12th MAR 2023 - Morning Daily News by Radio NUG



၂၀၂၃ မတ်လ ၁၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကမ္ဘာတဝှမ်းမှာရှိတဲ့ ပြည်သူတွေက မြန်မာ့နွေဦးတော်လှန်ရေးအပေါ် စိတ်ဝင်စားမှုကြီးမားလာတာနဲ့ အမျှ နိုင်ငံတကာရဲ့ အထောက်အပံ့ပေးမှုကလည်း များပြားပေါ်လွင်လာမယ်လို့ ယာယီသမ္မတပြောကြား

📌 ၂။ အကြမ်းဖက်စစ်ကောင်စီတိုက်ခိုက်မှုများကြောင့် မြန်မာပြည်သူလူထု . သန်းကျော်ဟာ ဒုက္ခသည်ဘဝအဖြစ်နှင့် IDP camps တို့တွင် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာပြောကြား

📌 ၃။ နွေဦးတော်လှန်ရေးကာလအတွင်း တရားရုံးများတည်ထောင်ရာတွင် အခက်အခဲများရှိသော်လည်း မပြည့်စုံသည့်ကြားမှပင် ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရန် ကြိုးစားဆောင်ရွက်နေတယ်လို့ တရားရေးဝန်ကြီးအသိပေး

📌 ၄။ နိုင်ငံရေးဆိုတာဟာ နိုင်ငံသူ နိုင်ငံသားတွေရဲ့ လိုလားချက်၊ လိုအပ်ချက်တွေနဲ့  ဘယ်လိုမှ ကင်းကွာလို့ မရဘူးလို့ ချက်သမ္မတနိူင်ငံ NUG ကိုယ်စားလှယ်ဆို

📌 ၅။ PDFရဲဘော်တွေက သင်တန်းကာလရေးခဲ့ကြတဲ့ အမှတ်တရစာတွေကို နွေဦးပန်းစာစောင်အဖြစ် ထုတ်ဝေ၍ အားပေး ဝယ်ယူကြရန် ဘီးလင်းအမတ် ဒေါ်သိရီရတနာ တိုက်တွန်း

📌 ၆။ လူထုနိုင်ငံရေးအသိပညာပေးဟောပြောပွဲ မုံရွာမှာ ကျင်းပ

📌 ၇။ ပြည်ကြီးတံခွန် ဆရာတော် ဦးအဂ္ဂ၏ အသက်အန္တရာယ်ဖြစ်ပေါ်ခဲ့ပါက ပြည်သူကို ရန်သူသဖွယ်ဆက်ဆံနေသော ပြည်ဖျက်စစ်တပ်တွင်သာ ရာနှုန်းပြည့် တာဝန်ရှိပြီး တာဝန်ခံရမှာဖြစ်တယ်လို့ သံဃသမဂ္ဂ(မန္တလေး)ထုတ်ပြန် 

📌 ၈။ ချင်းတောင်သို့တက်လာသော စကစတပ်များကို မိုင်းဆွဲ တိုက်ခိုက်၍ စကစဘက်က  ပွဲချင်းပြီး ဦးသေဆုံးပြီး ၂၁ ဦး အပြင်းအထန် ဒဏ်ရာရရှိ

📌 ၉။ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရင်းငြိမ် ရဲစခန်းအား S.O.F ဒရုန်းတပ်ဖွဲ့မှ  ဗုံးသီး နှစ်လုံးဖြင့်ကြဲချ

၁၀။ အကြမ်းဖက်စစ်ကောင်စီတပ်များက ဖယ်ခုံမြို့နယ်တွင်း စစ်ရှောင်အများစုရှိတဲ့ ဘုန်းကြီးကျောင်းနဲ့ရွာကို မီးရှို့ဖျက်ဆီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကမ္ဘာတဝှမ်းမှာရှိတဲ့ ပြည်သူတွေက မြန်မာ့နွေဦးတော်လှန်ရေးအပေါ် စိတ်ဝင်စားမှုကြီးမားလာတာနဲ့ အမျှ နိုင်ငံတကာရဲ့ အထောက်အပံ့ပေးမှုကလည်း များပြားပေါ်လွင်လာမယ်လို့ ယာယီသမ္မတပြောကြား


ကမ္ဘာတဝှမ်းမှာရှိတဲ့ ပြည်သူတွေက မြန်မာ့နွေဦးတော်လှန်ရေးအပေါ် စိတ်ဝင်စားမှုကြီးမားလာတာနဲ့အမျှ နိုင်ငံတကာရဲ့ အထောက်အပံ့ပေးမှုကလည်း များပြားပေါ်လွင်လာမယ်လို့ မတ်လ (၁၁)ရက်မှာ Chinlung Chuak Artist အဖွဲ့အား ချီးမွမ်းဂုဏ်ပြုမှတ်တမ်းတင်ရာမှာ ယာယီသမ္မတ ဒူဝါရှီးလက ပြောပါတယ်။


"၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၃ရက်နေ့ မှာ Chin Tube ဆိုတဲ့ Youtube ချဲနယ်လ်က တဆင့်တင်ပေးခဲ့တဲ့ သူတို့ရဲ့ “We are The World”  ကာဗာသီချင်းဟာ တစ်လကျော်ကြာတဲ့ အခုအချိန်မှာ ကြည့်ရှုသူ . သန်းကျော် ရရှိနေပြီ ဖြစ်ပါတယ်။ ဒီမိုကရေစီကြီးစိုးတဲ့ နိုင်ငံတွေမှာ ပြည်သူ့စိတ်ဝင်စားမှုရှိရင် နိုင်ငံ့အစိုးရနဲ့ နိုင်ငံရေး မူဝါဒချမှတ်နိုင်သူတွေဆီကိုပါ သက်ရောက် ရိုက်ခတ်မှုရှိတာ ထုံးစံပါပဲ။ ဒါကြောင့် ကမ္ဘာတဝှမ်းမှာရှိတဲ့ ပြည်သူတွေက မြန်မာ့နွေဦးတော်လှန်ရေးအပေါ် စိတ်ဝင်စားမှုကြီးမားလာတာနဲ့အမျှ ကျွန်တော်တို့တော်လှန်ရေးအပေါ်  နိုင်ငံတကာရဲ့ အထောက်အပံ့ပေးမှုကလည်း များပြားပေါ်လွင်လာမယ်လို့ ယုံကြည်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် Chinlung Chuak Artist အဖွဲ့ရဲ့ “We are The World”  သီချင်းကို စီစဉ်အကောင်အထည်ဖော် ပါဝင်ကြိုးပမ်းခဲ့ကြသူ အယောက်စီတိုင်းကိုလည်း မြန်မာ့နွေဦးတော်လှန်ရေးအင်အားစုများနဲ့ မြန်မာပြည်သူတွေကိုယ်စား အထူးပင် ကျေးဇူးတင်ရှိတယ်လို့ ယာယီသမ္မတကဆိုပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်ကောင်စီတိုက်ခိုက်မှုများကြောင့် မြန်မာပြည်သူလူထု . သန်းကျော်ဟာ ဒုက္ခသည်ဘဝအဖြစ်နှင့် IDP camps တို့တွင် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာပြောကြား


အကြမ်းဖက်စစ်ကောင်စီ တိုက်ခိုက်မှုများကြောင့် မြန်မာပြည်သူလူထု . သန်းကျော်ဟာ ဒုက္ခသည်ဘဝအဖြစ်နှင့် IDP camps တို့တွင် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မတ်လ ၁၀ရက်နေ့မှာ ကျင်းပတဲ့ မလေးရှားနိုင်ငံရောက် CDM သူရဲကောင်းများ၊ နွေဦးတော်လှန်ရေး သူရဲကောင်းများ စစ်ဘေးရှောင်များ နှင့် တွေ့ဆုံပွဲမိန့်ခွန်းမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာပြောကြားလိုက်ပါတယ်။


"လွန်ခဲ့သော နှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် မြန်မာပြည်သူလူထု . သန်းကျော်သည် ဒုက္ခသည်ဘဝအဖြစ် Refugee နှင့် IDP camps တို့တွင် ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိတွင် ၅၄ သန်းသော မြန်မာနိုင်ငံ လူဦးရေ၏ တစ်ဝက်ဖြစ်သည့် ၂၇ သန်းသည် အလွန်ဆင်းရဲနွမ်းပါးသည့် အခြေအနေကို ရောက်ရှိနေပြီဖြစ်ပါတယ်။ လွန်ခဲ့သော နှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်ယုတ်မာခြင်းကြောင့် မြန်မာနိုင်ငံ၏ ပြည်သူ့အကျိုးစီးပွားကို တိုက်ရိုက်တိုက်ခိုက်ဖျက်ဆီးပြီး မြန်မာပြည်သူလူထု (၁၇) သန်းထက်မနည်းသော လူဦးရေသည် စီးပွားရေးအကြပ်အတည်း အငတ်ဘေးနှင့် ရင်ဆိုင်နေရပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။


အကြမ်းဖက်စစ်ကောင်စီသည် အရပ်သားပြည်သူများကို အကြိမ်ပေါင်း ,၀၀၀ ကျော် တိုက်ခိုက်ခဲ့ပြီး ဘုရားကျောင်းများ၊ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ လူနေအိမ်များအပါအဝင် အပြစ်မဲ့ပြည်သူလူထု၏ အိုးအိမ်ပေါင်း () သောင်းကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။


========================


📌📌 ၃။ နွေဦးတော်လှန်ရေးကာလအတွင်း တရားရုံးများတည်ထောင်ရာတွင် အခက်အခဲများရှိသော်လည်း မပြည့်စုံသည့်ကြားမှပင် ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရန် ကြိုးစားဆောင်ရွက်နေတယ်လို့ တရားရေးဝန်ကြီးအသိပေး


နွေဦးတော်လှန်ရေးကာလအတွင်း တရားရုံးများတည်ထောင်ရာတွင် အခက်အခဲများရှိသော်လည်း မပြည့်စုံသည့်ကြားမှပင် ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန်  ကြိုးစားဆောင်ရွက်နေတယ်လို့ တရားရေးဝန်ကြီးဦးသိန်းဦးက အသိပေးဆိုလိုက်ပါတယ်။ မတ်လ ၁၁ရက် ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန မှ ကျင်းပသော မြေပြင်တရားသူကြီးများနှင့် တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး အမှတ်စဉ် (/၂၀၂၃) အခမ်းအနားမှာ ဝန်ကြီးကပြောပါတယ်။


"နွေဦးတော်လှန်ရေးကာလအတွင်း တရားရုံးများတည်ထောင်ရာတွင် အခက်အခဲများရှိသော်လည်း မပြည့်စုံသည့်ကြားမှပင် ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် တတ်နိုင်သမျှ ကြိုးစားဆောင်ရွက် နေရကြောင်း တရားစီရင်ရာတွင်လည်း လူအပေါ်တရားစီရင်ခြင်းမဟုတ်ဘဲ မူအပေါ်တရားစီရင်ရေး ဆောင်ရွက်နေခြင်းဖြစ်ပြီး အမှားနှင့်အမှန်၊ ဓမ္မနှင့်အဓမ္မ ခွဲခြားသိမြင်ပိုင်ခြားနိုင် သည့် ဉာဏ်ဖြင့်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ပြစ်ဒဏ်သတ်မှတ်ရာတွင်လည်း ကာလဒေသအပေါ်ခွဲခြားပြီး ထိုက်သင့်သည့် ပြစ်ဒဏ်ချမှတ်ရန်ဖြစ်ကြောင်း၊ အကျဉ်းထောင်များကိုလည်း တရားရေးဝန်ကြီးဌာန အောက်တွင်ထားရှိပြီး အကျဉ်းထောင်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေရကြောင်း"ဆိုပါတယ်။


ဒါ့အပြင် အခေါ်အဝေါ်မှစ၍ အကျဉ်းဦးစီးအစား (correctional department) အမှားအယွင်းများကို ပြင်ဆင်သည့်နေရာ ဟူ၍ ပြင်ဆင်ခေါ်ဝေါ်ပြီးပြစ်မှု ပြစ်ဒဏ် ကျခံပြီးပါက လူကောင်းသူကောင်းများ ဖြစ်လာစေရန် ရည်ရွယ်ကြောင်းသိရပါတယ်။ အခမ်းအနားသို့ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ အမြဲတမ်းအတွင်းဝန် ဦးမင်းနောင်ခိုင် အကျဉ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ် တွဲဖက်အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် ကြားကာလတရားရေးစီရင်ရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် ဦးရန်ကြီးအောင်၊ တရားစွဲနှင့်အမှုလိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနိုင်မျိုးထွန်း၊ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် မြေပြင် တရားရုံး (၂၅)ရုံးမှ တရားသူကြီးများ၊ ဆက်သွယ်ရေးတာဝန်ခံများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ နိုင်ငံရေးဆိုတာဟာ နိုင်ငံသူ နိုင်ငံသားတွေရဲ့ လိုလားချက်၊ လိုအပ်ချက်တွေနဲ့  ဘယ်လိုမှ ကင်းကွာလို့ မရဘူးလို့ ချက်သမ္မတနိူင်ငံ NUG ကိုယ်စားလှယ်ဆို


နိုင်ငံရေးဆိုတာဟာ နိုင်ငံသူ နိုင်ငံသားတွေရဲ့ လိုလားချက်၊ လိုအပ်ချက်တွေနဲ့  ဘယ်လိုမှ ကင်းကွာလို့ မရဘူးလို့ ချက်သမ္မတ နိုင်ငံ NUG ကိုယ်စားလှယ် ဦးလင်းသန့်က မတ်လ ၁၁ရက်မှာ သုံးသပ်ဆိုထားပါတယ်။


"နိုင်ငံရေးဝမ်းစာရှိဖို့ နိုင်ငံရေးစိတ်ဝင်စားသူတိုင်း၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတိုင်းအတွက် မဖြစ်မနေ လိုအပ်ချက်ပဲ။ ဒီအပြင် ကာလ ဒေသ အပေါ် မူတည်ပြီး နိုင်ငံရေး လေနဲ့ ဝမ်းကွဲဖို့ သိပ်အရေးကြီးတယ်။ နိုင်ငံရေးဆိုတာ မတူကွဲပြားနေတာတွေကို ဘယ်လို တူညီမှုတွေ အပေါ် အခြေခံပြီး အဖြေရှာမလဲဆိုတဲ့ သိမ်မွေ့တဲ့ ဘာသာရပ်လည်းဖြစ်သလို နိုင်ငံသူ နိုင်ငံသားတွေရဲ့ လိုလားချက်၊ လိုအပ်ချက်တွေနဲ့  ဘယ်လိုမှ ကင်းကွာလို့ မရဘူး"လို့ဆိုထားပါတယ်။ လက်ရှိမှာ မြန်မာပြည်သူလူထုဟာ နွေဦးတော်လှန်ရေးကို ထောက်ခံအားပေးလျက်ရှိပြီးတော့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်လျက်ရှိနေပါတယ်။


========================


📌📌 ၅။ PDFရဲဘော်တွေက သင်တန်းကာလရေးခဲ့ကြတဲ့ အမှတ်တရစာတွေကို နွေဦးပန်းစာစောင်အဖြစ် ထုတ်ဝေ၍ အားပေး ဝယ်ယူကြရန် ဘီးလင်းအမတ် ဒေါ်သိရီရတနာ တိုက်တွန်း


PDFရဲဘော်တွေက သင်တန်းကာလရေးခဲ့ကြတဲ့ အမှတ်တရစာတွေကို နွေဦးပန်းစာစောင်အဖြစ်ထုတ်ဝေ၍ အားပေးဝယ်ယူကြရန် ဘီးလင်းအမတ် ဒေါ်သိရီရတနာက မတ်လ၁၁ရက်မှာ လူမှုကွန်ရက်မှာ  အသိပေးဆိုထားပါတယ်။


"ဒုက္ခရပ်ဝန်းတွေဆီ စီးဆင်းမှာမို့ အားပေးကြစေချင်ပါတယ်"လို့ဆိုပါတယ်။


တစ်နိုင်ငံလုံးက ဒုက္ခရပ်ဝန်းဆီ ကူညီနိုင်ဖို့ KNU တပ်မဟာ ( ) PDFရဲဘော်တွေက သင်တန်းကာလတုန်း သူတို့ ရေးခဲ့ကြတဲ့အမှတ်တရစာတွေကို နွေဦးပန်းစာစောင်အဖြစ်ထုတ်ဝေလိုက်တာဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ ပါဝင်ရေးသားခဲ့ကြတဲ့ ရဲဘော်အချို့တိုက်ပွဲမှာ ကျဆုံးသွားခဲ့ပြီးဖြစ်ကာ မဟာချိုစာပေကနေ နွေဦးပန်းအယ်ဒီတာအဖွဲ့ကို စာအုပ်ဖြစ်မြောက်ရေးအတွက် စေတနာဖြင့် အားဖြည့် ကူညီပေးထားပါတယ်။ စာအုပ်တန်ဖိုးမှာ ဘတ်၂၅၀ဖြစ်မှာ ဆက်သွယ်မှာယူနိုင်မယ့်ကိုယ်စားလှယ်စာရင်းကို မဟာချိုစာပေကဖော်ပြထားပါတယ်။


========================


📌📌 ၆။ လူထုနိုင်ငံရေးအသိပညာပေးဟောပြောပွဲ မုံရွာမှာ ကျင်းပ


လူထုနိုင်ငံရေးအသိပညာပေးဟောပြောပွဲ မုံရွာမှာ ကျင်းပခဲ့တယ်လို့ မတ်လ၁၁ရက်က မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက အသိပေးဆိုပါတယ်။


"မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၊ မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ပူးပေါင်းကာ လူထုနိုင်ငံရေးအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပါတယ်။ တော်လှန်ရေးအရှိန်အဟုန် ကောင်းလာသည်နှင့်အမျှ ပြည်သူလူထု၏ အခန်းကဏ္ဍဟာ ပိုမိုအရေးကြီးလာပြီဖြစ်ပါတယ်။ ပြည်သူလူထုအနေဖြင့် မိမိတို့လိုချင်တဲ့ နိုင်ငံတော်သစ်ကို အသိသတိပြည့်ဝစွာနဲ့ ကိုယ်တိုင်ကိုယ်ကျဖန်တီးရမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။ ပြည်သူလူထုအားဒီမိုကရေစီ၊ ဖက်ဒရယ် စသည့် အခြေခံသဘောတရားများအပါဝင် နိုင်ငံရေးလမ်းပြမြေပုံတို့အား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၇။ ပြည်ကြီးတံခွန် ဆရာတော် ဦးအဂ္ဂ၏ အသက်အန္တရာယ်ဖြစ်ပေါ်ခဲ့ပါက ပြည်သူကို ရန်သူသဖွယ်ဆက်ဆံနေသော ပြည်ဖျက်စစ်တပ်တွင်သာ ရာနှုန်းပြည့် တာဝန်ရှိပြီး တာဝန်ခံရမှာဖြစ်တယ်လို့ သံဃသမဂ္ဂ(မန္တလေး)ထုတ်ပြန် 


ပြည်ကြီးတံခွန် ဆရာတော် ဦးအဂ္ဂ၏ အသက်အန္တရာယ်ဖြစ်ပေါ်ခဲ့ပါက ပြည်သူကို ရန်သူသဖွယ်ဆက်ဆံနေသော ပြည်ဖျက်စစ်တပ်တွင်သာ ရာနှုန်းပြည့် တာဝန်ရှိပြီး တာဝန်ခံရမှာဖြစ်တယ်လို့ သံဃသမဂ္ဂ(မန္တလေး) ထုတ်ပြန်လိုက်ပါတယ်။ မတ်လ၁၁ရက်နေ့မှာ ပြည်ကြီးတံခွန်ဆရာတော် ဦးအဂ္ဂနဲ့စပ်လျဥ်း၍ သထောထားထုတ်ပြန်ချက် /၂၀၂၃ကို သံဃသမဂ္ဂ(မန္တလေး)ကအသိပေးထုတ်ပြန်ခဲ့ပါတယ်။


ပြည်ကြီးတံခွန်ဆရာတော် ဦးအဂ္ဂဟာ အာဏာသိမ်းပြီးချိန်မှစတင်ပြီး အာဏာရှင်ကို ရရာနေရာမှ ဦးဆောင်တော်လှန်နေပြီး   လူမဆန်သော စစ်အာဏာရှင်၏ ကျွန်ဖြစ်သော စကစတပ်နဲ့ ပျူ ဒလန်တို့ ဖျက်ဆီးခံရသော ပြည်သူတို့၏ ဒုက္ခဆင်းရဲ အပူကို  အေးမြသော မေတ္တာ စာနာသောကရုဏာနှလုံးသား ရဲရင့်သောသတ္တိ တို့ဖြင့် ဦးဆောင်ဦးရွက်ပြုကာ ပြည်သူကိုကျေးဇူးပြု နေသော တော်လှန် ရဟန်းတော် တစ်ပါးဖြစ်တယ်လို့ဖော်ပြပါတယ်။


ထိုသို့ ပြည်သူနှင့်တိုင်းပြည်ကို ကျေးဇူးပြုသော အာဏာရှင်ကို တော်လှန်နေသော ပြည်ကြီးတံခွန် ဆရာတော် ဦးအဂ္ဂ သည်  (5 Mar 2023) နေ့တွင်  မြင်းမူမြို့နယ် လက္ကာပင်ကျေးရွာသို့ စစ်ကြောင်းထိုးကာဝင်ရောက်လာသော  အာဏာရူးကျွန် စစ်ဘီလူးတို့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည် ဟု သတင်းကြားရတယ်လို့ဆိုပါတယ်။ ပြည်ကြီးတံခွန် ဆရာတော် ဦးအဂ္ဂ နှင့်အတူ တော်လှန်ရေး ရဲဘော် -ယောက်လည်း စကစတပ်၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး  ရဲဘော်များသည် စကစတပ်၏ ရက်စက်စွာသတ်ဖြတ်ကာ အလောင်းဖျောက်ဖျက်ခံရသည် ဟု သတင်းကြားသိရပြီး ဆရာတော်၏ အခြေအနေကိုမူ တိကျစွာမသိရသေးဘူးလို့လည်းဆိုပါတယ်။


ထို့ကြောင့် ပြည်သူကိုကျေးဇူးပြုကာ မတရားမှုကို အစွမ်းကုန်တော်လှန်သော ပြည်ကြီးတံခွန် ဆရာတော် ဦးအဂ္ဂ၏ အသက် အန္တရာယ်ဖြစ်ပေါ်ခဲ့ပါက ပြည်သူကို ရန်သူသဖွယ်ဆက်ဆံနေသော ပြည်ဖျက်စစ်တပ်တွင်သာ ရာနှုန်းပြည့် တာဝန်ရှိပြီး တာဝန်ခံရမည်ဖြစ်ကြောင်း သံဃသမဂ္ဂ(မန္တလေး)ကအသိပေးကြေညာထားပါတယ်။


========================


📌📌 ၈။ ချင်းတောင်သို့တက်လာသော စကစတပ်များကို မိုင်းဆွဲ တိုက်ခိုက်၍ စကစဘက်က  ပွဲချင်းပြီး ဦးသေဆုံးပြီး ၂၁ ဦး အပြင်းအထန် ဒဏ်ရာရရှိ


ချင်းတောင်သို့တက်လာသော စကစတပ် များကို မိုင်းဆွဲ တိုက်ခိုက်၍ စကစဘက်က  ပွဲချင်းပြီး ဦးသေဆုံးပြီး ၂၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။ မတ်လ ၁၁ရက်မှာ စစ်ရေးသတင်းကို Chinland Defense Force CDM SIYINကအတည်ပြုဆိုပါတယ်။


"မတ်လ၁၀ ရက်နေ့ နံနက်  :၃၀ ချိန် တွင် CDF CDM SIYIN နှင့် MEDF တို့ပူးပေါင်းကာ ချင်းတောင်သို့တက်လာသော စကစ များကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပါတယ်။စကစ ဘက်မှ ပွဲချင်းပြီး ယောက်ကျဆုံးပြီး ၂၁ ဦး အပြင်းအထန် ဒဏ်ရာများရရှိပါတယ်"လို့ဖော်ပြပါတယ်။ မတ်လ ၁၁ ရက်နေ့ကလည်း နံနက် :၃၀ ချိန်မှ ညနေ နာရီအထိ ၁၀ ကြိမ်တိတိ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစကစဘက်မှ အထိအခိုက် အသေအပျောက်များ ကြောင်း သိရပါတယ်။


========================


📌📌 ၉။ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရင်းငြိမ် ရဲစခန်းအား S.O.F ဒရုန်းတပ်ဖွဲ့မှ  ဗုံးသီး နှစ်လုံးဖြင့်ကြဲချ


မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ၊ စကစလက်အောက်ခံ ရင်းငြိမ် ရဲစခန်းအား S.O.F ဒရုန်းတပ်ဖွဲ့မှ  ဗုံးသီး နှစ်လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ပါတယ်။ မတ်လ ၁၁ရက်မှာ စစ်ရေးသတင်းကို အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.Fကအသိပေးဆိုပါတယ်။


"မတ်လ ၁၁ ရက်မွန်းလွဲ ၁း၃၀ နာရီအချိန်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ၊ စကစလက်အောက်ခံ ရင်းငြိမ် ရဲစခန်းအား S.O.F ဒရုန်းတပ်ဖွဲ့မှ  ဗုံးသီး နှစ်လုံးဖြင့် တိတိကျကျ ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


ရန်သူရဲစခန်းမှ ထိခိုက်သေဆုံးမှုရှိကြောင်း၊ စစ်ကောင်စီ စစ်ကားလေးစီး၊ သထုံဘက်မှဆင်းလာပြီး အရေးပေါ်လူနာတင်ယာဥ်နှင့် ဝင်ရောက်သယ်ဆောင်သွားသည့်အတွက် ထိခိုက်သေးဆုံးမှုရှိနိုင်ကြောင်း ဆိုပါတယ်။


========================


📌📌 ၁၀။ အကြမ်းဖက်စစ်ကောင်စီတပ်များက ဖယ်ခုံမြို့နယ်တွင်း စစ်ရှောင်အများစုရှိတဲ့ ဘုန်းကြီးကျောင်းနဲ့ရွာကို မီးရှို့ဖျက်ဆီး


ပင်လောင်းမြို့နယ်အစပ်နှင့်ဖယ်ခုံမြို့အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်များက ဖယ်ခုံမြို့နယ်တွင်း စစ်ရှောင်အများစုရှိတဲ့ ဘုန်းကြီးကျောင်းနဲ့ရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သတင်းရရှိပါတယ်။ မတ်လ ၁၁ရက်မှာ စကစတပ်များက မီးရှို့ဖျက်ဆီးတာလို့ အမှတ် (၁၀၀၈) - SSRYရှမ်းတောင်က အသိပေးဆိုပါတယ်။


"မတ်လ၁၁ရက်နေ့ မနက်၁၁နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ပအိုဝ်းတိုင်းရင်းသား စစ်ရှောင်အများစုရှိနေသော သာ့သနာဘုန်းကြီးကျောင်းနဲ့ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်"လို့ဆိုပါတယ်။


ဖယ်ခုံမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ မဟာမိတ်တော်လှန်ရေးအင်းအားစုများတိုက်ပွဲ ဖြစ်ပွားနေသည်မှာ ဖေဖော်ဝါရီလမှစတင်ကာ သုံးပတ်ကျော် ကြာမြင့်နေပြီး စကစတပ်ကအထိနာလျက်ရှိပါတယ်။ သို့ဖြစ်၍ စစ်ကောင်စီ၏ဝါဒမှိုင်းကိုသတိဖြင့်ရှောင်ရှားပြီး နိုးနိုးကြားကြားနေပေးရန်လူထုအားတော်လှန်ရေးအင်အားစုများက အသိပေးနှိုးဆော်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment