23rd JAN 2024 - Morning Daily News by Radio NUG


၂၀၂၄ ဇန်နဝါရီလ ၂၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အင်အားကြီးနိူင်ငံများမြန်မာ့အရေးကို သံခင်း၊ တမာန်ခင်းအရ ကျယ်ကျယ်လောင်လောင် ထုတ်ဖော်ပေးမှုများရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် ပြော

📌 ၂။ နွေဦးတော်လှန်ရေးကာလ () နှစ်နီးပါးရှိလာချိန်တွင် တော်လှန်ရေးအင်အားစုများ အနေဖြင့်မြို့များကို သိမ်းပိုက် ထိန်းချုပ်ထားနိုင်ပြီလို့ ကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်

📌 ၃။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာနိုင်ငံသားများတွေ့ဆုံပွဲကျင်းပ

📌 ၄။ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်၊ တက်တူကုန်းရွာအား  လက်နက်ကြီးများဖြင့် ပစ်ခိုက်တိုက်ခိုက်ခြင်းကြောင့် ပြည်သူ () ဦးသေဆုံးသည့်ဖြစ်စဉ် လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန အသေးစိတ်ထုတ်ပြန်


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ အကြမ်းဖက် စစ်ကောင်စီတပ်၏ တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၅) တပ်ရင်းအား ရက္ခိုင့်တပ်တော်မှ ဖြတ်တောက် တိုက်ခိုက်နိုင်ခဲ့ပြီး လေယာဉ်ပေါ်မှ ချပေးသော ထောက်ပို့ပစ္စည်းများအားလည်း ရရှိခဲ့

🚩 ၂။ အကြမ်းဖက်စစ်တပ်က တအာင်းတပ်ဖွဲ့ရှိရာနေရာတွေကို ရက်ဆက် ထိုးစစ်ဆင်တိုက်ခိုက်

🚩 ၃။ ဆားလင်းကြီးမြို့နယ်အတွင်း အကြမ်းဖက်မှုများပြုလုပ်နေသော အင်အား(၈၀)ပါ စကစ စစ်ကြောင်းကို သုံးမြို့နယ် အစပ်နားမှာ ကာကွယ်ရေးတပ်များတိုက်ခိုက်၍ စကစဘက်က၁၇ဦးသေဆုံး

🚩 ၄။ တန့်ဆည်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဝ ကျော်သေဆုံး

🚩 ၅။ မြိုင်မြို့အထွက်ရှိ စစ်တပ် စစ်ဆေးရေးဂိတ်အပါအဝင် စစ်တပ်တပ်စွဲထားသောနေရာများကို တိုက်ခိုက်မှု စစ်သား ဦးပြီး များစွာဒဏ်ရာရ

🚩 ၆။ ခိုင်ကမ်းရဲစခန်းအနီးက ဒေသခံများ ဘေးကင်းရာနေရာ ရွှေ့ပြောင်းနေထိုင်ကြရန် CDF - Siyin အသိပေး




ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အင်အားကြီးနိူင်ငံများမြန်မာ့အရေးကို သံခင်း၊ တမာန်ခင်းအရ ကျယ်ကျယ်လောင်လောင် ထုတ်ဖော်ပေးမှုများရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် ပြော


ဇန်နဝါရီ၂၂ရက်

အင်အားကြီးနိုင်ငံများ မြန်မာ့အရေးကို သံခင်း၊ တမာန်ခင်းအရ ကျယ်ကျယ်လောင်လောင် ထုတ်ဖော်ပေးမှုများရှိတယ်လို့ ဇန်နဝါရီလအတွင်း အမေရိကန်နိုင်ငံ ဆန်ဖရန်ဘေးဧရိယာတွင် ကျင်းပသော လူထုတွေ့ဆုံပွဲတွင် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကပြောပါတယ်။


"မြန်မာ့အရေးမှာလည်း ကျွန်မတို့အင်မတန်မှ မျှော်လင့်ရတဲ့ ဒီမိုကရေစီနိုင်ငံကြီးတွေရှိပါတယ်။အမေရိကန်ပြည်ထောင်စုလိုအပါအဝင် အစဥ်အလာအားဖြင့် ကျယ်ကျယ်လောင်လောင်နဲ့ သံခင်း၊တမာန်ခင်းကိုထုတ်ဖော်ပေးနေကြတာလည်းရှိပါတယ်"လို့ဆိုပါတယ်။


မြန်မာ့အရေးတွင် အမေရိကန်ပြည်ထောင်စုသည်လည်းအရေးကြီးအင်အားကြီးသကဲ့သို့ အိမ်နီးချင်းနိူင်ငံများရပ်တည်ချက်သည်လည်း အရေးကြီးပြီးအင်အားကြီးကြောင်း၊ လက်ရှိမှာ နွေဦးတော်လှန်ရေး ရပ်တန့်သွားခြင်းမရှိဘဲ လူထုပါဝင်နေမှုကို နိူင်ငံတကာမှလည်းစိတ်ဝင်စားမှုရှိနေကြောင်း နိူင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကထပ်လောင်းပြောပါတယ်။


========================


📌📌 ၂။ နွေဦးတော်လှန်ရေးကာလ () နှစ်နီးပါးရှိလာချိန်တွင် တော်လှန်ရေးအင်အားစုများ အနေဖြင့်မြို့များကို သိမ်းပိုက် ထိန်းချုပ်ထားနိုင်ပြီလို့ ကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်


ဇန်နဝါရီ၂၂ရက်

ဇန်နဝါရီလ၂၂ရက်မှာ တနိုင်ငံလုံး စစ်ရေး အခြေအနေ (၂၀၂၃၊ ဒီဇင်ဘာလ)ကို ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။


၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြည်သူ့တော်လှန်ရေးသည် အလှည့်အပြောင်း အမှတ်သို့ (Tipping point) ရောက်ရှိသွားခဲ့ပြီး စစ်ရေးအရ တော်လှန်ရေးအင်အားစုများအနေဖြင့် မဟာဗျုဟာခံစစ် အနေအထားမှ မဟာဗျုဟာထိုးစစ်အနေအထားသို့ ပြောင်းလဲ ဆင်နွှဲနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။ 


အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၊ ဒေသခံတော်လှန်ရေးအဖွဲ့များက အကြမ်းဖက် စစ်တပ်ကို နှစ်နှစ်ကျော်ကြာ စစ်ဆင်တိုက်ခိုက်လျက်ရှိပြီး မြို့သိမ်း၊ စခန်းသိမ်း၊ နယ်သိမ်း တိုက်ပွဲ များကို တချို့သော ဒေသများတွင် ဆင်နွှဲလာနိုင်သလို ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများ တွင်လည်း မြို့တွင်း စစ်ရေးပစ်မှတ်များကို လိုအပ်သလို အရှိန်မြှင့်တိုက်ခိုက်နိုင်လာတယ်လို့ဆိုပါတယ်။


 ဒီဇင်ဘာလ ()လအတွင်း မိုင်းလုံ၊ မော်လူး၊ နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့ မြို့ () မြို့ ကို သိမ်းယူနိုင်ခဲ့ပြီး နွေဦးတော်လှန်ရေးကာလ () နှစ်နီးပါးရှိလာချိန်တွင် တော်လှန်ရေးအင်အားစုများ အနေဖြင့် မကွီအိမ်နူး၊ မယ်စဲ့၊ ပန်ဆိုင်း၊ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ မုန်းကိုး၊ ကောလင်း၊ ခါမ်းပါတ်၊ နန်းမယ်ခုံ၊ ကွမ်းလုံ၊ ရိခေါဒါရ်၊ ရွှေပြည်အေး၊ အင်ဂျန်းယန်၊ လိုင်လင်းပီ၊ ကုန်းကြမ်း၊ ရေဇွာ၊ ဝေဘူလ၊ ဆူရ်ခွား၊ နှာဟရိန်၊ မိုင်းလုံ၊ မော်လူး၊  နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့ မြို့ (၂၆) မြို့ကို သိမ်းပိုက် ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။


ယင်းတို့တွင် အမှတ် () စစ်ဒေသကွပ်ကဲမှုဖြင့် မြေပြန့် ဒေသ ခရိုင် အဆင့် မြို့ ဖြစ်သည့် ကောလင်းမြို့ကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး  ကုန်သွယ်ရေးဂိတ်များနှင့် ပတ်သတ်လျှင်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယသမ္မတနိုင်ငံ၊ ထိုင်းဘုရင့်နိုင်ငံတော် တို့နှင့် ထိစပ်နေသည့် နယ်စပ်ကုန်သွယ်ရေးဂိတ်အများစုကို တော်လှန်ရေး အင်အားစုအသီးသီးက သိမ်းပိုက်ခြင်း၊ စိုးမိုးခြင်းတို့ လုပ်‌ဆောင်နိုင်နေပြီ ဖြစ်တယ်လို့ဆိုပါတယ်။


========================


📌📌 ၃။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာနိုင်ငံသားများတွေ့ဆုံပွဲကျင်းပ


ဇန်နဝါရီလ၂၂ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ၊ မြန်မာနိုင်ငံသားများ တွေ့ဆုံပွဲကို ၂၀၂၄ခုနစ်၊ဇန်နဝါရီလ(၂၁)ရက်၊ တနင်္ဂနွေနေ့ ညနေပိုင်းတွင် ကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။


ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးမှ မြန်မာနိုင်ငံ ပကတိအခြေအနေမှန်များ နှင့် လက်ရှိဖြစ်ပေါ်တိုးတက်လျှက်ရှိသော တော်လှန်ရေးဖြစ်စဉ်များ၊ မြန်မာပြည်သူများ ကြုံတွေ့ခံစားနေရသော အခက်အခဲများအား ရှင်းလင်းပြောကြားခဲ့ပါတယ်။


ထို့နောက် အခမ်းအနားသို့  တက်ရောက်လာကြသော ဧည့်ပရိသတ်များ၊ ဂျပန်လူမျိုးများမှ မေးမြန်းသည့်မေးခွန်းအချို့အားလည်း ပြန်လည်ဖြေကြားပေးခဲ့ပြီးနောက် မြန်မာ့နွေဦးတော်လှန်ရေးတွင် စိတ်အားထက်သန်စွာဖြင့် ပါဝင်ကူညီပေးနေကြသော၊ တက်ရောက်လာကြသူများနှင့် စေတနာ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ပါတယ်။


========================


📌📌 ၄။ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်၊ တက်တူကုန်းရွာအား  လက်နက်ကြီးများဖြင့် ပစ်ခိုက်တိုက်ခိုက်ခြင်းကြောင့် ပြည်သူ () ဦးသေဆုံးသည့်ဖြစ်စဉ် လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန အသေးစိတ်ထုတ်ပြန်


ဇန်နဝါရီလ၂၂ရက်။

ကျိုက်ထိုခရိုင်၊ဘီးလင်းမြို့နယ်၊တက်တူကုန်းရွာအား  လက်နက်ကြီးများဖြင့် ပစ်ခိုက်တိုက်ခိုက်ခြင်းကြောင့် ပြည်သူ () ဦးသေဆုံးသည့်ဖြစ်စဉ်အား လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနမှ အသေးစိတ်ထုတ်ပြန်လိုက်ပါတယ်။


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့၊ နံနက်ပိုင်း ၁၁ နာရီ ၈မိနစ်ခန့်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်၊ တက်တူကုန်းရွာတွင် အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံအမှတ်(၆၀၆)အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်၏ အမှတ် (၃၁၄)အမြောက်တပ်(ဇီးဝန်း)က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့်()ကြိမ်တိုက်ခိုက်ခဲ့ပြီး ထိုသို့တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ()ဦးသေဆုံးကာ၊ အသက်() နှစ်အရွယ် ကလေးငယ်တဦ:အပါအဝင် ()ဦးပြင်းထန် ဒဏ်ရာရရှိပြီး၊ ဒေသခံ()ဦးတို့ ထိခိုက်ခဲ့ပါတယ်။


အမှတ် (၃၁၄) အမြောက်တပ် မှ အကြမ်းဖက်စစ်သားများသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် တက်တူကုန်းရွာသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်း ဖြစ်ကြောင်းထင်ရှားတယ်လို့ဆိုပါတယ်။


လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ 


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ အကြမ်းဖက် စစ်ကောင်စီတပ်၏ တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၅) တပ်ရင်းအား ရက္ခိုင့်တပ်တော်မှ ဖြတ်တောက် တိုက်ခိုက်နိုင်ခဲ့ပြီး လေယာဉ်ပေါ်မှ ချပေးသော ထောက်ပို့ပစ္စည်းများအားလည်း ရရှိခဲ့


ဇန်နဝါရီလ၂၂ရက်

အကြမ်းဖက် စစ်ကောင်စီတပ်၏ တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၅) တပ်ရင်းအား ရက္ခိုင့်တပ်တော်မှ ဖြတ်တောက် တိုက်ခိုက်နိုင်ခဲ့ပြီးလေယာဉ်ပေါ်မှ ချပေးသော ထောက်ပို့ပစ္စည်းများအားလည်း ရရှိခဲ့တယ်လို့ ဇန်နဝါရီလ၂၂ရက်မှာ ရက္ခိုင့်တပ်တော်မှ အတည်ပြုဆိုပါတယ်။


ဇန်နဝါရီလ (၂၀) ရက်နေ့တွင် မင်းပြားမြို့သို့ စစ်ကူတက်လာသော အကြမ်းဖက် စစ်ကောင်စီတပ်၏ တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၅) တပ်ရင်းအား ရက္ခိုင့်တပ်တော်မှ ဖြတ်တောက် တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး ရန်သူ့အလောင်းများနှင့် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့အတည်ပြုဆိုပါတယ်။


ထို့အပြင် ရန်သူ၏ Y8 လေယာဉ်ပေါ်မှ ချပေးသော ထောက်ပို့ပစ္စည်းများအားလည်း ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။


========================


🚩🚩 ၂။ အကြမ်းဖက်စစ်တပ်က တအာင်းတပ်ဖွဲ့ရှိရာနေရာတွေကို ရက်ဆက် ထိုးစစ်ဆင်တိုက်ခိုက်


ဇန်နဝါရီလ ၂၂ ရက်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ တအာင်းတပ်ဖွဲ့ TNLA ရှိရာနေရာတွေကို ရက်ဆက် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ TNLA သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။ 


မိုးကုတ်မြို့နယ်က တအာင်းပြည်နယ် တပ်မဟာ စစ်ဒေသမှာရှိတဲ့ တအာင်းတပ်မတော် TNLA ရှိရာ မိုးကုတ်နှဲ့ မိုးမိတ်ကြား မိုင်နှင့် လွယ်ဆာကုန်ကျေးရွာအနီးတဝိုက်ကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၂ရက် မွန်းလွဲ နာရီကျော်အချိန်မှာ ဂျက်ဖိုက်တာနဲ့တကြိမ်၊ ATR-42 ဖြင့် တကြိမ် ဗုံးသီး ၁၀ လုံး  ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ 

  

ထို့အတူ ဇန်နဝါရီလ ၂၁ ရက်နေ့ နာရီခန့်အချိန်မှာလည်း စစ်ကောင်စီတပ်ဟာ မိုးကုတ်နဲ့ မိုးမိတ်ကြား မိုင် ကို လာရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ခဲ့တယ်လို့ အသိပေးထားပါတယ်။ 


အဆိုပါတိုက်ပွဲမှာ  စစ်ကောင်စီတပ်ဘက်က လက်နက် လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ 


ဇန်နဝါလရီလ ၁၁ ရက်နေ့တွင် အပစ်ခတ်ရပ်စဲရေးလက်မှတ်ထိုးခဲ့ပြီးနောက် ဇန်နဝါရီလ ၂၂ ရက်နေ့အထိ မိုးမိတ်၊ ကျောက်မဲ၊ မိုးကုတ်၊ နမ့်ခမ်း၊ လားရှိးမြို့နယ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်လာခြင်း၊ လက်နက်ကြီး နှင့် လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့ စစ်ကောင်စီလုပ်ရပ်ဟာ အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို အကြိမ်ကြိမ်ချိုးဖောက်ခြင်းဖြစ်တယ်လို့ TNLA သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ ဆားလင်းကြီးမြို့နယ်အတွင်း အကြမ်းဖက်မှုများပြုလုပ်နေသော အင်အား(၈၀)ပါ စကစ စစ်ကြောင်းကို သုံးမြို့နယ် အစပ်နားမှာ ကာကွယ်ရေးတပ်များတိုက်ခိုက်၍ စကစဘက်က၁၇ဦးသေဆုံး


ဇန်နဝါရီလ ၂၂ရက်။

ဇန်နဝါရီလ၂၂ရက်မှာ စစ်ရေးသတင်းကို ULF (ခရိုင် ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း)ကအတည်ပြုပါတယ်။


"ဆားလင်းကြီးမြို့နယ်အတွင်းအကြမ်းဖက်မှုများပြုလုပ်နေသော အင်အား(၈၀)ပါ စကစစစ်ကြောင်းနှင့် ဇန်နဝါရီလ ၂၁ရက် ပုလဲ-ယင်းမာပင်-ဆားလင်းကြီး သုံးမြို့နယ် အစပ်နား လက်တောင်းငယ်ကျေးရွာအနီးမှာ တိုက်ပွဲကြာချိန် ()နာရီး နီးပါးထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်"လို့ဆိုပါတယ်။


တိုက်ပွဲကြာချိန် ()နာရီအတွင်း စကစဘက်က အထိနာပြီး ၁၇ဦးသေဆုံးကြောင်း မျက်မြင်တွေ့ရှိခဲ့ကာ ထိခိုက်သူများလည်းရှိတယ်လို့သိရပါတယ်။


တိုက်ပွဲအတွင်း MA (3)တလက်၊ RPG အဖူး (4)ဖူး၊ 60 အဖူး (4)ဖူး၊ 40 မမ ဗုန်းသီး (15) လုံး၊ 5.56 ကျည် အတောင့် (2000)ကျော် နှင့် ခဲယမ်းပစ္စည်းအစုံ သိမ်းဆည်းရမိခဲ့ပါတယ်။


ULF(ခရိုင် ပကခ တိုက်ခိုက်ရေးစစ်ကြောင်း)မှ ရဲဘော်ငါးဦးလည်း အသက်အန္တရာယ် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပါတယ်။


စစ်ဆင်ရေးတွင် ULF(ခရိုင် ပကခ တိုက်ခိုက်ရေးစစ်ကြောင်း)နှင့် ဒေသခံ LPDFများ၊ တပ်ရင်းတပ်ဖွဲ့များမှ ပါဝင်ကာ ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


🚩🚩 ၄။ တန့်ဆည်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဝ ကျော်သေဆုံး


ဇန်နဝါရီလ ၂၂ ရက်။

စစ်ကိုင်းတိုင်း တန့်ဆည့်မြို့နယ်အရှေ့ဘက်ခြမ်းမှာဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဝ ကျော် သေ ဆုံးသွားတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က ဇန်နဝါရီ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။


ကန့်ဘလူအခြေစိုက် ၆ဝဝ၆ တပ်ရင်းက အင်အား ၁၈ဝ ခန့်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ စစ်ကား စီးနဲ့ ရေဦးနယ်ဘက်ကို ဇန်နဝါရီ ၂၁ ရက် မနက်ပိုင်းမှာ စစ်ကြောင်းထွက်လာခဲ့ပြီး တန့်ဆည်က ထွက်လာတဲ့ စစ်အင်အား ၅ဝ ခန့်ရှိ စစ်ကြောင်းနဲ့ တန်ဆည်မြို့အရှေ့ဘက်ခြမ်းမှာ လူချိန်းပြီး လာရာလမ်းအတိုင်း ပြန်သွားခဲ့တယ်လို့ ဆိုပါတယ်။ 


လူချိန်းပြီးပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ မွန်းလွဲ နာရီခန့်မှာ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ရာမှာ တိုက်ပွဲကြာချိန် နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ဝ ကျော်သေဆုံးပြီး ၁ဝ ဦးကျော် ဒဏ်ရာရသွားခဲ့ရာမှာ ဒဏ်ရာရ စစ်သားတွေကို မူးအရှေ့ဘက်ကမ်းပို့ပြီး လူနာတင်ကား စီးနဲ့ သယ်ဆောင်သွားတယ်လို့ ပြောပါတယ်။ 


အထိနာသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ အက်တောရွာမှာ စခန်းချတပ်စွဲနေပြီး လက်နက်ကြီးတွေနဲ့ ပတ်ဝန်းကျင်ရွာတွေဘက်ကိုပစ်ခတ်မှုတွေလုပ်နေတယ်လို့လည်း အသိပေးထားပါတယ်။


အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ တန့်ဆည်မြို့ကို ထွက်လာချိန်မှာ နွားဆွဲပြီးပြန်လာတဲ့ အသက် ၅ဝ ကျော် အရွယ် အမျိုးသားတဦးရဲ့ နှဖူးကို သေနတ်နဲ့တေ့ပြီး ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့အပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ထုတ်ပြန်ထားပါတယ်။


တန်ဆည်မြို့အရှေ့ဘက်ခြမ်းမှာဖြစ်ခဲ့တဲ့တိုက်ပွဲမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA TCRF (PLA) ၊ပ.က.ဖတပ်ရင်းတွေဖြစ်တဲ့ တပ်ရင်း ၁၀၊ ၁၆၊ ၈၊ တို့က ပါဝင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၅။ မြိုင်မြို့အထွက်ရှိ စစ်တပ် စစ်ဆေးရေးဂိတ်အပါအဝင် စစ်တပ်တပ်စွဲထားသောနေရာများကို တိုက်ခိုက်မှု စစ်သား ဦးပြီး များစွာဒဏ်ရာရ


ဇန်နဝါရီလ ၂၂ ရက်။

မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့အထွက်မှာရှိတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ နေရာတွေကို တိုက်ခိုက်ခဲ့တာမှာ စစ်သား ဦးသေဆုံးပြီး ဒဏ်ရာရသူ များစွာရှိခဲ့တယ်လို့ Earthquake people's defence force (pakokku) က ထုတ်ပြန်ပါတယ်။ 


မြိုင်မြို့အထွက်မှာရှိတဲ့ မန္တလေးစစ်ဆေးရေးဂိတ်ကို ဇန်နဝါရီလ ၂၂ ရက်နေ့ မနက် နာရီအချိန်မှာ ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေ စတင်တိုက်ခဲ့တာလို့ သိရပါတယ်။ 


တိုက်ပွဲအတွင်းမှာ မန္တလေးစစ်ဆေးရေးဂိတ်က ဘန်ကာတလုံးနဲ့ ဂိတ်အနောက်ဘက်မှာရှိတဲ့ တိုက်တလုံးကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် အကြမ်းဖက်စစ်ကောင်စီတပ်တွေနေရာယူထားတဲ့ မြိုင်မြို့ အမှတ် စာသင်ကျောင်း ကနေ မန္တလေးဂိတ်၊ စစ်ရေးနဲ့မဆိုင်တဲ့ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ အကြိမ်ပေါင်းများစွာပစ်ခတ်ခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဆုတ်ခွာပေးခဲ့တယ်လို့ ဆိုပါတယ်။ 


အဲဒီနောက် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့ဟာ မြိုင်မြို့ထဲက စစ်ကောင်စီအဖွဲ့တွေ တပ်စွဲထားတဲ့ ထွေအုပ်ရုံး၊ မြို့နယ်ရဲစခန်း၊ လျှပ်စစ်ရုံး၊ ကိုးဆောင်ကျောင်းဂိတ် စတဲ့နေရာတွေကို ဒရုန်းနဲ့ ဗုံးသီး အလုံး ၂ဝဝ ခန့် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ 


အဆိုပါစစ်ဆင်ရေး ခုမှာ စစ်ကောင်စီဘက်က ဦးသေဆုံးကာ ဒဏ်ရာရသူတွေကို ဖောကားတစီးနဲ့ မြိုင်မြို့နယ်ဆေးရုံကို သယ်သွားတယ်လို့ အသိပေးထားပါတယ်။ 


အဲဒီတိုက်ပွဲတွေမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က ရဲဘော်တဦးလည်း အသက်ပေးလှူခဲ့ရတယ်လို့ ပခုက္ကူ - PDF က ပြောပါတယ်။ 


အဲဒီစစ်ဆင်ရေးကို Earthquake people's defence force (pakokku) တပ်ခွဲ ၁၊ တပ်ခွဲ ၂၊ မြိုင် .က. တပ်ရင်း တပ်ခွဲ ၁၊ ၂၊၃ မြိုင် .က. တပ်ရင်း တပ်ခွဲ ၁၊၂၊၃၊၄ မြွေဆိုးတပ်ဖွဲ့ M.V.P Revolution Force နှင့် Myaing U.A.V Fighter Drone တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး M.V.P Revolution Force အဖွဲ့က ရဲဘော် အာကြီး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရတာဖြစ်ပါတယ်။


========================


🚩🚩 ၆။ ခိုင်ကမ်းရဲစခန်းအနီးက ဒေသခံများ ဘေးကင်းရာနေရာ ရွှေ့ပြောင်းနေထိုင်ကြရန် CDF - Siyin အသိပေး


ဇန်နဝါရီလ ၂၂ ရက်။

ချင်းပြည်နယ်က တီးတိန်မြို့နယ်မှာရှိတဲ့ ခိုင်ကမ်းရဲစခန်းအနီးက ဒေသခံပြည်သူတွေ ဘေးကင်းရာနေရာကို ရွှေပြောင်းနေထိုင်ပေးကြဖို့ ချင်းကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ CDF - Siyin က ဇန်နဝါရီ ၂၂ ရက်နေ့ ရက်စွဲ နဲ့ အသိပေးကြေညာလိုက်ပါတယ်။ 


သိုင်းငင်းရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက် ကျန်ရှိနေသေးတဲ့ ကိုးမိုင် ခိုင်ကမ်းရဲစခန်းကို ထပ်မံသိမ်းပိုက်ဖို့ ရှိနေတာကြောင့် CDF - Siyin က အခုလို့ အသိပေးကြေညာလိုက်တာလို့ ဒေသတွင်းသတင်းတွေကို ဖော်ပြနေတဲ့ Chin World မှာ ဖော်ပြထားပါတယ်။


 ခိုင်ကမ်းရဲစခန်းအနီးမှာ နေထိုင်တဲ့သူတွေ ဘေးကင်းရာနေရာ ရွှေပြောင်းနေထိုင်ကြဖို့ အသိပေးထားသလို ခိုင်ကမ်းရဲစခန်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ပြည်သူ့ရင်ခွင်ကို ခိုလှုံကြဖို့ CDF - Siyin က သတိပေးထားပါတယ်။


သိုင်းငင်း စစ်ကောင်စီစခန်းကို ဇန်နဝါရီလ- ၁၆ရက်နေ့မှာ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ 


လက်ရှိမှာ လကျော် ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့ ကလေး-တီးတိန်လမ်းမကြီးကို ပြန်လည် အသုံးပြုနိုင်ပြီလို့ CDF Siyin က အသိပေးထုတ်ပြန်ထားသလို ဇန်နဝါရီလ ၂၁ ရက်မနက်ကစပြီး အဆိုပါလမ်းမကြီးကို အသုံးပြုတဲ့သူ အနည်းငယ်ရှိလာပြီလို့လည်း သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့် ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution 

Share:

No comments:

Post a Comment