၂၀၂၂ ဒီဇင်ဘာလ ၁၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အကြမ်းဖက် စစ်အုပ်စုကို အမြန်ဆုံး အမြစ်ဖြတ် ချေမှုန်းပြီးမှသာ လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ လူ့ဘောင်သစ်တစ်ခုကို ထူထောင်နိုင်မယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြားလိုက်
📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး ကျင်းပ
📌 ၃။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များရှင်းလင်းတင်ပြခြင်း အစီအစဥ်ဒုတိယနေ့ ဆက်လက်ကျင်းပ
📌 ၄။ စစ်ကောင်စီဟာမျက်နှာဖုံးမှန်သမျှ ကွာကျနေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဆို
📌 ၅။ NUG နဲ့ အလှူရှင်ပြည်သူများပူးပေါင်း၍စစ်ဘေးရှောင်ဒေသရှိ အမှန်တကယ်လိုအပ်နေသော အမျိုးသမီးများအတွက် တကိုယ်ရေးအသုံးအဆောင်ပစ္စည်း အိတ် (၂၇၀) ကျော်နှင့် အိမ်ထောင်စု (၃၅၀) ကျော်အတွက် ဆန်အိတ်များကို ထောက်ပံ့ပေးနိုင်ခဲ့
📌 ၆။ ပြည်သူ့ကျိန်စာစူးလေလေ ဖက်ဆစ်တပ်အတွက်အရှုံးနွံနစ်လေလေဖြစ်နေပြီလို့ ဦးမင်းကိုနိုင်ပြောကြား
📌 ၇။ မြောင်မြို့နယ်ကို စကစတပ်များစစ်ကြောင်းထိုး၍နဘက်ရွာပေါ်သို့ စကစတပ်အကြမ်းဖက်များမှ ၆၀ မမနှစ်လုံး လက်နက်ကြီးပစ်ခတ်
📌 ၈။ မန္တလေး (၆၂) လမ်းပေါ်က အဆင့်မြင့်ရဲစခန်းကို ဗုံးပစ်တိုက်ခိုက်ရာ ရဲနှစ်ယောက်ထိခိုက်
📌 ၉။ ရေစကြိုမြို့နယ်၊ထင်းတန်းရပ်ကွက်မှာ စကစတပ်နဲ့ ကာကွယ်ရေးတပ်များ ထိတွေ့တိုက်ပွဲ မှာစစ်ကောင်စီတပ်ဘက်မှ (၄) ဦး သေဆုံးပြီး (၇) ဦး ထိခိုက်ဒဏ်ရာရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အကြမ်းဖက် စစ်အုပ်စုကို အမြန်ဆုံး အမြစ်ဖြတ် ချေမှုန်းပြီးမှသာ လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ လူ့ဘောင်သစ်တစ်ခုကို ထူထောင်နိုင်မယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြားလိုက်
အကြမ်းဖက် စစ်အုပ်စုကို အမြန်ဆုံး အမြစ်ဖြတ် ချေမှုန်းပြီးမှသာ လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ လူ့ဘောင်သစ်တစ်ခုကို ထူထောင်နိုင်မယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာလအတွင်း အစိုးရအဖွဲ့အစည်းအဝေးမှာ ဝန်ကြီးချုပ်ကဆိုပါတယ်။
"အခုလက်ရှိအခြေအနေမှာဆိုရင်လည်း လူမဆန်လွန်းတဲ့ အကြမ်းဖက် စစ်အုပ်စုဟာ ပြည်သူလူထုအပေါ်ကို နည်းလမ်းမျိုးစုံနဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေကို ပြုလုပ်နေ တာအားလုံးအသိပဲဖြစ်ပါတယ်။ ဒီလိုအကြမ်းဖက် စစ်အုပ်စုကို အမြန်ဆုံး အမြစ်ဖြတ် ချေမှုန်းပြီးမှသာ လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့၊ လူလူချင်း ညီညွတ်မျှတ လွတ်လပ်စွာ ရှင်သန်ရပ်တည်နိုင်မယ့် လူ့ဘောင်သစ်တစ်ခုကို ကျွန်တော်တို့ထူထောင်နိုင်မှာဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ပန်းတိုင်ဖြစ် ပါတယ်"လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့မှာ ပြည်သူ့ခုခံတွန်းလှန်စစ်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စတင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရကကြေညာခဲ့ပါတယ်။ လက်ရှိမှာ ပြည်သူ့ခုခံတွန်းလှန်စစ် တစ်နှစ် ကျော်ကာလအတွင်း စကစတပ်ဖွဲ့ဝင် နှစ်သောင်းကျော် ကျဆုံးပြီးဖြစ်ပါတယ်။
========================
📌📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး ကျင်းပ
ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး တစ်ရပ်ကို ဒီဇင်ဘာ၁၅ရက်နေ့က ကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။
အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာ စကားပြောကြားရာတွင် "တက်ရောက်လာကြသော ကော်မတီဝင်များ ကိုယ်စိတ်နှစ်ပါး ကျန်းမာစွာရှိကြပါစေကြောင်း၊ ကော်မတီတွင် ပါဝင်ကြသည့် မူလဝန်ကြီးဌာနများနှင့် ထပ်တိုးဝန်ကြီးဌာနများ အနေဖြင့် စိုးမိုးဒေသများတွင် အုပ်ချုပ်ရေးယန္တရားများ ခိုင်မာအားကောင်းလာစေရေး အစွမ်းကုန်ဆောင်ရွက်နေမှုများကို ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားလိုကြောင်း၊ တော်လှန်ရေးကာလတွင် ကြုံတွေ့နေသည့် အခင်းအကျင်းများ သည် သာမန်အခြေအနေနဲ့ များစွာ ကွာခြားခြင်းများ ရှိမည်ဖြစ်ကြောင်း၊ အခင်းအကျင်းအသစ်တွေကို ကော်မတီမှာ ပါဝင်ကြသည့် ဝန်ကြီးဌာန၏ တာဝန်ရှိသူများက ကိုယ်စွမ်းဉာဏ်စွမ်းများဖြင့် မုချကျော်လွှားနိုင်မည်ဟု ယုံကြည် ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရသည် တော်လှန်ရေးအတွက် ပြည်သူလူထုက ယုံယုံကြည်ကြည်ဖြင့် ပေးအပ်ထားသည့် အစိုးရတစ်ရပ်ဖြစ်သည်နှင့်အညီ ဆောင်ရွက်ချက်များနှင့် ပြောဆိုမှုများသည် အစိုးရတစ်ရပ်နှင့် လျော်ညီစွာ ပြုမှုဆောင်ရွက်ကြရန်ဖြစ်ကြောင်း"ဆိုခဲ့ပါတယ်။
ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်များမှ (၄ဝ/၂၀၂၂) တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်များ၊ ရှေ့လုပ်ငန်း စဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက် ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။
========================
📌📌 ၃။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များရှင်းလင်းတင်ပြခြင်း အစီအစဥ်ဒုတိယနေ့ ဆက်လက်ကျင်းပ
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် “လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်မည့်လုပ်ငန်းစဥ်များ” အား ရှင်းလင်းတင်ပြခြင်း အစီအစဥ်၏ ဒုတိယနေ့အဖြစ် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ဖိတ်ခေါ်တွေ့ဆုံ၍ ရှင်းလင်းတင်ပြခဲ့ပါတယ်။
တွေ့ဆုံဆွေးနွေးပွဲတွင် CRPH ၏ လက်ရှိဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့် ဆက်လက် အကောင်အထည်ဖော်ဆောင်မည့်လုပ်ငန်းစဥ်များအပေါ် ဆွေးနွေးဖလှယ်ခဲ့ကြရာ ရေးရာကော်မတီများ ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များ ပိုမိုခိုင်မာအားကောင်းစွာ ဆောင်ရွက်နိုင်ရေး၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် လက်တွဲလုပ်ဆောင်နိုင်မှုများ အားကောင်းလာစေရေး၊ ပြည်သူများနှင့် တော်လှန်ရေးအတွက် အားကောင်းသော အထောက်အပံ့များ ကူညီလုပ်ဆောင်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရနှင့် အပြန်အလှန်ထိန်းညှိခြင်းနှင့် ပူးပေါင်း ဆောင်ရွက်မှုတို့ တိုးမြှင့်သွားနိုင်ရေးတို့အပေါ် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များသို့ CRPH ၏ ရှင်းလင်းတင်ပြခြင်းအစီအစဥ်များတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌ များနှင့် အတွင်းရေးမှူးများက မေးခွန်းများအပေါ် ရှင်းလင်းဖြေကြားခဲ့တယ်လို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကဖော်ပြပါတယ်။
========================
📌📌 ၄။ စစ်ကောင်စီဟာမျက်နှာဖုံးမှန်သမျှ ကွာကျနေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဆို
စစ်ကောင်စီဟာမျက်နှာဖုံးမှန်သမျှ ကွာကျနေပြီလို့ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာလအတွင်းမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကဆိုထားပါတယ်။
"မျက်နှာဖုံး မှန်သမျှ ကွာကျနေပြီ။ ကန်းစေအောင်အမှောင်ချ ကွယ်ထားခဲ့သမျှတွေ ပြည်သူကစတေးပြ မြင်နေရပြီ"လို့ဝန်ကြီးကဆိုထားပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲကို အကြောင်းပြကာ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပါတယ်။
လက်ရှိ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးလှုပ်ရှားသူမှန်သမျှကို ဖမ်းဆီးအကျဥ်းချရုံသာမက အရပ်သားပြည်သူများကိုလည်း နယ်မြို့များမှာ ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။
========================
📌📌 ၅။ NUG နဲ့ အလှူရှင်ပြည်သူများပူးပေါင်း၍စစ်ဘေးရှောင်ဒေသရှိ အမှန်တကယ်လိုအပ်နေသော အမျိုးသမီးများအတွက် တကိုယ်ရေးအသုံးအဆောင်ပစ္စည်း အိတ် (၂၇၀) ကျော်နှင့် အိမ်ထောင်စု (၃၅၀) ကျော်အတွက် ဆန်အိတ်များကို ထောက်ပံ့ပေးနိုင်ခဲ့
NUG နဲ့ အလှူရှင်ပြည်သူများပူးပေါင်း၍စစ်ဘေးရှောင်ဒေသရှိ အမှန်တကယ်လိုအပ်နေသော အမျိုးသမီးများအတွက် တကိုယ်ရေးအသုံးအဆောင်ပစ္စည်း အိတ် (၂၇၀) ကျော်နှင့် အိမ်ထောင်စု (၃၅၀) ကျော်အတွက် ဆန်အိတ်များကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ NUG အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှအသိပေးဖော်ပြပါတယ်။
"အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ ဦးဆောင်၍ အလှူရှင်များ၏ ကူညီထောက်ပံ့မှုဖြင့် စစ်ဘေးရှောင် ဒေသများသို့ သွားရောက်ကာ ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။စစ်ဘေးရှောင်ဒေသရှိ အမှန်တကယ်လိုအပ်နေသော အမျိုးသမီးများအတွက် တကိုယ်ရေးအသုံးအဆောင်ပစ္စည်း အိတ် (၂၇၀) ကျော်နှင့် အိမ်ထောင်စု (၃၅၀)ကျော်အတွက် ဆန်အိတ်များကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။
အဆိုပါကူညီထောက်ပံ့မှုများကို ဖြစ်မြောက်အောင် ပံ့ပိုးကူညီပေးပါသော အလှူရှင်များနှင့် ပြည်သူများလက်ဝယ်သို့ ရောက်ရှိအောင် ကူညီဆောင်ရွက်ပေးသူများအားလုံးကို မှတ်တမ်းတင် ဂုဏ်ယူကြောင်းဖော်ပြထားပါတယ်။
========================
📌📌 ၆။ ပြည်သူ့ကျိန်စာစူးလေလေ ဖက်ဆစ်တပ်အတွက်အရှုံးနွံနစ်လေလေဖြစ်နေပြီလို့ ဦးမင်းကိုနိုင်ပြောကြား
ပြည်သူ့ကျိန်စာစူးလေလေ ဖက်ဆစ်တပ်အတွက်အရှုံးနွံနစ်လေလေဖြစ်နေပြီလို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဦးမင်းကိုနိုင်ပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာ ၁၅ ရက်မှာ ဦးမင်းကိုနိူင်ကအသိပေးဆိုထားပါတယ်။
"ဒီရက်တွေထဲပဲပြန်ကြည့်ရအောင်။တိုက်ပွဲဝင်မဟာမိတ်တွေကြား AAပြီးတော့ MNDAA ၊စကားမှမဆုံးသေးအခု လတ်တလော ပြည်သူတွေကချစ်စနိုးနာမည်လှလှ ပေးထားတဲ့ TNLA နယ်မြေမှာအပျံသင်မိတဲ့စကစရဟတ်ယဉ်သုံးစီးထိမှန်အတောင်ကျိုးငှက် ခုများမပျံနိုင်ဖြစ်ပုံတွေဟာပြည်သူ့ကျိန်စာစူးလေလေ ဖက်ဆစ်တပ်အတွက်အရှုံးနွံနစ်လေလေပါ"လို့ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှေ့တန်းကို သွေးပျက်နေပြီ ဖြစ်ကာ စစ်ကောင်စီအနေနဲ့လည်း စစ်မျက်နှာပြင်ကို များစွာဖွင့်ထားရတယ်လို့ထပ်လောင်းဆိုပါတယ်။
========================
📌📌 ၇။ မြောင်မြို့နယ်ကို စကစတပ်များစစ်ကြောင်းထိုး၍နဘက်ရွာပေါ်သို့ စကစတပ်အကြမ်းဖက်များမှ ၆၀ မမနှစ်လုံး လက်နက်ကြီးပစ်ခတ်
စစ်ကိုင်းတိုင်း မြောင်မြို့နယ်ကို စကစတပ်များစစ်ကြောင်းထိုးခဲ့ပါတယ်။ ဒီဇင်ဘာ ၁၄ ရက်မှာ မြောင်နယ် MUA တပ်ဖွဲ့ကအတည်ပြုဆိုပါတယ်။
"မြောင်မြို့နယ် ဆွဲလှဲအို ကျေးရွာတွင် (2) ညအိပ် ရောက်နေသောစခတွေ နဘက်ရွာဘက်သို့ ဦးတည်ထွက်လာပြီး နဘက်ရွာပေါ်သို့ စကစ စခအကြမ်းဘက်များမှ ၆၀ မမ နှစ်လုံးလက်နက်ကြီးပစ်ခတ်ရာ တစ်လုံး ရွာလည်ကွဲပြီး တစ်လုံးမကွဲပါ"လို့ဆိုပါတယ်။
စကစတပ်တွေဟာလက်နက်ငယ်တွေ ဖြင့်ပစ်ခက်ပြီး နဘက်ရွာထဲသို့ ဝင်ရောက်နေပြီးစကစ စစ်ကြောင်းထိုးမှု့ကြောင့် စစ်ရှောင်ပြည်သူများ ကူးတို့ကုန်းရွာ၊ လှေတင်ဦးရွာ၊ ဖွားစောရွာ ဆွဲလှဲအိုရွာနှင့် နဘက် ဘုရင်ဂျီ ရှိ ပြည်သူများ လွတ်ရာသို့ ပြေးရှောင်နေရပါတယ်။
========================
📌📌 ၈။ မန္တလေး (၆၂) လမ်းပေါ်က အဆင့်မြင့်ရဲစခန်းကို ဗုံးပစ်တိုက်ခိုက်ရာ ရဲနှစ်ယောက်ထိခိုက်
မန္တလေး (၆၂) လမ်းပေါ်က အဆင့်မြင့်ရဲစခန်းကို ဗုံးပစ်တိုက်ခိုက်ရာ ရဲနှစ်ယောက်ထိခိုက်ခဲတယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ (၁၅) ရက်၊ ညနေ (၄) နာရီကျော်က မန္တလေးမြို့ (၆၂) လမ်း အဆင့်မြင့်ရဲစခန်း ဂိတ်ပေါက်ကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ မန္တလေးမြို့ပြပြောက်ကျား Anonymous Force Mandalay ကအတည်ပြုဆိုပါတယ်။
"Happy 1 year Anni လက်ဆောင်အဖြစ်အဆင့်နိမ့်ရဲစခန်းကို လျက်စားကျွေးထားတယ်"လို့ Anonymous Force MDYကဆိုပါတယ်။
ဒီဇင်ဘာ(၁၅)ရက်၊ ညနေ (၄) နာရီကျော်က မန္တလေးမြို့ (၆၂) လမ်း အဆင့်မြင့်ရဲစခန်း ဂိတ်ပေါက်က စစ်အုပ်စုကို Anonymous Force MDY နှင့်အတူ မဟာမိတ်တွေဖြစ်တဲ့ NGU:FF (မြေခွေးတပ်ဖွဲ့)၊ VOMDY-Front Warrior ၊ Truthkepping Force AMA တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
========================
📌📌 ၉။ ရေစကြိုမြို့နယ်၊ထင်းတန်းရပ်ကွက်မှာ စကစတပ်နဲ့ ကာကွယ်ရေးတပ်များ ထိတွေ့တိုက်ပွဲ မှာစစ်ကောင်စီတပ်ဘက်မှ (၄) ဦး သေဆုံးပြီး (၇) ဦး ထိခိုက်ဒဏ်ရာရ
မကွေးတိုင်း ရေစကြိုမြို့နယ်၊ထင်းတန်းရပ်ကွက်မှာ စကစတပ်နဲ့ ကာကွယ်ရေးတပ်များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ ဒီဇင်ဘာ ၁၅ ရက်မှာ စစ်ရေးသတင်းကို Myingyan Black Tiger (MBT) ဖော်ပြအသိပေးဆိုပါတယ်။
"မကွေးတိုင်းဒေသကြီး၊ရေစကြိုမြို့နယ်၊ထင်းတန်းရပ်ကွက်တွင် ပွိုင့်တစ်ခုလုပ်ဆောင်ရန်အတွက် Myingyan Black Tiger (MBT)က ညီနောင်မဟာမိတ်များမှ လူစု၍ အနားယူနေစဥ် စစ်ကောင်စီလက်အောက်ခံ ပျူ(ဒလန်)များ သတင်းပေးတိုင်ကြားမှုကြောင့် အပြန်အလှန်မှုများ ဖြစ်ပေါ်ခဲ့ပါတယ်။စစ်ကောင်စီဘက်မှ ပြည်သူတစ်ဦးအား လူသားဒိုင်ကာအဖြစ် ဖမ်းစီးခေါ်ဆောင်လာသောကြောင့် ကျွန်တော်တို့ Myingyan Black Tiger (MBT)နှင့် ညီနောင်မဟာမိတ်များမှ ပြန်လည်ဆုတ်ခွါပေးခဲ့ရပါတယ်"လို့ဆိုပါတယ်။
စစ်ကောင်စီတပ်မှ 'ပ' ပုံသဏ္ဏန် စစ်ရေးဗျူဟာအား အသုံးပြု၍ ညီနောင်မဟာမိတ် တပ်ပေါင်းစုများအား ပိတ်ဆိုပစ်ခတ်ခဲ့ရာညီနောင်မဟာမိတ် တပ်ပေါင်းစုများမှလည်း ပြန်လည်ခုခံစစ် ပြုလုပ်၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ (၄)ဦး သေဆုံးပြီး (၇)ဦး ထိခိုက်ဒဏ်ရာရကာ ပြန်လှည်ဆုတ်ခွာထွတ်ပြေးခဲ့တယ်လို့ဖော်ပြပါတယ်။
တိုက်ခိုက်မှုတွင် Myingyan Black Tiger (MBT)နှင့်အတူ ညီနောင်မဟာမိတ်များဖြစ်ကြသော URBAN UNDERGROUND REVOLUTION FORCE(UURF-YSO)၊Black Wolf PDF (MDY)၊ခွပ်ဒေါင်းနီ ပြောက်ကြားတပ်ဖွဲ့၊ VOMDY-Front Warrior ၊The Volue Of Young Men စသည့် ညီနောင်မဟာမိတ် တပ်ဖွဲ့များမှ ပူးပေါင်းခုခံတိုက်ခိုက်ခဲ့ပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment