၂၀၂၅ ဇူလိုင်လ ၈ ရက်နေ့ ညနေခင်း သတင်းလွှာ

၂၀၂၅ ဇူလိုင်လ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ ချင်းပြည်တော်လှန်ရေး မိတ်ဖက်အင်အားစုများအနေဖြင့် တော်လှန်ရေးနှင့် ပြည်သူများ၏ အကျိုးစီးပွားကို ဦးထိပ်ထား၍ အချင်းချင်းအကြား လက်နက်ကိုင်စွဲ ဖြေရှင်းမှုများကို အမြန်ဆုံးရပ်တန့်ပေးရန် NUCCမေတ္တာရပ်ခံချက်ထုတ်ပြန်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ၇၆ ကြိမ်မြောက် ကရင်အမျိုးသားတပ်မတော်နေ့ အထိမ်းအမှတ် စုပေါင်း သစ်ပင်စိုက်ပွဲသို့ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲနှင့် တာဝန်ရှိသူများ တက်ရောက်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ မင်းတပ်မြို့ပေါ်အတွင်း ရှောင်တခင်စစ်ဆေးရာတွင် ပိတ်ပင်ထားသောအရက်များကိုရှာဖွေတွေ့ရှိ၍ ဖျက်ဆီး


========================


၂၀၂၅ ခုနှစ် ဇူလိုင်လ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ ကျောက်မဲမြို့နှင့် မိုးကုတ်မြို့ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးများ ထပ်မံလာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLAသတင်းထုတ်ပြန်

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ပြင်းထန်

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ စစ်ကောင်စီကနေ ဖယ်ခုံမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်နေရာကို လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ စစ်ကောင်စီ၏ ရေးမြို့အခြေစိုက် စကခ(၁၉) လက်အောက်ခံ ကလော့ကြေးရှာအနီိးရှိ အမတ(၃၁၆) အမြောက်တပ်ကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ လက်နက်နှင့်တကွ အလင်းဝင်ခဲ့သော စစ်ကောင်စီတပ်သား ၄ဦးအား  ငွေကျပ်သိန်း ၁၅၀ ချီးမြှင့်ပေးခဲ့

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ Chin Defence Force - Kanpetletအခြေခံစစ်ပညာသင်တန်းအပတ်စဉ် ()ကို အောင်မြင်စွာကျင်းပပြီးစီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ ချင်းပြည်တော်လှန်ရေး မိတ်ဖက်အင်အားစုများအနေဖြင့် တော်လှန်ရေးနှင့် ပြည်သူများ၏ အကျိုးစီးပွားကို ဦးထိပ်ထား၍ အချင်းချင်းအကြား လက်နက်ကိုင်စွဲ ဖြေရှင်းမှုများကို အမြန်ဆုံးရပ်တန့်ပေးရန် NUCCမေတ္တာရပ်ခံချက်ထုတ်ပြန်


ဇူလိုင် ()ရက်


အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီအနေဖြင့် ချင်းပြည်တော်လှန်ရေး မိတ်ဖက်အင်အားစုများအကြား လတ်တလောဖြစ်ပွားနေသော သဘောထားကွဲလွဲမှုများနှင့် နောက်ဆက်တွဲ ပွတ်တိုက်မှုများအတွက် အလွန်အမင်း စိုးရိမ်ပူပန်မိတယ်လို့ ဇူလိုင်လ()ရက်မှာ NUCCမှ မေတ္တာရပ်ခံချက်တစ်စောင်ကို ထုတ်ပြန်လာပါတယ်။

ချင်းပြည်တော်လှန်ရေး မိတ်ဖက်အင်အားစုများအနေဖြင့် တော်လှန်ရေးနှင့် ပြည်သူများ၏ အကျိုးစီးပွားကို ဦးထိပ်ထား၍ အချင်းချင်းအကြား လက်နက်ကိုင်စွဲ ဖြေရှင်းမှုများကို အမြန်ဆုံးရပ်တန့်ပေးပါရန်နှင့် နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာကြပါရန် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ မေတ္တာရပ်ခံ ပန်ကြားအပ်တယ်လို့ ဖော်ပြပါတယ်။

ထို့အပြင် လိုအပ်ပါက ပဋိပက္ခဖြေရှင်းရေး ညှိနှိုင်းမှုများတွင် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီအနေဖြင့် ပါဝင်ကူညီဆောင်ရွက်သွားရန် အသင့်ရှိကြောင်းလည်း အသိပေးဖော်ပြထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ၇၆ ကြိမ်မြောက် ကရင်အမျိုးသားတပ်မတော်နေ့ အထိမ်းအမှတ် စုပေါင်း သစ်ပင်စိုက်ပွဲသို့ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲနှင့် တာဝန်ရှိသူများ တက်ရောက်


ဇူလိုင် ()ရက်


ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင်အတွင်း ၇၆ ကြိမ်မြောက် ကရင်အမျိုးသားတပ်မတော်နေ့ အခမ်းအနားနှင့် ဇူလိုင်လ ကော်သူးလေစုပေါင်း သစ်ပင်စိုက်လအထိမ်းအမှတ်အဖြစ် ၂၀၂၅ခုနှစ် ဇူလိုင်လ၅ရက်နေ့မှာ ကရင်အမျိုးသားတပ်မတော်နေ့၌ အခမ်းအနားကျင်းပခြင်းနှင့်အတူ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်တွင် စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြပါတယ်။


၇၆ ကြိမ်မြောက် ကရင်အမျိုးသားတပ်မတော်နေ့ အခမ်းအနားသို့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် ဒုတိယ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ၊စစ်ရေးချုပ် ဗိုလ်ချုပ် မန်းရှာထုဂေါ်၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး(ဗဟို) အမြဲတမ်းကော်မတီဝင် ဒုဗိုလ်မှူးကြီး စောအောင်စည်၊ တပ်မဟာ () တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဂီနွီးနှင့် တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်များ၊ရဲဘော်များ၊ကရင်အမျိုးသမီးအစည်းအရုံး၊ သစ်တောဌာန တာဝန်ရှိသူများ နှင့် ဒေသခံပြည်သူလူထုများ  တက်ရောက်ဂုဏ်ပြုခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ မင်းတပ်မြို့ပေါ်အတွင်း ရှောင်တခင်စစ်ဆေးရာတွင် ပိတ်ပင်ထားသောအရက်များကိုရှာဖွေတွေ့ရှိ၍ ဖျက်ဆီး


ဇူလိုင် ()ရက်


ချင်းပြည်နယ်၊မင်းတပ်မြို့ပေါ်အတွင်း ရှောင်တခင်စစ်ဆေးရာတွင် ပိတ်ပင်ထားသောအရက်များကိုရှာဖွေတွေ့ရှိ၍ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖျက်ဆီးခဲ့တယ်လို့ ဇူလိုင်()ရက်မှာ ဖျက်ဆီးမှု မှတ်တမ်းများနှင့်တကွ သတင်းထုတ်ပြန်ပါတယ်။

မင်းတပ်မြို့ပေါ်အတွင်း မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှ ဒုတိယအကြိမ် ရှောင်တခင်စစ်ဆေးရာတွင်ရှာဖွေဖမ်းဆီးရမိသည့် ပိတ်ပင်ထားသောအရက်များကို ပိုင်ရှင်၏ရှေ့မှောက်၌ ဇူလိုင်၈ ရက်နေ့တွင် ဖျက်ဆီးခဲ့တယ်လို့အတည်ပြုထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================



🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ ကျောက်မဲမြို့နှင့် မိုးကုတ်မြို့ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးများ ထပ်မံလာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLAသတင်းထုတ်ပြန်


ဇူလိုင် ()ရက်


ကျောက်မဲမြို့နှင့် မိုးကုတ်မြို့တို့ကို စစ်ကောင်စီတပ်မှ ယနေ့ နံနက်မှာ ဂျက်ဖိုက်တာဖြင့် ဗုံးများထပ်မံလာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLAမှ သတင်းထုတ်ပြန်ပါတယ်။

တအာင်းပြည်၊ ကျောက်မဲမြို့နှင့် မိုးကုတ်မြို့ အနောက်ပိုင်းတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ယနေ့ နံနက် (၉း၀၀)နာရီ၀န်ကျင်အချိန်တွင် ကျောက်မဲမြို့ကို ကြဲချခဲ့ပြီးနောက် (၉း၃၅) နာရီ၀န်ကျင်တွင် မိုးကုတ်မြို့ အနောက်ပိုင်းကို တစ်ပြိုင်တည်း ဗုံးများလာရောက်ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLAကအတည်ပြုထားပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ ဖြစ်စဥ်အသေးစိတ်အချက်အလက်များကို ထပ်မံထုတ်ပြန်မယ်လို့TNLAကဆိုထားပါတယ်။


ဇူလိုင်၆ရက်  ညသန်းခေါင် (၁၂းဝဝ)နာရီအချိန်တွင် လေကြောင်းဖြင့် ဗုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အဆောက်အဦး ()လုံး ထိမှန်ပျက်စီးသွားခဲ့ပြီး ဇူလိုင်လ ()ရက်နေ့လည်း စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သီပေါမြို့ကို ဂျက်ဖိုက်တာဖြင့် ဗုံး()လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူ့ဆေးရုံခွဲစိတ်ဆောင် ()ဆောင်၊ စည်ပင်အဆောက်အဦး ()အိမ်နှင့် နေအိမ် ()အိမ် ထိမှန်ပျက်စီးသွားခဲ့ပါတယ်။


ပြီးခဲ့သည့် ဇွန်လတစ်လတွင် တအာင်းပြည်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ကလေးငယ် ()ဦးအပါအဝင် ပြည်သူလူထု (၂၂)ဦး ထိမှန်ဒဏ်ရာရရှိပြီး ()ဦးသေဆုံးကာ နေအိမ် (၆၅)အိမ်၊ စာသင်ကျောင်း ()ကျောင်းနှင့် ဘုန်းကြီးကျောင်း ()ကျောင်း ထိမှန်ပျက်စီးသွားခဲ့ပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ပြင်းထန်


ဇူလိုင် ()ရက်


တအာင်းပြည်၊ တပ်မဟာ ()နယ်မြေ၊  နောင်ချိုမြို့နယ်ရှိ ကျောက်ကြမ်း၊ အောင်ချမ်းသာ၊ ရေမောင်းတန်း၊ နောင်လင်နှင့် မျက်ချီးနုကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။


ဖြစ်စဥ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ()ရက်နေ့ ကျောက်ကြမ်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်မှ လက်နက်ကြီး (၂၄)လုံး၊ ဒရုန်းဖြင့် ဗုံး (၃၀)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLAက အတည်ပြုထားပါတယ်။

အလားတူ နောင်လင်ကျေးရွာတွင် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံး (၁၆)လုံး၊ လက်နက်ကြီး (၄၀)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့ပါတယ်။

 ထို့နောက် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် လုံစံကျေးရွာဘက်လည်း စစ်ကောင်စီတပ်သည်  လေကြောင်းဖြင့် ဗုံး (၃၂)လုံးနှင့် လုံဖာကျေးရွာတွင် လေကြောင်းဖြင့် ဗုံး ()လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါတယ်။

ပြီးခဲ့သည့် ဇူလိုင်လ ()ရက်နေ့လည်း နောင်ချိုမြို့နယ်ရှိ ကျောက်တော၊ ကျောက်ကြမ်း၊ နောင်လင်၊ မျက်ချီးနုကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်မှ လက်နက်ကြီး (၂၇)လုံးနှင့် ဒရုန်းဖြင့် ဗုံး ()လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့ပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ စစ်ကောင်စီကနေ ဖယ်ခုံမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်နေရာကို လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်


ဇူလိုင် ()ရက်


ဖယ်ခုံမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်နေရာကို စစ်ကောင်စီမှ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဇူလိုင်၈ရက်တွင် ကရင်နီစစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်က အတည်ပြုထားပါတယ်။


ပြည်သူတွေရဲ့ဘဝက ဆင်းရဲဒုက္ခသေခြင်းတရားနဲ့သာ မိတ်ဖွဲ့နေရတယ်။သေဆုံးသူ၊ထိခိုက်ဒဏ်ရာရသူများရှိတယ်လို့ အသိပေးဆိုထားပါတယ်။


အကြမ်းဖက်စစ်အုပ်စုဟာ တိုင်းရင်းသားနယ်မြေများကို ပြန်လည်ထိုးစစ်ဆင်နေပြီး အရပ်သားနေထိုင်ရာနေရာများကို အကြောင်းမဲ့ လေကြောင်းကနေတိုက်ခိုက်လျက်ရှိပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ စစ်ကောင်စီ၏ ရေးမြို့အခြေစိုက် စကခ(၁၉) လက်အောက်ခံ ကလော့ကြေးရှာအနီိးရှိ အမတ(၃၁၆) အမြောက်တပ်ကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့


ဇူလိုင် ၈ရက်


မွန်ပြည်တော်လှန်ရေးတပ်(MSRF) မှ ရေး-ထားဝယ် လမ်းမပေါ်ရှိ စစ်ကောင်စီ၏ ရေးမြို့အခြေစိုက် စကခ(၁၉) လက်အောက်ခံ ကလော့ကြေးရှာအနီိးရှိ အမတ(၃၁၆) အမြောက်တပ်ကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ အတည်ပြုဆိုပါတယ်။ဇူလှိုင်လ ၇ရက်မွန်းလွဲ ၁၂နာရီ ၃၅ မိနစ်အချိန်တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရန်သူစစ်ကောင်စီ၏ ထိခိုက်ပျက်စီးမှုကို အသေးစိတ်မသိရှိရသေးဘူးလို့ဆိုပါတယ်။


တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်များမှ တစုံတရာထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ခွာစစ်ဆင်နိုင်ခဲ့ပြီး စစ်ဆင်ရေးတွင် မွန်ပြည်တော်လှန်ရေးတပ်(MSRF)နှင့် စစ်ရေးမဟာမိတ်ဖြစ်သော ဒေါနတပ်ရင်းမှ ပူးပေါင်းပါဝင်ခဲ့ပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ လက်နက်နှင့်တကွ အလင်းဝင်ခဲ့သော စစ်ကောင်စီတပ်သား ၄ဦးအား  ငွေကျပ်သိန်း ၁၅၀ ချီးမြှင့်ပေးခဲ့


ဇူလိုင် ()ရက်


လက်နက်နှင့်တကွ အလင်းဝင်ခဲ့သော စစ်ကောင်စီတပ်သား ၄ဦးအား  ငွေကျပ်သိန်း ၁၅၀ ချီးမြှင့်ပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။


 ဇူလိုင် ၃ရက်နေ့တွင် လက်နက်နှင့်တကွ အလင်းဝင်ခဲ့သော  စစ်ကောင်စီတပ်သား၄ဦးအား မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ငွေကျပ်သိန်း ၅၀ နှင့် အမှတ် တိုက်နယ် ပကဖတိုက်ခိုက်ရေးအဖွဲ့ မှ ငွေကျပ် သိန်း ၁၀၀ စုစုပေါင်းငွေကျပ်သိန်း ၁၅၀ ချီးမြှင့်ပေးခဲ့တယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အတည်ပြုဖော်ပြပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ Chin Defence Force - Kanpetletအခြေခံစစ်ပညာသင်တန်းအပတ်စဉ် ()ကို အောင်မြင်စွာကျင်းပပြီးစီး


ဇူလိုင် ()ရက်


() လကျော်ကြာမြင့်သော Chin Defence Force - Kanpetlet အခြေခံစစ်ပညာသင်တန်းအပတ်စဉ် ()ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။


သင်တန်းဆင်း ရဲဘော်/ရဲမေများ၏ ကျမ်းသစ္စာကျိန်ဆိုခြင်းအခမ်းအနားကိုလည်း ကျင်းပခဲ့တယ်လို့သိရပါတယ်။


 ချင်းပြည်နယ်တောင်ပိုင်း ကျင်ဒွေးမြို့နှင့် ကန်ပက်လက်မြို့နယ်အတွင်းရှိ အသက် (၁၈)နှစ်အထက် လူငယ်မောင်မယ်များအားလုံး အမျိုးသားရေးတာဝန်များကို ရှောင်လွှဲခြင်းမပြုရန်နှင့် Chin Defense Force - Kanpelet တပ်ဖွဲ့၏ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် ()ကို အမျိုးသားရေးတာဝန်သိစိတ်ဖြင့် တက်ကြွစွာ ပူးပေါင်းပါဝင်တက်ရောက်ပေးကြရန် အထူးဖိတ်ခေါ်ထားပါတယ်။


Chin Defence Force - Kanpetlet တပ်ဖွဲ့၏ အပတ်စဉ်() အခြေခံစစ်ပညာသင်တန်း အောင်မြင်စွာပြီးမြောက်နိုင်ရေးအတွက် အဖက်ဖက်မှ ပံ့ပိုးကူညီပေးခဲ့သော မဟာမိတ်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော်(ULA/AA) နှင့် ပြည်တွင်းပြည်ပ သို့ ရောက်ရှိနေကြသော Chin Defence Force - Kanpetlet ထောက်ပို့ပြည်သူများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ထုတ်ပြန် ကြေညာထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution



 

Share:

No comments:

Post a Comment