10th MAR 2023 - Morning Daily News by Radio NUG


၂၀၂၃ မတ်လ ၁၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။တောင်တန်းဒေသတွေရဲ့ စစ်ရေးစိုးမိုးနိုင်မှုနဲ့ ပြည်မဒေသ၊ အညာဒေသတွေရဲ့ ခုခံတော်လှန်မှုဟာ ထင်မထားလောက်အောင် ကြံ့ကြံ့ခံနိုင်စွမ်းရှိတယ်"လို့ယာယီသမ္မတပြောကြား

📌 ၂။ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလနှင့် ဥရောပသမဂ္ဂ အထူး ကိုယ်စားလှယ် H.E Igor Driesmansတို့ တွေ့ဆုံဆွေးနွေး

📌 ၃။ တော်လှန်ရေးကို ထောက်ခံပံ့ပိုးမှုတွေ ရပ်တန့်အောင် စစ်ကောင်စီရဲ့ အပေါင်းအပါတွေဖြစ်ကြတဲ့ ပျူစောထီးနဲ့ ပြည်သူ့စစ်တွေက လုပ်ဆောင်နေကြတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း သတိပေးပြောကြား

📌 ၄။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး

📌 ၅။ ပြည်သူများအနေဖြင့် စစ်အာဏာရှင်၏ အုပ်ချုပ်မှုကို လုံးဝဆန့်ကျင်ကြောင်းကုလမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

📌 ၆။ မန္တလေးမြို့မှာ ဇလုံကြီးဟင်းနှစ်ရောင်းချတဲ့ ဆိုင်ကို စကစတပ်များဝင်ရောက်၍ ပိုင်ရှင်ဆိုသူကို ဖမ်းဆီးသွား

📌 ၇။ မုံရွာမြို့စီးပွားရေးတက္ကသိုလ်တွင် တပ်စွဲထားသော စကစများအား ၄၀မမခြောက်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

📌 ၈။ မုံရွာမြို့မှ နခမမှ ကြေးနီများသယ်ဆောင်လာသော ယာဥ်တန်း ကို ၂ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ရာ စကစတပ်က ငါးဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။တောင်တန်းဒေသတွေရဲ့ စစ်ရေးစိုးမိုးနိုင်မှုနဲ့ ပြည်မဒေသ၊ အညာဒေသတွေရဲ့ ခုခံတော်လှန်မှုဟာ ထင်မထားလောက်အောင် ကြံ့ကြံ့ခံနိုင်စွမ်းရှိတယ်"လို့ယာယီသမ္မတပြောကြား


"တောင်တန်းဒေသတွေရဲ့ စစ်ရေးစိုးမိုးနိုင်မှုနဲ့ ပြည်မဒေသ၊ အညာဒေသတွေရဲ့ ခုခံတော်လှန်မှုဟာ ထင်မထားလောက်အောင် ကြံ့ကြံ့ခံနိုင်စွမ်းရှိတယ်"လို့ ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။


မတ်လ () ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ ပြည်သူများထံသို့ သတင်းစကားပါးဆိုလိုက်ပါတယ်။


"တောင်တန်းဒေသတွေရဲ့ စစ်ရေးစိုးမိုးနိုင်မှုနဲ့ ပြည်မဒေသ၊ အညာဒေသတွေရဲ့ ခုခံတော်လှန်မှုဟာ ထင်မထားလောက်အောင် ကြံ့ကြံ့ခံနိုင်စွမ်းရှိတယ်ဆိုတာ တွေ့ရပါတယ်။ ဒီလိုခုခံတော်လှန်နိုင်မှုဟာ သိပ်ပြီး အရင်းအနှီးကြီးတယ်ဆိုတာလည်း မမေ့ဖို့ လိုပါတယ်လို့ဆိုပါတယ်။


လက်ရှိမှာ စစ်ရေးအရှိန်ကိုမြှင့်တင်လျက်ရှိပြီးတော့ တစ်နှစ်တာမဟာဗျူဟာ စီမံချက်ကိုရေးဆွဲ၍ စစ်မျက်နှာပြင်မျိုးစုံဖွင့်ကာ အမျိုးသားညီညွတ်ရေးအစိုးရက ဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၂။ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလနှင့် ဥရောပသမဂ္ဂ အထူး ကိုယ်စားလှယ် H.E Igor Driesmansတို့ တွေ့ဆုံဆွေးနွေး


နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလနှင့် ဥရောပသမဂ္ဂ အထူး ကိုယ်စားလှယ် H.E Igor Driesmansတို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


မတ်လ ၉ရက်နေ့ Twitter မှာ ယာယီသမ္မတ ဒူဝါလရှီးလက ရေးသားအသိပေးဆိုထားပါတယ်။


"အီးယူ အထူးသံတမန်Igor Driesmans နှင့် တွေ့ဆုံရာတွင် ပျော်ရွှင်ခဲ့ပြီး မြန်မာပြည်သူများကို ကူညီပံ့ပိုးရန် ဆွေးနွေးမှု တစ်ခု ပြုလုပ်ခဲ့ပါတယ်"လို့ဆိုပါတယ်။


 EU နှင့် ပိုမိုနီးကပ်ပြီး ပိုမိုကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှုကို မျှော်လင့်တယ်လို့ ယာယီသမ္မတ ကဆိုထားပါတယ်။


၂၀၂၂ ခုနှစ် ဒီဇင်ဘာလကလည်း ဥရောပသမဂ္ဂ - ( နိုင်ငံခြားရေးရာ ဌာန ) အထွေထွေအတွင်းရေးမှုး ) ဖြစ်သူ Mr. Stefano Sannino နှင့် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်ဇင်မာအောင် တို့ဟာ ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲမြို့တွင် တွေ့ဆုံဆွေးနွေး ခဲ့ကြပါသေးတယ်။


========================


📌📌 ၃။ တော်လှန်ရေးကို ထောက်ခံပံ့ပိုးမှုတွေ ရပ်တန့်အောင် စစ်ကောင်စီရဲ့ အပေါင်းအပါတွေဖြစ်ကြတဲ့ ပျူစောထီးနဲ့ ပြည်သူ့စစ်တွေက လုပ်ဆောင်နေကြတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း သတိပေးပြောကြား.


တော်လှန်ရေးကို ထောက်ခံပံ့ပိုးမှုတွေ ရပ်တန့်အောင် စစ်ကောင်စီရဲ့ အပေါင်းအပါတွေဖြစ်ကြတဲ့ ပျူစောထီးနဲ့ ပြည်သူ့စစ်တွေက လုပ်ဆောင်နေကြတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း သတိပေးပြောကြားလိုက်ပါတယ်။


မတ်လ ၉ရက် ကျင်းပတဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်(၁၀/၂၀၂၃)တွင် ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။


"တော်လှန်ရေးရဲ့ အဓိကရေသောက်မြစ်ဖြစ်တဲ့ ပြည်သူလူထုကို အကြမ်းဖက်ရက်စက်စွာ ဖိနှိပ်ပြီး တော်လှန်ရေးကို ထောက်ခံပံ့ပိုးမှုတွေ ရပ်တန့်အောင် စစ်ကောင်စီရဲ့ အပေါင်းအပါတွေဖြစ်ကြတဲ့ ပျူစောထီးနဲ့ ပြည်သူ့စစ်တွေက လုပ်ဆောင်နေကြတာ လည်းရှိပါတယ်။ ပြည်သူနဲ့ တော်လှန်ရေးအင်အားစုတွေကြားက စည်းလုံးညီညွတ်မှုတွေကို ဖြိုခွဲဖို့အတွက် ပြည်သူလူထုဘက်က ထိခိုက်နစ်နာဆုံးရှုံးမှုတွေ၊  နေရပ်စွန့်ခွာထွက်ပြေးရမှုတွေဟာ တော်လှန်သူများကြောင့် နယ်မြေရှင်းလင်းခံရခြင်း ဖြစ်တယ်ဆိုတာမျိုး အရပ်သားသေကြေထိခိုက်မှုတွေ၊ အိုးအိမ်စည်းစိမ်ဆုံးရှုံးမှုတွေမှာ ပြည်သူ့အင်အားစုများရဲ့ လက်ချက်ကြောင့်ဆိုတာမျိုးတွေကို နည်းလမ်းမျိုးစုံနဲ့ သွေးခွဲပုံဖျက်နေပါတယ်"လို့ဆိုပါတယ်။


အဆိုပါ ပုံဖျက်နေတဲ့ကိစ္စတွေအတွက်  စနစ်တကျ မှတ်တမ်းတင်ပြီး အချက်အလက်အခိုင်အမာနဲ့ ပြန်လည်တုံ့ပြန်နိုင်ရေးကိစ္စ တွေလည်း လုပ်ဖို့လိုအပ်နေသေးတယ်လို့ ဝန်ကြီးချုပ်ကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၄။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး


ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


မတ်လ ၉ရက် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး(၁၀/၂၀၂၃)ကိုကျင်းပခဲ့ပါတယ်။


အစည်းအဝေးတွင် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန အတွင်းဝန်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်၍ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူမှ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ လိုအပ်သည်များကို ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသော ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်လိုအပ်ချက်များ၊ အခက်အခဲများကို မေးမြန်းဆွေး‌နွေးကြရာ ဝန်ကြီးဌာနတာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးသို့ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၅။ ပြည်သူများအနေဖြင့် စစ်အာဏာရှင်၏ အုပ်ချုပ်မှုကို လုံးဝဆန့်ကျင်ကြောင်းကုလမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော


ပြည်သူများအနေဖြင့် စစ်အာဏာရှင်၏ အုပ်ချုပ်မှုကို လုံးဝဆန့်ကျင်ကြောင်း ကုလမှာသံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားလိုက်ပါတယ်။


 နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂဌာနချုပ်ရှိ လုံခြုံရေးကောင်စီတွင် ယင်းကောင်စီ၏ ဆုံးဖြတ်ချက်အဆို (၁၃၂၅) အား အတည်ပြုချမှတ်မှု (၂၅) နှစ် တင်းတင်းပြည့်မြောက်သည့် နှစ်ပတ်လည် အထိမ်းအမှတ် ဆွေးနွေးပြောကြားရာမှာ သံအမတ်ကြီးက ဆိုပါတယ်။


"ပြည်သူများအနေဖြင့် စစ်အာဏာရှင်၏ အုပ်ချုပ်မှုကို လုံးဝဆန့်ကျင်ကြောင်း၊ ၎င်းတို့အနေဖြင့် စစ်တပ်၏ လက်အောက်တွင် နေထိုင်ပါက အခြေခံလူ့အခွင့်အရေးများကို ချိုးဖောက်ခံရမည်ဟု ကောင်းမွန်စွာ သိရှိနားလည်ကြောင်း၊ သို့ဖြစ်ရာ ၎င်းတို့၏ အသက်အိုးအိမ်များကို ကယ်တင်နိုင်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်းထံမှ ထိရောက်သော အရေးယူဆောင်ရွက်ချက်များကို တောင်းဆိုခဲ့ပြီးဖြစ်ကြောင်း၊ သို့သော် မြန်မာပြည်သူများ၏ တောင်းဆိုမှုမှာ ယနေ့တိုင် ရရှိခြင်းမရှိသေးကြောင်း"ဆိုပါတယ်။


ထို့ကြောင့်  ပြည်သူ့ခုခံတော်လှန်စစ်တွင် အမျိုးသမီးများနှင့် မိန်းကလေးများက ရှေ့တန်းမှပါဝင်လျက်ရှိပြီး အရေးပါသောနေရာများမှ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းလည်း သံအမတ်ကြီးကထပ်မံဆိုပါတယ်။


========================


📌📌 ၆။ မန္တလေးမြို့မှာ ဇလုံကြီးဟင်းနှစ်ရောင်းချတဲ့ ဆိုင်ကို စကစတပ်များဝင်ရောက်၍ ပိုင်ရှင်ဆိုသူကို ဖမ်းဆီးသွား


မန္တလေးမြို့မှာဇလုံကြီးဟင်းနှစ်ရောင်းချတဲ့ ဆိုင်ကို စကစတပ်များ ဝင်ရောက်၍ ပိုင်ရှင်ဆိုသူကို ဖမ်းဆီးသွားတယ်လို့ သတင်းရရှိပါတယ်။


မတ်လ ရက်နေ့ မနက်ပိုင်းမှာ စစ်တပ်က လာရောက်ဖမ်းခေါ်သွားတယ်လို့သိရပါတယ်။


ဇလုံကြီးဟင်းအနှစ်ထုပ်ရောင်းချတဲ့ မန္တလေးမြို့၊ ၆၆လမ်း၊ ၃၁လမ်းနဲ့ ၃၂လမ်းကြားက ရွှေဂဏန်းစားသောက်ဆိုင်မှ  ရွှေဂဏန်းစားသောက်ဆိုင်ပိုင်ရှင်ကို ဖမ်းဆီးသွားတာလို့ မြို့ခံတွေကဆိုပါတယ်။


လတ်တလောမှာ ရန်ကုန်မှာလည်း ဇလုံကြီးဟင်းအနှစ်ထုပ်ရောင်းချတဲ့နေရာများကို ရှာဖွေစစ်ဆေးမှုတွေရှိတယ်လို့ သိရပါတယ်။


========================


📌📌 ၇။ မုံရွာမြို့စီးပွားရေးတက္ကသိုလ်တွင် တပ်စွဲထားသော စကစများအား ၄၀မမခြောက်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်


မုံရွာမြို့စီးပွားရေးတက္ကသိုလ်တွင် တပ်စွဲထားသော စကစများအား ၄၀မမခြောက်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။


မတ်လ ၉ရက်နေ့မှာ စစ်ရေးသတင်းကို ပုဏ္ဏကပြောက်ကျားတပ်ကအတည်ပြုဆိုပါတယ်။


"မတ်လ၈ရက် ည၈နာရီခန့်အချိန်တွင် မုံရွာမြို့စီးပွားရေးတက္ကသိုလ်တွင် တပ်စွဲထားသော စကစတပ်များအား ၄၀ မမ ခြောက်လုံးလုံးဖြင့် ပစ်ခတ်ခဲ့ပါတယ်"လို့ဆိုပါတယ်။


စကစတပ်က နှစ်ဦးသေဆုံးပြီး သုံးဦးထက်မနည်းထိခိုက်ခဲ့ပါတယ်။


အထိနာသော အကြမ်းဖက် စကစတပ်များ သေနတ် ဘောက်လိုက်ဆွဲသံများ/ လက်နက်ငယ်/၄၀ မမများဖြင့် ပြန်လည်ပစ်ခတ်သော်လည်း ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။


တိုက်ခိုက်မှုကို ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့၊ Brothers Revolution Force-Monywa  နှင့်အတူ Golden Eagle Force-Monywa-v2တို့မှ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ပါတယ်။


========================


📌📌 ၈။ မုံရွာမြို့မှ နခမမှ ကြေးနီများသယ်ဆောင်လာသော ယာဥ်တန်း ကို ၂ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ရာ စကစတပ်က ငါးဦးသေဆုံး


မုံရွာမြို့မှ နခမမှ ကြေးနီများသယ်ဆောင်လာသော ယာဥ်တန်း ကို ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ရာ စကစတပ်က ငါးဦးသေဆုံးခဲ့ပါတယ်။


မတ်လ ၉ရက်မှာ စစ်ရေးသတင်းကို မုံရွာခရိုင် အမှတ် () တပ်ရင်း Aung San Forceကအသိပေးဆိုပါတယ်။


"မုံရွာမြို့မှ နခမမှ ကြေးနီများသယ်ဆောင်လာပြီး ထွက်လာသော စကစတပ်ယာဥ်တန်းကို နံနက် ၁၁နာရီဝန်းကျင်ခန့်တွင် ပထမအကြိမ် မုံရွာ - မန္တလေး ကာလမ်းမကြီး စွမ်းရည်ထက်ဆီဆိုင်အနီးတွင် ကျွနု်ပ်တို့ မုံရွာခရိုင် အမှတ် () တပ်ရင်း Aung San Force - A.S.F နှင့် မဟာမိတ်တပ်ဖွဲ့များဖြစ်သော Monywa Fighter Group Generation Z People's Defence Force နှင့် People's Youth Defenc Force တို့ပူးပေါင်း၍ ပဒေသာမိုင်း ပွိုင့်နှစ်ပွိုင်ဆွဲ၍ တိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီ တပ်သား ၂ဦးခန့် သေဆုံးပြီး အများအပြား ဒဏ်ရာရနိုင်တယ်လို့ဆိုပါတယ်။


 ဒုယအကြိမ် နခမမှ ထွက်လာသော ကြေးနီယာဥ်တန်းကို နေ့လည် ၁နာရီအချိန်ခန့်တွင် ချောင်ဦးမြို့နယ် နတ်ရေကန်နီးတွင် ကျွန်ုပ်တို့ မုံရွာခရိုင် အမှတ် () တပ်ရင်း Aung San Force - A.S.F မှ ပဒေသာမိုင်းများဖြင့် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အဆိုပါတိုက်ခိုက်မှုတွင် စကစတပ်က ၃ဦးခန့် သေဆုံးပြီး အများအပြားဒဏ်ရာရနိူင်တယ်လို့ဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment