5th JUN 2022 - Evening Daily News by Radio NUG

၂၀၂၂ ဇွန်လ ၅ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်နဲ့ အာဏာရှင်လက်အောက်မှာ မြန်မာနိုင်ငံသားတွေရဲ့လူ့ဂုဏ်သိက္ခာတွေ ဆုံးရှုံးခဲ့ကြတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီလို့ ပြည်ထဲရေးဝန်ကြီးဖွင့်ဟပြောကြား

📌မြန်မာနိုင်ငံဟာ သေဒဏ်ပေးမှုကို မကျင့်သုံးတော့ပါဘူးလို့ ကမ္ဘာကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို အစီရင်ခံစာတင်သွင်းထားတယ်လို့ဆို

📌ခွင့်မလွှတ်နိုင်မယ့် အမှားမျိုးတွေ ရှောင်ရှားနိုင်ကြပါစေလို့ ဗိုလ်ချုပ်ဂွမ်မော် ဆန္ဒပြု

📌ရန်ကုန်နည်းပညာတက္ကသိုလ်ရှိ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် အဆုံးစွန်ထိ ပါဝင်လုပ်ဆောင်လျက်ရှိသော အရာထမ်း ဆရာဆရာမမျာတို့အား ထောက်ပံကြေးများပေးအပ်

📌ဇွန်လ ရက်နေ့အထိ မေ့ထီး ကံစမ်းမဲလက်မှတ်အား နိုင်ငံအလိုက်ရောင်းချထားရမှုတွင် အများဆုံးဝယ်ယူမှု စင်ကာပူနှင့် မြန်မာနိုင်ငံအပါအဝင် အမေရိကန်နိုင်ငံတို့ ရှေ့ကဦးဆောင်

📌ကရင်ပြည်နယ် လွတ်မြောက်နယ်မြေတွေမှာ ငှက်ဖျားဖြစ်ပွားမှုနှုန်းများပြားလာပြီး ဆေးဝါးလိုအပ်ချက်၊ ကျန်းမာရေးပညာရှင် လိုအပ်ချက်တွေ မြင့်မားနေ

📌ဓါးထောက်လုယက်တာတွေများလာတာကြောင့် ရန်ကုန်က ဆိုင်ကယ်ကယ်ရီသမားတွေဟာ ကိုယ့်ရပ်ကွက်အပြင်ကိုထွက်ပြီး တခြားရပ်ကွက်တွေကို လိုက်ပို့ဖို့မလွယ်တော့ဘူးလို့ဆို


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌၁။မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်နဲ့ အာဏာရှင်လက်အောက်မှာ မြန်မာနိုင်ငံသားတွေရဲ့လူ့ဂုဏ်သိက္ခာတွေ ဆုံးရှုံးခဲ့ကြတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီလို့ ပြည်ထဲရေးဝန်ကြီးဖွင့်ဟပြောကြား


မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်နဲ့ အာဏာရှင်လက်အောက်မှာ မြန်မာနိုင်ငံသားတွေရဲ့ လူ့ဂုဏ်သိက္ခာတွေ ဆုံးရှုံးခဲ့ကြတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီလို့ ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်ကဖွင့်ဟပြောကြားလိုက်ပါတယ်။


"အာဏာရှင်စနစ်နဲ့ အာဏာရှင်အမျိုးမျိုးအောက်မှာ ကျနော်တို့ရဲ့ လူ့ဂုဏ်သိက္ခာတွေဆုံးရှုံးခဲ့ကြတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပါတယ်။ဒီလို နှစ်ပေါင်းများစွာ ကြာပင်ကြာသော်ညားလည်းပဲ ဒီနေ့EROကအစပေါ့။ခေတ်အဆက်ဆက် မျိုးဆက်တွေက ကျနော်တို့ ဆုံးရှုံးနေတဲ့ လူ့ဂုဏ်သိက္ခာနဲ့ လူ့တန်ဖိုးကို အသိအမှတ်ပြုတဲ့ နိုင်ငံရေးစနစ်၊ အသိအမှတ်ပြုအားကောင်းတဲ့ နိုင်ငံတော် တစ်ခု တည်ဆောက်ဖို့အတွက် ခေတ်အဆက်ဆက် အားလုံးအတူတူဝိုင်းဝန်းကြိုးစားခဲ့ကြတာ ဒီနေ့တိုင်ဖြစ်ပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့ စစ်အာဏာသိမ်းချိန်မှစတင်၍ ယနေ့အချိန်အထိ လူပေါင်းတစ်သောင်းကျောင်းကို ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး လူပေါင်းနှစ်ထောင်နီးပါးကို ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။


========================


📌📌၂။မြန်မာနိုင်ငံဟာ သေဒဏ်ပေးမှုကို မကျင့်သုံးတော့ပါဘူးလို့ ကမ္ဘာကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို အစီရင်ခံစာတင်သွင်းထားတယ်လို့ဆို


မြန်မာနိုင်ငံဟာ သေဒဏ်ပေးမှုကို မကျင့်သုံးတော့ပါဘူးလို့ ကမ္ဘာကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို အစီရင်ခံစာတင်သွင်းထားတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းက ထောက်ပြပြောဆိုခဲ့ပါတယ်။


"ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့အပါအဝင် ဒီမိုကရေစီ‌ရေးတက်ကြွလှုပ်ရှားသူတချို့ကို သေဒဏ္စီရင်‌တော့မယ်ဆိုတဲ့အသံတွေက ကမ္ဘာတစ်လွှမ်းကို တုန်လှုပ်သွားစေပါတယ်။ ကုလသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှုးချုပ်ကိုယ်တိုယ်က သေဒဏ်ပေးမှုဟာ လူ့အခွင့်အရေးချိုးဖောက်မှုတစ်ရပ်လို့ ထုတ်ဖော်ပြာကြားခဲ့ပြီးသူတို့အပါအဝင် ဖမ်းဆီးထားတဲ့လူ တွေကို အမြန်ဆုံးလွှတ်ပေးဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။ 

မြန်မာနိုင်ငံဟာ သေဒဏ်ပေးမှုကို မဖျက်သိမ်းသေးပေမယ့် သေဒဏ်ပေးမှုကို မကျင့်သုံးတော့ပါဘူးလို့ အရင်အစိုးရကာလတွေက ကမ္ဘာကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်သွင်းခဲ့တဲ့ အစီရင်ခံစာတွေထဲမှာ တင်ပြအစီရင်ခံခဲ့ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းရဲ့ အပိုဒ် () တွင်အသက်ရှင်ခွင့်၊ လုံခြုံခွင့်ကို မည်သူကမှ ထိပါးခြင်းမပြုစေရလို ဆိုထားပါတယ်။ ဒါ့အပြင်ကမ္ဘာ့နိုင်ငံအတော်တော်များများကလည်းသေဒဏ်ပေးမှုကို မကျင့်သုံးတော့ဘဲသေဒဏ်ပေးမှုကိုဖျက်သိမ်းခဲ့တဲ့နိုင်ငံပေါင်း (၇၅) နိုင်ငံကျော်ရှိခဲ့ပြီဖြစ်ပါတယ်။


========================


📌📌၃။ခွင့်မလွှတ်နိုင်မယ့် အမှားမျိုးတွေ ရှောင်ရှားနိုင်ကြပါစေလို့ ဗိုလ်ချုပ်ဂွမ်မော် ဆန္ဒပြု


စစ်ကောင်စီက ချမှတ်တဲ့ သေဒဏ်နှင့်ပတ်သက်၍ ကချင်လွတ်မြောက်ရေးတပ်မတော်မှ ဗိုလ်ချုပ်ဂွမ်မော်က ရည်ညွှန်းကာ ခွင့်မလွှတ်နိုင်မယ့် အမှားမျိုးတွေ ရှောင်ရှားနိုင်ကြပါစေလို့ဆိုလိုက်ပါတယ်။ ဇန်နဝါရီ ရက်နေ့မှာ ဗိုလ်ချုပ်ဂွမ်မော်က လူမှုကွန်ရက်မှာ စာနဲ့ရေးသားဖော်ပြထားတဲ့ စာရွက်ကိုဖော်ပြခဲ့ပါတယ်။


"ကျနော့်အနေနဲ့ တရားစီရင်အကြောင်းပြောလိုတာမဟုတ်ပါ။ ဘယ်သူကမှန်ပြီး ဘယ်သူကမှားနေတာလို့ပြောလိုတာလည်းမဟုတ်ပါ။နောင် တစ်ချိန်မှာ ခွင့်မလွှတ်နိုင်လောက်မဲ့ အမှားမျိုးတွေ ရှောင်ရှားနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်"လို့ဆိုထားပါတယ်။


လတ်တလောတွင် စကစမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော်နဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုဂျင်မီတို့ကို သေဒဏ်များချမှတ်ထားရာ အတည်ပြုထားတယ်လို့သတင်းရရှိပါတယ်။


========================


📌📌၄။ရန်ကုန်နည်းပညာတက္ကသိုလ်ရှိ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် အဆုံးစွန်ထိ ပါဝင်လုပ်ဆောင်လျက်ရှိသော အရာထမ်း ဆရာဆရာမမျာတို့အား ထောက်ပံကြေးများပေးအပ်


ရန်ကုန်နည်းပညာတက္ကသိုလ်ရှိ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် အဆုံးစွန်ထိ ပါဝင်လုပ်ဆောင်လျက်ရှိသော အရာထမ်း ဆရာဆရာမများထဲမှ (၇၀) နှင့် အမှုထမ်း (၂၀၄) ဦးတို့အား ၂၀၂၂ ခုနှစ် မေလအတွင်းတွင် တစ်ဦးလျှင် (၃၅၀၀၀) စီဖြင့် စုစုပေါင်း (၉၅) သိန်း ကိုးသောင်းကျပ်တိတိ ဂုဏ်ပြုချီးမြှင့်နိုင်ခဲ့ပါတယ်လို့ဖော်ပြပါတယ်။


ဒါ့အပြင် CDM ဝန်ထမ်းများကို ဝန်းရံလျက်ရှိသော ကျောင်းသားဟောင်းများ၊ လက်ရှိကျောင်းသားများ၊ မိဘပြည်သူများနှင့် ပြင်ပအဖွဲ့အစည်းများကို ကျေးဇူးအထူးတင်ရှ်ိပါတယ်လို့ထုတ်ပြန်ထားပါတယ်။


========================


📌📌၅။ဇွန်လ ရက်နေ့အထိ မေ့ထီး ကံစမ်းမဲလက်မှတ်အား နိုင်ငံအလိုက်ရောင်းချထားရမှုတွင် အများဆုံးဝယ်ယူမှု စင်ကာပူနှင့် မြန်မာနိုင်ငံအပါအဝင် အမေရိကန်နိုင်ငံတို့ ရှေ့ကဦးဆောင်


ဇွန်လ ရက် နေ့ပြည်သူ့ဘဝလုံခြုံဖို့ အမေ့ထီးနဲ့ကာကွယ်စို့ One Million Dollar Challenge Campaignက ထုတ်ပြန်ထားပါတယ်။ ဇွန်လ ရက်နေ့အထိ ဒေါ်အောင်ဆန်းစုကြည်ဆောင်းခဲ့သော ပုသိမ်ထီးကံစမ်းမဲလက်မှတ်ရောင်းချရမှု မဲလက်မှတ်စောင်ရေ ၆၀၅၉၉ စောင်ရောင်းချထားရပြီး ပြည်ပရောက် မြန်မာနိုင်ငံဖွား အများစုဝယ်ယူသောနိုင်ငံများမှာ စင်ကာပူ၊မြန်မာ၊ အမေရိကန်၊UKနိုင်ငံတို့ဖြစ်ကြပါတယ်။ အဆိုပါပုသိမ်ထီးရောင်းချရငွေ ၇၀ ရာခိုင်နှုန်းကို ထိန်းချုပ်နယ်မြေများအတွက် ကာကွယ်စိုးမိုးနိုင်ရေးအသုံးပြုသွားမှာဖြစ်ပါတယ်။


========================


အခု ဆက်လက်ပြီးသတင်းနှင့်အတူ လူထုစကားသံ အစီအစဉ်ကဏ္ဍကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။


📌📌၆။ကရင်ပြည်နယ် လွတ်မြောက်နယ်မြေတွေမှာ ငှက်ဖျားဖြစ်ပွားမှုနှုန်းများပြားလာပြီး ဆေးဝါးလိုအပ်ချက်၊ ကျန်းမာရေးပညာရှင် လိုအပ်ချက်တွေ မြင့်မားနေပါတယ်။


ကရင်ပြည်နယ်၊ လွတ်မြောက်နယ်မြေတွေမှာ မိုးဦးကျကာလ ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်းမြင့်မားနေတယ်လို့ CDM သူနာပြုဆရာမတစ်ယောက်ကပြောပါတယ်။ ဆေးဝါးလိုအပ်ချက်တွေကို အလှူရှင်တွေရဲ့ပံ့ပိုးမှုတွေနဲ့ တောင့်ခံထားနိုင်ပေမယ့် တချို့လူနာတွေဟာ ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့ ပညာရှင်တွေရဲ့ကုသပေးမှုခံယူဖို့လိုအပ်နေတဲ့အကြောင်းကိုPDF သူနာပြုဆရာမတစ်ဦးကအခုလိုပြောထားပါတယ်။


ကရင်ပြည်နယ်၊ PDF သူနာပြုဆရာမတစ်ဦး

(((((((((((()))))))))


ကရင်အမျိုးသားအစည်းအရုံး KNU က စစ်ကောင်စီကို သိသိသာသာဆန့်ကျင်တုံ့ပြန်ခဲ့တဲ့နောက်ပိုင်းမှာ စစ်ဘေးရှောင်ပြည်သူအရေအတွက်ဟာ တစ်နေ့ထက်တစ်နေ့မြင့်တက်လာပါတယ်။ စားနပ်ရိက္ခာလိုအပ်ချက်နဲ့ ဆေးဝါးနဲ့ပံ့ပိုးမှုတစ်ချို့ကို အလှူရှင်တွေဆီက လက်ရှိအချိန်အထိရနေပေမယ့် ရေရှည်အတွက်ကတော့ ကောင်းတဲ့အခြေအနေမဟုတ်ဘူးလို့ စစ်ဘေးရှောင်တစ်ယောက်ကပြောပါတယ်။


ကရင်ပြည်နယ်၊ စစ်ဘေးရှောင်ပြည်သူတစ်ဦး

(((((((((((((((())))))))))))


ကရင်ပြည်နယ် လွတ်မြောက်နယ်မြေ လက်နက်ကိုင်ဒေသမှာ လမ်းပန်းဆက်သွယ်ရေးမကောင်းတာ၊ ကျန်းမာရေးအတွက်အခြေခံလိုအပ်ချက်တွေမပြည့်စုံတာကြောင့် စစ်ဘေးရှောင်တွေနဲ့ PDF တွေ အရေးပေါ်ဆေးကုမှုခံယူဖို့လိုအပ်ရင် အခက်အခဲတွေတွေ့ရလေ့ရှိပါတယ်။ အရေးပေါ်ထိခိုက်ဒဏ်ရာရတာ၊ လက်နက်ကြီးထိမှန်တာမျိုးအတွက် ကုသမှုပေးနိုင်အောင်ပြင်ဆင်ထားပြီးဖြစ်ပေမယ့် လုံလောက်တဲ့အခြေအနေတော့မဟုတ်သေးဘူးလို့ PDF ကျန်းမာရေးရဲဘော်တွေက ပြောပါတယ်။


ဒီသတင်းကိုတော့ နွေဦးKကပေးပို့တာဖြစ်ပါတယ်။


========================


📌📌၇။ဓါးထောက်လုယက်တာတွေများလာတာကြောင့် ရန်ကုန်က ဆိုင်ကယ်ကယ်ရီသမားတွေဟာ ကိုယ့်ရပ်ကွက်အပြင်ကိုထွက်ပြီး တခြားရပ်ကွက်တွေကို လိုက်ပို့ဖို့မလွယ်တော့ဘူးလို့ဆိုပါတယ်။


ရန်ကုန်မြို့မှာ ပေါက်ကွဲပစ်ခတ်မှုတွေဖြစ်တာ၊ ဓါးထောက်လုယက်တာ၊ ရိုက်လုတာတွေဆက်တိုက်ဖြစ်လာတဲ့အတွက် ကိုယ့်ရပ်ကွက်အပြင်ကိုထွက်ပြီး နယ်မြေစိမ်းတဲ့နေရာတွေကို ခရီးသည်တွေကိုလိုက်မပို့ရဲတော့ဘူးလို့ အင်းစိန်မြို့နယ်မှာ ဆိုင်ကယ်ကယ်ရီဆွဲနေသူတစ်ယောက်ကပြောပါတယ်။ မိုးရွာတာ၊ နိုင်ငံရေးပြဿနာတွေဖြစ်နေတာတွေကြောင့် အရင်က တစ်ရက်ကို ဝင်ငွေ ငွေကျပ်တစ်သောင်းကျော်ရှိခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ တစ်ရက်ကို ၄၊ ၅ထောင်ရဖို့မနည်းရှာနေရတယ်လို့ဆိုပါတယ်။


အင်းစိန်မြို့နယ်၊ ဆိုင်ကယ် ကယ်ရီသမားတစ်ဦး

(((((((((((((((())))))))))))))


စက်သုံးဆီဈေးအဆမတန်တက်တာ၊ စစ်တပ်က ဆိုင်ကယ်စီးခွင့်ပိတ်ပင်ထားတာတွေကြောင့် ကယ်ရီဆွဲတဲ့အလုပ်နဲ့ အသက်မွေးနေရတဲ့သူတွေဟာ ကြီးမားတဲ့အခက်အခဲနဲ့ကြုံတွေ့နေရပါတယ်။ ဝင်ငွေနည်းပါးလာတဲ့အတွက် ဆိုင်ကယ်အုံနာခကိုပေးဖို့၊ စားဖို့၊ အိမ်ငှားခနဲ့ ရေဖိုးမီးဖိုးတွေကို ခက်ခက်ခဲခဲရှာဖွေနေရတယ်လို့ ကယ်ရီသမားတစ်ယောက်ကပြောပါတယ်။


အင်းစိန်မြို့နယ်၊ ဆိုင်ကယ် ကယ်ရီသမားတစ်ဦး

((((((((((((((()))))))))))


ရန်ကုန်မြို့မှာ ပြောက်ကျားလူငယ်တွေက ဆိုင်ကယ်တွေကိုအသုံးပြုပြီး စစ်သားနဲ့ရဲတွေကို ပစ်ခတ်တိုက်ခိုက်တာတွေရှိလာတဲ့အတွက် စစ်ကောင်စီက ရန်ကုန်မြို့တွင်းဆိုင်ကယ်စီးခွင့်ကို ကန့်သတ်ချက်တွေထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုစည်းကမ်းတင်းကြပ်လိုက်တာကြောင့် ဆိုင်ကယ် ကယ်ရီဆွဲပြီးအသက်မွေးရသူတွေဟာ ပုံမှန်ဝင်ငွေရမယ့်လမ်းတွေပျောက်ဆုံးပြီး ထက်ဝက်နီးပါးဝင်ငွေတွေလျော့ကျခဲ့ပါတယ်။


ဒီသတင်းကိုတော့ နွေဦးKကပေးပို့တာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment