14th DEC 2022 - Morning Daily News by Radio NUG


၂၀၂၂ ဒီဇင်ဘာလ ၁၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်ကောင်စီရဲ့ စစ်ရေးအရှိုက်ကို ထိုးနှက်နိုင်ဖို့ နိုင်ငံရေးအရ လုပ်နိုင်သမျှ ကိစ္စရပ်အားလုံးကို လုပ်ကြရလိမ့်မယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြားလိုက်

📌 ၂။ များမကြာမီနိုင်ငံတကာ အကူအညီတွေရောက်လာတော့မယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်အသိပေး

📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးများနဲ့ ယူကေရောက်မြန်မာပြည်သူများ နွေဦးတော်လှန်ရေးအကြောင်းတွေ့ဆုံဆွေးနွေး

📌 ၄။ ကချင်ပြည်နယ်မှာ စစ်ပြေးဒုက္ခသည် တစ်သိန်းကျော် ခုထိ နေအိမ်မပြန်ရသေးဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆို

📌 ၅။ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ LGBT အရေးလှုပ်ရှားသူ မစူးရှ ရှင်းသန့်ကို စစ်ကောင်စီ မန္တလေး အိုးဘိုထောင်တွင်းတရားရုံးကစုစုပေါင်း ထောင်ဒဏ် ၂၅ နှစ် ချမှတ်

📌 ၆။ ကရင်လူမျိုးလွတ်လပ်မှုကို အမြန်ဆုံးရရှိစေရန် အခြားသော တိုင်းရင်းသားလူမျိုးစုများနှင့်အတူတကွ လက်တွဲကာရန်သူများကို တိုက်ထုတ်ရမယ်လို့ ဗိုလ်ချုပ် စောနယ်ဒါးမြဆို

📌 ၇။ ရန်ကုန်တော်လှန်ရေးအဖွဲ့အစည်းအချို့ရဲဘော်များနှင့် အရပ်သားလူငယ်တစ်ချို့ တစ်ပတ်အတွင်း အယောက် ၃၀ နဲ့အထက်ဖမ်းဆီးခံရ

📌 ၈။ ဘက်ဒီ ချီတပ် ခွေးတပ်ပျက်ကမ်ပိန်းကနေ Ticket ပေါင်း (၁၆၀၀) ဝန်းကျင်နဲ့ ငွေတန်ဖိုးက သိန်း (၉၀၀) ကျော်ရောင်းချထားရ

📌 ၉။ ကောလင်းနယ် ပေပင်ချောင်မှာ အကြမ်းဖက်စစ်တပ်က ရွာကိုမီးရှို့၍ ဒေသခံငါးဦးကို သတ်ဖြတ်ထားခဲ့

📌 ၁၀။ ကင်းလှည့်လာတဲ့ စကစတပ်များကိုမင်းတပ် မိုင် ဖာလုံတွင် CDF-Mindat မှ အနီးကပ်တိုက်ခိုက်ခဲ့ပြီး စကစ ဘက်မှ ဦးသေ၊ ဦးဒဏ်ရာအပြင်းအထန်ရရှိ

📌 ၁၁။ ကန့်ဘလူမြို့နယ်၊ MEC  ထောက်ပို့တပ် (ဇီးကုန်း)မှ ဆူးတပ်ရွာသို့ စစ်ကြောင်းထိုးလာသော အင်အား (၃၀) ပါ ရှေ့ပြေးစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်ကောင်စီရဲ့ စစ်ရေးအရှိုက်ကို ထိုးနှက်နိုင်ဖို့ နိုင်ငံရေးအရ လုပ်နိုင်သမျှ ကိစ္စရပ်အားလုံးကို လုပ်ကြရလိမ့်မယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြားလိုက်


အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်ကောင်စီရဲ့ စစ်ရေးအရှိုက်ကို ထိုးနှက်နိုင်ဖို့ နိုင်ငံရေးအရ လုပ်နိုင်သမျှ ကိစ္စရပ်အားလုံးကို လုပ်ကြရလိမ့်မယ်လို့ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။ ဒီဇင်ဘာ (၁၃) ရက် အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၈) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားခဲ့ပါတယ်။


"အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်ကောင်စီရဲ့ စစ်ရေးအရှိုက်ကို ထိုးနှက်နိုင်ဖို့ နိုင်ငံရေးအရ လုပ်နိုင်သမျှ ကိစ္စရပ်အားလုံးကို လုပ်ကြရပါလိမ့်မယ်။ တစ်ဖက်မှာလည်း အရပ်သားသေကြေမှုတွေ နည်းနိုင်သမျှ နည်းအောင်လုပ်ရမှာဖြစ်သလို မိမိတို့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေရဲ့ ရဲဘော် ရဲဘက်တွေ အကျအဆုံး နည်းနိုင်သမျှ နည်းရေးကို အဓိကလုပ်ဆောင်ကြဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲဟာ စစ်ရေးအောင်နိုင်မှုနဲ့ နိုင်ငံရေးအရ ခိုင်ခိုင်မာမာ ထောက်ခံမှု ရှိထားရေး အပေါ်မှာ မူတည်နေတာကြောင့် ခုခံတော်လှန်စစ်မှာ ထင်ထင်ရှားရှား ဆုပ်ကိုင်ပြနိုင်တဲ့ စစ်ရေး အောင်နိုင်မှုတွေရအောင်လည်း ကြိုးစားကြရမယ်လို့ ယာယီသမ္မတ ကထပ်လောင်းပြောပါတယ်။


========================


📌📌 ၂။ များမကြာမီနိုင်ငံတကာ အကူအညီတွေရောက်လာတော့မယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်အသိပေး


များမကြာမီနိုင်ငံတကာ အကူအညီတွေရောက်လာတော့မယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။ ဒီဇင်ဘာ ၁၃ ရက် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၇၈ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ ဝန်ကြီးချုပ်ကထည့်သွင်းပြောပါတယ်။


 များမကြာမှီကာလမှာ ရောက်ရှိလာတော့မှာဖြစ်တဲ့ ထိရောက်တဲ့ နိုင်ငံတကာ အကူအညီတွေကို အရေးကြီးသော နေရာများတွင် ထိ ရောက်စွာ ရောက်ရှိ စီမံခန့်ခွဲနိုင်စေဖို့  နှောင့်နှေးကျန့်ကြာမှုများ မရှိအောင် ယခုကတည်းက ဝန်ကြီးဌာနများ အနေနှင့် ဦးစားပေး လိုအပ်ချက်များကို ပြင်ဆင်ထားကြစေလိုပါတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရကို လူသားချင်းစာနာထောက်ထားသော အကူအညီများပေးအပ်ရန် နိုင်ငံအချို့မှ သဘောတူညီထားပြီးဖြစ်သော်လည်း စစ်ရေးအကူအညီများမှာ လိုအပ်နေဆဲ ဖြစ်ပါတယ်။


========================


📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးများနဲ့ ယူကေရောက်မြန်မာပြည်သူများ နွေဦးတော်လှန်ရေးအကြောင်းတွေ့ဆုံဆွေးနွေး


အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးများနဲ့ ယူကေရောက်မြန်မာပြည်သူများ နွေဦးတော်လှန်ရေးအကြောင်းတွေ့ဆုံဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာလ ၁၁ ရက် က Zoom meeting ကနေတဆင့်တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။


ဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က တော်လှန်ရေး စတင်ချိန်ကနေ ခုချိန်အထိ လက်တွဲနေကြတဲ့ တော်လှန်ရေးရဲဘော်ရဲဘက်တွေကိုလက်ရှိအချိန်အထိဆောင်ရွက်ပြီးစီးမှုတွေ၊ လက်ရှိအခြေအနေ အခက်အခဲတွေမျှဝေလိုကြောင်းပြောခဲ့ပြီး  စီမံဘဏ္ဍာဝန်ကြီးဌာန အနေနဲ့ ငွေတိုက် စာချုပ်များရောင်းချတဲ့ကိစ္စတွေ၊ အာဏာရှင် စံနစ် အဆုံးသတ်ရေး အိမ်ရာ၊ မြေကွက်များ ရောင်းချမှုတွေကနေ တစ်လုံးတစ်ခဲတည်း ရငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းတစ်ရာ ရရှိပြီးဖြစ်တယ်လို့ ဆိုပါတယ်။


နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း အာဆီယံ နိုင်ငံတွေ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေအကြား အမျိုးသားညီညွတ်ရေးအစိုးရရဲ့  လက်ရှိ ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်ရေး သံတမန်ရေးရာ ကိစ္စတွေကိုရှင်းလင်း တင်ပြခဲ့ပါတယ်။


ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ကလည်း ပြည်သူ့ခုခံစစ်ရဲ့လက်ရှိအခြေအနေ တော်လှန်စစ် အတွက်ပြင်ဆင်နေမှုတွေ၊ မဟာမိတ် ERO တွေနဲ့ ပူးပေါင်းဆောင်ရွက်နေမှုတွေကို ပြည့်ပြည့်  စုံစုံ ရှင်းလင်း တင်ပြခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ ကချင်ပြည်နယ်မှာ စစ်ပြေးဒုက္ခသည် တစ်သိန်းကျော် ခုထိ နေအိမ်မပြန်ရသေးဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆို


ကချင်ပြည်နယ်မှာ စစ်ပြေးဒုက္ခသည် တစ်သိန်းကျော် ခုထိ နေအိမ်မပြန်ရသေးဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကဆိုပါတယ်။ ဒီဇင်ဘာ ၁၃ ရက်မှာ ကချင် ပြည်နယ်နဲ့ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကဆိုပါတယ်။


"၂၀၁၁ လောက်မှာ မြန်မာနိုင်ငံကို နိုင်ငံတကာက ဒီမိုကရေစီ ရနေပြီ ဆိုပြီး ဩဘာ ပေးနေချိန် ကချင်ဒေသမှာ တကျော့ပြန် စစ်ဖြစ်တုန်းက ကချင်ဒေသရဲ့ ခါးသီးတဲ့ ဖြစ်ရပ်မျိုးစုံထဲက တစ်ခု ဖြစ်ပါတယ်။ ကချင်ရွာပေါင်းများစွာ မီးရှို့ ဖျက်ဆီးခံရပြီး စစ်ပြေးဒုက္ခသည် တစ်သိန်းကျော် ခုထိ အိမ်မပြန်ရသေးဘူး" လို့ဝန်ကြီးကဆိုပါတယ်။


ကချင်ပြည်နယ်မှာ လက်ရှိ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း လေကြောင်းတိုက်ခိုက်မှုနဲ့ အရပ်သားများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတို့ စကစတပ်များက ကျူးလွန်ခဲ့ပါတယ်။


========================


📌📌 ၅။ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ LGBT အရေးလှုပ်ရှားသူ မစူးရှ ရှင်းသန့်ကို စစ်ကောင်စီ မန္တလေး အိုးဘိုထောင်တွင်းတရားရုံးကစုစုပေါင်း ထောင်ဒဏ် ၂၅ နှစ် ချမှတ်


စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ LGBT အရေးလှုပ်ရှားသူ မစူးရှ ရှင်းသန့်ကို စစ်ကောင်စီ မန္တလေး အိုးဘိုထောင်တွင်းတရားရုံးကစုစုပေါင်း ထောင်ဒဏ် ၂၅ နှစ် ချမှတ်လိုက်ပါတယ်။ ဒီဇင်ဘာ ၁၃ ရက်မှာ LGBT Union Mandalay ကအသိပေးဆိုပါတယ်။


"အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ LGBT အရေးလှုပ်ရှားသူ မစူးရှ ရှင်းသန့်ကို စစ်ကောင်စီ မန္တလေး အိုးဘိုထောင်တွင်းတရားရုံးကစုစုပေါင်း ထောင်ဒဏ် ၂၅ နှစ် ချလိုက်ပါတယ်။အကြမ်းဖက်ပုဒ်မနဲ့ စွပ်စွဲပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ၁၂ရက်ရုံးချိန်းမှာ ထောင်ချလိုက်တာ လို့ တရားရေးအသိုင်းအဝိုင်းကတဆင့်သိရပါတယ်"လို့ဖော်ပြပါတယ်။


မစူးရှရှင်းသန့်ကို ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလ ရက်နေ့ကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ မစူးရှရှင်းသန့်ဟာ လိင်ပြောင်း အမျိုးသမီးတစ်ဦးဖြစ်ပြီးလူငယ့်ရေးရာကော်မတီ ပြည်ထောင်စုအဆင့်ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်ပါတယ်။ ဒါ့အပြင် LGBTQ အရေး တက်ကြွလှုပ်ရှားသူ တစ်ဦး ဖြစ်ကာ Protection of Violence Against Women (POVAW) ဥပဒေကြမ်း ထွက်ပေါ်လာရေးအတွက် ကြိုးပမ်းကြနေတဲ့လုပ်ငန်းစဉ်မှာ ပါဝင်ခဲ့သူ လည်းဖြစ်ပါတယ်။


========================


📌📌 ၆။ ကရင်လူမျိုးလွတ်လပ်မှုကို အမြန်ဆုံးရရှိစေရန် အခြားသော တိုင်းရင်းသားလူမျိုးစုများနှင့်အတူတကွ လက်တွဲကာရန်သူများကို တိုက်ထုတ်ရမယ်လို့ ဗိုလ်ချုပ် စောနယ်ဒါးမြဆို


ကရင်လူမျိုးလွတ်လပ်မှုကို အမြန်ဆုံးရရှိစေရန် အခြားသော တိုင်းရင်းသားလူမျိုးစုများနှင့်အတူတကွ လက်တွဲကာရန်သူများကို တိုက်ထုတ်ရမယ်လို့ ဗိုလ်ချုပ် စောနယ်ဒါးမြဆိုလိုက်ပါတယ်။ KTLA စစ်ဦးစီးချုပ် စောနယ်ဒါးမြမှ ကရင်နှစ်သစ်ကူး (၂၇၆၂) နှစ်ပြည့် မိန့်ခွန်းမှာထည့်သွင်းပြောပါတယ်။


"ကျွန်ုပ်တို့ ကရင်လူမျိုးလွတ်လပ်မှုကို အမြန်ဆုံးရရှိစေရန် အခြားသော တိုင်းရင်းသားလူမျိုးစုများနှင့်အတူတကွ လက်တွဲကာ ရည်မှန်းချက်ပန်းတိုင် ဦးတည်ချက်တူညီသူများနှင့် ပေါင်းစည်းပြီး ရန်သူများကို တိုက်ထုတ်ရမယ်။ လွတ်လပ်မှုဆိုသည်မှာ အလွယ်တကူ မရရှိနိုင်ပါ။ သွေးချွေးပေါင်းများစွာသာမက မိမိ၏ အသက်ပါ ပေးရပါတယ်။ ကျွန်ုပ်တို့၏ ကရင့်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စောဘိုမြပြောကြားခဲ့သော စကားတခွန်းမှာလွတ်လပ်ခြင်းသည် တိုက်ရဲသော သူများအတွက်သာဟူ၍ဖြစ်တယ်"လို့ဆိုပါတယ်။


ဒါ့အပြင်လာမည့် ကရင်နှစ်သစ်ကူးဟာ ကရင်လူမျိုးများအတွက် ပျော်ရွှင်ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံသော နှစ်သစ်ကူးအချိန်အခါဖြစ်ပြီး ကရင်လူမျိုးများ၏ လိုအပ်ချက်ဖြစ်သော အောင်မြင်မှုများကို ရရှိနိုင်သည့် နှစ်သစ်တခု ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းတိုက်တွန်း နှိုးဆော်လိုက်တယ်လို့ဆိုထားပါတယ်။


========================


📌📌 ၇။ ရန်ကုန်တော်လှန်ရေးအဖွဲ့အစည်းအချို့ရဲဘော်များနှင့် အရပ်သားလူငယ်တစ်ချို့ တစ်ပတ်အတွင်း အယောက် ၃၀ နဲ့အထက်ဖမ်းဆီးခံရ


ရန်ကုန်တော်လှန်ရေးအဖွဲ့အစည်းအချို့ရဲဘော်များနှင့် အရပ်သားလူငယ်တစ်ချို့ တစ်ပတ်အတွင်း အယောက် ၃၀ နဲ့အထက်ဖမ်းဆီးခံရပါတယ်။ ဒီဇင်ဘာ ၁၃ ရက် Yangon Drong ကအသိပေးဖော်ပြပါတယ်။


"ရန်ကုန်တော်လှန်ရေးအဖွဲ့အစည်းအချို့ရဲဘော်များနှင့် အရပ်သားလူငယ်တစ်ချို့  ဒီအပတ်အတွင်း အများကြီးဖမ်းစီးခံရတယ် ပစ္စည်းတွေလဲ တော်တော်ဆုံးရှုံးသွားတယ်။ လူငယ်( ၃၀ ) နဲ့အထက်ကို စစ်ခွေးများရဲ့ ဖမ်းစီးခြင်းခံလိုက်ရတယ်" လို့ဆိုပါတယ်။


ဖမ်းဆီးရာမှာရဲဘော်တစ်ယောက်ကိုစဖမ်းမိပြီး ဖမ်းစီးကြောင်းသတင်းမတက်ပဲနောက်ဆက်တွဲ အတွဲလိုက်ဖမ်းဆီးခံရတာလို့ဆိုပါတယ်။ စကစတပ်များက နည်းမျိုးစုံသုံးဖမ်းဆီးရာမှာအပြင်မှာ ချိန်းပြီး ထောင်ဖမ်းခြင်း၊လမ်းမှာ စောင့်ကြည့်ပြီးဖမ်းဆီးခြင်းနဲနေအိမ်ထဲဝင်ရောက် ဖမ်းဆီးခြင်းတို့လုပ်ဆောင်ခဲ့ပါတယ်။


========================


📌📌 ၈။ ဘက်ဒီ ချီတပ် ခွေးတပ်ပျက်ကမ်ပိန်းကနေ Ticket ပေါင်း (၁၆၀၀) ဝန်းကျင်နဲ့ ငွေတန်ဖိုးက သိန်း (၉၀၀) ကျော်ရောင်းချထားရ


ဘက်ဒီ ချီတပ် ခွေးတပ်ပျက်ကမ်ပိန်းကနေ Ticket ပေါင်း (၁၆၀၀) ဝန်းကျင်နဲ့ ငွေတန်ဖိုးက သိန်း (၉၀၀) ကျော်ရောင်းချထားရတယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၁၃ ရက် ညပိုင်းမှာ မမများနဲ့ပွဲကမယ် လူမှုကွန်ရက်စာမျက်နှာကဖော်ပြပါတယ်။


" ဘက်ဒီ့ကိုဂုဏ်ပြုအားပေးဖို့ () ရက်ပဲလိုတော့ပါတယ်။လက်ရှိသတင်းအရ Ticket ပေါင်း (၁၆၀၀) ဝန်းကျင်နဲ့ ငွေတန်ဖိုးက သိန်း (၉၀၀) ကျော်ရောင်းချထားပြီးတဲ့။ဒုဗိုလ်မှူးကြီးဘက်ဒီရဲ့ လည်ပတ်ကလဲ သိန်းထောင်ချီတန်တာတဲ့လား? တန်ဖိုးကြီးလိုက်တာ"လို့ဖော်ပြထားပါတယ်။ အဆိုပါ ခွေးလေး ဘက်ဒီ့ လည်ပတ်အား ကံစမ်းမဲ လက်မှတ်ရောင်းချရာမှ ရရှိလာသော ရန်ပုံငွေများကို တော်လှန်ရေးအတွက် ပြန်လည်အသုံးပြုသွားမှာဖြစ်ပါတယ်။


========================


📌📌 ၉။ ကောလင်းနယ် ပေပင်ချောင်မှာ အကြမ်းဖက်စစ်တပ်က ရွာကိုမီးရှို့၍ ဒေသခံငါးဦးကို သတ်ဖြတ်ထားခဲ့


ကောလင်းနယ် ပေပင်ချောင်မှာ အကြမ်းဖက်စစ်တပ်က ရွာကိုမီးရှို့၍ ဒေသခံငါးဦးကို သတ်ဖြတ်ထားခဲ့ပါတယ်။ ဒီဇင်ဘာ ၁၃ ရက်မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှအချက်အလက်များထုတ်ပြန်ဖော်ပြခဲ့ပါတယ်။


ဒီဇင်ဘာလ ရက်နေ့မှ ၁၂ ရက်နေ့အတွင်း စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်းရှိ ကုက္ကိုကုန်းကျေးရွာ၊ ပေပင်ချောင်ကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာနှင့် လျှော်ဖြူကုန်းကျေးရွာမှ နေအိမ် ၂၂၄ လုံးကို အကြမ်းဖက်စစ်အုပ်စု၏ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့၌ တပ်စွဲထားသော အင်အား ၆၀ ခန့်ရှိ ခမရ ၃၆၃ တပ်နှင့် ချပ်သင်းဒေသ၌ တပ်စွဲထားသော အင်အား ၇၀ ခန့်ရှိ ခမရ ၃၆၉ တပ်တို့က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။


ဒီဇင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းတွင် ပေပင်ချောင်ကျေးရွှာကို ဝင်ရောက်မီးရှို့ခဲ့ပြီး ပြည်သူငါးဦးကို သတ်ဖြတ်ခဲ့တယ်လို့ဖော်ပြပါတယ်။ သတ်ဖြတ်ခံထားရသူများဟာကိုသိန်းအောင်၊ အဲမောင်၊ နိုင်ဝင်းထွန်း၊ ကံမင်းစိုးနှင့် မြင့်စိုးတို့ဖြစ်ကြောင်း သတင်းရရှိပါတယ်။


========================


📌📌 ၁၀။ ကင်းလှည့်လာတဲ့ စကစတပ်များကိုမင်းတပ် မိုင် ဖာလုံတွင် CDF-Mindat မှ အနီးကပ်တိုက်ခိုက်ခဲ့ပြီး စကစ ဘက်မှ ဦးသေ၊ ဦးဒဏ်ရာအပြင်းအထန်ရရှိ


ကင်းလှည့်လာတဲ့ စကစတပ်များကိုမင်းတပ် မိုင် ဖာလုံတွင် CDF-Mindat မှ အနီးကပ်တိုက်ခိုက်ခဲ့ပြီး စကစ ဘက်မှ ဦးသေ၊ ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။ ဒီဇင်ဘာ ၁၃ ရက်မွန်းလွဲပိုင်း အင်အား ၂၀ ခန့်ဖြင့်ကင်းလှည့်လာသော စကစ များကို အနီးကပ်တိုက်ခိုက်ခဲ့တယ်လို့ CDF-Mindat မှအတည်ပြုဆိုပါတယ်။


"အင်အား ၂၀ ခန့်ဖြင့်ကင်းလှည့်လာသော စကစ များအား မင်းတပ် မိုင် ဖာလုံတွင် CDF-Mindat မှ အနီးကပ်တိုက်ခိုက်ခဲ့ပြီး စကစ ဘက်မှ ဦးသေ၊ ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်" လို့ဆိုပါတယ်။ စကစ ဘက်မှ ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ CDF-Mindat ရဲဘော်များ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါတယ်။


========================


📌📌 ၁၁။ ကန့်ဘလူမြို့နယ်၊ MEC  ထောက်ပို့တပ် (ဇီးကုန်း)မှ ဆူးတပ်ရွာသို့ စစ်ကြောင်းထိုးလာသော အင်အား (၃၀) ပါ ရှေ့ပြေးစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်


စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ MEC ထောက်ပို့တပ် (ဇီးကုန်း)မှ ဆူးတပ်ရွာသို့ စစ်ကြောင်းထိုးလာသော အင်အား (၃၀) ပါ ရှေ့ပြေးစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒီဇင်ဘာ ၁၃ ရက် မနက်ပိုင်းမှာ ရှေ့ပြေးစစ်ကြောင်းကို လမ်းခုလပ် တနေရာတွင် ပြောက်ကြားစနစ်ဖြင့် ခုခံတိုက်ခိုက်ခဲ့တယ်လို့ Kanbalu Underground Warriors ကအတည်ပြုဆိုပါတယ်။


"ကန့်ဘလူမြို့နယ် MEC  ထောက်ပို့တပ် (ဇီးကုန်း) မှ ဆူးတပ်ရွာသို့ စစ်ကြောင်းထိုးလာသော အင်းအား (၃၀)ပါ ရှေ့ပြေးစစ်ကြောင်းကို လမ်းခုလပ် တနေရာတွင် ပြောက်ကြားစနစ်ဖြင့် ခုခံတိုက်ခိုက်မှု့ (၁၅) မိနစ်ကြာ ဖြစ်ပွားခဲ့ပါတယ်"လို့ဖော်ပြပါတယ်။ ကာကွယ်ရေး အဖွဲ့ တပ်ပြန်ဆုတ်ခွာချိန် (၁၁:၁၅) မိနစ် တွင် ဆူးတပ်ကျေးရွာကို စကစတပ်နဲ့ ပျူများမှဝင်ရောက်မီးရှို့ခဲ့ကြရာ ယင်း မီးရှို့နေသော စကစတပ် များကို  Kanbalu Underground Warriors မြေပြင်လှုပ်ရှားညီနောင်များ MPF U.18 ကန့်ဘလူတောင်ခြမ်း Local အဖွဲ့များ ပူးပေါင်း၍ 60 mm (12) ဖြင့် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။ ဤပစ်ခတ်တိုက်ခိုက်မှု့ကြောင့် ထိခိုက်သေဆုံးစာရင်းကို မြေပြင်သတင်းစုံစမ်းပြီး တင်ပြပေးသွားပါမယ်လို့ဆိုထားပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်ခင်ဗျာ။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment