26th JAN 2023 - Evening Daily News by Radio NUG



၂၀၂၃ ဇန်နဝါရီလ ၂၆ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။အနာဂတ်နိုင်ငံတော်သစ်တွင် အိန္ဒိယနိုင်ငံနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်ရေးကိုသာ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့မျှော်မှန်းထားတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဆို

📌 ၂။ CRPH ဆောင်ရွက်ချက်များသည် စစ်အုပ်ချုပ်ရေးအဆုံးသတ်သွားမည့် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် ဒီမိုကရေစီအုတ်မြစ်ကို ထိန်းသိမ်းနေခြင်းဖြစ်တယ်လို့ ဂျာမန်အထက် လွှတ်တော်နဲ့အောက်လွှတ်တော်က စာများရေးသားပေးပို့

📌 ၃။ ကုလသမဂ္ဂမှ R2P အခြေခံမူသဘောတရားကို စွဲကိုင်ဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်းပြောကြား

📌 ၄။ NUG ရဲ့တရားရေးဝန်ကြီးဌာန ခင်ဦးမြို့နယ် တရားရေးအဖွဲ့က တရား စီရင်ရေး လုပ်ငန်းများစတင်ကြောင်းအသိပေး

📌 ၅။ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet နဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews နဲ့တွေ့ဆုံ၍ မြန်မာနိုင်ငံ လူ့အခွင့်အရေး အကျပ်အတည်းကို ဆွေးနွေး

📌 ၆။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ()ဌာနချုပ်စစ်ကြောင််းထံသို့ ထိုင်းဘတ်ငွေတစ်သိန်းခွဲ  မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC)ကထောက်ပို့ လှူဒါန်း

📌 ၇။ မကွေးတိုင်း မြိုင်နယ်နဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူနယ်တို့ကို စကစတပ်များ ယနေ့မနက် မွှေနှောက်သောင်းကျန်း

📌 ၈။ (ရောင်နီလာရာလမ်း) ရုပ်ရှင်လက်မှတ်များရောင်းရငွေကို နွေဦးတော်လှန်ရေး အတွက် အရေးတကြီး လိုအပ်နေတဲ့နေရာများ အတွက် ဒါရိုက်တာ ကိုပေါက်က တဆင့် လှူဒါန်းသွားမယ်လို့ဆို

📌 ၉။ Myanmar Diariesဇာတ်လမ်းကို အမေရိကန် ကယ်လဖိုးနီယားမှာ ဖေဖော်ဝါရီ ၁၁ ရက် ပြသမယ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။အနာဂတ်နိုင်ငံတော်သစ်တွင် အိန္ဒိယနိုင်ငံနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်ရေးကိုသာ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့မျှော်မှန်းထားတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဆို



ဇန်နဝါရီ ၂၆ ရက် (၇၄) နှစ်‌မြောက် အမျိုးသားနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အခုလိုအသိပေးဆိုထားပါတယ်။


"ယနေ့ကျရောက်သည့် အိန္ဒိယနိုင်ငံ၏ (၇၄) နှစ်မြောက် အမျိုးသားနေ့အခမ်းအနားတွင် အိန္ဒိယပြည်သူများနှင့် အိန္ဒိယသမ္မတနိုင်ငံတို့ ကောင်းမြတ်သော နေ့ထူးနေ့မြတ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

ယခုမြန်မာပြည်သူများ၏ စစ်အာဏာရှင် စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ရုန်းကန် တိုက်ပွဲဝင်နေမှုကိုလည်း အိန္ဒိယနိုင်ငံမှ နားလည် သဘောပေါက်လိမ့်မည်ဟုလည်း မျှော်လင့်မိပါတယ်။ မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြန်မာပြည်သူများအနေနှင့် အိန္ဒိယနိုင်ငံ၏ ဒေသတွင်း အရေးပါမှုကို နားလည်သဘောပေါက်ထားပါတယ်။ မိမိတို့ မျှော်မှန်းထားသည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်သည် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကို ဖြန့်ကျက်စေနိုင်ပြီး အိန္ဒိယနိုင်ငံ၏ အကျိုးစီးပွား၊ စီးပွားရေးစီမံကိန်းများကို ပိုမို၍ အကျိုးဖြစ်ထွန်း စေမည်သာ ဖြစ်ပါတယ်။ အနာဂတ်နိုင်ငံတော်သစ်တွင် အိန္ဒိယနိုင်ငံနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်ရေးကိုသာ မိမိတို့ မျှော်မှန်းထားပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


ဒါ့အပြင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် သမိုင်းအစဥ်အလာ၊ ယဥ်ကျေးမှု အမွေအနှစ်၊ ယုံကြည်မှုဓလေ့ တို့ ဆက်နွယ်နေကြသည့် အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြပြီး သမိုင်း၏အချိုးအကွေ့များကို အတူတကွ ဖြတ်ကျော်ခဲ့ကြပြီး သမိုင်း၏ အကောင်းအဆိုးများကို အတူတကွ မျှဝေခံစားခဲ့ကြသူများဖြစ်တယ်လို့ ဝန်ကြီးကဆိုထားပါတယ်။


========================


📌📌 ၂။ CRPH ဆောင်ရွက်ချက်များသည် စစ်အုပ်ချုပ်ရေးအဆုံးသတ်သွားမည့် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် ဒီမိုကရေစီအုတ်မြစ်ကို ထိန်းသိမ်းနေခြင်းဖြစ်တယ်လို့ ဂျာမန်အထက် လွှတ်တော်နဲ့အောက်လွှတ်တော်က စာများရေးသားပေးပို့


ဇန်နဝါရီ၂၆


CRPH ဆောင်ရွက်ချက်များသည် စစ်အုပ်ချုပ်ရေးအဆုံးသတ်သွားမည့် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် ဒီမိုကရေစီအုတ်မြစ်ကို ထိန်းသိမ်းနေခြင်းဖြစ်တယ်လို့ ဂျာမန်အထက်လွှတ်တော်နဲ့အောက် လွှတ်တော်က စာများရေးသားပေးပို့ခဲ့ကြောင်းကို ဇန်နဝါရီလအတွင်းမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဂျာမာန်လွှတ်တော် ဥက္ကဋ္ဌများရဲ့ရေးသားပေးပို့စာကိုဖော်ပြအသိပေးခဲ့ပါတယ်။


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် မြန်မာပြည်သူများ၏ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် တစ်ခုတည်းသော တရားဝင်ကိုယ်စားပြုအဖွဲ့အစည်း ဖြစ်ပါတယ်။ လက်ရှိအချိန်တွင် လွှတ်တော်လုပ်ငန်းများအား အွန်လိုင်းမှသာ ဆောင်ရွက်နိုင်သော်လည်း CRPH ဆောင်ရွက်ချက်များသည် စစ်အုပ်ချုပ်ရေးအဆုံးသတ်သွားမည့် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် ဒီမိုကရေစီအုတ်မြစ်ကို ထိန်းသိမ်းနေခြင်းဖြစ်ပါတယ်။ တရားမျှတလွတ်လပ်စွာ ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် လူကြီးမင်းတို့ တည်ရှိမှုသည် ဒီမိုကရေစီအခွင့်အရေးများနှင့် လွတ်လပ်မှုတို့အတွက် ရပ်တည်နေကြသည့် မြန်မာပြည်သူများအတွက် မျှော်လင့်ချက်နှင့် ခွန်အားများ ဖြစ်စေပါတယ်"လို့ ဖော်ပြပါရှိပါတယ်။


ဒါ့အပြင်ယခုကဲ့သို့ ခက်ခဲလှသည့် ကာလတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့်အတူ ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်လျက်ရှိပါကြောင်းဖြင့် ဖော်ပြထားပါတယ်။


========================


📌📌 ၃။ ကုလသမဂ္ဂမှ R2P အခြေခံမူသဘောတရားကို စွဲကိုင်ဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်းပြောကြား


ဇန်နဝါရီ၂၆ရက်


ကုလသမဂ္ဂမှ R2P အခြေခံမူသဘောတရားကို စွဲကိုင်ဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်းပြောကြားလိုက်ပါတယ်။ ဇန်နဝါရီ ၂၄ ရက်လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုတို့အား ကြိုတင်ကာကွယ်နိုင်မည့် လူမှုရေးနှင့် စီးပွားရေးလုပ်ဆောင်ချက်များခေါင်းစဉ်နဲ့  နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂဌာနချုပ်မှာ ဆိုခဲ့ပါတယ်။


"စစ်တပ်မှ လူမျိုးတုံးသတ်ဖြတ်ခြင်း၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုနှင့် လူသား မျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများ ကျူးလွန်ခြင်းမှ တားမြစ်နိုင်ရန် လူမှုရေးနှင့် စီးပွားရေး အရေးယူဆောင်ရွက်ချက်များ ချမှတ်ရန် အရေးကြီးကြောင်း၊ အလားတူပင် ယခုအချိန်ကာလသည် ကုလသမဂ္ဂမှ R2P အခြေခံမူသဘောတရားကို စွဲကိုင်ကာ မြန်မာနိုင်ငံအရေးကိစ္စနှင့် မြန်မာစစ်တပ်အား ၎င်းတို့ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိစေရန်နှင့် ၎င်းတို့အကျိုးခံစားနေသည့် ပြစ်ဒဏ် ခတ်ခြင်းမခံရသည့်ယန္တရားကို အပြီးတိုင်ရပ်တန့်နိုင်ရန်အတွက် ကုလသမဂ္ဂမှ အသံတစ်သံတည်း ထွက်ဆိုကာ စုပေါင်းအင်အားဖြင့် အရေးယူဆောင်ရွက်ရမည့် အလိုအပ်ဆုံး အချိန်ပင်ဖြစ်ကြောင်း"သံအမတ်ကြီးကဆိုပါတယ်။


မြန်မာပြည်သူပြည်သားများမှ ကုလသမဂ္ဂအား မြန်မာနိုင်ငံအတွက် R2P မူကို အသုံးပြု၍ ကူညီပေးရေးနှင့် No-Fly Zone သတ်မှတ်ပေးရေး ကနဦးတောင်းဆိုမှုများမှာ ရလဒ်ဖြစ်ထွန်းခဲ့ခြင်း မရှိကြောင်းကိုလည်း သံအမတ်ကြီးကထပ်လောင်းဆိုခဲ့ပါတယ်။


========================


📌📌 ၄။ NUG ရဲ့တရားရေးဝန်ကြီးဌာန ခင်ဦးမြို့နယ် တရားရေးအဖွဲ့က တရား စီရင်ရေး လုပ်ငန်းများစတင်ကြောင်းအသိပေး


NUG ရဲ့တရားရေးဝန်ကြီးဌာန ခင်ဦးမြို့နယ် တရားရေးအဖွဲ့ က တရား စီရင်ရေး လုပ်ငန်းများစတင်ကြောင်း ဇန်နဝါရီ ၂၄ ရက်က အသိပေးဆိုလိုက်ပါတယ်။ ခင်ဦးမြို့နယ် တရားရေးအဖွဲ့ရုံး ဖွင့်ပွဲ အခမ်းအနားကို ခင်ဦးမြို့ နယ်ပအဖ၊ ပကဖ တာဝန်ရှိသူများတက်ရောက်ခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရဟာ စစ်ကိုင်းတိုင်းတွင်းကသာမြို့နယ်တရားရုံးအပြင် စတဲ့ တရားရေးဌာနများကိုဖွင့်လှစ် ဆောင်ရွက်နေပြီး ပြည်သူ့ရဲတပ်ဖွဲ့များကိုလည်း ဒေသ အသီးသီးမှာ ဖွဲ့စည်းဆောင်ရွက်နေပြီဖြစ်ပါတယ်။


========================


📌📌 ၅။ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet နဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews နဲ့တွေ့ဆုံ၍ မြန်မာနိုင်ငံ လူ့အခွင့်အရေး အကျပ်အတည်းကို ဆွေးနွေး


ဇန်နဝါရီ၂၆


အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet နဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews နဲ့ တွေ့ဆုံခဲ့ကြောင်းကို ဇန်နဝါရီ လ၂၆ ရက်မှာ အသိပေးထုတ်ပြန်ခဲ့ပါတယ်။


အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet နဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews နဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေး အကျပ်အတည်းကို ဆွေးနွေးခဲ့ပါတယ်။


အတိုင်ပင်ခံပုဂ္ဂိုလ် Chollet ကစစ်တပ်ရဲ့ ကြောက်မက်ဖွယ်ရာ အကြမ်းဖက်မှုတွေအတွက် တာဝန်ခံမှု မြှင့်တင်ရေးဟာ အကျပ်အတည်းကို အဆုံးသတ်ဖို့နဲ့ မြန်မာနိုင်ငံမှာ စစ်မှန်ပြီး အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီကို ထူထောင်ဖို့အတွက် အရေးကြီးပါတယ်လို့ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။


========================


📌📌 ၆။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ()ဌာနချုပ်စစ်ကြောင််းထံသို့ ထိုင်းဘတ်ငွေတစ်သိန်းခွဲ  မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC)ကထောက်ပို့ လှူဒါန်း


ဇန်နဝါရီ ၂၆ ရက်မှာ  မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) ကအခုလိုအသိပေးဆိုထားပါတယ်။


"ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ()ဌာနချုပ်စစ်ကြောင််းထံသို့ ထိုင်းဘတ်ငွေ150,000baht စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် ထူထောင်ရေးအတွက်   မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) ထောက်ပံ့အဖွဲ့ဝင်များ၏ လစဉ်ထောက်ပို့ငွေများမှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ()ဌာနချုပ်စစ်ကြောင််းထံသို့ ထိုင်းဘတ်ငွေ150,000baht ထောက်ပို့ခဲ့ပါတယ်"လို့ဆိုပါတယ်။


ပြည်ပမှာရောက်ရှိနေသောထောက်ပို့တပ်သားများ၏ ထောက်ပို့ငွေများပါဝင်ပါပြီး MFDMC ၏မူဝါဒအတိုင်း ကာကွယ်ရေးဝန်ကြီးဌာနလမ်းညွှန်ချက်ဖြင့် မြေပြင်သို့တိုက်ရိုက် မြန်ဆန်တိကျစွာ ပေးပို့ဆောင်ရွက်ခဲ့ပြီး ဖြစ်တယ်လို့ဆိုပါတယ်။


========================


📌📌 ၇။ မကွေးတိုင်း မြိုင်နယ်နဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူနယ်တို့ကို စကစတပ်များ ယနေ့မနက် မွှေနှောက်သောင်းကျန်း


ဇန်နဝါရီ၂၆


မကွေးတိုင်း မြိုင်နယ်နဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူနယ်တို့ကို စကစတပ်များ ယနေ့မနက် မွှေနှောက်သောင်းကျန်းခဲ့ပါတယ်။ ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းမှာ စကစတပ်များဟာ လက်နက်ကြီးများနဲ့ကျေးရွာများကို ပစ်ခတ်ခဲ့တာလို့ ဒေသခံ သတင်းအရင်းအမြစ်များကအတည်ပြုဆိုပါတယ်။


မနေ့က မြိုင်နယ်တောင်ပိုင်း သရက်ကွရွာ ပျူစခန်းမှာ အင်အားထပ်တိုးထားပြီး မနေ့ညကရောဒီနေ့မနက်ရောသရက်ကွရွာကနေ ကံယာကောင်းရွာဘက်ကို က် က် ကြီးတွေနဲ့ရမ်း ပစ် နေပါတယ်"လို့ဆိုပါတယ်။ စစ်ကြောင်းထိုးမယ်လို့ ယူဆရပြီးမြိုင်တောင်ပိုင်းပြည်သူများ သတိဝရိယနဲ့နေထိုင်ကြဖို့တော်လှန်ရေးအင်အားစုများကဆိုပါတယ်။


အလားတူ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့မှအနောက်တောင်ဘက်ထွက်ခွာလာသော စကစတပ်နဲ့ပျူ ၅၂ ယောက်ဟာ လျှော်ဖြူကုန်း၊ဇီးကနား၊နှောကုန်းရွာများကို ဖြတ်၍ နံနက်၈နာရီခွဲမှာ ချပ်ကုန်းကျေးရွာကို လက်နက်ငယ်များပစ်၍ဝင်ရောက်သွားတယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၈။ (ရောင်နီလာရာလမ်း) ရုပ်ရှင်လက်မှတ်များရောင်းရငွေကို နွေဦးတော်လှန်ရေး အတွက် အရေးတကြီး လိုအပ်နေတဲ့နေရာများ အတွက် ဒါရိုက်တာ ကိုပေါက်က တဆင့် လှူဒါန်းသွားမယ်လို့ဆို


ဇန်နဝါရီ၂၆ရက်


(ရောင်နီလာရာလမ်း) ရုပ်ရှင်လက်မှတ်များရောင်းရငွေကို နွေဦးတော်လှန်ရေး အတွက် အရေးတကြီး လိုအပ်နေတဲ့နေရာများ အတွက် ဒါရိုက်တာ ကိုပေါက်က တဆင့် လှူဒါန်းသွားမယ်လို့ ဇန်နဝါရီလအတွင်းမှာ MEF canadaက အသိပေးဖော်ပြပါတယ်။


"Rays of Hope (ရောင်နီလာရာလမ်း) ရုပ်ရှင် ကြိုတင်လက်မှတ်များ pre-order စတင်လက်ခံနေပြီမို့ ဝယ်ယူအားပေးရင်း တော်လှန်ရေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါရစေ။  Movie ticket ရောင်းလို့ရတဲ့ 100% sales ကို နွေဦးတော်လှန်ရေး အတွက် အရေးတကြီး လိုအပ်နေတဲ့နေရာများ ကို ဒါရိုက်တာ ကိုပေါက်က တဆင့် လှူဒါန်းသွားမှာမို့ ကိုယ်တိုင်ကိုယ်ကျ လာ‌ရောက်မကြည့်နိုင်ရင်တောင် လက်မှတ် တစ်စောင် CA$25 နဲ့ ဝယ်ယူလှူဒါန်းပေးဘို့ out of Toronto / GTA က မြန်မာပြည်ဖွား တိုင်းရင်းသား မိတ်ဆွေများအားလုံးကို တိုက်တွန်းလိုက်ပါတယ်"လို့ဆိုပါတယ်။


 တော်လှန်ရေးအောင်ဖို့ မဝေးတော့ဘဲ ရောင်နီလာနေပြီမို့ အဆုံးသတ်တိုက်ပွဲအတွက် တတ်နိုင်သလောက် တွန်းကြရအောင်လို့လည်း MEF-Canada Team ကဆိုထားပါတယ်။


========================


📌📌 ၉။ Myanmar Diariesဇာတ်လမ်းကို အမေရိကန် ကယ်လဖိုးနီယားမှာ ဖေဖော်ဝါရီ ၁၁ ရက် ပြသမယ်


Myanmar Diariesဇာတ်လမ်းကို အမေရိကန် ကယ်လဖိုးနီယားမှာ ဖေဖော်ဝါရီ၁၁ရက် ပြသမယ်လို့သတင်းရရှိပါတယ်။


"ကျမတို့တစ်တွေဟာ မြန်မာပြည်ကြီး ဘီလူးစီးလို့ တော်လှန်ရေးထဲ ဝင်ပါခဲ့ကြတယ်။ ဒီဘီလူး ဘယ်လောက်ယုတ်မာလဲဆိုတာသိချင်ရင် ဖြစ်ရပ်မှန်တွေကိုပြမယ့် Myanmar Diaries ဆိုတဲ့ကားလေးကိုလာကြည့်ကြပါ။ အထူးသဖြင့် ဒီပွဲကိုပါသင့်မပါသင့်စဉ်းစားနေတဲ့ ပြည်ပရောက် ရွှေမြန်မာများအတွက် တိုင်းပြည်ကြီးကောင်းစားတိုးတက်ဖို့ လူငယ်တွေ ပြည်သူတွေ ဘယ်လောက်ရင်းနှီးခဲ့ရ ပေးဆပ်ခဲ့ရဆိုတာကို ဒီလိုဘီလူးရဲ့ ရက်စက်မှုကို မျက်ဝါးထင်ထင်ကြည့်ကြပါ။ ဒီစစ်ဘီလူးကိုတိုက်ထုတ်ဖို့ ပါဝင်ပေးကြပါ"လို့ အသိပေးဆိုထားပါတယ်။


Myanmar Diariesကို ဖေဖော်ဝါရီ ၁၁ ရက် ညနေ နာရီ The Louise K.Taylor Performing Art Center 845 West Corolado Blvd, Monrovia, CA 91016 မှာ ပြသ သွားမှာဖြစ်ပါတယ်။ လက်မှတ်များကို online မှ ကြိုတင်ရောင်းချလျက်ရှိတယ်လို့လည်းသိရပါတယ်။


Myanmar ဟာမြန်မာလူငယ်ဒါရိုက်တာ ၁၀ ဦးရိုက်ကူးခဲ့တာဖြစ်ပြီး၄င်းနွေဦးတော်လှန်ရေးမှတ်တမ်းရုပ်ရှင်ကို  ကမ္ဘာ့အကြီးဆုံးရုပ်ရှင်ဆုတွေထဲကတစ်ခုဖြစ်သည့် Berlinale Documentary Award ဆု ဆွတ်ခူးရရှိခဲ့ပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment