၂၀၂၂ ဒီဇင်ဘာလ ၁၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံ
📌 ၂။ လူတိုင်း ရောက်တဲ့နေရာမှာ ကျရာတာဝန်ကို အကောင်းဆုံးကျေပြွန်အောင် ထမ်းဆောင်ပါက နွေဦးတော်လှန်ရေး မနိုင်စရာမရှိဘူးလို့လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဆို
📌 ၃။ NUG ကိုအခွန်ဆောင်ပြီးတိုင်း ဂုဏ်ပြုလွှာကို (၁) လ အတွင်းပြန်လည်ပေးပို့ပေးမယ်
📌 ၄။ နဂါးဖြူစစ်ကြောင်းကို အမျိုးသမီး၊ လူငယ် နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင် သွားရောက်တွေ့ဆုံ
📌 ၅။ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတစ်စုဟာ ကမ္ဘာကြီးအတွက်ပါအန္တရာယ်ရှိတဲ့ အစွန်းရောက်အကြမ်းဖက်သမားတွေဖြစ်နေပြီလို့ ဆို
📌 ၆။ မြန်မာပြည်သူတွေဟာ နောက်ဆုံးမှာ မိမိတို့ရဲ့မွေးရာပါ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို အသေအချာ ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ ကန် သံအမတ်ကြီး သောမတ်စ် အယ်လ် ဗိုက်ဒါမှ သတင်းစကားပါး
📌 ၇။ "မန္တလေးမြို့ ရှိ အုပ်ချုပ်ရေးမှူးများ အားဇန်နဝါရီ ၁၅ ရက်နေ့ နောက်ဆုံးထား၍ နုတ်ထွက်ရန် သတိပေး
📌 ၈။ CDM Siyin သို့ ခလရ ၂၆၉ တီးတိန် မှ ရဲဘော် သုံးဦး ပြည်သူဘက်သို့ အလင်းဝင်
📌 ၉။ ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာ မှ စကစ တပ်သားများ ပြည်သူ့နေအိမ်များကိုမီးရှို့အပြန်တွင် မိုင်းမိ၍ ၁၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ဆို
📌 ၁၀။ ဖရူးဆိုမြို့တောင်ဘက်ခြမ်း စကစ အမှတ် (၁၄) တန်းမြှင့်စစ်လေ့ကျင့်ရေးကျောင်း၏ အထူးလုံခြုံရေးစခန်းကုန်း ဖြစ်သော မာခရော်ရှေ့ စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့စကစ ဘက်မှ အနည်းဆုံး ၉ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံ
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံခဲ့ပါတယ်။
ဒီဇင်ဘာ ၁၇ ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၇/၂၀၂၂) ကိုကျင်းပခဲ့ပါတယ်။ အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာဝင်းမြတ်အေးမှအဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်၍ ကာကွယ်ရေးဝန်ကြီးဌာန၏ တာဝန်ရှိသူတစ်ဦးမှ ဌာနနှင့်သက်ဆိုင်သည့် မူဝါဒဆိုင်ရာကိစ္စရပ်များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ဖွဲ့စည်းပုံနှင့် လုပ်ငန်းလမ်းညွှန်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့် မူဝါဒပိုင်းဆိုင်ရာသိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံပွဲသို့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ လူတိုင်း ရောက်တဲ့နေရာမှာ ကျရာတာဝန်ကို အကောင်းဆုံးကျေပြွန်အောင် ထမ်းဆောင်ပါက နွေဦးတော်လှန်ရေး မနိုင်စရာမရှိဘူးလို့လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဆို
လူတိုင်း ရောက်တဲ့နေရာမှာ ကျရာတာဝန်ကို အကောင်းဆုံးကျေပြွန်အောင် ထမ်းဆောင်ပါက နွေဦးတော်လှန်ရေး မနိုင်စရာမရှိဘူးလို့လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကဆိုပါတယ်။ ဒီဇင်ဘာလအတွင်းမှာ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဂုဏ်ပြုစကားဆိုရင်းအသိပေးဆိုထားပါတယ်။
"တာဝန်တွေကို ဆက်လက်ပြီး ထူးချွန်ထက်မြက်စွာ ထမ်းဆောင်နိုင်ပါစေ သံအမတ်ကြီး။လူတိုင်း ရောက်တဲ့နေရာမှာ ကျရာတာဝန်ကို အကောင်းဆုံးကျေပြွန်အောင် ထမ်းဆောင်ကြမယ်ဆိုရင် မနိုင်စရာမရှိ"လို့ဝန်ကြီးကဆိုပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြု အဖြစ် သံအမတ်ကြီးဦးကျော်မိုးထွန်း ရဲ့ နေရာကိုဆက်လက်ထားရှိရေး Credential Committee က တင်သွင်းတဲ့ အစီရင်ခံစာ ကို ကုလအထွေထွေညီလာခံက ကန့်ကွက်သူ မရှိ အတည်ပြုလက်ခံခဲ့ပါတယ်။
========================
📌📌 ၃။ NUG ကိုအခွန်ဆောင်ပြီးတိုင်း ဂုဏ်ပြုလွှာကို (၁) လ အတွင်းပြန်လည်ပေးပို့ပေးမယ်
NUG ကိုအခွန်ဆောင်ပြီးတိုင်း ဂုဏ်ပြုလွှာကို (၁) လ အတွင်းပြန်လည်ပေးပို့ပေးမယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာလအတွင်းမှာ ပြည်တွင်းအခွန်များဦးစီးဌာနကအသိပေးဆိုပါတယ်။
"အခုဆိုရင် NUG Pay နဲ့လုံခြုံလွယ်ကူစွာ အခွန်ဆောင်လို့ရနေပြီမို့လို့ လစဉ်အခွန်ဆောင်ဖို့ကြိုးစားသူတွေများလာပါတယ်။အခွန်တစ်ကြိမ်ဆောင်တိုင်း ပုံစံ(က)တစ်ကြိမ်ဖြည့်ပြီး Application number အသစ်တစ်ခုယူဖို့လိုအပ်ပါတယ်။ ငွေလွှဲတဲ့အခါ အဲဒီ့ Application number ကို reference မှာ ထည့်သွင်းပေးရပါမယ်။ ပြီးလျှင် အဲဒီ့ Application numberကိုသုံးပြီး ပုံစံ(ခ) ဖြည့်သွင်းပေးရပါမယ်"လို့ဖော်ပြပါတယ်။ အဆိုပါငွေအဝင်နှင့် ပုံစံ(ခ)မှ Application number များကိုတိုက်ဆိုင်စစ်ဆေးပြီးလျှင် Tax Finance Team မှ ပုံစံ(ခ)မှာဖြည့်ထားသော email သို့ Unique Identification Number ပါတဲ့ ဂုဏ်ပြုလွှာကို (၁)လ အတွင်းပြန်လည်ပေးပို့မှာဖြစ်ပါတယ်။
အခွန်တစ်ကြိမ်ဆောင်တိုင်း Unique Identification Number ပါတဲ့ ဂုဏ်ပြုလွှာတစ်ခုပြန်လည်ရရှိမှာလည်းဖြစ်ပါတယ်။ Unique Identification Number ပါတဲ့ ဂုဏ်ပြုလွှာတွေကို နောင်အခွန်အတွက်ပြန်လည်အသုံးပြုရန် အခွန်ဆောင်ထားတဲ့မှတ်တမ်းအဖြစ် သိမ်းဆည်းထားပေးရမှာဖြစ်ပါတယ်။
========================
📌📌 ၄။ နဂါးဖြူစစ်ကြောင်းကို အမျိုးသမီး၊ လူငယ် နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင် သွားရောက်တွေ့ဆုံ
နဂါးဖြူစစ်ကြောင်းကို အမျိုးသမီး၊ လူငယ် နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင် သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဒီဇင်ဘာလအတွင်းမှာ စစ်ကြောင်းကို ဒုဝန်ကြီးကသွားရောက်ခဲ့ပြီးတော့ အမျိုးသမီးရဲဘော်များကို တွေ့ဆုံ၍ နွေဦးတော်လှန်ရေး၏ ရှေ့ဆက် (၁) နှစ်တာ စစ်ရေးအခြေအနေများတွင် အားသွန်ခွန်စိုက်ဖြင့် သက်ဆိုင်ရာ စစ်ကြောင်းအလိုက် တာဝန်ရှိသူများ နှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်သို့ အတူတကွ ရင်ဆိုင်မည်ဖြစ်ကြောင်းအားပေးစကားပြောကြားခဲ့ပါတယ်။
ထို့အပြင် ဝန်ကြီး ဒေါ်အိသဉ္ဇာမောင် မှ နဂါးဖြူစစ်ကြောင်းအတွင်းတွင် လာရောက်ခိုလှုံနေသော အမျိုးသမီးများအား လက်ခံတွေ့ဆုံကာ ကိုယ်ဝန်ဆောင် အမျိုးသမီး (၁) ဦးအား ကျန်းမာရေး အထွေထွေအသုံးစရိတ်အတွက် ငွေကျပ် ( ၅ ) သိန်း ထောက်ပံ့ကူညီခဲ့ပါတယ်။ ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင်ဟာ တပ်မဟာ (၆) အတွင်း စစ်ကြောင်းများ၏ မြေပြင်ရှေ့တန်းစခန်း နေရာများထိ သွားရောက်ကာ တွေ့ဆုံမှုများပြုလုပ်ခဲ့ပါတယ်။
========================
📌📌 ၅။ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတစ်စုဟာ ကမ္ဘာကြီးအတွက်ပါအန္တရာယ်ရှိတဲ့ အစွန်းရောက်အကြမ်းဖက်သမားတွေဖြစ်နေပြီလို့ ဆို
မင်းအောင်လှိုင်နဲ့ အပေါင်းအပါတစ်စုဟာ ကမ္ဘာကြီးအတွက်ပါအန္တရာယ်ရှိတဲ့ အစွန်းရောက်အကြမ်းဖက်သမားတွေဖြစ်နေပြီလို့ NUG အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကဆိုပါတယ်။ ဒီဇင်ဘာလအတွင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ NUG အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောကြားခဲ့ပါတယ်။
"ကမ္ဘာကြီးလုံခြုံရေးနဲ့ အန္တရာယ်ပြုနိုင်မယ့်ကိစ္စတွေဆိုရင် သူတို့က ဝင်ပြီးတော့ ဆောင်ရွက်တာတွေရှိတယ်။ ဒီထဲမှာထည့်သွင်းခြင်းအားဖြင့် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတစ်စုဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်း ရေးမဟုတ်တော့ ဘူး။ မြန်မာနိုင်ငံသူနိုင်ငံသားတွေကိုသာလျှင် ထိခိုက်တဲ့ကိစ္စမဟုတ်တော့ပဲနဲ့ ကျနော်တို့ ကမ္ဘာကြီးအတွက်ပါအန္တရာယ်ရှိတဲ့ အစွန်းရောက်အကြမ်းဖက်သမားတွေဖြစ်နေပြီပေါ့။” လို့ဆိုပါတယ်။ Burma Act ပါဝင်တဲ့ (National Defense Authorization Act- NDAA) ဥပဒေကြမ်းကို ၂၀၂၂ခုနှစ် ဒီဇင်ဘာလ၇ရက်နေ့မှာ အမေရိကန်အောက်လွှတ်တော်က အတည်ပြုခဲ့ပြီးတော့ ၁၅ရက်နေ့မှာ အမေရိကန်အထက်လွှတ်တော်က ထပ်မံအတည်ပြုခဲ့ပါတယ်။
အတည်ပြုလိုက်တဲ့ NDAAရဲ့ အစိတ်အပိုင်းဖြစ်တဲ့ Burma Actကို အမေရိကန် သမ္မတလက်မှတ်ရေးထိုးပြီးပါက ဥပဒေဟာ စတင်အသက်ဝင်မှာဖြစ်ပါတယ်။ အကြမ်းဖက် စစ်အုပ်စုဟာ လူပေါင်းတစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး လူပေါင်း နှစ်ထောင် ကျော်ကိုဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။
========================
📌📌 ၆။ မြန်မာပြည်သူတွေဟာ နောက်ဆုံးမှာ မိမိတို့ရဲ့မွေးရာပါ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို အသေအချာ ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ ကန် သံအမတ်ကြီး သောမတ်စ် အယ်လ် ဗိုက်ဒါမှ သတင်းစကားပါး
မြန်မာပြည်သူတွေဟာ နောက်ဆုံးမှာ မိမိတို့ရဲ့မွေးရာပါ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို အသေအချာ ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ ကန် သံအမတ်ကြီး သောမတ်စ် အယ်လ် ဗိုက်ဒါမှ သတင်းစကားပါးလိုက်ပါတယ်။ ဒီဇင်ဘာ ၁၇ မှာ အမေရိကန် သံရုံးရန်ကုန်က အမေရိကန်သံအမတ်ကြီး ရဲ့ မြန်မာပြည်သူများထံ သတင်းစကားကိုဖော်ပြခဲ့ပါတယ်။
“တရားမျှတမှုဆီရောက်ဖို့ အချိန်ကြာမြင့်တတ်ပေမယ့် စကြဝဠာကြီးက တရားမျှတမှုဆီကိုပဲ ဦးတည်ရွေ့လျားနေပါတယ်” လို့ မာတင်လူသာကင်းဂျူနီယာက ပြောခဲ့ဖူးပါတယ်။ အချိန်တွေတော့ ပိုကြာကောင်း ကြာပါလိမ့်မယ်။ ဒါပေမယ့် မြန်မာပြည်သူတွေဟာ နောက်ဆုံးမှာတော့ မိမိတို့ရဲ့မွေးရာပါ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို အသေအချာ ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါဟာ သင်တို့ အမှန်တကယ်တောင်းဆိုနေတာဖြစ်ပြီး သင်တို့နဲ့ ထိုက်တန်တဲ့အရာလည်း ဖြစ်ပါတယ်"လို့ သံအမတ်ကြီးကဆိုခဲ့ပါတယ်။
ဒါ့အပြင် သမ္မတဦးဝင်းမြင့်နဲ့ ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ၂၀၂၁ ဇန်နဝါရီ ၁၉မှာ သံအမတ်ခန့်အပ်လွှာကို ပေးအပ်နိုင်ခဲ့တာဟာလည်း ဆုလာဘ်ကြီးတစ်ခုလို့ သံအမတ်ကြီး သောမတ်စ် အယ်လ် ဗိုက်ဒါကဆိုပါတယ်။
========================
📌📌 ၇။ "မန္တလေးမြို့ ရှိ အုပ်ချုပ်ရေးမှူးများ အားဇန်နဝါရီ ၁၅ ရက်နေ့ နောက်ဆုံးထား၍ နုတ်ထွက်ရန် သတိပေး
"မန္တလေးမြို့ ရှိ အုပ်ချုပ်ရေးမှူးများအား ဇန်နဝါရီ ၁၅ ရက်နေ့ နောက်ဆုံးထား၍ နုတ်ထွက်ရန် သတိပေးလိုက်ပါတယ်။ ဒီဇင်ဘာ ၁၇ ရက်မှာ STF-MDY ကအုပ်ချုပ်ရေးမှူးများနဲ့ပတ်သက်လို့ အသိပေးဆိုပါတယ်။
"မန္တလေးမြို့ ရှိ အုပ်ချုပ်ရေးမှူးများ အား STF-MDY က သတိပေးထုတ်ပြန်လိုက်ပါတယ်။ ဒီဇင်ဘာ ၁၇ ရက် ၂၀၂၂ မှ ဇန်နဝါရီ ၁၅ ရက် ၂၀၂၃ နေ့အပြီး " နှုတ်ထွက်စာတင်ရန် အထူးသတိပေးလိုက်ပါတယ်" လို့ဖော်ပြပါတယ်။ လိုက်နာခြင်းမရှိသော အုပ်ချုပ်ရေးမှူးများအားSTF-MDYမှ အရေးယူဆောင်ရွက်မယ်လို့ဆိုထားပါတယ်။
========================
📌📌 ၈။ CDM Siyin သို့ ခလရ ၂၆၉ တီးတိန် မှ ရဲဘော် သုံးဦး ပြည်သူဘက်သို့ အလင်းဝင်
CDF CDM Siyin သို့ ခလရ ၂၆၉ တီးတိန် မှ ရဲဘော် သုံးဦး အလင်းဝင်လာတယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၁၇ ရက်မှာ CDM Siyin က စကစတပ်သားသုံးဦးအလင်းဝင်ခိုလှုံမှုကိုအသိပေးဖော်ပြပါတယ်။
"CDF CDM Siyin သို့ ခလရ ၂၆၉ တီးတိန် မှ ရဲဘော် သုံးဦး ပြည်သူဘက်သို့ အလင်းဝင်လာပါတယ်"လို့ဆိုပါတယ်။ အဆိုပါတပ်သားသုံးဦးဟာပြည်သူနဲ့အတူ အာဏာရှင်ကို တော်လှန် ချင်လို့ တပ်ထဲမှ ထွက်ခဲ့တယ်လို့လည်းဆိုပါတယ်။ တပ်ထဲရှိနေသေးသော ပြည်သူကိုကာကွယ်ဘို့ ကတိသစ္စာဆိုထားတဲ့ ကျန်ရဲဘော်များလဲ အမြန်ဆုံး ပြည်သူနဲ့ အတူပူးပေါင်းဘို့ တိုက်တွန်းနှိုးဆော်ထားတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၉။ ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာ မှ စကစ တပ်သားများ ပြည်သူ့နေအိမ်များကိုမီးရှို့အပြန်တွင် မိုင်းမိ၍ ၁၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ဆို
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာ မှ စကစ တပ်သားများ ပြည်သူ့နေအိမ်များကိုမီးရှို့အပြန်တွင် မိုင်းမိ၍ ၁၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ဆိုပါတယ်။ ဒီဇင်ဘာ ၁၇ ရက် မနက်ပိုင်းမှာစကစတပ်များကို ရှေ့ထွက်မိုင်း ၅ လုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ infinite revolution force ကအတည်ပြုဆိုပါတယ်။
" စစ်အုပ်စုအခြေပြုထားရာဖြစ်သော ဘန့်ဘွေးရွာ(ပျူရွာ) မှ စကစ တပ်သားများသည် ၎င်း တို့ပျူရွာ နံဘေးရှိ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီး ခဲ့ပြီး အပြန်တွင် ရှေ့ထွက်မိုင်း ၅ လုံးဖြင့် -YMB ခရိုင် တပ်ရင်းအမှတ်(၃၂) GTF (ခွဲ )၁ Infinite Revolution Force -IRF
YMB ခရိုင်တပ်ရင်းအမှတ်(၂၇) တပ်ခွဲ (၂) နှင့် ၀င်္ကပါ ပျောက်ကြား တပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။ စကစတပ်ဘက်မှ လက်နက်ငယ်တစ်ချက်နှစ်ချက်သာပြန်ပစ်နိုင်ပြီး အနည်းဆုံး၁၀ယောက်ထက်မနည်းသေဆုံးတယ်လို့ ဆိုပါတယ်။
========================
📌📌 ၁၀။ ဖရူးဆိုမြို့တောင်ဘက်ခြမ်း စကစ အမှတ် (၁၄) တန်းမြှင့်စစ်လေ့ကျင့်ရေးကျောင်း၏ အထူးလုံခြုံရေးစခန်းကုန်း ဖြစ်သော မာခရော်ရှေ့ စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့စကစ ဘက်မှ အနည်းဆုံး ၉ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ
ဖရူးဆိုမြို့တောင်ဘက်ခြမ်း စကစ အမှတ် (၁၄) တန်းမြှင့်စစ်လေ့ကျင့်ရေးကျောင်း၏ အထူးလုံခြုံရေးစခန်းကုန်း ဖြစ်သော မာခရော်ရှေ့ စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၁၇ ရက်မှာ စစ်ရေးသတင်းကို Karenni Army Center- Kn.A.C ကဖော်ပြအသိပေးပါတယ်။
"ဒီဇင်ဘာ လအတွင်း ကရင်နီတပ်မတော်ဦးစီးပြီး ဖရူးဆိုမြို့တောင်ဘက်ခြမ်း စကစ အမှတ်(၁၄) တန်းမြှင့်စစ်လေ့ကျင့်ရေးကျောင်း၏ အထူးလုံခြုံရေးစခန်းကုန်း ဖြစ်သော မာခရော်ရှေ့ စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စကစ ဘက်မှ အနည်းဆုံး ၉ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်" လို့ဖော်ပြပါတယ်။
၎င်းစစ်လေ့ကျင့်ရေးကျောင်း တည်ဆောက်နိုင်ရေးအတွက် မာခရော်ရှေ့. လောဂျာ. ဒေါလော့ခူ အစရှိသည့်ကျေးရွားများ၏ ပြည်သူပိုင် ခြံမြေ ဧက ၂၇၀၀ ကျော်ကို ၂၀၁၀ ပြည့်နှစ်တွင် စတင်သိမ်းယူခဲ့ပါတယ်။ ဒါ့အပြင်စစ်လေ့ကျင့်ရေးကျောင်းမှ နေ့စဥ်လက်နက်ကြီးများထုပြီး ဒေသခံ အချို့ ထိခိုက်မူများရှိသည့်အပြင် တောင်ယာများသွားရောက် လုပ်ကိုင်စားသောက်ရန် အခက်ခဲများရှိတယ်လို့ဆိုပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment