31st JUL 2022 - Evening Daily News by Radio NUG

၂၀၂၂ ဇူလိုင်လ ၃၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ မင်းအောင်လှိုင်ကို တခါတည်း အပြီးအပြတ်တားဆီးပစ်ရမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ပြောကြားလိုက်

📌 ၂။ စစ်အာဏာရှင်ရဲ့ ရက်စက်ယုတ်မာမှုတွေအပေါ်မှာ ဒေါသစိတ်၊ ဝမ်းနည်းစိတ်မှာပဲ ရပ်တန့်မနေဘဲ "လက်တွေ့တော်လှန်စိတ်" အဖြစ် ပြောင်းလဲနိုင်ကြဖို့ အထူး လိုအပ်တယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်တိုက်တွန်း

📌 ၃။ တော်လှန်ရေးဟာ နောက်ဆုံးအခြေအနေကိုရောက်နေပြီဖြစ်လို့ အကြမ်းဖက် စစ်ခေါင်းဆောင်တွေ ထွက်ပေါက်ကို နည်းအမျိုးမျိုးနဲ့ရှာနေပြီလို့ ဝန်ကြီး ဒေါက်တာဆာဆာ ပြောကြား

📌 ၄။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တော်လှန်ရေးသူရဲကောင်းတွေရဲ့ အသက်ဟာ စစ်ကောင်စီလက်ထဲမှာ စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ဆို

📌 ၅။ မြိုင်မြို့နယ် အရှေ့ပိုင်းကိုသာလွန်အင်အားနဲ့စစ်ကြောင်းထိုးလာတဲ့ စကစတပ်များနဲ့ကာကွယ်ရေးတပ်များ ရက်တာ တိုက်ပွဲအတွင်း ကာကွယ်ရေးရဲဘော် ဦးကျဆုံး

📌 ၆။ စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့  (နေပြည်တော်) စနိုက်ပါသေနတ်တစ်လက်ပိုင်ဆိုင်ရရှိ

📌 ၇။ LA NUG ထောက်ပို့အဖွဲ့က အမေရိကန်နိုင်ငံ Alhambra ရုပ်ရှင်ရုံရှေ့လူထု သစ္စာအဓိဋ္ဌာန်ပြုပွဲကျင်းပ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မင်းအောင်လှိုင်ကို တခါတည်း အပြီးအပြတ်တားဆီးပစ်ရမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ပြောကြားလိုက်


မင်းအောင်လှိုင်ကို တခါတည်း အပြီးအပြတ်တားဆီးပစ်ရမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကဇူလိုင် ၃၀ ရက်နေ့မှာနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် မှ နိုင်ငံတကာအသိုင်းအဝန်းသို့ မြန်မာ့အရေးနှင့်စပ်လျဉ်း၍ ပန်ကြားမှုမှာထည့်သွင်းပြောကြားခဲ့ပါတယ်။


"သိသိသာသာဖြစ်စေ၊ တိုးတိုးတိတ်သံတမန်ရေးနည်းလမ်းတွေနဲ့ဖြစ်စေ သေဒဏ်ကိုစီရင်ခြင်းမလုပ်ဖို့ မင်းအောင်လှိုင် ကို ဖျောင့်ဖျတားဆီးခဲ့ကြပေမယ့် နိုင်ငံရေးအကျဉ်းသား လေးဦးကိုသတ်ပစ်ခဲ့ကြပြီး၊ စစ်အာဏာ ရှင်ပြောခွင့်ရသူကသူတို့ဟာဥပဒေ အရဆောင်ရွက်ခဲ့တာဖြစ်ပြီး နောက်ထပ်လည်း ဒီထက် ပိုပြီး အကြိမ်ကြိမ် ကြိုးပေးအပြစ်ဒဏ် ချမှတ်ရမှာဖြစ်တယ်လို့တောင် ပြောခဲ့ပါတယ်။ကျမတို့တွေဟာ မင်းအောင်လှိုင်ကို တခါတည်း အပြီးအပြတ်တားဆီးပစ်ရမှာ ဖြစ်ပါတယ်။ ကိုဂျင်မီ၊ ကိုဖြိုးဇေယျသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို အကြောင်းမဲ့တရားမ၀င် ကွပ်မျက်ခြင်းဟာ ကဲ့ရဲ့ ပြစ်တင်ရှုတ်ချစရာဖြစ်ပါတယ်"လို့ဝန်ကြီကဆိုပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့မှာ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုဟာ နိုင်ငံတော်အာဏာကိုမတရားသိမ်းယူခဲ့ပါတယ်။ ၄င်းနောက် တည်ဆဲအစိုးရအဖွဲ့ကိုဖျက်သိမ်းကာ နိုင်ငံတော်အကြီးအကဲများကို ဖမ်းဆီးအကျဥ်းချခဲ့ပါတယ်။


========================


📌📌 ၂။ စစ်အာဏာရှင်ရဲ့ ရက်စက်ယုတ်မာမှုတွေအပေါ်မှာ ဒေါသစိတ်၊ ဝမ်းနည်းစိတ်မှာပဲ ရပ်တန့်မနေဘဲ "လက်တွေ့တော်လှန်စိတ်" အဖြစ် ပြောင်းလဲနိုင်ကြဖို့ အထူး လိုအပ်တယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်တိုက်တွန်း


ဇူလိုင် ၃၁ ရက် နံနက်ပိုင်းလူထု သစ္စာအဓိဋ္ဌာန်ပြုပွဲမှာ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က လူမှုကွန်ရက်မှာအခုလိုပြောကြားလိုက်ပါတယ်။


"ကျနော်တို့အနေနဲ့ စစ်အာဏာရှင်ရဲ့ ရက်စက်ယုတ်မာမှုတွေအပေါ်မှာ ဒေါသစိတ်၊ ဝမ်းနည်းစိတ်မှာပဲ ရပ်တန့်မနေဘဲ "လက်တွေ့တော်လှန်စိတ်" အဖြစ် ပြောင်းလဲနိုင်ကြဖို့ အထူး လိုအပ်ပါတယ်။ ဒီပွဲက "ပြည်သူ့တော်လှန်ရေး" ဖြစ်တာနဲ့အညီ ပြည်သူတရပ်လုံးက တော်လှန်ရေးမှာ ပုံစံမျိုးစုံနဲ့ စဉ်ဆက်မပျက် ပါဝင်နေကြဖို့ လိုအပ်ပါတယ်။ကျနော်တို့ ပြိုင်တူတွန်းမှ အမြန်ဆုံး ရွေ့ပါလိမ့်မယ်။ ကျနော်တို့ မျှော်ရည်တဲ့ ပြည်သူ့အောင်ပွဲကို ရရှိဖို့အတွက် အောင်ပွဲနဲ့ထိုက်တန်တဲ့ ကြိုးပမ်းအားထုတ်မှုတွေ မဖြစ်မနေ ရှိရပါလိမ့်မယ်။ "Freedom is not Free" "လွတ်မြောက်မှုဆိုတာ အလကား မရနိုင်ပါဘူး""လို့ဝန်ကြီးကဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရဟာ လက်ရှိမှာ ခုခံတွန်းလှန်စစ်မှ တိုက်စစ်သို့အရှိန်မြှင့်ရန်ကြိုးစားဖော်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၃။ တော်လှန်ရေးဟာ နောက်ဆုံးအခြေအနေကိုရောက်နေပြီဖြစ်လို့ အကြမ်းဖက် စစ်ခေါင်းဆောင်တွေ ထွက်ပေါက်ကို နည်းအမျိုးမျိုးနဲ့ရှာနေပြီလို့ ဝန်ကြီး ဒေါက်တာဆာဆာ ပြောကြား


တော်လှန်ရေးဟာ နောက်ဆုံးအခြေအနေကိုရောက်နေပြီဖြစ်လို့ အကြမ်းဖက် စစ်ခေါင်းဆောင်တွေ ထွက်ပေါက်ကို နည်းအမျိုးမျိုးနဲ့ရှာနေပြီလို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ ပြောကြားလိုက်ပါတယ်။


"နောက်ဆုံးတော်လှန်ရေးဟာ နောက်ဆုံးအခြေအနေတစ်ခုကိုရောက်နေပြီဖြစ်တဲ့အတွက်ကြောင့် တစ်ဖက်က အကြမ်းဖက် လူမဆန်တဲ့ စစ်ခေါင်းဆောင်ဟာလည်း သူတို့မှာ ထွက်ပေါက် ရှာပြီးနည်းအမျိုးမျိုးသုံးနေတာဖြစ်ပါတယ်။မြန်မာပြည်က စစ်အာဏာရှင်  ရက်စက်ကြမ်းကြုတ်တဲ့ စစ်ခေါင်းဆောင်များအတွက် တစ်လက်မလေးတောင် သူတို့ နေစရာချန်ထားမှာမဟုတ်ပါဘူး"လို့ဝန်ကြီးကဆိုပါတယ်။ ဒါ့အပြင် ပြည်သူပြည်သားများသွေးစည်းညီညွတ်ကြရန်နဲ့ စည်းလုံးမှုကို ခွန်အားအဖြစ်ယူရန် ပြည်ထောင်စုဝန်ကြီးကတိုက်တွန်းခဲ့ပါတယ်။


========================


📌📌 ၄။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တော်လှန်ရေးသူရဲကောင်းတွေရဲ့ အသက်ဟာ စစ်ကောင်စီလက်ထဲမှာ စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ဆို


ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တော်လှန်ရေးသူရဲကောင်းတွေရဲ့ အသက်ဟာ စစ်ကောင်စီလက်ထဲမှာ စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ တော်လှန်ရေး ရန်ပုံငွေရှာဖွေပေးသူမပန်ဆယ်လိုကဆိုပါတယ်။ ဇူလိုင်လနောက်ဆုံးရက် ကျင်းပတဲ့ အခမ်းအနားမှာ တော်လှန်ရေးရန်ပုံငွေရှာဖွေပေးသူ မပန်ဆယ်လိုကပြောပါတယ်။


"ဒီတော်လှန်ရေး အမြန်မအောင်သရွေ့ သူတို့လက်ထဲ ရှိနေသည့် သူရဲကောင်းတွေသည် ကျမတို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင်ပေါ့။ကျမတို့သူရဲကောင်းတွေသည် သူတို့သတ်ချင်သတ်မယ်။ဖြတ်ချင် ဖြတ်မယ်ဆိုတဲ့ အခြေအနေကိုကြိုတွေးထားရမယ့် အခြေအနေရောက်နေပြီ။ဒါစစ်ကောင်စီက ချိန်းခြောက်လိုက်တဲ့အပေါ်မှာ ကျမတို့သတိဝင်ဖို့လည်းလိုနေပြီ"လို့ဆိုပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ ဦးကျော်မင်းယု () ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် () မောင်ကျော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့အား မတရားသေဒဏ်စီရင်လိုက်ပြီလို့ဇူလိုင်၂၅ရက်ကကြေညာခဲ့ပါတယ်။


========================


📌📌 ၅။ မြိုင်မြို့နယ် အရှေ့ပိုင်းကိုသာလွန်အင်အားနဲ့စစ်ကြောင်းထိုးလာတဲ့ စကစတပ်များနဲ့ကာကွယ်ရေးတပ်များ ရက်တာ တိုက်ပွဲအတွင်း ကာကွယ်ရေးရဲဘော် ဦးကျဆုံး


မြိုင်မြို့နယ် အရှေ့ပိုင်းကိုသာလွန်အင်အားနဲ့စစ်ကြောင်းထိုးလာတဲ့ စကစတပ်များနဲ့ကာကွယ်ရေးတပ်များ ရက်တာ တိုက်ပွဲအတွင်း ကာကွယ်ရေးရဲဘော် ဦးကျဆုံးခဲ့ပါတယ်။ ဇူလိုင်၂၅ ရက်နေ့ကစကာ  မြိုင်နယ်အရှေ့ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြားတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။


ထို့သို့ တိုက်ပွဲဖြစ်ပွားရာ တမာမြေပြောက်ကျားတပ်ဖွဲ့က ရဲဘော်နှစ်ဦးက မြိုင် ပကဖလက်အောက်ခံ အဖွဲ့ကရဲဘော်နှစ်ဦး ရက်တာအတွင်း ဦး ကျဆုံးခဲ့ပါတယ်။ စကစတပ်များဟာ တမာမြေက ရဲဘော်နှစ်ယောက်ကိုပါးစပ်ထဲသေနတ်နဲ့တေ့ပစ်ပြီး သတ်ကာမြိုင် ပကဖက ရဲဘော်နှစ်ယောက်ကိုအရှင်လက်လက် မီးရှို့သ တ်ဖြတ်ခဲ့ပါတယ်။


========================


📌📌 ၆။ စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့  (နေပြည်တော်) စနိုက်ပါသေနတ်တစ်လက်ပိုင်ဆိုင်ရရှိ


စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ (နေပြည်တော်)မှ စနိုက်ပါသေနတ်တစ်လက်ပိုင်ဆိုင်ရရှိခဲ့ပါတယ်လို့ ဇူလိုင် ၃၁ ရက်မှာ သေနတ်လက်ဝယ်ရောက်ရှိပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။


"ဒီပစ္စည်းလေး လက်ဝယ်ရောက်နေပါပြီ  အလှူရှင်အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ"လို့ ဆိုပါတယ်။ စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့(နေပြည်တော်) ဟာ စစ်အာဏာရှင် ကိုခုခံတော်လှန်နေတဲ့တော်လှန် ရေးအင်အားစုလည်းဖြစ်ပါတယ်။


========================


📌📌 ၇။ LA NUG ထောက်ပို့အဖွဲ့က အမေရိကန်နိုင်ငံ Alhambra ရုပ်ရှင်ရုံရှေ့လူထု သစ္စာအဓိဋ္ဌာန်ပြုပွဲကျင်းပ


LA NUGထောက်ပို့အဖွဲ့က အမေရိကန်နိုင်ငံ Alhambra ရုပ်ရှင်ရုံရှေ့လူထု သစ္စာအဓိဋ္ဌာန်ပြုပွဲကျင်းပခဲ့ပါတယ်။ ဇူလိုင် ၃၁ ရက် အမေရိကန် စံတော်ချိန် ည၇နာရီမှာ မြန်မာနွယ်ဖွားများတက်ရောက်ခဲ့ကြပါတယ်။ အဆိုပါအခမ်းအနားမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားခဲ့ပြီး တော်လှန်ရေးအတွက်လူထု သစ္စာအဓိဋ္ဌာန်ပြုခဲ့ကြပါတယ်။ ယနေ့ ကျင်းပတဲ့ လူထု သစ္စာအဓိဋ္ဌာန်ပွဲကို မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာမှာလည်း အသီးသီးကျင်းပခဲ့ကြပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment