Showing posts with label Weekly Newsletter. Show all posts
Showing posts with label Weekly Newsletter. Show all posts

27 Oct 2025 - (Ethnic language program-Matupi) by The Matupi Times


📌 (ချင်း တိုင်းရင်းသား - Matupi ) ထုတ်လွှင့်မှု အစီအစဥ် ၂၀၂၅ အောက်တိုဘာလ ( ၂၇ ) ရက်နေ့ ရပြည်တွင်းသတင်းများ


📌📌 1/ ဟားခါးမြို့နယ္၊ Zathal ကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ် ဗုံးကြဲတိုက်ခိုက်

 

The Matupi Times အောက်တိုဘာလ၊ ၂၁ ၂၀၂၅

ချင်းပြည်နယ်၊ ဆဲန်ထန်ဒေသ၊ ဇာထာလ် (Zathal) ကျေးရွာ စာသင်ကျောင်းကို ယနေ့မနက်ပိုင်းတွင် အကြမ်းဖက်စစ်တပ်က လေကြောင်းမှ()ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

 

စစ်ကော်မရှင်တပ်သည် ဇာထာလ်ကျေးရွာ စာသင်ကျောင်းကို ယနေ့ အောက်တိုဘာလ ၂၁ ရက် နံနက်စောပိုင်း ၁၂ နာရီ ၅၅ မီနစ်တွင် ကြိမ်၊ နာရီခန့်တွင် ကြိမ် ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်တာဖြစ်ကြောင်း Senthang Central Council ကထုတ်ပြန်ပါတယ္။

 

အကြမ်းဖက်စစ်ကော်မရှင်က ကလေးသူငယ်နှင့် ပြည်သူများအပေါ် ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်ခြင်းကို လုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ္လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ္။

 

စစ်ကော်မရှင်သည်ရွေးကောက်ပွဲ အစီအစဉ် အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအပေါ် အကြမ်းဖက်နည်းလမ်းဖြင့် ခြိမ်းခြောက်ခြင်းနှင့် တိုက်ခိုက်မှုများ ဆက်လက်ကျူးလွန်နေတာကြောင့် စစ်ကော်မရှင်မှ ကျင်းပမည့် တရားမဝင်ရွေးကောက်ပွဲတွင် ပူးပေါင်းဆောင်ရွက်ခြင်း မပြုကြရန် စာသင်ကျောင်းများကို အကန့်သက်မရှိ ပိတ်ထားရန် နှင့် လူစုလူဝေးပွဲလမ်းသဘင်များကို အတက်နိုင်ဆုံးရှောင်ကြဉ်ကြဖို့ အသိပေးထုတ်ပြန်ထားပါတယ္။

 

========================

 

📌📌 2/ MRO/CDF-Matupi မှဖမ်းဆီးထားသည့် မတူပီမြို့နယ်ပညာရေးဘုတ်အဖွဲ့ဝင် () ဦး ပြန်လွတ်လာ 

 

The Matupi Times အောက်တိုဘာလ ၂၂ ၂၀၂၅ 

Matupi Revolutionary Organization -MRO/ CDF - Matupi ၏ဖမ်းဆီးထိန်းသိမ်းခံရသည့် မတူပီမြို့နယ်ပညာရေးဘုတ်အဖွဲ့ဝင်သူ () ဦးသည် ပြီးခဲ့တဲ့ရက်ပိုင်းက ပြန်လွတ်လာပြီလို့သိရပါတယ္။

မတူပီမြို့နယ် ပညာရေးဘုတ်အဖွဲ့ဝင်()ဦး ကို (MRO/CDF-Matupi) မှ အောက်တိုဘာလ ၁၅ ရက်နေ့၌ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး ()ရက်ကြာထိန်းသိမ်းခံရပြီးနောက် ပြီးခဲ့တဲ့အောက်တိုဘာလ ၁၈ ရက်နေ့မနက်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပြီလို့သိရပါတယ္။ ဖမ်းဆီးခံရတဲ့အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

MRO/ CDF - Matupi အဖွဲ့က မတူပီ မြို့နယ်ပညာရေးဘုတ်အဖွဲ့ဝင်တွေဖြစ်တဲ့ ဆရာမ New Happy ဆရာမအေးရွှေ နှင့် ဆရာမ နိုမီတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့သိရပါတယ္။ ဖမ်းဆီးထိန်းသိမ်းမှုနဲ့ပတ်သက်လို့ MRO/CDF-Matupi က သတင်းထုတ်ပြန်ထားခြင်းမရှိပါ။

မတူပီမြို့နယ်ပညာရေးဘုတ်အဖွဲ့သည် စစ်ကောင်စီအာဏာသိမ်းယူပြီးနောက် CDM ဝန်ထမ်းများဖြင့်ဖွဲ့စည်းထားတဲ့ အစိုးရဌာနတခုဖြစ်ပြီး အမျိုုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာ၏ လမ်းညွှန်မှုနှင့်အညီ မတူပီမြို့နယ် ကြားကာလပညာရေးကို ၂၀၂၁ နိုဝင်ဘာလမှ စတင်၍ ယနေ့အထိ အကောင် အထည်ဖော် ဆောင်ရွက်နေတာဖြစ်ပါတယ္။

CDF - မတူပီ၊ တပ်မဟာ သည် ၂၀၂၅ ခုနှစ် ဧပြီလ ၁၀ ရက်နေ့၌ (Matupi Revolutionary Organization -MRO ) ကို စတင်ဖွဲ့စည်းပြီးနောက် မတူပီမြို့နယ် တော်လှန်ရေး အင်အားစုများ၏ ဌာနဆိုင်ရာလုပ်ငန်းများ၊ ဝန်ထမ်းများ အပေါ် ထိန်းချုပ် ဘောင်ကျော် အမိန့်ပေးမှုများ ပြုလုပ်နေတယ်လို့ မတူပီမြို့နယ်ပညာရေးဘုတ်အဖွဲ့က စက်တင်ဘာလ ရက်နေ့မှာ သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ္။

 

========================

 

📌📌 3/ ကန်ပက်လက်မြို့နယ္က မင်္ဂလာဆောင်ပွဲကို အကြမ်းဖက်စစ်တပ်ကဗုံးကြဲတိုက်ခိုက်ခဲ့ဟုသိရ

 

The Matupi Times အောက်တိုဘာလ ၂၄ ၂၀၂၅ 

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်တနေရာကို ဒီကနေ့မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မင်္ဂလာဆောင်ပွဲတခုပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ 

 

နေပြည်တော်လေဆိပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ မိနစ်ပိုင်းအတွင်းမှာ နှစ်ကြိမ်ဗုံးကြဲသွားတာဖြစ်ပြီး မြို့ထဲက မင်္ဂလာဆောင်ကို ဦးတည်တိုက်ခိုက်ခဲ့တာလို့သိရပြီး လေကြောင်းတိုက်ခိုက်မှုကြောင့်အမျိုးသမီး()ဦးအပါအဝင် ()ဦးသေဆုံးပြီး (၁၀)ဦးခန့် ထိခိုက်ဒဏ်ရာရရှိကြောင်းသိရပါတယ်။ 

 

အကြမ်းဖက်စစ်တပ်က တော်လှန်ရေးအဖွဲ့ထိန်းချုပ်နယ်မြေထဲရှိ စာသင်ကျောင်းတွေကို ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်လာတာကြောင့် သေဆုံးထိခိုက်မှုများရှိပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့ထိန်းချုပ်ထားတဲ့နယ်မြေတချို့က စာသင်ကျောင်းတွေလည်း ဆက်မဖွင့်နိုင်တော့ဘဲ ပိတ်ထားရပါတယ္။

 

========================

 

📌📌 / တော်လှန်ရေးတွင်ထောက်ပို့ပါဝင်သည့် မင်းတပ်ဒေသခံကားပိုင်ရှင်များ မင်းတပ်မြို့နယ်(ပအဖ)ထံ ကားခွန်ကင်းလွတ်ခွင့်ကဒ် ထုတ်ယူနိုင် 

 

The Matupi Times အောက်တိုဘာလ ၂၅ ၂၀၂၅ 

မင်းတပ်မြို့သိမ်းတိုက်ပွဲကာလနှင့် တော်လှန်ရေးတွင် ထောက်ပို့ပါဝင်သည့် မင်းတပ်ဒေသခံကားပိုင်များကို ကားခွန်ကင်းလွတ်ခွင့် (Vakok)မော်တော်ယာဉ်အသင်းဝင်ကဒ်များကို ထုတ်ပေးပြီး မင်းတပ်မြို့နယ်အတွင်းရှိ ဂိတ်များတွင် အခွန်ခပေးဆောင်ရန်မလိုဘဲ သွားလာခွင့်ပြုထားတယ်လို့ မင်းတပ်မြို့နယ်(ပအဖ)က သတင်းထုတ်ပြန်ပါတယ္။

 

အဆိုပါ (Vakok) မော်တော်ယာဉ်အသင်းဝင်ကဒ်ကိုင်ဆောင်သူများအနေဖြင့် ဆောမြို့နယ်အတွင်းရှိ ဂိတ်များတွင်ကောက်ခံသော(ကုန်စည်ခွန်များမှအပ) ဆောမြို့နယ်(ပအဖ)မှကောက်ခံသော ဒေသအတွင်း ကားခွန်(ကားလေး ၅သိန်း) (ကားကြီး ၁၀ )သိန်းအားကင်းလွတ်ခွင့်ပြုဖို့ ဆောမြို့နယ်ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့နှင့်ဆွေး နွေးတိုင်ပင် ထားတယ်လို့ဆိုပါတယ္။

ဒါ့ကြောင့် (Vakok) မော်တော်ယာဉ်အသင်းဝင်ကဒ် ပျက်စီး/ပျောက်ဆုံးသူများနှင့် ထောက်ခံမရှိသေးသည့် မော်တော််ယာဉ်ပိုင်ရှင်များအနေဖြင့် ဆောမြို့နယ်အတွင်းဒေသတွင်းကားခွန် ကင်းလွတ်စေရန် ထောက်ပို့ပါဝင်ပြီးစီးကြောင်း ထောက်ခံချက်များကို မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ လာရောက်ထုတ်ယူနိုင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ္။

 

========================

 

📌📌 / အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် မတူပီမြို့ပေါ်နေ ပြည်သူတချို့ မိီဇိုရမ်နှင့်အခြားမြို့၊ရွာများသို့ ထွက်ခွာတိမ်းရှောင်

 

The Matupi Times အောက်တိုဘာလ ၂၅ ၂၀၂၅ 

အကြမ်းဖက်စစ်ကောင်စီတပ်သည် ချငး်ညီနောင်အဖွဲ့ဝင် (CDF-Matupi)ထိန်းချုပ်ထားသည့် မတူပီမြို့ပေါ်ကို ပြီးခဲ့တဲ့ရက်ပိုင်းက လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်လာတာကြောင့် မတူပီမြို့ပေါ်နေဒေသခံပြည်သူတချို့ဟာ အိန္ဒိယ၊မီဇိုရမ်နှင့် အခြားမြို့၊ရွာများ သို့ ထွက်ခွာတိမ်းရှောင်နေကြကြောင်း သိရပါတယ္။ 

အကြမ်းဖက်စစ်တပ်က မတူပီမြို့ပေါ်ကို ယခုအောက်တိုဘာလစောပိုင်းမှလက်ရှိအချိန်ထိ ()ကြိမ်ခန့်လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ်ထိခိုက်ပျက်စီးမှုတွေလည်းရှိခဲ့ပါတယ္။

"တချို့ရပ်ကွက်က သူတွေတော့ အရင်ပတ်တွေက မြို့ပေါ် ဗုံးကြဲခံရတာကြောင့် တခြားမြို့၊ရွာတွေကို တိမ်းရှောင်ကြတယ္။ မြို့ပေါ်တစ်ချို့ရပ်ကွက်ဆို တစ်ရပ်ကွက်လုံးနီးနီးဘဲတော်တော်များများ တိမ်းရှောင်ကြတယ္။ " လို့ ဒေသခံတစ်ဦးထံကသိရပါတယ္။

အကြမ်းဖက်စစ်တပ်ဟာ ၊ကန်ပက်လက်၊ ပလက်ဝ၊မင်းတပ်၊မတူပီ ဟားခါးမြို့နယ်တို့တွင် လူစုလူဝေးနေရာများနှင့် စာသင်ကျောင်းတွေကို ပစ်မှတ်ထားတို်က်ခိုက်လာတာကြောင့်နေအိမ်ပျက်စီးမှုနှင့်ထိခိုက်သေဆုံးသူတွေလည်းရှိလာပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့ထိန်းချုပ်ထားတဲ့နယ်မြေတချို့က စာသင်းကျောင်းတွေလည်း ပစ်မှတ်ထားတိုက်ခိုက်လာတာကြောင့် စာသင်ကျောင်းများ ဆက်မဖွင့်နိုင်ဘဲ ပိတ်ထားရတယ္လိုိ့သရပါတယ္။

မတူပီမြို့ပေါ်စစ်တပ်ဗုံးကြဲတိုက်ခိုက်မှုနှင့် ထိခိုက်ပျက်စီးမှုခြေနေတွေနဲ့ပတ်သက်လို့ သက်ဆိုင်ရာအဖွဲ့တွေကတော့ သတင်းထုတ်ပြန်ထားခြင်းမရှိပါဘူး။ စစ်ကော်မရှင်ဟာ လာမယ့္ဒီဇင်ဘာလမှာပြုလုပ်မယ့် ၂၀၂၅ ရွေးကောက်ပွဲကို မတူပီမြို့အပါဝင် မင်းတပ်၊ကန်ပက်လက်၊ပလကဝမြို့တို့မှာကျင်းပမှာမဟုတ်ဘူးလို့ ကြေငြာထားတာဖြစ်ပါတယ္။

 

========================

 

📌📌 / ONE ပွဲဦးထွက်မှာ ထိုင်းဝါရင့်ဖိုက်တာကို အကောင်းဆုံးထိုးသတ်ပြီး ဒိုင်အမှတ်နဲ့ ရံှုးနိမ့်ခဲ့တဲ့ ချင်းဖိုက်တာ ထန်းခွီရှိန်း 

 

The Matupi Times အောက်တိုဘာလ ၂၄ ၂၀၂၅ 

ဒီကနေ့ည ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ 𝐎𝐍𝐄 𝐅𝐫𝐢𝐝𝐚𝐲 𝐟𝐢𝐠𝐡𝐭 - 𝟏𝟑𝟎 ပြိုင်ပွဲမှာ (ချင်း)ဖိုက်တာ ထန်းခွီရှိန် ဟာ ONE ပွဲဦးထွက်ထိုးပွဲမှာ ပွဲပြီးဒိုင်ဆုံးဖြတ်ချက်နဲ့ ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ္။

ဒီကနေ့ညပွဲမှာ ချင်းဖိုက်တာလေး ဆလိုင်းထန်ခွီရှိန် ဟာထိုင်းထိပ်တန်းဖိုက်တာ တစ်ယောက်လို့ဆိုရမယ့် ထိုင်းဖိုက်တာ Songchainoi နဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့တာပါ။ 

ပြိုင်ပွဲအတွင်းမှာ ပြိုင်ဖက်ဖိုက်တာကို အတွေ့အကြုံမရှိသေးပေမယ့် အကြိတ်အနယ် အကောင်းဆုံးယှဉ်ပြိုင်ထိုးသတ်ခဲ့တာဖြစ်ပြီး ဒိုင်ဆုံးဖြတ်ချက်နဲ့ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ္။ ပြိုင်ဖက်ကိုလည်း 

𝐎𝐍𝐄 𝐅𝐫𝐢𝐝𝐚𝐲 𝐟𝐢𝐠𝐡𝐭 - 𝟏𝟑𝟎 ပွဲကိုတော့ ထိုင်းနိုင်ငံ၊ Lumpinee Stadium မှာ ဒီကနေ့အောက်တိုဘာလ ၂၄ ရက်နေ့ညမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ္။

ဒီနေ့ဟာ ဆလိုင်းထန်းခွီရှိန်းရဲ့ အသက်(၁၉)နှစ်ပြည့်မွေးနေ့ဖြစ်ပြီး လာမယ့်ပွဲတွေမှာ အကောင်းဆုံးပြန်လာနိုင်မယ်လို့မျော်လင့်ပါတယ္။ 



#RadioNUGLocalNews

#SpringRevolution



Share: