၂၀၂၅ သြဂုတ်လ ၁၈ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ သြဂုတ်လ ၁၈ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်နော်ဝေရောက် မြန်မာအင်အားစုများတွေ့ဆုံ

📌 ⁨⁨⁨⁨၂။ တော်လှန်ရေးကိုရှေးရှုပြီးလုပ်ဆောင်နေတာမို့ တော်လှန်ရေးအောင်ဖို့ ပို၍အလုပ်လုပ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအသိပေးပြောကြား

📌 ⁨⁨⁨⁨၃။ဘယ်နည်းနဲ့မဆိုစစ်အာဏာရှင်ကိုဖြုတ်ချဖို့ဆုံးဖြတ်ထားကြောင်း"ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင် ပြောကြား

📌 ⁨⁨⁨⁨၄။ သြစတြေးလျနိုင်ငံမှာကျင်းပတဲ့ လူထုဆွေးနွေးပွဲအခမ်းအနားသို့ NUGကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေတက်ရောက်

📌 ⁨⁨⁨⁨၅။ သံအမတ်ကြီးဦးကျော်မိုးထွန်း Credential အတွက် ထောက်ခံ ဆန္ဒပြပွဲ Londonမှာကျင်းပမည်

📌 ⁨⁨⁨⁨၆။ လူ့အခွင့်အရေးလက်စွဲစာအုပ်များ NUGလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ဝက်ဆိုဒ်စာမျက်နှာမှာ တစုစည်းထဲ ဝင်ရောက်ဖတ်ရှုနိုင်

📌 ⁨⁨⁨⁨၇။ပြုံးပြုံးလေး" "Still, We Smile" ရုပ်ရှင်ကားကြီးကို ထိုင်းနိုင်ငံချင်းမိုင်မှာပြသမည်


========================


၂၀၂၅ ခုနှစ် သြဂုတ်လ ၁၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩⁨⁨⁨⁨ ဆီဆိုင်မြို့နယ် နောင်ဗိုကျေးရွာကို စစ်ကော်မရှင်လက်အောက်ခံ ခရိုနီနေဝင်းထွန်းဦးဆောင်သည့် PNOပြည်သူ့စစ်က မီးရှို့၍နေအိမ် ၂၀ ထက်မနည်း မီးလောင်ဆုံးရှုံး

🚩၂။ မြိတ်ထား ဝယ်ခရိုင် လယ်မူလာမြို့နယ် အောင်ပူ(အင်ဖုံး) ကျေး ရွာအုပ်စုအတွင်း အာဏာသိမ်းစစ်ကောင်စီ ခလရ(၂၈၅) တပ်ရင်း တပ်စွဲထားသော တမိုင်းတောင်စခန်းကုန်းမှတပ်ဖွဲ့ဝင်များအားလုံး စခန်းမှဆုတ်ခွာထွက်ပြေး

🚩၃။ SOUTHERN EAGLE PDF တပ်ရင်းမှ သင်တန်းသား ဦးရေ (၁၀၀) ယောက်တိတိ ခေါ်ယူသွားမည်

🚩၄။ ကန့်ဘလူမြို့နယ်တွင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား  မီးရှို့ဖျက်ဆီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ⁨⁨⁨⁨⁨ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်နော်ဝေရောက် မြန်မာအင်အားစုများတွေ့ဆုံ


 သြဂုတ်လ (၁၈)ရက်


NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်နော်ဝေရောက် မြန်မာအင်အားစုများတွေ့ဆုံ၍ NUGက ပြုလုပ်နေသည့် ပြုပြင်ပြောင်းလဲရေးနှင့် နိုင်ငံရေးဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် နော်ဝေရောက် မြန်မာများ၏ တွေဆုံဆွေးနွေးပွဲကို အော်စလိုမြို့တော်၌ ဩဂုတ်လ ၁၆ ရက်နေ့တွင် ကျင်းပခဲ့တယ်လို့ သတင်းရရှိပါတယ်။


ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်က NUG က ပြုလုပ်နေသည့် ပြုပြင်ပြောင်းလဲရေးနှင့် နိုင်ငံရေးဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောပြခဲ့ပြီး၊ နော်ဝေနိုင်ငံတွင် ဖွဲ့စည်းထားသည့် မြန်မာ အသင်းအဖွဲ့များမှ တာဝန်ခံများ၊ မြန်မာ့အရေးကို စိတ်ပါဝင်စားသူများက သိချင်သည်များကို ရင်းနှီးပွင့်လင်းစွာ မေးမြန်းခဲ့ကြပါတယ်။


တွေ့ဆုံပွဲတွင် နော်ဝေနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးမောင်မောင်မြင့်လည်း ပါဝင်ဆွေးနွေးခဲ့ပြီး၊ တွေ့ဆုံပွဲဖြစ်မြောက်ရေးအတွက် CRPH support Group, Norway က စီစဉ်ပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨၂။ တော်လှန်ရေးကိုရှေးရှုပြီးလုပ်ဆောင်နေတာမို့ တော်လှန်ရေးအောင်ဖို့ ပို၍အလုပ်လုပ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအသိပေးပြောကြား


 သြဂုတ်လ (၁၈)ရက်


 အသိပေးပြောကြားပါတယ်။


တော်လှန်ရေးကိုရှေးရှုပြီးလုပ်ဆောင်နေတာမို့ တော်လှန်ရေးအောင်ဖို့ ပို၍အလုပ်လုပ်နေတယ်လို့ "အောင်ပွဲသစ်ဆီ ပဲခူး-တနင်္သာရီ" ကျပ်သိန်းတစ်သောင်းကမ်ပိန်း၏

Livestream အစီအစဉ်မှာ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ ပြောကြားခဲ့ပါတယ်။


"ကျနော်တို့အားလုံးက တော်လှန်ရေးအောင်ဖို့ ရှေးရှုနေကြတာဖြစ်တယ်။ကျနော်တို့ ဘာပဲလုပ်လုပ် တော်လှန်ရေးအောင်ဖို့စိတ်နဲ့ပဲဆောင်ရွက်ရတာဖြစ်တဲ့အတွက်ကြောင့် တကယ့်အလုပ်တွေကလည်း တော်လှန်ရေးအောင်ဖို့လုပ်ဖြစ်နေတယ်လို့ကျနော်တော့ယူဆတယ်။ကိုယ့်ကိုယ်ကိုယ်တော့အာမခံတယ်။ကျနော်တို့ဟာ တော်လှန်ရေးကိုရှေးရှုပြီးလုပ်တာမို့လို့တော်လှန်ရေးအောင်ဖို့ ပိုအလုပ်လုပ်နေတာသေချာတယ်။အဲဒီလိုပဲ ကျနော်တို့တော်လှန်ရေးအင်အားစုတွေ တွေ့ကြတယ်။ဆုံကြတယ်။ပြောကြတယ်။ဒါတွေအားလုံးကလည်း တော်လှန်ရေးအောင်ဖို့လုပ်နေတာဖြစ်တယ်"လို့ပြောပါတယ်။


လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်ဝန်ကြီးအများစုဟာ တော်လှန်ရေးနယ်မြေအတွင်းရောက်ရှိကာ တော်လှန်ရေးအင်အားစုများနဲ့အတူ တော်လှန်ရေးအောင်မြင်ဖို့အရေး ပူးပေါင်းလုပ်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨၃။ဘယ်နည်းနဲ့မဆိုစစ်အာဏာရှင်ကိုဖြုတ်ချဖို့ဆုံးဖြတ်ထားကြောင်း"ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင် ပြောကြား


 သြဂုတ်လ (၁၈)ရက်


"ဘယ်နည်းနဲ့မဆိုစစ်အာဏာရှင်ကိုဖြုတ်ချဖို့ ဆုံးဖြတ်ထားကြောင်းကို သြဂုတ်လ ၁၆ရက် အမေရိကန်နိုင်ငံဝါရှင်တန်ဒီစီမှာကျင်းပတဲ့  Women for Myanmar ရန်ပုံငွေပွဲတွင် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးဦးထင်လင်းကပြောကြားခဲ့ပါတယ်။


"ဘယ်နည်းနဲ့မဆိုကျနော်တို့ဆုံးဖြတ်ချက်ချထားတာကတော့ ဒီစစ်အာဏာရှင်ကို ကျနော်တို့ဖြုတ်ချမယ်ဆိုတာ တစက်မှဇွဲမလျှော့ဘဲနဲ့အောင်ပွဲရသည့်အထိ ဆက်သွားမယ်ဆိုတဲ့သံန္ဓိဌာန်နဲ့  ကြံ့ကြံ့ခံခုခံကာကွယ်နေတာကို ကျနော်တို့တွေ့ရတယ်။ကြားရတယ်။ ကျနော်တို့ရဲ့PDFရဲဘော်တွေက CDM တွေ၊ကျောင်းသားတွေကို စကစရဲ့ဝေဟင်ကနေရက်ရက်စက်ဗုံးကြဲနေတာကို ခုခံကာကွယ်ပေးနေတာအားလုံးအသိဖြစ်တယ်။ကျနော်တို့ဇွဲလျှော့လိုက်လို့မရဘူး။ဒီလောက်ကြံ့ကြံ့ခံခုခံပြီးအောင်မြင်လာခဲ့ပြီးမှ ဇွဲ၊လုံ့လ၊ဝီရီယလျော့လို့မရဘူး။ဆက်ပြီးတော့အရင်တုန်းကအတိုင်း ဆက်သွားမယ်လို့တိတိလင်းလင်းပြောချင်တယ်"လို့ဝန်ကြီးကပြောပါတယ်။


လက်ရှိမှာအကြမ်းဖက်စစ်ကော်မရှင်ဟာ အတုအယောင်ရွေးကောက်ပွဲ ကျင်းပဖို့ပြင်ဆင်နေပြီးနိုင်ငံရေးထွက်ပေါက်ရှာနေတယ်လို့သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨၄။ သြစတြေးလျနိုင်ငံမှာကျင်းပတဲ့ လူထုဆွေးနွေးပွဲအခမ်းအနားသို့ NUGကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေတက်ရောက်


 သြဂုတ်လ (၁၈)ရက်


သြစတြေးလျနိုင်ငံ မဲလ်ဘန်းမြို့မှာကျင်းပတဲ့ လူထုဆွေးနွေးပွဲအခမ်းအနားသို့ NUGကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေ တက်ရောက်ခဲ့ပါတယ်။


သြစတြေးလျနိုင်ငံ၏ အချုပ်အခြာပိုင်နယ်မြေအတွင်း မြန်မာစစ်အာဏာရှင်၏ သူလျှိုဒလန်များ၊ သတင်းပေးများက သြစတြေးလျနိုင်ငံတွင် လှို့ဝှက်စွာ လှုပ်ရှားဆောင်ရွက် သတင်းထောက်လှမ်းခြင်း၊ မြန်မာမိသားစုများအတွင်း လှည့်ဖြားသွေးခွဲခြင်း၊ ခြိမ်းခြောက်ခြင်း၊ စစ်အုပ်စုက ဆောင်ရွက်ရန် ပြင်ဆင်နေသော အတုအယောင်ရွေးကောက်ပွဲအတွက် ဖြစ်လာနိုင်ခြေရှိသော သြစတြေးလျရောက် မြန်မာနိုင်ငံသားများအား အကြပ်ကိုင် ခြိမ်းခြောက်ခြင်းများနှင့်ပတ်သက်ပြီး လူထုဆွေးနွေးပွဲတရပ်ကို သြဂုတ်လ၁၅ရက်က ကျင်းပခဲ့ပါတယ်။


သြစတြေးလျနိုင်ငံ၏ နိုင်ငံခြားစွက်ဖက်မှုဆိုင်ရာ ဥပဒေ (the National Security Amendment (Espionage and Foreign Interference) Act 2018)) အကာအကွယ်ပေးမှု၊ ယင်းကိစ္စရပ်များနှင့်ပတ်သက်ပြီး သံသယရှိဖွယ် လှုပ်ရှားမှုများအတွက် သက်ဆိုင်ရာ ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများအား မည်သို့မည်ပုံ သတင်းပို့နိုင်မည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီးရှင်းလင်းမှုများလုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။


အခမ်းအနားကို မဲလ်ဘန်းမြို့ရှိ Wyndham Park Community Centreတွင် ကျင်းပခဲ့ပြီး မြန်မာအင်အားစုများတက်ရောက်ခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨၅။ သံအမတ်ကြီးဦးကျော်မိုးထွန်း Credential အတွက် ထောက်ခံ ဆန္ဒပြပွဲ Londonမှာကျင်းပမည်


 သြဂုတ်လ (၁၈)ရက်


သံအမတ်ကြီးဦးကျော်မိုးထွန်း Credential အတွက် ထောက်ခံ ဆန္ဒပြပွဲကို London Parliament Squareမှာ ကျင်းပမည်ဖြစ်ကြောင်းသိရပါတယ်။


"သံအမတ်ကြီးဦးကျော်မိုးထွန်း credential အတွက် ထောက်ခံ ဆန္ဒပြပွဲ ကိုသြဂုတ်လ၂၀ရက်၊ စနေနေ့ နေ့လည်၁၂ နာရီတွင် London Parliament Square မှာပြုလုပ်ပါ့မယ်"လို့ ယူကေနိုင်ငံ NUGကိုယ်စားလှယ်ရုံးကဖော်ပြထားပါတယ်။


စစ်ကောင်စီနဲ့သံတမာန်ရေးတိုက်ပွဲ အရေးကြီးချိန်မှာ သံအမတ်ကြီးဦးကျော်မိုးထွန်းအတွက် ကုလသမဂ္ဂနေရာမှာ ဆက်လက်ရှိနေစေရေး လူထုထောက်ခံပွဲတွေကအရေးကြီးတယ်လို့နိုင်ငံရေးသုံးသပ်သူတွေကလည်းဆိုထားပါတယ်။


========================


📌📌 ⁨⁨⁨⁨၆။ လူ့အခွင့်အရေးလက်စွဲစာအုပ်များ NUGလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ဝက်ဆိုဒ်စာမျက်နှာမှာ တစုစည်းထဲ ဝင်ရောက်ဖတ်ရှုနိုင်


 သြဂုတ်လ (၁၈)ရက်


လူ့အခွင့်အရေးလက်စွဲစာအုပ်များ NUG၏လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ဝက်ဆိုဒ်စာမျက်နှာမှာ တစုစည်းထဲ ဝင်ရောက်ဖတ်ရှုနိုင်တယ်လို့ သြဂုတ်လအတွင်းအသိပေးကြေညာထားပါတယ်။


"လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ပညာပေးလက်စွဲစာအုပ်များကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ဝက်ဆိုဒ်စာမျက်နှာမှာ တစုစည်းထဲ ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းအသီးသီးကရေးသားပြုစုထုတ်ဝေထားတဲ့ လူ့အခွင့်အရေးသင်တန်းဆိုင်ရာစာအုပ်များ၊ ကလေးစစ်သား၊ ကလေးကုန်ကူးမှုနဲ့ကလေးသူငယ်အခွင့်အရေးဆိုင်ရာ  အသိပညာပေးစာအုပ်များ နဲ့အတူ ကာတွန်းများစတဲ့ လူ့အခွင့်အရေးအသိပညာပေးစာအုပ်များကို ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်"လို့ဖော်ပြထားပါတယ်။


အဆိုပါစာအုပ်များကိုလည်း စာအုပ်အကြောင်းအရာများအလိုက် ဒေါင်းလုပ်ရယူနိုင်ကာ လူ့အခွင့်အရေးဆိုင်ရာအသိပညာပေးကာတွန်းများ၊ပိုစတာများ စသည်တို့ကိုလည်း ဝက်ဆိုဒ်တွင် မူလတင်ထားသည့်အတိုင်း ကြည့်ရှုနိုင်ပါတယ်။ 


ဒါ့အပြင် အထူးဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်များကိုလည်းCase အလိုက် အရင်ဖော်ပြဖူးတဲ့အတိုင်း ဝက်ဆိုဒ်တွင် ကြည့်ရှုနိုင်ကြောင်းသိရပါတယ်။


========================


📌📌 ⁨⁨⁨⁨၇။ပြုံးပြုံးလေး" "Still, We Smile" ရုပ်ရှင်ကားကြီးကို ထိုင်းနိုင်ငံချင်းမိုင်မှာပြသမည်


 သြဂုတ်လ (၁၈)ရက်


"ပြုံးပြုံးလေး" "Still, We Smile" ရုပ်ရှင်ကားကြီးကို ထိုင်းနိုင်ငံချင်းမိုင်မှာ ပြသမည်ဖြစ်၍ ကြိုတင်လက်မှတ်များရောင်းချနေပြီလို့သိရပါတယ်။


"ဒီလ 31ရက်နေ့ ညနေ ၆နာရီ အချိန် နတွင် ပြုံးပြုံးလေး" "Still, We Smile" ရုပ်ရှင်ကားကြီးကို ချင်းမိုင်မှာပြသမှာဖြစ်ပါတယ်"လို့ ပြုံးပြုံးလေးPageမှ ဖော်ပြထားပါတယ်။


သြဂုတ်လ၁၀ရက်နေ့တွင် သြစတြေးလျမှာပြသခဲ့တဲ့ ကိုကျော်/ ကိုပေါက်တို့ရဲ့ ပြုံံးပြုံံးလေး ရုပ်ရှင်ကားကြီးမှ အမြတ်ငွေ $14,640.30 ရရှိခဲ့ပါတယ်။


ဒါရိုက်တာကိုပေါက်ရိုက်ကူး၍ သရုပ်ဆောင်မင်းမော်ကွန်းပါဝင်ရိုက်ကူးတဲ့ ပြုံးပြုံးလေးရုပ်ရှင်ဇာတ်ကားဟာ တော်လှန်ရေးဇာတ်ကားလည်းဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩


========================


========================


🚩🚩⁨⁨⁨⁨ ဆီဆိုင်မြို့နယ် နောင်ဗိုကျေးရွာကို စစ်ကော်မရှင်လက်အောက်ခံ ခရိုနီနေဝင်းထွန်းဦးဆောင်သည့် PNOပြည်သူ့စစ်က မီးရှို့၍နေအိမ် ၂၀ ထက်မနည်း မီးလောင်ဆုံးရှုံး


 သြဂုတ်လ (၁၈)ရက် 


ဆီဆိုင်မြို့နယ် နောင်ဗိုကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်မရှင်လက်အောက်ခံ ခရိုနီနေဝင်းထွန်းဦးဆောင်သည့် PNOပြည်သူ့စစ်က ကျေးရွာကို မီးရှို့ခဲ့တယ်လို့ သြဂုတ်လ၁၈ရက်မှာ ရုပ်သံနဲ့တကွPNLAက သတင်းထုတ်ပြန်ပါတယ်။


နောင်ဗိုကျေးရွာတွင် နေအိမ် ၂၀ ထက်မနည်း မီးလောင်ခံခဲ့ရပြီး PNOပြည်သူ့စစ်က မီးရှို့ပြီးနောက် မီးလောင်နေသည့် သက်သေဗီဒီဖိုင်ကို  PNLA ကင်းထောက်တပ်ဖွဲ့က ဒရုန်းဖြင့် သက်သေရယူနိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။


နောင်ထော်ဒေသကို စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်နှင့် ခရိုနီနေဝင်းထွန်းဦးဆောင်သည့် PNOပြည်သူ့စစ်တပ်ဖွဲ့သည် ယနေ့အချိန်ထိ နောင်ထော် နောင်ဗို၊ တပူးထိုကျေးရွာများကို မီးရှို့နေလျက်ရှိတယ်လို့သိရပါတယ်။


========================


🚩🚩၂။ မြိတ်ထား ဝယ်ခရိုင် လယ်မူလာမြို့နယ် အောင်ပူ(အင်ဖုံး) ကျေး ရွာအုပ်စုအတွင်း အာဏာသိမ်းစစ်ကောင်စီ ခလရ(၂၈၅) တပ်ရင်း တပ်စွဲထားသော တမိုင်းတောင်စခန်းကုန်းမှတပ်ဖွဲ့ဝင်များအားလုံး စခန်းမှဆုတ်ခွာထွက်ပြေး


 သြဂုတ်လ (၁၈)ရက်


ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မြိတ်ထား ဝယ်ခရိုင် လယ်မူလာမြို့နယ် အောင်ပူ(အင်ဖုံး) ကျေး ရွာအုပ်စုအတွင်း အာဏာသိမ်းစစ်ကောင်စီ ခလရ(၂၈၅) တပ်ရင်း တပ်စွဲထားသော တမိုင်းတောင်စခန်းကုန်းအား ၂၀၂၅ခုနှစ် ဩဂုတ်လ(၁၇)ရက်နေ့တွင် စစ်ကောင်စီတပ် ဖွဲ့ဝင်များအားလုံးစခန်းမှဆုတ်ခွာထွက်ပြေးသွားကြတယ်လို့သတင်းရရှိပါတယ်။


 ၎င်းစခန်းသည် ကရင်အမျိုးသားကာကွယ်ရေးတပ် K.N.D.O တပ်ရင်း() တပ်ခွဲ()နှင့် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် K.N.L.A အထူးတပ်ဖွဲ့ က ()လအတွင်း ရိက္ခာဖြတ်တောက်ပိတ်ဆို့မှုများပြုလုပ်ခဲ့သဖြင့် စခန်းမှဆုတ်ခွာထွက်ပြေးခဲ့တာလို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မြိတ်ထား ဝယ်ခရိုင်ကဖော်ပြပါတယ်။


၎င်းစခန်းကုန်းအား ကရင်အမျိုးသားကာကွယ်ရေးတပ် K.N.D.O တပ်ရင်း() တပ်ခွဲ()နှင့် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် K.N.L.Aအထူးတပ်ဖွဲ့က နယ်မြေရှင်း လင်းမှုများလုပ်ဆောင်ပြီး ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။


========================


🚩🚩၃။ SOUTHERN EAGLE PDF တပ်ရင်းမှ သင်တန်းသား ဦးရေ (၁၀၀) ယောက်တိတိ ခေါ်ယူသွားမည်


 သြဂုတ်လ (၁၈)ရက်


SOUTHERN EAGLE PDF တပ်ရင်းမှ သင်တန်းသား ဦးရေ (၁၀၀) ယောက်တိတိ ခေါ်ယူသွားမည်ဖြစ်ကြောင်းသိရပါတယ်။


P29909 SOUTHERN EAGLE PDF တပ်ရင်းသည် MOD လက်အောက်ခံ တပ်ရင်းဖြစ်သည်နှင့်အညီ အာဏာရှင်ယန္တရားကို အမြစ်ပြုတ် ချေမှုန်းရန် ဆန္ဒထက်သန်သည့် တပ်သားသစ်များအား အလိုရှိတယ်လို့ဖော်ပြပါတယ်။


လိုအပ်သည့် စစ်အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ဖြည့်တင်းသွားမည်ဖြစ်၍ တော်လှန်ရေး အောင်မြင်ပြီးဆုံးသည်အထိ တိုက်ပွဲဝင်နိုင်မည့်သူများကို P29909 Southern Eagle PDF တပ်ရင်း မှ နွေးထွေးစွာ ကြိုဆိုသွားမယ်လို့ဖော်ပြပါတယ်။


သင်တန်းသား ဦးရေ (၁၀၀) ယောက်တိတိ ခေါ်ယူသွားမည် ဖြစ်ပြီးကျန်းမာရေး ကောင်းမွန်သူ၊အခြေခံစစ်ပညာသင်တန်း တက်ရောက်နိုင်သူ၊ပင်ပန်းဆင်းရဲမှုဒဏ် ခံနိုင်သူ၊မိသားစု၊ ဆွေမျိုး၊ ချစ်ခင်ရသူများနှင့် အဆက်အသွယ်ဖြတ်နိုင်သူ၊အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်း ဖြစ်ရမယ်လို့ ဖော်ပြပါတယ်။


========================


🚩🚩၄။ ကန့်ဘလူမြို့နယ်တွင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား  မီးရှို့ဖျက်ဆီး


 သြဂုတ်လ (၁၈)ရက်


စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်တွင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား  မီးရှို့ဖျက်ဆီးခဲ့ပါတယ်။


ကန့်ဘလူမြို့နယ်တွင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား ခရိုင်၊ မြို့နယ် ရေးရာ တာဝန်ခံများနှင့် အသိသက်သေများရှေ့တွင် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကန့်ဘလူပအဖက အတည်ပြုဖော်ပြပါတယ်။


အမှုစီရင်ပြီးပြတ်ပြီးသော တရားမ၀င် မူးယစ်ဆေးဝါးများအား ပထမအကြိမ် မီးရှို့ဖျက်ဆီးခြင်း ဖြစ်ပြီးတော့ဘိန်းဖြူ - ဆပ်ပြာခွက် ( ၈၈ ) ခွက်၊ဘိန်းမဲ - ပိဿာ ( ၂၅ ) ကျပ်သား၊WY စိတ်ကြွမူယစ်ဆေးပြား -၅၆၀၀ ပြားတို့ပါဝင်တယ်လို့သိရပါတယ်။


ဖမ်းဆီးရမိ မူးယစ်ဆေးဝါးအများစုသည် အကြမ်းဖက်စစ်ကောင်စီ အသုံးချခံပြည်သူများနှင့် ၄င်းတို့၏ ဆင့်ပွါးလက်သယ်တရားခံများထံမှ ဖြစ်ပြီး တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩




#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment