20th NOV 2022 - Morning Daily News by Radio NUG

၂၀၂၂ နိုဝင်ဘာလ ၂၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အောင်လ အင်ဆန်အနိုင်ရရှိမှုဟာ ဒုက္ခရောက်နေတဲ့ ပြည်သူလူထုအတွက် ဝမ်းမြောက်ပျော်ရွင်ဖွယ် အခိုက်အတန့် တစ်ရပ် ဖြစ်စေခဲ့တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံ

📌 ၃။ မတူပီ မြို့သူမြို့သားတွေရဲ့ လုံခြုံရေးကံကြမ္မာ မတူပီ CDF မှာရှိနေပြီလို့ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာပြောကြား

📌 ၄။ မြန်မာပြည်သူလူထုအားလုံး စုစည်းတိုက်ပွဲဝင်ရလဒ်ကြောင့် အာဆီယံ က တို့ NUG ရဲ့တောင်းဆိုချက်တွေကို အလေးထားလာတာတွေ့ရတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ဆို

📌 ၅။ နိုင်ငံတကာဆက်ဆံရေးကဏ္ဍ နှင့် ဆက်သွယ်ဆက်ဆံရေးကဏ္ဍတို့ တိုးမြှင့်လုပ်ဆောင်နိုင်ရေးနှင့်  စပ်လျဉ်း၍ ဆွေးနွေး

📌 ၆။ အီတလီနိုင်ငံ (Napoli) မြို့ကြီးမှာ နိုဝင်ဘာလ ၂၆ ရက်နေ့ မိုးခါးရေ ရုပ်ရှင်ပြသမယ်

📌 ၇။ စစ်ကောင်စီတပ်စွဲထားသောနေရာသို့သွားရောက်ပီး စစ်တပ်ထုက်ကုန် မသုံးကြဖို့ သပိတ်မှောက်

📌 ၈။ စစ်ကိုင်းမြို့နယ် တောင်ရင်းကျေးရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးရာ တစ်ရက်တည်း အိမ်ခြေ ၉၀၀ နီးပါး မီးလောင်ဆုံးရှုံး

📌 ၉။ စစ်ကိုင်းတပ်မ (၃၃)မှ မုံရွာသို့သွားသောစစ်ကား (၂၂) စီးနှင့်မုံရွာမှစစ်ကိုင်းသို့သွားသောစစ်ကားယာဉ်တန်းအားကာကွယ်ရေးတပ်ဖွဲ့များမိုင်းဆွဲတိုက်ခိုက်ရာ အယောက်၂၀ ခန့်ထိခိုက်သေဆုံးနိုင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အောင်လ အင်ဆန်အနိုင်ရရှိမှုဟာ ဒုက္ခရောက်နေတဲ့ ပြည်သူလူထုအတွက် ဝမ်းမြောက်ပျော်ရွင်ဖွယ် အခိုက်အတန့် တစ်ရပ် ဖြစ်စေခဲ့တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား


အောင်လ အင်ဆန်အနိုင်ရရှိမှုဟာ ဒုက္ခရောက်နေတဲ့ ပြည်သူလူထုအတွက် ဝမ်းမြောက်ပျော်ရွင်ဖွယ် အခိုက်အတန့် တစ်ရပ် ဖြစ်စေခဲ့တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြားလိုက်ပါတယ်။ နိုဝင်ဘာ ၁၉ ရက် ညပိုင်းမှာ ယာယီသမ္မတ ဒူဝါလရှီးလကဆိုခဲ့ပါတယ်။


"မြန်မာ့ဂုဏ်ဆောင် အောင်လ အင်ဆန် (Nsang Awng La) အနိုင်ရရှိလို့ ဂုဏ်ယူမိပါတယ်။အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုရဲ့ ဖိနှိပ်သတ်ဖြတ်ဖမ်းဆီးမှုများကြောင့် နေ့စဥ် စိတ်ဒုက္ခရောက်နေသည့် ပြည်သူလူထုအတွက် ဝမ်းမြောက်ပျော်ရွင်ဖွယ် အခိုက်အတန့် တရပ် ဖြစ်စေပါတယ်။ယနေ့ည အောင်မြင်မှု ရလဒ်နှင့်အတူ မြန်မာပြည်တစ်ရပ်လုံးလည်း အာဏာရှင်တော်လှန်ရေး ခရီး အောင်မြင်သည့် နေ့ရက်တစ်ရက် အမြန်ဆုံး ရောက်လာတော့မှာ ဖြစ်ပါတယ်"လို့ ယာယီသမ္မတ ကဆိုပါတယ်။ စင်ကာပူနိုင်ငံ၊ Singapore Indoor Stadium နိုဝင်ဘာ ၁၉ ရက်ညက One Championship One 163 ပြိုင်ပွဲတွင် မြန်မာနိုင်ငံသား အောင်လအန်ဆန်က ဂျပန်နိုင်ငံသား အိုကာမီအားယှဥ်ပြိုင်ထိုးသတ်၍ ပထမအချီ၌ပင် အလဲထိုးအနိုင်ယူခဲ့ပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံ


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံခဲ့ပါတယ်။ နိုဝင်ဘာလ ၁၉ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (/၂၀၂၂)ကိုကျင်းပခဲ့ပါတယ်။ အစည်းအဝေးတွင် ကျန်းမာရေး၀န်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာဇော်ဝေစိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။ ဆက်လက်၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနမှ ဆောင်ရွက်နေသာ မူဝါဒများကို ရှင်းလင်း‌ပြောကြားခဲ့ပြီးနောက် ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့် မူဝါဒပိုင်းဆိုင်ရာသိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။


ဆက်လက်ပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးမင်းဇေယျာဦးမှ‌  ပြောကြားခဲ့ပါတယ်။ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးများ၊  အမြဲတမ်းအတွင်းဝန်များနှင့် ဌာနအသီးသီးမှ တာဝန်ရှိသူများ၊ ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ မတူပီ မြို့သူမြို့သားတွေရဲ့ လုံခြုံရေးကံကြမ္မာ မတူပီ CDF မှာရှိနေပြီလို့ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာပြောကြား


မတူပီ မြို့သူမြို့သားတွေရဲ့ လုံခြုံရေးကံကြမ္မာ မတူပီ CDF မှာရှိနေပြီလို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာကပြောကြားလိုက်ပါတယ်။ နိုဝက်ဘာ ၁၉ ရက် ကျင်းပတဲ့ CDF-Matupi ရဲဘော်များအတွက် CDF-Matupi Fundraising Committee မှ ရန်ပုံငွေရှာဖွေခြင်း Live Charity Concert မှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာကပြောကြားခဲ့ပါတယ်။


"အနည်းဆုံးပြောရရင်တော့ မတူပီ မြို့သူမြို့သားတွေရဲ့ လုံခြုံရေးကံကြမ္မာက မတူပီ CDFမှာရှိနေပြီလေ။ဒါကလည်း မတူပီ CDFလက်ထဲ လုံခြုံရေး တစ်စိတ်တစ်ပိုင်းရောက်ပြီဆိုတာက ဒါမတူပီသားတွေရဲ့ လက်ထဲကိုရောက်တာပါပဲ။ဒါကိုက ဖက်ဒရယ်ပါပဲ"လို့ဝန်ကြီးကဆိုပါတယ်။ လက်ရှိ ချင်းပြည်နယ်အား တိုင်းရင်းသား တော်လှန်ရေးအင်အားစုမှ အတိုင်းအတာတစ်ခုထိ ထိန်းသိမ်းထားနိုင်သော်လည်း အကြမ်းဖက် စစ်တပ်က အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများနဲ့လေကြောင်း အလွန်အကျွံ ပစ်မှတ်ထားတိုက်ခိုက်မှုတို့ရှိနေဆဲ ဖြစ်ပါတယ်။


========================


📌📌 ၄။ မြန်မာပြည်သူလူထုအားလုံး စုစည်းတိုက်ပွဲဝင်ရလဒ်ကြောင့် အာဆီယံ က တို့ NUG ရဲ့တောင်းဆိုချက်တွေကို အလေးထားလာတာတွေ့ရတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ဆို


မြန်မာပြည်သူလူထုအားလုံး စုစည်းတိုက်ပွဲဝင်ရလဒ်ကြောင့် အာဆီယံ က တို့ NUG ရဲ့တောင်းဆိုချက်တွေကို အလေးထားလာတာတွေ့ရတယ်လို့ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေး နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကဆိုပါတယ်။ နိုဝင်ဘာ ၁၉ ရက် ကျင်းပတဲ့ CDF-Matupi ရဲဘော်များအတွက် CDF-Matupi Fundraising Committee မှ ရန်ပုံငွေရှာဖွေခြင်း Live Charity Concert မှာ ဝန်ကြီးကပြောကြားခဲ့ပါတယ်။


"အာဆီယံ ကလည်း စစ်ကောင်စီကိုအဆင့်မြင့်အစည်းအဝေးတွေ မဖိတ်ဖို့ကိစ္စမျိုးတွေဖြစ်လာတယ်။ အာဆီယံ ကိုသည်ပင်လျှင်ကျနော်တို့NUGရဲ့တောင်းဆိုချက်တွေကို အလေးထားလာတာတွေ့ရတယ်။ဒါတွေဟာ ကျနော်တို့အားလုံး စည်းစည်းလုံးလုံးနဲ့ တိုက်ပွဲဝင်လာတဲ့ အကျိုးကျေးဇူးရလဒ်တွေ တဖြည်းဖြည်းရလာတာဖြစ်တယ်"လို့ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရကို အာဆီယံက တွေ့ဆုံဆွေးနွေးနိုင်ဖွယ်ရှိနေပြီးတော့ မြန်မာအရေးကိုလည်း အာဆီယံက အချိန်အကန့်အသတ်နဲ့ကိုင်တွယ်မယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ နိုင်ငံတကာဆက်ဆံရေးကဏ္ဍ နှင့် ဆက်သွယ်ဆက်ဆံရေးကဏ္ဍတို့ တိုးမြှင့်လုပ်ဆောင်နိုင်ရေးနှင့်  စပ်လျဉ်း၍ ဆွေးနွေး


နိုင်ငံတကာဆက်ဆံရေးကဏ္ဍ နှင့် ဆက်သွယ်ဆက်ဆံရေးကဏ္ဍတို့ တိုးမြှင့်လုပ်ဆောင်နိုင်ရေးနှင့်  စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါတယ်။ နိုဝင်ဘာ ၁၉ ရက်နေ့ဗီဒီယိုကွန့်ဖရင့်မှတစ်ဆင့် CRPH နိုင်ငံတကာဆက်ဆံရေးကဏ္ဍ နှင့် ဆက်သွယ်ဆက်ဆံရေးကဏ္ဍတို့ တိုးမြှင့်လုပ်ဆောင်နိုင်ရေးနှင့်  စပ်လျဉ်း၍ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုကျင်းပခဲ့ပါတယ်။


အစည်းအဝေးမှာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ သုံးလတာအတွင်း ဆက်လက်ဆောင်ရွက်သွားမည့် နိုင်ငံတကာလွှတ်တော်များ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်မှု၊ ပူးပေါင်း‌ဆောင်ရွက်မှုနှင့် ဆက်သွယ်ဆက်ဆံရေးကဏ္ဍ တိုးမြှင့် လုပ်ဆောင်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ ဦးစားပေးကဏ္ဍများနှင့် မိတ်ဖက် အကူအညီပေးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း  ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။ အစည်းအဝေးသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်း၊ အတွင်းရေးမှူး ဦးတင်ကိုကိုဦး၊ ကော်မတီအဖွဲ့ဝင်များ၊  CRPH အကြံပေး ကျွမ်းကျင်သူ Ms. Janelle Saffin (ဩစ‌ တြေးလျပါလီမန်အမတ်)နှင့် ရုံးအဖွဲ့တို့ တက်ရောက်ခဲ့ကြပါတယ်။


နိုင်ငံတကာဆက်ဆံရေးကော်မတီသည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ သံတမန်ဆက်ဆံရေးကို တာဝန်ခံဆောင်ရွက်နေသည့် ကော်မတီတစ်ရပ်ဖြစ်ပြီး မြန်မာပြည်သူများအပေါ်၌ အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များ၊ ရာဇဝတ်မှုများကို ကမ္ဘာ့လွှတ်တော်များ၊ လွှတ်တော်အဖွဲ့အစည်းများက ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးနှင့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ သက်ဆိုင်ရာ အစိုးရများသို့ တိုက်တွန်းခြင်းကဲ့သို့ အကူအညီများ ရရှိနိုင်ရေး နိုင်ငံတကာလွှတ်တော်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပါလီမန်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၆။ အီတလီနိုင်ငံ (Napoli) မြို့ကြီးမှာ နိုဝင်ဘာလ ၂၆ ရက်နေ့ မိုးခါးရေ ရုပ်ရှင်ပြသမယ်


အီတလီနိုင်ငံ (Napoli) မြို့ကြီးမှာ နိုဝင်ဘာလ ၂၆ ရက်နေ့ မိုးခါးရေ ရုပ်ရှင်ပြသမယ်လို့သတင်းရရှိပါတယ်။ နိုဝင်ဘာ ၁၉ ရက်မှာ မိုးခါးရေ ရုပ်ရှင်ပြသရေးကော်မတီကအသိပေးဆိုပါတယ်။


"မသောက်မိသော မိုးခါးရေ ရုပ်ရှင်ကို မီလန်မြို့၊ ရောမမြို့များအပြင် အီတလီနိုင်ငံရဲ့ နောက်ထပ် အထင်ကရ မြို့ကြီးတစ်မြို့မှာလည်း ကြည့်ရှုအားပေးနိုင်မယ့်အကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ ထင်ရှားလှတဲ့ ဗီဆူးဗီးယပ်မီးတောင်နဲ့ ယှဥ်တွဲမှတ်မိနေကြတဲ့ နေပယ်လ်ကမ်းခြေမြို့ (Napoli) မြို့ကြီးမှာ နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေ ခြောက်နာရီခွဲကနေစပြီး အခမ်းအနားအစီအစဥ်အမျိုးမျိုးနဲ့ ပြသသွားမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင်ရုပ်ရှင်အပြီးမှာလည်း မြန်မာ့ရိုးရာညနေစာကိုလည်း သုံးဆောင်နိုင်မှာဖြစ်ပါတယ်။ မသောက်မိသောမိုးခါးရေရုပ်ရှင်ဇာတ်လမ်းကို ဒါရိုက်တာကိုပေါက်ရိုက်ကူးခဲ့ကာ CDM ဗိုလ်ကြီးတစ်ဦးရဲ့ ဇာတ်လမ်းကိုအခြေခံ ရိုက်ကူးခဲ့ပါတယ်။


========================


📌📌 ၇။ စစ်ကောင်စီတပ်စွဲထားသောနေရာသို့သွားရောက်ပီး စစ်တပ်ထုက်ကုန် မသုံးကြဖို့ သပိတ်မှောက်


စစ်ကောင်စီတပ်စွဲထားသောနေရာသို့သွားရောက်ပီး စစ်တပ်ထုက်ကုန် မသုံးကြဖို့ သပိတ်မှောက်ခဲ့ကြပါတယ်။ နိုဝင်ဘာ ၁၉ ရက်ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်စစ်ကြောင်းမှ စစ်ကောင်စီတပ်စွဲထားသော နယ်မြေတစ်ခုသို့ သွားရောက်ပြီး

ပြောက်ကြားသပိတ်လှုပ်ရှားခဲ့တယ်လို့ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်ကော်မတီကဆိုပါတယ်။

 

"ပြည်သူလူထုများသွေးမအေးစေရန်နှင့် စစ်တပ်ထုက်ကုန်များအသုံးမပြုကြရန် ရည်ရွယ်ချက်ဖြင့် သပိတ်ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်"လို့ဆိုပါတယ်။ သပိတ်လှုပ်ရှားမှုတွင်စစ်ကောင်စီထုက်ကုန်များမရောင်းချစေရန်အတွက်လည်း ကုန်စုံဆိုင်အနီးနားများတွင် လက်ကမ်းစာစောင်များ ကပ်ခြင်းများပြုလုပ်ခဲ့ပါတယ်။


========================


📌📌 ၈။ စစ်ကိုင်းမြို့နယ် တောင်ရင်းကျေးရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးရာ တစ်ရက်တည်း အိမ်ခြေ ၉၀၀ နီးပါး မီးလောင်ဆုံးရှုံး


စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် တောင်ရင်းကျေးရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးရာ တစ်ရက်တည်း အိမ်ခြေ ၉၀၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ နိုဝင်ဘာ ၁၉ ရက်မှာ စစ်ကိုင်းဒေသခံများကအတည်ပြုဆိုပါတယ်။


နို၀င်ဘာ ၁၈ နေ့လည်ပိုင်းကစစ်ကိုင်းမြို့နယ် တောင်ရင်းကျေးရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ မီးလောင်ဆုံးရှုံးမှုအရ တောင်ရင်းမြောက်ရွာ ၅၀၃ အိမ်၊တောင်ရင်းတောင်ရွာ ၂၅၅ အိမ်၊ရွာသစ် ၁၂၅ အိမ် စုစုပေါင်း ၈၈၃ အိမ်ကို စကစတပ်ကမီးရှို့ဖျက်ဆီးခဲ့ပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာစစ်ကိုင်းမြို့နယ်၊ တောင်ရင်းအုပ်စု မီးဘေးသင့်/စစ်ရှောင် လူဦးရေ ၄၂၀၀ ကျော်ရှိပြီးတော့ အကူအညီများလိုအပ်လျက်ရှိပါတယ်။


========================


📌📌 ၉။ စစ်ကိုင်းတပ်မ (၃၃)မှ မုံရွာသို့သွားသောစစ်ကား (၂၂) စီးနှင့်မုံရွာမှစစ်ကိုင်းသို့သွားသောစစ်ကားယာဉ်တန်းအားကာကွယ်ရေးတပ်ဖွဲ့များမိုင်းဆွဲတိုက်ခိုက်ရာ အယောက်၂၀ ခန့်ထိခိုက်သေဆုံးနိုင်


စစ်ကိုင်းတပ်မ (၃၃)မှ မုံရွာသို့သွားသောစစ်ကား (၂၂) စီးနှင့်မုံရွာမှစစ်ကိုင်းသို့သွားသောစစ်ကားယာဉ်တန်းအားကာကွယ်ရေးတပ်ဖွဲ့များမိုင်းဆွဲတိုက်ခိုက်ရာ အယောက်၂၀ ခန့်ထိခိုက်သေဆုံးနိုင်ပါတယ်။ နိုဝင်ဘာလ ၁၉ ရက်မှာစစ်ရေးသတင်းကို People's Army To Fight Dictatorship ကအသိပေးဆိုပါတယ်။


"နိုဝင်ဘာလ ၁၉ ရက်နေ့  စစ်ကိုင်းတပ်မ(၃၃)မှ မုံရွာသို့သွားသောစစ်ကား (၂၂) စီးနှင့်မုံရွာမှစစ်ကိုင်းသို့သွားသောစစ်ကားတန်းအား နေ့လည် (၁၂) နာရီမှ () နာရီ အချိန်ထိ အလ္လကပ္ပနှင့်ဝမ်းပြည့်ရွာကြား တွင် () ကြိမ် မြင်းမူမြို့နှင့်ဝမ်းပြည့်ကြားတွင် () ကြိမ်မဟာမိတ်အဖွဲ့များသည်ပဒေသာမိုင်း.ခြောက်ပွိုင့်ဆွဲပြီး ၄၀မမ နှင့်ဧည့်ခံခဲ့ပါတယ်"လို့ဆိုပါတယ်။ စစ်ဆင်ရေးကို People's Army To Fight Dictatorship (PAFD) PDF(MMU) People's knight Defense Force Myinmu (PKDF-MMU)TAUNGTHA People Defense Force (TTAPDF) D.B.B.F-MMU တို့ပါဝင်ခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment