၂၀၂၅ သြဂုတ်လ ၈ ရက်နေ့ ညနေခင်း သတင်းလွှာ

 


၂၀၂၅ သြဂုတ်လ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ (၃၇)နှစ်မြောက်နေ့ အခမ်းအနားသို့  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့သဝဏ်လွှာများပေးပို့

📌၂။⁨⁨ ပြည်ထောင်စုတခုလုံး လွတ်မြောက်ရေး စုပေါင်းဆောင်ရွက်ရမယ့် သမိုင်းဝင်ကာလဖြစ်တယ်လို့ NUG ဆို

📌၃။ ရန်ကုန်မြို့နေရာအနှံ့ ၃၇ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုလုပ် 

📌၄။ မန္တလေးမြို့မှာ၈၈၈၈လူထုအရေးတော်ပုံကြီး (၃၇) နှစ်ပြည့် အထိမ်းအမှတ်လူထုလှုပ်ရှားမှု ဖော်ဆောင်ခဲ့

📌 ⁨⁨၅။ သြစတြေလျနိုင်ငံနဲ့စင်ကာပူတို့မှာ"၈၈၈၈" ၃၇ နှစ်မြောက် အထိမ်းအမှတ်လှုပ်ရှားဆန္ဒပြ

📌 ⁨⁨၆။⁨⁨ မြန်မာနိုင်ငံမှာ ရှစ်လေးလုံးအရေးတော်ပုံ စိတ်ဓာတ်အားမာန် ယနေ့တိုင် ဆက်လက်ရှင်သန်နေဆဲလို့ ယူကေနဲ့ အမေရိကန် ဆို

📌 ⁨⁨၇။⁨⁨ ၈၈ အရေးအခင်း ၃၇ နှစ်မြောက်နေ့အဖြစ် စစ်ကော်မရှင်ကို ဆန့်ကျင်ကြောင်း ဖားကန့်ပြည်သူတွေဆန္ဒပြ

📌 ⁨⁨၈။ ပဲခူးမြို့လယ်ကဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်တုကို စစ်ကော်မရှင်က ဖြိုချဖယ်ရှား


========================


၂၀၂၅ ခုနှစ် သြဂုတ်လ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 စစ်အာဏာရှင် ပြုလုပ်မည့် တရားမျှတမှု မရှိသော အတုအယောင် ရွေးကောက်ပွဲတွင် ပူးပေါင်း ဆောင်ရွက်ခြင်း မပြုဘဲ တော်လှန်ရေး အသိဖြင့် ဆန့်ကျင်သွားရန် မွန်ပြည် ကာကွယ်ရေးတပ် (MSDF) တိုက်တွန်း နှိုးဆော်

🚩၂။⁨⁨⁨⁨⁨ ⁨၇၈ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့နဲ့ ၈၈၈၈ နေ့ အထိမ်းအမှတ်အဖြစ် ရေးမြို့နယ်မှာရှိတဲ့ ခမရ - ၅၉၁ ကို တော်လှန်ရေးတပ်တွေ ဗုံးကြဲ

🚩၃။အုတ်ဖိုမှာ PDF ရဲဘော်တွေကို ပေါ်တာဆွဲဖမ်းဆီးဖို့ ကြိုးစားတဲ့ စစ်တပ် အရာခံဗိုလ်နဲ့တပ်ကြပ်ကြီးတို့ ပစ်ခတ်ခံရပြီး သေဆုံး

🚩၄။ရှစ်လေးလုံးဒီမိုကရေစီလူထုအရေးတော်ပုံရဲ့ မပြီးဆုံးသေးတဲ့ လုပ်ငန်းတာဝန်တွေ အပြည့်အဝအဆုံးသတ် နိုင်ရေး မိတ်ဖက်အင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ရွှေဘို ပကဖ ပြော

🚩၅။ စစ်တပ်နဲ့ စစ်အုပ်စု အာဏာ ဆက်လက်ဆုပ်ကိုင်ထားနိုင်ဖို့လုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ပြည်သူ့အာဏာနဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ပြီး သပိတ်မှောက်သွားမယ်လို့ DDMSC ကြေညာ 

🚩၆။ ကိုရီးယားနိုင်ငံဆိုးလ်မြို့ သမ္မတရုံးရှေ့ရှစ်လေးလုံး ၃၇-နှစ်မြောက် သတင်းစာရှင်းလင်းပွဲကျင်းပပြီး"စစ်အုပ်စုနှင့် မပတ်သက်ရေး" ကိုရီးယားအစိုးရသို့ တောင်းဆိုစာပို့

🚩၇။ ပျူစောထီးဒုခေါင်းဆောင်တစ်ဦး လောင်းလုံး-ပကဖထံသို့ လက်နက်ခဲယမ်းအပြည့်စုံဖြင့်အလင်း၀င်ရောက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ (၃၇)နှစ်မြောက်နေ့ အခမ်းအနားသို့  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့သဝဏ်လွှာများပေးပို့


သြဂုတ်လ ()ရက်


ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ (၃၇)နှစ်မြောက်နေ့ အခမ်းအနားသို့  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့သဝဏ်လွှာများပေးပို့ခဲ့ကြပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကပေးပို့သောသဝဏ်လွှာတွင်လည်း ခေတ်အဆက်အဆက် ဒီမိုကရေစီတိုက်ပွဲများနှင့်အတူ ယနေ့ထိတိုင် မိမိတို့အားလုံး၏ ယုံကြည်ချက်အင်အားသည် ခိုင်မာရှင်သန်နေဆဲဖြစ်ပြီး ပြည်သူလူထုတစ်ရပ်လုံးအပါအဝင် တိုင်းရင်းသားညီနောင်မဟာမိတ်အင်အားစုများအနေဖြင့် ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေး၊  ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးတို့အား အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ကာ ပြည်သူ့အောင်ပွဲဆီသို့ ဆက်လက်ပူးပေါင်းချီတက်သွားကြရန် အလေးအနက်တိုက်တွန်းလျက် ဤသဝဏ်လွှာအား ပေးပို့အပ်တယ်လို့ဖော်ပြပါတယ်။


အလားတူ အမျိုးသားညီညွတ်ရေးအစိုးရကပေးပို့သော သဝဏ်လွှာအရယနေ့သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအမည်ခံ တစ်ပါတီအာဏာရှင်စနစ်ကို အလိုမရှိ တော့ဘဲ ပြတ်သားစွာ ငြင်းဆို၍ဒီမိုကရေစီရရှိရေး ဒို့အရေးဟု ဉဒါန်းရင့် ကြွေးကြော်ပြီး ရဟန်း သံဃာများ၊ ဘာသာရေးခေါင်းဆောင်များ၊ ကျောင်းသားလူငယ်များ၊ တတ်သိပညာရှင်များ၊ အလုပ် သမား၊ လယ်သမားများနှင့် နိုင်ငံတဝှမ်းလုံးရှိ တိုင်းရင်းသားလူမျိုးစုများအားလုံး လှည်းနေ၊ လှေ အောင်း မြင်းဇောင်းမကျန် စုစည်းညီညာစွာ တော်လှန်ခဲ့ကြသည့်  သမိုင်းဝင် (..၈၈) ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး၏ (၃၇) နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်တယ်လို့ဖော်ပြပါတယ်။

(..၈၈) ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးသည် ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသား၊ ပြည်သူတို့၏ အသက်‌ပေါင်းများစွာ စတေးခဲ့ရပြီး စစ်အာဏာရှင်တို့၏ ရက်စက်စွာ ပစ်ခတ်၊ ဖမ်းဆီး၊ ညှင်းပမ်းနှိပ်စက်၊ ထောင်ချမှု ပေါင်းများစွာကို အံတု၍  လူထုတရပ်လုံး စုစည်းညီညာစွာ အာဏာရှင်စနစ်ကို ရဲရဲဝံ့ဝံ့ ခုခံတွန်းလှန် ခဲ့သည့် ဖြစ်စဉ်ကြီး ဖြစ်ခဲ့သလို ဒီမိုကရေစီရေးအတွက် အတူတကွ လက်တွဲ တောင်းဆို တိုက်ပွဲဝင် ခဲ့ကြသည့် ကြီးမြတ်သော ဒီမိုကရေစီ လှုပ်ရှားမှုသမိုင်း စာမျက်နှာအဖွင့်လည်း ဖြစ်ပြီး(..၈၈) ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးသည် မြန်မာနိုင်ငံအား ပြည်သူလူထု တရပ်လုံး လိုချင်သည့် ဒီမိုကရေစီပန်းတိုင်သို့ ရောက်ရှိရေးလမ်းတွင် မယိမ်းမယိုင် ခြေကုပ်မြဲမြံစွာ အုပ်မြစ်ချနိုင်ခဲ့သည့် အရေးတော်ပုံကြီးဖြစ်တယ်လို့ဖော်ပြပါတယ်။


ယခုနွေဦးတော် လှန်ရေးသည် မဟာမိတ် တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့ဝင်များအားလုံး စုပေါင်းညီညွတ်စွာဖြင့် ပြည်သူလူထု၏ မျက်နှာတစ်ခုတည်းကိုသာကြည့်ပြီး အဆုံးသတ်တိုက်ပွဲဖြစ်သည့်  စစ်အာဏာရှင် စနစ်နှင့် အသွင်အမျိုးမျိူး ပြောင်းလဲနေသည့် အာဏာရှင်စနစ်များကို အပြီးတိုင်ဖယ်ရှား ချုပ်ငြိမ်း စေအောင် ကျောချင်းကပ်ပြီး ဆောင်ရွက်ရမည့် ကာလလည်း ဖြစ်ပြီး မိမိတို့ဒေသတစ်ခုချင်း စီလွတ်မြောက်ရေးနှင့်အတူ ပြည်ထောင်စုတခုလုံး လွတ်မြောက်ရေးကို အားသွန်ခွန်စိုက် ရှေးရှု၍ လွန်ခဲ့သော ၃၇ နှစ်ခန့်က ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး၏ စိတ်ဝိညာဉ်  ပူးကပ်ပြီး အတူတကွ စုပေါင်းဆောင်ရွက်ရမည့် သမိုင်းဝင်ကာလမျိုး ဖြစ်လာပြီဖြစ်တယ်လို့ဖော်ပြပါတယ်။


========================


📌📌၂။⁨⁨ ပြည်ထောင်စုတခုလုံး လွတ်မြောက်ရေး စုပေါင်းဆောင်ရွက်ရမယ့် သမိုင်းဝင်ကာလဖြစ်တယ်လို့ NUG ဆို


သြဂုတ်လ ()ရက်


စစ်အာဏာရှင်စနစ်နဲ့ အသွင်အမျိုးမျိူးပြောင်းနေတဲ့ အာဏာရှင်စနစ်အပြီးတိုင်ဖယ်ရှားချုပ်ငြိမ်းပြီး ပြည်ထောင်စုတခုလုံး လွတ်မြောက်ရေး စုပေါင်းဆောင်ရွက်ရမယ့် သမိုင်းဝင်ကာလဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။


ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၃၇ နှစ်မြောက်နေ့ အခမ်းအနားကိုပေးပို့တဲ့ သဝဏ်လွှာကနေ အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

 

ဒီနေ့ဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအမည်ခံ တပါတီအာဏာရှင်စနစ်ကို အလိုမရှိဘူးလို့ ပြတ်သားစွာ ငြင်းဆိုပြီးဒီမိုကရေစီရရှိရေး ဒို့အရေးလို့ တနိုင်ငံလုံးမှာရှိတဲ့ ရဟန်းရှင်လူ ပြည်သူတွေ ကြွေးကြော်ပြီး တော်လှန်ခဲ့ကြတဲ့ သမိုင်းဝင် ..၈၈ ရှစ်လေးလုံး လူထုအရေးတော်ပုံရဲ့ ၃၇ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။


ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသား၊ ပြည်သူတွေဟာ စစ်အာဏာရှင်တွေရဲ့ ရက်ရက်စက်စက် ပစ်ခတ်၊ ဖမ်းဆီး၊ ညှင်းပမ်းနှိပ်စက်၊ ထောင်ချမှုတွေကို အံတုပြီး စည်းလုံးညီညွတ်စွာနဲ့ အာဏာရှင်စနစ်ကို ရဲရဲဝံ့ဝံ့ ခုခံတွန်း လှန်ခဲ့သလို ဒီမိုကရေစီရေး လက်တွဲ တောင်းဆို တိုက်ပွဲဝင်ခဲ့ကြတဲ့ ဒီမိုကရေစီလှုပ်ရှားမှုသမိုင်း စာမျက်နှာ အဖွင့်ဖြစ်တယ်လို့ ဆိုပါတယ်။


ရှစ်လေးလုံး လူထုအရေးတော်ပုံဟာ မြန်မာပြည်သူလူထုတရပ်လုံး လိုချင်တဲ့ ဒီမိုကရေစီပန်းတိုင် ရောက်ရှိ ရေးလမ်းမှာ မယိမ်းမယိုင် မြဲမြံစွာနဲ့ အုပ်မြစ်ချနိုင်ခဲ့တဲ့ အရေးတော်ပုံကြီးလည်းဖြစ်တယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။


သမိုင်းတလျှောက် ပြန်ကြည့်မယ်ဆိုရင် တပါတီအာဏာရှင်စနစ်နဲ့ စစ်အာဏာရှင်စနစ်တွေကို ဆန့်ကျင် လှုပ်ရှားမှုတွေအဖြစ် ၁၉၆၂ ခုနှစ် ဆဲဗင်းဇူလိုင် ကျောင်းသားအရေးတော်ပုံ၊ ၁၉၇၄ ခုနှစ် ဦးသန့် အရေးအခင်း၊ ၁၉၇၅ ခုနှစ် အလုပ်သမားနှစ်ပတ်လည် အရေးအခင်း၊ ၁၉၇၆ ခုနှစ် မှိုင်းရာပြည့်အရေးအခင်း နဲ့ ဒီမိုကရေစီ ရရှိရေး တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြတဲ့ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံ၊ ၁၉၉၆ ခုနှစ် ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှု၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး စတဲ့ လူထုတိုက်ပွဲပေါင်းများစွာနဲ့ အာဏာရှင်စနစ်မှန်သမျှကို တွန်းလှန်ခဲ့သလို လက်ရှိအချိန်မှာလည်း ဒီမိုကရေစီနဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် နွေဦးတော်လှန်ရေးကာလထိ ရောက်ရှိလာခဲ့ပြီလို့ အသိပေးထား ပါတယ်။


တပါတီအာဏာရှင်စနစ်နဲ့ စစ်အာဏာရှင်အဆက်ဆက်ဟာ ဒီနေ့အထိ မြန်မာပြည်သူလူထုကို ဘက်ပေါင်း စုံကနေ ဖိစီးနှိပ်စက်နေတဲ့အပြင် မြန်မာပြည်ကိုလည်း ကမ္ဘာ့အလယ်မှာ ဆင်းရဲနုံချာတဲ့ တိုင်းပြည်တခုဖြစ် အောင် ကျရောက်စေခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဝေဖန်ထောက်ပြထားပါတယ်။


 ၂၀၁၅ ခုနှစ် အရပ်သားအစိုးရ တက်လာပြီး တိုင်းပြည်ကို စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိ စေဖို့နဲ့ အမျိုးသားရင်ကြားစေ့ရေးအတွက် အားလုံး ဝိုင်းဝန်းကြိုးပမ်းနေချိန် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလမှာ အဆင်အခြင်ကင်းမဲ့တဲ့ စစ်အာဏာရှင်နဲ့ အပေါင်းအပါတစုက တကြော့ပြန် စစ်တပ်အာဏာသိမ်းဖို့ ကြိုးစား နေတာကို ခုခံတွန်းလှန်တိုက်ပွဲဝင်နေတဲ့ နွေဦးတော်လှန်ရေးဟာ လေးနှစ်ကျော်ကာလကို ရောက်ရှိလာခဲ့ပြီ လို့ အသိပေးထားပါတယ်။


နွေဦးတော်လှန်ရေးဟာ ပြည်သူလူထုရဲ့ ထိန်းကျောင်းမှုနဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရက နိုင်ငံရေး စစ်မျက်နှာ၊ စစ်ရေးစစ်မျက်နှာ၊ ဘဏ္ဍာရေးစစ်မျက်နှာ၊ နိုင်ငံခြားရေးစစ်မျက်နှာ၊ လူထုလှုပ်ရှားမှုစစ်မျက်နှာ၊ စိတ်ဓာတ်စစ်ဆင်ရေးစစ်မျက်နှာ စတဲ့ စစ်မျက်နှာပေါင်းစုံနဲ့ စစ်အာဏာရှင်စနစ် အမြတ်ပြတ်စေရေး လုပ်ဆောင်နေတဲ့ ကာလဖြစ်ပါတယ်။ 


ဒါ့ကြောင့် မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ဝင်တွေအားလုံး စုပေါင်းညီညွတ်စွာနဲ့ ပြည်သူလူထု  မျက်နှာတခုတည်းကိုသာကြည့်ပြီး အဆုံးသတ်တိုက်ပွဲဖြစ်တဲ့ စစ်အာဏာရှင်စနစ်နဲ့ အသွင်အမျိုးမျိူးပြောင်း နေတဲ့ အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး ကျောချင်းကပ်ပြီး ဆောင်ရွက်ရမယ့်ကာလဖြစ်သလို မိမိတို့ ဒေသ တခုချင်းစီလွတ်မြောက်ရေးနဲ့အတူ ပြည်ထောင်စုတခုလုံး လွတ်မြောက်ရေး အားသွန်ခွန်စိုက်  စုပေါင်းဆောင်ရွက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းနှိုးဆော်ထားပါတယ်။


========================


📌📌၃။ ရန်ကုန်မြို့နေရာအနှံ့ ၃၇ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုလုပ် 


သြဂုတ်လ ()ရက်


ရန်ကုန်မြို့တော်မှာ အကြမ်းဖက်စစ်တပ်က လုံခြုံရေးတင်းကြပ်ထားတဲ့ကြားက မြို့ နေရာအနှံ့မှာ ၃၇ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုလုပ်ခဲ့တယ်လို့ ရန်ကုန်လူထုသပိတ်အဖွဲ့က ပြောပါတယ်။ 

 

ဒီနေ့ကျရောက်တဲ့ ၈၈၈၈ အရေးတော်ပုံ ၃၇ နှစ်မြောက်အထိမ်းအမှတ်နေ့မှာ စစ်တပ်က လှည်ကင်းတွေနဲ့ လုံခြုံရေးအထပ်ထပ်ချထားတဲ့ကြားက ရန်ကုန်မြို့ရဲ့ အထင်ကရနေရာအနှံ့မှာ '' သင်္ကေတစာလုံးတွေ ရေးဆွဲထားတဲ့ ထီးတွေနဲ့ ထီးသပိတ်လှုပ်ရှားမှုလုပ်ခဲ့တာလို့ သိရပါတယ်။


ဒီလှုပ်ရှားမှုမှာ ရန်ကုန်မြို့နေပြည်သူတွေအပါအဝင် ရန်ကုန်လူထုသပိတ်နဲ့ ရန်ကုန်တော်လှန် ညီနောင်လေးဖွဲ့ တို့ ပူပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့တာလို့ အသိပေးပါတယ်။


'' လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးကစပြီး အခု စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေး ကာလ ၃၇ နှစ်မြောက်ရောက်ရှိလာတဲ့အထိ စစ်အာဏာရှင်တွေကြောင့် အကြမ်းဖက် ဖိနှိပ်ရက်စက်မှု အောက်မှာ အပြစ်မဲ့ပြည်သူတွေရဲ့ အသက်အိုးအိမ်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတယ်လို့ ရန်ကုန်လူထုသပိတ်က ထုတ်ပြန်ထားပါတယ်။


စစ်အာဏာရှင်တွေဟာ သူတို့အာဏာတည်မြဲရေးအတွက် ပြည်သူလူထုကို ရန်သူသဖွယ် သတ်ဖြတ်ချေမှုန်း နေတာကြောင့် ဖက်ဆစ် စစ်အာဏာရှင်စနစ်ကို အမြစ်ပါမကျန် တွန်းလှန်တိုက်ထုတ်ကြဖို့ ရန်ကုန်လူထု သပိတ်နဲ့ ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့က တပ်လှန့်နှိုးဆော်ထားပါတယ်။


========================


📌📌၄။ မန္တလေးမြို့မှာ၈၈၈၈လူထုအရေးတော်ပုံကြီး (၃၇) နှစ်ပြည့် အထိမ်းအမှတ်လူထုလှုပ်ရှားမှု ဖော်ဆောင်ခဲ့


သြဂုတ်လ ()ရက်


မန္တလေးမြို့မှာ၈၈၈၈လူထုအရေးတော်ပုံကြီး (၃၇) နှစ်ပြည့် အထိမ်းအမှတ်လူထုလှုပ်ရှားမှု ဖော်ဆောင်ခဲ့ပါတယ်။

သြဂုတ်လ၈ရက်တွင် စစ်မိစ္ဆာဘီလူးတွေ သောင်းကျန်းမင်းမူနေတဲ့ မန္တလေးမြို့မှာ၈၈၈၈လူထုအရေးတော်ပုံကြီး (၃၇) နှစ်ပြည့် အထိမ်းအမှတ်ကို ဖော်ဆောင်ခဲ့ကြပါတယ်။


"ပြည်သူ့တော်လှန်ရေးကြီးမှာ ပြည်သူသာလျှင် အဓိကပါ။ ပြည်သူလူထု ထောက်ခံပါဝင်နေသရွေ့ ဒီတော်လှန်ရေးက ရှေ့ကို ဦးတည်ရှေးရှုနေမှာပါပဲ။ ပြည်သူအားလုံးအနေနဲ့လည်း အာဏာရူးစစ်အုပ်စုကိုငုံ့မခံဘဲရရာနည်းနာနည်းလမ်းအစုံနဲ့တုံ့ပြန်နေကြဖို့ လိုအပ်ပါတယ်။ရက်စက်ယုတ်မာလှတဲ့ မအလ အာဏာရှင်ကို ဆက်လက် တွန်းလှန်ကြရင်း ပြည်သူမှ ပြည်သူသို့ အပြန်အလှန် ဖေးကူကြရင်း ဒီတော်လှန်ခရီးကြမ်းကို အတူဆက်လက် ချီတက်ကြပါစို့"လို့အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများချိတ်ဆက်ညှိနှိုင်းရေးကော်မတီမန္တလေးကဖော်ပြပါတယ်။


========================


📌📌 ⁨⁨၅။ သြစတြေလျနိုင်ငံနဲ့စင်ကာပူတို့မှာ"၈၈၈၈" ၃၇ နှစ်မြောက် အထိမ်းအမှတ်လှုပ်ရှားဆန္ဒပြ


သြဂုတ်လ ()ရက်


"သြစတြေလျနိုင်ငံနဲ့စင်ကာပူတို့မှာ"၈၈၈၈" ၃၇ နှစ်မြောက် အထိမ်းအမှတ်လှုပ်ရှားဆန္ဒပြခဲ့ကြပါတယ်။


သြစတြေလျနိုင်ငံ၊ မြို့တော် ကင်ဘာရာမြို့တွင် "၈၈၈၈" ၃၇ နှစ်မြောက် အထိမ်းအမှတ်နှင့် စစ်အာဏာရှင် အခွန်ရုံးရှေ့ ဆန့်ကျင်ဆန္ဒပြခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


အဆိုပါလှုပ်ရှားမှုကိုမြန်မာအင်အားစုများတက်ရောက်ခဲ့ကြတယ်လို့CRPH/NUG Support Group (Australia)ကအသိပေးဖော်ပြထားပါတယ်။


အလားတူ စင်္ကာပူနိုင်ငံမှလည်း၃၇နှစ်မြောက် ၈၈၈၈အထိမ်းအမှတ်အနေဖြင့် ၈၈၈၈ထီးသပိတ်လှုပ်ရှားမှုလုပ်ဆောင်ခဲ့ကြပါတယ်။


စင်္ကာပူနိုင်ငံရောက်ပြည်သူများ၏ ပါဝင်မှုကို ရန်ကုန်လူထုသပိတ်မှ အထူးပင် လေးစားဂုဏ်ယူကြောင်း အသိပေးဆိုထားပါတယ်။


========================


📌📌 ⁨⁨၆။⁨⁨ မြန်မာနိုင်ငံမှာ ရှစ်လေးလုံးအရေးတော်ပုံ စိတ်ဓာတ်အားမာန် ယနေ့တိုင် ဆက်လက်ရှင်သန်နေဆဲလို့ ယူကေနဲ့ အမေရိကန် ဆို


သြဂုတ်လ ()ရက်


မြန်မာနိုင်ငံသမိုင်းတလျောက် ကြီးမားကျယ်ပြန့်တဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေး လှုပ်ရှားမှုတရပ်ဖြစ်ခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံ စိတ်ဓာတ်နဲ့အားမာန်တွေ ဒီနေ့ထိ ဆက်လက် ရှင်သန်နေဆဲလို့ ယူကေနဲ့ အမေရိကန် တို့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ 


ဒီနေ့ ဩဂုတ်လ ရက်မှာ ကျရောက်တဲ့ ၃၇ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံနေ့မှာ ရန်ကုန်မြို့တော် မှာရှိတဲ့ ဗြိတိန်သံရုံနဲ့ အမေရိကန်သံရုံးတို့ကနေ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။


မြန်မာပြည်သူလူထုတရပ်လုံး ရဲဝံ့စွာစုစည်းပြီး ဒီမိုကရေစီနှင့်လူ့အခွင့်အရေးလေးစားမှုတို့ တောင်းဆိုခဲ့ကြ တဲ့ ၁၉၈၈ လူထုအရေးတော်ပုံကြီးကို ပြန်လည်အမှတ်ရနေတယ်လို့ ဗြိတိန်သံရုံးက ထုတ်ပြန်ထားပါတယ်။


မြန်မာပြည်သူတွေ ရှစ်လေးလုံးအရေးတော်ပုံ စိတ်ဓာတ်အားမာန်တွေ ယနေ့တိုင် ဆက်လက်ရှင်သန်နေ သလို ယူကေအစိုးရကလည်း မြန်မာပြည်သူလူထုဘက်က ရပ်တည်ထောက်ခံမှုဟာလည်း မပြောင်းလဲဘဲ တည်ရှိနေဆဲလို့ အသိပေးထားပါတယ်။


၁၉၈၈ သြဂုတ် နေ့က မြန်မာနိုင်ငံတဝန်းက ပြည်သူတွေဟာ စီးပွားရေး ပြုပြင်ပြောင်းလဲဖို့ ရဲရဲဝံ့ဝံ့ တောင်းဆိုခဲ့ကြရာကနေ ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

ဒီအရေးတော်ပုံမှာ ပါဝင်ခဲ့ကြတဲ့ လူသန်းပေါင်းများစွာရဲ့ ရဲစွမ်းသတ္တိရှိမှုတွေဟာ ၃၇ နှစ်ကြာမြင့်လာပြီ ဖြစ်တဲ့အထိ ရှေ့ဆောင်လမ်းပြအဖြစ်ရှိနေဆဲလို အမေရိကန်သံရုံးက ထုတ်ပြန်ထားပါတယ်။


အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာပြည်သူတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို အမှတ်ရဂုဏ်ပြုနေမှာ ဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့ မိမိတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ရှာဖွေနေတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည် နေတယ်လို့ အသိပေးထားပါတယ်။


========================


📌📌 ⁨⁨၇။⁨⁨ ၈၈ အရေးအခင်း ၃၇ နှစ်မြောက်နေ့အဖြစ် စစ်ကော်မရှင်ကို ဆန့်ကျင်ကြောင်း ဖားကန့်ပြည်သူတွေဆန္ဒပြ


သြဂုတ်လ၈ရက်


ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားတဲ့ ကျေးရွာတရွာမှာ ၈၈ အရေးအခင်း ၃၇ နှစ်မြောက်နေ့အဖြစ် စစ်ကော်မရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့တယ်လို့ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုကွန်ရက် - ဖားကန့်မြို့နယ်က ထုတ်ပြန်ပါတယ်။ 


စစ်ကော်မရှင်က အာဏာတည်မြဲရေးအတွက်လုပ်မယ့် အတုအယောင်ရွေးကောက်ပွဲနဲ့ ပြည်သူလူထုကို နည်းလမ်းအမျိုးမျိုးနဲ့ နေ့စဉ် ဒုက္ခပေးနေတဲ့ အကြမ်းဖက် စစ်ကော်မရှင် စစ်အုပ်စုကို လုံးဝ ဆန့်ကျင် ကြောင်း ဖားကန့်မြို့နယ် မှော်လှည့်သပိတ်က ဒီနေ့ ဩဂုတ်လ ရက် မနက်ပိုင်းမှာ ဆန္ဒပြခဲ့ကြတာလို့ သိရပါတယ်။


စစ်ကော်မရှင်ဟာ လူသားတိုင်း ရပိုင်ခွင့်တွေကို ပေါ်ပေါ်တင်တင်ချိုးဖောက်နေပြီး အစာရေစာ ရရှိခွင့်ကို လက်နက်သဖွယ်အသုံးပြုကာ ပြည်သူလူထုကို ညှင်းပန်းနေတဲ့အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို လက်နက်အဖြစ် အသုံးချခြင်းမှ ကာကွယ်ပါ "Prevent Humanilarian Aid from Being Weaponized" ဆိုတဲ့ နိုင်င့တကာကို တောင်းဆိုတဲ့စာသားတွေကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ လည်း စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုကွန်ရက် - ဖားကန့်မြို့နယ်က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ⁨⁨၈။ ပဲခူးမြို့လယ်ကဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်တုကို စစ်ကော်မရှင်က ဖြိုချဖယ်ရှား


သြဂုတ်လ ()ရက်


ပဲခူးတိုင်း၊ပဲခူးမြို့လယ်ကဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်တုကို စစ်ကော်မရှင်က ဖြိုချဖယ်ရှားလိုက်တယ်လို့သိရပါတယ်။


သြဂုတ်လ၇ရက်ညပိုင်းမှာ မြို့ခံများမသိအောင် တိတ်တဆိတ်ဖယ်ရှားခဲ့ကြတယ်လို့ ဒေသခံများထံကစုံစမ်းသိရှိရပါတယ်။


ဗိုလ်ချုပ်အောင်ဆန်းရဲ့မြင်းစီးရုပ်တုဟာ ပဲခူးမြို့လယ်မှာ နှစ်ပေါင်းများစွာတည်ရှိခဲ့တာဖြစ်ပြီးတော့ ဖြိုချတဲ့အကြောင်းအရင်းကိုမသိရှိရဘူးလို့ ဒေသခံများကဆိုပါတယ်။


အလားတူ ဇူလိုင်၂၈ ရက်ကလည်း နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာရှိတဲ့ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို စစ်အုပ်စုကဖယ်ရှားခဲ့ပါသေးတယ်။



အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် သာကီနှင်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩@Khun Zaw @⁨ကိုပြည့်


========================


========================



🚩🚩 စစ်အာဏာရှင် ပြုလုပ်မည့် တရားမျှတမှု မရှိသော အတုအယောင် ရွေးကောက်ပွဲတွင် ပူးပေါင်း ဆောင်ရွက်ခြင်း မပြုဘဲ တော်လှန်ရေး အသိဖြင့် ဆန့်ကျင်သွားရန် မွန်ပြည် ကာကွယ်ရေးတပ် (MSDF) တိုက်တွန်း နှိုးဆော်


သြဂုတ်လ ()ရက်


စစ်အာဏာရှင် ပြုလုပ်မည့် တရားမျှတမှု မရှိသော အတုအယောင် ရွေးကောက်ပွဲတွင် ပူးပေါင်း ဆောင်ရွက်ခြင်း မပြုဘဲ တော်လှန်ရေး အသိဖြင့် ဆန့်ကျင်သွားရန် မွန်ပြည် ကာကွယ်ရေးတပ် (MSDF) တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။


သြဂုတ်လ၈ရက် တွင်ကျရောက်သော (၇၈) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ တိုက်တွန်း နှိုးဆော်ချက်မှာ ဖော်ပြပါတယ်။


မွန်ပြည် ကာကွယ်ရေးတပ် (MSDF) အနေဖြင့် မွန်လူမျိုးများ ကိုယ်တိုင် ပြဌာန်းနိုင်သည့် နိုင်ငံရေးအပြင် နိုင်ငံ တဝန်းတွင် ရှိသော လူမျိုး၊ ဘာသာမရွေး လွတ်လပ်ခွင့်အတွက် အခြားသော မွန်တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့များ၊ ပြည်တွင်း ပြည်ပမှ မွန်ပြည်သူ ပြည်သားများ၊ ဘဝတူ အဖိနှိပ်ခံ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် နွေဦး တော်လှန်ရေး၌ ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့်အတူ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ဖော်ပြပါတယ်။


စစ်အာဏာရှင်၏ အာဏာ သက်ဆိုးရှည်ရေး အတုအယောင် တရားမဝင် မတရား ရွေးကောက်ပွဲတွင် တစ်ချို့သော နိုင်ငံရေးပါတီများအနေဖြင့် စစ်အာဏာရှင်နှင့် အတူ ပူးပေါင်း ဆောင်ရွက်နေမှုများသည် ပြည်သူ လူထု၏ တော်လှန်ရေးနှင့် နိုင်ငံရေး ရည်မှန်းချက်များကို ဖျက်ဆီးနေခြင်း ဖြစ်သည့်အတွက် အပြင်းအထန် ကန့်ကွက် ရှုံ့ချတယ်လို့ဆိုပါတယ်။


မွန်ပြည် ကာကွယ်ရေးတပ် (MSDF) အနေဖြင့် စစ်အာဏာရှင် ပြုလုပ်သော မည်သည့် ရွေးကောက်ပွဲကို မဆို လက်မခံဘဲ တော်လှန်ရေး၊ နိုင်ငံရေး ရည်မှန်းချက် ရည်ရွယ်ချက်များနှင့်အညီ ဆက်လက် ကြိုးစားသွားမှာဖြစ်ပြီးတော့မွန်ပြည်သူ လူထု တစ်ရပ်လုံးအနေဖြင့်လည်း စစ်အာဏာရှင် ပြုလုပ်မည့် တရားမျှတမှု မရှိသော အတုအယောင် ရွေးကောက်ပွဲတွင် ပူးပေါင်း ဆောင်ရွက်ခြင်း မပြုဘဲ တော်လှန်ရေး အသိဖြင့် ဆန့်ကျင်သွားရန် မွန်ပြည် ကာကွယ်ရေးတပ် (MSDF) တိုက်တွန်း နှိုးဆော်အပ်တယ်လို့ဆိုပါတယ်။


========================


🚩🚩၂။⁨⁨⁨⁨⁨ ⁨၇၈ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့နဲ့ ၈၈၈၈ နေ့ အထိမ်းအမှတ်အဖြစ် ရေးမြို့နယ်မှာရှိတဲ့ ခမရ - ၅၉၁ ကို တော်လှန်ရေးတပ်တွေ ဗုံးကြဲ


သြဂုတ်လ ()ရက်


 ၇၈ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့နဲ့ ၈၈၈၈ နေ့ အထိမ်းအမှတ်အဖြစ် ရေးမြို့နယ်မှာရှိတဲ့ ခမရ - ၅၉၁ ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် - MSRF က ဒီနေ့ ဩဂုတ် ရက်မှာ ထုတ်ပြန်ပါတယ်။


ရေးမြို့အခြေစိုက် စကခ - ၁၉လက်အောက်ခံတပ်ရင်းတခုဖြစ်တဲ့ ကျောင်းရွာက ခမရ - ၅၉၁ ကို မွန်ပြည် ဖက်ဒရယ်ကောင်စီ - MSFC ကာကွယ်ရေးဌာနအောက်မှာရှိတဲ့ မွန်ပြည်တော်လှန်ရေးတပ် - MSRF က ၇၈ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့နဲ့ ၈၈၈၈ နေ့ အထိမ်းအမှတ် အကြိုအဖြစ် မနေ့ ဩဂုတ်လ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်မှာ ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


ရေးမြို့နယ် ကျောင်းရွာမှာရှိတဲ့ ခမရ - ၅၉၁ ဗဟိုကင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး  ရန်သူ စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေကို စုံစမ်းထောက်လှမ်းနေဆဲလို့ အသိပေးထားပါတယ်။


ဒရုန်းစစ်ဆင်ရေးလုပ်ဆောင်ခဲ့တဲ့ မွန်ပြည်တော်လှန်ရေးတပ် - MSRF က တပ်ဖွဲ့ဝင်တွေကတော့ အထိအခိုက်မရှိ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၃။အုတ်ဖိုမှာ PDF ရဲဘော်တွေကို ပေါ်တာဆွဲဖမ်းဆီးဖို့ ကြိုးစားတဲ့ စစ်တပ် အရာခံဗိုလ်နဲ့တပ်ကြပ်ကြီးတို့ ပစ်ခတ်ခံရပြီး သေဆုံး


သြဂုတ်လ ()ရက်


ပဲခူးတိုင်း အုတ်ဖိုမြို့နယ်မှာ PDF ရဲဘော်လူငယ်တွေကို အရပ်သားလို့ထင်ပြီး ပေါ်တာဆွဲဖမ်းဆီးဖို့ ကြိုးစားတဲ့ စစ်တပ်က အရာခံဗိုလ် လှကျော်နဲ့ တပ်ကြပ်ကြီး ညီညီမိုးတို့ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ  ဦးလုံးသေဆုံးသွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ဒီနေ့ ဩဂုတ်လ ရက်မှာ ထုတ်ပြန်လာပါတယ်။

သေဆုံးသွားတဲ့ သူတို့ ၂ဦးဟာ အုတ်ဖိုတာဆုံဘက်မှာ အရပ်သားပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးဖို့ အရပ်ဝတ်တွေနဲ့ ဆိုင်ကယ်မောင်းပြီး ထွက်လာတဲ့သူတွေလို့ ဆိုပါတယ်။ 

အုတ်ဖိုမြို့နယ် တိမ်မြုပ်ရွာအခြေစိုက် ခမရ ကနေ အုတ်ဖိုတာဆုံဘက်က ပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးဖို့ ဆိုပြီး အရပ်ဝတ်တွေနဲ့ ဆိုင်ကယ်နဲ့ထွက်လာတဲ့ အရာခံဗိုလ် လှကျော်နဲ့ တပ်ကြပ်ကြီး ညီညီမိုးတို့ဟာ ဩဂုတ်လ ရက်နေ့ မနက်ပိုင်းက သဖန်းပင်ဆိပ်ရွာအနီးမှာ ဆိုင်ကယ်စီးလာတဲ့ PDF ရဲဘော် ဦးကိုတွေ့ပြီး အရပ်သားပြည်သူတွေအထင်နဲ့ ပေါ်တာဆွဲဖမ်းဆီးဖို့ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ 

ပေါ်တာဆွဲဖမ်းဆီးဖို့ လုပ်နေတဲ့ အရာခံဗိုလ် လှကျော်နဲ့ တပ်ကြပ်ကြီး ညီညီမိုးတို့ရဲ့ခေါင်းတွေကို PDF ရဲဘော်တွေက  သေနတ်နဲ့ တချက်စီပစ်ခတ်ခဲ့တာကြောင့် သူတို့ ဦးစလုံး နေရာမှာတင် သေဆုံးခဲ့တာလို့ အသိပေးပါတယ်။

သေဆုံးသွားသော စစ်သားတွေဆီက လက်ပစ်ဗုံးတလုံး၊ ငွေသား ကျပ် သိန်း၊ စစ်မှုထမ်းကတ်တခု၊ စစ်မှုထမ်း စိစစ်ရေး စာအုပ်တအုပ်၊ မှတ်ပုံတင်တခု၊ လိုင်စင်ဓာတ်ပုံ ပုံ၊ ဖုန်း လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ထုတ်ပြန်ထားပါတယ်။

အရပ်သားပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒုက္ခပေးနေတဲ့ စစ်သားတွေအပါအဝင် စစ်တပ် ထောက်တိုင်တွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမမှာဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ သူတို့ရှိတဲ့နေရာ အနီးတဝိုက် သွားလာနေထိုင် တာမျိုးမလုပ်ကြဖို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက တိုက်တွန်း ထားပါတယ်။


========================


🚩🚩၄။ရှစ်လေးလုံးဒီမိုကရေစီလူထုအရေးတော်ပုံရဲ့ မပြီးဆုံးသေးတဲ့ လုပ်ငန်းတာဝန်တွေ အပြည့်အဝအဆုံးသတ် နိုင်ရေး မိတ်ဖက်အင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ရွှေဘို ပကဖ ပြော


သြဂုတ်လ ()ရက်


ရှစ်လေးလုံးဒီမိုကရေစီလူထုအရေးတော်ပုံရဲ့ မပြီးဆုံးသေး တဲ့ လုပ်ငန်းတာဝန်တွေ အပြည့်အဝအဆုံးသတ် ဖော်ဆောင်နိုင်ရေး မိတ်ဖက်အင်အားစုအသီးသီးတွေ လူမျိုးစုံပါဝင်တဲ့ ပြည်သူလူထုကြီးနဲ့အတူ ရှစ်လေးလုံးစိတ်ဓာတ်ကိုအခြေခံပြီး စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်သွားမယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။


ရှစ်လေးလုံး ဒီမိုကရေစီလူထုအရေးတော်ပုံ ၃၇ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားတွေကို ပေးပို့တဲ့ သဝဏ်လွှာကနေ အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။


ရှစ်လေးလုံး ဒီမိုကရေစီလူထုအရေးတော်ပုံမှာ ကိုယ်ကျိုးစွန့်ပြီး အသက်၊ သွေး၊ ချွေး ပေးဆပ်ခဲ့ကြတဲ့ ရဟန်းရှင်လူ ကျောင်းသား ပြည်သူအပေါင်းကို ဦးညွှတ်အလေးပြုတဲ့အကြောင်းလည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။


ရဟန်းရှင်လူ ကျောင်းသား လူငယ် တိုင်းရင်းသားပြည်သူတရပ်လုံး စုစည်းနိုင်ခဲ့တဲ့ ညီညွတ်ခြင်းအားနဲ့အတူ   စစ်အာဏာရှင် ဗိုလ်နေဝင်း ဦးဆောင်တဲ့ မဆလ တပါတီအာဏာရှင်စနစ်နဲ့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတို့ကို အပြီးအပိုင် ဖျက်သိမ်းနိုင်ခဲ့ကြတယ်လို့ အသိပေးထားပါတယ်။


ရှစ်လေးလုံး ဒီမိုကရေစီလူထုအရေးတော်ပုံကနေအစပြုပြီး အပြီးတိုင် မဖျက်သိမ်းနိုင်ခဲ့တဲ့ စစ်အာဏာရှင် စနစ် တစမကျန် အကုန်အစင် ဖျက်သိမ်းနိုင်ရေး တိုင်းရင်းသားလူမျိုးစုံပါတဲ့ ပြည်သူလူထုကြီးက တော်လှန် တိုက်ပွဲဝင်ခဲ့ကြတာ ဒီနေ့ နွေဦးတော်လှန်ရေးအချိန်ကာလအထိပဲလို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ သဝဏ်လွှာက ဆိုပါတယ်။


အနာဂတ်ကာလမှာ အာဏာရှင်စနစ် မပေါ်ပေါက်စေဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး  တည်ဆောက်နိုင်ဖို့ဆိုရင် နွေဦးတော်လှန်ရေးရေးကာလအတွင်း စစ် စစ်ဖြစ်တဲ့ စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တရားနဲ့ ၂၀၀၈  ဖွဲ့စည်းပုံအခြေခံဥပဒေတို့ကို တစမကျန် ဖယ်ရှား ဖျက်သိမ်းနိုင်ဖို့လိုတယ် လို့ အသိပေးထားပါတယ်။ 


ဒါကြောင့် ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ ရှစ်လေးလုံးဒီမိုကရေစီလူထုအရေးတော်ပုံတုန်း က မပြီးဆုံးသေးတဲ့ လုပ်ငန်းတာဝန်တွေ အပြည့်အဝ အဆုံးသတ် ဖော်ဆောင်နိုင်ရေး မိတ်ဖက်အင်အားစု တွေနဲ့အတူ တိုင်းရင်းသားလူမျိုးစုံပါတဲ့ ပြည်သူလူထုကြီးနဲ့အတူ ရှစ်လေးလုံး စိတ်ဓာတ်ကို အခြေခံပြီး စည်းလုံးညီညွတ်စွာနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ လေးနက်ခိုင်မာစွာ ကတိပြုထားပါတယ်။


========================


🚩🚩၅။ စစ်တပ်နဲ့ စစ်အုပ်စု အာဏာ ဆက်လက်ဆုပ်ကိုင်ထားနိုင်ဖို့လုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ပြည်သူ့အာဏာနဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ပြီး သပိတ်မှောက်သွားမယ်လို့ DDMSC ကြေညာ 


သြဂုတ်လ ()ရက်


စစ်တပ်နဲ့ စစ်အုပ်စု အာဏာ ဆက်လက်ဆုပ်ကိုင်ထားနိုင်ရေးအတွက်လုပ်မယ့် အတုအယောင်ရွေးကောက် ပွဲကို ပြည်သူ့အာဏာနဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ပြီး သပိတ်မှောက်သွားမှာဖြစ်တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားသပိတ်ကော်မတီ - DDMSC က ဒီနေ့ ဩဂုတ် ရက်မှာ ကြေညာလိုက်ပါတယ်။ 


ရှစ်လေးလုံးအရေးတော်ပုံ ၃၇ နှစ်မြောက် အထိမ်းအမှတ်အနေနဲ့ ထုတ်ပြန်ရာမှာ သူတို့အနေနဲ့ မူလ ရပ်တည်ချက်အတိုင်း ဆက်ရှိနေမယ့်အကြောင်း ကြေညာလိုက်တာဖြစ်ပါတယ်။ 



မြန်မာနိုင်ငံသမိုင်းတလျှောက် အင်မတန်ကြီးမားကျယ်ပြန့်တဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီ အရေး လှုပ်ရှားမှုတရပ်ဖြစ်ခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီး ၃၇ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သလို ဒီ အရေးတော်ပုံကနေ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ တပါတီ အာဏာရှင်စနစ်အပါအဝင် စစ်အစိုးရအဆက်ဆက်ကို ဖြုတ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

 

ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ - DDMSC အနေနဲ့ ၂၀၂၁ ခုနှစ်ကတည်းက မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အာဏာသိမ်းမှုကို လူထုသပိတ်လှုပ်ရှားမှု၊ နိုင်ငံရေးအံတုမှု ဆိုတဲ့နည်းတွေနဲ့ တစိုက်မတ်မတ် ဆန့်ကျင်လာခဲ့သလို အာဏာသိမ်းစစ်တပ်ကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို အစဉ်တစိုက် ဆန့်ကျင်လာခဲ့တယ်လို့ အသိပေးထားပါတယ်။

 

အာဏာသိမ်းစစ်တပ်ဟာ တော်လှန်ရေးကာလ နှစ်ကျော်ကြာကာလအတွင်း နိုင်ငံရေး၊ စစ်ရေး၊ သံတမန် ရေး စတဲ့ ဖိအားမျိုးစုံနဲ့ ရင်ဆိုင်လာရတဲ့အတွက် အာဏာသိမ်းစစ်ခေါင်းဆောင် ဦးဆောင်တဲ့ စစ်အုပ်စုဟာ ၂၀၂၅ ဒီဇင်ဘာတတိယပတ်ကနေ ၂၀၂၆ ဇန်နဝါရီ ဒုတိယအပတ်အတွင်း အတုအယောင်ရွေးကောက်ပွဲ ကျင်းပပြီး အာဏာရှင်စနစ် အသက်ဆုံးရှည်စေရေး ကြိုးပမ်းနေတယ်လို့ ဆိုထားပါတယ်။


ဒါကြောင့် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားသပိတ်ကော်မတီ - DDMSCအနေနဲ့ ကော်မတီရဲ့ မူလ ရပ်တည်ချက်အတိုင်း စစ်တပ်၊ စစ်အုပ်စု အာဏာ ဆက်လက်ဆုပ်ကိုင်ထားနိုင်ရေးအတွက်လုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ပြည်သူ့အာဏာနဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင် သပိတ်မှောက်သွားမယ့် အကြောင်း အသိပေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။


========================


🚩🚩၆။ ကိုရီးယားနိုင်ငံဆိုးလ်မြို့ သမ္မတရုံးရှေ့ရှစ်လေးလုံး ၃၇-နှစ်မြောက် သတင်းစာရှင်းလင်းပွဲကျင်းပပြီး"စစ်အုပ်စုနှင့် မပတ်သက်ရေး" ကိုရီးယားအစိုးရသို့ တောင်းဆိုစာပို့


သြဂုတ်လ ()ရက်


"မြန်မာနိုင်ငံ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွင် ကိုရီးယားအစိုးရက အလေးထားဆောင်ရွက်ရန်"  မြန်မာ့နွေဦးတော်လှန်ရေး အဖွဲ့အစည်းများနှင့် ကိုရီးယား အရပ်ဘက်အဖွဲ့အစည်းများ စုပေါင်း တောင်းဆိုစာကို ယနေ့ ၃၇-နှစ်မြောက် ရှစ်လေးလုံးနေ့တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပကာ တောင်းဆိုလိုက်ကြောင်းသတင်းရရှိပါတယ်။


ကိုရီးယားသမ္မတရုံးသို့ ပေးပို့ခဲ့သည့် တောင်းဆိုစာတွင် လတ်တလော စစ်အုပ်စု၏ အသွင်ပြောင်း လုပ်ရပ်များသည် အလိမ်အညာသာ ဖြစ်ကြောင်း၊ စစ်အုပ်စုရွေးကောက်ပွဲသည် ဒီမိုကရေစီကို ဖော်ဆောင်ရန် မဟုတ်ဘဲ စစ်အာဏာသိမ်းမှုကို တရားဝင်ဖြစ်အောင် လှည့်စားခြင်းသာ ဖြစ်ကြောင်း၊ ကိုရီးယားသည် လေးနှစ်တာလုံး မြန်မာပြည်သူများဘက်မှ အခိုင်အမာ ရပ်တည်ခဲ့ကြောင်း၊ သမ္မတ အီဂျဲမြောင် ကိုယ်တိုင် ယခင် ပြည်နယ်အုပ်ချုပ်ရေးမှူး ဖြစ်ခဲ့စဉ်က ဖွင့်ဟ ထောက်ခံခဲ့ကြောင်း၊ သို့ရာတွင် နွေဦးတော်လှန်ရေး ကာလကြာလာသည်နှင့်အမျှ နိုင်ငံတကာ၏ စိတ်ဝင်စားမှုနှင့် လူသားချင်းစာနာမှုကူညီရေးများ လျော့ရဲလာကြောင်း၊ ထို့ကြောင့် ကိုရီးယား အစိုးရ အနေဖြင့် မြန်မာပြည်သူများ၏ ဆန္ဒကို အလေးထားပြီး၊ ဒီမိုကရေစီ ဖြစ်ထွန်း တည်ဆောက်ရေးတွင် တက်တက်ကြွကြွ ဆောင်ရွက်ရန်၊ အာဏာသိမ်း စစ်အုပ်စုနှင့် မပတ်သက်ရန် အလေးအနက် တောင်းဆိုကြောင်း ဖော်ပြပါရှိပါတယ်။


မတ်လ၈ရက်ယနေ့ နံနက် ၁၀ နာရီတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ကိုရီးယားနိုင်ငံ NUGကိုယ်စားလှယ်ရုံးမှ ရုံးအဖွဲ့ဝင် ဦးဝင်းပေါ်မောင်က "ရှစ်လေးလုံး အရေးတော်ပုံသည် မြန်မာ့ဒီမိုကရေစီရေး၏ ကြီးမားသော အချိုးအကွေ့ကြီး ဖြစ်ပြီး၊ ယနေ့ နွေဦးတော်လှန်ရေးသည် ရှစ်လေးလုံး၏ နိဂုံးတိုက်ပွဲ ဖြစ်ကြောင်း၊ ရှစ်လေးလုံး စိတ်ဓာတ်သည် မြန်မာပြည်တွင် ဘယ်သောအခါမှ ပျောက်ကွယ်သွားမည် မဟုတ်ကြောင်း" ရှင်းလင်း ပြောကြားခဲ့ပါတယ်။


ဆိုးလ်မြို့ သမ္မတရုံးရှေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲကို "မြန်မာ့ဒီမိုကရေစီရေး ထောက်ခံသော အရပ်ဘက်အဖွဲ့များ တပ်ပေါင်းစု"က ဦးဆောင်ပြီး၊ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ၊ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီ အောင်နိုင်ရေး အဖွဲ့ပေါင်းချုပ် နှင့် အခြားတော်လှန်ရေးအဖွဲ့များ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။


========================


🚩🚩၇။ ပျူစောထီးဒုခေါင်းဆောင်တစ်ဦး လောင်းလုံး-ပကဖထံသို့ လက်နက်ခဲယမ်းအပြည့်စုံဖြင့်အလင်း၀င်ရောက်


သြဂုတ်လ ()ရက်


ပျူစောထီးဒုခေါင်းဆောင်တစ်ဦး လောင်းလုံး-ပကဖထံသို့ လက်နက်ခဲယမ်းအပြည့်စုံဖြင့်အလင်း၀င်ရောက်ခဲ့တယ်လို့ သြဂုတ်လ၈ရက်နေ့မှာ လောင်းလုံး-ပကဖမှ အသိပေးဖော်ပြပါတယ်။


"လောင်းလုံးမြို့နယ်အတွင်း စစ်ကော်မရှင်နှင့်ပျူစောထီးများတပ်စွဲထားသည့် ကျောက်နီမော်ကျေးရွာမှပျူစောထီးဒုခေါင်းဆောင်တစ်ဦး လောင်းလုံးပကဖသို့လက်နက်ခဲယမ်းအပြည့်စုံဖြင့် အလင်း၀င်ရောက်ခဲ့တယ်"လို့ဖော်ပြပါတယ်။


၄င်းအားဆုကြေးများပေးအပ်ခဲ့ပြီးလောင်းလုံး-ပကဖမှ ကောင်းမွန်စွာကြိုဆိုလက်ခံခဲ့တယ်လို့ဆိုပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩







#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment