16th OCT 2022 - Morning Daily News by Radio NUG

၂၀၂၂ အောက်တိုဘာလ ၁၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မြန်မာစစ်တပ်ဟာ နလပိန်းတုံး အသိဉာဏ်လောက်နဲ့ မဲမဲမြင်ရာစွတ်ရမ်းနေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား

📌 ၂။ နွေဦးတော်လှန်ရေး တစ်နှစ်အတွင်းအပြီးသတ် စီမံချက် ဗျူဟာထဲမှာ ပြည်သူလူထုကိုအဓိကထား ရေးဆွဲထားတယ်လို့ဆို

📌 ၃။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို မည်သူကမှ တားဆီးပိတ်ပင်လို့မရဘူးလို့လူ့အခွင့်ရေးရာဝန်ကြီးဆို

📌 ၄။ တရားမဝင်စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ချိန်မှစ၍ စစ်တပ်ဟာ သတင်းဌာန (၁၂) ခုခန့်ကို ပိတ်သိမ်းစေခဲ့ပြီး သတင်းထောက် (၁၄၂) ဦး ခန့်ကို ဖမ်းဆီးခဲ့တယ်လို့သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား

📌 ၅။ Spring Yangon Investment ရဲ့ ဒုတိယအစီအစဥ်အဖြစ် နွေဦးအောင်လံနဲ့ တော်ဝင်နွေဦးအိမ်ရာစီမံကိန်းမြေနေရာများစတင်မိတ်ဆက်

📌 ၆။ အကြမ်းဖက် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော ကုန်ကြမ်းပစ္စည်းများအားဖောက်ခွဲရေးမိုင်းနဲ့တာဝေးပစ်လက်နက်ကြီးများထုတ်လုပ်

📌 ၇။ ထိုင်းမြန်မာချစ်ကြည်ရေးအမှတ် တံတားထိပ်မြဝတီဘက်အခြမ်း ဗုံးပေါက်ကွဲ၍ ကားတစ်စီး မီးလောင်ပျက်စီး

📌 ၈။ MDF -ဘုတလင်တပ်ခွဲ ကင်းတဲတစ်ခုအားအကြမ်းဖက် စစ်ကြောင်းအင်အားတစ်ရာခန့်ဝင်စီးရာ ကာကွယ်ရေးတပ်ရဲဘော်နှစ်ဦး ကာပစ်ပေးရင်းကျဆုံး

📌 ၉။ ပလက်ဝမြို့နယ်၊ ခဝဲမဟာဗျူကုန်း စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်(၁၈)ယောက်ထဲမှ () ယောက်ကို (AA) အရှင်ဖမ်းဆီးရမိ

📌 ၁၀။ ဆားလင်းကြီး ရဲစခန်းကို ပို့ဆောင်မဲ့ ဆန်အိတ်ခုနစ်အိတ်နဲ့ မုန့်ခြောက်အပါအဝင် သေနတ်အတိုတစ်လက်ဖမ်းဆီးရမိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မြန်မာစစ်တပ်ဟာ နလပိန်းတုံး အသိဉာဏ်လောက်နဲ့ မဲမဲမြင်ရာစွတ်ရမ်းနေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား


မြန်မာစစ်တပ်ဟာ နလပိန်းတုံး အသိဉာဏ်လောက်နဲ့ မဲမဲမြင်ရာစွတ်ရမ်းနေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားလိုက်ပါတယ်။ အောက်တိုဘာလအတွင်းကျင်းပတဲ့အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလကဆိုခဲ့ပါတယ်။


"စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးတွေက ပိုပိုပြီး များလာပါပြီ။ မြန်မာစစ်တပ်ဟာ နလပိန်းတုံး အသိဉာဏ်လောက်နဲ့ မဲမဲမြင်ရာစွတ်ရမ်းနေပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ အကြမ်းဖက် စစ်တပ်ဟာ လူပေါင်းနှစ်ထောင်ကျော်ကိုသတ်ဖြတ်ထားပြီး လူပေါင်းတစ်သောင်း ကျော်ကိုအကျဥ်းထောင်များမှာ ဖမ်းဆီးထားပါတယ်။


========================


📌📌 ၂။ နွေဦးတော်လှန်ရေး တစ်နှစ်အတွင်းအပြီးသတ် စီမံချက် ဗျူဟာထဲမှာ ပြည်သူလူထုကိုအဓိကထား ရေးဆွဲထားတယ်လို့ဆို


နွေဦးတော်လှန်ရေး တစ်နှစ်အတွင်းအပြီးသတ် စီမံချက် ဗျူဟာထဲမှာ ပြည်သူလူထုကိုအဓိကထား ရေးဆွဲထားတယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကဆိုပါတယ်။ တော်လှန်ထောက်ပို့ တောင်ပိုင်းသို့ ရန်ပုံငွေရှာဖွေပွဲ ပိတ်ပွဲအခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးကထည့်သွင်းပြောကြားခဲ့ပါတယ်။


"ကျနော်တို့ရဲ့ဗျူဟာထဲမှာ ပြည်သူလူထုရဲ့ပါဝင်မှုကလည်းအရေးကြီးပါတယ်။ပြည်သူလူထုကိုအဓိကထားရေးဆွဲထားတာတွေ့ပါတယ်။တနှစ်အတွင်းမှာ သုံးလ၊ သုံးလဆီ ပိုင်းခြားပြီးတော့ ဒါကိုထိထိရောက်ရောက်သွားကြဖို့ပဲ ဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


နွေဦးတော်လှန်ရေးကို တစ်နှစ်အတွင်း အဆုံးသတ်မယ့် စီမံချက်ကို အမျိုးသားညီညွတ်ရေးအစိုးရဟာ ရေးဆွဲ အကောင်အထည်ဖော်လျက်ရှိပါတယ်။ NUG One Year Plan အရ နံပါတ်တစ်အစီအစဥ်မှာ တော်လှန်ရေးတွင် ပြည်သူလူထုထောက်ခံပါဝင်မှုဖြစ်ပါတယ်။


========================


📌📌 ၃။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို မည်သူကမှ တားဆီးပိတ်ပင်လို့မရဘူးလို့လူ့အခွင့်ရေးရာဝန်ကြီးဆို


လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို မည်သူကမှ တားဆီးပိတ်ပင်လို့မရဘူးလို့လူ့အခွင့်ရေးရာဝန်ကြီးဦးအောင်မျိုးမင်းကဆိုပါတယ်။ လူ့အခွင့်အရေးစကားသံ အစီအစဉ်မှာ ပြည်ထောင်စုဝန်ကြီးကထည့်သွင်းပြောကြားခဲ့ပါတယ်။


"မြန်မာပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေတဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုတာကလဲ ပြည်သူ့ရေးရာ အခွင့်အရေးတွေထဲက တစ်ခုပါပဲ။ ဒီအခွင့်အရေးတွေကို အစိုးရပဲဖြစ်ဖြစ်၊ အစိုးရမဟုတ်တဲ့သူတွေကပဲဖြစ်ဖြစ် တားဆီးပိတ်ပင်လို့မရပါဘူး"လို့ဆိုပါတယ်။


၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် အင်တာနက်ဆက်သွယ်ရေးတွေကိုဖြတ်တောက်တာ၊ Face Bookစာမျက်နှာကိုပိတ်ပစ်တာတွေ လုပ်ဆောင်သလို အကြမ်းဖက် စစ်တပ်ကို ဝေဖန်ပြောဆိုရင်လည်း ဖမ်းဆီး အကျဥ်းချတာတွေအထိ ကျူးလွန်လုပ်ဆောင်ခဲ့ပါတယ်။


========================


📌📌 ၄။ တရားမဝင်စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ချိန်မှစ၍ စစ်တပ်ဟာ သတင်းဌာန (၁၂) ခုခန့်ကို ပိတ်သိမ်းစေခဲ့ပြီး သတင်းထောက် (၁၄၂) ဦး ခန့်ကို ဖမ်းဆီးခဲ့တယ်လို့သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား


တရားမဝင်စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ချိန်မှစ၍ စစ်တပ်ဟာ သတင်းဌာန (၁၂) ခုခန့်ကို ပိတ်သိမ်းစေခဲ့ပြီး သတင်းထောက် (၁၄၂) ဦး ခန့်ကို ဖမ်းဆီးခဲ့တယ်လို့ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ ပြောကြားခဲ့ပါတယ်။ အောက်တိုဘာ၁၄ရက် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီတွင် လွတ်လပ်စွာ ထင်မြင်ချက်ပေးခွင့်နှင့် ထုတ်ဖော်ပြောကြားခွင့်ဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန် ဆွေးနွေးမှုအစီအစဉ်မှာပြောကြားခဲ့ပါတယ်။


"လူမဆန်သော စစ်တပ်အနေဖြင့် သတင်းထောက်များကို ဖမ်းဆီးချုပ်နှောင်ရုံမျှမက လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများကိုပါ နည်းလမ်းစုံသုံး၍ ပစ်မှတ်ထားလျက်ရှိကြောင်း၊ အစီရင်ခံစာတွင် ဖော်ပြထားသည့်အတိုင်း စစ်တပ်သည်သတင်းအမှားများထည့်သွင်းနိုင်ရန် ပြစ်မှုဆိုင်ရာ ဥပဒေကို တိုးချဲ့သတ်မှတ်ခဲ့ပြီး လွတ်လပ်သည့် မီဒီယာဏ္ဍကို တိုက်ခိုက်ရန်အတွက်လည်း အမျိုးသား လုံခြုံရေးပြဋ္ဌာန်းချက်အသစ်များကို ထုတ်ပြန်ခဲ့ကြောင်း၊ စင်စစ်အားဖြင့် တရားမဝင်စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ချိန်မှစ၍ စစ်တပ်သည် သတင်းဌာန (၁၂) ခုခန့်ကို ပိတ်သိမ်းစေခဲ့ပြီး သတင်းထောက် (၁၄၂) ဦး ခန့်ကို ဖမ်းဆီးခဲ့ကြောင်း"သံအမတ်ကြီးကဆိုပါတယ်။


အဓိက အားဖြင့် သတင်းထောက်များမှ မြန်မာနိုင်ငံတွင် ပကတိဖြစ်ပေါ်နေသည့် အဖြစ်အပျက်အခြေအနေမှန် များကို ဖော်ထုတ်ရန် ကြိုးစားသည်နှင့်အမျှ ရက်စက်ကြမ်းတမ်းသော စစ်တပ်က သတင်းသမားများအား ခြိမ်းခြောက်ခြင်းနှင့် ဖမ်းဆီးခြင်းများကို ပြုလုပ်ကာ အမှန်တရားကို ဆိတ်သုဉ်းစေရန် ရည်ရွယ်ဆောင်ရွက် လျက်ရှိတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကဆိုခဲ့ပါတယ်။


========================


📌📌 ၅။ Spring Yangon Investment ရဲ့ ဒုတိယအစီအစဥ်အဖြစ် နွေဦးအောင်လံနဲ့ တော်ဝင်နွေဦးအိမ်ရာစီမံကိန်းမြေနေရာများစတင်မိတ်ဆက်


Spring Yangon Investment ရဲ့ ဒုတိယအစီအစဥ်အဖြစ် နွေဦးအောင်လံနဲ့ တော်ဝင်နွေဦးအိမ်ရာစီမံကိန်းမြေနေရာများစတင်မိတ်ဆက်အသိပေးလိုက်ပါတယ်။ အောက်တိုဘာ ၁၅ ရက်နေ့မှာ EOD ရှယ်ယာကနေအသိပေးဆိုလိုက်ပါတယ်။ နွေဦးအောင်လံ @ South Dagonဟာ စစ်တပ်မှ သိမ်းယူထားသော မြေနေရာဖြစ်ပြီးတော့တောင်ဒဂုံမြို့နယ်၊ အမှတ် () လမ်းမကြီးပေါ်တွင် Pro1 East Dagon Branch မျက်စောင်းထိုးဘက် ခြမ်း ကျန်စစ်သားလမ်းမကြီးထောင့်တွင် တည်ရှိပါတယ်။


တောင်မြောက်-ဒဂုံလမ်းဆုံ မှ ၁မိုင်ခွဲခန့်သာဝေးပြီး ရန်ကုန်မြို့လယ်မှ ၁၀မိုင်ခန့် အကွာတွင်တည်ရှိပါတယ်။ အမှတ် () လမ်းမဘက် မျက်နှာစာနှင့် ကျောကပ် နေရာများအား Commercial Development များ အဖြစ် ပေ ၁၀၀ × ပေ ၁၅ဝ အကွက်ကြီး ၃၂ကွက် ရောင်းချပေးသွားပါမှာဖြစ်ပါတယ်။ အတွင်းဘက်တွင် လူနေအိမ်ရာ ပေ ၆ဝ x ပေ ၈၀ အကွက်ပေါင်း ၂ဝဝ နှင့် ပေ ၄၀ x ပေ ၆၀ အကွက်ပေါင်း ၈၀၀ အား ရောင်းချမှာဖြစ်ပါတယ်။


တော်ဝင်နွေဦး @ Bahanဟာဗဟန်းမြို့နယ်၊ မဟာစည် သာ့သနာရိပ်သာလမ်း အတွင်းဘက်ရှိ စစ်တပ်မှ သိမ်းယူထားသော မြေနေရာဖြစ်ကာRoyal Spring (တော်ဝင်နွေဦး) စီမံကိန်းဟာ ရန်ကုန်မြို့၏ အလယ်ဗဟိုကျသော ဗဟန်းမြို့နယ်တွင် တည်ရှိပါတယ်။


အစားထိုးဖေါ်ထုတ်ရန် ပြန်ရှာ၍မရနိုင်သော နေရာမျိုးဖြစ်ပြီး ရွှေတောင်ကြား ဝင်ဒါမီယာကဲ့သို့ ဆိတ်ငြိမ် လူနေရပ်ကွက်အဖြစ် ဖန်တီးဖေါ်ထုတ်သွားမှာဖြစ်ပါတယ်။ လူနေအိမ်ရာ ပေ ၆ဝ x ပေ ၈၀ အကွက်ပေါင်း ၄၀ နှင့် ပေ ၄၀ x ပေ ၆၀ အကွက်ပေါင်း ၁၂၀ သာ ရောင်းချပေးနိုင်မှာ ဖြစ်ပါတယ်။ အိမ်ရာမြေကွက်များအပြင် Public Area များ၊ ဦးချစ်မောင်လမ်းဘက် အတွက် ဈေးနေရာ ဖန်တီးပေးခြင်းနှင့် အဝင်အထွက်လမ်းများအား သွားလာရေးလွယ်ကူစေရန် ဆက်စပ်ပေးခြင်းများ ပြုလုပ်ပေးသွားပါမှာဖြစ်ပါတယ်။


“Spring Yangon Investment” ရဲ့ Phase II အိမ်ရာစီမံကိန်းများကို  အောက်တိုဘာ ၂၂ ရက် တွင် စတင်ရောင်းချမှာဖြစ်ပါတယ်။ လက်ရှိမှာ EOD ကိုယ်စားလှယ်များထံမှာ ဝယ်ယူလိုသည့် မြေကွက်များအတွက် စာရင်းစတင် ပေးသွင်းနိုင်ပြီဖြစ်ပါတယ်။


========================


📌📌 ၆။ အကြမ်းဖက် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော ကုန်ကြမ်းပစ္စည်းများအားဖောက်ခွဲရေးမိုင်းနဲ့တာဝေးပစ်လက်နက်ကြီးများထုတ်လုပ်


အကြမ်းဖက် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော ကုန်ကြမ်းပစ္စည်းများအားဖောက်ခွဲရေးမိုင်းနဲ့တာဝေးပစ်လက်နက်ကြီးများထုတ်လုပ်လျက်ရှိတယ်လို့ဆိုပါတယ်။ အောက်တိုဘာ ၁၅ ရက်မှာ The Youth Force (Saw&Kyaukhtu) ကအသိပေးဆိုပါတယ်။


"အကြမ်းဖက် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော ကုန်ကြမ်းပစ္စည်းများအား The Youth Force (Saw&Kyaukhtu) လက်နက်ကြီးတပ်ခွဲမှ ဖော က် ခွဲရေး မိုင်း နဲ့ တာဝေးပစ် လက်နက်ကြီးများအဖြစ် ထုတ်လုပ်လျက်ရှိတယ်"လို့ဆိုပါတယ်။ လက်ရှိတွင် မိုင်း အလုံးရေ (၂၀၀) ကျော် ထုတ်လုပ်ထားပြီး ဖြစ်သော်လည်း ဆက်လက် ထုတ်လုပ်နိုင်ရန်အတွက် လိုအပ်သော ဆက်စပ်ပစ္စည်းများ ဝယ်ယူနိုင်ရေး လူထုအကူအညီပေးဖို့ကိုလည်း The Youth Force (Saw&Kyaukhtu)ကဆိုထားပါတယ်။


========================


📌📌 ၇။ ထိုင်းမြန်မာချစ်ကြည်ရေးအမှတ် တံတားထိပ်မြဝတီဘက်အခြမ်း ဗုံးပေါက်ကွဲ၍ ကားတစ်စီး မီးလောင်ပျက်စီး


ထိုင်းမြန်မာချစ်ကြည်ရေးအမှတ် တံတားထိပ်မြဝတီဘက်အခြမ်း ဗုံးပေါက်ကွဲ၍ ကားတစ်စီး မီးလောင်ပျက်စီးခဲ့ပါတယ်။ အောက်တိုဘာ ၁၅ ရက် နာရီအချိန် မှာ မြန်မာနိုင်ငံဘက်ခြမ်း အမှတ် တံတားထိပ်မှာ ပေါက်ကွဲခဲ့တာလို့ ဒေသ သတင်းအရင်းအမြစ်များထံက သတင်းရရှိပါတယ်။


ယင်းပေါက်ကွဲမှုအကြောင်းစုံကို စုံစမ်းအတည်ပြုနေဆဲ ဖြစ်ပြီးတော့ ဒါဟာ ဒုတိယအကြိမ် အမှတ် တံတားအနီးပေါက်ကွဲ ခဲ့ခြင်းဖြစ်ပါတယ်။ ဧပြီလတုန်းကလည်း မြဝတီအမှတ်၁ တံတားအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူထိခိုက်မှုတို့ရှိခဲ့ပါတယ်။


========================


📌📌 ၈။ MDF -ဘုတလင်တပ်ခွဲ ကင်းတဲတစ်ခုအားအကြမ်းဖက် စစ်ကြောင်းအင်အားတစ်ရာခန့်ဝင်စီးရာ ကာကွယ်ရေးတပ်ရဲဘော်နှစ်ဦး ကာပစ်ပေးရင်းကျဆုံး


MDF -ဘုတလင်တပ်ခွဲ ကင်းတဲတစ်ခုအားအကြမ်းဖက် စစ်ကြောင်းအင်အားတစ်ရာခန့်ဝင်စီးရာ ကာကွယ်ရေးတပ်ရဲဘော်နှစ်ဦး ကာပစ်ပေးရင်းကျဆုံးခဲ့ပါတယ်။ အောက်တိုဘာ ၁၅ ရက် စစ်ကိုင်းတိုင်းရှိ MDF -ဘုတလင်တပ်ခွဲကင်းတဲတစ်ခုကို စကစတပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ MDF ကဖော်ပြပါတယ်။


"ယနေ့ မနက် ၄နာရီ၄၅မိနစ်အချိန်မှာ စစ်ကောင်စီစစ်ကြောင်းမှ စခ အင်အား ၁၀၀ ဝန်းကျင်ဖြင့် MDF -ဘုတလင်တပ်ခွဲ၏ ကင်းတဲတစ်ခုအား အလစ်ဝင်ရောက်ပစ်ခတ်ရာ  MDF-Special Force ရဲဘော် ကိုဝေယံဦး  နှင့် MDF-ဘုတလင် ရဲဘော် ကိုဖြိုးကိုကိုအောင် တို့ ဦးမှာ ကျန်ရဲဘော်များ ဆုတ်ခွာနိုင်ရန် ကာပစ် ပေးရင်း တော်လှန်ရေးအတွက် ရဲစွမ်းသတ္တိရှိစွာ ကျဆုံးခဲ့ရပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာမြေပြင်အခြေအနေကို အသေးစိတ်ကို ထပ်မံ တင်ပြမယ်လို့ Myanmar Defense Force ကဆိုပါတယ်။


========================


📌📌 ၉။ ပလက်ဝမြို့နယ်၊ ခဝဲမဟာဗျူကုန်း စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်(၁၈)ယောက်ထဲမှ () ယောက်ကို (AA) အရှင်ဖမ်းဆီးရမိ


ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ခဝဲမဟာဗျူကုန်း စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၈) ယောက်ထဲမှ  ()ယောက်ကို (AA) အရှင်ဖမ်းဆီးရမိတယ်လို့သတင်းရရှိပါတယ်။ အောက်တိုဘာ ၁၄  ရက် မွန်းလွဲ နာရီ မိနစ် ၄၀ခန့်တွင်  ခဝဲဗျူဟာကုန်းမှ အဘောင်သား ကျေးရွာအနီးသို့ ရိက္ခာလာယူသည့် စစ်ကြောင်းကို ရခိုင့်တပ်တော်AAကတိုက်ခိုက်ခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်များကအတည်ပြုပါတယ်။


နှစ်ဘက်ထိတွေ့တိုက်ပွဲ နာရီဝက်ခန့်ဖြစ်ပွားခဲ့ကာ စကစတပ်သား ဦးကိုအရှင်ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းများလည်းသိမ်းဆည်းရမိခဲ့ပါတယ်။ နှစ်ဘက်တိုက်ပွဲဖြစ်ပွားနေစဉ် ခမရ (၂၈၉) မှ ခဝဲဗျူဟာဘက်သို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ပြီး နှစ်ဖက် တိုက်ပွဲမှာရခိုင့်တပ်တော်ပစ်ခတ်လို့ စကစတပ်က သုံးဦးသေဆုံးခဲ့ပါတယ်။


========================


📌📌 ၁၀။ ဆားလင်းကြီး ရဲစခန်းကို ပို့ဆောင်မဲ့ ဆန်အိတ်ခုနစ်အိတ်နဲ့ မုန့်ခြောက်အပါအဝင် သေနတ်အတိုတစ်လက်ဖမ်းဆီးရမိ


စစ်ကိုင်းတိုင်း ဆားလင်းကြီး ရဲစခန်းကို ပို့ဆောင်မဲ့  မုန့်ခြောက်အပါအဝင် သေနတ်အတိုတစ်လက်ဖမ်းဆီးရမိခဲ့တယ်လို့သတင်းရရှိပါတယ်။ အောက်တိုဘာ ၁၅ ရက်မှာ ဆားလင်းကြီး SG ZPDF ကအသိပေးဆိုပါတယ်။


"အောက်တိုဘာ၁၁ရက် ဆားလင်းကြီးရဲစခန်းအတွက် ရိက္ခာသယ်ဆောင်လာသောကားကို ဆားလင်းကြီး GZပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စစ်ဆေးရေးဂိတ် မှာသက်သေနဲ့တကွ ဖမ်းဆီးရမိခဲ့ပါတယ်"လို့ဆိုပါတယ်။ ကားပေါ်မှ ဆန်အိတ် ခုနစ်အိတ် မုန့်ခြောက်နဲ့ ပစတိုသေနတ် တစ်လက်သိမ်းဆည်းရမိခဲ့ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment