Radio NUG 26th JUN 2022 8:30 PM

၂၀၂၂ ဇွန်လ ၂၆ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်အာဏာရှင်ဟာ ပြည်သူများစိတ်ထဲကို အကြောက်တရားများ သွပ်သွင်းနေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြားလိုက်

📌 ၂။ ချင်းပြည်နယ်နဲ့ မြန်မာနိူင်ငံတနံတလျားကို ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီဟာ နတ်ဆိုးမာရ်နတ်တွေလို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို

📌 ၃။ နွေဦးတော်လှန်ရေးမှာပါဝင်နေတဲ့ နောက်ဆုံးမျိုးဆက်ဟာ တာဝန်ကျေကျေပန်းဝင်လိမ့်မယ်လို့ ဦးမင်းကိုနိုင်ပြောကြား

📌 ၄။ ကြားကာလအဆင့်မြင့်ပညာရေးအတွက် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၏ သဘောထားဆန္ဒများကိုကောက်ယူ

📌 ၅။ အကြမ်းဖက် စစ်ခေါင်းဆောင် ဒုချုပ်စိုးဝင်းယာဥ်တန်းကို ဖောက်ခွဲရန် စီစဥ်ခဲ့သော်လည်း စက္ကန့်အနည်းငယ်မျှစောပြီး ဖောက်ခွဲလိုက်ရ

📌 ၆။ ပခန်းငယ် ရဲကင်းစခန်းမှ ရဲတပ်သားတစ်ဦး မြိုင်မြို့နယ် ကျေးရွာများတော်လှန်ရေးတပ်ဦး- MVRF ထံသို့ ခိုလှုံ

📌 ၇။ ရန်ကုန်မြို့ရှိ လူကူးခုံးကျော်တံတားများကို လူသွားလာ ဖြတ်လျှောက်ခွင့် စစ်ကောင်စီကပိတ်ပင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်အာဏာရှင်ဟာ ပြည်သူများစိတ်ထဲကို အကြောက်တရားများ သွပ်သွင်းနေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြားလိုက်


ဇွန်လ (၂၆) ရက်ကျင်းပတဲ့ ၄၆ နှစ်မြောက် ဆလိုင်းတင်မောင်ဦးအထိမ်းအမှတ်နေ့ အခမ်းအနားမှာ ယာယီသမ္မတဒူဝါလရှီးလကအခုလိုပဲပြောကြားလိုက်ပါတယ်။


"စစ်အာဏာရှင်များဟာ ပြည်သူများကို အကြောက်တရားနဲ့ထိန်းချုပ်လေ့ရှိပါတယ်။ပြည်သူများစိတ်ထဲကို အကြောက်တရား သွပ်သွင်းပြီးတော့ တရားမျှတမှုနဲ့လွတ်လပ်မှုအစား စစ်ဖိနပ်အောက် ဒူးထောက်ကျိုးနွံသွားရေး၊ လူ့အခွင့်အရေးနဲ့သာတူ ညီမျှခြင်းအစား တစ်ကိုယ်ရည်အဆင်ပြေမှုနဲ့ မတရားမှုများကိုလစ်လျူရှုတတ်တဲ့ ရပ်တည်ချက်များဖြစ်လာအောင် တွန်းပို့ ဖန်တီးပေးလေ့ရှိပါတယ်လို့ ယာယီသမ္မတကပြောပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့မှာ စစ်တပ်ဟာ နိုင်ငံတော် အာဏာကိုမတရားသိမ်းယူခဲ့ပါတယ်။ ယင်းနောက် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ပစ်ခတ်ဖြိုခွင်းကာ လူငယ်များကို ဦးခေါင်းတည့်တည့် ချိန်ရွယ် ပစ်သတ်ခဲ့ပါတယ်။


========================


📌📌 ၂။ ချင်းပြည်နယ်နဲ့ မြန်မာနိူင်ငံတနံတလျားကို ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီဟာ နတ်ဆိုးမာရ်နတ်တွေလို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို


ချင်းပြည်နယ်နဲ့ မြန်မာနိူင်ငံတနံတလျားကို ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီဟာ နတ်ဆိုးမာရ်နတ်တွေလို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောပါတယ်။ ဇွန်လ (၂၆) ရက်ကျင်းပတဲ့ ၄၆ နှစ်မြောက် ဆလိုင်းတင်မောင်ဦးအထိမ်းအမှတ်နေ့ အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးချုပ်ကပြောပါတယ်။


"ရောမအုပ်စိုးသူတွေရဲ့ ယုံကြည်ချက် အကျဥ်းသားဖြစ်ခဲ့တဲ့ ရှင်ယောဟန်ဟာမတရားသော နတ်ဆိုးမာရ်နတ်ဖြစ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။စစ်အာဏာရှင်တွေဟာ နတ်ဆိုးမာရ်နတ်နဲ့အလားသဏ္ဍာန်တူတယ်ဆိုတာကို ယနေ့ ချင်းပြည်နယ် ထန်တလန်မြို့အပါအဝင် မြန်မာနိုင်ငံတနံတလျားစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို ကြည့်ခြင်းအားဖြင့်အလွယ်တကူ သိရှိနိုင်တယ်လို့ဝန်ကြီးချုပ်ကပြောပါတယ်။ စစ်ကောင်စီဟာ လူပေါင်းနှစ်ထောင်ကျော်ကို သတ်ဖြတ်ခဲ့ပြီး အကျဥ်းထောင်အသီးသီးမှာ လူပေါင်းတစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ထားပါတယ်။


========================


📌📌 ၃။ နွေဦးတော်လှန်ရေးမှာပါဝင်နေတဲ့ နောက်ဆုံးမျိုးဆက်ဟာ တာဝန်ကျေကျေပန်းဝင်လိမ့်မယ်လို့ ဦးမင်းကိုနိုင်ပြောကြား


ဇွန်လ (၂၆) ရက်ကျင်းပတဲ့ ၄၆ နှစ်မြောက် ဆလိုင်းတင်မောင်ဦးအထိမ်းအမှတ်နေ့ အခမ်းအနားမှာ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က အခုလိုပြောပါတယ်။


"ဘယ်တော်လှန်ရေးကမှ နေဝင်ခဲ့တာမဟုတ်ပါဘူး။အဲဒါတွေက လက်ဆင့်ကမ်းခဲ့တာပါ။ကိုဆလိုင်းတင်မောင်ဦး အပါအဝင် ဒါရှုံးနိမ့်ခဲ့တာမဟုတ်ဘူး။အခု ၂၁ ရာဟာဒီနွေဦးတော်လှန်ရေးကနေတဆင့် ပြည်သူ့တော်လှန်ရေးကြီးဟာ အားလုံးရဲ့လက်ဆင့်ကမ်းမှုကနေ ပန်းဝင်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ တော်လှန်ရေးဟာ နောက်ဆုံးမျိုးက်များက တာဝန်ကျေကျေပန်းဝင်ပါလိမ့်မယ်လို့ ဦးမင်းကိုနိုင်ကပြောပါတယ်။ ၂၀၂၁ ခုနှစ် မေလ ရက် နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဖွဲ့စည်းခဲ့ရာ လူငယ်လူရွယ်အများစုပါဝင်ခဲ့ပါတယ်။


========================


📌📌 ၄။ ကြားကာလအဆင့်မြင့်ပညာရေးအတွက် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၏ သဘောထားဆန္ဒများကိုကောက်ယူ


ကြားကာလအဆင့်မြင့်ပညာရေးအတွက် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၏ သဘောထားဆန္ဒများကို ပညာရေး၀န်ကြီးဌာနနဲ့ပူးပေါင်းအဖွဲ့များကကောက်ယူနေပါတယ်။ ယခုအစီအစဥ်ကို အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေး၀န်ကြီးဌာန (Ministry of Education, NUG) ဘားမားအကယ်ဒမီ (Burma Academy) နှင့် နွေဦးတက္ကသိုလ် (Spring University Myanmar) တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါတယ်။


ကြားကာလပညာရေးအတွက် အဆင့်မြင့်ပညာရေးအဖွဲ့အစည်းအသီးသီးမှ စဥ်ဆက်မပြတ် သင်ကြားရေးအစီအစဥ်များ ဖော်ဆောင်လျက်ရှိရာ အဆိုပါပညာရေးအစီအစဥ်များတွင် ပါဝင်နေသည့် လက်ရှိ ကျောင်းသူကျောင်းသား လူငယ်များ၊ ဆရာဆရာမများ၏ အတွေ့အကြုံများ၊ လိုအပ်ချက်များနှင့် အခက်အခဲများကို သိရှိလိုပြီး နောင်ပညာရေး အစီအစဥ်များအတွက် မည်သည့်မျှော်မှန်းချက် ရှိနေသည်ကို သဘောထား စစ်တမ်းကောက်ယူ ခြင်းပဲ​ြဖစ်ပါတယ်။


ယခုစစ်တမ်းသည် ပိုမိုထိရောက်သော ကြားကာလပညာရေးအစီအစဉ်များ ဖော်ဆောင်ပေးနိုင်ရန်၊ ပိုမိုခက်ခဲသော အခြေအနေများမှာ ရှိနေသော ကျောင်းသူကျောင်းသားများ ပညာရေးလက်လှမ်းမီစေရန်နှင့် ဖက်ဒရယ်ပညာရေးစနစ် တည်ဆောက်ရာတွင် ကျောင်းသူကျောင်းသားများ၊ ဆရာဆရာမများ၏ အသံများ ပါဝင်ထင်ဟပ်စေရန် ရည်ရွယ်တယ်လို့ဆိုပါတယ်။


========================


📌📌 ၅။ အကြမ်းဖက် စစ်ခေါင်းဆောင် ဒုချုပ်စိုးဝင်းယာဥ်တန်းကို ဖောက်ခွဲရန် စီစဥ်ခဲ့သော်လည်း စက္ကန့်အနည်းငယ်မျှစောပြီး ဖောက်ခွဲလိုက်ရ


အကြမ်းဖက် စစ်ခေါင်းဆောင် ဒုချုပ်စိုးဝင်းယာဥ်တန်းကို ဖောက်ခွဲရန် စီစဥ်ခဲ့သော်လည်း စက္ကန့်အနည်းငယ်မျှစောပြီး SYM UG အဖွဲ့မှ ဗုံးဖောက်ခွဲလိုက်ရတယ်လို့ဆိုပါတယ်။ ဇွန်လ၂၄ ရက်နေ့ တောင်ကြီးမြို့ မီးပွိုင့်ပေါက်ကွဲမှုအကြောင်းကို SYM UG အဖွဲ့ကထုတ်ပြန်ပါတယ်။


"ထိုပေါက်ကွဲမှုဟာ မိမိတို့ SYM UG အဖွဲ့မှရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ဒုချုပ်စိုးဝင်းလမ်းကြောင်းကိုဖောက်ခွဲရန်ရည်ရွယ်သော်လည်း စက္ကန့်အနည်းငယ်မျှစော၍ဖောက်ခွဲလိုက်မိသည်ကိုမိဘပြည်သူများအားများစွာအားနာလျက်ရှိပါတယ်။ထိုသို့ဖောက်ခွဲလိုက်ရခြင်းမှာလည်းအကြောင်းအရာများစွာရှိနေသောကြောင့် မိဘပြည်သူများအနေဖြင့် သိရှိနားလည်ခွင့်လွတ်ပေးစေလိုပါတယ်လို့ SYM UG အဖွဲ့ကပြောပါတယ်။ ထိုပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုတချို့ရှိခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၆။ ပခန်းငယ် ရဲကင်းစခန်းမှ ရဲတပ်သားတစ်ဦး မြိုင်မြို့နယ် ကျေးရွာများတော်လှန်ရေးတပ်ဦး- MVRF ထံသို့ ခိုလှုံ


မကွေးတိုင်း၊ရေစကြိုမြို့နယ်၊  ပခန်းငယ် ရဲကင်းစခန်းမှရဲတပ်သားတစ်ဦး ဇွန်လ၂၅ ရက်တွင် မြိုင်မြို့နယ် ကျေးရွာများတော်လှန်ရေးတပ်ဦး- MVRF ထံသို့ခိုလှုံခဲ့ကြောင်းသတင်းထုတ်ပြန်ခဲ့ပါတယ်။


မြိုင်မြို့နယ် ကျေးရွာများတော်လှန်ရေးတပ်ဦး- MVRF ထံသို့  မကွေးတိုင်း၊ရေစကြိုမြို့နယ်၊  ပခန်းငယ် ရဲကင်းစခန်းမှ ကိုယ်ပိုင်အမှတ် / ၂၈၀၂၉၂ ရဲတပ်သား အောင်သူကျော် သည် ဇွန်လ ၂၂ ရက်နေ့က CDM ဝင်ရောက်ပူးပေါင်းလာပါတယ်လို့ပြောပါတယ်။လက်ရှိတွင် CDM ဝင်ထားတဲ့တပ်နှင့်ရဲ တစ်သောင်းကျော်ရှိပြီ ဖြစ်ပါတယ်။


========================


📌📌 ၇။ ရန်ကုန်မြို့ရှိ လူကူးခုံးကျော်တံတားများကို လူသွားလာ ဖြတ်လျှောက်ခွင့် စစ်ကောင်စီကပိတ်ပင်


ရန်ကုန်မြို့ရှိ လူကူးခုံးကျော်တံတားများကို လူသွားလာ ဖြတ်လျှောက်ခွင့် စစ်ကောင်စီကပိတ်ပင်လိုက်တယ်လို့သတင်းရရှိပါတယ်။ ဇွန်လအတွင်းမှာ ရန်ကုန်မြို့ထဲက လူကူးခုံးကျော်တံတားများကို သွပ်များကာရံကာ ပိတ်လိုက်ခြင်းဖြစ်ပါတယ်။


ပိတ်လိုက်တဲ့လူကူးခုံးကျော်တံတားထဲတွင် အထက ဒဂုံရှေ့မှ လူးကူးခုံးကျော်တံတား၊လှည်းတန်း လူကူးခုံးကျော်တံတားတို့ပါဝင်ကာ ပိတ်လိုက်တဲ့အကြောင်းအရင်း တိတိကျကျကိုမသိရှိရဘူးဖြစ်ပါတယ်။ လူကူးခုံးကျော်တံတားများကို ပြည်သူ့အစိုးရလက်ထက် လူအများအတွက် ယာဥ်တိုက်မှုဘေးမှ ကင်းဝေးစေရန် တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment