Showing posts with label Daily News. Show all posts
Showing posts with label Daily News. Show all posts

၂၀၂၅ အောက်တိုဘာလ ၃၁ ရက်နေ့ ညနေခင်း သတင်းလွှာ

 


၂၀၂၅ အောက်တိုဘာလ ၃၁ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨⁨ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက အခုနှစ် တတိယ ၃ လပတ် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာထုတ်ပြန်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။⁨ ဆောမြို့က သက်ငယ်မုဒိမ်းနဲ့ လူသတ်မှုကျူးလွန်သူကို NUG ရဲချုပ် ဦးဆောင်စစ်ဆေးနေ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။⁨ စစ်တပ်ဘက်က အချိန်မရွေး လေကြောင်းတိုက်ခိုက်မှုတွေလုပ်လာနိုင်တဲ့အတွက် စစ်ရေးသတိနဲ့ နေထိုင်ကြဖို့ ဓဝယ် အမျိုးသားလွတ်မြောက်ရေးတပ်မတော် သတိပေး


========================


၂၀၂၅ ခုနှစ် အောက်တိုဘာလ ၃၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨⁨⁨ မိုးကုတ်မြို့ကိုကာကွယ်ဖို့ တပ်ဖွဲ့နဲ့ကင်းကွာနေတဲ့ ရဲဘော်တွေကို မိုးကုတ်ဗျူဟာနဲ့ မိုးကုတ် - ပကဖ တို့က ပြန်လည်ဖိတ်ခေါ် 

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ရခိုင်စစ်မြေပြင်ကို အပို့ခံရမယ့် စစ်တပ်က တပ်ကြပ်တဦး မုံရွာမြို့နယ် ပကဖထံ အလင်းဝင် 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


Share:

၂၀၂၅ အောက်တိုဘာလ ၃၁ ရက်နေ့ မနက်ခင်း သတင်းလွှာ

 


၂၀၂၅ အောက်တိုဘာလ ၃၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ ဘတ်ဖဲလိုမြို့ မေတ္တာပါရမီကျောင်း ဆရာတော် ဦးပညာဇောတ (ဦးဇင်းနတ်ဇော) ပြန်လည်လွတ်မြောက်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ (KNPLF) (ကလလတ) က ပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် အမှိုက်များ ပုံမှန် ကောက်ယူ သိမ်းဆည်းပေးနေ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ တောင်သာမြို့နယ်အတွင်းက နေအိမ်မီးရှို့ ဖျက်ဆီးခံခဲ့ရတဲ့ ပြည်သူများကို ရိက္ခာနဲ့ ထောက်ပံ့ငွေများ ပေးအပ်


========================


၂၀၂၅ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ ရေဖြူမြို့နယ်မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ စစ်ကော်မရှင်တပ်သား ၁၀ ဦးခန့် သေဆုံးဟုဆို

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ မြဝတီမြို့နယ် ရသေ့ဂူတောင်တွင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲ

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ မောင်းမကန် နယ်မြေရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်၊ စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံး

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ရွှေပြည်သာ (၇) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ ချင်းကာကွယ်ရေးတပ် - အရှို မှ ရဲဘော်တဦး တိုက်ပွဲအတွင်း ကျဆုံးခဲ့

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ စဉ့်ကူးမြို့နယ် လက်ပန်လှရွာတွင် စစ်တပ်လေကြောင်းတိုက်ခိုက်မှု၊ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား နှစ်ဦး သေဆုံး

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၇။ ရသေ့တောင်မြို့နယ်၊ အောက်ဇီးကိုင်းရွာတွင် စစ်တပ်၏ ဒရုန်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၈။ ကသာမြို့နယ်၊ ညောင်ခြေထောက်ရွာကို စစ်ကော်မရှင်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


Share:

၂၀၂၅ အောက်တိုဘာလ ၃၀ ရက်နေ့ ညနေခင်း သတင်းလွှာ

 


၂၀၂၅ အောက်တိုဘာလ ၃၀ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨ လူ့အခွင့်အရေးတာဝန်ခံတွေအတွက် လုံခြုံရေးအသိပညာတိုးမြှင့်သင်တန်း ၃ ရက်တာပြုလုပ် 

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။⁨⁨ ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဗျူဟာအနေနဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့အတူ မိမိတို့အခြေတည်ရာ ဒေသတွေကို ကာကွယ်သွားမယ်လို့ ကြေညာ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။⁨⁨⁨⁨⁨ အခက်အခဲတွေဘယ်လောက်ပဲကြုံနေပါစေ မိုးကုတ်မြို့ စစ်တပ်လက်အောက်ပြန်မရောက်အောင် တော်လှန်ရေး အင်အားစု တွေနဲ့ လက်တွဲကာကွယ်သွားမယ်လို့ မိုးကုတ် ပ.က.ဖ အသိပေး


========================


၂၀၂၅ ခုနှစ် အောက်တိုဘာလ ၃၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨ ခေါင်လန်ဖူးမြို့နယ်က စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်စခန်း ၂ ခုကို KIA ထပ်မံသိမ်းပိုက်

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၈ နဲ့ တပ်မဟာ ၉ ဘက်ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေ

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ကန့်ဘလူနယ် စံပယ်နံ့သာရွာမှာရှိတဲ့ စစ်အုပ်စုက အသက် ၁၆ နှစ်အရွယ်မိန်းကလေးကို မုဒိမ်းကျင့်ပြီး သတ်ဖြတ်

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။⁨ ပေါင်းတည် ဝဲကြီးဆည် စစ်ဆေးရေးဂိတ်ကို မိုင်းခွဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨ လူ့အခွင့်အရေးတာဝန်ခံတွေအတွက် လုံခြုံရေးအသိပညာတိုးမြှင့်သင်တန်း ၃ ရက်တာပြုလုပ် 


အောက်တိုဘာလ (၃၀)ရက်


စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းတို့မှာရှိတဲ့ လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံတွေအတွက် ပုဂ္ဂိုလ်ရေးလုံခြုံမှု၊ ဒစ်ဂျစ်တယ် လုံခြုံမှုတို့နဲ့ဆိုင်တဲ့ လုံခြုံရေးအသိပညာတိုးမြှင့်သင်တန်း - Safety and Security Training တခုကို အောက်တိုဘာလ အတွင်းမှာ ၃ ရက်ကြာ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ အောက်တိုဘာ ၃ဝ မှာ ထုတ်ပြန်လာပါတယ်။


သင်တန်းမှာ ဒစ်ဂျစ်တယ်လုံခြုံရေးနဲ့အတူ တကိုယ်ရည်လုံခြုံရေးအတွက် သတိထားသင့်တဲ့အကြောင်းအရာများ၊ ခရီးသွားချိန် လုံခြုံမှုရှိအောင်လုပ်ဆောင်နိုင်တဲ့အခြေအနေများ၊ ဆက်သွယ်ရေးလုံခြုံမှု၊ ကိုယ်ရေးအချက်အလက် မျှဝေမှု ဆိုင်ရာ သတိထားသင့်တဲ့အကြောင်းအရာကို ကျွမ်းကျင်တဲ့ ပြင်ပ နည်းပညာရှင် သင်တန်းနည်းပြတဦးက ဆွေးနွေး သင်ကြားပို့ချခဲ့တာလို့ ဆိုပါတယ်။


ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုက လူထုကိုဖိနှိပ်ဖို့ အသုံးပြုနေတဲ့ PSMS စောင့်ကြည့်မှုစနစ်နဲ့ အကြမ်းဖက် စစ်အုပ်စုက ထုတ်ပြန်ထားတဲ့ တရားမဝင် လုံခြုံရေးဥပဒေတွေကြောင့် ဖြစ်ပေါ်နိုင်တဲ့ အန္တရာယ်တွေအပြင် အမျိုးသမီးနဲ့ လူနည်းစုတို့ တွေ့ကြုံခံစားရနိုင်တဲ့ လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုတွေအကြောင်းကိုလည်း ထည့်သွင်း ဆွေးနွေးသင်ကြားပေးခဲ့တယ်လို့ အသိပေးပါတယ်။


တက်ရောက်လာတဲ့ လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံတွေအနေနဲ့လည်း သင်တန်းအတွက် တက်ကြွစွာ ပါဝင် ဆွေးနွေးတာ၊ မေးမြန်းတာတွေလုပ်ခဲ့ပြီး လုံခြုံရေးနဲ့ပတ်သက်တဲ့ အသိပညာတွေ ရခဲ့ကြောင်းနဲ့ သင်တန်းကရရှိလာတဲ့ သင်ကြား ဆွေးနွေးချက်တွေအပေါ် ဒေသခံလူထုကို ပြန်လည်မျှဝေပေးမယ်လို့ မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။ 


အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ လူ့အခွင့်အရေး ချိုး ဖောက်မှုတွေကို အရေးယူခံရနိုင်ဖို့ သက်သေရယူ မှတ်တမ်းတင်မှုတွေအပြင် မြေပြင်မှာရှိတဲ့ လူထုအတွက်လိုအပ်တဲ့ အသိပညာမျှဝေမှုတွေနဲ့ ထောက်ပံ့မှုတွေ စဉ်ဆက်မပြတ်လုပ်နေတယ်လို့ သိရပါတယ်။⁩


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။⁨⁨ ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဗျူဟာအနေနဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့အတူ မိမိတို့အခြေတည်ရာ ဒေသတွေကို ကာကွယ်သွားမယ်လို့ ကြေညာ


အောက်တိုဘာလ (၃၀)ရက်


ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဗျူဟာအနေနဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့အတူ မိမိတို့ မွေးဖွား အခြေတည်ရာ ဒေသတွေကို ကာကွယ်သွားမယ်လို့ ဒီနေ့ အောက်တိုဘာ ၃ဝ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ 

တအာင်းတပ် TNLA က အကြမ်းဖက်စစ်တပ်နဲ့အပစ်ရပ်ပြီး မိုးကုတ်နဲ့မိုးမိတ်မြို့ကနေ ဆုတ်ခွာပေးမယ်လို့ ကြေညာပြီး နောက်တရက်မှာ အခုလို ကြေညာလာလာဖြစ်ပါတယ်။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဗျူဟာ ဟာ မန္တလေးတိုင်းထဲက စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်က နယ်မြေခံအင်အားစု တွေ အပါအဝင် အင်အားစုများစွာနဲ့ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန မန္တလေးတိုင်း စစ်ဌာန ကွပ်ကဲမှုအောက်မှာရှိတဲ့ ဗျူဟာတခုဖြစ်ပါတယ်။ 

လက်ရှိမှာလည်း မန္တလေးတိုင်းအတွင်းမှာရှိတဲ့နယ်မြေတွေမှာ တော်လှန်ရေးဆိုင်ရာလုပ်ငန်းတွေမှာ အင်အားအပြည့်နဲ့ ကြိုးစားလုပ်ဆောင်နေတယ်လို့ အသိပေးပါတယ်။

ဒါကြောင့် TRI ဗျူဟာအနေနဲ့ မိတ်ဖက်တော်လှန်ရေးအင်အားစုတွေနဲ့လက်တွဲပြီး သူတို့ရဲ့နယ်မြေကိုကာကွယ်သွားမှာ ဖြစ်သလို အခက်အခဲတွေဘယ်လောက်ပဲရှိနေပါစေ ဖက်ဒရယ်ဒီမိုကရေစီစနစ်ရတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုထားပါတယ်။ 

အခက်အခဲ အတားအဆီးတွေ ဘယ်လောက်ပဲကြီးမားနေပါစေ  မိမိတို့ရဲ့ ဘုံရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိ ရေးနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး တိုက်ပွဲတွေကို ဆထက်ထမ်းပိုး ကြိုးစားလုပ်ဆောင်သွားမယ်လို့ ပြည်သူ့ ကာကွယ်ရေးတပ်မတော် မန္တလေး - PDF ဘက်ကလည်း ကြေညာထားပါတယ်။ 

အကြမ်းဖက်စစ်တပ်ဘက်က ယုတ်မာရက်စက်မှုမျိုးစုံ၊ ကောက်ကျစ်စဥ်းလဲမှုမျိုးစုံနဲ့ တိုက်ခိုက်ခြေမှုန်းနေ ပေမယ့် တော်လှန်ရေးရဲဘော်တွေအနေနဲ့ တွန့်ဆုတ်ကြောက်ရွံ့နေမှာမဟုတ်ဘဲ တော်လှန်ရေးအောင်မြင်တဲ့အထိ ဆက်ပြီး တိုက်ပွဲ ဝင်သွားမယ်လို့ မိုးကုတ်ဗျူဟာကလည်း ထုတ်ဖော်ပြောဆိုထားပါတယ်။⁩


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။⁨⁨⁨⁨⁨ အခက်အခဲတွေဘယ်လောက်ပဲကြုံနေပါစေ မိုးကုတ်မြို့ စစ်တပ်လက်အောက်ပြန်မရောက်အောင် တော်လှန်ရေး အင်အားစု တွေနဲ့ လက်တွဲကာကွယ်သွားမယ်လို့ မိုးကုတ် ပ.က.ဖ အသိပေး


အောက်တိုဘာလ (၃၀)ရက်


အခက်အခဲတွေဘယ်လောက်ပဲကြုံနေပါစေ မိုးကုတ်မြို့ စစ်တပ်လက်အောက်ပြန်မရောက်အောင် တော်လှန်ရေး အင်အားစု တွေနဲ့ လက်တွဲကာကွယ်သွားမယ်လို့ မိုးကုတ် ပ.က.ဖ က အသိပေး ထုတ်ပြန်လိုက်ပါတယ်။ 


မိုးကုတ်မြို့မှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေနေတွေနဲ့ပတ်သက်လို့ မိုးကုတ်မြို့နယ်အတွင်းက မိဘပြည်သူတွေကို ဒီနေ့ အောက်တိုဘာ ၃ဝ မှာ အသိပေး ပြောဆိုလိုက်တာဖြစ်ပါတယ်။ 


ပြည်သူ့ကာကွယ်ရေးအဖွဲ့ မိုးကုတ်မြို့နယ် မိုးကုတ် ပ.က.ဖ ဟာ တော်လှန်ရေးခရီးကြမ်းကို ပြည်သူလူထုရဲ့ ကူညီ ထောက်ပံ့မှုနဲ့ ရပ်တည်လာတဲ့ အဖွဲ့အစည်းဖြစ်ပြီး လက်ရှိအချိန်ထိလည်း ပြည်သူလူထုရဲ့ ထောက်ပံ့မှုနဲ့ ဆက်လက် ရပ်တည်နေရတဲ့ အဖွဲ့စည်းလို့ ဆိုပါတယ်။


မိုးကုတ် ပ.က.ဖ အနေနဲ့ တော်လှန်ရေးအပေါ် အစဉ်တစိုက် အားသွန်ခွန်စိုက် ကြိုးစားခဲ့ကြသလို အောင်မြင်မှုတွေကိုလည်း မဟာမိတ်တပ်ဖွဲ့တွေ ညီအစ်ကိုတပ်ဖွဲ့တွေနဲ့အတူ ဆင်နွှဲနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


တော်လှန်ရေးအစကနေ ပြီးဆုံးတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ သံဓိဌာန်ချမှတ်ထားတဲ့အတွက် မိုးကုတ် - ပ.ဖ.က အနေနဲ့ ဘယ်လို အခက်ခဲတွေနဲ့ ကြုံနေပါစေ မိုးကုတ်အခြေပြု တပ်ရင်းတပ်ဖွဲ့များ၊ ညီအစ်ကို တပ်ရင်းတပ်ဖွဲ့များ၊ တော်လှန်ရေး တပ်ဖွဲ့များ၊ မိုးကုတ်မြို့မြို့က ပြည်သူတွေနဲ့လက်တွဲပြီး မိုးကုတ်မြို့ စစ်ကော်မရှင်လက်အောက် ပြန်မရောက်စေဖို့  ရင်ဆိုင် ကျော်လွှားသွားမှာဖြစ်သလို တော်လှန်ရေးအောင်မြင်မှုပန်းတိုင်ဆီကို ဦးလည်မသုန် ချီတက်သွားမယ်လို့ ကတိသစ္စာပြု တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။


တအာင်းတပ်မတော် TNLA အနေနဲ့ အကြမ်းဖက်စစ်တပ်နဲ့ အပစ်ရပ်စဲမယ်လို့ သဘောတူလိုက်ပြီး မန္တလေးတိုင်းထဲက မိုးကုတ်မြို့နဲ့ ရှမ်းမြောက်ဒေသက မိုးမိတ်မြို့တို့ကနေ ဆုတ်ခွာပေးမယ်လို့ ကြေညာလိုက်ချိန်မှာ မန္တလေး - PDF ၊ မိုးကုတ် ဗျူဟာ၊ TRI ဗျူဟာတို့က သူတို့ထိန်းချုပ်ထားတဲ့နယ်မြေတွေကို ကာကွယ်သွားမယ်လို့ အသီးသီး ထုတ်ပြန်ကြေညာထား ပါတယ်။⁩


⁨⁨⁨အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩⁩⁩⁩⁩



========================


Share: