5th JUN 2022 - Morning Daily News by Radio NUG

၂၀၂၂ ဇွန်လ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌NUG အုပ်ချုပ်လိုက်ပြီလို့ ကြေညာထားတဲ့နယ်မြေတွေကို လုံခြုံရေးအစီအမံတွေနဲ့အကာအကွယ်ပေးထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဆို

📌အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတာ စစ်အာဏာရှင်အောက် အညံ့ခံဖို့ မဟုတ်ကြောင်းဒေါ်အောင်ဆန်းစုကြည် ရှင်းရှင်းလင်းလင်းဖော်ပြခဲ့

📌အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်တွေကို  စစ်ရာဇဝတ်မှုနဲ့ စွဲချက်တင်နိုင်ဖို့ တူရကီနိုင်ငံ စတင်စုံစမ်းစစ်ဆေး

📌အကြမ်းဖက် စစ်ကောင်စီ၏ သေဒဏ်အတည်ပြုခြင်းအပေါ် တရားမဝင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာနထုတ်ပြန်ကြေညာ

📌Salingyi Revolution Army(S.R.A) နှင့် Chindwin Defence Force (C.D.F) တို့သည် ညီနောင်မဟာမိတ်အဖြစ် ဖွဲ့စည်း၍ သင်တန်းသား ၆၅၀ သင်တန်းဆင်း

📌ဖယ်ခုံ PDF တပ်ရင်း မှ ဒဂုန်ဘီယာ အနီ ဖာ ၁၂၀ ကျော်ခန့်အား စစ်ဆေးတွေ့ရှိရသဖြင့် ပူးပေါင်းအဖွဲ့နဲ့အတူ ဖျက်ဆီးခဲ့

📌ကမ္မမြို့နယ်၊ ကျက်ထိုး နယ်မြေ ရဲကင်းစခန်းမှ ရဲတပ်သား တစ်ဦး လက်နက်နဲ့အတူ အလင်းဝင်လာ၍ MVRF က ငွေကျပ် သိန်းတစ်ရာတိတိ ဂုဏ်ပြု ချီးမြှင့်

📌စစ်ရေးပဋိပက္ခများကြောင့် တနင်္သာရီတိုင်းအတွင်း အရပ်သားပြည်သူနေအိမ် (၅၃)လုံး ခန့် မီးရှို့ဖျက်ဆီးခံရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌NUG အုပ်ချုပ်လိုက်ပြီလို့ ကြေညာထားတဲ့နယ်မြေတွေကို လုံခြုံရေးအစီအမံတွေနဲ့အကာအကွယ်ပေးထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဆို


NUG အုပ်ချုပ်လိုက်ပြီလို့ ကြေညာထားတဲ့နယ်မြေတွေကို လုံခြုံရေးအစီအမံတွေနဲ့အကာအကွယ်ပေးထားတယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ဆိုလိုက်ပါတယ်။ ဇွန်လ ရက် အမေ့ထီး၊ အမေ့မွေးနေ့၊ အမေ့လက်ဆောင် အစီအစဥ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောကြားခဲ့ပါတယ်။

"ကျနော်တို့ အုပ်ချုပ်လိုက်ပြီလို့ကြေညာထားတဲ့ မြို့နယ်တွေကို ကျနော်တို့က လုံခြုံရေးအစီအမံတွေနဲ့ အကာအကွယ်ပေးထားရပါတယ်။ ဒီကာကွယ်ရေးစီမံချက်တွေ ခိုင်ခိုင်မာမာ ရှိထားမှသာလျှင် နောက်ဆက်တွဲဖြစ်တဲ့ ကျန်းမာရေးဆိုင်ရာနဲ့ ပညာရေးဆိုင်ရာ ကိစ္စ ရပ်တွေကိုဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ဝန်ကြီးက ဆိုပါတယ်။

လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ စစ်ကိုင်းတိုင်းတွင်း ၂၈ မြို့နယ်ကို နယ်မြေစိုးမိုးရေးကို ဆောင်ရွက်နိုင်ခဲ့ပြီး အင်းတော်၊ ကျွန်းလှ၊ဝန်းသို၊ ကသာ၊ ထီးချိုင့်၊ ကန့်ဘလူ၊ ဗန်းမော်၊ ပင်လည်ဘူး၊ ကောလင်းစတဲ့ မြို့နယ်တွေမှာ ကြားကာလ အစီအစဥ်တွေကို စတင်နေပြီဖြစ်ပါတယ်။


========================


📌📌အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတာ စစ်အာဏာရှင်အောက် အညံ့ခံဖို့ မဟုတ်ကြောင်းဒေါ်အောင်ဆန်းစုကြည် ရှင်းရှင်းလင်းလင်းဖော်ပြခဲ့


အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတာ စစ်အာဏာရှင် အောက် အညံ့ခံဖို့မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ရှင်းရှင်းလင်းလင်းဖော်ပြခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဆိုပါတယ်။

"အားလုံးလည်းသိရှိပြီးဖြစ်ပါလိမ့်မယ်။ စစ်အာဏာရှင် မင်းအောင်လှိုင် အဲဒီကာလက နိုင်ငံတော်အစိုးရရဲ့ခေါင်းဆောင်တွေကို ဘယ်လိုဖိအားပေးပြီး ဘာတွေ အကြပ်ကိုင်ခဲ့သလဲဆိုတာ။ သို့သော် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်အာဏာရှင်စနစ်ကို ဘယ်တော့မှ ဒူးထောက်မှာမဟုတ်ပါဘူး။ 

အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတဲ့မူအပေါ်မှာ သူအလုပ်လုပ်ခဲ့ပေမဲ့ ဒီအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ စစ်အာဏာရှင်အောက်မှာ အညံခံဖို့မဟုတ်ဘူးဆိုတာ သူ့အနေနဲ့ရှင်းရှင်းလင်းလင်းဖော်ပြခဲ့ပါတယ်" လို့ ဝန်ကြီးက ဆိုပါတယ်။

၂၀၂၁ခု နှစ်ဖေဖော်ဝါရီ၁ရက်နေ့ စစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူချိန်မှစတင်ကာ နိုင်ငံတော်အကြီးအကဲဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုပါ ဖမ်းဆီးခဲ့ပါတယ်။ လက်ရှိမှာ အသက်ခုနစ်ဆယ်ကျော်ပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှုအမျိုးမျိုးဆင်၍ တရားစွဲဆိုထားပါတယ်။


========================


📌📌အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်တွေကို  စစ်ရာဇဝတ်မှုနဲ့ စွဲချက်တင်နိုင်ဖို့ တူရကီနိုင်ငံ စတင်စုံစမ်းစစ်ဆေး


အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်တွေကို  စစ်ရာဇဝတ်မှုနဲ့ စွဲချက်တင်နိုင်ဖို့ တူရကီနိုင်ငံ စတင်စုံစမ်းစစ်ဆေးနေပြီလို့ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကဆိုပါတယ်။ ဇွန်လ ရက်နေ့မှာ NUG လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းက လူမှုကွန်ရက်မှာ အသိပေးပြောကြားခဲ့ပါတယ်။

"အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်တွေကို  စစ်ရာဇဝတ်မှုနဲ့ စွဲချက်တင်နိုင်ဖို့ တူရကီနိုင်ငံ စတင်စုံစမ်းစစ်ဆေးနေပါပြီ။ အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်နေတဲ့နိုင်ငံတကာရာဇဝတ်မှုတွေအပေါ်  ပြစ်ဒဏ်ခတ်နိုင်ဖို့ ပြည်ပနိုင်ငံတရားရုံးမှာတင်သွင်းထားတဲ့အမှုတွေထဲမှာ တူရကီနိုင်ငံတရားရုံးမှာတင်သွင်းထားတဲ့အမှုကို ဇွန်လ () ရက်နေ့ကစပြီး တရားရုံးက စတင်စုံစမ်းစစ်ဆေးနေပါပြီ။ 

စစ်အာဏာရှင်ခေါင်းဆောင် မင်းအောင်လှိုင်ကနေစပြီး ပါဝင်ပတ်သက်သူ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်ခေါင်းဆောင်တွေကို စစ်ရာဇဝတ်မှုနဲ့ စွဲချက်တင်နိုင်ဖို စုံစမ်းစစ်ဆေးမှာဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာရာဇဝတ်မှုတွေကျူးလွန်မှုနဲ့ပတ်သက်ပြီး တရားစွဲဆွဲအရေးယူဖို့ နိုင်ငံတကာတရားရုံးတွေမှာ အမှုဖွင့်ထားသလို ယခုလိုအမှုမျိုးတွေကို ပြည်တွင်းတရားရုံးတွေမှာ စွဲဆိုနိုင်ခွင့်ပြုထားတဲ့ နိုင်ငံတွေမှာလည်း တရားစွဲဆိုနိုင်ဖို့ ကြိုးပမ်းလျက်ရှိတယ်လို့သိရပါတယ်။

ယခုတူရကီတရားရုံးက လက်ခံလိုက်တဲ့အမှုကတော့ အာဏာသိမ်းဖို့ကြိုးပမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ () ရက်နေ့ကစပြီး အကြမ်းဖက်စစ်ကောင်စီက ပြည်သူတွေအပေါ်ကျူးလွန်ခဲ့တဲ့ နှိပ်စက်ညှဥ်းပမ်းမှု (Torture) နဲ့ လူသားမျိုးနွယ်တခုလုံးအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု(Crime Against Humanity) တွေအပေါ်  တရားစွဲဆိုတဲ့အမှုဖြစ်ပါတယ်။ 

တရားဆွဲခံထားရတဲ့သူတွေကတော့ စစ်အာဏာရှင်ခေါင်းဆောင် မင်းအောင်လှိုင်ကနေစပြီး ပါဝင်ပတ်သက်သူအကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်ခေါင်းဆောင်တွေအပြင် ရည်ရွည်ချက်ရှိရှိနဲ့ ကျူးလွန်သူစစ်တပ်တာဝန်ရှိသူတွေဖြစ်တယ်လို့သိရပါတယ်။


========================


📌📌အကြမ်းဖက် စစ်ကောင်စီ၏ သေဒဏ်အတည်ပြုခြင်းအပေါ် တရားမဝင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာနထုတ်ပြန်ကြေညာ


အကြမ်းဖက် စစ်ကောင်စီ၏ သေဒဏ်အတည်ပြုခြင်းအပေါ် တရားမဝင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရတရားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဇွန်လ ရက်နေ့ ကြေညာချက်အရ (၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် နှင့် လူပုဂ္ဂိုလ် () ဦး အပါအဝင် နိုင်ငံတစ်ဝန်းလုံးရှိ အပြစ်မဲ့ပြည်သူများအပေါ်  အကြမ်းဖက် စစ်ကောင်စီ၏ သေဒဏ် အတည်ပြုခြင်းများနှင့် အကြမ်းဖက် စစ်ကောင်စီ၏ လက်အောက်ခံ တရားရုံးများက ချမှတ်သည့် ပြစ်ဒဏ်များ အားလုံးတို့သည် မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း ဖြစ်ပါတယ်။ အကြမ်းဖက် စစ်ကောင်စီ အနေဖြင့် ယခုကဲ့သို့ ဥပဒေမဲ့ အညိုးအတေး အာဃာတများဖြင့် တရားစီရင်ရေးကို စိတ်ထင်ရာ 

တဖက်သတ် လုပ်ဆောင်ခြင်းနှင့် သေဒဏ်အား အတည်ပြုလုပ်ဆောင်ခြင်းသည် ကြီးလေးသောပြစ်မှုကြီးကို ကျူးလွန်ခြင်း ဖြစ်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီ အလိုကျ အမှုများကို စစ်ဆေးစီရင်နေသည့် တရားရုံးများနှင့် ယင်းတရားရုံးများက ချမှတ်သည့် စီရင်ချက်၊ အမိန့်များသည် တရားဝင်မှု လုံးဝ မရှိပါ။ ထိုသို့ တရားဝင်မှု မရှိသည့် စီရင်ချက်၊ အမိန့်များကို အတည်ပြုဆောင်ရွက်ကြသည့် စစ်ကောင်စီ လက်အောက်ခံ အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များအနေဖြင့် ဥပဒေမဲ့ ဆောင်ရွက်ချက်များကို မသိကျိုးကျွန်ပြုခြင်း၊ အကြမ်းဖက် စစ်ကောင်စီ၏ အလိုကျ လိုက်ပါဆောင်ရွက်နေခြင်းများသည် ရာဇဝတ်မကင်းသော ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သဖြင့် ပြည်သူလူထုနှင့် ဥပဒေ၏ ဒဏ်ခတ်အရေးယူခြင်းကို

 မလွဲမသွေ ခံကြရမှာဖြစ်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီ အလိုကျ အမှုများကို စစ်ဆေးစီရင်နေသည့် လက်အောက်ခံ တရားရုံးများ၊ တရားရေး ဝန်ထမ်းများ၊ ဥပဒေဝန်ထမ်းများသည် ရာဇဝတ်မှုများကို ကျူးလွန်နေကြသော ရာဇဝတ် ဂိုဏ်းသားများသာဖြစ်ကြောင်း ကြေညာချက်အမှတ် (/၂၀၂၁) ဖြင့် တရားရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာခဲ့ပြီးဖြစ်ပါတယ်။

ထို့ကြောင့် အကြမ်းဖက် စစ်ကောင်စီ၏ ဥပဒေမဲ့ တရားစီရင်ခြင်းများ၊ သေဒဏ်အတည်ပြုခြင်းများနှင့် နည်းမျိုးစုံဖြင့် ဥပဒေချိုးဖောက်နေခြင်းများကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း၊ 

သက်ဆိုင်သူများအားလုံးကို ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် အကျိုးဆက်များအားလုံးအတွက် အကြမ်းဖက် 

စစ်ကောင်စီက လုံးဝ တာဝန်ခံရလိမ့်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်တယ်လို့ဖော်ပြပါတယ်။


========================


📌📌Salingyi Revolution Army(S.R.A) နှင့် Chindwin Defence Force (C.D.F) တို့သည် ညီနောင်မဟာမိတ်အဖြစ် ဖွဲ့စည်း၍ သင်တန်းသား ၆၅၀ သင်တန်းဆင်း


Salingyi Revolution Army(S.R.A) နှင့်Chindwin Defence Force(C.D.F)တို့သည် ညီနောင်မဟာမိတ်အဖြစ်ဖွဲ့စည်း၍ သင်တန်းသား ၆၅၀ ကို သင်တန်းဆင်းပေးလိုက်ပြီလို့ သိရပါတယ်။ ဇွန်လ ရက်နေ့မှာ Salingyi Revolution Army (S.R.A) က သတင်းထုတ်ပြန်ပါတယ်။

"Salingyi Revolution Army (S.R.A) နှင့် Chindwin Defence Force (C.D.F) တို့သည် ညီနောင်မဟာမိတ်အဖြစ် ဖွဲ့စည်း၍ သင်တန်းသား ၆၅၀ အား ဇွန်လ ရက်နေ့တွင် သင်တန်းဆင်းပွဲအား အတူတကွပြုလုပ်ပေးပြီး တော်လှန်ရေးလုပ်ဆောင်ချက်များကို ပူးပေါင်း၍ တစ်ညီတစ်ညွတ်တည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အတိအလင်းကြေညာအပ်ပါတယ်" လို့ ဆိုထားပါတယ်။

လက်ရှိ စစ်ကိုင်းတိုင်းတွင်း ကာကွယ်ရေးတပ်ဖွဲ့များဟာ တပ်ပေါင်းစု မဟာမိတ်များစုဖွဲ့၍ စကစတပ်များကို ခုခံတွန်းလှန်တိုက်ခိုက်လျက် ရှိပါတယ်။


========================


📌📌ဖယ်ခုံ PDF တပ်ရင်း မှ ဒဂုန်ဘီယာ အနီ ဖာ ၁၂၀ ကျော်ခန့်အား စစ်ဆေးတွေ့ရှိရသဖြင့် ပူးပေါင်းအဖွဲ့နဲ့အတူ ဖျက်ဆီးခဲ့


ဖယ်ခုံ PDF တပ်ရင်း မှ ဒဂုန်ဘီယာ အနီ ဖာ ၁၂၀ ကျော်ခန့်အား စစ်ဆေးတွေ့ရှိရသဖြင့် ပူးပေါင်းအဖွဲ့နဲ့အတူ ဖျက်ဆီးခဲ့ပါတယ်။ ဇွန်လ ရက်နေ့ ၁၁၀၀ နာရီခန့်အချိန် ဖယ်ခုံ-လွိုင်ကော် ကားလမ်းမကြီးအတိုင်း ဖယ်ခုံဘက်မှလွိုင်ကော်ဘက်သို့မောင်းနှင်လာသော ဘီးယာဥ်အား ဆောင်ကန်း လမ်းခွဲအနီး ဖယ်ခုံ PDF တပ်ရင်း နှင့်အတူ မဟာမိတ်တပ်များ စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

"ဇွန်လ ရက်နေ့ ၁၁၀၀ နာရီခန့်အချိန် ဖယ်ခုံ-လွိုင်ကော် ကားလမ်းမကြီးအတိုင်း ဖယ်ခုံဘက်မှ လွိုင်ကော်ဘက်သို့ မောင်းနှင်လာသော ဘီးယာဥ်အား ဆောင်ကန်း လမ်းခွဲအနီး ဖယ်ခုံ PDF တပ်ရင်း ၂၊ KNDF B03 တို့မှ ရပ်တန့်စစ်ဆေးရာ စကစထုတ်ကုန် ဒဂုန်ဘီယာ အနီ ဖာ ၁၂၀ ကျော်ခန့်အား စစ်ဆေးတွေ့ရှိရသဖြင့် ပူးပေါင်းအဖွဲ့မှ ဖျက်ဆီးခဲ့ပါတယ်" လို့ ဖော်ပြပါတယ်။

ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်အနေဖြင့် စကစထုတ်ကုန်များ သယ်ဆောင်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းများ တွေ့ရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်ထားပြီးလည်းဖြစ်သည် ဟု PEKHON PDF 2 က ဆိုပါတယ်။


========================


📌📌ကမ္မမြို့နယ်၊ ကျက်ထိုး နယ်မြေ ရဲကင်းစခန်းမှ ရဲတပ်သား တစ်ဦး လက်နက်နဲ့အတူ အလင်းဝင်လာ၍ MVRF က ငွေကျပ် သိန်းတစ်ရာတိတိ ဂုဏ်ပြု ချီးမြှင့်


ကမ္မမြို့နယ်၊ ကျက်ထိုး နယ်မြေ ရဲကင်းစခန်းမှ ရဲတပ်သား တစ်ဦး လက်နက်နဲ့အတူ အလင်းဝင်လာ၍ မြိုင်မြို့နယ် ကျေးရွာများ တော်လှန်ရေး တပ်ဦး - MVRF က ငွေကျပ် သိန်းတစ်ရာတိတိ ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။ ဇွန်လ ရက်နေ့မှာ မြိုင်မြို့နယ် ကျေးရွာများ တော်လှန်ရေး တပ်ဦး - MVRF က CDM ဝင်လာတဲ့ ရဲတပ်သားကို သတင်းထုတ်ပြန်ခဲ့ပါတယ်။

မကွေးတိုင်း ပခုက္ကူခရိုင်၊ ကမ္မမြို့နယ်၊ကျက်ထိုး ရဲကင်း စခန်းတွင် တာဝန် ထမ်းဆောင်နေသော ရဲတပ်သား ကိုဖြိုးမင်းအောင် ကိုယ်ပိုင်အမှတ် -၂၇၇၃၁၇ ဟာ ဇွန်လ ရက်နေ့တွင် မြိုင်မြို့နယ် ကျေးရွာများ တော်လှန်ရေး တပ်ဦး - MVRF ထံသို့ လက်နက်ခဲယမ်း အပြည့်အစုံဖြင့် CDM ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ကိုဖြိုးမင်းအောင်ဟာ ပြည်သူ့ဘက်သို့ ယူဆောင်လာသော ပစ္စည်းများမှာ G3 အမျိုးအစား သေနတ် လက်၊ကျည်ဘောက် ခု၊ ကျည် ၁၀၉ တောင့် တိတိဖြင့် ပြည်သူ့ရင်ခွင်သို့ ခိုလုံ လာခဲ့တယ်လို့သိရပါတယ်။ 

ပြည်သူ့ရင်ခွင်သို့ လက်နက်ခဲယမ်း အပြည့်အစုံဖြင့် ခိုလုံလာသော ပြည်သူ့ ရဲတပ်သား ကိုဖြိုးမင်းအောင်အား မိမိတို့  မြိုင်မြို့နယ်ကျေးရွာများ တော်လှန်ရေး တပ်ဦး - MVRF က ငွေကျပ် သိန်း တစ်ရာ တိတိ ဂုဏ်ပြု ချီးမြှင့် ခဲ့တယ်လို့ MVRF က ဆိုပါတယ်။


========================


📌📌စစ်ရေးပဋိပက္ခများကြောင့် တနင်္သာရီတိုင်းအတွင်း အရပ်သားပြည်သူနေအိမ် (၅၃)လုံး ခန့် မီးရှို့ဖျက်ဆီးခံရ


စစ်ရေးပဋိပက္ခများကြောင့် တနင်္သာရီတိုင်းအတွင်း အရပ်သားပြည်သူနေအိမ် (၅၃) လုံးခန့် မီးရှို့ဖျက်ဆီးခံရဟု Southern Monitor က ဖော်ပြပါတယ်။Southern Monitor က စုစည်းထားသည့် အချက်အလက်များအရ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၂ ခုနှစ်၊ မေလအထိ စစ်ကောင်စီတပ်ဖွဲ့များနှင့် ၎င်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၏ လက်ချက်ကြောင့် အရပ်သားနေအိမ် ၅၃ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

အချက်အလက်မျါးအရ ထားဝယ်မြို့နယ်တွင် ()လုံး၊ သရက်ချောင်းမြို့နယ်တွင် (၁၉)လုံး၊ ပလောမြို့နယ်တွင် (၁၁)လုံး၊ ရေဖြူမြို့နယ်တွင် ()လုံး၊ မြိတ်မြို့နယ်တွင် ()လုံး၊ တနင်္သာရီမြို့နယ်တွင် (၁၅) လုံး မီးရှို့ဖျက်ဆီး ခံရကြောင်းတွေ့ရပါတယ်။ အဆိုပါ မီးရှို့ဖျက်ဆီးမှု ဖြစ်စဉ်များကို လေ့လာကြည့်ရာတွင် PDF တပ်ဖွဲ့ဝင်များက စစ်ကောင်စီ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှုနောက်ပိုင်း အနီးဝန်းကျင် အရပ်သားပြည်သူများ၏ နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့များက မီးရှို့ခြင်း၊ နှစ်ဘက် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ဒေသခံ အရပ်သားပြည်သူများ၏ နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့များက မီးရှို့ခြင်း၊ စစ်ကောင်စီ စစ်ကြောင်းများ ဝင်ရောက်လာပြီးနောက် ဒေသခံများထွက်ပြေးနေရစဉ် အရပ်သားပြည်သူများ၏ နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့များက မီးရှို့ခြင်းများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း Southern Monitor က ဖော်ပြပါတယ်။

တနင်္သာရီမြို့နယ်၊ တကူ သာရဘွင် ကျေးရွာများဘက်တွင် ယခု မေလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း အရပ်သား ပြည်သူနေအိမ် မီးရှို့ခံရမှုများရှိကြောင်း ပြောဆိုမှုများ ရှိနေသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment