27th JAN 2023 - Morning Daily News by Radio NUG


၂၀၂၃ ဇန်နဝါရီလ ၂၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နွေဦးတော်လှန်ရေးကြီး အမြန်ဆုံးပြီးမြောက်အောင်မြင်စေဖို့ မဟာဗျူဟာများ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို

📌 ၂။ မိုးကုတ်ကျောက်မျက် တူးဖော်ရောင်းချခွင့် အခွင့်အရေးများထဲမှဘောလုံကြီးလုပ်ကွက် အမှတ် အမည်ရှိ ၅၅ ဧကကျော်ရှိသော လုပ်ကွက်ကို ရင်းနှီးမြှပ်နှံရန် ဖိတ်ခေါ်

📌 ၃။ လေကြောင်းရန်နှင့် လက်နက်ကြီးရန်က ကာကွယ်ဖို့ ခေတ္တပုန်းခိုရာ ဗုံးခိုကျင်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်ရာ စာသင်ကျောင်းပေါင်း ခြောက်ရာကျော်လာပြီဖြစ်

📌 ၄။ CDM ကျောင်းသားများကို လက်တွဲခေါ်ယူ ဖေးမဖို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်တိုက်တွန်း

📌 ၅။ မြန်မာနိူင်ငံအတွင်း ဘိန်းစိုက်ပျိုးဧရိယာ ၃၃ ရာခိုင်နှုန်းတိုးလာပြီး ဧက ၉၉၀၀၀ ကျော်ရှိတယ်လို့ UNODS အစီရင်ခံစာကဖော်ပြ

📌 ၆။ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ကျွန်းပင်သာကျေးရွာမှ တမူးမြို့ထဲသို့ သွားနေသည့် လူငယ် သုံးဦး ကို အကြမ်းဖက်စစ်အုပ်စုတပ်က ဖမ်းဆီးကာ သတ်ဖြတ်

📌 ၇။ ကန့်ဘလူမြို့နယ်မှာ နှစ်ရက်ဆက်တိုက် စကစတပ်နဲ့ပျူများကို ကာကွယ်ရေးတပ်များက လက်နက်ကြီးအပါအဝင် ဒရုန်းများနဲ့တိုက်ခိုက်

📌 ၈။ ဒီပဲယင်းမြို့နယ် ညောင်လှကျေးရွာကို စကစတပ်က နှစ်ရက်ဆက်တိုက်မီးရှို့ဖျက်ဆီးရာ ရွာလုံးကျွတ် နီးပါးမီးလောင်ဆုံးရှုံး

📌 ၉။ ကျုံဒိုးတိုက်ပွဲ အကြမ်းဖက်စစ်ကောင်စီဘက်မှ ကျဆုံးသူ (၉၀) ကျော်အထိရှိခဲ့ပြီး ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိသူ (၅၀)ကျော် အထိရှိ

📌 ၁၀။ ပခုက္ကူမြို့နယ် ရေလာလေးရွာရှိ ပျူကင်းများအား ဒရုန်းဖြင့်တိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နွေဦးတော်လှန်ရေးကြီး အမြန်ဆုံးပြီးမြောက်အောင်မြင်စေဖို့ မဟာဗျူဟာများ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို


နွေဦးတော်လှန်ရေးကြီး အမြန်ဆုံးပြီးမြောက်အောင်မြင်စေဖို့ မဟာဗျူဟာများချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကဆိုပါတယ်။


ဇန်နဝါရီ ၂၆ ရက်ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး ( / ၂၀၂၃)  တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကဆိုပါတယ်။


"စစ်အာဏာရှင်တော်လှန်ရေးကြီးဟာ မကြာခင်မှာပဲ () နှစ် တင်းတင်းပြည့်တော့မှာ ဖြစ်ပါတယ်။ ဒီကာလအတွင်း အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေဟာ အောင်မြင်မှုအများအပြားလည်း ရရှိခဲ့ပါတယ်။ () နှစ်တာကာလဟာ ကျွန်တော်တို့အတွက် လုပ်ငန်များဆောင်ရွက်ရင်း ကုန်ဆုံးခဲ့ရလို့ မသိသာပေမယ့် အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်စက်ဖိနှိပ်မှုကို ခံစားနေကြရတဲ့ ပြည်သူများအတွက်မှာတော့ ရှည်ကြာလွန်းလှပါတယ်။ဒါကြောင့် ဒီနွေဦးတော်လှန်ရေးကြီး အမြန်ဆုံးပြီးမြောက်အောင်မြင်စေဖို့ မဟာဗျူဟာများ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။


ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုက သွေးခွဲသပ်လျှိုဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေလို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ လုံခြုံရေးအထူးသတိပြုဖို့ကိုလည်း ပြည်ထောင်စုဝန်ကြီးချုပ်က အဆိုပါအစည်းအဝေးမှာ ထပ်မံပြောကြားလိုက်ပါတယ်။ 


"အကြမ်းဖက်စစ်အုပ်စုက သွေးခွဲသပ်လျှိုဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေလို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ လုံခြုံရေးအထူးသတိပြုဖို့ အလေးအနက်မှာလိုပါတယ်။ဝန်ကြီးဌာနတွေမှာလည်း လုံခြုံရေးအစီအမံတွေ ထားရှိစေလိုပါတယ်။ အထူးသဖြင့် စစ်ရေးဆိုင်ရာကိစ္စတွေကို ပိုသတိရှိကြရပါမယ်။ စစ်အုပ်စုအနေနဲ့ ပိုကြပ်တည်းလာလေလေ တော်လှန်ရေးအင်အားစုတွေရဲ့ လုံခြုံရေးနဲ့အသက်အန္တရာယ်ကို ပိုပြီး ခြိမ်းခြောက်လာနိုင်လေလေ ဖြစ်ပါတယ်။ဒါကြောင့် အစိုးရအဖွဲ့ဝင်များရော မဟာမိတ်တော်လှန်ရေးအင်အားစုများရော လုံခြုံရေးကို အထူးဂရုစိုက်ကြဖို့ အလေးအနက် ထပ်မံတိုက်တွန်းလိုပါတယ်"လို့ဆိုပါတယ်။


တော်လှန်ရေးအောင်မြင်စေရေး ဦးတည်ဆောင်ရွက်ရသလို အောင်မြင်ပြီးနောက်ပိုင်းမှာ ဆက်လက်ဆောင်ရွက်ရမယ့်ကိစ္စတွေ အဆင်ပြေချောမွေ့စေဖို့ ပြည်သူ့ဘဝ အခက်အခဲမရှိ လုံခြုံအဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် ကြိုတင်အုတ်မြစ်ချထားရမှာ ဖြစ်ပြီး တော်လှန်ရေးကာလအတွင်း အုပ်ချုပ်ရေးယန္တရားဟာ ခုတမျိုး နောက်တစ်မျိုးနဲ့ ပြည်သူတွေ စိတ်မရှုပ်ထွေးရအောင် တာဝန်ရှိသူတွေက စနစ်တကျ စီမံဖို့လိုတယ်လို့ဝန်ကြီးချုပ်ကဆိုပါတယ်။


========================


📌📌 ၂။ မိုးကုတ်ကျောက်မျက် တူးဖော်ရောင်းချခွင့် အခွင့်အရေးများထဲမှဘောလုံကြီးလုပ်ကွက် အမှတ် အမည်ရှိ ၅၅ ဧကကျော်ရှိသော လုပ်ကွက်ကို ရင်းနှီးမြှပ်နှံရန် ဖိတ်ခေါ်


မိုးကုတ်ကျောက်မျက် တူးဖော်ရောင်းချခွင့် အခွင့်အရေးများထဲမှ ဘောလုံကြီးလုပ်ကွက် အမှတ် ၁အမည်ရှိ ၅၅ ဧကကျော်ရှိသောလုပ်ကွက်ကို ရင်းနှီးမြှပ်နှံရန် ဖိတ်ခေါ်လိုက်ပါတယ်။ ဇန်နဝါရီလအတွင်းမှာ NUG Early Partnership Program က ထုတ်ပြန်ဖော်ပြထားပါတယ်။ လုပ်ကွက်ဟာ ဒေါ်လာ ၁၀သန်းဖိုး အလားအလာရှိနိုင်ပြီး ဒေါ်လာ ၂၃၅,၂၀၀ ဖြင့် ရင်းနှီးမြှပ်နှံ လုပ်ကိုင်နိုင်မယ်လို့ဆိုထားပါတယ်။


လုပ်ကွက်ကိုရင်းနှီးမြုပ်နှံပါက ရင်းနှီးမြှပ်နှံသူဟာ ရှယ်ယာ၄၉ ရာခိုင်နှုန်း၊ အများပြည်သူကိုယ်စားအစိုးရကရှယ်ယာ ၅၁ ရာခိုင်နှုန်းဖြင့် လုပ်ကိုင်ခွင့် ၁၀နှစ် သက်တမ်းချပေးမယ်လို့ဆိုပါတယ်။


မိုးကုတ်ကျောက်မျက်တူးဖော်ရေးအခွင့်အရေးများနှင့် တော်လှန်ရေးကို ပံ့ပိုးကူညီရင်း မြှုပ်နှံရန်NUG Early Partnership Programကတိုက်တွန်းထားပါတယ်။


========================


📌📌 ၃။ လေကြောင်းရန်နှင့် လက်နက်ကြီးရန်က ကာကွယ်ဖို့ ခေတ္တပုန်းခိုရာ ဗုံးခိုကျင်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်ရာ စာသင်ကျောင်းပေါင်း ခြောက်ရာကျော်လာပြီဖြစ်


လေကြောင်းရန်နှင့် လက်နက်ကြီးရန်က ကာကွယ်ဖို့ ခေတ္တပုန်းခိုရာ ဗုံးခိုကျင်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်ရာ စာသင်ကျောင်းပေါင်း ခြောက်ရာကျော်လာပြီဖြစ်တယ်လို့သတင်းရရှိပါတယ်။ ဇန်နဝါရီလအတွင်းမှာ NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက အသိပေးဆိုပါတယ်။


"CDM များ စေတနာအားနဲ့အတူ၊ ဗုံးကျည်ဆံကြားက ကလေးငယ်များကို ဝိုင်းလို့ကူ" အစီအစဉ်က ရရှိတဲ့ရန်ပုံငွေတွေနဲ့ စာသင်ကျောင်းအချို့မှာ  လေကြောင်းရန်နှင့် လက်နက်ကြီးရန်က ကာကွယ်ဖို့ ခေတ္တပုန်းခိုရာ ဗုံးခိုကျင်းနေရာလေးတွေကို မြေပြင်မှ ပြည်သူအင်အားများနဲ့အတူ အကောင်အထည်ဖော် ဆောင်ရွက်နေကြတာ ခုဆိုရင်စာသင်ကျောင်းပေါင်း ခြောက်ရာကျော်လာပြီး ဖြစ်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် ပြည်သူလူထုများအနေနှင့်လည်း စကစတပ်ရဲ့အကြမ်းဖက်လုပ်ရက်များကို ကြိုတင်ပြင်ဆင်ရှောင်ရှားနိုင်ရန် မဖြစ်မနေ ပုန်းခိုစရာနေရာ ဗုံးခိုကျင်းများအား ဖန်တီးဆောင်ရွက်ထားရန် လိုအပ်နေပြီ ဖြစ်တယ်လို့ အသိပေးနှိုးဆော်ထားပါတယ်။


========================


📌📌 ၄။ CDM ကျောင်းသားများကို လက်တွဲခေါ်ယူ ဖေးမဖို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်တိုက်တွန်း


CDM ကျောင်းသားများကို လက်တွဲခေါ်ယူ ဖေးမဖို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင် တိုက်တွန်းလိုက်ပါတယ်။ ဇန်နဝါရီ ၂၆ ရက်မှာ CDM ကျောင်းသားများနဲ့ပတ်သက်လို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်က သုံးသပ်ပြောပါတယ်။


"အနည်းဆုံးတော့ စီဒီအမ်ကျောင်းသား တွေကို စိတ်ဓာတ်ရေးရာအရ အားပေးရမှာ ဖြစ်ပြီး တော်လှန်ရေးမှာပါနေတဲ့ လူတွေကလည်း မိမိစီးပွါးရေး၊ လူမှုရေး နဲ့ ပညာရေး ကိစ္စတွေမှာ စီဒီအမ် ကျောင်းသားတွေကို ဦးစားပေး လက်တွဲတာတွေ၊ mentor လုပ်ပေးတာတွေ၊ နှုတ်၏ဆောင်မခြင်း၊ လက်ဖြင့်ဆောင်မပေးခြင်းမျိုးကို လုပ်ဆောင်ပေးရပါမယ်။ စီဒီအမ် လုပ်ခြင်းအားဖြင့် ပညာရေးစနစ်ကို ပြုပြင်နေတာဖြစ်ပြီး၊ သက်ရောက်မှုကလည်းကြီးပါတယ်။ တော်လှန်ရေးမှာ တိုက်ရိုက်မပါဝင်နိုင်တဲ့ လုပ်ငန်းရှင်များကလည်း သက်မွေးဝမ်းကျောင်းပညာသင်လိုသော ကျောင်းသားများကို ပညာသင်လုပ်သားများအဖြစ်လက်တွဲ ခေါ်ယူပေးပါ"လို့ဆိုပါတယ်။


ဒါ့အပြင် အဆင့်မြင့်ပညာ တက်ရောက်လိုသူများကို  စကော်လားရှစ်ပညာသင်ဆုများ grants များ၊ ကျောင်းတဖက်နဲ့ အလုပ်တက်နိုင်ရန် နည်းလမ်းများပြောပြကူညီပေးရန်လည်း ဒုဝန်ကြီးက ဆိုထားပါတယ်။

========================


📌📌 ၅။ မြန်မာနိူင်ငံအတွင်း ဘိန်းစိုက်ပျိုးဧရိယာ ၃၃ ရာခိုင်နှုန်းတိုးလာပြီး ဧက ၉၉၀၀၀ ကျော်ရှိတယ်လို့ UNODS အစီရင်ခံစာကဖော်ပြ


မြန်မာနိူင်ငံအတွင်း ဘိန်းစိုက်ပျိုးဧရိယာ ၃၃ ရာခိုင်နှုန်းတိုးလာပြီး ဧက ၉၉၀၀၀ ကျော်ရှိတယ်လို့ UNODS အစီရင်ခံစာကဖော်ပြပါတယ်။


စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်မှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဟာ မြင့်တက်တိုးပွားလာတာတွေ့ရတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ ဒီ ဖြစ်စဥ်ဟာရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ နယ်စပ်ဒေသရှိမှာတဲ့ နေရာဒေသတွေမှာ ဖြစ်ပေါ်နေတယ်လို့လည်း သိရပါတယ်။


စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စီးပွားရေးများခက်ခဲ ကြပ်တည်းခဲ့ပြီး ဘိန်းအစားထိုး သီးနှံ့များ စိုက်ပျိုးဖို့ရန် အလွန်အခက်တွေ့ခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများနဲ့ စားဝတ်နေရေး အခက်ကြုံမှုများကို ဒေသခံ ပြည်သူများရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။


========================


📌📌 ၆။ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ကျွန်းပင်သာကျေးရွာမှ တမူးမြို့ထဲသို့ သွားနေသည့် လူငယ် သုံးဦး ကို အကြမ်းဖက်စစ်အုပ်စုတပ်က ဖမ်းဆီးကာ သတ်ဖြတ်


စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ကျွန်းပင်သာကျေးရွာမှ တမူးမြို့ထဲသို့ သွားနေသည့် လူငယ် သုံးဦးကို အကြမ်းဖက်စစ်အုပ်စုတပ်က ဖမ်းဆီးကာ သတ်ဖြတ်ခဲ့ပါတယ်။ ဇန်နဝါရီ ၂၆ ရက်မှာ AAPP ကအသိပေးဖော်ပြပါတယ်။


"ဇန်နဝါရီလ ၂၃ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ကျွန်းပင်သာကျေးရွာမှ တမူးမြို့ထဲသို့ သွားနေသည့် လူငယ် သုံးဦး ကို အကြမ်းဖက်စစ်အုပ်စု၏တပ်က ကွန်းတောင်းတပ်စခန်းရှေ့၌ စစ်ဆေးမေးမြန်းပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့်ဆက်သွယ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးခဲ့ပြီးနောက် သတ်ဖြတ်ခဲ့တယ်"လို့ဆိုပါတယ်။


အဆိုပါလူငယ်သုံးဦးမှာ ကျွန်းပင်သာကျေးရွာမှ လက်မင်ထန်၊ မြို့မ ၁၄ အပိုင်း၊ ချောင်းနက်ကြီးကျေးရွာမှ ရွှေမင်းထန်နှင့် အသက် ၁၇ နှစ်အရွယ် ငမ်မင်းဟောင်တို့ဖြစ်ပါတယ်။ ၎င်းတို့၏ ရုပ်အလောင်းများကို အကြမ်းဖက်စစ်အုပ်စုမှ မိသားစုထံ ပြန်လည်ပေးအပ်ခြင်း မရှိကြောင်း သိရပါတယ်။


၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများ နှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၈၉၂) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။


========================


📌📌 ၇။ ကန့်ဘလူမြို့နယ်မှာ နှစ်ရက်ဆက်တိုက် စကစတပ်နဲ့ပျူများကို ကာကွယ်ရေးတပ်များက လက်နက်ကြီးအပါအဝင် ဒရုန်းများနဲ့တိုက်ခိုက်


စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ နှစ်ရက်ဆက်တိုက် စကစတပ်နဲ့ပျူများကို ကာကွယ်ရေးတပ်များက လက်နက်ကြီးအပါအဝင် ဒရုန်းများနဲ့တိုက်ခိုက်ခဲ့ပါတယ်။ ဇန်နဝါရီ ၂၆ ရက်မှာ စစ်ရေးသတင်းကို Kanbalu underground warriors ကအသိပေးဖော်ပြပါတယ်။


"ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်း ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်၊ ညောင်ဇင်လေး (အနောက်)ရွာ စာသင်ကျောင်းဝင်းအတွင်းတွင် အထိုင်ချထားသောပျူများ စကစတပ်များအား(စတုတ္ထ)အကြိမ်  ဒရုန်းဖြင့်တိုက်ခိုက်ရာ အော်ဟစ်ထွက်ပြေးကြပါတယ်။အထိခိုက် အကျဆုံး မသိရှိရသေးပါ"လို့ဆိုပါတယ်။


အလားတူ ဇန်နဝါရီ၂၅ရက်နေ့ကလည်ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်၊ ညောင်ဇင်လေး(အနောက်) ရွာ အထိုင်ချထားသော စကစတပိနဲ့ပျူများကို  ၈၀မမ ၁၀ လုံး၊ ၄၀မမ ၈လုံးဖြင့် () ကြိမ်မြောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြပါတယ်။


တိုက်ခိုက်မှု့ကို  လင်းယုန်နီ ကန့်ဘလူ၊ စွန်ရဲ ကန့်ဘလူ၊MPF-U18 PLGFမြေပြင်လှုပ်ရှားအဖွဲ့၊ ကန့်ဘလူတောင်ပိုင်း ပကဖ များနှင့် Kanbalu underground warriors မဟာမိတ်ညီနောင်များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။


========================


📌📌 ၈။ ဒီပဲယင်းမြို့နယ် ညောင်လှကျေးရွာကို စကစတပ်က နှစ်ရက်ဆက်တိုက်မီးရှို့ဖျက်ဆီးရာ ရွာလုံးကျွတ် နီးပါးမီးလောင်ဆုံးရှုံး


စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ညောင်လှကျေးရွာကို စကစတပ်က နှစ်ရက်ဆက်တိုက်မီးရှို့ဖျက်ဆီးရာ ရွာလုံးကျွတ် နီးပါးမီးလောင်ဆုံးရှုံးခဲ့ပါတယ်။ ဇန်နဝါရီ ၂၆ ရက်မှာ ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ကအသိပေးဆိုပါတယ်။


"ဒီပဲယင်းအရှေ့ခြမ်း ညောင်လှကျးရွာကို ဇန်နဝါရီ ၂၄၊ ၂၅ ရက်နေ့ အကြမ်းဖက်စစ်တပ်၏ တတိယအကြိမ် မီးရှို့ဖျက်ဆီးမှုကြောင့် တစ်ရွာလုံးကျွတ်နီး မီးလောင်ပျက်ဆီးခဲ့ရပြှး ပြန်လည်တည်ဆောက်ထားသော မီးဘေးသင့်တဲများပါမကျန် ထပ်မံဖျက်ဆီးခံခဲ့ရပါတယ်"လို့ ဆိုပါတယ်။


၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့ထိ စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူ နေအိမ်ပေါင်း ၄၈,၄၆၃ လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ Data for Myanmar ကဖော်ပြပါတယ်။


အဆိုပါမီးရှို့ဖျက်ဆီးခံရတဲ့အထဲတွင်စစ်ကိုင်းတိုင်းမှာ ၃၆,၆၆၇ လုံး၊ မကွေးတိုင်းမှာ ,၅၇၅ လုံး၊ ချင်းပြည်နယ်မှာ ,၄၇၅ လုံးနဲ့ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ,၇၄၆ လုံး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။


========================


📌📌 ၉။ ကျုံဒိုးတိုက်ပွဲ အကြမ်းဖက်စစ်ကောင်စီဘက်မှ ကျဆုံးသူ (၉၀) ကျော်အထိရှိခဲ့ပြီး ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိသူ (၅၀)ကျော် အထိရှိ


ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျုံဒိုးတိုက်ပွဲ အကြမ်းဖက်စစ်ကောင်စီဘက်မှ ကျဆုံးသူ(၉၀) ကျော်အထိရှိခဲ့ပြီး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသူ (၅၀) ကျော် အထိရှိတယ်လို့သတင်းရရှိပါတယ်။ ဇန်နဝါရီ ၂၆ ရက်မှာ စစ်ရေးသတင်းကို Lion Battalion Commando - ဗျူဟာစစ်ကြောင်းက အတည်ပြုဆိုပါတယ်။


"ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးရှိကော့ကျိုက်၊ အံဂလုံ နှင့် ကမ်းနီစံပြကျေးရွာများအတွင်း  ဇန်နဝါရီလ၊ (၂၀) ရက်နေ့ တွင် နယ်မြေကျုးကျော်ဝင်ရောက်တပ်စွဲလာသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ(၄၄)လက်အောက်ခံတပ်များ အရှေ့တောင်ပိုင်းတိုင်းလက်အောက်ခံတပ်များအင်အား (၁၅၀) ခန့်ရှိသောစစ်ကြောင်းနှင့် KTL Army ဗျူဟာမှူး ဗိုလ်အယ်စေးဝါဦးဆောင်သော Lion Battelion Commando - ဗျူဟာစစ်ကြောင်း၊ KNU/KNDO အမှတ်()တပ်ရင်း၊ ဂဠုန်စစ်ကြောင်း နှင့် DKBA စစ်ကြောင်းများ ပူးပေါင်းရျ် နယ်မြေကျုးကျော်ဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီနှင့် ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်"လို့ဆိုပါတယ်။


ဇန်နဝါရီလ (၂၀) ရက်နေ့မှ (၂၆)ရက် နေ့အထိတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ကျဆုံးသူ(၉၀) ကျော်အထိရှိခဲ့ပြီး ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိသူ (၅၀) ကျော် အထိရှိသဖြင့် အကျအဆုံး၊ အထိအခိုက် များစွာဖြင့် ပြန်လည်ဆုတ်ခွါသွားခဲ့တယ်လို့ဆိုပါတယ်။


အဆိုပါ () ရက်တာ တိုက်ပွဲအတွင်း ကမ်းနီစံပြကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီ၏အမှတ် (၅၄၅ /၅၄၆) အမြောက်တပ်မှ လက်နက်ကြီးအကြိမ်ရေပေါင်း (၂၀၀) ကျော်ပစ်ခတ်ခဲ့ပါပြီး လေကြောင်းစစ်ကူအနေဖြင့် (JY/130) တိုက်လေယာဉ်အမျိုးအစား နှင့် (Mi 35) လေယာဉ်အမျိုးအစားများ အသုံးပြုရျ် (၁၀) ကြိမ်နှင့်အထက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။


ထိတွေ့တိုက်ပွဲမှာကျေးရွာအတွင်းရှိ နေအိမ် () လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ တိုက်ပွဲအတွင်း  KNDO အမှတ် ()တပ်ရင်းမှ တပ်ခွဲမှုးဗိုလ်စောလင်းဌေးနှင့် ရဲဘော်()ဦး သည််တိုင်းပြည်နှင့်လူမျိုးအတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ရတယ်လို့lion_battalion_commando ကဖော်ပြပါတယ်။


========================


📌📌 ၁၀။ ပခုက္ကူမြို့နယ် ရေလာလေးရွာရှိ ပျူကင်းများအား ဒရုန်းဖြင့်တိုက်ခိုက်


ပခုက္ကူမြို့နယ် ရေလာလေးရွာရှိ ပျူကင်းများအား ဒရုန်းဖြင့်တိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။ ဇန်နဝါရီ ၂၆ ရက် စစ်ရေးသတင်းကို Myaing Garuda PDF ကအတည်ပြုဆိုပါတယ်။


"မြိုင် ပကဖ တပ်ရင်း -တပ်ခွဲ (ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) အလင်းတန်းပြောက်ကျားတပ်ဖွဲ့၊ Hero New GZ နှင့် မြေပြန့်ဒေသကာကွယ်ရေးအဖွဲ့ (MRDF)တို့ ပူးပေါင်း၍ ဇန်နဝါရီ၂၆ရက်တွင် ရေလာလေး ပျူရွာအတွင်းရှိ ပျူကင်းများအား ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


ပျုများအထိအခိုက် စုံစမ်းဆဲဖြစ်ပြီးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိူင်ခဲ့တယ်လို့ဆိုပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment