၂၀၂၅ အောက်တိုဘာလ ၃၀ ရက်နေ့ ညနေခင်း သတင်းလွှာ

 


၂၀၂၅ အောက်တိုဘာလ ၃၀ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။လူ့အခွင့်အရေးတာဝန်ခံတွေအတွက် လုံခြုံရေးအသိပညာတိုးမြှင့်သင်တန်း ရက်တာပြုလုပ် 

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။⁨⁨ ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဗျူဟာအနေနဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့အတူ မိမိတို့အခြေတည်ရာ ဒေသတွေကို ကာကွယ်သွားမယ်လို့ ကြေညာ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။⁨⁨⁨⁨⁨ အခက်အခဲတွေဘယ်လောက်ပဲကြုံနေပါစေ မိုးကုတ်မြို့ စစ်တပ်လက်အောက်ပြန်မရောက်အောင် တော်လှန်ရေး အင်အားစု တွေနဲ့ လက်တွဲကာကွယ်သွားမယ်လို့ မိုးကုတ် .က. အသိပေး


========================


၂၀၂၅ ခုနှစ် အောက်တိုဘာလ ၃၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨ ခေါင်လန်ဖူးမြို့နယ်က စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်စခန်း ခုကို KIA ထပ်မံသိမ်းပိုက်

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ နဲ့ တပ်မဟာ ဘက်ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေ

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ကန့်ဘလူနယ် စံပယ်နံ့သာရွာမှာရှိတဲ့ စစ်အုပ်စုက အသက် ၁၆ နှစ်အရွယ်မိန်းကလေးကို မုဒိမ်းကျင့်ပြီး သတ်ဖြတ်

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ပေါင်းတည် ဝဲကြီးဆည် စစ်ဆေးရေးဂိတ်ကို မိုင်းခွဲတိုက်ခိုက်မှု စစ်သား ဦးသေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။လူ့အခွင့်အရေးတာဝန်ခံတွေအတွက် လုံခြုံရေးအသိပညာတိုးမြှင့်သင်တန်း ရက်တာပြုလုပ် 


အောက်တိုဘာလ (၃၀)ရက်


စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းတို့မှာရှိတဲ့ လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံတွေအတွက် ပုဂ္ဂိုလ်ရေးလုံခြုံမှု၊ ဒစ်ဂျစ်တယ် လုံခြုံမှုတို့နဲ့ဆိုင်တဲ့ လုံခြုံရေးအသိပညာတိုးမြှင့်သင်တန်း - Safety and Security Training တခုကို အောက်တိုဘာလ အတွင်းမှာ ရက်ကြာ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ အောက်တိုဘာ ၃ဝ မှာ ထုတ်ပြန်လာပါတယ်။


သင်တန်းမှာ ဒစ်ဂျစ်တယ်လုံခြုံရေးနဲ့အတူ တကိုယ်ရည်လုံခြုံရေးအတွက် သတိထားသင့်တဲ့အကြောင်းအရာများ၊ ခရီးသွားချိန် လုံခြုံမှုရှိအောင်လုပ်ဆောင်နိုင်တဲ့အခြေအနေများ၊ ဆက်သွယ်ရေးလုံခြုံမှု၊ ကိုယ်ရေးအချက်အလက် မျှဝေမှု ဆိုင်ရာ သတိထားသင့်တဲ့အကြောင်းအရာကို ကျွမ်းကျင်တဲ့ ပြင်ပ နည်းပညာရှင် သင်တန်းနည်းပြတဦးက ဆွေးနွေး သင်ကြားပို့ချခဲ့တာလို့ ဆိုပါတယ်။


ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုက လူထုကိုဖိနှိပ်ဖို့ အသုံးပြုနေတဲ့ PSMS စောင့်ကြည့်မှုစနစ်နဲ့ အကြမ်းဖက် စစ်အုပ်စုက ထုတ်ပြန်ထားတဲ့ တရားမဝင် လုံခြုံရေးဥပဒေတွေကြောင့် ဖြစ်ပေါ်နိုင်တဲ့ အန္တရာယ်တွေအပြင် အမျိုးသမီးနဲ့ လူနည်းစုတို့ တွေ့ကြုံခံစားရနိုင်တဲ့ လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုတွေအကြောင်းကိုလည်း ထည့်သွင်း ဆွေးနွေးသင်ကြားပေးခဲ့တယ်လို့ အသိပေးပါတယ်။


တက်ရောက်လာတဲ့ လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံတွေအနေနဲ့လည်း သင်တန်းအတွက် တက်ကြွစွာ ပါဝင် ဆွေးနွေးတာ၊ မေးမြန်းတာတွေလုပ်ခဲ့ပြီး လုံခြုံရေးနဲ့ပတ်သက်တဲ့ အသိပညာတွေ ရခဲ့ကြောင်းနဲ့ သင်တန်းကရရှိလာတဲ့ သင်ကြား ဆွေးနွေးချက်တွေအပေါ် ဒေသခံလူထုကို ပြန်လည်မျှဝေပေးမယ်လို့ မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။ 


အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ လူ့အခွင့်အရေး ချိုး ဖောက်မှုတွေကို အရေးယူခံရနိုင်ဖို့ သက်သေရယူ မှတ်တမ်းတင်မှုတွေအပြင် မြေပြင်မှာရှိတဲ့ လူထုအတွက်လိုအပ်တဲ့ အသိပညာမျှဝေမှုတွေနဲ့ ထောက်ပံ့မှုတွေ စဉ်ဆက်မပြတ်လုပ်နေတယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။⁨⁨ ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဗျူဟာအနေနဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့အတူ မိမိတို့အခြေတည်ရာ ဒေသတွေကို ကာကွယ်သွားမယ်လို့ ကြေညာ


အောက်တိုဘာလ (၃၀)ရက်


ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဗျူဟာအနေနဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့အတူ မိမိတို့ မွေးဖွား အခြေတည်ရာ ဒေသတွေကို ကာကွယ်သွားမယ်လို့ ဒီနေ့ အောက်တိုဘာ ၃ဝ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ 

တအာင်းတပ် TNLA က အကြမ်းဖက်စစ်တပ်နဲ့အပစ်ရပ်ပြီး မိုးကုတ်နဲ့မိုးမိတ်မြို့ကနေ ဆုတ်ခွာပေးမယ်လို့ ကြေညာပြီး နောက်တရက်မှာ အခုလို ကြေညာလာလာဖြစ်ပါတယ်။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဗျူဟာ ဟာ မန္တလေးတိုင်းထဲက စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်က နယ်မြေခံအင်အားစု တွေ အပါအဝင် အင်အားစုများစွာနဲ့ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန မန္တလေးတိုင်း စစ်ဌာန ကွပ်ကဲမှုအောက်မှာရှိတဲ့ ဗျူဟာတခုဖြစ်ပါတယ်။ 

လက်ရှိမှာလည်း မန္တလေးတိုင်းအတွင်းမှာရှိတဲ့နယ်မြေတွေမှာ တော်လှန်ရေးဆိုင်ရာလုပ်ငန်းတွေမှာ အင်အားအပြည့်နဲ့ ကြိုးစားလုပ်ဆောင်နေတယ်လို့ အသိပေးပါတယ်။

ဒါကြောင့် TRI ဗျူဟာအနေနဲ့ မိတ်ဖက်တော်လှန်ရေးအင်အားစုတွေနဲ့လက်တွဲပြီး သူတို့ရဲ့နယ်မြေကိုကာကွယ်သွားမှာ ဖြစ်သလို အခက်အခဲတွေဘယ်လောက်ပဲရှိနေပါစေ ဖက်ဒရယ်ဒီမိုကရေစီစနစ်ရတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုထားပါတယ်။ 

အခက်အခဲ အတားအဆီးတွေ ဘယ်လောက်ပဲကြီးမားနေပါစေ  မိမိတို့ရဲ့ ဘုံရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိ ရေးနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး တိုက်ပွဲတွေကို ဆထက်ထမ်းပိုး ကြိုးစားလုပ်ဆောင်သွားမယ်လို့ ပြည်သူ့ ကာကွယ်ရေးတပ်မတော် မန္တလေး - PDF ဘက်ကလည်း ကြေညာထားပါတယ်။ 

အကြမ်းဖက်စစ်တပ်ဘက်က ယုတ်မာရက်စက်မှုမျိုးစုံ၊ ကောက်ကျစ်စဥ်းလဲမှုမျိုးစုံနဲ့ တိုက်ခိုက်ခြေမှုန်းနေ ပေမယ့် တော်လှန်ရေးရဲဘော်တွေအနေနဲ့ တွန့်ဆုတ်ကြောက်ရွံ့နေမှာမဟုတ်ဘဲ တော်လှန်ရေးအောင်မြင်တဲ့အထိ ဆက်ပြီး တိုက်ပွဲ ဝင်သွားမယ်လို့ မိုးကုတ်ဗျူဟာကလည်း ထုတ်ဖော်ပြောဆိုထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။⁨⁨⁨⁨⁨ အခက်အခဲတွေဘယ်လောက်ပဲကြုံနေပါစေ မိုးကုတ်မြို့ စစ်တပ်လက်အောက်ပြန်မရောက်အောင် တော်လှန်ရေး အင်အားစု တွေနဲ့ လက်တွဲကာကွယ်သွားမယ်လို့ မိုးကုတ် .က. အသိပေး


အောက်တိုဘာလ (၃၀)ရက်


အခက်အခဲတွေဘယ်လောက်ပဲကြုံနေပါစေ မိုးကုတ်မြို့ စစ်တပ်လက်အောက်ပြန်မရောက်အောင် တော်လှန်ရေး အင်အားစု တွေနဲ့ လက်တွဲကာကွယ်သွားမယ်လို့ မိုးကုတ် .က. က အသိပေး ထုတ်ပြန်လိုက်ပါတယ်။ 


မိုးကုတ်မြို့မှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေနေတွေနဲ့ပတ်သက်လို့ မိုးကုတ်မြို့နယ်အတွင်းက မိဘပြည်သူတွေကို ဒီနေ့ အောက်တိုဘာ ၃ဝ မှာ အသိပေး ပြောဆိုလိုက်တာဖြစ်ပါတယ်။ 


ပြည်သူ့ကာကွယ်ရေးအဖွဲ့ မိုးကုတ်မြို့နယ် မိုးကုတ် .က. ဟာ တော်လှန်ရေးခရီးကြမ်းကို ပြည်သူလူထုရဲ့ ကူညီ ထောက်ပံ့မှုနဲ့ ရပ်တည်လာတဲ့ အဖွဲ့အစည်းဖြစ်ပြီး လက်ရှိအချိန်ထိလည်း ပြည်သူလူထုရဲ့ ထောက်ပံ့မှုနဲ့ ဆက်လက် ရပ်တည်နေရတဲ့ အဖွဲ့စည်းလို့ ဆိုပါတယ်။


မိုးကုတ် .က. အနေနဲ့ တော်လှန်ရေးအပေါ် အစဉ်တစိုက် အားသွန်ခွန်စိုက် ကြိုးစားခဲ့ကြသလို အောင်မြင်မှုတွေကိုလည်း မဟာမိတ်တပ်ဖွဲ့တွေ ညီအစ်ကိုတပ်ဖွဲ့တွေနဲ့အတူ ဆင်နွှဲနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


တော်လှန်ရေးအစကနေ ပြီးဆုံးတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ သံဓိဌာန်ချမှတ်ထားတဲ့အတွက် မိုးကုတ် - ..က အနေနဲ့ ဘယ်လို အခက်ခဲတွေနဲ့ ကြုံနေပါစေ မိုးကုတ်အခြေပြု တပ်ရင်းတပ်ဖွဲ့များ၊ ညီအစ်ကို တပ်ရင်းတပ်ဖွဲ့များ၊ တော်လှန်ရေး တပ်ဖွဲ့များ၊ မိုးကုတ်မြို့မြို့က ပြည်သူတွေနဲ့လက်တွဲပြီး မိုးကုတ်မြို့ စစ်ကော်မရှင်လက်အောက် ပြန်မရောက်စေဖို့  ရင်ဆိုင် ကျော်လွှားသွားမှာဖြစ်သလို တော်လှန်ရေးအောင်မြင်မှုပန်းတိုင်ဆီကို ဦးလည်မသုန် ချီတက်သွားမယ်လို့ ကတိသစ္စာပြု တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။


တအာင်းတပ်မတော် TNLA အနေနဲ့ အကြမ်းဖက်စစ်တပ်နဲ့ အပစ်ရပ်စဲမယ်လို့ သဘောတူလိုက်ပြီး မန္တလေးတိုင်းထဲက မိုးကုတ်မြို့နဲ့ ရှမ်းမြောက်ဒေသက မိုးမိတ်မြို့တို့ကနေ ဆုတ်ခွာပေးမယ်လို့ ကြေညာလိုက်ချိန်မှာ မန္တလေး - PDF မိုးကုတ် ဗျူဟာ၊ TRI ဗျူဟာတို့က သူတို့ထိန်းချုပ်ထားတဲ့နယ်မြေတွေကို ကာကွယ်သွားမယ်လို့ အသီးသီး ထုတ်ပြန်ကြေညာထား ပါတယ်။


⁨⁨⁨အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩⁩⁩⁩⁩



========================


========================




🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨ ခေါင်လန်ဖူးမြို့နယ်က စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်စခန်း ခုကို KIA ထပ်မံသိမ်းပိုက် 


အောက်တိုဘာလ (၃၀)ရက်


ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်ထဲက အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်စခန်း ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ထပ်သိမ်းနိုင်ခဲ့တယ်လို့ ဒေသစစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။


ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသမှာရှိတဲ့ ငေါ်ဂျာလ Nga Ja La ရွာကတပ်စခန်းနဲ့ နမ်ချိန်းရွာ - Nam Ching ရွာက စစ်စခန်းကို အောက်တိုဘာ ၂၈ ရက်မှာ KIA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။  


ဒီစခန်း ခု ဟာ လန်ဆယ်ရွာ အထက် မခေါင်ဒမ်းရွာနဲ့ ရှိန်းခေါင်ရွာကြားမှာရှိတဲ့ စခန်းတွေဖြစ်ပြီး ခေါင်လန်ဖူးမြို့အတွက် အရေးပါတဲ့ ကာကင်းစခန်းတွေဖြစ်တယ်လို့ သိရပါတယ်။ 

 

ကချင်လွတ်မြောက်ရေးတပ်မတော် - KIA နဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ဒီစခန်း ခုဟာ လာဟီဆင်နဲ့ ရှီလာန်ဒမ်းကနေ ဆုတ်ခွာသွားတဲ့ စစ်သားတွေနဲ့ ပြည်သူ့စစ်တွေ ခံစစ်ပြင်ထားတဲ့စခန်းတွေလို့လည်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက အသိပေးပါတယ်။


ကချင်လွတ်မြောက်ရေးတပ်မတော် - KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ အခုလ ၂၁ ရက်နေ့တုန်းကလည်း ခေါင်လန်ဖူးမြို့က စစ်စခန်း ခုကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် လက်ရှိမှာ စစ်စခန်း ခုအထိ သိမ်းပိုက်နိုင်ခဲ့ပြီလို့ သိရပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ နဲ့ တပ်မဟာ ဘက်ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေ


အောက်တိုဘာလ (၃၀)ရက်


ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ နဲ့ တပ်မဟာ ဘက်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြထားပါတယ်။ 

KIA တပ်မဟာ ဖားကန့်ဒေသနဲ့ တပ်မဟာ ဒေသဘက်တွေကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲ တိုက်ခိုက်နေတာလို့ ဆိုပါတယ်။ 

အောက်တိုဘာ ၂၇ ရက်နေ့က KIA တပ်မဟာ နယ်မြေကို စစ်တပ်က Y – 12 စစ်ထောက်ပို့ လေယာဉ်နဲ့ အကြိမ် ၃ဝ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက အသိပေးပါတယ်။ 

အောက်တိုဘာ ၂၈ ရက်နေ့ညသန်းခေါင် ၁၂ နာရီ ၁၅ မိနစ်အချိန်မှာလည်း KIA တပ်မဟာ ဖားကန့်ဒေသဘက်တွေမှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်သွားတယ်လို့ ပြောပါတယ်။ 

အကြမ်းဖက်စစ်တပ်ဟာ KIA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့နယ်မြေတွေမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ မြေပြင် ကနေ စစ်ကြောင်းထိုးနေသလို ပြည်သူလူထုနေထိုင်ရာနေရာတွေ၊ တိုက်ပွဲဖြစ်တာမရှိတဲ့နေရာတွေ ကို နေ့စဉ်မပြတ် လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ကန့်ဘလူနယ် စံပယ်နံ့သာရွာမှာရှိတဲ့ စစ်အုပ်စုက အသက် ၁၆ နှစ်အရွယ်မိန်းကလေးကို မုဒိမ်းကျင့်ပြီး သတ်ဖြတ်


အောက်တိုဘာလ (၃၀)ရက်


ကန့်ဘလူနယ်ကိုဖြတ်သွားတဲ့ ရွှေဘို - မြစ်ကြီးနာဗျူဟာလမ်းပေါ်မှာရှိတဲ့ စံပယ်နံ့သာရွာမှာအထိုင်ချနေတဲ့ စစ်အုပ်စုက အသက် ၁၆ နှစ်အရွယ် မိန်းကလေးတဦးကို မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့တယ်လို့ ဒေသတွင်း သတင်းတွေကို အသိပေးနေတဲ့ Infinity Group က ဒီနေ့ အောက်တိုဘာ ၃ဝ မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။


ကောလင်းမြို့နယ်အရှေ့ခြမ်း ပေကုန်းရွာကနေ ရွှေဘိုကို ဆိုင်ကယ်နဲ့ခရီးသွားတဲ့ မိန်းကလေးငယ် ဦးကို ကန့်ဘလူနယ် စံပယ်နံ့သာအထိုင်စခန်းမှာရှိတဲ့စစ်အုပ်စုက မနေ့ အောက်တိုဘာ ၂၉ ရက် နေ့လည်ပိုင်းမှာ ဖမ်းဆီးခဲ့ပြီး တဦးကို မုဒိမ်းကျင့်ကာ သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။


သတ်ဖြတ်ခံရသူဟာ ကောလင်းမြို့နယ် ပေကုန်းရွာက အသက် ၁၆ နှစ်အရွယ် မစုမြတ်ပြည့် ဖြစ်တယ်လို့ သိရပါတယ်။


သူနဲ့အတူပါတဲ့ မိန်းကလေးငယ်တဦးကတော့ ထွက်ပြေးလွတ်မြောက်လာတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေက ခေါ်ယူစောင့်ရှောက်ထားတယ်လို့လည်း အသိပေးထားပါတယ်။


အခု အောက်တိုဘာလ ၁၆ ရက်နေ့တုန်းကလဲ ကောလင်းနယ်ကနေ တန့်ဆည်နယ်ဘက်ကို ကထိန်ခင်းဖို့သွားတဲ့ လင်မယား ဦးကို စံပယ်နံ့သာအထိုင်စခန်းမှာရှိတဲ့ စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီး မိန်းမဖြစ်သူကို မဒိန်းကျင့်သတ်ဖြတ်ပြီး ရွှေထည်ပစ္စည်း တွေနဲ့ ငွေကျပ် သိန်း ဖုန်း လုံးနဲ့ ဆိုင်ကယ်တစီးကို လုယူခဲ့တဲ့ ဖြစ်စဥ်ရှိခဲ့ပါတယ်။


ကန့်ဘလူနယ် စံပယ်နံ့သာအထိုင်စခန်းမှာရှိတဲ့ စစ်အုပ်ဟုဟာ ခရီးသွားပြည်သူတွေထဲက အမျိုးသားတွေကို ဖမ်းဆီးတာ၊ပေါ်တာဆွဲတာ၊ အမျိုးသမီးတွေကို ဖမ်းဆီးပြီး မုဒိမ်းကျင့်တာတွေ ခပ်စိပ်စိပ်လုပ်လာတဲ့အတွက် ပြည်သူလူထုအနေနဲ့ ဗျူဟာလမ်းပိုင်းကို အသုံးပြုပြီး ခရီးသွားလာရမှာ အထူးသတိပြုကြဖို့ ဒေသ တော်လှန်ရေးအင်အားစုတွေက အသိပေး နှိုးဆော်ထားပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ပေါင်းတည် ဝဲကြီးဆည် စစ်ဆေးရေးဂိတ်ကို မိုင်းခွဲတိုက်ခိုက်မှု စစ်သား ဦးသေ


အောက်တိုဘာလ (၃၀)ရက်


ပဲခူးတိုင်း ပြည်ခရိုင် ပေါင်းတည်မြို့နယ်ထဲက ဝဲကြီးဆည်မှာအထိုင်ချနေတဲ့ စစ်တပ် စစ်ဆေးရေးဂိတ်ကို မိုင်းခွဲ တိုက်ခိုက်မှု မှာ စစ်သား ဦးသေဆုံးသွားပြီး စစ်တပ်သတင်းပေးအပါအဝင် အခြားစစ်သားတွေ ဒဏ်ရာရသွားတယ်လို့ ပေါင်းတည်မြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF - ၃၆၀၁ တပ်ရင်းက ဒီနေ့ အောက်တိုဘာ ၃ဝ မှာ ထုတ်ပြန်လာပါတယ်။ 

ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်မှာရှိတဲ့ ၃၆၀၁ တပ်ရင်း တပ်ခွဲ ကရဲဘော်တွေ အောက်တိုဘာ ၂၈ ရက်နေ မနက် နာရီကျော် အချိန်မှာ ရှေ့ထွက်မိုင်းခွဲပြီး တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ ထုတ်ပြန်လာတာဖြစ်ပါတယ်။ 

ဒီတိုက်ခိုက်မှုမှာ စစ်သား ဦးသေဆုံးသွားတဲ့အပြင် စခန်းအတွင်းမှာရှိနေတဲ့ စစ်သားတွေနဲ့ စစ်တပ်သတင်းပေး မေကဗျာ အပါအဝင် အရပ်သားပြည်သူ ဦး ဒဏ်ရာရသွားတယ်လို့ ပြောပါတယ်။ 

မေကဗျာဆိုသူဟာ စစ်သားတဦးရဲ့ မယားငယ်ဖြစ်ပြီး ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေရဲ့သတင်းအချက်အလက်တွေကို စစ်တပ်ကို သတင်းပေးတာ၊ ဒေသနေပြည်သူတွေ မြို့ပေါ်ကဝယ်ယူလာတဲ့ ကုန်ပစ္စည်းတွေကို စစ်ဆေးရှာဖွေ သိမ်းယူတာ တွေ လုပ်နေသူလို့ သိရပါတယ်။ 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ အရပ်သားပြည်သူတွေ အသွားအလာရှင်းတဲ့အချိန်ကိုစောင့်ပြီး ဖောက်ခွဲ တိုက်ခိုက်ခဲ့ပေမယ့် အရပ်ပြည်သူ ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာရသွားခဲ့တာအတွက် စိတ်မကောင်းဖြစ်ရတယ်လို့ အသိပေး ထားပါတယ်။

ဒါကြောင့် ဒေသနေပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းတွေအနီးမှာ နေထိုင်တာ၊ သွားလာတာတွေ မလုပ်ကြဖို့ PPDF - ၃၆၀၁ တပ်ရင်းက သတိပေးနှိုးဆော်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩







#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment