23rd JAN 2024 - Evening Daily News by Radio NUG

 


၂၀၂၄ ဇန်နဝါရီလ ၂၃ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အိန္ဒိယသို့ ထွက်ပြေးသွားသည့်  စစ်ကောင်စီတပ်သား ၉၂ ဦးကို သွားခေါ်သည့် မြန်မာစစ်တပ် လေယာဉ် လမ်းချော်မှုဖြစ်ပွားခဲ့

📌 ၂။ လောက်ကိုင်မှာ လက်နက်ချခဲ့တဲ့ ဗိုလ်မှူးချုပ် သုံးဦးကို စစ်ခုံရုံးက သေဒဏ်ချမှတ်ပြီး ကျန်ဗိုလ်မှူးချုပ် များနဲ့ ဗိုလ်မှူးကြီးများကို တစ်သက်တစ်ကျွန်းနဲ့ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်

📌 ၃။ ဝှေခါ ဗျူဟာကုန်း တိုက်ပွဲမှာ စွမ်းရည်ပြသခဲ့တဲ့ ကလေး () ဦးမိခင် PDF ရဲဘော်ကို KIA က ဂုဏ်ပြု ချီးမြင့်


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မုံရွာမြိုတွင် လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ဒုရဲအုပ်တစ်ဦး ပစ်သတ်ခံရ

🚩 ၂။ ဘီးလင်းတွင် လက်နက်ကိုင်ဆောင်ထားတဲ့ ပျူစောထီးခေါင်းဆောင် ပစ်ခတ်ခံရပြီး သေဆုံး

🚩 ၃။ အပစ်ရပ်စဲရေးစာချုပ် ကျိုးပျက်စေရန် စစ်ကောင်စီက ရန်စတိုက်ခိုက်နေတယ်လို့ ညီနောင် ဖွဲ့ပြော

🚩 ၄။ သံတောင်ကြီး ယာဒိုတပ်စခန်းနှင့်ရဲစခန်းကိုတိုက်ခိုက်မှု အရာရှိအပါအဝင် ဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အိန္ဒိယသို့ ထွက်ပြေးသွားသည့်  စစ်ကောင်စီတပ်သား ၉၂ ဦးကို သွားခေါ်သည့် မြန်မာစစ်တပ် လေယာဉ် လမ်းချော်မှုဖြစ်ပွားခဲ့


အိန္ဒိယသို့ ထွက်ပြေးသွားသည့်  စစ်ကောင်စီတပ်သား ၉၂ ဦးကို သွားခေါ်သည့် မြန်မာစစ်တပ် လေယာဉ်သည်ဇန်နဝါရီလ ၂၃ရက်နေ့ နံနက်ပိုင်း မှာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ Lengpui လေဆိပ်တွင် လမ်းချော်သွားကြောင်း အိန္ဒိယ အခြေစိုက် The Lairam Times က သတင်း ဖော်ပြခဲ့တယ်လို့ ခေတ်သစ်မီဒီယာမှာ ဖေါ်ပြထားပါတယ်။


အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ Lengpui လေဆိပ်သို့ အိန္ဒိယစံတော်ချိန် ယနေ့ နံနက် ၁၀ နာရီ ၁၉ မိနစ်အချိန်  ဆင်း သက်သည့် မြန်မာစစ်လေယာဉ်တွင် စုစု ပေါင်း ပိုင်းလော့ အပါအဝင် လေယာဉ် အမှုထမ်း လေတပ် တပ်ဖွဲ့ဝင် ၁၄ ဦး လိုက်ပါကြောင်း၊  စစ် လေယာဉ် ပြေးလမ်း ချော်မှု ကြောင့် လေယာဉ် အမှုထမ်း မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ဦး ဒဏ်ရာရရှိကြောင်း၊ ဦးမှာ ဘေးကင်း ကြောင်း သိရှိရသည်။ 


ဇန်နဝါရီလ ၁၇ ရက်နေ့တွင် စစ်ကောင်စီတပ်သား ၂၇၆ ဦး အိန္ဒိယသို့ ထွက် ပြေးသွားသည့် အတွက် ယမန်နေ့ တွင် ၁၈၄ ဦးကို မြန်မာစစ်တပ်က လေယာဉ် ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ယနေ့တွင် ကျန်ရှိနေသော စစ်သား ၉၂ ဦးကို ပြန်လည်ခေါ်ဆောင်ရန် သွားရောက်စဉ် စစ်လေယာဉ် ပြေးလမ်း ချော်မှု ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။


========================


📌📌 ၂။ လောက်ကိုင်မှာ လက်နက်ချခဲ့တဲ့ ဗိုလ်မှူးချုပ် သုံးဦးကို စစ်ခုံရုံးက သေဒဏ်ချမှတ်ပြီး ကျန်ဗိုလ်မှူးချုပ် များနဲ့ ဗိုလ်မှူးကြီးများကို တစ်သက်တစ်ကျွန်းနဲ့ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်


ဇန်နဝါရီ ၂၃။


ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့ တိုက်ပွဲအတွင်း MNDAA ထံ လက်နက်ချ အညံခံ ခဲ့တဲ့ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ ဗိုလ်မှူးချုပ် မိုးကျော်သူနှင့် ဗိုလ်မှူးချုပ် ဇော်မျိုးဝင်းတို့ကို စစ်ခုံရုံးက သေဒဏ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။


ဇန်နဝါရီလ ၁၃ ရက်နေ့က အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ဒုတိုင်းမှူးဖြစ်သူ ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း ဥက္ကဌအဖြစ် ဆောင်ရွက်တဲ့ စစ်ခုံရုံးကို ဖွဲ့စည်းပြီးတဲ့နောက် ၄၈ နာရီအတွင်း အမှုကို စစ်ဆေးကာ အမိန့်ချ အရေးယူခဲ့တာလည်း ဖြစ်ပါတယ်။


ဇန်နဝါရီ ရက်နေ့ လောက်ကိုင်မြို့မှာ စစ်သည်နှင့် တပ်မိသားစုဝင် ၄၀၀၀ ကျော် MNDAA ထံမှာ လက်နက်ချ အညံခံမှုအတွက် အဓိက တာဝန်ရှိသူဟု သတ်မှတ်ခံထားရတဲ့ လောက်ကိုင်ဒေသ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ လောက်ကိုင် ဒကစ မှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ တပ်မ ၅၅ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်းတို့ကို နိုင်ငံတော်ပုန်ကန်မှု၊ အမိန့် မလိုက်နာမှု၊ တာဝန် မကျေပွန်မှု တို့အပါအဝင် တပ်မတော် အက်ဥပဒေများ၊ ပုဒ်မများစွာဖြင့် သေဒါဏ်ပြစ်ဒါဏ်များကို စစ်ခုံရုံးက ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ထို့အပြင် တခြားဗိုလ်မှူးချုပ် ဦးဖြစ်တဲ့ စကခ ၁၆ တပ်မမှူး ဗိုလ်မှူးချုပ် သော်ဇင်ဦး၊ စကခ ၁၂ စကခမှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်းနဲ့ စကခ ၁၄ စကခမှူး ဗိုလ်မှူးချုပ် အေးမင်းဦး တို့ကိုလည်း တာဝန်မကျေပွန်မှု၊ အထက်အမိန့် မနာခံမှူ၊ ပုန်ကန်မှုများဖြင့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်များ ချမှတ် ခဲ့ပြီး ဗိုလ်မှူးကြီး အဆင့်ရှိ အရာရှိ ဦးကိုလည်း နှစ်ရှည်ထောင်ဒဏ်များစွာကို ၎င်းစစ်ခုံရုံးက ချမှတ် ခဲ့တယ်လို့ သိရှိရပါတယ်။


========================


📌📌 ၃။ ဝှေခါ ဗျူဟာကုန်း တိုက်ပွဲမှာ စွမ်းရည်ပြသခဲ့တဲ့ ကလေး () ဦးမိခင် PDF ရဲဘော်ကို KIA က ဂုဏ်ပြု ချီးမြင့်


ဇန်နဝါရီလ ၂၃။


ဝှေခါ ဗျူဟာကုန်း တိုက်ပွဲအတွင်း အမျိုးသားရဲဘော်များနှင့် ရင်ဘောင်တန်းပြီး တိုက်ပွဲ ဆုံး ပါဝင်တိုက်ခိုက်ခဲ့တဲ့ ကလေး () ဦးမိခင် KPDF ရဲဘော် မချောစု () ဂျန်မော်ခေါန်ရှောင် ကို KIA က တပ်ကြပ်ကြီးအဖြစ် ရာထူးတိုးပေးခဲ့ပြီး ရွှေဆွဲကြိုးတစ်ကုန်း ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။


မချောစု () ဂျန်မော်ခေါန်ရှောင် ဟာ အသက် (၄၇) နှစ်အရွယ် ရှိပြီဖြစ်ပြီး ကလေး () ဦးမိခင် တစ်ဦးဖြစ်ကာ စစ်တပ် အာဏာမသိမ်းခင်က စက်ချုပ်လုပ်ငန်းဖြင့် အသက်မွေး ဝမ်းကြောင်းပြုသူ တစ်ဦးလည်း ဖြစ်ပါတယ်။


ဖားကန့်ဒေသခံ တစ်ဦးဖြစ်တဲ့ သူမဟာ အာဏာသိမ်းပြီးနောက် PDF ထဲဝင်ပြီး စစ်အာဏာရှင် ကို တော်လှန်တိုက်ခိုက်နေသူ တစ်ဦးဖြစ်ကာ ဇန်နဝါရီ ၂၀ ရက်နေ့မနက်မှာ အပြီးသတ် သိမ်းပိုက်နိုင် ခဲ့တဲ့ ဝှေခါ ဗျူဟာကုန်း တိုက်ပွဲအတွင်း သူမရဲ့ စွမ်းရည်ကို ပြသနိုင်ခဲ့တာကြောင့် အခုလို ဂုဏ်ပြု ချီးမြှင့်ခံရတာ ဖြစ်တယ်လို့ သိရပါတယ်။


စစ်တပ်က အာဏာသိမ်းလိုက်သဖြင့် အာဏာရှင်စနစ်ကို မလိုလားသောကြောင့် သားသမီးများ -ရဲ့ ရှေ့ရေးအတွက်၊ တိုက်ပြည်အတွက် ပြည်သူ့ကာကွယ်ရေး တပ်မတော်သားအဖြစ် ပါဝင်တာဝန် ထမ်းဆောင်နေခြင်း ဖြစ်တယ်လို့ စက်ချုပ်သူ အဖြစ်မှ PDF ရဲဘော် ဖြစ်လာတဲ့ မချောစု က ပြောပြ ပါတယ်။


စစ်အာဏာရှင် တော်လှန်ရေးအတွင်း KPDF တွင်ရော KIA တွင်ပါ အမျိုးသမီး ရဲဘော်များစွာ ပါဝင်တာဝန် ထမ်းဆောင်ပြီး စစ်ကောင်စီကို တိုက်ခိုက်နေကြတယ်လို့လည်း ဆက်ပြောပြပါတယ်။


ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် KPDF ပူးပေါင်းအဖွဲ့တို့ဟာ ဝှေခါဗျူဟာ စစ်စခန်း ကုန်းကို ဇန်နဝါရီလ ၁၈ ရက်နေ့ မနက် နာရီက စတင်တိုက်ခိုက်ခဲ့ပြီး နှစ်ရက်အကြာမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 


တိုက်ပွဲ သုံးရက်တာ ကာလအတွင်း စစ်ကောင်စီမှ လေကြောင်းကနေ အကြိမ်ကြိမ် တိုက်ခိုက် နေတဲ့ကြားက မချောစုဟာ တခြားသော KIA, KPDF အမျိုးသား ရဲဘော်များနဲ့ ရင်ဘောင်တန်းပြီး တိုက်ပွဲဝင်ခဲ့တယ်လို့ KPDF ရဲဘော်တစ်ဦးက ပြောပါတယ်။


  ဝှေခါရွာ စခန်းသိမ်း တိုက်ပွဲတွင် ရဲရင့်စွာဖြင့် အမျိုးသား ရဲဘော်များ နှင့်အတူ ရင်ဘောင်တန်းပြီး တိုက်ပွဲ စတင်ချိန်မှ ပြီးဆုံးသည်အထိ ပါဝင်တိုက်ခိုက် ခဲ့သောကြောင့် တပ်သားအဆင့်မှ တပ်ကြပ်ကြီး အဆင့်သို KIA က ချီးမြင့်ခဲ့တာ ဖြစ်တယ်လို့ KIA ရဲ့ သတင်းပြန်ကြားရေး ဌာနတစ်ခုဖြစ်တဲ့ Kachin Net က  ကချင်ဘာသာဖြင့် ဖော်ပြထားချက်အရ သိရှိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းစစ်သွေးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။ မုံရွာမြိုတွင် လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ဒုရဲအုပ်တစ်ဦး ပစ်သတ်ခံရ


ဇန်နဝါရီ ၂၃။


စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် လဖက်ရည်ဆိုင်ထိုင်နေတဲ့ စစ်ကောင်စီ လက်ပါးစေ ဒုရဲအုပ်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံတွေ ဆီကနေ သိရပါတယ်။


ဇန်နဝါရီလ ၂၁ ရက်နေ့ မနက် နာရီ မိနစ် ၄၀ ခန့်က မုံရွာမြို့ စက်မှု () အေးရိပ်သာလမ်းရှိ လက်ဖက်ရည်ဆိုင်မှာ အမျိုးသမီးတစ်ဦးနဲ့အတူ အရပ်ဝတ်ဖြင့် ထိုင်နေတဲ့ အမှတ် () ရဲစခန်းမှ ဒုရဲအုပ် ကျော်ဇင်ဦးအား ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ နေရာမှာပင် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ မုံရွာခရိုင် အမှတ် (၂၂) နတ်ဆိုးတပ်ရင်းမှ ဗိုလ်နတ်ဆိုးမှ ပြောပါတယ်။


"သူတိုက လင်မယားလိုတော့ ထင်တယ်။ တခါတလေလဲ ခြေလျင်လာတယ်၊ တခါတလေလဲ ဆိုင်ကယ်နဲ့ လာတယ်။ အဲနေ့က အမှတ် () ရဲစခန်းထဲကနေ ဆိုင်ကယ်နဲ့ ထွက်လာကြတာ။ အဲကနေ အေးရိပ်သာ လမ်းထဲက လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ ဝင်သောက်ကြတာ၊ အရင်နေ့ တွေကလည်း ထောက်ထားတာ ရှိတယ်၊ လက်ဖက်ရည်ဆိုင်ထဲ ဝင်ပစ်ခတ်ခဲ့တာ၊ သူ့ကို ချက်လောက် ကောင်း -ကောင်း ပစ်ခဲ့တယ်။ တခါတည်း သေသွားတယ်လို သတင်းရတယ်။" လို့ ဗိုလ်နတ်ဆိုးက ဆိုပါတယ်။


၎င်းနဲ့အတူ ပါလာတဲ့ အမျိုးသမီးမှာ ကိုယ်ဝန်ဆောင် အမျိုးသမီး ဖြစ်နေ၍ ပစ်ခတ်ခဲ့ခြင်း မရှိ ကြောင်း၊ ထိုကြောင့် မုံရွာမြိုရှိ စစ်ကောင်စီ တပ်သားနှင့် ရဲများ ပြည်သူနှင့်အတူ ပူးပေါင်းပြီး အမြန်ဆုံး အလင်းဝင်ကြရန် ဗိုလ်နတ်ဆိုးက သတိပေးထားပါတယ်။


အဆိုပါ စစ်ဆင်ရေးကို မုံရွာခရိုင် အမှတ် () တပ်ရင်း၊ မုံရွာခရိုင် အမှတ် (၂၃) တပ်ရင်းနှင့် မုံရွာခရိုင် အမှတ် (၂၂) နတ်ဆိုးတပ်ရင်း တိုမှ ရဲဘော်များ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါ တယ်။

ဒုရဲအုပ် ပစ်ခံရပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်က လက်ဖက်ရည်ဆိုင်ပိုင်ရှင်နဲ့ အခြား ပြည်သူ အချို့ကို စစ်ကောင်စီက ဖမ်းဆီးသွားတဲ့အပြင် မုံရွာစက်မှုဇုန်အတွင်း ပစ်ခတ်သွားခဲ့သေးတယ်လို့လဲ ဒေသခံတွေထံက သိရရှိရပါတယ်။


========================


🚩🚩 ၂။ ဘီးလင်းတွင် လက်နက်ကိုင်ဆောင်ထားတဲ့ ပျူစောထီးခေါင်းဆောင် ပစ်ခတ်ခံရပြီး သေဆုံး


ဇန်နဝါရီ ၂၃။


မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇွဲကလာကျေးရွာတွင် လက်နက်ကိုင်ဆောင်ထားတဲ့ ပျူစောထီး ခေါင်းဆောင် ဉာဏ်ထွန်း () ဦးပေါ ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ရင်း - ၇၈၀၅၊ တပ်ခွဲ - က သတင်းထုတ်ပြန် ထားပါတယ်။


ဇန်နဝါရီလ ၂၂ ရက်နေ့ နာရီ ၁၅ မိနစ်အချိန်က ဘီးလင်း၊ ဇွဲကလာကျေးရွာမှ ပျူစောထီး ခေါင်းဆောင် လည်းဖြစ်၊ လက်နက်ကိုင်ဆောင်ထားပြီး ဘုရားငွေ အလွဲသုံးစား လုပ်နေတယ်လို့လည်း သတ်မှတ်ခံထားရတဲ့ အသက် ၅၀ ဝန်းကျင် အရွယ်ရှိ ဉာဏ်ထွန်း () ဦးပေါ ကို ဇုတ်သုတ်ကျေးရွာမှ ဇွဲကလာကျေးရွာရှိ သူ့ရဲ့နေအိမ်ကို ပြန်လာစဉ်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 


ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း -၇၈၀၅၊ တပ်ခွဲ - က ၎င်းပျူစောထီးခေါင်းဆောင် ဉာဏ်ထွန်းကို ပစ္စတိုဖြင့် ပစ်ခတ်ခဲ့တာဖြစ်ပြီး ၎င်းမှာ နေရာတွင်ပင်ပွဲချင်းပြီး သေဆုံးခဲ့ပေမယ့် ၎င်း ကိုင်ဆောင်တဲ့ လက်နက်ကို ကောက်ယူရန် ကြိုးစားခဲ့သော်လည်း အခြေအနေတစ်ခုကြောင့် ရယူနိုင်ခဲ့ ခြင်းမရှိခဲ့ဘူးလို့လည်း ထုတ်ပြန်ချက်မှာ အသိပေး ထားပါတယ်။


========================


🚩🚩 ၃။ အပစ်ရပ်စဲရေးစာချုပ် ကျိုးပျက်စေရန် စစ်ကောင်စီက ရန်စတိုက်ခိုက်နေတယ်လို့ ညီနောင် ဖွဲ့ပြော


အကြမ်းဖက်စစ်ကောင်စီဟာ အပစ်ရပ်စဲရေးစာချုပ် ဟိုင်ဂင်သဘောတူညီချက်များ ကျိုးပျက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ရည်ရွယ်ချက်ရှိရှိ ရန်စတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ညီနောင်မဟာမိတ် ဖွဲ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ 


၁၀၂၇ စစ်ဆင်ရေး ၈၈ ရက်မြောက်နေ့ တိုက်ပွဲသတင်းတွေထုတ်ပြန်ရာမှာ အခုလိုထည့်သွင်းဖော်ပြလိုက် တာဖြစ်ပါတယ်။


စစ်ကောင်စီဘက်က ဟိုင်ဂင်သဘောတူညီမှုများကို ကျိုးပျက်စေလိုတာကြောင့် ရည်ရွယ်ချက်ရှိရှိနဲ့ တမင်တကာ ရန်စမှုတွေလုပ်နေပေမယ့် မိမိတို့ဘက်က သည်းခံနေလို့သာ တိုက်ပွဲများ ကျယ်ပြန့်မသွား တာလို့ ဆိုပါတယ်။


ဒါပေမဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ တအာင်းတပ်မတော် -TNLA ရှိရာ မိုးကုတ်နဲ့ မိုးမိတ်ကြား မိုင်ကို စစ်ကောင်စီဘက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် ဖက် ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ပြီး သေနတ် လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ညီနောင် ဖွဲ့က အသိပေးထားပါတယ်။ 


ထို့အတူ ဇန်နဝါရီလ ၂၂ ရက်နေ့မှာလည်း မိုးကုတ်မြိုနယ်မှာရှိတဲ့ စစ်ကောင်စီတပ်က တအာင်းတပ်မတော် -TNLA ရှိရာ မိုးကုတ်နဲ့ မိုးမိတ်ကြား မိုင်နဲ့ လွယ်ဆာကုန်ကျေးရွာအနီးတစ်ဝိုက်ကို ဂျက်ဖိုက်တာနဲ့ တကြိမ် ATR-42 လေယာဉ်နဲ့တကြိမ် လာရောက်ပြီး ဗုံး ၁၀ လုံးတိတိ ပစ်ချတိုက်ခိုက်ခဲ့တယ်လို့ ညီနောင်မဟာမိတ်  ဖွဲ့က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ သံတောင်ကြီး ယာဒိုတပ်စခန်းနှင့်ရဲစခန်းကိုတိုက်ခိုက်မှု အရာရှိအပါအဝင် ဦးသေဆုံး


ကရင်ပြည်နယ် သံတောင်ကြီးမြို့မှာရှိတဲ့ ယာဒို စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာမှာ အရာရှိအပါအဝင် ဦးသေဆုံးသွားတယ်လို့ နေပြည်တော် PDF ဗျူဟာ ထံကနေ သိရပါတယ်။ 


တောင်ငူ- လွိုင်ကော် ကားလမ်းပေါ်မှာရှိတဲ့ ယာဒို စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းကို ဇန်နဝါရီလ ၁၉ ရက် နေ့မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 


အဆိုပါ စစ်ကောင်စီစခန်းတွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ၆ဝ မမ ဒရုန်း‌ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်မှုတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။ 


တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၁၂ဝ မမ အပါအဝင် စက်လက်တွေနဲ့ ပစ်ခတ်ခဲ့သလို တော်လှန်ရေး အဖွဲ့တွေကလည်း စက်လက်တွေ RPG တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 


အဆိုပါတိုက်ခိုက်မှုကို နေပြည်တော် PDF ဗျူဟာ အောက်မှာရှိတဲ့ တပ်ရင်းနဲ့ တပ်ခွဲ ၈၀၂၊ ၈၀၃၊ ၈၀၅၊ ၉၀၁ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက်ကိုခန့်နှင့်မင်းစစ်‌သွေးတို့က ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment