နိုင် ငံရေးပြဿနာဖြစ်လို့ သမားရိုးကျ သံတမန်လမ်းကြောင်းနဲ့တင် နေရပ်ပြန်ပို့ရေးအောင်မြင်မယ်လို့ ယူဆတာဟာ ရိုးအလွန်းရာကျကြောင်း ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ အလွန်တရာမတည်ငြိမ်ကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ်ရှိ နိုင်ငံရေးပါတီ အားလုံး အနေဖြင့် ရိုဟင်ဂျာအရေး သဘောတူညီချက်ရရှိစေဖို့ နိုင်ငံတကာ အသိုက်အဝန်းအား ဖိအားပေးရာမှာ လက်တွဲ ပူးပေါင်းဆောင်ရွက်သင့်ကြောင်းလည်း တိုက်တွန်းခဲ့ပါတယ်။
အဆိုပါ ဆွေးနွေးပွဲမှာပဲ ဘင်္ဂလားဒေ့ရှ် အစိုးရအကြံပေးဟောင်း အငြိမ်းစားဗိုလ်မှူးချုပ် M Sakhawat Hossain က ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ် အနေဖြင့် ရိုဟင်ဂျာအရေးကို လူသားချင်းစာနာမှု သက်သက်မဟုတ်ဘဲ မဟာဗျူဟာမြောက်ရှုထောင့်ကနေ ကြည့်မြင်ဖို့လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။
ရခိုင်ပြည်နယ်ဟာ မကြာခင်မှာ ကွန်ဖက်ဒရေးရှင်း သို့မဟုတ် အလားတူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခု ဖြစ် လာနိုင်တာကြောင့် အာရက္ခတပ်တော် (AA) နဲ့ တိုက်ရိုက်ဖြစ်စေ၊ တတိယပုဂ္ဂိုလ်က တစ်ဆင့်ဖြစ်စေ ကောင်းမွန် တဲ့ ဆက်ဆံရေးထိန်းသိမ်းပြီး ညှိနှိုင်းဆောင်ရွက်ဖို့ သူက တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် ရိုဟင်ဂျာအရေးမှာ အိန္ဒိယနိုင်ငံက ကူညီမှာမဟုတ်တဲ့အတွက် တရုတ်နိုင်ငံနဲ့ အဆိုပြုထားတဲ့ စီးပွားရေး စင်္ကြံကိစ္စကို စဉ်းစားသုံးသပ်သင့်ပြီး၊ ဒါဟာ နေရပ်ပြန်ပေးရေး လုပ်ငန်းစဉ်တွေမှာ အကျိုးရှိတဲ့ အင်အားတစ်ရပ် ဖြစ်လာနိုင်တယ်လို့လည်း အကြံပြုခဲ့ပါတယ်။
------------------------
၄။တစ်လအတွင်း CI စာအုပ် လာလုပ်သူ တစ်သောင်းခွဲခန့်သာ ရှိတယ်လို့ စစ်အုပ်စုခန့် အလုပ်သမားဝန်ကြီး ဆို၊CI ဖျက်သိမ်းရေး ကမ်ပိန်းမှာ ထိုင်းရောက်မြန်မာလုပ်သား ၂ သန်းကျော် ပါဝင်
=================
m.CDM နိုဝင်ဘာ ၉ ရက်။
ထိုင်းရောက်မြန်မာလုပ်သားတွေဆီက အခွန်ကောက်ဖို့ စစ်အုပ်စုကလုပ်ပေးနေတဲ့ CI စာအုပ်ကို တစ်လအတွင်း လာလုပ်သူ တစ်သောင်းခွဲ ခန့်သာ ရှိသေးတယ်လို့ စစ်ကော်မရှင်ခန့် အလုပ်သမားဝန်ကြီး မင်းကင်းမောင်မြင့် က ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့ကစပြီး ထိုင်းနိုင်ငံက ခရိုင်မြို့တွေ ဖြစ်တဲ့ စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင် နဲ့ ချွန်ဘူရီ တို့မှာ စစ်ကော်မရှင်က CI စခန်းတွေကို ဖွင့်လှစ်ခဲ့တာဖြစ်ပြီး၊ တစ်လအတွင်း လူဦးရေး သိန်း ဂဏန်းလောက် လုပ်ပေးဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
"ကျွန်တော်တို့ကတော့ တစ်ရက်တစ်ရက်ကို လေးငါးထောင်လောက် လုပ်ပေးလို့ရှိရင် ဒီအချိန်လောက်ဆိုရင်ဖြင့် သိန်းဂဏန်းလောက် ပြီးပြီလို့ ယူဆပေမဲ့ အခုအချိန်မှာ အဘက်ဘက်က အနှောင့်အယှက်တွေကြောင့် စုစုပေါင်း လူတစ်သောင်းခွဲလောက်ပဲ လုပ်ပေးပြီးပါသေးတယ်" လို့ ဦးမောင်မြင့် က ပြောပါတယ်။
CI စာအုပ်ဟာ ပန်းရောက်ဘတ်ကတ် အသစ်လုပ်ထားတဲ့ မြန်မာအလုပ်သမား ၇ သိန်းကျော်နဲ့ သက်ဆိုင်နေပြီး၊ လမ်းစားရိတ်နဲ့ ပွဲစားခတွေပါပေါင်းရင် လုပ်သားတစ်ဦးကို အနည်းဆုံး ဘတ် ၁ သောင်းကျော်ကနေ ၂ သောင်းထိ ကုန်ကျနေတယ်လို့ သိရပါတယ်။
စာအုပ်ဖိုးနဲ့ အခွန် ၂ ရာခိုင်နှုန်းအပြင် စစ်အုပ်စုက သတ်မှတ်ထားတဲ့ လမ်းကြောင်းတွေကနေ လစာ ၂၅ ရာခိုင်နှုန်း (ဘတ် ၇,၈၀၀ ခန့်)ကို ပြန်လွှဲထားတဲ့ အထောက်အထား ပြရမှာဖြစ်ပြီး၊ နိုင်ငံတော်အတွက် အလှူအဖြစ် သဘော ထားဖို့လည်း မင်းကင်းမောင်မြင့် က တိုက်တွန်းခဲ့ပါတယ်။
တစ်ဖက်မှာလည်း ထိုင်းရောက်မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ MMWRCCT အဖွဲ့က ဦးဆောင်ပြီး CI စာအုပ် ဖျက်သိမ်းရေး ကမ်ပိန်း ပြုလုပ်နေရာမှာ ၅ ရက်အတွင်း မြန်မာအလုပ်သမား ၂ သန်းကျော် လက်မှတ် ရေးထိုးပြီး ပါဝင်လာတယ်လို့ ဆိုထားပါတယ်။
မြန်မာအလုပ်သမားတွေက ပန်းရောင်ကတ် တစ်မျိုးတည်းနဲ့ နေထိုင်၊ အလုပ်လုပ်ခွင့်ပြုဖို့ တောင်းဆိုနေကြပေမဲ့ CI စင်တာတွေရဲ့ အခန်းကဏ္ဍဟာ လိုအပ်နေဆဲဖြစ်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး ဂျူလာပေါင် အမွန်ဗီဗတ် က နိုဝင်ဘာလ ၆ ရက်နေ့မှာ မှတ်ချက်ပေးခဲ့ပါတယ်။
ဒါပေမယ့် အလုပ်သမားတွေရဲ့ ဝင်ငွေ ၂၅ ရာခိုင်နှုန်းကို မြန်မာပြည်ပြန်လွှဲထားတဲ့ အထောက်အထားပြမှ CI လုပ် ပေးမယ်ဆိုတဲ့ စစ်အုပ်စုရဲ့ သတ်မှတ်ချက်ကိုတော့ နိုင်ငံတကာ စံနှုန်းတွေနဲ့ မကိုက်ညီနေတာကြောင့် ထိုင်းအစိုးရ အနေနဲ့ ကန့်ကွက်ထားတယ်လို့ အသိပေးပြောကြားခဲ့ပါတယ်။
--------------------
၅။ရေးမှာ စစ်ကော်မရှင်တပ်နဲ့ ရေးဘီလူး တပ်ရင်း တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦး သေဆုံး၊ကော့ကရိတ်မြို့နယ်က စစ်ကော်မရှင် တပ်စခန်း ၃ ခုကို ရာမညမွန်တပ်တော် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊
================
m.CDM နိုဝင်ဘာ ၉ ရက်။
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အမှတ် (၈) လမ်းမကြီးပေါ်က စစ်ကော်မရှင်ရဲ့ အမတ (၃၁၆) အမြောက်တပ်ရင်းအနီး စစ်ကော်မရှင် တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ရင်း က ထုတ်ပြန်ထား ပါတယ်။
နိုဝင်ဘာလ ၉ ရက်နေ့က တနင်္သာရီဘက်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို ရင်ဆိုင်တိုက်ခိုက်ခဲ့ တာဖြစ်ပြီး၊ စစ်ကော်မရှင်တပ်သား ၃ ဦး သေဆုံးကာ ၅ ဦး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အထိနာသွားတဲ့ စစ်ကော်မရှင်တပ်ဟာ ၉ မိုင် ကျေးရွာက လူနာတင်ယာဉ်တွေနဲ့ အရပ်သားကားတွေကို လုယူပြီး ထိခိုက်ဒဏ်ရာရသူတွေကို ရေးမြို့ ဆေးရုံကြီးဆီ သယ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် ကော့ကရိတ်မြို့နယ်ထဲက စစ်ကော်မရှင် တပ်စွဲထားတဲ့ နေရာ ၃ ခုကို ရာမညမွန်တပ်တော် (RMA) က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ ၆ ရက်နေ့က သံကလောင်၊ ဓမ္မသနဲ့ ကော့ဘူး ကျေးရွာတွေမှာ အခြေချ တပ်စွဲထားတဲ့ စစ်ကော်မရှင် တပ်တွေကို RMA ဒရုန်းတပ်ဖွဲ့က ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
၎င်းတိုက်ခိုက်မှုအတွင်း စစ်အုပ်စုဘက်က ထိခိုက်ဒဏ်ရာရမှုတွေ ရှိတယ်လို့ သိရပြီး၊ အသေးစိတ်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကာ RMA ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။
------------------
၆။ပေါက်မြို့နယ်တောင်ပိုင်းကို အကြမ်းဖက်စစ်တပ်က နေ့စဉ်တိုက်ခိုက်နေလို့ ထောင်နဲ့ချီတဲ့ဒေသနေပြည်သူတွေ တိမ်းရှောင်နေရ
===================
m.CDM၊ နိုဝင်ဘာ ၉
မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းကရွာတွေကို အာဏာသိမ်း အကြမ်းဖက်စစ်တပ်က အသေခံဒရုန်းတွေအပါအ၀င် လက်နက်ကြီးတွေနဲ့ နေ့စဉ် တိုက်ခိုက်နေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသနေပြည်သူတွေ ဘေးလွတ်ရာ တိမ်းရှောင်နေ ရတယ်လို့ ပေါက်မြို့နယ်လူသားစာနာဌာနက နိုဝင်ဘာ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။
ပေါက်မြို့နယ်တောင်ပိုင်း ဝန်ခြုံး၊ ကျောက်ခွက်၊အိုင့်ကျယ်၊သီးချောက်၊ သရဖီနဲ့ လယ်လန်း စတဲ့ရွာတွေကို အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-၂၄ က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို ပခုက္ကူတပ်မ ၁၀၁ ကနေပြီး အသေခံ ဒရုန်းတွေနဲ့ နေ့စဥ်လိုလို တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကျေးရွာ ၆ ရွာက အိမ်ထောင်စု တထောင်နီးပါး လူဦးရေ ၃ ထောင်ကျော် နေရပ်မပြန်ရဲဘဲ တောတောင်တွေ ကြားမှာ စစ်ဘေးရှောင်နေရတာပါ။
လက်ရှိမှာ ရာသီဥတုအခြေအနေတွေကြောင့် စစ်ဘေးရှောင်တွေရဲ့ ကျန်းမာရေးနဲ့စားနပ်ရိက္ခာ အခက်အခဲတွေရှိနေ တယ်လို့ ပေါက်မြို့နယ်လူသားစာနာဌာနက ပြောပါတယ်။
နိုတင်ဘာ ၃ ရက်ကလည်း ပေါက်မြို့နယ်တောင်ပိုင်းက ကျောက်ခွက်၊အိုင့်ကျယ်၊လယ်လန်း စတဲ့ရွာတွေကို ပုဂံ-ညောင်ဦးလေဆိပ်က စက်တပ်ယာဉ်ငယ် ဂျိုင်ရိုကောပတာ ၃ စီးနဲ့ လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် ကျောက်ခွက်ရွာက ဆယ်ကျော်သက်အရွယ် အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၂ဦးသေဆုံးခဲ့ရသလို လယ်လန်းရွာက ကိုရင်ကြီးတပါး အပါအဝင် အမျိုးသားတဦးနဲ့အမျိုးသမီး ၅ဦး ဒဏ်ရာရခဲ့ပြီး အသက် ၉၀ အရွယ် အဖွားအိုတဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်ခံရတဲ့နေ့ကတည်းက ဝန်ခြုံး၊ ကျောက်ခွက်၊အိုင့်ကျယ်၊သီးချောက်၊ သရဖီနဲ့ လယ်လန်းရွာက ဒေသနေပြည်သူတွေ ထွက်ပြေးတိမ်ရှောင်နေရတာပါ။
အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ ဆိပ်ဖြူမြို့နယ်ကတဆင့် ပေါက်မြို့နယ်အခြေစိုက် ကပစ-၂၄ ကို အင်အား ဖြည့်ဖို့ အဲဒီလမ်းကြောပေါ်မှာရှိတဲ့ ပေါက်ဒေသတောင်ပိုင်းကို မကြာခဏစစ်ကြောင်းထိုးတာတွေလည်း ရှိနေပါတယ်။
———————————
၇။‘ဦးဆောင်မှုနဲ့ ညီညွတ်မှုရှိရင် တော်လှန်ရေး ၂ နှစ်အတွင်း အောင်မြင်နိုင်တယ်’လို့ ကိုရီးယားက လူထုတွေ့ဆုံပွဲမှာ SCEF ပြောဆို
=================
m.CDM နိုဝင်ဘာ ၉ ရက်။
ဦးဆောင်မှု မှန်ကန်ပြီး၊ ပြည်သူလူထုက ညီညွတ်စွာ ပါဝင်မယ်ဆိုရင် နှစ်နှစ်အတွင်း တော်လှန်ရေး အောင်မြင်နိုင် တယ်လို့ ကိုးရီးယားနိုင်ငံမှာ ပြုလုပ်နေတဲ့ လူထုတွေ့ဆုံပွဲမှာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦး ဆောင်ကောင်စီ (SCEF) ကိုယ်စားလှယ်အဖွဲ့က ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်း၊ ဘူဖျောင်းမြို့ ခန်းမမှာ ကျင်းပခဲ့တဲ့ ကိုရီးယား နိုင်ငံရောက် မြန်မာပြည်သူတွေနဲ့ လူထုတွေ့ဆုံပွဲမှာ SCEF တာဝန်ရှိသူတွေက အခုလို ပြောဆိုခဲ့တာပါ။
၎င်းတွေ့ဆုံပွဲကို SCEF အတွင်းရေးမှူး အဖွဲ့ဝင်၊ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး ၁ Neineh Plo ၊ CNF အထွေထွေအတွင်းရေးမှူး Salai Thla Hei ၊ SCEF ဘဏ္ဍာရေးလုပ်ငန်းအဖွဲ့ဝင်၊ NUG ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းနိုင် တို့ တက်ရောက်ခဲ့ကြပါတယ်။
ကိုရီးယားနိုင်ငံ NUG ကိုယ်စားလှယ်ရုံးကစီစဉ်တဲ့ ဒီတွေ့ဆုံပွဲကို မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်ခဲ့ပြီး တော်လှန်ပြည်သူများ၊ တိုင်းရင်းသားလူမျိုးများနဲ့ အဖွဲ့အစည်းများက သိလိုတာတွေကို မေးမြန်းဆွေးနွေးခဲ့ကြတ ယ်လို့ ဆိုပါတယ်။
မေးခွန်းများအနက် နွေဦးတော်လှန်ရေး ၂ နှစ်အတွင်း အောင်မြင်မလား ဆိုတဲ့ မေးခွန်းကို "ဦးဆောင်မှု မှန်ကန်ပြီး ပြည်သူလူထုကလည်း စုစည်းညီညွတ်စွာ ပါဝင်ကြိုးစားကြမယ်ဆိုရင် မအောင်မြင်နိုင်စရာ မရှိဘူး” လို့ တာဝန်ရှိ သူတွေက ရှင်းလင်းဖြေကြားခဲ့ပါတယ်။
ထို့အပြင် မြန်မာ့နိုင်ငံရေး အခြေအနေတွေ၊ SCEF ရဲ့ ဖွဲ့စည်းမှု၊ ရည်မှန်းချက်နဲ့ လက်တွေ့ ဖြစ်ထွန်းမှုတွေအပြင် ပြည်သူနဲ့ ပူးပေါင်းလုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေကို ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ကိုးရီးယားနိုင်ငံအတွင်း နေထိုင်ခွင့်နဲ့ အထွေထွေ အခက်အခဲတွေကိုလည် ကိုးရီးယားနိုင်ငံဆိုင်ရာ NUG ကိုယ်စာ းလှယ် ဦးရန်နိုင်ထွန်း က ဖြည့်စွက် ဖြေကြားပေးခဲ့ပြီး၊ SCEF ရဲ့ ရှေ့လုပ်ငန်းစဉ်တွေမှာ ကိုးရီးယားနေ ပြည်သူ တွေအနေနဲ့ ပိုမိုပူးပေါင်း ပါဝင်ကြဖို့ တိုက်တွန်းခဲ့တယ်လို့ သိရှိရပါတယ်။
----------------------
၈။တီးတိန်နဲ့ မိုးညှင်းမှာ ရဲတပ်သား ၁ ဦးနဲ့ SNA တပ်သား ၁ ဦး ခဲယမ်း၊ လက်နက်နဲ့တကွ အလင်းဝင်
=================
m.CDM နိုဝင်ဘာ ၉ ရက်။
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကနေဒီတောင် စခန်းမှာ တာဝန်ကျနေတဲ့ ရန်ကုန်အခြေစိုက် အမှတ် ၈ ရဲတပ်ရင်း က ရဲတပ်သား အောင်ဇော်မိုး ဟာ နိုဝင်ဘာလ ၉ ရက်နေ့မှာ ထွက်ပြေးအလင်းဝင်လာတယ်လို့ PDF Zoland က ထုတ်ပြန်ထားပါတယ်။
အလင်းဝင်ရဲတပ်သား အောင်ဇော်မိုး ဟာ စစ်မှုထမ်းဖို့ အဓမ္မ ပေါ်တာဆွဲခံရပြီး ရှေ့တန်း မလိုက်ချင်တာကြောင့် ရဲတပ်ဖွဲ့ထဲ ဝင်ခဲ့တာဖြစ်ပေမယ့် သင်တန်းဆင်းတာနဲ့ ကနေဒီတောင် စခန်းကို ပို့ဆောင်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် သောက်စားမူးယစ်ပြီး ရန်ဖြစ်ရာကနေ အထက်အရာရှိက သတ်ပစ်မယ်လို့ ခြိမ်းခြောက်တာကြောင့် ထွက်ပြေးလာတာဖြစ်ပြီး MA ကျည် ၁၃ တောင့်ကို ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။
အလားတူ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီး ဒေသ၊ နန့်မွန်းမြို့၊ ဟဲပါ ကျေးရွာက ရှမ်းနီအမျိုးသား တပ်မတော် (SNA) တပ်သား ထွန်းလင်း ဆိုသူဟာလည်း နိုဝင်ဘာလ ၆ ရက်နေ့က KIA တပ်မဟာ (၉) တပ်ရင်း (၂၆) ထံ ဆက်သွယ် အလင်းဝင်ခဲ့တယ်လို့ ဆိုပါတယ်။
၎င်းဟာ AK47 သေနတ် ၁ လက်၊ ကျည် ၁၈၉ တောင့်၊ လက်ပစ်ဗုံး ၁ လုံးနဲ့ ကျည်ဘောက် ၃ ခုကို ယူဆောင်လာ တဲ့အတွက် KIA က ဂုဏ်ပြုငွေ ကျပ်သိန်း ၃၀ ချီးမြှင့်ပေးခဲ့ပြီး၊ လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးလိုက်တယ် လို့ သိရှိရပါတယ်။
———————————
၉။အာဆီယံထိပ်သီးအစည်းအဝေးဆီ မင်းအောင်လှိုင်ကို မဖိတ်ဖို့ SAC-M နဲ့ ARPH တိုက်တွန်း
===================
m.CDM၊ နိုဝင်ဘာ ၉
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဆီယံရဲ့ ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ ဖိတ်မှာမဟုတ် ဘူးဆိုတာ တိတိကျကျ ကြိုတင်ထုတ်ပြန်ပေးဖို့ APHR နဲ့ SAC-M တို့က နိုဝင်ဘာ ၉ ရက်မှာ ကြေညာချက်တ စောင်ထုတ်ပြန်ပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံကို တောင်းဆိုလိုက်ပါတယ်။
အာဆီယံ ထိပ်သီးအစည်းအဝေးကို အခု နိုဝင်ဘာ ၁၆ ကနေ ၁၈ ရက်ထိ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ ကျင်းပဖို့ ရှိနေတာမို့ အခုလို တောင်းဆိုလိုက်တာလည်း ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ် 5PC ကို လေးစားလိုက်နာဖို့ ပျက်ကွက်ခဲ့တာကြောင့် အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေးကိုယ်စားလှယ် တက်ရောက်ခွင့် ပိတ်ပင်ခံရတာ ၅ နှစ်ရှိခဲ့ပါပြီ။
အခုလို ဆယ်စုနှစ်တဝက်လောက် ကန့်သတ်ပိတ်ပင်ထားရာကနေ အာဏာသိမ်းမြန်မာစစ်တပ်ရဲ့ ကိုယ်စားလှယ်တွေကို အာဆီယံအစည်းအဝေးတွေ ပြန်တက်ခွင့်ပေးလိုက်မယ်ဆိုရင် စစ်တပ်က ကျူးလွန်ထားတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ကို အားပေးထောက်ခံတဲ့ အဓိပ္ပါယ်ဖြစ်သွားလိမ့်မယ်လို့လည်း APHR နဲ့ SAC-M တို့က သတိပေးထားပါတယ်။
အာဆီယံဘက်က တထစ်လျှော့ပေးလိုက်တာကြောင့် မြန်မာစစ်တပ်ဟာ ပိုပြီး ဆိုးရွားတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ကျူးလွန်ဖို့ အတင့်ရဲလာခဲ့တာကိုလည်း ဒီအဖွဲ့နှစ်ခုက မီးမောင်းထိုးပြထားပါတယ်။
SAC-M ထူထောင်သူတွေထဲမှာပါဝင်ခဲ့တဲ့ ယန်ဟီးလီကတော့ မြန်မာ့အရေးကို အကြောင်းပြုပြီး အာဆီယံရဲ့ နိုင်ငံရေးပိုင်းနဲ့ ကျင့်ဝတ်ပိုင်းကျရှုံးမှုတွေ တိုးလာတဲ့အခြေအနေမျိုးမှာ မင်းအောင်လှိုင်ကို အာဆီယံထိပ်သီး အစည်းအဝေးတက်ဖို့ ခွင့်ပြုလိုက်ရင်တော့ မြန်မာစစ်တပ် လုပ်ချင်ရာလုပ်ဖို့ အာဆီယံက လုံးဝ အလျှော့ပေး ခွင့်ပြု လိုက်တဲ့သဘော ဖြစ်သွားလိမ့်မယ်လို့ ပြောပါတယ်။
ဒါဟာ အာဆီယံ သမိုင်းမှာ ဘယ်တော့မှ ဖျက်လို့ မရတော့မယ့် အမည်းစက်ဖြစ်လာမယ်လို့လည်း ယန်ဟီးလီက သတိပေးပါတယ်။
——————————
၁၀။TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ်ကို MNDAA က သူတို့ရဲ့ အထူးဒေသ(၁) နယ်မြေထဲ ထည့်သွင်းလာ
=============
m.CDM နိုဝင်ဘာ ၉ ရက်။
တအာင်းတပ်မတော် (PSLF/TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်း မြို့နယ်ကို ကိုးကန့်တပ် (MNDAA) က ၎င်းတို့ရဲ့ အထူးဒေသ (၁) ထိန်းချုပ်မှုအောက်ထဲ ထည့်သွင်းဖော်ပြလာခဲ့ပါတယ်။
နိုဝင်ဘာလ ၉ ရက်နေ့မှာ ထုတ်ပြန်တဲ့ MNDAA ရဲ့ ထုတ်ပြန်ချက်အရ အထူးဒေသ (၁)၊ ကွတ်ခိုင်ခရိုင်၊ နမ့်ခမ်း မြို့နယ်မှာ နိုဝင်ဘာလ ၇ ရက်နေ့က လုံခြုံရေးဆိုင်ရာ အသိပေးဟောပြောပွဲ ပြုလုပ်ခဲ့ပြီး၊ ဒေသတွင်း လုံခြုံရေးနဲ့ အုပ်ချုပ်ရေး ခိုင်မာဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
၎င်းထုတ်ပြန်ချက်ဟာ MNDAA ဘက်က နမ့်ခမ်းမြို့နယ်ကို သူတို့ရဲ့ အထူးဒေသ (၁) နယ်မြေအတွင်း ထည့်သွင်း ထားကြောင်း ပထမဆုံးအကြိမ် တရားဝင် ထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။
MNDAA ဟာ ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို ထိုးစစ်ဆင်ခဲ့ပြီး ကွတ်ခို င်-နမ့်ခမ်း နယ်စပ်၊ နမ့်ဖတ်ကာ-နမ့်ခမ်း လမ်းပိုင်းက ၁၂ မိုင်ကျေးရွာအထိ ထိန်းချုပ်လာခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ နမ့်ခမ်းမြို့ပေါ်နဲ့ ကျေးရွာအများစုကို တအာင်းတပ်ကပဲ ဆက်လက်ထိန်းချုပ်ထားပြီး၊ MNDAA ကတော့ ၁၀၂၇ စစ်ဆင်ရေးအပြီး သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ခရိုင် ၄ ခုခွဲကာ အထူးဒေသ (၁) အဖြစ် အုပ်ချုပ်နေတယ်လို့ သိရှိရပါတယ်။
ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်လူလေးတို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။

No comments:
Post a Comment