21st MAR 2023 - Morning Daily News by Radio NUG



၂၀၂၃ မတ်လ ၂၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကြားကာလပြည်သူ့အုပ်ချုပ်ရေးဗဟိုကော်မတီမှ မူဝါဒများကို ပြန်လည်သုံးသပ်နေပြီး မြို့နယ်အဆင့်ဆောင်ရွက်နိုင်မည့် ကော်မတီများ ပေါ်ပေါက်လာရေး မူဝါဒပြင်ဆင်နေ

📌 ၂။ ထိုင်းနိုင်ငံ PTT ကုမ္ပဏီကို NUG အစိုးရက Demand Letter တောင်းဆိုစာ စတင်ပေးပို့

📌 ၃။ EU ဆန်ရှင်က လွှမ်းမိုးပြီးတော့ POSCO က ယူရိုငွေတွေစစ်ကောင်စီထံ မစီးဆင်းတော့ဘူးလို့ ဝန်ကြီး ဦးစိုးသူရထွန်းအသိပေး

📌 ၄။ ကရင်နီကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတဲ့ စကစစစ်ကြောင်းကို တန်ပြန်ထိုးစစ်ဆင်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က စည်းရိုးပရော့ဂျက်မိတ်ဆက်

📌 ၅။ RLDF ဝက်လက်မှ  5.56 ကျည်သုံး  Bolt Action Rifleထုတ်လုပ်အောင်မြင်

📌 ၆။ ဇီးပြားရဲစခန်းနဲ့နှစ်ဖာလုံအကွာ သရော်ကိုင်းပျူကျေးရွာကို မြိုင်မြို့နယ်ပကဖ အဖွဲ့တိုက်ခိုက်

📌 ၇။ ကချင်ပြည်နယ် ပူတာအိုနယ်မှာ ရွှေမှော်လမ်း တတ်လာသည့် စကစ တပ် ကို PDF KIA ပူးပေါင်းတပ်ဖွဲ့ မှ တိုက်ခိုက်၍ စကစဘက်က ဆယ်ဦးထက်မနည်းသေဆုံး

📌 ၈။ Londonမြို့မှာပြသတဲ့ ဒါရိုက်တာကိုပေါက်ရဲ့ "ရောင်နီလာရာလမ်း" မှတ်တမ်းရုပ်ရှင်စုစုပေါင်းငွေ သိန်း ၅၀၀ ကျော်ရရှိခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြားကာလပြည်သူ့အုပ်ချုပ်ရေးဗဟိုကော်မတီမှ မူဝါဒများကို ပြန်လည်သုံးသပ်နေပြီး မြို့နယ်အဆင့်ဆောင်ရွက်နိုင်မည့် ကော်မတီများ ပေါ်ပေါက်လာရေး မူဝါဒပြင်ဆင်နေ


ကြားကာလပြည်သူ့အုပ်ချုပ်ရေးဗဟိုကော်မတီမှ မူဝါဒများကို ပြန်လည်သုံးသပ်နေပြီး မြို့နယ်အဆင့်ဆောင်ရွက်နိုင်မည့် ကော်မတီများ ပေါ်ပေါက်လာရေး မူဝါဒပြင်ဆင်နေတယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကပြောပါတယ်။ မတ်လ၂၀ ရက်ကျင်းပတဲ့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲမှာ ဝန်ကြီးကပြောပါတယ်။


" ကြားကာလပြည်သူ့အုပ်ချုပ်ရေးဗဟိုကော်မတီမှ မူဝါဒများကို ပြန်လည်သုံးသပ်နေ‌ကြောင်း၊ မြေပြင်ပအဖအဖွဲ့များအနေဖြင့် Report အပိုင်းကို ပူးပေါင်းပေးစေလိုကြောင်း၊ မြို့နယ်အဆင့်ဆောင်ရွက်နိုင်မည့် ကော်မတီများ ပေါ်ပေါက်လာရေး မူဝါဒပြင်ဆင်နေကြောင်း၊ မြေပြင်မှ တင်ပြချက်များအပေါ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များအနေဖြင့် ကြံ့ကြံ့ခံပြီး လုံခြုံရေး သတိအသိဖြင့် လုပ်ငန်းများ ဆောင်ရွက်ကြပါရန်"ပြောကြားခဲ့ပါတယ်။


ဆက်လက်၍ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊  မီးသတ်ဦးစီးဌာနမှဌာန၏ ကြားကာလ လုပ်ငန်းလမ်းညွှန်ချက်၊ Data များကောက်ယူပေးပို့နိုင်မှု၊ မီးဘေးလုံခြုံရေးအဖွဲ့ ဖွဲ့စည်းနိုင်မှုများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ မြေပြင်အုပ်ချုပ်ရေးဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေးရာ ဝန်ကြီးဌာန တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်မှ ဦးဆောင်ကာ ဒုတိယဝန်ကြီး ခူထဲဘူး ၊အမြဲတမ်းအတွင်းဝန်၊ တွဲဘက်အတွင်းဝန်၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း‌ထောက်လှမ်းရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းတို့မှ ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ဝင်များ  တက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၂။ ထိုင်းနိုင်ငံ PTT ကုမ္ပဏီကို NUG အစိုးရက Demand Letter တောင်းဆိုစာ စတင်ပေးပို့


ထိုင်းနိုင်ငံPTTကုမ္ပဏီကို NUGအစိုးရက Demand Letter တောင်းဆိုစာ စတင်ပေးပို့ခဲ့တယ်လို့သတင်းရရှိပါတယ်။ မတ်လ၂၀ ရက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGE နှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲမှာ စီမံဘဏ္ဍာဝန်ကြီးဦးတင်ထွန်းနိုင်က ဆိုပါတယ်။


"MOGE ကနေတဆင့် စစ်ကောင်စီ အကြမ်းဖက်တွေကို အားကောင်းမောင်းသန် အထောက်အပံ့ပြုနေတဲ့ဝင်ငွေများကို ရပ်တန့်သွားနိုင်ရန်အလို့ငှာ အမျိုးသားညီညွတ်ရေးအစိုးရက မိမိဆောင်ရွက်နိုင်တာကို စတင်ပြီးတော့ အကောင်အထည်ဖော်ဆောင်ရွက်တာလျင်ဖြစ်တယ်"လို့ ဝန်ကြီးက ဆိုပါတယ်။


သဘာဝဓာတ်ငွေ့တူးဖော်ရေး လုပ်ငန်းများတွင် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ပေးနေသည့် ထိုင်း PTTကုမ္ပဏီကို စင်ကာပူနိုင်ငံ အနုညာတ တရားရုံးတွင် တရားစွဲရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြင်ဆင်နေပြီး ပထမအဆင့် ပူးပေါင်းဆောင်ရွက်ရန် Demand Letterတောင်းဆိုစာကို မတ်လ၂၀ရက်မှာပေးပို့ခဲ့တယ်လို့အသိပေးထုတ်ပြန်ပါတယ်။ ရေနံနှင့်သဘာဝဓာတ်ငွေ့မှ စစ်ကောင်စီသည် တနှစ်လျှင် ဒေါ်လာ ဒသမ ဘီလီယံခန့်ဝင်ငွေရှိနေပါတယ်။


========================


📌📌 ၃။ EU ဆန်ရှင်က လွှမ်းမိုးပြီးတော့ POSCO က ယူရိုငွေတွေစစ်ကောင်စီထံ မစီးဆင်းတော့ဘူးလို့ ဝန်ကြီး ဦးစိုးသူရထွန်းအသိပေး


EU ဆန်ရှင်က လွှမ်းမိုးပြီးတော့ POSCO က ယူရိုငွေတွေစစ်ကောင်စီထံ မစီးဆင်းတော့ဘူးလို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းကဆိုပါတယ်။ မတ်လ၂၀ ရက်မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGE နှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးကပြောပါတယ်။


“EU ဆန်ရှင်က လွှမ်းမိုးပြီးတော့ POSCOက ယူရိုငွေတွေဟာ စစ်ကောင်စီထံ မစီးဆင်းတော့ပါ၊ ရွှေသဘာဝဓာတ်ငွေ့ရရန်ရှိတဲ့ငွေတွေက Enscrowအကောင့်  ရောက်နေပါတယ်လို့ဝန်ကြီးကဆိုပါတယ်။


ရောပသမဂ္ဂက MOGEကိုဒဏ် ခတ်ပိတ်ဆို့အရေးယူထားသောကြောင့် ရွှေသဘာဝဓာတ်ငွေ့က ဒေါ်လာ သန်း ၂၀၀ ခန့်မှာ စကစကမရရှိဘဲ ထိန်းသိမ်းခံထားရတယ်လို့ဆိုပါတယ်။ ဥရောပသမဂ္ဂကစကစရဲ့ MOGE ကို ၂၀၂၂ ဖေဖော်ဝါရီ ၂၁ ရက်မှာ ပိတ်ဆို့အရေးယူခဲ့ပါတယ်။


========================


📌📌 ၄။ ကရင်နီကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတဲ့ စကစစစ်ကြောင်းကို တန်ပြန်ထိုးစစ်ဆင်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က စည်းရိုးပရော့ဂျက်မိတ်ဆက်


ကရင်နီကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတဲ့ စကစစစ်ကြောင်းကို တန်ပြန်ထိုးစစ်ဆင်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က စည်းရိုးပရော့ဂျက် မိတ်ဆက်လိုက်ပါတယ်။ မတ်လအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကအသိပေးဆိုပါတယ်။


"ဒီရက်ပိုင်းအတွင်းမှာ စစ်ကောင်စီတပ်သားတွေက ကရင်နီကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတဲ့ သတင်းတွေ မြင်ကြကြားကြမှာပါ။ ၂၀၂၃ ခုနှစ်အတွင်းမှာ ပိုမို ပြင်းထန်ပြီး အင်အားများများ ပိုသုံးလာတဲ့ စစ်ကောင်စီရဲ့ရန်ကို ကာကွယ်ရန်အတွက် ကျွန်တော်တို့ဘက်မှာလည်း တန်ပြန်အစီအစဥ်တွေ စတင်ရေးဆွဲနေပါပြီ။ အခုကတော့ ဒီတန်ပြန်အစီအစဥ်တွေကို ဆောင်ရွက်နိုင်ဖို့အတွက် ပြင်ဆင်တဲ့ စည်းရိုးပရောဂျက်နဲ့ မိတ်ဆက်ပေးမှာဖြစ်ပါတယ်။"စည်းရိုး− The Fence” ပရောဂျက်ဟာဆိုရင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာ ()အတွက်၂၁ ရက်အတွင်း လက်နက်ခဲယမ်းဖြည့်တင်းရန် မြန်မာကျပ်ငွေ သိန်း သောင်းကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ရည်ရွယ်တဲ့ ပရောဂျက်ဖြစ်ပါတယ်"လို့ဆိုပါတယ်။ 


စည်းရိုးပရောဂျက်ရဲ့ ဆောင်ပုဒ်ကတော့ "စည်းကာ တည်ဆောက် လွတ်မြောက်ဖြစ်ပြီး KNDF ဗျူဟာ ()နယ်မြေမှာ စစ်ကောင်စီတပ်တွေ လုံးဝ ခြေချနိုင်ခြင်းမရှိအောင် ရဲဘော်တွေက စည်းရိုးသဖွယ် ကာကွယ်သွားမှာဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် မတ်လ ၂၀ ရက်နေ့ကနေ ဧပြီလ ရက်နေ့အထိ ၂၁ ရက်ကြာပြုလုပ်မယ့် ပရောဂျက်ဖြစ်ပြီး ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)ရဲ့ ဗျူဟာ ()ကို တာဝန်ရှိသူထံမှတစ်ဆင့် တိုက်ရိုက်ပေးအပ်မှာဖြစ်ပါတယ်။


========================


📌📌 ၅။ RLDF ဝက်လက်မှ  5.56 ကျည်သုံး  Bolt Action Rifleထုတ်လုပ်အောင်မြင်


RLDF ဝက်လက်မှ  5.56 ကျည်သုံး  Bolt Action Rifleထုတ်လုပ်အောင်မြင်ခဲ့ပါတယ်။ မတ်လအတွင်းမှာ RLDF ဝက်လက်မှ အသိပေးဖော်ပြပါတယ်။


"RL production team ရဲ့ 5.56 ကျည်သုံး  Bolt Action Rifle ဖြစ်ပါတယ်"လို့ဆိုပါတယ်။


မကြာသေးမီကလည်း RLDF ဝက်လက်မှ လက်လုပ် သေနတ်အတိုကို ထုတ်လုပ်ခဲ့ပါသေးတယ်။ စစ်ကိုင်းတိုင်းတွင်း ပြည်သူ့ရဲဘော်များဟာ လက်လုပ်လက်နက်ကြီးနဲ့ စနိုက်ပါသေနတ်များ၊ ဗုံးများ၊ လက်လုပ်မိုင်းများ ထုတ်လုပ်အောင်မြင်လျက်ရှိပါတယ်။


========================


📌📌 ၆။ ဇီးပြားရဲစခန်းနဲ့နှစ်ဖာလုံအကွာ သရော်ကိုင်းပျူကျေးရွာကို မြိုင်မြို့နယ်ပကဖ အဖွဲ့တိုက်ခိုက်


မကွေးတိုင်းရှိပေါက်မြို့နယ် ဇီးပြားရဲစခန်းနဲ့နှစ်ဖာလုံအကွာ သရော်ကိုင်းပျူကျေးရွာကို မြိုင်မြို့နယ်ပကဖ အဖွဲ့တိုက်ခိုက်ခဲ့ပါတယ်။ မတ်လ၂၀ ရက် မနက်ပိုင်းမှာ သရော်ကိုင်းကျေးရွာက ပျူများကို မဟာမိတ်တပ်များနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။


ပစ်ခတ်တိုက်ခိုက်ရာတွင် ပျူများက ခံစစ်ပြင်ဆင်ထားပြီး လမ်းပိုင်းများဖြတ်တောက်ထားသည့်အပြင် ပေါက်မြို့နယ် ချောင်းကူးရွာဘက်မှ စကစ တပ်များ၁၂၀မမများနဲ့ လက်နက်ကြီးပစ်ကူပေးခဲ့တယ်လို့ဆိုပါတယ်။ ထိတွေ့တိုက်ပွဲမှာ ပျူများထိခိုက်သေဆုံးရှိနိူင်ပြီး ကာကွယ်ရေးတပ်ဘက်မှ ရဲဘော်နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


========================


📌📌 ၇။ ကချင်ပြည်နယ် ပူတာအိုနယ်မှာ ရွှေမှော်လမ်း တတ်လာသည့် စကစ တပ် ကို PDF KIA ပူးပေါင်းတပ်ဖွဲ့ မှ တိုက်ခိုက်၍ စကစဘက်က ဆယ်ဦးထက်မနည်းသေဆုံး


ကချင်ပြည်နယ် ပူတာအိုနယ်မှာ ရွှေမှော်လမ်း တက်လာသည့် စကစတပ်ကို PDF KIA ပူးပေါင်းတပ်ဖွဲ့ မှ တိုက်ခိုက်၍ စကစဘက်က ဆယ်ဦးထက် မနည်းသေဆုံးခဲ့ပါတယ်။ မတ်လ၂၀ ရက်မှာ စစ်ရေးသတင်းကို ပူတာအို PDFကအသိပေးဖော်ပြပါတယ်။


"မတ်လ၁၈ရက်နံနက် နာရီ ဒန်ဂျာ အင်ခေါ်ခ (ချောင်းခြောက်) ရွှေမှော်လမ်း တက်လာသည့် စကစ တပ် ကိုPDF KIA ပူးပေါင်းတပ်ဖွဲ့ မှ တိုက်ခိုက်၍ စကစမှ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။မွန်းလွဲ( )နာရီဝ ဒတ် နှင့် တန်ဂျာကြား ()ကြိမ်  တိုက်ခိုက်မှု ဖြစ်ပွားရာစကစဘက်မှ (၁၀)ဦးထက်မနည်း သေဆုံးခဲ့ပါတယ်"လို့ဆိုပါတယ်။ ထိတွေ့တိုက်ပွဲအတွင်း ပူးပေါင်းအဖွဲ့မှ ပြည်သူ့တပ်သားများ တစ်ဦးမှ အထိခိုက်မရှိဘူးလို့ဆိုပါတယ်။


========================


📌📌 ၈။ Londonမြို့မှာပြသတဲ့ ဒါရိုက်တာကိုပေါက်ရဲ့ "ရောင်နီလာရာလမ်း" မှတ်တမ်းရုပ်ရှင်စုစုပေါင်းငွေ သိန်း ၅၀၀ ကျော်ရရှိခဲ့


London မြို့မှာပြသတဲ့ ဒါရိုက်တာကိုပေါက်ရဲ့ "ရောင်နီလာရာလမ်း" မှတ်တမ်းရုပ်ရှင်စုစုပေါင်းငွေ သိန်း ၅၀၀ ကျော်ရရှိခဲ့ပါတယ်။ မတ်လ၂၀ ရက်မှာ ရုပ်ရှင်ပြသရေးကော်မတီက အသိပေးဆိုပါတယ်။


"Londonပရိတ်သတ်ကို သီချင်းအသစ်ဆိုပြခဲ့တဲ့ "ဒါရိုက်တာကိုပေါက်""ရောင်နီလာရာလမ်း"မှတ်တမ်းရုပ်ရှင်ကို မတ်လ ၁၈ ရက်နေ့က London မြို့မှာပြသခဲ့ပြီး ပရိတ်သတ် ၄၀၀ဆန့်ရုံအား ပရိတ်သတ် ပိုလျှံကာ၄၅၆ ယောက်လာရောက်အားပေးခဲ့ပြီးTicket saleနှင့် ကောက်ခံမှုရငွေ..စုစုပေါင်းငွေ သိန်း ၅၀၀ကျော်ရရှိခဲ့ကြောင်း သိရပါတယ်"လို့ဖော်ပြပါတယ်။


"ရောင်နီလာရာလမ်း"ရုပ်ရှင်မှတ်တမ်းဟာ ဒါရိုက်တာ ကိုပေါက်ရဲ့ဘဝဇာတ်လမ်းကို ရိုက်ကူးခဲ့ပြီး ရရှိငွေများကို တော်လှန်ရေးအတွက် ပြန်လည်ထောက်ပို့သွားမှာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

Related Posts:

No comments:

Post a Comment