၂၀၂၃ မတ်လ ၁၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ကျူးလွန်မှုများရဲ့ နောက်ဆက်တွဲအကျိုးဆက်ကို အသေအချာ တာဝန်ယူကြရမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်ပြောကြား
📌 ၂။ တော်လှန်စိတ်ကိုမလျှော့ဖို့ လူ့အခွင့်ရေးရာဝန်ကြီးတိုက်တွန်း
📌 ၃။ သရက်ချောင်းမြို့နယ်၊ ပိတိုင်ရွာ၌ ထားဝယ်-မြိတ်ကားလမ်းမကြီးနဘေးတွင် စကစတပ်ယာဥ်တန်းကိုမိုင်းဆွဲ၍ စကစတပ်က ၂၂ဦးသေဆုံး
📌 ၄။ မွန်ပြည်နယ်ရေးမြို့နယ် ခံသင်းတံတားအနီး စကစ စခန်းတခုကိုရေးဘီလူးအဖွဲ့သားများသိမ်းဆည်းခဲ့
📌 ၅။ မိုမိုကမ်ပိန်းမှ မိုမိုလက်မှတ်ပေါင်း (၁,၈၆၂) စောင် ရောင်းချခဲ့ပြီး target ရဲ့ ၆၂% ရောက်ရှိ
📌 ၆။ ကိုရီးယားနိူင်ငံ မှာ "မြို့ပြပြောက်ကျား"တော်လှန်ရေးရုပ်ရှင်ပြသမယ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ကျူးလွန်မှုများရဲ့ နောက်ဆက်တွဲအကျိုးဆက်ကို အသေအချာ တာဝန်ယူကြရမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်ပြောကြား
မတ်လ ၁၀
အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ကျူးလွန်မှုများရဲ့ နောက်ဆက်တွဲအကျိုးဆက်ကို အသေအချာ တာဝန်ယူကြရမှာဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မတ်လ၉ရက် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးမှာ ဝန်ကြီးချုပ်ကဆိုပါတယ်။
" စစ်အာဏာရှင်တွေကို တွန်းလှန်ရင်း နိုင်ငံရေးစနစ်သစ်တစ်ခုကို ဖော်ဆောင်ရာမှာ ကြီးမားတဲ့ ပေးဆပ်မှုတွေရှိလာနိုင်တယ် ဆိုတာကို ကျွန်တော့်အနေနဲ့ လက်ခံထားပေမယ့်လည်း အခုလိုမျိုး အဖိုးတန်လှတဲ့ စတေးပေးဆပ်မှု တွေကိုတော့ လက်ခံနိုင်ဖို့ ခဲယဉ်းလှပါတယ်။ အဲ့ဒီအတွက်လည်း နောက်ဆက်တွဲအကျိုးဆက်ကို စစ်ရာဇဝတ်ကောင်တွေ အသေအချာ တာဝန်ယူကြရမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေးစတဲ့ ဘက်ပေါင်းစုံက လိုအပ်တဲ့ တုံ့ပြန်မှုတွေပါ ဆက်လက်ဆောင်ရွက်ကြဖို့ဝန်ကြီးချုပ်ကအလေးပေးပြောကြားခဲ့ပါတယ်။
========================
📌📌 ၂။ တော်လှန်စိတ်ကိုမလျှော့ဖို့ လူ့အခွင့်ရေးရာဝန်ကြီးတိုက်တွန်း
မတ်လ ၁၀
တော်လှန်စိတ်ကိုမလျှော့ဖို့ လူ့အခွင့်ရေးရာဝန်ကြီးဦးအောင်မျိုးမင်းက မတ်လအတွင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာတိုက်တွန်းဆိုလိုက်ပါတယ်။
“စစ်ကောင်စီတပ်တွေရဲ့အကြမ်းဖက် လူသတ်၊ ရွာမီးရှို့မှုတွေ တားဆီးအရေးယူနိုင်ရေးအတွက် နိုင်ငံတကာရဲ့အကူအညီကိုမျှော်လင့်တာအပြင် လူထုကိုယ်တိုင်က တော်လှန်ရေးတပ်တွေနဲ့အတူလက်တွဲပြီး စစ်အာဏာရှင်တွေကို ခုခံတော်လှန်သွားဖို့က အရေးကြီးပါတယ်။နိုင်ငံတကာက ငါတို့ကိုပစ်ထားတယ်ဆိုပြီး တော်လှန်စိတ်ကိုလျော့ချလိုက်မိရင် အခြေအနေတွေ ပိုဆိုးသွားနိင်တယ်”လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ မြန်မာနိူင်ငံကို လက်နက်မဟုတ်သော အကူအညီများ နိူင်ငံတကာက ကူညီပံ့ပိုးပေးလျက်ရှိပြီးအများစုမှာ လူသားချင်းစာနာမှုအကူအညီများဖြစ်ပါတယ်။
========================
📌📌 ၃။ သရက်ချောင်းမြို့နယ်၊ ပိတိုင်ရွာ၌ ထားဝယ်-မြိတ်ကားလမ်းမကြီးနဘေးတွင် စကစတပ်ယာဥ်တန်းကိုမိုင်းဆွဲ၍ စကစတပ်က ၂၂ဦးသေဆုံး
မတ်လ ၁၀
သရက်ချောင်းမြို့နယ်၊ ပိတိုင်ရွာ၌ ထားဝယ်-မြိတ်ကားလမ်းမကြီးနဘေးတွင် စကစတပ်ယာဥ်တန်းကိုမိုင်းဆွဲ၍ စကစတပ်က ၂၂ဦးသေဆုံးခဲ့ကြောင်းကို မတ်လ၁၀ရက်နေ့ စစ်ရေးသတင်းကို ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ကအတည်ပြုဆိုပါတယ်။
"မတ်၃ရက်နေ့က သရက်ချောင်းမြို့နယ်၊ ပိတိုင်ရွာ၌ ထားဝယ်-မြိတ်ကားလမ်းမကြီးနဘေးတွင် ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ (TYC-PDF)၏ မြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ (TYC-PDGF) တို့က စကစတပ်ယာဥ်တန်းအား မိုင်းဆွဲ၍ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုတွင် စကစတပ်ဘက်က ၂၂ ဦးသေဆုံး၍ ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
တိုက်ခိုက်မှုများကို သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဖြစ်ကြသည့် သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးပျောက်ကြားတပ်ဖွဲ့ (TYC- PGDF) နှင့် ဒေါင်းမင်းစစ်ဆင်ရေး (TYC- PGDF) တို့လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။
========================
📌📌 ၄။ မွန်ပြည်နယ်ရေးမြို့နယ် ခံသင်းတံတားအနီး စကစ စခန်းတခုကိုရေးဘီလူးအဖွဲ့သားများသိမ်းဆည်းခဲ့
မတ်လ ၁၀
မွန်ပြည်နယ်ရေးမြို့နယ် ခံသင်းတံတားအနီး စကစ စခန်းတခုကိုရေးဘီလူးအဖွဲ့သားများသိမ်းဆည်းခဲ့ပါတယ်။
မတ်လ ၁၀ ရက်မှာ စစ်ရေးသတင်းကို ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကအတည်ပြုဆိုပါတယ်။
"မွန်ပြည်နယ်ရေးမြို့နယ် ခံသင်းတံတားအနီး စကစ စခန်းတခုကိုကျနော်တို့ရေးဘီလူးအဖွဲ့သားများသိမ်းဆည်းလိုက်ပါပြီ"လို့ဆိုပါတယ်။
မတ်လ၇ရက်နေ့ကလည်း ရေးတံတားရှိ စကစဂိတ်အား ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။
လက်ရှိမှာ ရေးမြို့ရှိ ပြည်သူလူထုများ ခရီးသွားလာခြင်းသတိပြုရန်နဲ့ စကစများနဲ့ အဝေးမှနေရန် သတိပေးနှိုးဆော်ထားပါတယ်။
========================
📌📌 ၅။ မိုမိုကမ်ပိန်းမှ မိုမိုလက်မှတ်ပေါင်း (၁,၈၆၂) စောင် ရောင်းချခဲ့ပြီး target ရဲ့ ၆၂% ရောက်ရှိ
မတ်လ ၁၀
မတ်လအတွင်းမှာ မိုမိုကမ်ပိန်းမှအခုလို အသိပေးဆိုပါတယ်။
"သီတင်းပတ် (၅) ပတ်အတွင်း မိုမိုလက်မှတ်ရောင်းအားဟာမတ်လ (၇) ရက်နေ့ထိ မိုမိုလက်မှတ်ပေါင်း (၁,၈၆၂) စောင် ရောင်းချခဲ့ပြီး target ရဲ့ ၆၂% ရောက်ရှိနေပြီ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
CDM ပြည်သူ့ဝန်ထမ်း ဆင်ကလေးများနဲ့ ဆင်ဝန်ထမ်းများအတွက် ပြုလုပ်တဲ့ မိုမိုကမ်ပိန်းမှာ ပါဝင်ပေးခြင်းဖြင့် နွေဦးတော်လှန်ရေးမှာ သမိုင်းမှတ်တမ်းတင်ပေးဖို့ တိုက်တွန်းထားပါတယ်။
မိုမိုကမ်ပိန်းဟာ ပြည်သူ့တော်လှန်ရေးရဲ့ အဓိကဒေါက်တိုင်ဖြစ်တဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ ဆင်ဦးစီးဝန်ထမ်းများနဲ့ ပြည်သူ့ဆင်ကလေးများရဲ့ စားဝတ်နေရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ဖို့ ရည်ရွယ်တာဖြစ်ပြီး မျှော်မှန်းလက်မှတ်အစောင်ရေ ၃,၀၀၀ ရောင်းချသွားမှာဖြစ်ပါတယ်။
========================
📌📌 ၆။ ကိုရီးယားနိူင်ငံ မှာ "မြို့ပြပြောက်ကျား"တော်လှန်ရေးရုပ်ရှင်ပြသမယ်
မတ်လ ၁၀ ရက်
ကိုရီးယားနိူင်ငံ မှာ "မြို့ပြပြောက်ကျား"တော်လှန်ရေးရုပ်ရှင်ပြသမယ်လို့သတင်းရရှိပါတယ်။
မတ်လအတွင်းမှာ MFDMCကအသိပေးဖော်ပြပါတယ်။
"၄ လပိုင်း ( ၉ )ရက်နေ့ ဘူဖျောင်း ၊၃လပိုင်း (၁၉)ရက်နေ့ ဂင်မဲမြို့မှာ ပြသမယ့် "မြို့ပြပြောက်ကျား"တော်လှန်ရေးရုပ်ရှင်.လက်မှတ်များ ဝယ်ယူပြီးထောက်ပို့ပေးကြပါအုံး"လို့ဆိုထားပါတယ်။
"မြိုပြပြောက်ကျား"ရုပ်ရှင်ဟာစစ်ကောင်စီရဲ့ဒေါက်တိုင်များဖြစ်ကြတဲ့ မြို့ပြရဲ့ စစ်မိစ္ဆာကောင်များကို တော်လှန်ချေမှုန်းနိုင်ဖို့ အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်နေကြတဲ့ UG ရဲဘော်များရဲ့ ဘဝတွေကို ခံစားပြီး ဒါရိုက်တာ သည်ခေတ်နေ မှ ဂုဏ်ပြုရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်လမ်းတို ဖြစ်ပါတယ်။
"မြို့ပြပြောက်ကျား"ရုပ်ရှင်ဇာတ်လမ်းတိုမှ ရရှိသောရန်ပုံငွေများကို 75 % ကို NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန MOD သို့ ထောက်ပို့မှာဖြစ်ပြီး 25 %ကို မြေပြင်မှ အရေးပေါ်လိုအပ်နေသော တပ်ရင်းများသို့ ထောက်ပို့သွားမှာဖြစ်ပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment