7th AUG 2022 - Evening Daily News by Radio NUG

၂၀၂၂ သြဂုတ်လ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ နွေဦးတော်လှန်ရေး တစ်ရက်စောပြီးအောင်မြင်ပါက အကြမ်းဖက် စစ်ကောင်စီရန်က ပြည်သူလူထု တစ်ရက်စောပြီး သက်သာမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၂။ ရှစ်လေးလုံးအရေးတော်ပုံ (၃၄) နှစ်ပြည့် အခါသမယမှာ ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ (၈၈၈၈) အရေးတော်ပုံရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်တွေကို ထုံမွှမ်းရယူဖို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း တိုက်တွန်း

📌 ၃။ စစ်ကောင်စီရဲ့တပ်စခန်းတွေကို ဖြိုချဖို့နဲ့ အင်အားချိနဲ့သွားဖို့ ဗုံးကြီးကြီး သယ်နိုင်တဲ့ ဒရုန်းတွေ ထုတ်လုပ်နေလို့ ဝန်ကြီး ဦးထင်လင်းအောင် အသိပေး

📌 ၄။ စစ်ကိုင်းတိုင်းယင်းမာပင်ခရိုင်မှာ NUG ရဲ့ ပညာရေးစုံညီပွဲတော်အခမ်းအနား ကျောင်းသား ကျောင်းသူနဲ့မိဘများ စုံညီစွာတက်ရောက်

📌 ၅။ မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှာ တော်လှန်ရေးသပိတ်စစ်ကြောင်းအပြီး ပြည်သူများက ဝတ်ဆင်လာကြသော ရွှေနားဆွဲများ၊ ရွှေနားကပ်များနှင့် ရွှေကလစ်များ ချွတ်၍လှူဒါန်း

📌 ၆။ လမ်းဆုံမြို့မှာ ကင်းလှည့်နေတဲ့ စကစတပ်ဖွဲ့ထံမှ ဂျီသရီးသေနတ် () လက်သိမ်းဆည်းရရှိ

📌 ၇။ စစ်ဘေးသင့်ပြည်သူများအတွက် ရန်ပုံငွေရှာတဲ့ ဖျော်ဖြေပွဲ အမေရိကန်မှာ အဆိုတော်ဆောင်ဦးလှိုင် နောက်ဆုံးပွဲအဖြစ် ဖျော်ဖြေမယ်

📌 ၈။ CDM ပြုလုပ်လာခဲ့တဲ့ တပ်ကြပ်အဆင့်ရှိ စစ်ကောင်စီတပ်သားတစ်ဦးရဲ့ထွက်ဆိုချက်အရ သြဂုတ်လ ရက်နေ့တိုက်ပွဲမှာ စကစတပ်ဘက်က ၁၀ ဦးသေဆုံး

📌 ၉။ InyaView@6.5 Mile ပထမ ၂၄ နာရီအတွင်း ဒေါ်လာ သိန်းခွဲဖိုး ရောင်းချခဲ့ရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နွေဦးတော်လှန်ရေး တစ်ရက်စောပြီးအောင်မြင်ပါက အကြမ်းဖက် စစ်ကောင်စီရန်က ပြည်သူလူထု တစ်ရက်စောပြီး သက်သာမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


သြဂုတ်လ ရက်က ကျင်းပတဲ့ FEDERAL WINGS ဒရုန်းတပ်ဖွဲ့ မိတ်ဆက်ပွဲအခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက နွေဦးတော်လှန်ရေး တစ်ရက်စောပြီး အောင်မြင်ပါက အကြမ်းဖက် စစ်ကောင်စီရန်က ပြည်သူလူထု တစ်ရက်စောပြီး သက်သာမယ်လို့ ပြောကြားလိုက်ပါတယ်။

"အလွန်ဆုံး တစ်နှစ်အတွင်းမှာ တော်လှန်ရေးပြီးဖို့ကို ကျနော်တို့အစိုးရအဖွဲ့အနေနဲ့ ခံယူချက်ရှိတော့ ဒါက ဒရုန်းဘက်ကလည်း ပါဝင်ပါမယ်။ ဒီဒရုန်းဟာ စစ်ကောင်စီကို ယှဥ်ပြိုင်နိုင်ဖို့ အကောင်းဆုံးအဖွဲ့ပါပဲ။ ဒါကို ကျယ်ကျယ်ပြန့်ပြန့် ပိုပြီး လုပ်ဆောင်မယ်ဆိုရင် အချိန်တိုအတွင်းမှာ ကျနော်တို့တော်လှန်ရေးအောင်မြင်မယ်လို့ ယုံကြည်ပါတယ်။ တစ်ရက်စောပြီး တော်လှန်ရေးအောင်မြင်ရင် ပြည်သူလူထုဟာ တစ်ရက်စောပြီး သက်သာသွားပါမယ်"လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။ လက်ရှိမှာ စကစတပ်များဟာ စစ်ကိုင်းတိုင်းအတွင်းက ရေဦးမြို့နယ်၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများအပြင် မြေပြင်စစ်ကြောင်းထိုး၍ အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။


========================


📌📌 ၂။ ရှစ်လေးလုံးအရေးတော်ပုံ (၃၄) နှစ်ပြည့် အခါသမယမှာ ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ (၈၈၈၈) အရေးတော်ပုံရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်တွေကို ထုံမွှမ်းရယူဖို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း တိုက်တွန်း


လာမယ့် ဩဂုတ်လ () ရက်နေ့ဟာ ရှစ်လေးလုံး (၈၈၈၈) လူထုအရေးတော်ပုံကြီး (၃၄) နှစ်ပြည့် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ သမိုင်းဝင် ရှစ်လေးလုံးအရေးတော်ပုံကြီး (၃၄) နှစ်ပြည့်အခါသမယမှာ ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ (၈၈၈၈) အရေးတော်ပုံရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်တွေကို ထုံမွှမ်းရယူဖို့ သြဂုတ်လ၇ရက်နေ့မှာ လူမှုကွန်ရက်ကတစ်ဆင့် လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းက ရေးသားတိုက်တွန်းပြောကြားခဲ့ပါတယ်။

"မြန်မာ့နိုင်ငံရေးမှာ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ အခန်းကဏ္ဍက လေးနက်စွာ မှတ်တမ်းတင်ထားရမယ့် လူထုသမိုင်းမှတ်တိုင်ကြီးလည်း ဖြစ်ပါတယ်။ ဒီအရေးတော်ပုံကြီးအတွင်းမှာ လူထုတိုက်ပွဲအင်အားကြောင့် အာဏာရှင် သမ္မတဆိုး () ယောက်ဆက်တိုက် ပြုတ်ကျတဲ့အထိ လှုပ်ရှားနိုင်ခဲ့ပြီး တစ်ပါတီအာဏာရှင်စနစ်ကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒီသမိုင်းဝင် ရှစ်လေးလုံးအရေးတော်ပုံကြီး (၃၄) နှစ်ပြည့်အခါသမယမှာ ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ (၈၈၈၈) အရေးတော်ပုံရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်တွေကို ထုံမွှမ်းရယူ၊ လက်ဆင့်ကမ်း သယ်ဆောင်ပြီး စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ကနေ တွန်းလှန်လို့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ်တစ်ရပ်ကို ပုံဖော်ထုဆစ်ကြဖို့၊ တော်လှန်ရေးမှာ ကဏ္ဍအသီးသီးကနေ အတူ ရုန်းကန် ဆောင်ရွက်ကြဖို့ အထူး တိုက်တွန်းနှိုးဆော်လိုပါတယ်" လို့ ဝန်ကြီးက ဆိုပါတယ်။

ဒီရှစ်လေးလုံးအရေးတော်ပုံကြီး (၃၄) နှစ်ပြည့်မြောက်တဲ့ အချိန်ကာလမှာလည်း ပြည်သူလူထုဟာ သမိုင်းတကျော့ပြန်အနေနဲ့ စစ်အာဏာရှင်စနစ်ကို တွန်းလှန် တိုက်ပွဲဝင်နေကြရပြန်ပါတယ်။ ယခု နွေဦးတော်လှန်ရေးကြီးမှာတော့ အာဏာရှင်စနစ်ပေါင်းစုံကို တွန်းလှန်ကြတဲ့နေရာမှာ အဆုံးသတ်တိုက်ပွဲအဖြစ် မှတ်ယူပြီး (၈၈) က မပြီးဆုံးသေးတဲ့ တိုက်ပွဲအလံတော်ကို ဆက်လက် သယ်ဆောင်နေကြခြင်း၊ လွှင့်ထူနေကြခြင်းလည်း ဖြစ်ပါတယ်" လို့ ဝန်ကြီးကထပ်လောင်းပြောပါတယ်။


========================


📌📌 ၃။ စစ်ကောင်စီရဲ့တပ်စခန်းတွေကို ဖြိုချဖို့နဲ့ အင်အားချိနဲ့သွားဖို့ ဗုံးကြီးကြီး သယ်နိုင်တဲ့ ဒရုန်းတွေ ထုတ်လုပ်နေလို့ ဝန်ကြီး ဦးထင်လင်းအောင် အသိပေး


သြဂုတ်လ ရက်က ကျင်းပတဲ့ FEDERAL WINGS ဒရုန်းတပ်ဖွဲ့ မိတ်ဆက်ပွဲအခမ်းအနားမှာ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က စစ်ကောင်စီရဲ့တပ်စခန်းတွေကို ဖြိုချဖို့နဲ့ အင်အားချိနဲ့သွားဖို့ ဗုံးကြီးကြီး သယ်နိုင်တဲ့ ဒရုန်းတွေထုတ်လုပ်နေတယ်လို့ အသိပေးပြောကြားပါတယ်။

"ဒရုန်းတွေ အများကြီးထုတ်လုပ်ဖို့က မဟာဗျူဟာမြောက် ဖြစ်လာတယ်။ဒရုန်းက သေးသေးမဟုတ်ဘူး။ စခန်းဖြိုချပြီး ရန်သူအင်အား ချိနဲ့သွားဖို့ ဗုံးအလုံးကြီးကြီး သုံးတယ်။ လေးဆယ်၊ ခြောက်ဆယ်၊ ရှစ်ဆယ်၊ ရှစ်ဆယ့်တစ်မမ ဒါတွေသယ်နိုင်ဖို့ကို ဒရုန်းကြီးကြီး ထုတ်တယ်" လို့ ဝန်ကြီးက ဆိုပါတယ်။ လက်ရှိမှာ FEDERAL WINGS ဒရုန်းတပ်ဖွဲ့ဟာ စစ်ဆင်ရေးအကြိမ် ၁၀၀ ပြုလုပ်ခဲ့ပြီး စစ်ဆင်ရေးကြောင့် စကစတပ်ဖွဲ့ဝင် ၅၀ ကျော်သေဆုံး၊ ၈၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။


========================


📌📌 ၄။ စစ်ကိုင်းတိုင်းယင်းမာပင်ခရိုင်မှာ NUG ရဲ့ ပညာရေးစုံညီပွဲတော်အခမ်းအနား ကျောင်းသား ကျောင်းသူနဲ့မိဘများ စုံညီစွာတက်ရောက်


ပြီးခဲ့တဲ့ သြဂုတ်လ () ရက်နေ့က စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနရဲ့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ကျင်းပခဲ့ပြီး ကျောင်းသား/ကျောင်းသူနဲ့ မိဘများ စုံညီစွာတက်ရောက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။ အဆိုပါအခမ်းအနားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပါ တက်ရောက်ကာ လုံခြုံရေး ပေးခဲ့ပါတယ်။ လက်ရှိ စစ်ကိုင်းတိုင်းတွင်းမှာ ပြည်သူ့ပညာရေးကျောင်းများ အသီးသီးဖွင့်လှစ်လျက်ရှိပြီး အားကစားပွဲတော်များ၊ ပညာရေးစုံညီပွဲတော်များ ကျင်းပလျက်ရှိပါတယ်။


========================


📌📌 ၅။ မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှာ တော်လှန်ရေးသပိတ်စစ်ကြောင်းအပြီး ပြည်သူများက ဝတ်ဆင်လာကြသော ရွှေနားဆွဲများ၊ ရွှေနားကပ်များနှင့် ရွှေကလစ်များ ချွတ်၍လှူဒါန်း


သြဂုတ်လ () ရက်နေ့တွင် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာ၌ ပြုလုပ်သော အာဏာရှင်တော်လှန်ရေးသပိတ်စစ်ကြောင်းအပြီးမှာ ကျေးရွာကာကွယ်ရေးအဖွဲ့အတွက် ကူညီထောက်ပံ့ရန် ပြည်သူများကဝတ်ဆင်လာကြသော ရွှေနားဆွဲများ ရွှေနားကပ်များနှင့် ရွှေကလစ်များချွတ်၍ လှူဒါန်းခဲ့ကြတယ်လို့ BEGSC MYAING က ဆိုပါတယ်။

"မနေ့က သြဂုတ်လ () ရက်နေ့တွင် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှာ ပြုလုပ်သော အာဏာရှင်တော်လှန်ရေးသပိတ်စစ်ကြောင်းအပြီးတွင် ပြည်သူများက ငွေသားများအပြင် မိမိတို့ဝတ်ဆင်လာကြသော ရွှေနားဆွဲများ ရွှေနားကပ်များ၊ ရွှေလက်စွပ်များနှင့် ရွှေကလစ်များကိုပါချွတ်၍ ကျေးရွာကာကွယ်ရေးအဖွဲ့အတွက် ကူညီထောက်ပံ့ခဲ့ကြပါတယ်"လို့ဆိုပါတယ်။ပြည်သူများက နားကပ်နှင့် နားဆွဲစုစုပေါင်း ()စုံ၊ လက်စွပ် ()ကွင်း၊ ကလစ် () ခုနှင့် ငွေသားစုစုပေါင်း ၁၂၃၀၀၀၀ ကျပ် (တစ်ဆယ့်နှစ်သိန်းသုံးသောင်းကျပ်တိတိ)ကို ထောက်ပံ့ပေးခဲ့ကြပါတယ်။


========================


📌📌 ၆။ လမ်းဆုံမြို့မှာ ကင်းလှည့်နေတဲ့ စကစတပ်ဖွဲ့ထံမှ ဂျီသရီးသေနတ် () လက်သိမ်းဆည်းရရှိ


တန့်ဆည်မြို့နယ် လမ်းဆုံမြို့မှာ သြဂုတ်လ () ရက်နေ့မနက်ပိုင်းက ကင်းလှည့်နေတဲ့ စကစတပ်ဖွဲ့ကို ကာကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်ရာ ခုနစ်ဦးသေ၍ ဂျီသရီးသေနတ် () လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ တန့်ဆည် ပြည်သူ့ရဲဘော်အဖွဲ့ TPC က "ကျနော်တို့ ပြည့်သူ့ရဲဘော်အဖွဲ့ (TPC) နှင့် တန့်ဆည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ လမ်းဆုံမြို့ပေါ်တွင် ကားဖြင့် ကင်းလှည့်နေသော စကစတပ်များကို ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်" လို့ ဆိုပါတယ်။ တိုက်ခိုက်မှုမှာ စကစတပ်သား ဦး သေဆုံးကာ ဂျီသရီးသေနတ် လက်သိမ်းဆည်းရမိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် သြဂုတ်လ () ရက်နေ့မှာ တန့်ဆည်၊ ကံထူးမရဲစခန်းမှ ရဲတပ်သား ဇင်သူအောင် လက်နက်အပြည့်အစုံဖြင့် အလင်းဝင်လာ၍ TPC (ရွှေဘိုခရိုင် တပ်ရင်း ၂၅) မှ ဆုငွေ သိန်း ၇၀ ကျပ် ချီးမြှင့်ခဲ့တယ်လို့ TPC Taze people Comrades က အသိပေးဖော်ပြထားပါသေးတယ်။

"တန့်ဆည်၊ ကံထူးမရဲစခန်းမှ ရဲတပ်သား ဇင်သူအောင် လက်နက်အပြည့်အစုံဖြင့်  အလင်းဝင်၊ကျွန်တော်တို့ TPC (ရွှေဘိုခရိုင် တပ်ရင်း ၂၅) မှ ဆုငွေ သိန်း ၇၀ ကျပ် ချီးမြှင့်ခဲ့ပါတယ်" လို့ ဆိုပါတယ်။ အဆိုပါ ရဲတပ်သားဟာ ၎င်းကိုင်ဆောင်သည့် G3 သေနတ် လက်၊ ကျည်ဆံ ၃၈၀၊ စစ်အသုံးအဆောင်ပစ္စည်းအချို့နှင့်အတူ အလင်းဝင်ခဲ့တာဖြစ်ပြီး ၄င်းဟာ မိတ္ထီလာအခြေစိုက် အမှတ် (၃၅) ရဲတပ်ရင်းမှ ဖြစ်ပြီး ကံထူးမနယ်မြေရဲစခန်းတွင် တာဝန်ကျနေသူဖြစ်တယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၇။ စစ်ဘေးသင့်ပြည်သူများအတွက် ရန်ပုံငွေရှာတဲ့ ဖျော်ဖြေပွဲ အမေရိကန်မှာ အဆိုတော်ဆောင်ဦးလှိုင် နောက်ဆုံးပွဲအဖြစ် ဖျော်ဖြေမယ်


စစ်ဘေးသင့်ပြည်သူများအတွက် ရန်ပုံငွေရှာတဲ့ဖျော်ဖြေပွဲ အမေရိကန်မှာ အဆိုတော်ဆောင်ဦးလှိုင် နောက်ဆုံးပွဲအဖြစ် ဖျော်ဖြေမယ်လို့ သြဂုတ်လ ရက်နေ့မှာ အဆိုတော် ဆောင်းဦးလှိုင်က လူမှုကွန်ရက်က တစ်ဆင့် အသိပေးပြောကြားထားပါတယ်။

နောက်ဆုံးပွဲစဉ် Washington DC Concert“ လက်မှတ်ရောင်းချနှုန်းမဆိုးပါ။ အကောင်းကြီးလည်းမဟုတ်ပါ။ အလင်းရောင်လူငယ်များအဖွဲ့နဲ့ DC area မှာရှိတဲ့ မိတ်ဟောင်း ဆွေဟောင်းတွေက ကြိုးစားပေးကြပါတယ်။ ဒီပွဲဟာ နောက်ဆုံးလို့ပြောရတာက အမေရိကားမှာ ဆိုတာ များသွားပြီ။ တော်လောက်ပါပြီ။ အမေရိကားပြင်ပ ထွက်ဆိုပေးဖို့က ကျနော့်မှာ Travel Documents မရှိပါ။ ပြည်ပထွက်ဖို့ မဖြစ်နိုင်ပါ" လို့ အဆိုတော်ဆောင်းဦးလှိုင်က ဆိုပါတယ်။ အဆိုတော် ဆောင်းဦးလှိုင်ဟာ အမေရိကန်နိုင်ငံမှာ မြန်မာစစ်ဘေးရှောင်များအတွက် ရန်ပုံငွေရရှိရန် သီဆိုဖျော်ဖြေပေးနေသူလည်း ဖြစ်ပါတယ်။


========================


📌📌 ၈။ CDM ပြုလုပ်လာခဲ့တဲ့ တပ်ကြပ်အဆင့်ရှိ စစ်ကောင်စီတပ်သားတစ်ဦးရဲ့ထွက်ဆိုချက်အရ သြဂုတ်လ ရက်နေ့တိုက်ပွဲမှာ စကစတပ်ဘက်က ၁၀ ဦးသေဆုံး


CDM ပြုလုပ်ပြီး ကော်ဘရာစစ်ကြောင်းသို့ ခိုလှုံလာခဲ့‌သော တပ်ကြပ်အဆင့်ရှိ စစ်ကောင်စီတပ်သားတစ်ဦးရဲ့ ထွက်ဆိုချက်အရ သြဂုတ်လ ရက်နေ့တိုက်ပွဲမှာ စကစတပ်ဘက်က ၁၀ ဦးသေဆုံးခဲ့တယ်လို့ သြဂုတ်လ ရက်နေ့မှာ ကော်ပရာစစ်ကြောင်းက ထုတ်ပြန်ခဲ့ပါတယ်။ ဩဂုတ် ရက်နေ့က CDM ပြုလုပ်ပြီး ကော်ဘရာစစ်ကြောင်းသို့ ခိုလှုံလာခဲ့‌သော တပ်ကြပ်အဆင့်ရှိ စစ်ကောင်စီတပ်သားတစ်ဦး၏ ထွက်ဆိုချက်အရ ဩဂုတ် () ရက်နေ့က ကော်ဘရာ စစ်ကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၄၄)တို့အကြား ဖြစ်ပွားသောတိုက်ပွဲမှာ စစ်ကောင်စီဘက်မှ (၁၀) ဦး သေဆုံးပြနး (၁၅) ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်" လို့ သိရပါတယ်။

ယင်းနေ့ကထုတ်ပြန်ချက်တွင် ကော်ဘရာစစ်ကြောင်းအနေဖြင့် စစ်‌‌မြေပြင်သတင်းပေးပို့ချက်အား အနည်းဆုံးထားတွက်ချက်မှုအရ အနည်းဆုံး ()ဦးသေ၊ ()ဦးနှင့်အထက် ပြင်းထန်ဒဏ်ရာများ ရရှိသည်ဟုသာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ စကစတပ်များဟာ ကရင်ပြည်နယ် အနီးတစ်ဝိုက်မှာ စစ်ကြောင်းထိုး အားစမ်းမှုများရှိနေပါတယ်။


========================


📌📌 ၉။ InyaView@6.5 Mile ပထမ ၂၄ နာရီအတွင်း ဒေါ်လာ သိန်းခွဲဖိုး ရောင်းချခဲ့ရ


InyaView@6.5 Mile ပထမ ၂၄ နာရီအတွင်း ရှယ်ယာပေါင်း ၁၅၀၀ (ဒေါ်လာ သိန်းခွဲဖိုး) ရောင်းချခဲ့ရတယ်လို့ The End of Dictator Ship က သြဂုတ်လ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။

"EOD ရဲ့ အစီအစဉ် () InyaView@6.5 Mile ကို //၂၂  ညမှာ စတင် ရောင်းချခဲ့ပါတယ်။ပထမ ၂၄ နာရီ အပြီး //၂၂ အထိ ရှယ်ယာပေါင်း ၁၅၀၀ (ဒေါ်လာ သိန်းခွဲဖိုး) ရောင်းချခဲ့ရပါတယ်။ EOD အစီအစဉ် () ဖြစ်တဲ့ ၁၄/အင်းလျား ရဲ့ ပထမ ၂၄ နာရီ ရလဒ် ရှယ်ယာ ၇၀၀၀ နဲ့စာရင် အတော်ပဲ နည်းနေပါသေးတယ်။ နွေဦးတော်လှန်ရေး မြန်နိုင်သမျှ မြန်မြန် အောင်မြင်ရေးအတွက် ဘဏ္ဍာရေးအထောက်အပံ့ဟာ အရေးကြီးပါတယ်။ ခြင်းကြားတွေ အမြန်ရှင်းမှ နိုင်ငံအနှံ့ သတ်ဖြတ်၊ နှိပ်စက်၊ လုယက်၊ မီးရှို့နေတဲ့ဘေးက ဝေးကြရမှာမို့၊ ပြည်သူချင်း သွေးနီးကြပါစို့" လို့ ဆိုထားပါတယ်။ မင်းအောင်လှိုင်ရဲ့ ပိုင်ဆိုင်မှုတွေထဲက ရန်ကုန်မြို့ မိုင်ခွဲရှိ မြေနဲ့ အိမ်ကို ကာလပေါက်ဈေး ဒေါ်လာသန်း၂၀ ကျော်တန်သော်လည်း ဒေါ်လာ သန်းနဲ့သာ EOD က ရောင်းချပေးနေတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment