၂၀၂၃ မတ်လ ၂၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်တပ်နဲ့ဆက်စပ်သူများကို အမေရိကန်အစိုးရက စီးပွားရေးပိတ်ဆို့မှု NUG လူ့အခွင့်ရေးရာဝန်ကြီးကြိုဆို
📌 ၂။ မြန်မာနိုင်ငံက ပြဿနာများကိုဖြေရှင်းရာတွင် စစ်အာဏာရှင်စနစ်နဲ့ စစ်တပ်က နိုင်ငံရေးမှာ ပါဝင်ကြီးစိုးမှုကို လုံးဝဖျက်သိမ်းဖို့NUG နိူင်ငံခြားရေးဒုတိယဝန်ကြီးပြောကြား
📌 ၃။ စစ်အာဏာရှင်စနစ်ရှိနေသ၍ ကုလသမဂ္ဂ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် (၆) အပါအဝင် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်မှာ မဟုတ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
📌 ၄။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာစစ်အာဏာရှင်အဖွဲ့အစည်း၏ လေယာဉ်လောင်စာဆီအဝယ်တော်များနှင့် စစ်တပ်ခရိုနီများကို ထပ်တိုး ဒဏ်ခတ်ပိတ်ဆို့အရေးယူ
📌 ၅။ ယနေ့မနက်၅နာရီမှစတင်ကာ ကရင်ပြည်နယ် မြဝတီမှာ KNU/KDFပူးပေါင်းအဖွဲ့နှင့်စကစတပ်များတိုက်ပွဲဖြစ်ပွား
📌 ၆။ ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ ကြာအင်းဆိပ််ကြီးမြို့နယ် အတွင်း ကျူးကျော်တပ်စွဲထားသော ကွီလုံတိုင်စခန်းရှိစကစတပ်များကိုFederal Wings ဒရုန်းများဖြင့် အကြိမ်ရေ (၄၉ ) ခေါက်ပျံသန်းကာ ဗုံးကြဲတိုက်ခိုက်ခဲ့
📌 ၇။ ဒီမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းတွင် ဖြစ်ပွားသော တိုက်ပွဲများမှာ စစ်ကောင်စီတပ်ဖက်မှ အရာရှိများအပါအဝင် (၉၀)ဦးကျော် သေဆုံးကာ လက်နက်မျိုးစုံ အလက် ၄၀ နီးပါးသိမ်းဆည်းရမိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်တပ်နဲ့ဆက်စပ်သူများကို အမေရိကန်အစိုးရက စီးပွားရေးပိတ်ဆို့မှု NUG လူ့အခွင့်ရေးရာဝန်ကြီးကြိုဆို
မတ်လ၂၅ ရက်
စစ်တပ်နဲ့ဆက်စပ်သူများကို အမေရိကန်အစိုးရက စီးပွားရေးပိတ်ဆို့မှုအတွက် ကြိုဆိုလိုက်ကြောင်းကိုNUG လူ့အခွင့်ရေးရာဝန်ကြီးဦးအောင်မျိုးမင်းက မတ်လ ၂၄ ရက်မှာဆိုထားပါတယ်။
"လက်ယက်ကုန်းရွာက ကလေးများနဲ့ အနမ့်ပါပြည်သူများအပါအဝင် စစ်အုပ်စုရဲ့အကြမ်းဖက်တိုက်ခိုက်ခြင်းခံခဲ့ရတဲ့ပြည်သူများအတွက်လေယာဥ်ဆီတင်ပို့၊ စုဆောင်း၊ ဖြန့်ဖြူးမှုနဲ့ဆက်စပ်နေတဲ့ လူနှစ်ဦးနဲ့ လုပ်ငန်း ခြောက်ခုကို အမေရိကန်အစိုးရက စီးပွားရေးပိတ်ဆို့မှုစာရင်းထည်း ထည့်လိုက်ပါတယ်။စစ်အုပ်စုကိုလေယာဥ်ဆီတင်ပို့၊စုဆောင်း၊ ဖြန့်ဖြူးမှုလုပ်ဆောင်နေတဲ့ လုပ်ငန်းရှင်တွေနဲ့ လုပ်ငန်းတွေကိုလည်း အခုလိုလုပ်ဆောင်မယ်လို့ ထပ်မံသတိပေးထားပါတယ်။တရားမျှတမှုကို အပြည့်အဝမဟုတ်သေးသည့်တိုင်အောင် တစုံတရာအထိ ပေးဆောင်နိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။
မတ်လ၂၄ရက်ကြေညာချက်အရ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနသည်ဦး ထွန်းမင်းလတ်၊ ၄င်း၏ ဇနီး ဒေါ်ဝင်းမင်းစိုးနှင့် ထွန်းမင်းလတ် ပိုင်ဆိုင်သည့် သို့မဟုတ် ထိန်းချုပ်မှုအောက်တွင်ရှိသည့် လုပ်ငန်းအဖွဲ့အစည်း သုံးခုတို့ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများပြုလုပ်မှာဖြစ်ပါတယ်။
========================
📌📌 ၂။ မြန်မာနိုင်ငံက ပြဿနာများကိုဖြေရှင်းရာတွင် စစ်အာဏာရှင်စနစ်နဲ့ စစ်တပ်က နိုင်ငံရေးမှာ ပါဝင်ကြီးစိုးမှုကို လုံးဝဖျက်သိမ်းဖို့NUG နိူင်ငံခြားရေးဒုတိယဝန်ကြီးပြောကြား
မတ်လ၂၅ ရက်
မတ်လ၂၄ ရက်နေ့တွင် အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု USIP ၌ဆွေးနွေးရာမှာ NUG နိူင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးက အခုလိုဆိုထားပါတယ်။
“နိုင်ငံတကာက မြန်မာနိုင်ငံရေးပြဿနာကို ဝင်ရောက်ဖြေရှင်းပေးဖို့ ကြိုးစားနေတာတွေကို ကျွန်တော်တို့ နားလည်ပါတယ်။ ဒီလို ဖြေရှင်းပေးတဲ့နေရာမှာ ပြဿနာအားလုံးရဲ့ အဓိကအရင်းအမြစ်ကို ဖြေရှင်းဖို့ လိုပါတယ်။ အဲဒါကတော့ စစ်အာဏာရှင်စနစ်နဲ့ စစ်တပ်က နိုင်ငံရေးမှာ ပါဝင်ကြီးစိုးမှုကို လုံးဝဖျက်သိမ်းဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ဖြစ်ပါတယ်"လို့ဆိုထားပါတယ်။
တစ်ဆက်တည်းမှာပဲ မတ်လ၂၅ရက်မှာ အမေရိကန်ရှိ NUGနိူင်ငံခြားရေးဝန်ကြီးရုံးက ထုတ်ပြန်ချက်အရ "မတ်လ(၂၂)ရက်နေ့တွင် CHIN BAPTIST CHURCHES (USA) ၏ Peace and Justice Committee မှကျင်းပပြုလုပ်သော" မြန်မာနိုင်ငံရေး၊လူ့ငြိမ်းချမ်းရေးနှင့်တရားမျှတရေး" ဟောပြောပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနှင့် သမတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်တို့မှ အထူးဧည့်သည်တော်များအဖြစ်တက်ရောက်ခဲ့ပါတယ်"လို့ဆိုထားပါတယ်။
ဟောပြောပွဲတွင် လက်ရှိမြန်မာနိုင်ငံအတွင်းဖြစ်ပျက်နေသောအခြေအနေများ၊အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားအင်အားစုအသီးသီးတို့၏ပူးပေါင်းဆာင်ရွက်နေမှု့ကိစ္စရပ်များအားဆွေးနွေးပြောကြားခဲ့ကြပါတယ်။
========================
📌📌 ၃။ စစ်အာဏာရှင်စနစ်ရှိနေသ၍ ကုလသမဂ္ဂ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် (၆) အပါအဝင် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်မှာ မဟုတ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
မတ်လ၂၅ ရက်
မတ်လ၂၄ ရက်တွင် ကုလသမဂ္ဂ၏ ၂၀၁၈-၂၀၂၈ ခုနှစ် အတွင်း ရေနှင့်ပတ်သက်သည့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေးလုပ်ငန်းစဉ်များ ပြန်လည်သုံးသပ်ရေးညီလာခံ၊ အထွေထွေရေးရာမိန့်ခွန်းပြောကြားမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းမှပြောကြားခဲ့ပါတယ်။
"မတရားအာဏာသိမ်းမှုဖြစ်ပွားပြီးနောက် မြန်မာပြည်သူများသည် ကဏ္ဍမျိုးစုံတွင် နောက်ကျ ကျန်ခဲ့ရာ လူနေမှုအဆင့်အတန်းသည် အဆိုးရွားဆုံးဖြစ်ကြောင်း၊ နိုင်ငံရေးတည်ငြိမ်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် အပြန်အလှန်မှီတည်လျက်ရှိရာ နိုင်ငံရေးတည်ငြိမ်မှုမရှိဘဲ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း၊ စစ်အာဏာရှင်စနစ်ရှိနေသ၍ ကုလသမဂ္ဂ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် (၆) အပါအဝင် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်မည် မဟုတ်ကြောင်း"သံအမတ်ကြီးကဆိုပါတယ်။
နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် ၂၀၁၈-၂၀၂၈ ခုနှစ်အတွင်း ရေနှင့် ပတ်သက်သည့် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်များ ပြန်လည်သုံးသပ်ရေးညီလာခံကို ၂၀၂၃ ခုနှစ် မတ်လ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိကျင်းပခဲ့ပါတယ်။
========================
📌📌 ၄။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာစစ်အာဏာရှင်အဖွဲ့အစည်း၏ လေယာဉ်လောင်စာဆီအဝယ်တော်များနှင့် စစ်တပ်ခရိုနီများကို ထပ်တိုး ဒဏ်ခတ်ပိတ်ဆို့အရေးယူ
မတ်လ၂၅
မတ်လ၂၄ ရက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်က အခုလိုအသိပေးကြေညာခဲ့ပါတယ်။
"မြန်မာပြည်သူများ၏ ဒီမိုကရေစီလိုလားတောင့်တမှုကို အပြင်းအထန်ထိုးနှက်တိုက်ခိုက်နေသည့် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းကို တာဝန်ယူမှု တာဝန်ခံမှုရှိစေရန်အတွက် အမေရိကန်ပြည်ထောင်စုက ဆက်လက်လုပ်ဆောင်လျက်ရှိပါတယ်။လူပုဂ္ဂိုလ်နှစ်ဦးနှင့် လုပ်ငန်းအဖွဲ့အစည်းခြောက်ခုကို မိမိတို့ အရေးယူသတ်မှတ်မှုများ ပြုလုပ်မှာဖြစ်ပါတယ်။ အာဏာရှင်အဖွဲ့အစည်းသည် မြန်မာပြည်သူများကို နာကျင်မှုနှင့် အတိဒုက္ခများသာ ဆက်လက်ပေးအပ်လျက်ရှိပါတယ်"လို့ဆိုပါတယ်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနသည်ဦး ထွန်းမင်းလတ်၊ ၄င်း၏ ဇနီး ဒေါ်ဝင်းမင်းစိုးနှင့် ထွန်းမင်းလတ် ပိုင်ဆိုင်သည့် သို့မဟုတ် ထိန်းချုပ်မှုအောက်တွင်ရှိသည့် လုပ်ငန်းအဖွဲ့အစည်း သုံးခုတို့ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများပြုလုပ်မှာဖြစ်ပါတယ်။
ထို့အပြင် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းထံ လေယာဉ်လောင်စာဆီထောက်ပံ့ဖြည့်ဆည်းခြင်းနှင့် ဆက်စပ်နေသည့် ဒဏ်ခတ်ပိတ်ဆို့ခံရနိုင်ခြေများနှင့်ပတ်သက်ပြီး ကိုယ်ပိုင်လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် အခြားသူများကို သတင်းအချက်အလက်များပေးရန် “မြန်မာ့လေယာဉ်လောင်စာဆီနှင့်စပ်လျဉ်းသည့် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုသတိပေးချက်” တစ်ခုကိုလည်း ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သွားမယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၅။ ယနေ့မနက်၅နာရီမှစတင်ကာ ကရင်ပြည်နယ် မြဝတီမှာ KNU/KDFပူးပေါင်းအဖွဲ့နှင့်စကစတပ်များတိုက်ပွဲဖြစ်ပွား
မတ်လ၂၅ ရက် နံနက် (၅) နာရီခန့်တွင်မြဝတီ မဲကနယ်အုပ်စုမှာ နှစ်ဖက် ပစ်ခတ်သံတွေကြားရတယ်လို့ ဒေသခံသတင်းအရင်းအမြစ်များကဆိုပါတယ်။
"ယနေ့မတ်၂၅ ရက်နံနက် (၅) နာရီခန့်တွင်မြဝတီ မဲကနယ်အုပ်စု ၌ KNU/KDFပူးပေါင်းအဖွဲ့နှင့်စစ်တပ်၊ BGF တို့တိုက်ပွဲဖြစ်လျက်ရှိပြီး ယခုအချိန်ထိလက်နက်ကြီးဖြင့်ပစ်ခတ်လျက်ရှိပါတယ်"လို့ဆိုပါတယ်။
မြဝတီ သင်္ဃန်းညီနောင် ရဲစခန်းရှေ့၊ သင်္ကန်းညီနောင် သက်လွတ်ကျောင်းရှေ့တို့သို့ KNU၊ PDF များ ရောက်ရှိသဖြင့် တိုက်ပွဲ ဖြစ်ပွားနေတာလို့လည်းသိရပါတယ်။
========================
📌📌 ၆။ ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ ကြာအင်းဆိပ််ကြီးမြို့နယ် အတွင်း ကျူးကျော်တပ်စွဲထားသော ကွီလုံတိုင်စခန်းရှိစကစတပ်များကိုFederal Wings ဒရုန်းများဖြင့် အကြိမ်ရေ (၄၉ ) ခေါက်ပျံသန်းကာ ဗုံးကြဲတိုက်ခိုက်ခဲ့
မတ်လ၂၅
ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ ကြာအင်းဆိပ််ကြီးမြို့နယ် အတွင်း ကျူးကျော်တပ်စွဲထားသော ကွီလုံတိုင်စခန်းရှိစကစတပ်များကိုFederal Wings ဒရုန်းများဖြင့် အကြိမ်ရေ (၄၉ ) ခေါက်ပျံသန်းကာ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ မတ်လ၂၅ ရက်မှာ Federal Wings ဒရုန်းတပ်ဖွဲ့မှအသိပေးဆိုပါတယ်။
"ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ ကြာအင်းဆိပ််ကြီးမြို့နယ် အတွင်း ကျူးကျော်တပ်စွဲထားသော ကွီလုံတိုင်စခန်းရှိ စကခ (၁၃) လက်အောက်ခံ ခမရ (၅၆၁) စစ်ကောင်စီတပ်အား KNLA ကွပ်ကဲမှုလက်အောက်ရှိ Federal Wings ဒရုန်းတပ်ဖွဲ့မှ စစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။မတ်လ၃ရက်နေ့မှ၁၉ရက်နေ့အထိ ကာလတာအတွင်း Federal Wings ဒရုန်းများဖြင့် အကြိမ်ရေ (၄၉ ) ခေါက်ပျံသန်းကာ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုများအတွင်း အတည်ပြုနိုင်သည့်သတင်းများအရ စစ်ကောင်စီတပ်ဖွဲ့ဝင် (၆) ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
========================
📌📌 ၇။ ဒီမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းတွင် ဖြစ်ပွားသော တိုက်ပွဲများမှာ စစ်ကောင်စီတပ်ဖက်မှ အရာရှိများအပါအဝင် (၉၀)ဦးကျော် သေဆုံးကာ လက်နက်မျိုးစုံ အလက်၄၀နီးပါးသိမ်းဆည်းရမိ
မတ်လ၂၅ ရက်
မတ်လ၂၅ ရက်နေ့မှာ စစ်ရေးသတင်းကို KNDFတပ်ရင်းကအခုလိုအသိပေးဖော်ပြပါတယ်။
"မတ်လ (၈)ရက်နေ့ မှစ၍ ကရင်နီပြည်နယ် ၊ ဘောလခဲမြို့ မှ ဒီးမော့ဆိုမြို့နယ် ၊ ဒေါညင်းခူ ကျေးရွာဖက်သို့ စစ်ကြောင်း (၃)ကြောင်း အင်အား (၃၃၀)ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီ စစ်ကြောင်းအား မိမိတို့ကရင်နီ ပူးပေါင်းတပ်များမှ ယနေ့ထိ ခုခံတိုက်ခိုက်နေပြီး ထိတွေ့တိုက်ပွဲများ နေ့စဥ်ပြင်းထန်ခဲ့ပါတယ်။ စစ်ကောင်စီ၏ စကခ (၂) လက်အောက်ခံ တပ်ရင်း (၃)ရင်းဖြစ်သည့် ခလရ (၁၂) ၊ ခမရ (၅၁၆)၊ ခမရ (၅၁၅) တပ်ရင်းများ မှာ ဒေါညင်းခူ ၊ ဒေါဆိုဖျ ၊ ဒေါတမကြီး ကျေးရွာမျာထဲသို့ စတင်ထိုးစစ်ဆင်ဝင်ရောက်လာချိန်တွင် ကရင်နီတပ်မတော် KA ၊ KNDF/B (10) ၊ KNDF/B (15) ၊ ဘောလခဲ PDF တို့ပူးပေါင်း၍ ခုခံတိုက်ခိုက်ခဲ့ပြီး နေ့စဥ် ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့ပါတယ်"လို့ဆိုပါတယ်။
အဆိုပါဒေါတမကြီးကျေးရွာထဲသို့ ဝင်ရောက်တပ်စွဲထားသော စစ်ကောင်စီတပ်များအား မတ်လ (၂၀)ရက်နေ့မှ (၂၃) ရက်နေ့ထိ KA ၊ KNDF /B (10) ၊ KNDF/B (15) ၊ KNDF/B (16) ၊ KNDF/ETD ၊ နေပြည်တော် PDF တို့ပူးပေါင်းကာ တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ ရာ စစ်ကောင်စီတပ်ဖက်မှ အရာရှိများအပါအဝင် (၉၀)ဦးကျော် သေဆုံးကာ (၅၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး ၎င်းတို့၏ လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့အား KNDFပူးပေါင်းတပ်များမှ ချေမှုန်း တိုက်ခိုက်ခဲ့ ရာတွင် ၎င်းတို့ထံမှ MA-1 (၁၀)လက် ၊ MA-2 (၁၀)လက် ၊ MA-3 (၁၀)လက် ၊ MA-4 79တွဲ (၁)လက် ၊ 9MM ပစ္စတို (၅)လက် ၊ RPG (၂)လက် ၊ (၆၀)မမ ပြောင်း (၂)ပြောင်း ၊ မိုင်းရှာစက် (၁)လုံး ၊ ဆက်သွယ်ရေးစက်များ ၊ မိုင်း ၊ လက်ပစ်ဗုံး ၊ ကွန်ပျူတာ များ ၊ ဖုန်းများ ၊ ဆက်စပ်ခဲယမ်းမီးကျောက်များ ၊ အသုံးအဆောင်များအား သိမ်းဆည်းရမိခဲ့ပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်း ထိုးဝင်ရောက်လာချိန်မှစ၍ ယနေ့ထိ ခုခံတိုက်ခိုက်ခဲ့ရာတွင် KNDF မှ ရဲဘော် (၂)ဦး ၊ KA မှရဲဘော် (၂)ဦး ၊ နေပြည်တော် PDF မှ ရဲဘော် (၁) ဦးတို့ မြင့်မြတ်စွာကျဆုံးခဲ့ရပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment