၂၀၂၃ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပီပြင်ပြတ်သားတဲ့ နိူင်ငံရေးရလဒ်တစ်ခု ထပ်ထွက်လာအောင် ကြိုးစားရမယ်လို့ ယာယီသမ္မတဒူဝါလရှီးလ သတင်းစကားပါး
📌 ၂။ ပင်လုံစိတ်ဓာတ်ကိုအခြေခံတဲ့ တိုင်းရင်းသားအားလုံးစည်းလုံးညီညွတ်ရေးကို မတည်ဆောက်နိူင်သရွေ့ ယမ်းငွေ့များကြားမှာ စစ်မီးတောက်လောင်ပြီး နိူင်ငံဖွံဖြိုးတိုးတက်မှာမဟုတ်ဘူးလို့ဆို
📌 ၃။ မြန်မာဒုက္ခသည်များ တတိယနိူင်ငံခိုလှုံခွင့်ရနိူင်အောင် ဒုတိယနိူင်ငံများကို နည်းပေါင်းစုံနဲ့တွန်းအားပေးနေတယ်လို့ နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ပြောကြား
📌 ၄။ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နိုင်ငံခြားရေးပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်နှင့် နယူးယောက်မြန်မာလူထုတွေ့ဆုံပွဲ မြန်မာပြည်ဖွားတိုင်းရင်းသား ၃၅၀ ကျော်တက်ရောက်ခဲ့
📌 ၅။ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး အထူးစစ်ဆင်ရေးသင်တန်း (အပတ်စဥ် - ၄) သင်တန်းဆင်းပွဲကျင်းပ
📌 ၆။ စစ်ကိုင်းမြို့နှင် မန္တလေးမြို့ကိုသွယ်တန်းထားသော ရတနာပုံတံတား၏ စစ်ကိုင်းမြို့ဘက်ခြမ်းတွင်ရှိသော ရတနာပုံတံတားထိပ်စကစတပ်များဂိတ်တဲကို (၄၀-မမ) ဗုံးသီးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်
📌 ၇။ ၂၀၂၃ ခုနှစ်၏ပွဲဦးထွက် မြန်ပြည်အရေး ရန်ပုံငွေဈေးပွဲကို တစ်တပ်တစ်အား ကူ ညီ အား ဖြည့် ပေးကြ ဖို့ ဖိတ် ခေါ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပီပြင်ပြတ်သားတဲ့ နိူင်ငံရေးရလဒ်တစ်ခု ထပ်ထွက်လာအောင် ကြိုးစားရမယ်လို့ ယာယီသမ္မတဒူဝါလရှီးလ သတင်းစကားပါး
ဖေဖော်ဝါရီ ၁၂ ရက်
ပီပြင်ပြတ်သားတဲ့ နိူင်ငံရေးရလဒ်တစ်ခု ထပ်ထွက်လာအောင် ကြိုးစားရမယ်လို့ ယာယီသမ္မတဒူဝါလရှီးလ သတင်းစကားပါးဆိုလိုက်ပါတယ်။ ဖေဖော်ဝါရီလ (၁၂) ရက်နေ့အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတဒူဝါလရှီးလမှ ပြည်သူလူထုများထံသို့ ပြည်ထောင်စုနေ့ သတင်းစကားပါးဆိုလိုက်ပါတယ်။
"ကျနော်တို့ ပီပြင်ပြတ်သားတဲ့ နိူင်ငံရေးရလဒ်တစ်ခု ထပ်ထွက်လာအောင် ကြိုးစားရမယ်။လူထုယုံကြည်မှုရဖို့ တစ်ခုတည်းအတွက်မဟုတ်ဘူး။ဖက်ဒရယ် နိူင်ငံတစ်ခုဖြစ်လာဖို့အတွက် အရေးကြီးတဲ့ ခြေလှမ်းသစ်လည်းဖြစ်ပါတယ်"လို့ဆိုပါတယ်။
ပြည်သူ့ခုခံတွန်းလှန်စစ်များစတင်ဖို့ ၂၀၂၁ ခုနှစ် စက်တင်ဘာ၇ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ နိူင်ငံတော်ကိုအရေးပေါ်အခြေအနေကြေညာခဲ့ပါတယ်။ လက်ရှိမှာ တစ်နှစ်တာ မဟာဗျူဟာ စီမံချက်များရေးဆွဲအကောင်အထည်ဖော်ဆောင်လျက်ရှိပြီးတော့ ၂၀၂၃ ခုနှစ်ကို တော်လှန်ရေးအတွက် အဆုံးအဖြတ်ပေးမယ့်နှစ်လို့လည်းကြေညာထားပါတယ်။
========================
📌📌 ၂။ ပင်လုံစိတ်ဓာတ်ကိုအခြေခံတဲ့ တိုင်းရင်းသားအားလုံးစည်းလုံးညီညွတ်ရေးကို မတည်ဆောက်နိူင်သရွေ့ ယမ်းငွေ့များကြားမှာ စစ်မီးတောက်လောင်ပြီး နိူင်ငံဖွံဖြိုးတိုးတက်မှာမဟုတ်ဘူးလို့ဆို
ပင်လုံစိတ်ဓာတ်ကိုအခြေခံတဲ့ တိုင်းရင်းသားအားလုံးစည်းလုံးညီညွတ်ရေးကို မတည်ဆောက်နိူင်သရွေ့ ယမ်းငွေ့များကြားမှာ စစ်မီးတောက်လောင်ပြီး နိူင်ငံဖွံဖြိုးတိုးတက်မှာမဟုတ်ဘူးလို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွန့်က ဖေဖော်ဝါရီ ၁၂ ရက်ကျင်းပတဲ့ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၆)နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်မှာ ဆိုလိုက်ပါတယ်။
"ကိုယ်ပိုင်လွတ်လပ်ခွင့်၊ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ် ကံကြမ္မာကိုယ်ဖန်တီးနိူင်ခွင့် လုံလောက်တဲ့အာဏာခွဲဝေမှု နဲ့တိုင်းရင်းသား အားလုံးတန်းတူရေး ကိုအခြေခံတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို မတည်ဆောက်နိူင်သရွေ့ ကျနော်တို့နိူင်ငံ ငြိမ်းချမ်းဖို့မမြင်ပါဘူး။ ပင်လုံစိတ်ဓာတ်ကိုအခြေခံတဲ့ တိုင်းရင်းသားအားလုံးစည်းလုံးညီညွတ်ရေးကို မတည်ဆောက်နိူင်သရွေ့ ယမ်းငွေ့များကြားမှာ စစ်မီးတောက်လောင်ပြီး နိူင်ငံဖွံဖြိုးတိုးတက်ဖို့ဆိုတာ လုံးဝမဖြစ်နိူင်ပါဘူး"လို့ဆိုပါတယ်။
ဒါ့အပြင် ယခုအချိန်ဟာ ဖက်ဆစ် စစ်မိစ္ဆာ အာဏာသိမ်းယူထားတဲ့အတွက် တွန်းလှန်နေရတဲ့အချိနလည်းဖြစ်တယ်လို့ဆိုပါတယ်။
========================
📌📌 ၃။ မြန်မာဒုက္ခသည်များ တတိယနိူင်ငံခိုလှုံခွင့်ရနိူင်အောင် ဒုတိယနိူင်ငံများကို နည်းပေါင်းစုံနဲ့တွန်းအားပေးနေတယ်လို့ နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ပြောကြား
ဖေဖော်ဝါရီ ၁၂ ရက်
မြန်မာဒုက္ခသည်များ တတိယနိူင်ငံခိုလှုံခွင့်ရနိူင်ရေးနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၁ ရက် အမေရိကန်နိူင်ငံ နယူးယောက်မြန်မာလူထုတွေ့ဆုံပွဲမှာ ဝန်ကြီးကပြောပါတယ်။
"အတတ်နိူင်ဆုံးတော့ UNHCR နဲ့လည်း ကျမတို့ ပူးပေါင်းဆောင်ရွက်တယ်။လူတစ်ဦးချင်း အမှုတွဲတွေကိုတော့ ကျမတို့လိုက်နိူင်ဖို့ခက်ပါတယ်။ကျမတို့နိူင်ငံခြားရေးဝန်ကြီးဌာနကတော့ မူဝါဒ အားဖြင့် စောင့်ရှောက်ပေးဖို့ သက်ဆိုင်ရာနိူင်ငံတွေကိုပေါ့ မေတ္တာရပ်ခံစာတွေပေးပို့တာရှိပါတယ်။ နောက်ပြီး သက်ဆိုင်ရာခေါ်မယ့်နိူင်ငံတွေရဲ့ ဘတ်ဂျက်ချပေးတာနဲ့လည်းဆိုင်ပါတယ်။ဒီဘက်မှာဘတ်ဂျက်ချပြီးရင်တောင် ထိုင်းရဲ့လုံခြုံရေးကောင်စီခွင့်ပြုချက်နဲ့သယ်ရတာဖြစ်ပါတယ်။တချို့နိူင်ငံတွေက ဒုက္ခသည်ဆိုင်ရာ စာချုပ် စာတမ်းတွေမထိုးထားဘူး။မထိုးထားတဲ့နိူင်ငံကို ပြောရတာခက်ပါတယ်။နိူင်ငံရေးအာသီသ ရှိမှသာလျင် လမ်းကြောင်းရှာသယ်ပေးတာရှိတယ်။အဲဒီလိုရှိလာအောင် ကျမတို့ ပတ်လည်အားဖြင့် တွန်းနေတာရှိတယ်"လို့ဝန်ကြီးကဆိုပါတယ်။ မြန်မာဒုက္ခသည်များအရေးကို နိူင်ငံတကာအစိုးရအပါအဝင် ကုလသမဂ္ဂကိုလည်းပြောဆိုထားမှုတို့ရှိကြောင်းဝန်ကြီးကဆိုပါတယ်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့အထိ ကုလသမဂ္ဂနောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတစ်ဝန်းမှာ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁ ဒသမ ၅ သန်းကျော် ရှိလာပြီဖြစ်ပြီး ဒီအထဲကမှ လူဦးရေ ၁ ဒသမ ၂ သန်းက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွါထွက်ပြေးကြရသူတွေ ဖြစ်ပါတယ်။
========================
📌📌 ၄။ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နိုင်ငံခြားရေးပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်နှင့် နယူးယောက်မြန်မာလူထုတွေ့ဆုံပွဲ မြန်မာပြည်ဖွားတိုင်းရင်းသား ၃၅၀ ကျော်တက်ရောက်ခဲ့
ဖေဖော်ဝါရီ ၁၂
ဖေဖော်ဝါရီ ၁၁ ရက်မှာအမျိုးသားညီညွတ်ရေးအစိုးရ၊နိုင်ငံခြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့နှင့် နယူးယောက်မြန်မာလူထုတွေ့ဆုံပွဲကို နယူးယောက်မြို့ရှိ St.James Episcopal Church ၌ ကျင်းပခဲ့ပါတယ်။ တွေ့ဆုံပွဲကို ဖေဖော်ဝါရီလ ၁၁ရက် နေ့လည် ၂နာရီမှ ညနေ ၄နာရီအထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နယူးယောက်မြို့ရှိ မြန်မာပြည်ဖွားတိုင်းရင်းသား ၃၅၀ ကျော်တက်ရောက်ခဲ့ကြတယ်လို့ NYCBCကအသိပေးဖော်ပြပါတယ်။
တော်လှန်ရေးတွင် စိတ်အားထက်သန်စွာပါဝင်နေကြသော အမေရိကန်ရောက်တော်လှန်ရေးညီအကိုမောင်နှမများအား ကျေးဇူးတင်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပြီးလက်ရှိဖြစ်ပေါ်တိုးတက်နေသော နိူင်ငံတကာဆက်ဆံရေးဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
တက်ရောက်လာကြသူများကလည်း ၎င်းတို့သိလိုသည်များကို မေးမြန်းကြပြီး ပြည်ထောင်စုဝန်ကြီး ဒုတိယဝန်ကြီးနှင့် သံအမတ်ကြီးတို့က အသေးစိတ်ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သတင်းရရှိပါတယ်။ ဒါအပြင် တောင်ပိုင်းကယ်လီဖိုးနီယားမြန်မာမိသားစုနဲ့ NUGနိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုဝန်ကြီး ဦးမိုးဇော်ဦးတို့ဖေဖော်ဝါရီလ ၂၃ရက်မှာ မြန်မာမိသားစုများနဲ့တွေ့ဆုံပွဲကိုကျင်းပမှာဖြစ်တယ်လို့ ဆိုပါတယ်။
"LA မြို့နဲ့ အနီးတဝိုက်က မိတ်ဆွေတွေကို ဖိတ်ကြားပါတယ်။ ကြာသပတေးနေ့ ညနေ ဖြစ်နေတော့ အလုပ်က လာမယ့်သူတွေ အဆင်ပြေအောင် အစားအသောက် စီစဉ်ထားပါ့မယ်"လို့ LA မိသားစုကအသိပေးဖော်ပြထားပါတယ်။
========================
📌📌 ၅။ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး အထူးစစ်ဆင်ရေးသင်တန်း (အပတ်စဥ် - ၄) သင်တန်းဆင်းပွဲကျင်းပ
ဖေဖော်ဝါရီလ ၁၂ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးသင်တန်း (အပတ်စဥ် - ၄) သင်တန်းဆင်းပွဲအား KNU တပ်မဟာ (၆) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကျင်းပခဲ့ကြောင်းကို ဖေဖော်ဝါရီ၁၂ရက်မှာ တောင်ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ကသတင်းထုတ်ပြန်ပါတယ်။
သင်တန်းဆင်းပွဲတွင် ပြည်ထဲရေးနှင့်လူဝင်မှူကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်မှပေးပို့သော သဝဏ်လွှာအားဖတ်ကြားခြင်း၊ တောင်ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F တာဝန်ခံ မှသင်တန်းဆင်းမိန့်ခွန်း ပြောကြားခြင်း၊ သစ္စာဓိဌာန်ပြုခြင်း၊ စစ်ရေးပြလှည့်လည်ခြင်းနှင့် ထူးချွန်သင်တန်းသားများအား ဂုဏ်ပြုခြင်းအစီအစဥ်များကျင်းပခဲ့ပါတယ်။ သင်တန်းဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ စစ်ဆင်ရေးချုပ်နှင့် စစ်တိုင်းတာဝန်ခံများ၊ ဌာနအသီးသီးမှတာဝန်ရှိသူများ၊ နယ်မြေခံ ERO မဟာမိတ်ခေါင်းဆောင်များ၊ မရိန်း သင်တန်းဆရာများ တက်ရောက်ခဲ့ကြပါတယ်။
သင်တန်းအား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ဒုတိယလပတ်မှ ဒီဇင်ဘာလ ဒုတိယလပတ်အထိ (သုံးလ) သင်ကြားပေးခဲ့ပြီး (၁၇.၁၂.၂၀၂၂) ရက်နေ့တွင်သင်တန်းဆင်းပွဲကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ သင်တန်းတွင် အထူးကွန်မန်ဒို၊ အထူးချေမှူန်းရေး၊ အထူးလက်ဖြောင့်၊ စစ်မြေပြင်ဆေးဝါးကုသခြင်း နှင့် မြို့ပြအထူးစစ်ဆင်ရေးအတွက် အဓိကကျသော စစ်ရေးလေ့ကျင့်မှူများကို စာတွေ့လက်တွေ ၊နေ့ရောညပါ သင်ကြားပို့ချခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၆။ စစ်ကိုင်းမြို့နှင် မန္တလေးမြို့ကိုသွယ်တန်းထားသော ရတနာပုံတံတား၏ စစ်ကိုင်းမြို့ဘက်ခြမ်းတွင်ရှိသော ရတနာပုံတံတားထိပ်စကစတပ်များဂိတ်တဲကို (၄၀-မမ) ဗုံးသီးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်
ဖေဖော်ဝါရီ ၁၂
စစ်ကိုင်းမြို့နှင် မန္တလေးမြို့ကိုသွယ်တန်းထားသော ရတနာပုံတံတား၏ စစ်ကိုင်းမြို့ဘက်ခြမ်းတွင်ရှိသော ရတနာပုံတံတားထိပ်စကစတပ်များဂိတ်တဲကို (၄၀-မမ) ဗုံးသီးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက်မှာစစ်ရေးသတင်းကို Freedom Revolution Force(FRF) ကအသိပေးဆိုပါတယ်။
"စစ်ကိုင်းမြို့နှင် မန္တလေးမြို့ကိုသွယ်တန်းထားသော ရတနာပုံတံတား၏ စစ်ကိုင်းမြို့ဘက်ခြမ်းတွင်ရှိသော ရတနာပုံတံတားထိပ်တွင်ရှိသည့် ပြည်သူမျာကိုဖမ်းဆီးငွေညှစ်၊ပစ်ခတ်သတ်ဖြတ်နေသော စစ်ကောင်စီ၏ဂိတ်တဲကို Freedom Revolution Force(FRF){အထူးတပ်ဖွဲ့Eagle-2}အဖွဲ့ က ဖေဖော်ဝါရီလ (၁၀) ရက်နေ့ ညနေပိုင်းတွင် (၄၀-မမ) ဗုံးသီးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
ထိုတိုက်ခိုက်မှုကြောင့် စစ်အုပ်စု၏ အသေအပျောက်စာရင်းကို မသိရှိရသေးပေမဲ့ ထိခိုက်သေဆုံးမှုများရှိနိူင်တယ်လို့သိရပါတယ်။ ထိုတိုက်ခိုက်မှုတွင် Freedom Revolution Force(FRF){အထူးတပ်ဖွဲ့Eagle-2}အဖွဲ့ နှင့်အတူ အညာတပ်ပေါင်းစု - ABCF တို့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ပါတယ်
========================
📌📌 ၇။ ၂၀၂၃ ခုနှစ်၏ပွဲဦးထွက် မြန်ပြည်အရေး ရန်ပုံငွေဈေးပွဲကို တစ်တပ်တစ်အား ကူ ညီ အား ဖြည့် ပေးကြ ဖို့ ဖိတ် ခေါ်
ဖေဖော်ဝါရီ ၁၂
၂၀၂၃ ခုနှစ်၏ပွဲဦးထွက် မြန်ပြည်အရေး ရန်ပုံငွေဈေးပွဲကို တစ်တပ်တစ်အား ကူ ညီ အား ဖြည့် ပေးကြ ဖို့ ဖေဖော်ဝါရီ ၁၁ ရက်မှာ LA NUG Supporters ကအသိပေးဖော်ပြပါတယ်။
"၂၀၂၃ ခုနှစ်၏ပွဲဦးထွက် မြန်ပြည်အရေး ရန်ပုံငွေဈေးပွဲကို တစ်တပ်တစ်အား ကူ ညီ အား ဖြည့် ပေးကြ ဖို့ ဖိတ် ခေါ် အပ် ပါတယ်။ရောင်းပြီးလှူမည့်သူများကလည်း မမောနိုင် မပန်းနိုင် စေတနာထက်သန်စွာချက် ပြုတ် လှူ ဒါန်းကြမှာဖြစ်၍ ဝယ်ပြီးလှူမည့်သူ များ မှ လည်း စားရင်းနှင့်လှူ ကုသိုလ် အတူယူကြဖို့ ဖိတ် ခေါ် ပါတယ်"လို့ဆိုပါတယ်။ ဖေဖော်ဝါရီ ၁၉ ရက်ကျင်းပမယ့် ၂၀၂၃ ခုနှစ်၏ပွဲဦးထွက် မြန်ပြည်အရေး ရန်ပုံငွေဈေးပွဲမှာ မြန်မာအစားအစာများ အများဆုံးပါဝင်မှာဖြစ်ပြီးတော့ pre order များ ကို စတင်၍ မှာယူ နိုင်ကြပြီဖြစ်တယ်လို့ LA NUG Supporters ကဖော်ပြထားပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment