၂၀၂၅ မေလ ၃ ရက်နေ့ မနက်ခင်း သတင်းလွှာ

 

၂၀၂၅ မေလ ၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ပြောင်းလဲလာတဲ့ တော်လှန်ရေးအခြေအနေကြောင့်  ပိုစုစည်းဖို့ လိုအပ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြော

📌 ၂။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်မှုများမှ ကာကွယ်ရန် မြန်မာစစ်ကောင်စီအား လေယာဉ်ဆီနှင့် လက်နက်တင်ပို့မှုကို ပိတ်ဆို့အရေးယူရန် လိုအပ်

📌 ၃။ ငလျင်ကြောင့် ပြိုကျသွားတဲ့ မန္တလေးမြို့ Sky Villa အဆောက်အဦအောက်မှ ရုပ်အလောင်းများ ဆက်လက်ရှာဖွေတွေ့ရှိ အမျိုးသမီးနဲ့ ကလေးငယ် ရုပ်အလောင်းအချို့ပါဝင်

📌 ၄။ ထားဝယ်ခရိုင်က CDM ဆရာမတချို့နဲ့ Volunteer ဆရာ ဆရာမ ၇၈ ဦးအတွက် ဒေါက်တာသိန်းလွင်ဦးဆောင်တဲ့ Thinking Classroom Foundation မှ ရက်တာ Reading and Writing for Critical Thinking(RWCT) သင်တန်းပို့ချ

📌 ၅။ တအာင်းပညာရေးထီ၏ (၂၃)ကြိမ်မြောက် အမြင့်ဆုံး သိန်း(၅၀၀)ဆုကို ဟူးခင်ကျေးရွာမှ ဦးအိုက်ကျိန် ဆွတ်ခူးရရှိ

📌 ၆။ Weekly Super 4  ကို အောင်လံလွှင့်ချီ နွေဦးထီရဲ့ web application မှတဆင့် လက်မှတ် တစ်စောင် ,၀၀၀ ကျပ်နှုန်းဖြင့် တော်လှန်ပြည်သူတို့ လက်တကမ်းမှာ လွယ်ကူစွာ ဝယ်ယူနိုင်မယ်

📌 ၇။ ပြင်သစ်နိုင်ငံပါရီမှာပြမယ့် ဖြတ်ရုပ်ရှင် လက်မှတ်များစတင်ရောင်းချ


========================


၂၀၂၅ ခုနှစ် မေလ ၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ စစ်ကောင်စီက နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်၊ နမ့်ဆန်နှင့် မန်တုံမြို့နယ်အတွင်းမှ TNLA တပ်များ ဆုတ်ခွာရန် တောင်းဆိုချက်အား TNLA ပယ်ချ

🚩၂။ ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို တစ်ပြိုင်နက် တိုက်ခိုက်ရာ  ဒု-တပ်ရင်းမှူးအပါအဝင် (၂၀)ကျော် သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိ

🚩၃။ ဒမငယ်ရဲကင်းစခန်းအား ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၃ဦး သေဆုံး

🚩၄။ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးအတွင်းရှိ အိမ်များမှ ပြည်သူ့အိုးအိမ်ပစ္စည်းများ လာရောက်ဖျက်ဆီးယူဆောင်နေတဲ့ အကြမ်းဖက်စစ်ကောင်စီအဖွဲ့နှင့် ထိတွေ့မှု့ဖြစ်ပွား

🚩၅။ ပုသိမ်ကြီးမြို့နယ် ခမရ ၁၁၉တွင် စစ်မှုထမ်းတပ်သားအဖြစ် အတင်းအဓမ္မစုဆောင်းခံရသူအား သွားရောက် ကယ်ထုတ်

🚩၆။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF  ဗျူဟာအမှတ် () တပ်ဖွဲ့  ဖွဲ့စည်းခြင်း တစ်နှစ်ပြည့် အခမ်းအနား ကျင်းပပြုလုပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ ပြောင်းလဲလာတဲ့ တော်လှန်ရေးအခြေအနေကြောင့်  ပိုစုစည်းဖို့ လိုအပ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြော


မေလ ၂ရက်

Radio NUG

ပြောင်းလဲလာတဲ့ တော်လှန်ရေးအခြေအနေကြောင့်  ပိုစုစည်းဖို့ လိုအပ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောပါတယ်။


"အစိုးရအဖွဲ့အနေနဲ့ နှစ်တာ ကာလလုံးမှာ လုံခြုံရေး အခက်အခဲ အမျိုးမျိုးကို ရင်ဆိုင်ကျော်လွှားပြီး မိမိတို့ရောက်ရှိရာ နေရာဒေသအသီးသီးကနေ ဒီကနေ့ အခြေအနေထိရောက်အောင် ဘယ်လောက်ထိ အားထုတ်ခဲ့ကြရသလဲဆိုတာ မိမိတို့ကိုယ်တိုင် အသိဆုံးဖြစ်ကြောင်း၊ ပြောင်းလဲလာတဲ့ တော်လှန်ရေးအခြေအနေကြောင့်  ပိုစုစည်းဖို့ လိုအပ်တယ်၊ ပိုမိုအလုပ်ဖြစ်ဖို့ လိုအပ်မှာဖြစ်တာကြောင့် ဝန်ကြီးများအနေနဲ့ အလုပ်ဖြစ်နိုင်စေရေးအတွက်ကို ပထမဦးစားပေး စဥ်းစားပြီး မိမိတို့ လက်ရှိယူထားတဲ့ တာဝန်တွေအရ ပြည်တွင်းရယ် ပြည်ပရယ်ဆိုတာထက် ဘယ်လိုနေရာမျိုးမှာနေပြီး တာဝန်ထမ်းဆောင်ရင် တော်လှန်ရေးအတွက် ပိုမိုထိရောက်မလဲ၊ အကျိုးရှိမလဲ စဥ်းစားပြီး သင့်တော်တဲ့ နေရာဒေသအသီးသီးကနေ ပိုမိုအားထည့်ကြိုးစားပေးစေလိုကြောင်း" ဝန်ကြီးချုပ်က ပြောပါတယ်။


========================


📌📌 ၂။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်မှုများမှ ကာကွယ်ရန် မြန်မာစစ်ကောင်စီအား လေယာဉ်ဆီနှင့် လက်နက်တင်ပို့မှုကို ပိတ်ဆို့အရေးယူရန် လိုအပ်


မေလ ၂ရက် 

Radio NUG 


ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်မှုများမှ ကာကွယ်ရန် မြန်မာစစ်ကောင်စီအား လေယာဉ်ဆီနှင့် လက်နက်တင်ပို့မှုကို ပိတ်ဆို့အရေးယူရန် လိုအပ်ကြောင်း Fortify Rightsမှ သတင်းထုတ်ပြန်ပါတယ်။


မြန်မာစစ်ကောင်စီသည် အပစ်အခတ်ရပ်စဲရန် ကြေညာထားသည့်ကာလအတွင်း အရပ်သားများအား သေကြေဒဏ်ရာရစေသော လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ပြီး ထိုအထဲတွင် ငလျင်ဘေးမှ အသက်ရှင်လွတ်မြောက်လာသူများ ခိုလှုံလျက်ရှိသည့် ဘာသာရေးအဆောက်အအုံများ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။


ဧပြီလ ရက်နေ့ကတည်းက စစ်ကောင်စီက ငလျင်ဒဏ်သင့်ဒေသတွေမှာပါ ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ကလေးငယ်တွေပါ အပါ၊ အရပ်သားပြည်သူတွေ အသေအပျောက်များခဲ့ရပါတယ်၊ ဒီတိုက်ခိုက်မှုတွေဟာဆိုရင် လူ့အသက်နဲ့ နိုင်ငံတကာဥပဒေကို ဂရုမစိုက်တာကို ပြောင်ပြောင်တင်းတင်းပဲ ပြသနေပါတယ်ဟု Fortify Rights အဖွဲ့၏ စုံစမ်းစစ်ဆေးရေးတာဝန်ခံ ကိုစိုင်းအာကာက ပြောဆိုထားပါတယ်။


========================


📌📌 ၃။ ငလျင်ကြောင့် ပြိုကျသွားတဲ့ မန္တလေးမြို့ Sky Villa အဆောက်အဦအောက်မှ ရုပ်အလောင်းများ ဆက်လက်ရှာဖွေတွေ့ရှိ အမျိုးသမီးနဲ့ ကလေးငယ် ရုပ်အလောင်းအချို့ပါဝင်


မေလ ၂ရက်

Radio NUG

မန္တလေးမြို့ Sky Villa အဆောက်အဦ (B)အဆောင်၊ (C) အဆောင်နှင့် (D)အဆောင်များအား မေလ၂ ရက်နေ့တွင် ယန္တရားများနှင့်အတူ  ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်ရာ မနက်၁၀ နာရီ မိနစ်၄၀ အချိန်တွင် (C)အဆောင်၊ အခန်းအမှတ်(P4)မှ သေဆုံး ()ဦး၏ ရုပ်အလောင်းအား ထုတ်ယူနိုင်ခဲ့တယ်လို့သိရပါတယ်။


အလားတူမွန်းလွဲ ၁၂ နာရီ၅၅ အချိန်တွင် (C)အဆောင်၊ ဓါတ်လှေကားခွင်အတွင်းမှ ()ဦးနှင့် (ကလေး)()ဦး၏ ရုပ်အလောင်းအား ထုတ်ယူနိုင်ခဲ့ပြီး ၁၆ ၀၀နာရီ အချိန်တွင် ()ဦး(သေဆုံး) ၁၆နာရီ ၁၅ အချိန်တွင် ()ဦး(သေဆုံး) ၁၆ နာရီ၂၀ အချိန်တွင် ()ဦး(သေဆုံး) တို့၏ ရုပ်အလောင်းတို့အား ထုတ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။


မတ်လ၂၈ရက် မွန်းလွဲပိုင်းတွင် စစ်ကိုင်းငလျင်လှုပ်ခတ်မှုကြောင့် လူဦးရေ သုံးထောင်ကျော် သေဆုံးခဲ့ပြီး မန္တလေးမြို့ Sky Villa အဆောက်အဦပြိုကျမှုတွင် သေဆုံးသူတစ်ရာကျော်ရှိခဲ့ပါတယ်။


========================


📌📌 ၄။ ထားဝယ်ခရိုင်က CDM ဆရာမတချို့နဲ့ Volunteer ဆရာ ဆရာမ ၇၈ ဦးအတွက် ဒေါက်တာသိန်းလွင်ဦးဆောင်တဲ့ Thinking Classroom Foundation မှ ရက်တာ Reading and Writing for Critical Thinking(RWCT) သင်တန်းပို့ချ


မေလ ၂ရက်

Radio NUG

ထားဝယ်ခရိုင်က CDM ဆရာမတချို့နဲ့ Volunteer ဆရာ ဆရာမ ၇၈ ဦးအတွက် ဒေါက်တာသိန်းလွင်၊ ဆရာမ အစိုင်းတို့ ဦးဆောင်တဲ့ Thinking Classroom Foundation မှ ရက်တာ Reading and Writing for Critical Thinking(RWCT) သင်တန်းပို့ချခဲ့တယ်လို့ သတင်းရရှိပါတယ်။


"ထားဝယ်ဒေသကျေးရွာများတွင် ကိုယ်ထူကိုယ်ထ ရပ်ရွာအခြေပြုကျောင်းများ ထူထောင်လာကြသည့်အတွက် ကလေးများ ပညာသင်ယူရန် အခွင့်အလမ်းများ ရရှိသောကြောင့် ဝမ်းသာအားရဖြစ်မိပါတယ်။ အဆိုပါကျောင်းများမှ ဆရာဆရာမများအတွက် နွေရာသီဆရာအတတ်ပညာသင်တန်းများကို ကျွန်တော်၏ဖေါင်ဒေးရှင်းမှ ကူညီဆောင်ရွက်ပေးပါတယ်။ ဆရာ ဆရာမ ၈၀ ခန့်ပါဝင်ပါတယ်"လို့

စဉ်းစားတွေးခေါ်သော စာသင်ခန်းတည်ထောင်သူဒေါက်တာသိန်းလွင်က အသိပေးဆိုထားပါတယ်။


ထားဝယ်ဒေသသို့ ကိုယ်တိုင်သွားရောက်ရန်ရည်ရွယ်ထားသော်လည်း လုံခြုံရေးအခြေအနေကြောင့် Online မှ ပို့ချပေးခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ၅။ တအာင်းပညာရေးထီ၏ (၂၃)ကြိမ်မြောက် အမြင့်ဆုံး သိန်း(၅၀၀)ဆုကို ဟူးခင်ကျေးရွာမှ ဦးအိုက်ကျိန် ဆွတ်ခူးရရှိ


မေလ ၂ရက် 

Radio NUG 


တအာင်းပြည်ပညာရေးကို ရည်ရွယ်၍ ဖွင့်လှစ်နေသည့် တအာင်းပညာရေးထီ၏ (၂၃)ကြိမ်မြောက် အမြင့်ဆုံး သိန်း (၅၀၀)ဆုကို နမ့်ဆန်မြို့နယ်၊ ဟူးခင်ကျေးရွာမှ ဦးအိုက်ကျိန်မှ ဆွတ်ခူးရရှိသွားခဲ့ကြောင်း TNLAမှ သတင်းထုတ်ပြန်ပါတယ်။


တအာင်းပြည် တအာင်းပညာရေး ရန်ပုံငွေအတွက် (၂၃)ကြိမ်မြောက်ထီဖွင့်ပွဲအား တအာင်းပြည်တစ်နေရာတွင် မေလ ()ရက် နံနက်ပိုင်းအချိန်တွင် တအာင်းပြည်ပညာရေးကောင်စီ-TLECမှ ဦးဆောင်ဖွင့်လှစ်ခဲ့ပါတယ်။


သိန်း (၅၀၀)ဆု၏ဂဏာန်းသည် အက္ခရာ (A- 78097) ဖြစ်ကာ သိန်း (၅၀၀)ဆုအပြင် သိန်း(၁၀၀)ဆု ()ဆု၊ သိန်း(၅၀) ဆု ()ဆု၊ သိန်း(၃၀)ဆု ()ဆု၊ (၁၀) သိန်းဆု ()ဆု၊ ()သိန်းဆု ()ဆု၊ () သိန်းဆု(၅၀)ဆုနှင့် သိန်း (၅၀၀)ဆု၏ အက္ခရာတူ နောက်ဆုံးဂဏာန်းသုံးလုံးတူ ဆု (၂၂)ဆုအပါအဝင် စုစုပေါင်း (၈၄)ဆု ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၆။ Weekly Super 4  ကို အောင်လံလွှင့်ချီ နွေဦးထီရဲ့ web application မှတဆင့် လက်မှတ် တစ်စောင် ,၀၀၀ ကျပ်နှုန်းဖြင့် တော်လှန်ပြည်သူတို့ လက်တကမ်းမှာ လွယ်ကူစွာ ဝယ်ယူနိုင်မယ်


မေလ ၂ရက်

Radio NUG

Weekly Super 4  ကို အောင်လံလွှင့်ချီ နွေဦးထီရဲ့ web application မှတဆင့် လက်မှတ် တစ်စောင် ,၀၀၀ ကျပ်နှုန်းဖြင့် တော်လှန်ပြည်သူတို့ လက်တကမ်းမှာ လွယ်ကူစွာ ဝယ်ယူနိုင်မယ်လို့ မေလ၂ရက်မှာ အသိပေးကြေညာပါတယ်။


မေလ () ရက်နေ့မှာ Pilot ကာလလေး စတင်သွားမှာဖြစ်တဲ့အတွက် Nway Oo Hti အကောင့်မဖွင့်ရသေးတဲ့သူတွေရှိရင် ကြိုတင်ဖွင့်ပြီး ငွေသွင်းထားဖို့ တိုက်တွန်းထားပါတယ်။


Weekly Super 4 ကို လက်မှတ်တစ်စောင် ,၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးသွားမှာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့တိုင်းမှာ Super 4 ထွက်ရှိမှာ ဖြစ်ပါတယ်။


========================


📌📌 ၇။ ပြင်သစ်နိုင်ငံပါရီမှာပြမယ့် ဖြတ်ရုပ်ရှင် လက်မှတ်များစတင်ရောင်းချ


မေလ ၂ရက်

Radio NUG

ပြင်သစ်နိုင်ငံ ပါရီမှာ ပြသမယ့် "ဖြတ်"ရုပ်ရှင် လက်မှတ်များ စတင်ရောင်းချနေပြီလို့သိရပါတယ်။


"ဖြတ်" ရုပ်ရှင်ကို ပါရီမြို့ရဲ့ Cinéma Le Brady မှာဆုံရင်း အတူတကွ ကြည့်ကြဖို့ ဖိတ်ခေါ်ထားပြီး ရုပ်ရှင်အပြီး သရုပ်ဆောင် ကိုမင်းမော်ကွန်းအပါအဝင် ရုပ်ရှင်အဖွဲ့သားများနဲ့ Zoom ကတဆင့်တွေ့ကြမှာဖြစ်ပါတယ်။


မေလ၂၅ရက် ပါရီမှာကျင်းပမယ့် ရုပ်ရှင်ပြပွဲမှာ တော်လှန်ရေး အခြေပြု ရိုက်ကူးထားတဲ့ "ဖြတ်"ရုပ်ရှင်ဇာတ်ကားလည်း ပါဝင်မယ်လို့ ယူနိုက်တက်ဘွန်း-ပြင်သစ်က အသိပေးထားပါတယ်။


ရုပ်ရှင်လက်မှတ်များ များများရဖို့ လူမလာနိုင်လည်း အသိမိတ်ဆွေများအတွက် လက်ဆောင်ဝယ်ပေးလို့လည်း ရတယ်လို့ အသိပေးဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩၁။ စစ်ကောင်စီက နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်၊ နမ့်ဆန်နှင့် မန်တုံမြို့နယ်အတွင်းမှ TNLA တပ်များ ဆုတ်ခွာရန် တောင်းဆိုချက်အား TNLA ပယ်ချ


မေလ ၂ရက် 

Radio NUG 


အကြမ်းဖက်စစ်ကောင်စီကိုယ်စားလှယ်တို့က နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စသောဒေသများမှ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် နမ့်ဆန်နှင့် မန်တုံမြို့နယ်အတွင်းထိသို့ တအာင်းတပ်မတော် တပ်ဖွဲ့များအားလုံးကို ပြန်လည်ဆုတ်ခွာရန် တောင်းဆိုချက်ကို PSLFကိုယ်စားလှယ်များက သဘောမတူ ပယ်ချခဲ့ကြောင်း PSLF/TNLAမှ သတင်းထုတ်ပြန်ပါတယ်။


ထိုသို့ သဘောမတူ ပယ်ချမှုကြောင့် နှစ်ဖက်အပြန်အလှန်ဆွေးနွေးမှု ထပ်ဆင့်မတိုးနိုင်သေးဘဲ နှစ်ဖက်အပစ်အခတ်ရပ်စဲနိုင်ရန်အတွက် လာမည့် ဩဂုတ်လတွင် ထပ်မံတွေ့ဆုံရန် သဘောတူခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် အကြမ်းဖက်စစ်ကောင်စီမှ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင်သည့် ကိုယ်စားလှယ်တို့သည် တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် ဧပြီလ (၂၈)နှင့် (၂၉)ရက်တွင် အပစ်အခတ်ရပ်စဲနိုင်ရန်အတွက် တရုတ်ပြည်၊ ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။


လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင်ခြင်းစသည့် ပစ်ခတ်တိုက်ခိုက်မှုများအားလုံး ရပ်တန့်ရန်၊ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ရန်၊ ဒေသတည်ငြိမ်အေးချမ်းရန်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကဲ့သို့ တဆင့်တိုး အပစ်ခတ်ရပ်စဲရေး ပြုလုပ်နိုင်ရန်အတွက် တရုတ်နိုင်ငံ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းမှ ကမကထပြု အလေးထား ကြိုးပမ်းပြီး နှစ်ဖက်တွေ့ဆုံမှုများ တိုးတက်လာစေရန် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၂။ ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို တစ်ပြိုင်နက် တိုက်ခိုက်ရာ  ဒု-တပ်ရင်းမှူးအပါအဝင် (၂၀)ကျော် သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိ


မေလ ၂ရက် 

Radio NUG 


ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျွန်းကုန်း၊ ရင်းတိုက်ကုန်း၊ တောင်စု၊ ရန်မျိုးအောင်၊ တမာခေါကျေးရွာများ အပါအဝင် နောင်ကုန်းတံတားတို့တွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို အမှတ်() စစ်ဆင်ရေးနယ်မြေ ကွပ်ကဲမှုအောက်ရှိ တပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များက ဧပြီလ ၂၈ရက်နေ့တွင် တစ်ပြိုင်နက် တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။


အဆိုပါ စစ်‌ကောင်စီတပ်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ်() စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး) ဗျူဟာ (၂၄) ဗျူဟာ (၂၅) အမှတ် (၇၈၀၃)တပ်ရင်း (အာဠာဝကစစ်ကြောင်း) အမှတ် (၃၅၀၃)တပ်ရင်း၊ နဂါးနီစစ်ကြောင်း၊ ရန်ကုန် (ပကဖ) တိုက်ခိုက်ရေးတပ်ဖွဲ့ () ဧရာဝတီ အမှတ် ()တပ်ရင်း၊ အမှတ် (၃၇၀၂)တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း၊ Spring Warrior Column အမှတ် (၁၈၀၅) ဒရုန်းအထူးတပ်ဖွဲ့၊ ဗျူဟာ (၂၅၊၂၆) ဒရုန်းတပ်ဖွဲ့၊ တိုင်းလက်နက်ကြီးတပ်ဖွဲ့တို့နှင့် ကရင်အမျိုးသားလွတ်‌မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း () တပ်ရင်း () တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။


ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ဒု-တပ်ရင်းမှူး အပါအဝင် (၂၀)ကျော် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။


တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ် မျိုးစုံ (၃၀)ကျော်နှင့် ခဲယမ်းများ၊ စစ်သုံးပစ္စည်း အမြောက်အများကို သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩၃။ ဒမငယ်ရဲကင်းစခန်းအား ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၃ဦး သေဆုံး


မေလ ၂ရက် 

Radio NUG 


မေလ ရက်နေ့ နံနက် နာရီ ၅၀ မိနစ် အချိန်တွင် ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် အရှေ့ဘက် ဒမငယ်ရွာရှိ အကြမ်းဖက်စစ်‌သား၊ ရဲနှင့် ပျူစောထီးများ တပ်စွဲထားသော ဒမငယ် ရဲကင်းစခန်းအား ပဲခူးတိုင်းစစ်ဌာန၊ အမှတ်(၂၂) ဗျူဟာ၊ သာယာဝတီခရိုင်၊ အမှတ် ()တပ်ရင်း (P23801) တပ်ခွဲ() Phoenix D F တပ်ခွဲ() Ayeyar Nyi Naung နှင့် နတ်တလင်းမြို့ ပကဖတို့ ပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြာချိန် တစ်နာရီခန့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။


အဆိုပါတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ()ဦး သေပြီး ဒဏ်ရာရ ပျူ‌စောထီး ()ဦးထဲမှ တောင်ညိုကွက်သစ် ဆေးရုံတွင် ဆေးကုသမှုခံနေစဉ်အတွင်း ပျူစောထီး ()ဦး ထိုဆေးရုံတွင် သေဆုံးသွားတယ်လို့ ဖော်ပြထားပါတယ်။


တိုက်ပွဲမှ  G3 လက်၊ MA3 လက်၊ ကာဘိုင် လက်၊ ၆၀ မမ စိန်ပြောင်း လက်၊ ၆၀သီး လုံး၊ ပလတ်စတစ်နင်းမိုင်း လုံး၊ ယာဉ်ဖျက်မိုင်း လုံးနှင့် G3 ကျည် ၁၂၀ တောင့်တို့ကို သိမ်းဆည်းရရှိပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၄။ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးအတွင်းရှိ အိမ်များမှ ပြည်သူ့အိုးအိမ်ပစ္စည်းများ လာရောက်ဖျက်ဆီးယူဆောင်နေတဲ့ အကြမ်းဖက်စစ်ကောင်စီအဖွဲ့နှင့် ထိတွေ့မှု့ဖြစ်ပွား


မေလ ၂ရက် 

Radio NUG 


မေလ ၁ရက်နေ့ မနက် (11:55)ခန့်အချိန်တွင် ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာအတွင်းရှိ အိမ်များမှ အများပြည်သူ အိုးအိမ်ပစ္စည်းများအား လာရောက်ဖျက်ဆီးယူဆောင်နေသည့် အကြမ်းဖက်စစ်ကောင်စီအဖွဲ့နှင့် P2-3703 မီးနဂါးတိုက်ကင်းအဖွဲ့နှင့် ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။


ထို့အတူ ပုဇွန်မြောင်းကျေးရွာ ဆွဲဒလွဲပိုင်းတွင်လည်း မွန်းတည့် 12 :01 အချိန်ခန့်တွင် ရန်သူစကစမှ တိုးကပ်မှုများ တွေ့ရှိရပြီး ရန်သူမှ စတင်ပစ်ခတ်သည့်အတွက် ထိတွေ့မှုများဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ဖြစ်စဥ်အတွင်း ရန်သူသည် ညောင်လေးပင်မှ လက်နက်ကြီး (၁၂၀မမ) ပစ်ကူ၂လုံး ပစ်ခတ်ခဲ့သော်လည်း ထိခိုက်မှုတစ်စုံတစ်ရာ မရှိခဲ့ဘဲ ထိတွေ့မှုဖြစ်စဥ် ကြိမ်တွင် မီးနဂါးရဲဘော်များ၏ ရဲဝံ့ စွန့်စားစွာ တိုက်ခိုက်မှုကြောင့် ရန်သူ့ဘက်မှ ()ဦးခန့်ထိခိုက်မှုရှိခဲ့ပြီး ကျန်ထိခိုက်မှုများအား ဆက်လက်စုံစမ်းလျက်ရှိတယ်လို့ သိရပါတယ်။


========================


🚩🚩၅။ ပုသိမ်ကြီးမြို့နယ် ခမရ ၁၁၉တွင် စစ်မှုထမ်းတပ်သားအဖြစ် အတင်းအဓမ္မစုဆောင်းခံရသူအား သွားရောက် ကယ်ထုတ်


မေလ ၂ရက် 

Radio NUG 


မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ခမရ ၁၁၉တွင် စစ်မှုထမ်းတပ်သားအဖြစ် အပတ်စဉ် ၅အတွက် အတင်းအဓမ္မစုဆောင်းခံရသူ တစ်ဦးသည် စကစလက်အောက်တွင် တာဝန်မထမ်းဆောင်လိုသောကြောင့် Burma Revolution Rangers တပ်ဖွဲ့သို့ ဆက်သွယ်အကူညီတောင်းခံလာကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


ထိုသို့ ဆက်သွယ်အကူအညီတောင်းခံသူအား Burma Revolution Rangersတပ်ဖွဲ့မှ ချိတ်ဆက်၍ သွားရောက်ခေါ်ဆောင်ပေးခဲ့ရာ မေလ ၁ရက်နေ့တွင် ဌာနသို့ အန္တရာယ်ကင်းဘေးရှင်းစွာ ရောက်ရှိလာခဲ့ပြီး မိသားစုနှင့် ဆက်သွယ်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩၆။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF  ဗျူဟာအမှတ် () တပ်ဖွဲ့  ဖွဲ့စည်းခြင်း တစ်နှစ်ပြည့် အခမ်းအနား ကျင်းပပြုလုပ်


မေလ ၂ရက် 

Radio NUG 


၂၀၂၅ ခုနှစ် မေလ ၁ရက်နေ့တွင် KNDF ဗျူဟာအမှတ် () စတင်ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။


အဆိုပါ အခမ်းအနားတွင် ဗျူဟာအမှတ် ()ရှိ တပ်ရင်းများဖြစ်တဲ့ B-25, 26, 27, 28 မှ တပ်ဗိုလ်၊ တပ်မှူးများ၊ ရဲဘော်ရဲဘက်များမှ တပ်ဖွဲ့ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနားအတွက် အလံတင်အလေးပြုခြင်း၊ ကျဆုံးရဲဘော်များအတွက် အောက်မေ့သတိရခြင်းနှင့် ရှေ့ဆက်တော်လှန်ရေးလုပ်ငန်းစဉ်များအတွက် အမှာစကားပြောကြားခြင်းများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment