၁၃ - ၁၁ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )
မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့
၁။ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဖိတ်ကြားချက်အရ “ပါရီငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆” ကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့အဖွဲ့တက်ရောက်
၂။အာဆီယံ ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ကို လာရောက်
၃။အာဆီယံအစည်းအဝေးမှာ စစ်အုပ်စုကိုယ်စားလှယ်ကို တက်ခွင့်မပေးဖို့ ဖိလစ်ပိုင်အမတ်တွေ တောင်းဆို၊နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာခရီးစဉ်မှာ ပြတ်သားတဲ့ သံတမန်သတ္တိပြဖို့ ထိုင်းအမတ်ဟောင်း တိုက်တွန်း၊
၄။ကွတ်ခိုင်မြို့နယ်မှာ ရွာသား တစ်ဦးကို ရိုက်နှက်ခဲ့တဲ့ KIA နဲ့ MNDAA တပ်သားနှစ်ဦးကို ဖမ်းဆီးအရေးယူ စတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
အခုပထမဆုံးအနေနဲ့

=================
m.CDM နိုဝင်ဘာ ၁၂ ရက်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဖိတ်ကြားချက်အရ ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၀ ရက်၊ ၁၁ ရက်နေ့မှာ ကျင်းပခဲ့တဲ့ “ပါရီငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆” ကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ SCEF မူဝါဒရေးရာအကြံပေး နော်မေဦး တို့ တက်ရောက်ဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါ ဖိုရမ်မှာ “MYANMAR: THE WAR THE WORLD FORGOT” ခေါင်းစဉ်ဖြင့် လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတွေအပြင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊ ရိုဟင်ဂျာအရေး ရပ်တည်ချက်နဲ့ လူ့အခွင့်အရေး စောင့်ကြည့်ထိန်းကျောင်းမှုတွေကို ရှင်းလင်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ အပြီးမှာ အခြေအနေတွေပြောင်းလဲသွားမယ်လို့ နိုင်ငံအချို့က မျှော်လ င့်ခဲ့ကြပေမယ့် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို စစ်အုပ်စုက နေ့စဉ်နဲ့အမျှ ဆက်လက်ကျူးလွန်နေဆဲ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
"အတုအယောင် လွှတ်တော်ပေါ်လာပြီးနောက်ပိုင်း မြေပြင်မှာဘာမှမပြောင်းလဲဘဲ ယူနီဖောင်းလဲဝတ်လိုက်ရုံသာ ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေရပါပြီ" လို့ ဒေါ်ဇင်မာအောင် က ဆိုပါတယ်။
မြန်မာပြည်သူတွေဟာ စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာတုံ့ပြန်ခဲ့ကြပေမယ့် စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုတွေကြောင့် လက်နက်ကိုင် ခုခံတော်လှန်မှုတွေ ပေါ်ပေါက်လာရတာလို့ ပြောကြားခဲ့ပြီး၊ စစ်တပ် ကြီးစိုးတဲ့ နိုင်ငံရေး အခြေအနေတစ်ခုကို ထပ်လက်ခံမှာမဟုတ်ဘူးလို့လည်း အသိပေးခဲ့ပါတယ်။
"ကျွန်မတို့ တိုက်ပွဲဝင်နေတာဟာ ထာဝရ တော်လှန်နေဖို့ မဟုတ်ပါဘူး။ တော်လှန်စရာ မလိုတော့မယ့် အနာဂတ် တစ်ခုအတွက် တိုက်ပွဲဝင်နေတာ။” ဖြစ်ကြောင်းကို ဒေါ်ဇင်မာအောင် က အလေးအနက် ပြောကြားခဲ့ပါတယ်။
စစ်အုပ်စုဟာ အကြမ်းဖက်မှုတွေကို နေ့စဉ် ကျူးလွန်နေပေမဲ့ တော်လှန်ရေး အင်အားစုတွေကတော့ နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေ (IHL) ကို လေးစားလိုက်နာပြီး၊ NUG လူ့အခွင့်အရေးဝန်ကြီးဌာနဟာ တိုင်ကြားရေးနဲ့ စုံစမ်းစစ်ဆေးရေး ယန္တရားတွေထားရှိကာ စောင့်ကြည့်ထိန်းကျောင်းနေကြောင်းကိုလည်း ရှင်းပြခဲ့ပါတယ်။
အဲ့ဒီနောက်မှာ နိုင်ငံခြားရေးဝန်ကြီး၊ ဒေါ်ဇင်မာအောင် ဟာ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) က တည်ခင်းဧည့်ခံတဲ့ ညစာစားပွဲကိုပါ တက်ရောက်ခဲ့ပြီး၊ မြန်မာ့ဒီမိုကရေစီ အရေးအတွက် နိုင်ငံရေးနဲ့ အခြားအထောက်အပံ့တွေ ပိုမိုရရှိနိုင်ဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ အသိပေးထားပါတယ်။
----------------------------
၂။အာဆီယံ ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ကို လာရောက်၊
====================
m.CDM နိုဝင်ဘာ ၁၂ ရက်။
ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် (Sihasak Phuangketkeow) ဦးဆောင်တဲ့အဖွဲ့ဟာ အာဆီယံထိပ်သီး ဆွေးနွေးပွဲ မတိုင်ခင် နိုဝင်ဘာလ ၁၂ ရက်နေ့မှာ နေပြည်တော်ကို လာရောက်ပြီး အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတွေ့ဆုံမှုမှာ အရပ်သားပြည်သူတွေအပေါ် ထိခိုက်နေတဲ့ အကြမ်းဖက်မှုတွေလျှော့ချရေး၊ လူသားချင်းစာနာမှု အကူအညီတွေ တိုးချဲ့ပေးအပ်နိုင်ရေး အပါအဝင် အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ဆက်လက်လုပ်ဆောင် သွားဖို့ တိုက်တွန်းခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒီခရီးစဉ်မှာ ထိုင်းလုံခြုံရေးနဲ့ စစ်ဘက်ဆိုင်ရာ အရာရှိကြီးတွေလည်း လိုက်ပါလာပြီး၊ နယ်စပ်တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းကို လက်နက်ကျည်တွေ ကျရောက်တာမျိုး မဖြစ်အောင် အတတ်နိုင်ဆုံး သတိထားပေးဖို့ စစ် ကော်မရှင်ကို တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတွေနဲ့ မူးယစ်ဆေးဝါး ကိစ္စတွေကို ပူးပေါင်းတိုက်ဖျက်ဖို့၊ နယ်စပ်က မြစ်- ချောင်းတွေ ရေထုညစ်ညမ်းမှုနဲ့ ရေကြီးရေလျှံမှုတွေကို အမြန်ဆုံး အလေးထားဖြေရှင်းသွားဖို့ ကိုလည်း ဆွေးနွေ းခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် နယ်စပ်ကုန်သွယ်ရေး အဆင်ပြေချောမွေ့စေဖို့ အပြင် ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ဘေးကင်းလုံခြုံရေး၊ အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိရေးနဲ့ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်သွားရေး တို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
--------------------------
၃။မိုးညှင်းမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုး၊ ပစ်ခတ်တာတွေလုပ်နေလို့ သတိနဲ့နေထိုင်ကြဖို့ ဒေသခံတွေကို KIA သတိပေး
====================
m.CDM၊ နိုဝင်ဘာ ၁၂
ကချင်-စစ်ကိုင်းအစပ် မိုးညှင်းမြို့နယ် နန့်စီးအောင်ကျေးရွာအခြေစိုက် စစ်တပ်က အနီးပတ်ဝန်းကျင်ရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတဲ့အတွက် ဒေသနေပြည်သူတွေအနေနဲ့ သတိနဲ့နေထိုင်ကြဖို့ ကချင် လွတ်လပ်ရေးတပ်မတော် KIA သတင်းပြန်ကြားရေးဌာနက နိုဝင်ဘာ ၁၁ ရက် သတင်းဖော်ပြချက်ကနေ သတိပေး လိုက်ပါတယ်။
KIA တပ်မဟာ ၈ တပ်ရင်း ၃၅ နယ်မြေဖြစ်တဲ့ နမ့်စီးအောင်ရွာအခြေစိုက် စစ်တပ်က ဒေသတွင်း ရွာတွေဖြစ်တဲ့ ပင်လုံကျေးရွာ၊ မာန်ဟဲရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အခုလို သတိပေးလိုက်တာြဖစ်ပါတယ်။
စစ်တပ်ဟာ နန့်စီးအောင်စစ်တပ်စခန်း ပတ်ဝန်းကျင်ရွာတွေဘက်ကို အခုရက်ပိုင်းမှာ စစ်ကြောင်းထိုး လှုပ်ရှားနေလို့ ဒေသနေပြည်သူတွေအနေနဲ့ သတိထားနေထိုင်ကြဖို့ တာဝန်ရှိသူတွေကလည်း အသိပေးနှိုးဆော်ထားတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၇ ရက်က နန့်စီးအောင်စစ်တပ်စခန်းကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်တပ် ဘက်က စစ်ရေးလှုပ်ရှားတာ၊ လက်နက်ကြီး ရမ်းပစ်တာတွေလုပ်ဆောင်နေတာပါ။
KIA တပ်ရင်း ၃၅ တပ်တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန အမှတ် ၁ စစ်ဒေသ ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီး စစ်ကိုင်း-ကချင်အစပ်ဒေသတွေမှာ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၄ ရက်ကနေ ၈ရက်အတွင်းမှာဆိုရင် KIA နဲ့ PDF ပူးပေါင်းတပ်တွေဟာ အင်းတော်-မော်လူးကြားက စစ်တပ်စခန်းတွေကို တိုက်ခိုက်ခဲ့ရာ စီပိန်း၊ ဖားပန်နဲ့ ပင်ဝယ်စတဲ့ရွာတွေမှာ အခြေစိုက်ထားတဲ့ စစ်တပ်စခန်း၃ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက ပြောထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းကိုထိန်းချုပ်နိုင်ဖို့နဲ့ နယ်မြေစိုးမိုးနိုင်ဖို့ စစ်ကိုင်း-ကချင်အစပ် ဒေသတွေကို စစ်အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးနေတာကို KIA နဲ့ ပူးပေါင်းတပ်တွေ ခုခံတိုက်ခိုက်နေကြောင့် ရှေ့မတိုးနိုင်တဲ့အပြင် စစ်တပ်ဘက်က အထိနာနေတယ်လို့ သိရပါတယ်။
——————————
၄။အာဆီယံအစည်းအဝေးမှာ စစ်အုပ်စုကိုယ်စားလှယ်ကို တက်ခွင့်မပေးဖို့ ဖိလစ်ပိုင်အမတ်တွေ တောင်းဆို၊နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာခရီးစဉ်မှာ ပြတ်သားတဲ့ သံတမန်သတ္တိပြဖို့ ထိုင်းအမတ်ဟောင်း တိုက်တွန်း၊
==================
m.CDM နိုဝင်ဘာ ၁၂ ရက်။
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ စစ်ကော်မရှင် ကိုယ်စားလှယ်တွေ တက်ရောက်ခွင့်ကို လုံးဝ ပိတ်ပင်ဖို့ ဖိလစ်ပိုင် အတိုက်အခံ လွှတ်တော်အမတ်တွေက သမ္မတ မားကို့စ် အစိုးရကို တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။
လာမယ့် နိုဝင်ဘာလ ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိ ကျင်းပမယ့် အဲဒီအစည်းအဝေးကို မြန်မာနိုင်ငံကိုယ်စားပြု အနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ညွှန်ချုပ်အဆင့်ကို တက်ခွင့်ပြုမယ်လို့ ကြေညာပြီးနောက် အခုလို ဖိအားပေး တောင်းဆိုလိုက်တာလည်း ဖြစ်ပါတယ်။
ပြည်သူတွေကို ရက်ရက်စက်စက် ဖိနှိပ်သတ်ဖြတ်နေပြီး အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို မလိုက်နာတဲ့ အကြမ်းဖက် စစ်အုပ်စုကို အခုလို တရားဝင်မှုပေးဖို့ ဥက္ကဋ္ဌ ရာထူးကို အသုံးချခံမယ်ဆိုရင် ဖိလစ်ပိုင်ရဲ့ ကိုယ်ကျင့် တရားပိုင်း ကျရှုံးမှုကြီးဖြစ်သွားမယ်လို့ အမတ် အစ္စမူလာ က ပြတ်ပြတ်သားသား သတိပေးထားပါတယ်။
တဖက်မှာလည်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးရဲ့ (နိုဝင်ဘာ ၁၂ ရက်) မြန်မာနိုင်ငံ ခရီးစဉ်မှာ ဓါတ်ပုံရိုက်ရုံသက်သက် မဟုတ်ဘဲ ပြတ်သားတဲ့ သံတမန်ရေးရာသတ္တိကို ထုတ်ပြဖို့ ထိုင်းလွှတ်တော်အမတ်ဟောင်း ကန်နာဝီ ဆွေဘ်ဆန် က တိုက်တွန်းလိုက်ပါတယ်။
“သမ္မတကြီး ဦးဝင်းမြင့် အမှန်တကယ် လွတ်လပ်ခွင့်မရသေးဘူးလို့ ထောက်ပြခဲ့တဲ့ ဂျာမနီသံရုံး ယာယီတာဝန်ခံ လိုမျိုး အမှန်တရားအပေါ် မယိမ်းမယိုင်ရပ်တည်တဲ့ သံတမန်ရေးရာ စံနမူနာနဲ့ သတ္တိမျိုး ပြသဖို့လိုတယ်လို့ သူက ထောက်ပြထားပါတယ်။
ထိုင်းနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေကို ချက်ချင်း ရပ်တန့်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးဖို့နဲ့ နယ်စပ်ကျော်လွန်တဲ့ စစ်ဆင်ရေးတွေ မလုပ်ဖို့ ပြတ်ပြတ်သားသား တောင်းဆိုရမှာဖြစ်တယ် လို့လည်း တိုက်တွန်းထားပါတယ်။
----------------------------
၅။ကွတ်ခိုင်မြို့နယ်မှာ ရွာသား တစ်ဦးကို ရိုက်နှက်ခဲ့တဲ့ KIA နဲ့ MNDAA တပ်သားနှစ်ဦးကို ဖမ်းဆီးအရေးယူ
==================
m.CDM နိုဝင်ဘာ ၁၂ ရက်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မန့်နိမ့်ရွာမှာ ဒေသခံရွာသားတစ်ဦးကို သတိလစ်တဲ့ထိ ရိုက်နှက်ခဲ့တဲ့ KIA နဲ့ MNDAA တပ်သား ၂ ဦးကို ဖမ်းဆီးအရေးယူထားတယ်လို့ ကွတ်ခိုင် မြို့ခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၆ ရက်နေ့က အဲဒီတပ်သားနှစ်ယောက်ဟာ အရပ်သားနေအိမ်မှာ ဖုန်းအားသွင်းထားရာကနေ ဖုန်းပျောက်သွားတယ်လို့ စွပ်စွဲပြီး အသက် ၄၀ အရွယ် အိမ်ရှင်အမျိုးသားကို ရိုက်နှက်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲ့ဒီလို ရိုက်နှက်နေတဲ့ဖြစ်စဉ်ရုပ်သံဖိုင်ဟာ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့သွားပြီးနောက် ဒေသခံတွေကြား ဝေဖန်မှုတွေ မြင့်တက်လာတဲ့အတွက် အခုလို ဖမ်းဆီးအရေးယူလိုက်တာလို့ ဆိုပါတယ်။
လက်ရှိမှာ အဲဒီတပ်သားနှစ်ယောက်ကို အချုပ်ထဲထည့်ပြီး စစ်စည်းကမ်း ဥပဒေနဲ့အညီ အရေးယူထားကြောင်းကို တာဝန်ရှိသူတွေက ရှင်းပြခဲ့သလို အရေးယူထားမှုကိုလည်း ပြသခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် နှစ်ဖက်တပ်ဖွဲ့ တာဝန်ရှိသူတွေက ထိခိုက်နစ်နာခဲ့သူရဲ့ မိသားစုဝင်တွေကို တောင်းပန်ခဲ့ပြီး၊ ထိုက်သင့်တဲ့ နစ်နာကြေးပေးအပ်ကာ အမှုကျေအေးခဲ့တယ်လို့ ရွာခံအမျိုးသားတစ်ဦးက ပြောပြပါတယ်။
ဒီဖြစ်စဉ်အတွက် MNDAA ဘက်က နစ်နာသူ မိသားစုကို ဆန် ၅ အိတ် ထောက်ပံ့ပြီး ဆေးကုသစရိတ်တွေ ကျခံ ပေးခဲ့သလို KIA ဘက်ကလည်း မိသားစုဝင်တွေ စိတ်ကျေနပ်တဲ့အထိ တောင်းပန်ခဲ့ပြီး ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
နောက်စေ့ကို ရိုက်နှက်ခံရတာကြောင့် အာရုံကြော ထိခိုက်သွားတဲ့ အဆိုပါ ဒေသခံ အမျိုးသားကိုတော့ MNDAA တပ်ဖွဲ့က နမ့်ဖတ်ကာ ကနေတစ်ဆင့် သိန္နီဆေးရုံကို ပို့ဆောင်ပေးထားပြီး၊ လက်ရှိမှာ သက်သာလာပြီလို့ သိရှိရပါ တယ်။
---------------
၆။ခင်ဦးမြို့ဆေးရုံမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကော်မရှင် တပ်ကြပ် ၁ ဦး လက်နက်နဲ့တကွ အလင်းဝင်
=================
m.CDM နိုဝင်ဘာ ၁၂ ရက်။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ပြည်သူ့ဆေးရုံမှာ အထိုင်ချပြီး တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်က တပ်ကြပ်တစ်ဦး လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ ခင်ဦးမြို့နယ် ပကဖ အဖွဲ့က ထုတ်ပြန်ထားပါတယ်။
အလင်းဝင်ရောက်လာသူဟာ တပ်မ (၃၃) လက်အောက်ခံ ခမရ (၁၁) တပ်ရင်းက တပ်ကြပ် အဆင့်ရှိသူ ဖြစ်ပြီး၊ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ဆက်သွယ်အလင်းဝင်လာတာလို့ ဆိုပါတယ်။
အလင်းဝင် တပ်သားဟာ MA-1 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု နဲ့ ကျည်ဆံ ၄၇ တောင့် တို့ကို တပါတည်း ယူဆောင်လာခဲ့ပြီး၊ ပကဖ တာဝန်ရှိသူတွေက နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကာ ဆုချီးမြှင့်ပေးသွားဖို့ အစီအစဉ် ရှိ တယ်လို့ အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ပြည်သူ့ဘက်ကို ဘက်ပြောင်းခိုလှုံလာတဲ့ စစ်သားနဲ့ ရဲ ၁၂ ဦး ရှိပြီး၊ စစ်သုံ့ပန်း အဖြစ် ဖမ်းဆီးရမိခဲ့သူ ၆၁ ဦးထိ ရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင် အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ အချက်အလက်တွေအရ ၂၀၂၅ ဇန်နဝါရီလကနေ ၂၀၂၆ အောက်တိုဘာလ အထိ အလင်းဝင်ပူးပေါင်းသူနဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ စုစုပေါင်း ၄,၂၂၀ ဦးအထိ ရှိနေပြီလို့ သိရပါတယ်။
-----------------------
၇။စင်ကာပူအစိုးရပိုင် Surbana International Consultants ကုမ္ပဏီမြန်မာမှထွက်ခွာမယ်၊ဟံသာဝတီလေဆိပ်၊ကျောက်ဖြူစက်မှုဇုန် နဲ့ ဆိပ်ကမ်း၊ ပဲခူးစက်မှုဇုန်၊ကန်တော်ကြီးငါးပြတိုက်စတဲ့စီမံကိန်းတွေဆောင်ရွက်ခဲ့
===================
m.CDM၊ နိုဝင်ဘာ ၁၂
စင်ကာပူအစိုးရလက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Temasek Holdings လက်အောက်ခံ မြိုပြစီမံကိန်းနှင့် အခြေခံအဆောက်အအုံ အကြံပေးလုပ်ငန်းအုပ်စု Surbana Jurong ရဲ့ မြန်မာနိုင်ငံဆိုင်ရာကုမ္ပဏီခွဲ Surbana International Consultants (Myanmar) Company Limited မြန်မာနိုင်ငံကထွက်ခွာတော့မယ်လို့ နိုဝင်ဘာ ၁၂ မှာ ကြေညာလိုက်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ ဒေဝါလီခံခြင်းဆိုင်ရာဥပဒေနဲ့ နည်းဥပဒေတွေနဲ့အညီ ဆန္ဒအလျောက် လုပ်ငန်းရပ်ဆဲ ဖျက်သိမ်းခြင်း - voluntary winding-up ကိစ္စရပ်တွေကို အခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အထွေထွေအစည်းအဝေးကနေ အတည်ပြုခဲ့တာလို့ ဆိုပါတယ်။
စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအနေနဲ့ ကုမ္ပဏီရဲ့ လက်ကျန်ကြွေးမြီများ၊ ပေးရန်တာဝန်များ၊ မြီရှင် များရဲ့ တောင်းဆိုမှုတွေနဲ့ အခြားသက်ဆိုင်ရာကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ ထုတ်ပြန်ချက်က အသိပေးထားပါတယ်။
ကြွေးရှင်တွေအနေနဲ့ မိမိတို့ရဲ့ ကြွေးမြီတောင်းခံပိုင်ခွင့် ဒါမှမဟုတ် အခြားငွေတောင်းခံပိုင်ခွင့်ရှိသူတွေအနေနဲ့ သက်သေခံအချက်အလက်တွေကို အခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ နောက်ဆုံးထားတင်ပြရမှာဖြစ်ပြီး သတ်မှတ်ရက်အတွင်း မတင်ပြနိုင်ရင် အကျိုးခံစားခွင့်နဲ့ကန့်ကွက်ခွင့်တွေ ဆုံးရှုံးသွားနိုင်တယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။
စင်ကာပူအစိုးရပိုင် Surbana ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့ပြီး ပထမဆုံးစီမံကိန်းအဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ပူးပေါင်းကာ ဒဂုံဆိပ်ကမ်းမြိုနယ်ဖွံဖြိုးရေး စီမံကိန်းအတွက် မြိုပြစီမံကိန်းရေးဆွဲတာ၊ ဗိသုကာနှင့် အင်ဂျင်နီယာအကြံပေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ တယ်လို့ သိရပါတယ်။
Surbana Jurong ဟာ မြန်မာနိုင်ငံမှာ မြိုပြစီမံကိန်းရေးဆွဲတာ၊ Master Plan ရေးဆွဲတာ၊ ဗိသုကာနှင့် အင်ဂျင်နီယာဒီဇိုင်း၊ စီမံကိန်းစီမံခန့်ခွဲမှုနှင့်အခြေခံအဆောက်အအုံဆိုင်ရာ အကြံပေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပြီး ဒဂုံဆိပ်ကမ်းမြို့ပြအိမ်ရာ၊ကန်တော်ကြီးငါး ပြတိုက်၊ပြည်လမ်းမြေအောက် လူကူးလမ်း၊ ဟံသာဝတီလေဆိပ်၊ကျောက်ဖြူစက်မှုဇုန်နဲ့ ဆိပ်ကမ်း၊ ပဲခူးစက်မှုဇုန် စတဲ့ စီမံကိန်းတွေမှာ မာစတာပလန်ကစလို့ စီမံကိန်း စီမံခန့်ခွဲမှုအထိ ပါဝင်ဆောင်ရွက်ခဲ့တယ်လို့လည်း သိရပါတယ်။
———————————
၈။ပေါက်နဲ့မြိုင်မှာရှိတဲ့ ရေနံမှော်တွေက KTV ဆိုင်တွေအားလုံး အပြီးပိတ်ဖို့ ပခုက္ကူခရိုင်စစ်ဌာန အမိန့်ထုတ်
====================
m.CDM၊ နိုဝင်ဘာ ၁၂
မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်နဲ့မြိုင်မြို့နယ်အတွင်းမှာရှိတဲ့ ရေနံမှော်ဒေသမှာဖွင့်ထားတဲ့ KTV ဆိုင်တွေ အားလုံးကို အပြီးတိုင်ပိတ်သိမ်းဖို့ ပခုက္ကူခရိုင်စစ်ဌာနက နိုဝင်ဘာ ၁၁ ရက်နေ့မှာ အမိန့်ထုတ်ပြန် လိုက်ပါတယ်။
ပြည်သူ့အကျိုးလြမဆောင် တော်လှန်ရေးအကျိုးလည်းမဆောင်တဲ့အတွက် KTV ဆိုင်တွေအားလုံးကို လုံးဝ ပိတ်သိမ်းဖို့ ပခုက္ကူခရိုင်စစ်ဌာနက အမိန့်ထုတ်လိုက်တာပါ။
တော်လှန်ရေးကာလအတွင်း ရေနံမှော်ဒေသမှာ KTV ဆိုင်တွေ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လာတာကိုတွေ့ရပြီး အဲဒီ KTV ဆိုင်တွေမှာ အရပ်သားပြည်သူတွေအပြင် တော်လှန်ရေး ရဲဘော်တွေပါ မူးယစ်ဆေးဝါးသုံးပြီး ပျော်ပါးနေကြသလို မူးယစ်ဆေးဝါး သုံးစွဲတာ၊ ရောင်းချတာနဲ့ သယ်ဆောင်တာတွေပါ လုပ်နေတယ်ဆိုတာ သိထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီလုပ်ငန်းတွေကို နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး အပြီးတိုင်ပိတ်သိမ်းဖို့ အမိန့်ထုတ်ပြန်ထားသလို မလိုက်နာတဲ့ ဆိုင်တွေကိုလည်း ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ပခုက္ကူခရိုင်စစ်ဌာနက သတိပေး ကြေညာထားပါတယ်။
ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်လူလေးတို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။

No comments:
Post a Comment