10th MAY 2022 - Evening Daily News by Radio NUG

၂၀၂၂ မေလ ၁၀ ရက်နေ့
  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌နွေဦးတော်လှန်ရေး အခင်းအကျင်းမှာ နိုင်ငံတကာအစိုးရက NUG အစိုးရကို သဘောပေါက်လက်ခံကာ ထိတွေ့ဆောင်ရွက်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ဆို

📌စစ်ကောင်စီ တပ်ဖွဲ့ဝင်နဲ့ ရဲတပ်ဖွဲ့တွေ ပြည်သူ့ရင်ခွင်ခိုလှုံမှု တစ်နေ့တစ်ခြားတိုးပွားလာတယ်လို့ ကာကွယ်ရေးဝန်ကြီးအသိပေးပြောကြား

📌နွေဦးဆရာအတတ်သင်တက္ကသိုလ်တွင် ပထမဆုံးအဓိပတိအဖြစ် ပညာရေးကို အထူးဦးစားပေးသူ ဒေါက်တာသိန်းလွင်ဖြစ်လာ

📌မတ္တရာမြို့နယ်-မြို့နယ်ပညာရေးဘုတ်အဖွဲ့က ဦးစီးပြီး မတ္တရာဖက်ဒရယ်ကျောင်းကို ဖွင့်လှစ်

📌အကြမ်းဖက် စစ်တပ်၏ စီးနင်း ဖျက်ဆီးမှုတွေကြောင့် ပြည်သူ သန်းကျော်က အိုးအိမ်များကို စွန့်ခွာကာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ

📌စွန့်ပစ်ထားတဲ့ ရက်လွန်ကြက်အူချောင်း ရောင်းချရာကို ဝယ်စားမိသဖြင့် လူ ၅၀ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အစာအဆိပ်သင့်၍ ဆေးရုံပို့ကုသရ

📌တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ စီးပွားဖြစ် ဝဥနဲ့ ထောပတ်သီးစိုက်ပျိုးမှုတွေရပ်ဆိုင်းကုန်တဲ့သတင်းကို တင်ပြပေးပါ့မယ်

📌တန့်ဆည်မြို့နယ်မှာ စစ်ရှောင်ပြည်သူ သောင်းနီးပါးရှိလာပြီး ပျူစောထီးကျေးရွာတွေကို စစ်ကောင်စီက သင်တန်းတွေပေးနေပြီး ပြည်သူအချင်းချင်းရန်တိုက်တဲ့နည်းလမ်းကို အသုံးပြုနေတဲ့လို့သိရပါတယ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌နွေဦးတော်လှန်ရေး အခင်းအကျင်းမှာ နိုင်ငံတကာအစိုးရက NUG အစိုးရကို သဘောပေါက်လက်ခံကာ ထိတွေ့ဆောင်ရွက်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ဆို


နွေဦးတော်လှန်ရေး အခင်းအကျင်းမှာ နိုင်ငံတကာအစိုးရက NUG အစိုးရကို သဘောပေါက်လက်ခံကာ ထိတွေ့ဆောင်ရွက်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကပြောကြားလိုက်ပါတယ်။ မေလအတွင်း သရုပ်ဆောင်ဒေါင်းက တွေ့ဆုံမေးမြန်းရာမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ကထည့်သွင်းပြောကြားခဲ့တာပါ။


"ကျမတို့လိုချင်တဲ့အနေအထားအထိ တရားဝင်အစိုးရလို့ အသိအမှတ်ပြုတာမျိုးတော့မရှိသေးဘူး။ သို့သော်လည်းပဲ ဆက်သွယ်ဆောင်ရွက်ရမဲ့ တော်လှန်ရေးနဲ့ဒီအခင်းအကျင်းမှာတော့ ဒီ NUG အစိုးရမပါရင်မပြီးဘူးဆိုတဲ့အနေအထားမျိုးတော့ နိုင်ငံအများစုကသဘောပေါက်ထားပါတယ်။ အဲ့ဒီလို သဘောပေါက်ထားတဲ့အတွက်ကြောင့်လည်း ကျမတို့နဲ့ထိတွေ့ဆောင်ရွက်တယ်။ကျမတို့်ဆီက အသံတွေနားထောင်တယ်"လို့ ဝန်ကြီကဆိုပါတယ်။ လက်ရှိမှာ အမေရိကန်နိုင်ငံတွင် အမျိုးသာစညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်ရုံးဖွင့်လီစ်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။


========================


📌📌စစ်ကောင်စီ တပ်ဖွဲ့ဝင်နဲ့ ရဲတပ်ဖွဲ့တွေ ပြည်သူ့ရင်ခွင်ခိုလှုံမှု တစ်နေ့တစ်ခြားတိုးပွားလာတယ်လို့ ကာကွယ်ရေးဝန်ကြီးအသိပေးပြောကြား


အမြင်မှန်ရတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်နဲ့ရဲတပ်ဖွဲ့တွေ ပြည်သူ့ရင်ခွင်ခိုလှုံမှု တစ်နေ့တစ်ခြားတိုးပွားလာတယ်လို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က မေလအတွင်း သတင်းဌာနတစ်ခုနဲ့တွေ့ဆုံမေးမြန်းရာတွင်ပြောကြားခဲ့ပါတယ်။


"အခု အမြင်မှန် သိရှိနားလည်ပြီးတော့မီ ပြည်သူနဲ့ ပူးပေါင်းလာတဲ့ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ စကစလက်အောက်ခံဖြစ်ဖူးတဲ့ ကျနော်တို့ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့တွေဆိုတာလည်း တစ်နေ့တစ်ခြားတိုးပွားလာပါတယ်။ သူတို့ကိုလည်း NUGအနေနဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပြီးတော့မှထိုက်ထိုက်တန်တန် ချီးမြှင့်နေတာလည်းရှိပါတယ်။ အလားတူပဲ ပြည်သူနဲ့ပူးပေါင်းလာခြင်းမရှိသည့်တိုင်အောင် စကစတပ်ကို စွန့်ခွာသွားတဲ့ လူတွေကလည်း မေ့စဥ်နဲ့အမျှ အမြောက်အများရှိနေတယ်"လို့ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ CDM တပ်နဲ့ရဲ တစ်သောင်းခန့်ရှိပြီဖြစ်ပါတယ်။


========================


📌📌နွေဦးဆရာအတတ်သင်တက္ကသိုလ်တွင် ပထမဆုံးအဓိပတိအဖြစ် ပညာရေးကို အထူးဦးစားပေးသူ ဒေါက်တာသိန်းလွင်ဖြစ်လာ


နွေဦးဆရာအတတ်သင်တက္ကသိုလ်၏ ပထမဆုံးအဓိပတိကို ပညာရေးကို အထူးဦးစားပေးသူ ဒေါက်တာသိန်းလွင်အား ခန့်အပ်ထားပြီးဖြစ်ကြောင်းနွေဦးဆရာအတတ်သင်တက္ကသိုလ်က မေလ၁၀ရက်တွင် ကြေညာချက် အမှတ် (/၂၀၂၂) ဖြင့် ကြေညာခဲ့ပါတယ်။


"​ ဒေါက်တာဇော်ဝေစိုးက ကျနော့်အား ပညာရေးဝန်ကြီးတာဝန်ယူရန်ကမ်းလှမ်းခဲ့ပါတယ်။ ကျနော်ငြင်းပယ်ခဲ့ပါတယ်။ အကြောင်းမှာ NUG သည် တော်လှန်ရေးတာဝန်ထမ်းဆောင်နေသည်ဖြစ်၍ တော်လှန်ရေးကို ဦးဆောင်နေသူများသာ ဝန်ကြီးဌာနကိုတာဝန်ယူသင့်သည်ဟု ထင်မြင်ယူဆသောကြောင့်ဖြစ်ပါတယ်။ ဒေါက်တာဇော်ဝေစိုးကိုသာ ပညာရေးဌာနကို ဆက်လက်တာဝန်ယူရန် အကြံပြုခဲ့ပါတယ်။ ပညာရေးတက္ကသိုလ်အသီးသီးမှ ဆရာဆရာမများစုပေါင်းတည်ထောင်သည့် နွေဦးဆရာအတတ်သင်တက္ကသိုလ်မှ ခန့်အပ်သည့် တက္ကသိုလ်အဓိပတိတာဝန်ကို ကျနော်ယူခဲ့ပါတယ်။ ရည်ရွယ်ချက်မှာ ဆရာအတတ်ပညာရပ်များဖွံ့ဖြိုးတိုးတက်ရန်၊ အရည်အသွေးရှိသောပညာကိုပေးအပ်နိုင်ရန် နှင့် ပညာရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန်ဖြစ်ပါတယ်"လို့ ဆရာ သိန်းလွင်က ၄င်းလူမှုကွန်ရက်မှာ အသိပေးပြောကြားထားပါတယ်။


ဆရာသိန်းလွင်ဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးပြုပြင်ပြောင်းလဲရေးကွန်ရက် NNERတွင်လည်း ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီးတော့ သင်ကြားရေးပိုင်းတွင်လည်း ထူးချွန်ခဲ့သူဖြစ်ပါတယ်။


========================


📌📌မတ္တရာမြို့နယ်-မြို့နယ်ပညာရေးဘုတ်အဖွဲ့က ဦးစီးပြီး မတ္တရာဖက်ဒရယ်ကျောင်းကို ဖွင့်လှစ်


မတ္တရာမြို့နယ်-မြို့နယ်ပညာရေးဘုတ်အဖွဲ့က ဦးစီးပြီး မတ္တရာဖက်ဒရယ်ကျောင်းကို ဖွင့်လှစ်လိုက်တယ်လို့ သတင်းရရှိပါတယ်။ မေလ ၁၀ ရက်နေ့မှစ၍ ကျောင်းအပ်လက်ခံခြင်းကို   Google Form မှတဆင့် အပ်ရမှာဖြစ်ပြီး ကျောင်းသား ကျောင်းသူတွေကို မိဘပြည်သူတွေ အပ်သလောက်အထိကိုလက်ခံပေးမှာပါ လို့ မတ္တရာမြို့နယ် ပကဖက Radio NUG ကိုပြောပါတယ်။


ကျောင်းဖွင့်ရက်ကိုတော့ မေလ၂၃ ရက်နေ့တွင်စတင်ဖွင့်လှစ်ကာသင်ကြားမှာဖြစ်ကာ စာသင်ကြားရေးတွင် ၂၁ ရာစု၏ခေတ်သစ်နည်းပညာများဖြစ်သော Zoom application ကိုအသုံးပြုကာTelegram group များဖွဲ့၍ သင်ကြားမှာဖြစ်ပါတယ်။


မတ္တရာဖက်ဒရယ်ကျောင်း၏ ပထမခြေလှမ်းအနေနဲ့ ခြေခံပညာမူလတန်းအဆင့်ကို စတင်ဖွင့်လှစ်သင်ကြားသွားမှာဖြစ်ပြီးအလယ်တန်းနှင့်အထက်တန်းအဆင့်များကိုလည်း မကြာမီဖွင့်လှစ်တော့မှာဖြစ်ပါတယ်။


========================


📌📌အကြမ်းဖက် စစ်တပ်၏ စီးနင်း ဖျက်ဆီးမှုတွေကြောင့် ပြည်သူ သန်းကျော်က အိုးအိမ်များကို စွန့်ခွာကာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ


အကြမ်းဖက် စစ်တပ်က ကျေးရွာတွေကို ဝင်ရောက် စီးနင်း ဖျက်ဆီးမှုတွေကြောင့် ပြည်သူ သန်းကျော်က အိုးအိမ်များကို စွန့်ခွာကာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်တပ်က ကျေးရွာများကို ရမ်းကားပစ်ခတ်တာကြောင့် ပြည်သူ ၉၆၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မေလအတွင်းမှာ Media Monitor Collective က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။


ဒါ့အပြင် တစ်နှစ်ကျော်ကာလအတွင်းမှာ ပြည်သူ ၂၉၆၁ ဦးကို သတ်ဖြတ် ထားတာ၊ နေအိမ်ပေါင်း ၁၃၂၆၆ လုံးကို မီးရှို့ဖျက် ဆီးခဲ့ တယ်လို့ Media Monitor Collective က ထုတ်ပြန်ပါတယ်။


========================


📌📌စွန့်ပစ်ထားတဲ့ ရက်လွန်ကြက်အူချောင်း ရောင်းချရာကို ဝယ်စားမိသဖြင့် လူ ၅၀ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အစာအဆိပ်သင့်၍ ဆေးရုံပို့ကုသရ


စွန့်ပစ်ထားတဲ့ ရက်လွန်ကြက်အူချောင်း ရောင်းချရာကို ဝယ်စားမိသဖြင့် လူ ၅၀ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အစာအဆိပ်သင့်၍ ဆေးရုံပို့ကုသရတယ်လို့သတင်းရရှိပါတယ်။ မေလ ရက်နေ့ညပိုင်းမှာ ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ရက်လွန်ကြက်အူချောင်းစားမိလို့ သဃ်န်းကျွန်းစံပြဆေးရုံကို ပို့ဆောင်ကုသရတယ်လို့ ဒေသခံနဲ့ပရဟိတ အဖွဲ့များထံကသိရပါတယ်။


အမှိုက်ကနေ ကောက်ရောင်းတယ်လို့သိရတယ်။ အဲဒါကို ရပ်ကွက်ထဲကလူတွေ ဝယ်ပြီး စားကြရာကနေ အသားတွေ နှုတ်ခမ်းတွေပြာပြီး မူးဝေအော့အန်ကြတာပါ"လို့ ဒေသခံတစ်ဦးကဆိုပါတယ်။ အလားတူဖြစ်စဥ်မျိုးရှမ်းပြည်၊ မြောက်ပိုင်း သီပေါမြို့နယ်၊ တွန်ခေါ့ကျေးရွာက မိခင်နှင့် ကလေး ဦးရှိ မိသားစုတစ်စုလည်း ယင်းအမှတ်တံဆိပ်ကြက်အူချောင်း စားပြီးနောက် အစာအဆိပ်သင့်ခဲ့ကြပါသေးတယ်။


========================


📌📌တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ စီးပွားဖြစ် ဝဥနဲ့ ထောပတ်သီးစိုက်ပျိုးမှုတွေရပ်ဆိုင်းကုန်တဲ့သတင်းကို တင်ပြပေးပါ့မယ်


ချင်းပြည်နယ်မှာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကစပြီး မိရိုးဖလာတောင်ယာခုတ်တာနဲ့ တောင်ယာစပါးစိုက်ပျိုးတာတွေကို ဒေသခံတွေက စွန့်လွှတ်ပြီး စီးပွားဖြစ် ဝဥနဲ့ထောပတ်သီးတွေကို စိုက်ပျိုးခဲ့တာပါ။ ချင်းပြည်နယ်အတွင်း တိုက်ပွဲတွေနဲ့  မိုးရာသီဝင်လာပြီဖြစ်တာကြောင့် စစ်ဘေးသင့်ပြည်သူတွေဟာ ကြီးမားတဲ့အခက်အခဲနဲ့ ထပ်မံရင်ဆိုင်ရဖို့လည်း ရှိနေတဲ့အ‌ကြောင်းကို မင်းတပ် ပအဖ တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။


(ချင်းပြည်နယ်၊ မင်းတပ် ပအဖ တာဝန်ရှိသူတစ်ဦး)


အနောက်မြောက်တိုင်းစစ်ဒေသ၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ စစ်တပ်က ဖြတ် ဖြတ်စနစ်ကျင့်သုံးနေတာကြောင့် ကုန်ဈေးနှုန်းကြီးတယ်ဆိုတာထက် လိုချင်တဲ့ကုန်ပစ္စည်းကို ဝယ်လို့မရတော့တဲ့အခြေအနေဖြစ်နေတာပါ။ မိုးရာသီဝင်လာပြီဖြစ်တဲ့အတွက် သိန်းနဲ့ချီတဲ့မီးဘေးသင့်ပြည်သူတွေဟာ အမိုးအကာ၊ ရိက္ခာ၊ ဆေးဝါးနဲ့ အဝတ်အထည်တွေအရေးတကြီးလိုအပ်နေတယ်လို့ စစ်ကိုင်းဒေသခံတွေက အခုလို ပြောပါတယ်။


(စစ်ကိုင်းဒေသခံတစ်ဦး)


ဒီဒေသတွေမှာ လျှပ်စစ်မီးပုံမှန်မရတော့တာ၊ အင်တာနက်နဲ့ဖုန်းလိုင်းတွေဖြတ်တောက်ထားတာ၊ ရိက္ခာလမ်းကြောင်းတွေပြတ်တောက်နေတာတွေကြောင့် ဘဏ်စနစ်၊ ငွေလွှဲစနစ်တွေအပါအဝင် စီးပွားရေးလုပ်ငန်းအားလုံး ရပ်ဆိုင်းလုနီးပါးဖြစ်နေပါတယ်။


========================


📌📌တန့်ဆည်မြို့နယ်မှာ စစ်ရှောင်ပြည်သူ သောင်းနီးပါးရှိလာပြီး ပျူစောထီးကျေးရွာတွေကို စစ်ကောင်စီက သင်တန်းတွေပေးနေပြီး ပြည်သူအချင်းချင်းရန်တိုက်တဲ့နည်းလမ်းကို အသုံးပြုနေတဲ့လို့သိရပါတယ်


စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်မှာ မေလ ရက်နေ့အထိ ရွာပေါင်း၂၀ ကျော်က အိမ်ခြေ ၂၀၀ ကျော်မီးရှို့ဖျက်ဆီးခံထားရပြီး စစ်ရှောင်ပြည်သူ သောင်းနီးပါးအထိရှိလာတယ်လို့ ဒေသခံတွေကပြောပါတယ်။ တန့်ဆည်မြို့နယ်အရှေ့ဘက်က ပျူစောထီးကျေးရွာတွေဖြစ်တဲ့ ကျွန်းလယ်၊ မူးခွ၊ မူးတိမ်ကျေးရွာတွေမှာ စစ်ကောင်စီက စစ်သင်တန်းတွေပေးနေပြီး ပြည်သူချင်းရန်တိုက်တဲ့နည်းလမ်းကို အသုံးပြုနေတယ်လို့ တန့်ဆည်ဒေသခံတစ်ဦးကအခုလိုပြောပြပါတယ်


(တန့်ဆည်ဒေသခံတစ်ဦး)


မေလ ရက်နေ့က တန့်ဆည်မြို့နယ်အနောက်ပိုင်း ကန်ကလေးကုန်းနဲ့ ဇီးပေါက်ရွာတွေကို စစ်သား ၁၀၀ ကျော်ပါဝင်တဲ့စစ်ကြောင်းဝင်ရောက်ပြီး အကြမ်းဖက်မီးရှို့တာတွေပြုလုပ်ခဲ့ပါတယ်။ လက်နက်အင်အား၊ လူအင်အားမမျှတာကြောင့် ဒေသခံ PDF တွေဟာ ဒေသခံပြည်သူတွေကို ကယ်ထုတ်ရုံပဲတတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ 


(ရိုးမဖိုက်တာ (ယင်းမာပင်))


စစ်ကိုင်းဒေသတွင်းလမ်းတွေကို PDF တွေက ဂိတ်ဖွင့်ပြီး စစ်ဆေးတာတွေပြုလုပ်နေသလို စစ်ကောင်စီကလည်း သူတို့နယ်မြေစိုးမိုးတဲ့နေရာတွေမှာ ဂိတ်ဖွင့်စစ်ဆေးတာတွေပြုလုပ်နေပါတယ်။ တယ်လီဖုန်းနဲ့အင်တာနက်လိုင်းတွေကိုလည်း စစ်ကောင်စီကဖြတ်တောက်ထားတာကြောင့် ဒေသခံတွေဟာ သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီရယူဖို့ အခက်အခဲရှိနေပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment