၂၀၂၂ ဇွန်လ ၂၆ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စရပ်တွေကို ပြည်ထောင်စုဝန်ကြီးချုပ်က အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံကို ပြောကြားခဲ့
📌 ၂။ တစ်ချိန်တည်း တစ်ပြိုင်တည်းစမဲ့တော်လှန်ရေးမကြာတော့ဘူးလို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးသတင်းစကားပါး
📌 ၃။ ကြားကာလဒေသန္တရအုပ်ချုပ်ရေး Pilot Project ကို စစ်ကိုင်းတိုင်းရှိ ကောလင်း၊ကသာ ကန့်ဘလူမြို့နယ်တို့မှာဖော်ဆောင်နေတယ်လို့ ဒုဝန်ကြီးနိုင်ကောင်းရွက်အသိပေး
📌 ၄။ ဆေးတက္ကသိုလ် ၁ က ယာယီတက္ကသိုလ်ကောင်စီမှ ယာယီဘွဲ့လက်မှတ်များထုတ်ပေးမည်ဖြစ်ကြောင်း ကြေညာ
📌 ၅။ ပေါက်မြို့နယ်နှင့်မြိုင်မြို့နယ်စပ်ရှိ လက်ပံတို၊ သရက်ကန်ရဲစခန်းအား ကာကွယ်ရေးတပ်များဝင်စီးရာ အထိနာ၍ အကြမ်းဖက်စစ်တပ်က ရဟတ်ယာဥ်နဲ့ပါလာရောက်ပစ်ခတ်
📌 ၆။ ဆားလင်းကြီးမြို့နယ် တုံရွာကို အကြမ်းဖက် စစ်အုပ်စုကမီးရှို့ဖျက်ဆီး
📌 ၇။ ပြည်သူ့ကာကွယ်ရေးတပ်မတော်_မန္တလေးဆေးအဖွဲ့ရဲဘော်များမှကိုယ်ဝန်ဆောင် မိခင်ကို သားယောင်္ကျားလေးတစ်ဦး အောင်မြင်စွာ မွေးဖွားပေးခဲ့
📌 ၈။ မကွေးအခြေစိုက် Earthquake people`s defense force ထုတ်လုပ်ရေးစခန်းမှာ မတော်တဆပေါက်ကွဲမှုဖြစ်ပွား၍ စုဆောင်းထားသမျှ လက်နက်များ မီးလောင်ဆုံးရှုံး
📌 ၉။ ဝမ်ပေါင်ကြေးနီစီမံကိန်းအတွက်သွယ်တန်းထားတဲ့ဓာတ်အားလိုင်းကိုဖောက်ခွဲ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စရပ်တွေကို ပြည်ထောင်စုဝန်ကြီးချုပ်က အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံကို ပြောကြားခဲ့
မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စရပ်တွေကို ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံကိုပြောကြားခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် Mr Derek Chollet တို့ဟာ ဇွန် ၂၃ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်က အာဏာတည်မြဲရေးအတွက် သတ်ဖြတ်တာကို ထမင်းစား ရေသောက်လို အလွယ်လုပ်ဆောင်နေကြောင်း၊ CDM ဝန်ထမ်းတွေကို ခြိမ်းခြောက် ဖမ်းဆီးနေတာတွေအပြင် မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စရပ်တွေကို ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ အမျိုးသားညီညွတ်ရေး အစိုးရရဲ့လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။ ဒါ့အပြင်လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုအပြင်လူ နယ်စပ်ဖြတ်ကျော်ရေးနည်းလမ်းဖြင့် NUG ၊ CRPH ၊ EAO ၊ PDF စတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ကူညီပေးဖို့ကိုလည်းဆွေးနွေးခဲ့ပါတယ်။
========================
📌📌 ၂။ တစ်ချိန်တည်း တစ်ပြိုင်တည်းစမဲ့တော်လှန်ရေးမကြာတော့ဘူးလို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးသတင်းစကားပါး
ဇွန်လ ၂၅ ရက်ကျင်းပတဲ့ယောဒေသကာကွယ်ရေးတပ် (YDF) တစ်နှစ်ပြည့်အခမ်းအနားမှာ ပညာရေးနဲ့ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောကြားခဲ့ပါတယ်။
"မင်းတပ်ကနေ စခဲ့တာ အခုဆို မြန်မာတစ်နိုင်ငံလုံးပြန့်နေပြီ။အခု တနင်္သာရီတို့ ပဲခူးတို့ ဧရာဝတီတို့အထိ တော်လှန်ရေးကပြန့်သွားပြီဖြစ်တဲ့အတွက် ကျနော်တို့တွေ ယခင်တည်းကမျှော်လင့်ခဲ့တဲ့ တစ်ပြိုင်တည်း တစ်ချိန်တည်းမှာ တော်လှန်ရေးကို တစ်နိုင်ငံလုံးလုပ်ဖို့ မကြာတော့ပါဘူး။ကျနော်ထင်ပါတယ်။အဲဒီတော်လှန်ရေးနဲ့အတူ ကျနော်တို့ရဲ့ ဒီတော်လှန်ရေး အောင်ပွဲခံတော့မှာဖြစ်တယ်"လို့ဝန်ကြီးကပြောပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့မှာ ပြည်သူ့ခုခံတွန်းလှန်စစ်စတင်ခဲ့ပါတယ်။
လက်ရှိမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ချင်းပြည်နယ်၊ ကရင်နီဒေသ၊ ကရင်ပြည်နယ်တို့မှာ စကစတပ်များအထိနာ အကျအဆုံးများပြားလျက်ရှိပါတယ်။
========================
📌📌 ၃။ ကြားကာလဒေသန္တရအုပ်ချုပ်ရေး Pilot Project ကို စစ်ကိုင်းတိုင်းရှိ ကောလင်း၊ကသာ ကန့်ဘလူမြို့နယ်တို့မှာဖော်ဆောင်နေတယ်လို့ ဒုဝန်ကြီးနိုင်ကောင်းရွက်အသိပေး
ဇွန်လ ၂၅ ရက်ကျင်းပတဲ့ယောဒေသကာကွယ်ရေးတပ် (YDF) တစ်နှစ်ပြည့်အခမ်းအနားနှင့် YDF ၏ တနှစ်တာဆောင်ရွက်ချက်များအား ပြည်သူလူထုထံရှင်းလင်းတင်ပြပွဲမှာ ဒုဝန်ကြီးနိုင်ကောင်းရွက်ကအခုလိုပြောပါတယ်။ ကျနော်တို့ဟာ ကြားကာလ ဒေသန္တရအုပ်ချုပ်ရေးကိုဖေည်ဆောင်ပြီး Pilot Project ကစစ်ကိုင်းတိုင်းမှာ ကသုံးလုံးပေါ့။ကောလင်း၊ကသာ၊ကန့်ဘလူဆိုတဲ့နေရာတွေမှာ Pilot Project တွေချပြီးလုပ်နေပါတယ်။တဆက်တည်းမှာဆိုရင် မကွေးတိုင်းဆို ၇ မြို့နယ်ပေါ့။ ယောနယ်နဲ့ပါပေါင်းတော့ လို့ဒုဝန်ကြီးကပြောပါတယ်။
ဖက်ဒရယ်နိုင်ငံတော်ကို တည်ဆောက်ပါက ဖက်ဒရယ်တပ်မတော်လည်းဖော်ဆောင်ရမှာဖြစ်ပြီးတော့ PDF များဟာ ပြည်သူလူထုကိုကာကွယ်သော ပြည်သူချစ်သောတပ်မတော်အဖြစ်ပါဝင်လာမယ်လို့ ဒုဝန်ကြီးနိုင်ကောင်းရွက်ကထပ်လောင်းပြောကြားပါတယ်။
========================
📌📌 ၄။ ဆေးတက္ကသိုလ် ၁ က ယာယီတက္ကသိုလ်ကောင်စီမှ ယာယီဘွဲ့လက်မှတ်များထုတ်ပေးမည်ဖြစ်ကြောင်း ကြေညာ
ဆေးတက္ကသိုလ် ၁ က ယယာယီတက္ကသိုလ်ကောင် စီမှ ယာယီဘွဲ့လက်မှတ်များထုတ်ပေးမည်ဖြစ်ကြောင်း ဇွန်လ ၂၅ ရက်မှာ ကြေညာလိုက်ပါတယ်။ တော်လှန်ရေးကာလအတွင်း ဘွဲ့ကြို ဘွဲလွန်ကျောင်းသားများရဲ့ ပညာရေးပိုင်းဆိုင်ရာများရပ်တန့်မနေရန် ယယာယီတက္ကသိုလ်ကောင်စီကကြိုးပမ်းလျက်ရှိတယ်လို့ဆိုပါတယ်။
ဘွဲ့ကြို ဘွဲ့ လွန်ကျောင်းသား၊ကျောင်းသူများ အနာဂါတ်အလုပ်အကိုင် နဲ့ပညာရေးအခွင့်အလမ်းများ ဆုံးရှုံးမှုမရှိစေရန် ရည်ရွယ်၍ ယာယီဘွဲ့လက်မှတ်များထုတ်ပေးမယ်လို့ ယာယီတက္ကသိုလ်ကောင်စီကထုတ်ပြန်ပါတယ်။ ယာယီဘွဲ့လက်မှတ်များ လျှောက်ထားလိုသူများအနေနဲ့ ဆေးတက္ကသိုလ် ၁ က ယာယီတက္ကသိုလ်ကောင်စီလူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားသော လင့်ခ်အတိုင်းဝင်ရောက်လျှောက်ထားနိုင်မှာဖြစ်ပါတယ်။
========================
📌📌 ၅။ ပေါက်မြို့နယ်နှင့်မြိုင်မြို့နယ်စပ်ရှိ လက်ပံတို၊ သရက်ကန်ရဲစခန်းအား ကာကွယ်ရေးတပ်များဝင်စီးရာ အထိနာ၍ အကြမ်းဖက်စစ်တပ်က ရဟတ်ယာဥ်နဲ့ပါလာရောက်ပစ်ခတ်
ဇွန်လ (၂၅) ရက်နံနက် (၄) နာရီခန့်တွင် ပေါက်မြို့နယ်နှင့်မြိုင်မြို့နယ်စပ်ရှိ လက်ပံတို၊ သရက်ကန်ရဲစခန်းအား ဒေသခံကာကွယ်ရေးတပ်များပူးပေါင်းကာ လက်နက်ကြီးဖြင့်အချက်ပေါင်းများစွာပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ နံနက် (၅) နာရီခန့်တွင် အပြန်လှန်ပစ်ခတ်မှုများဖြစ်ပွါးပြီး အပြန်လှန်ပစ်ခတ်မှု (၁) နာရီအကြာ စစ်ကောင်စီဘက်မှ အထိခိုက်အကျဆုံးများခဲ့တယ်လို့ Pale People’s Defence Force-Headquarters ကထုတ်ပြန်ပါတယ်။
ထို့ကြောင့် (၁၀) နာရီခန့်တွင်မုံရွာ နမခ မှ Mi35 ရဟတ်ယာဉ်ဖြင့် လာရောက်ပြီးစခန်းဘေးပတ်လည်ရှိ အိမ်များကို ပြည်သူ့ရဲဘော်များရှိသည်အထင်ဖြင့်ပစ်ခတ်ရာ အိမ်တစ်လုံးမီးလောင်ပျက်စီးသွားခဲ့ပါတယ်။ စစ်ဆင်ရေးကို Pale People’s Defence Force-Headquarters ပုလဲတပ်ရင်း (၂)၊ Guerilla Ranger ပုလဲတပ်ရင်း (၆)၊ Myaing Hero Generation ၊ God Of Myaing ၊ MPDF မုံရွာခရိုင်(၁)၊ ယင်းမာပင်ခရိုင်တပ်ရင်း(၃)၊ အမိမြေ၊ 3 in 1 ၊သပြေတော၊ပေါက်မြိုင်တပ်ပေါင်းစုတို့ပါဝင်ခဲ့ပါတယ်။ ပြည်သူ့ရဲဘော်တစ်ဦးထိခိုက်ဒဏ်ရာရခဲ့သော်လည်းစိုးရိမ်စရာအခြေနေမရှိကြောင်းနှင့် ကောင်းမွန်စွာပြန်လည်ဆုတ်ခွါနိုင်ခဲ့ပါတယ်။
========================
📌📌 ၆။ ဆားလင်းကြီးမြို့နယ် တုံရွာကို အကြမ်းဖက် စစ်အုပ်စုကမီးရှို့ဖျက်ဆီး
ဇွန်လ ၂၅ ရက် မွန်းလွဲပိုင်းမှာ ဆားလင်းကြီးမြို့နယ် တုံရွာကို မီးရှို့ခဲ့ပြီး အရပ်သားများကိုလည်းစစ်တပ်ကဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုကဖော်ပြပါတယ်။ တုံရွာကိုမီးရှို့ပြီးပြည်သူနှစ်ယောက်ကိုဖမ်းကာ ခြေထောက်ဖြတ် ညှင်းပန်းနှိပ်စက်ပြီး သေနတ်နဲ့ပစ်သတ်ခဲ့ပါတယ်လို့ဆိုပါတယ်။ တုံရွာမှာအိမ်ခြေ ၃၀၀ နီးပါးမီးလောင်ဆုံးရှုံးခဲ့ပါတယ်။
ဒါ့အပြင်ဖေါင်းကတာရွာကိုလက်နက်ကြီးများဖြင့်ပစ်ခတ်ဝင်စီးပြီး ပြည်သူငါးယောက်ဖမ်းဆီးကာ တယောက်ကိုပစ်သတ်ခဲ့ပါတယ်။ လက်ပံတောင်းတောင်ပတ်ပတ်လည်ရှိ ရွာပေါင်းနှစ်ဆယ်ကျော်မှ ပြည်သူများအိုးအိမ်စွန့်ခွာထွက်ပြေးရှောင်နေကြရပါတယ်။
========================
📌📌 ၇။ ပြည်သူ့ကာကွယ်ရေးတပ်မတော်_မန္တလေးဆေးအဖွဲ့ရဲဘော်များမှကိုယ်ဝန်ဆောင် မိခင်ကို သားယောင်္ကျားလေးတစ်ဦး အောင်မြင်စွာ မွေးဖွားပေးခဲ့
ဇွန်လ ၂၅ ရက်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊မန္တလေးက ကလေးမွေးဖွားအောင်မြင်တဲ့သတင်းကိုထုတ်ပြန်ပါတယ်။ ပြည်သူ့ကာကွယ်ရေး တပ်မတော် MDY-PDF မှ ဆေးတပ်သား Roll1medic ရဲဘော်တွေ ရောက်ရှိနေတဲ့ ရွာကကိုယ်ဝန်ဆောင် မိခင်ကို သားယောင်္ကျားလေးတစ်ဦး အောင်မြင်စွာ မွေးပေးခဲ့တာပါ။MDY-PDF တပ်မတော် ရောက်ရှိခဲ့တဲ့ ဒေသနေပြည်သူလူထုတွေ ရဲ့ ကျန်းမာရေး၊လူမူရေး လုပ်ငန်းတွေကို အမြဲကူညီမူတွေပြုလုပ်နေကြတာပါလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်_မန္တလေးကဖော်ပြပါတယ်။ MDY_PDF ဟာ စစ်အာဏာရှင် ပြုတ်ကျရေးတိုက်ပွဲဝင်နေတဲ့တော်လှန်ရးအင်အားစုတစ်ရပ်လည်းဖြစ်ပါတယ်။
========================
📌📌 ၈။ မကွေးအခြေစိုက် Earthquake people`s defense force ထုတ်လုပ်ရေးစခန်းမှာ မတော်တဆပေါက်ကွဲမှုဖြစ်ပွား၍ စုဆောင်းထားသမျှ လက်နက်များ မီးလောင်ဆုံးရှုံး
ဇွန်လ၂၅ ရက်မှာ Earthquake people`s defense force တပ်ဖွဲ့က အခုလိုအသိပေး သတင်းထုတ်ပြန်ခဲ့ပါတယ်။
"အားလုံးကို ညှိုးငယ်စွာနဲ့ပဲ အသိပေးချင်ပါတယ်။ဒီနေ့ ကျွန်တော်တို့ရဲ့ ထုတ်လုပ်ရေးစခန်းမှာ မတော်တဆ ဖြစ်သွားခဲ့ပြီး ကျွန်တော်တို့ ရက်ရှည်လများ စုဆောင်းလာခဲ့တဲ့ ပစ္စည်းတွေ ဆုံးရှူံးသွားခဲ့ရပါတယ်။ ထုတ်လုပ်ရေးလုပ်နေစဉ် မတော်တဆဖြစ်ခဲ့ပြီး ထုတ်လုပ်ရေးစခန်းထဲမှာ ယမ်းစတွေ ကျည်တွေ ပေါက်ကွဲမီးလောင်ခဲ့ပါတယ်။ မီးစတွေ လက်နက်တိုက်ဘက်ဘက်ကူးသွားခဲ့ပြီး ပစ္စည်းတွေ မီးလောင်ပေါက်ကွဲနေတာကြောင့် ကျွန်တော်တို့လည်း ဘာလက်နက်တစ်ခုမှ သယ်ထုတ်လို့ မရခဲ့ပါဘူး"လို့ ဆိုပါတယ်။
Earthquake people`s defense forceတပ်ဖွဲ့က စုဆောင်းထားသမျှ လက်နက်တွေ အကုန် ဆုံးရှုံးလိုက်ရတဲ့အတွက် ရဲဘော်များလည်း စိတ်မကောင်းဖြစ်နေကြတယ်လို့ဆိုပါတယ်။
========================
📌📌 ၉။ ဝမ်ပေါင်ကြေးနီစီမံကိန်းအတွက်သွယ်တန်းထားတဲ့ဓာတ်အားလိုင်းကိုဖောက်ခွဲ
ဝမ်ပေါင်ကြေးနီစီမံကိန်းအတွက်သွယ်တန်းထားတဲ့ဓာတ်အားလိုင်းကိုဖောက်ခွဲလိုက်တယ်လို့သတင်းရရှိပါတယ်။ ဇွန် (၂၄) ရက် ညပိုင်းမှာ ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ဆားလင်းကြီးနယ် အမိမြေ တော်လှန်ရေးတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။
စကစတပ်က ကြေးနီစီမံကိန်းအနီးရွာတွေကိုအကြမ်းဖက် စီးနင်းပြီးလူသတ်မီးရှို့နေလို့တုန့်ပြန်တာဖြစ်တယ်လို့ အမိမြေ တော်လှန်ရေးတပ်ဖွဲ့ကဆိုပါတယ်။ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီး လျှပ်စစ်ဓာတ်အားခွဲရုံကတဆင့် လက်ပံတောင်းတောင်က တရုတ်ဝမ်ပေါင် ကြေးနီစီမံကိန်းအတွက် သွယ်တန်းထားတဲ့ ပင်မဓာအားလိုင်း တာဝါတိုင်ဟာ ပေါက်ကွဲကာ ပျက်စီးလဲကျခဲ့ပါတယ်။
No comments:
Post a Comment