1st JAN 2023 - Evening Daily News by Radio NUG


၂၀၂၃ ဇန်နဝါရီလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ OneDayChallengeလှုပ်ရှားမှုမှ ၁၃ ကြိမ်မြောက် ဒေါ်လာ တစ်သိန်းကို အမျိုးသားညီညွတ်ရေးအစိုးရသို့ ပေးပို့ပြီးစီး

📌 ၂။ မြစ်ငယ် PDF ရဲ့ AK စက်လက်အသေး သိန်း ၄၀၀ ကမ်ပိန်း ထောက်ပို့သူများနည်းပါးနေသေး၍ ဝိုင်းဝန်းကြရန် သတင်းပါး

📌 ၃။ မြိတ်မြို့မှ ပုလောသို့တက်လာသော စစ်ကောင်စီယာဉ်တန်း ပလမြို့တိုရွာနား ကာကွယ်ရေးတပ်နဲ့ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားရာ စကစတပ်က အယောက် ၅၀ ထက်မနည်းသေဆုံး

📌 ၄။ မြင်းမူမြို့ စာသင်ကျောင်းတွင် တပ်စွဲထားသောစကစတပ်များ မြို့တွင်းထွက်လာ၍ ပဒေသာမိုင်းနဲ့ယနေ့မနက်ဖောက်ခွဲတိုက်ခိုက်ရာ စကစတပ်ကနှစ်ဦးသေဆုံး

📌 ၅။ ပဲခူးတိုင်း ပုတီးကုန်းမြို့နယ်မှာစစ်အုပ်စုရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ဖို့ ချိတ်ဆွဲထားတဲ့ ပိုစတာ လာဖြုတ်သူ ရဲတပ်ဖွဲ့များမိုင်းပေါက်ကွဲမှုကြောင့် တစ်ဦးနေရာတင်သေဆုံး၍ တစ်ဦးပြင်းထန်ဒဏ်ရာရ



ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ OneDayChallengeလှုပ်ရှားမှုမှ ၁၃ ကြိမ်မြောက် ဒေါ်လာ တစ်သိန်းကို အမျိုးသားညီညွတ်ရေးအစိုးရသို့ ပေးပို့ပြီးစီး


OneDayChallengeလှုပ်ရှားမှုမှ ၁၃ ကြိမ်မြောက် ဒေါ်လာ တစ်သိန်းကို အမျိုးသားညီညွတ်ရေးအစိုးရသို့ ပေးပို့ပြီးစီးခဲ့ကြောင်းကို ဇန်နဝါရီ၁ရက်နေ့မှာ ONE DAY CHALLENGE လှုပ်ရှားမှုကအသိပေးဖော်ပြပါတယ်။


"စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)သည် ၂၀၂၁ခုနှစ် သြဂုတ်လမှ ၂၀၂၂ခုနှစ် ဒီဇင်ဘာလအထိ ရရှိခဲ့သော ONE DAY CHALLENGE လှုပ်ရှားမှု ရန်ပုံငွေများအနက်မှ လစဉ် ဒေါ်လာတစ်သိန်းနှင့်ညီမျှသော ဝမ်ငွေအား အမျိုးသား ညီညွတ်ရေးအစိုးရ NUGထံ ပေးပို့လာခဲ့ရာ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ၃၀ရက်နေ့အထိ စုစုပေါင်း ဒေါ်လာ ၁၃သိန်းအား ပေးပို့ခဲ့ပြီး ဖြစ်ပါတယ်"လို့ဆိုပါတယ်။


စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)ဟာ One Day Challenge ထောက်ပံ့ငွေဖြင့် အမျိုးသား ညီညွတ်ရေး အစိုးရ၏ နယ်မြေစိုးမိုးရေး မဟာဗျူဟာ စီမံချက် အောင်မြင်နိုင်စေရေးအတွက် အကြမ်းဖက်စစ်တပ်ကို ရှေ့တန်းကနေ ဖိအားကောင်းစွာပေးကာ တော်လှန်တိုက်ပွဲဝင်နေသော တပ်ဦးခံတပ်ဖြစ်သည့် အထူးတပ်ဖွဲ့သို့ အမေရိကန် ဒေါ်လာ၃သောင်း (၅၉၄သိန်းကျပ်)တန်ဖိုးရှိ ကျည်အရေအတွက် (၁၃,၅၀၀)‌အား ထောက်ပံ့ခဲ့ပြီး ဥကရစ်ထ စခမ်းသိမ်း တိုက်ပွဲအတွက် ဘတ်တစ်သန်းနှင့် မြေပြင်PDF,LPDF,UG အဖွဲ့ (၁၂၉)ဖွဲ့သို့ ကျပ် (,၃၄၀) သိန်းအား “NUGအစိုးရ၏ ထောက်ပံ့ ကူညီငွေ" အဖြစ် ထောက်ပံ့ပေးခဲ့ပါတယ်။


========================


📌📌 ၂။ မြစ်ငယ် PDF ရဲ့ AK စက်လက်အသေး သိန်း ၄၀၀ ကမ်ပိန်း ထောက်ပို့သူများနည်းပါးနေသေး၍ ဝိုင်းဝန်းကြရန် သတင်းပါး


မြစ်ငယ် PDF ရဲ့ AK စက်လက်အသေး သိန်း ၄၀၀ ကမ်ပိန်း ထောက်ပို့သူများနည်းပါးနေသေး၍ ဝိုင်းဝန်းကြရန် သတင်းပါးလိုက်ပါတယ်။


"ကျွန်တော်တို့ တပ်ဖွဲ့အတွက် လက်နက်ဖြည့်တင်းနိုင်ဖို့ကမ်းပိန်း ပြုလုပ်ထားပါတယ်။ AK စက်လက်အသေးနဲ့ မအလများကို ငရဲပို့မယ်သိန်း ၄၀၀ ရက်ပေါင်း ၆၀ ကမ်းပိန်းကို မိဘပြည်သူများ ပါ၀င်ထောက်ပံ့ပေးကြဖို့ လေးစားစွာဖြင့် အကူညီတောင်းခံအပ်ပါတယ်"လို့ဆိုထားပါတယ်။


လက်ရှိမှာ ကမ်ပိန်းစသည်နေ့မှစ၍ ရက်ပေါင်း၂၀ ပြည့်သော်လည်း ( 5,781,000 ) ကျပ်သာရရှိနေသည့်အတွက်   သိန်း ၄၀၀ ပြည့်ဖို့ ငွေကြေးများစွာလိုအပ်နေသေးတယ်လို့ဆိုပါတယ်။ ကမ်ပိန်းကို Myitnge - People Defence Force Myitnge - PDF မြို့ပြပြောက်ကျားအထူးတပ်ဖွဲ့  မန္တလေးခရိုင် အမှတ် ( ) တပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ် ကပြည်သူလူထုကိုနှိုးဆော်အသိပေးထားပါတယ်။


========================


📌📌 ၃။ မြိတ်မြို့မှ ပုလောသို့တက်လာသော စစ်ကောင်စီယာဉ်တန်း ပလမြို့တိုရွာနား ကာကွယ်ရေးတပ်နဲ့ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားရာ စကစတပ်က အယောက် ၅၀ ထက်မနည်းသေဆုံး


၂ဝ၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက် နံနက် () နာရီခွဲဝန်းကျင်ခန့်တွင် မြိတ်မြို့မှ ပုလောသို့တက်လာသော စစ်ကောင်စီယာဉ်တန်းသည် ပလမြို့မှ အင်အား (၃၀ဝ) ကျော်ဖြင့် အထွက် တိုရွာအရောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် () တပ်ရင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း () ကအတည်ပြုဆိုပါတယ်။


တိုရွာတွင် တိုက်ပွဲဖြစ်ပွားနေစဉ် နေ့လည် (၁၂း၄၅) ဝန်းကျင်တွင်လည်း နန်းပရုပ်ကျေးရွာဘက်တွင် ထားဝယ်မှ ပုလောသို့ ဆင်းလာသော စစ်ကောင်စီယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်များမှ မိုင်း () ကြိမ်ဆွဲ၍ တိုက်ခိုက်ခဲ့ကာ ပလမြို့နယ်ဘက် လက်နက်ကြီးလက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ထို့နောက် တိုရွာမှ ထွက်လာသော စစ်ကောင်စီယာဉ်တန်းကို () နာရီဝန်းကျင်ခန့်တွင် ကျောက်ပုဇွန်တောင်အနီး ပဒေသာမိုင်း () လုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ဖော်ပြပါတယ်။


() ရက်ကြာတိုက်ပွဲအတွင်း မိုင်းဆွဲ၍ တိုက်ခိုက်ခြင်း () ကြိမ်ရှိခဲ့ပြီး ထိတွေ့မှု အငယ်စားများ များစွာ ဖြစ်ပွားခဲ့ကာ ၎င်းတိုက်ပွဲများအတွင်းစစ်ကောင်စီဘက်မှ (၅၀) ဦးထက်မနည်းသေဆုံးခဲ့ပြီး (၃၀) ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း အတည်ပြုတယ်လို့ဆိုပါတယ်။ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူ့နေအိမ် တိုရွာမှ(၄၈)လုံး၊ တန်းရှင်းရွာမှ ()လုံး၊ သင်္ကန်းတောရွာမှ (၁၄) လုံးစုစုပေါင်းနေအိမ် (၆၉) လုံးအား မီးရှို့ဖျက်ဆီးခဲ့ပါတယ်။


========================


📌📌 ၄။ မြင်းမူမြို့ စာသင်ကျောင်းတွင် တပ်စွဲထားသောစကစတပ်များ မြို့တွင်းထွက်လာ၍ ပဒေသာမိုင်းနဲ့ယနေ့မနက်ဖောက်ခွဲတိုက်ခိုက်ရာ စကစတပ်ကနှစ်ဦးသေဆုံး


စစ်ကိုင်းတိုင်း မြင်းမူမြို့ စာသင်ကျောင်းတွင် တပ်စွဲထားသောစကစတပ်များ မြို့တွင်းထွက်လာ၍ ပဒေသာမိုင်းနဲ့ယနေ့မနက်ဖောက်ခွဲတိုက်ခိုက်ရာ စကစတပ်ကနှစ်ဦးသေဆုံးခဲ့ပါတယ်။ ဇန်နဝါရီ ရက် နံနက် နာရီ ၄၀ မိနစ်အချိန် မြင်းမူမြို့ စာသင်ကျောင်းတွင် တပ်စွဲထားသောစကစတပ်များ ပြင်ပထွက်လာစဥ် မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)ကအတည်ပြုဆိုပါတယ်။


"ဇန်နဝါရီ၁ရက်နေ့ နှစ်သစ်ကိုကြိုဆိုသောအားဖြင့် နံနက် နာရီ ၄၀ မိနစ်အချိန် မြင်းမူမြို့ စာသင်ကျောင်းတွင် တပ်စွဲထားသော စကစတပ်များမှ  အပြင်ထွက်လာ‌သောစကစတပ်ဖွဲ့ဝင်၃ဦးအားလွတ်လပ်ရေးကျောက်တိုင်ရှေ့အရောက်တွင် ပဒေသာမိုင်း လုံးဖြင့် လျှပ်တစ်ပျက် ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် စကစတပ်မှ ဦးနေရညတင်သေဆုံးကာ ဦးမှာဒဏ်ရာအပြင်းထန်ရရှိကြောင်း သိရှိရပါတယ်။ စစ်ဆင်ရေးကို  ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)နှင့်  TRUE Fighter အဖွဲ့တို့မှ နှစ်သစ်ကိုစတင်ကြိုဆိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


========================


📌📌 ၅။ ပဲခူးတိုင်း ပုတီးကုန်းမြို့နယ်မှာစစ်အုပ်စုရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ဖို့ ချိတ်ဆွဲထားတဲ့ ပိုစတာ လာဖြုတ်သူ ရဲတပ်ဖွဲ့များမိုင်းပေါက်ကွဲမှုကြောင့် တစ်ဦးနေရာတင်သေဆုံး၍ တစ်ဦးပြင်းထန်ဒဏ်ရာရ


ပဲခူးတိုင်း ပုတီးကုန်းမြို့နယ်မှာစစ်အုပ်စုရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ဖို့ ချိတ်ဆွဲထားတဲ့ ပိုစတာ လာဖြုတ်သူ ရဲတပ်ဖွဲ့များမိုင်းပေါက်ကွဲမှုကြောင့် တစ်ဦးနေရာတင်သေဆုံး၍ တစ်ဦးပြင်းထန်ဒဏ်ရာရခဲ့ကြောင်းကို ဇန်နဝါရီ၁ရက်နေ့မှာ စစ်ဆင်ရေးကို ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အတည်ပြုဆိုပါတယ်။


 "ဇန်နဝါရီ ရက်နေ့ ပဲခူးတိုင်း|ပြည်ခရိုင်| သဲကုန်းမြို့နယ်|ပုတီးကုန်းမြို့|ပုတီးကုန်းသွားသောတာဂွနှင့်ပွဲပြည့်ရွာလမ်းမပေါ်တွင် စစ်ခွေးလုပ်မဲ့ရွေးကောက်ပွဲလူထုအားနဲ့တွန်းလှန်ကြဆိုင်းဘုတ်အားလာဖြုတ်သောစကစရဲတပ်ဖွဲဝင် () ဦးအား နံနက် နာရီ ၁၅ မိနစ်အချိန်တွင်တပ်ရင်း ၃၆၀၁ တပ်ခွဲ () တိုင်းလုံးကျော်အဖွဲ့မှနန်းထိုက်အောင်စစ်ဆင်ရေးအဖြစ်မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။ မိုင်းပေါက်ကွဲ၍စကစရဲတပ်ဖွဲ့ဝင် () ဦး ဦးခေါင်းထိမှန်ကာနေရာတွင်ပွဲခြင်းပြီးကျဆုံးကာ () ဦးအပြင်းအထန်ဒါဏ်ရာရရှိခဲ့ပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment