26th MAR 2023 - Morning Daily News by Radio NUG


၂၀၂၃ မတ်လ ၂၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နွေဦးတော်လှန်ရေးအတွက် ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေချဖို့ နိူင်ငံရေးအဖွဲ့အစည်းတိုင်းနဲ့ ဦးဆောင်တဲ့ခေါင်းဆောင်တိုင်းမှာ တာဝန်ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးပြောကြားလိုက်

📌 ၂။ NUGရဲ့ ကြားကာလ ပညာသင်ကြားရေးအစီအစဥ်မှာ တက်ရောက်နေတဲ့ကျောင်းသား ခုနစ်သိန်းကျော်ရှိ

📌 ၃။ လွိုင်ကော် PDF က ထုတ်တဲ့ ချပ်ဝတ်နီကို တော်လှန်ရေး ရန်ပုံငွေအတွက်ဝယ်ယူအားပေးကြဖို့ ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင်တိုက်တွန်း

📌 ၄။ နွေဦးစံရိပ်မွန်အိမ်ယာများ ရောင်းချရာ ၄၅ရက်အတွင်း စုစုပေါင်း ရောင်းရငွေ ဒေါ်လာ ၁၉. သန်းဖိုးခန့် ရောင်းချခဲ့ရ

📌 ၅။ ကရင်ပြည်နယ်ကျုံဒိုးမြို့နယ်မှ မြဝတီ မြို့နယ်အထိ မည်သည့်နည်းနှင့်မျှ ဖြတ်သန်းသွားလာခြင်းမပြုဖို့ သတိပေးထုတ်ပြန်

📌 ၆။ သထုံခရိုင် ဘီးလင်းမြို့နယ်အတွင်းရှိ လယ်ဆော့လော့ BGF တပ်စခန်းကိုသိမ်းပိုက်ခဲ့ပြီး BGF တပ်သား ဦးသေဆုံးကာလက်နက်ငါးလက်သိမ်းဆည်းရမိ

📌 ၇။ အောင်ပွဲနဲ့ အိမ်ပြန်လမ်း ကလစ်သူလူငါးထောင်ပြည့်ပါက တစ်နေ့ဝင်ငွေ သိန်းတစ်ရာ ပြန်ရနိုင်တယ်လို့ Click2donate အသိပေး

📌 ၈။ "ဖောက်ပြန်သူမှန်သမျှ တော်လှန်ကြ"ဘန်နာကို ကိုင်စွဲကာ မြိုင်မြို့နယ်တစ်နေရာမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်သပိတ်မှောက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နွေဦးတော်လှန်ရေးအတွက် ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေချဖို့ နိူင်ငံရေးအဖွဲ့အစည်းတိုင်းနဲ့ ဦးဆောင်တဲ့ခေါင်းဆောင်တိုင်းမှာ တာဝန်ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးပြောကြားလိုက်


မတ်လ၂၄ ရက်ကျင်းပတဲ့နွေဦးတော်လှန်ရေးနှင့်အတူ မွေးဖွားလာခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် - ဘာ့ကြောင့်၊ ဘယ်ပုံဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် နှစ်နှစ်ပြည့် အထိမ်းအမှတ် ဆွေးနွေးပွဲမှာ ပြည်ထဲရေးဝန်ကြီးကဆိုပါတယ်။


"ဒီကနေ့ ပြည်သူက ဘာဖြစ်ချင်တယ်ဆိုတာ နိုင်ငံရေးအဖွဲ့စည်းတိုင်း၊ နိုင်ငံရေးခေါင်းဆောင်တိုင်းသိကြပါတယ်။ကျနော်တို့ဟာ အဆုံးအဖြတ် တိုက်ပွဲကိုအားလုံးအတူတူ တိုက်နေကြတယ်။ ဒီ့ထက်ပိုပြီး ရလဒ်ကောင်းတွေ မြန်မြန်ဆန်ဆန်ထွက်ဖို့ ဒီ့ထက်ပိုပြီး ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေချဖို့ နိုင်ငံရေးအဖွဲ့အစည်းတိုင်းမှာ တာဝန်ရှိပါတယ်။ ဦးဆောင်တဲ့ခေါင်းဆောင်တိုင်းမှာတာဝန်ရှိပါတယ်။ ပြည်သူကတော့ပြတ်သားပြီးသားဆိုတာ ကျနော်တို့ မြင်နေကြပြီ"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၂။ NUGရဲ့ ကြားကာလ ပညာသင်ကြားရေးအစီအစဥ်မှာ တက်ရောက်နေတဲ့ကျောင်းသား ခုနစ်သိန်းကျော်ရှိ


NUG ရဲ့ ကြားကာလ ပညာသင်ကြားရေးအစီအစဥ်မှာ တက်ရောက်နေတဲ့ကျောင်းသား ခုနစ်သိန်းကျော်ရှိလာတယ်လို့ မတ်လအတွင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ပညာရေး ဒုဝန်ကြီး ဂျာထွယ်ပန်က ဆိုပါတယ်။


"အမျိုးသားညီညွှတ်ရေးအစိုးရဘက်က ဖွင့်ထားတဲ့ ကျောင်းတွေ ကျွန်မတို့ တော်လှန်ပညာဘက်တော်သားတွေ ဖွင့်ထားတဲ့ကျောင်းတွေဟာ အနာဂါတ်ပညာရေးအာမခံမှု အပြည့်အဝရှိပါတယ်။ တက်ရောက်နေတဲ့ လောလောဆယ်စာရင်းရှိက ကျောင်းသား သိန်းကျော်ရှိပါတယ်၊ အသက်အရွယ်အလိုက် ရှိရမယ့် အတန်းအလိုက် အရည်အချင်း တတ်မြောက်မှု ရရှိသွားဖို့သင်ကြားတဲ့ Competency Standard တွေကို ကျွန်မတို့ အကောင်အထည်ဖော်နေတာဖြစ်ပါတယ်" လို့ ဒုဝန်ကြီးက ဆိုပါတယ်။


လက်ရှိမှာ စစ်ကောင်စီရဲ့ ကျောင်းများနဲ့ ပညာသင်ကြားမှုကို CDM ပြုလုပ်ထားတဲ့ ဆရာ၊ ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူ သိန်းနဲ့ချီရှိနေပါတယ်။


"စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားကြတဲ့ပြည်သူတွေအလျှောက် နောက်မဆုတ်ချင်ကြတဲ့ CDM ဆရာမဆရာမတွေ မိဘတွေ ကျောင်းသားတွေရဲ့ မဆုတ်မနှစ်တဲ့ဇွဲနဲ့ ကြိုးစားမှုတွေနဲ့ ကျွန်မတို့ ရှေ့ဆက်ပြီးသွားနေပါတယ်"လို့ ဒုဝန်ကြီးကထပ်မံဆိုပါတယ်။


========================


📌📌 ၃။ လွိုင်ကော် PDF က ထုတ်တဲ့ ချပ်ဝတ်နီကို တော်လှန်ရေး ရန်ပုံငွေအတွက်ဝယ်ယူအားပေးကြဖို့ ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင်တိုက်တွန်း


လွိုင်ကော် PDF က ထုတ်တဲ့ ချပ်ဝတ်နီကို တော်လှန်ရေး ရန်ပုံငွေအတွက် ဝယ်ယူအားပေးကြဖို့ မတ်လ၂၅ရက်မှာ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင်က တိုက်တွန်းဆိုလိုက်ပါတယ်။


"လွိုင်ကော် PDF က ထုတ်တဲ့ ချပ်ဝတ်နီကို ပြည်သူတစ်ဦးမှ ကျမအတွက် လက်ဆောင်အဖြစ် မှာယူပေးခဲ့ပါတယ်။ ကရင်နီ့ရှေ့တန်းမှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေရဲ့ uniform အစကို ဒီဇိုင်းသွင်း ဖန်တီးထားတဲ့ အင်္ကျီပါတဲ့။ ကျမကလည်း ဆက်လက်ပြီး ဒီ ချပ်ဝတ်နီကို ဝယ်ယူအားပေးခြင်းဖြင့် ရှေ့တန်းက ရဲဘော်တွေ အထောက်အပံ့ဖြစ်အောင် ပါဝင်ကူညီကြဖို့ အလေးအနက်ထား တိုက်တွန်းလိုပါတယ်"လို့ဆိုပါတယ်။


ချပ်ဝတ်နီဟာရှေ့တန်းမှာ တိုက်ပွဲဝင်နေတဲ့ ကရင်နီရဲဘော်တွေ အမြဲဝတ်ဆင်တဲ့ ယူနီဖောင်း " အစ " တွေကို ဒီဇိုင်းသွင်းပြီး ချုပ်လုပ်ထားတဲ့ Hoodie အင်္ကျီများဖြစ်ပါတယ်။ မှာယူလိုသူများဟာ ချပ်ဝတ်နီ အင်္ကျီကျသင့်ငွေ အသီးသီးကိုပြည်သူ့ကာကွယ်ရေးတပ် (လွိုင်ကော်)page ရဲ့ facebook  messenger မှာ စုံစမ်းမေးမြန်းနိုင်ပြီဖြစ်ပါတယ်။


========================


📌📌 ၄။ နွေဦးစံရိပ်မွန်အိမ်ယာများ ရောင်းချရာ ၄၅ရက်အတွင်း စုစုပေါင်း ရောင်းရငွေ ဒေါ်လာ ၁၉. သန်းဖိုးခန့် ရောင်းချခဲ့ရ


နွေဦးစံရိပ်မွန်အိမ်ယာများရောင်းချရာ ၄၅ရက်အတွင်း စုစုပေါင်း ရောင်းရငွေ ဒေါ်လာ ၁၉. သန်းဖိုးခန့် ရောင်းချခဲ့ရတယ်လို့ မတ်လ၂၅ရက်မှာ EODက အိမ်ယာအရောင်းနဲ့ပတ်သက်လို့ အသိပေးဆိုပါတယ်။


"နွေဦးစံရိပ်မွန်အိမ်ယာများရဲ့ အရောင်းကာလကို အခြား EOD Program အားလုံးကဲ့သို့ () သတ်မှတ်ထားရာမှာ အခုဆိုရင် ၄၅ရက်ခန့်သို့ ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ယနေ့အထိ စုစုပေါင်း ရောင်းရငွေ ဒေါ်လာ ၁၉. သန်းဖိုးခန့် ရောင်းချခဲ့ရပြီး အခန်းအရေအတွက် ၇၀၀၀ နီးပါးမျှ ရောင်းချပေးပြီးဖြစ်ပါတယ်။ နောက်ထပ်ရောင်းချပေးနိုင်သော အခန်း ၃၀၀၀ မျှကျန်ရှိနေပါသေးတယ်"လို့ဆိုပါတယ်။


တော်လှန်ပြည်သူများအနေဖြင့် တတ်စွမ်းနိုင်ပါကလည်း ကွန်ဒိုနှင့် တိုက်ခန်းများကို လစဉ်ပေးခြင်းများထိ စောင့်စရာမလိုပဲ အမြန်ဆုံးတစ်လုံးတစ်ခဲထဲ ဝယ်ယူထည့်ဝင်သွားကြရန် EODကအသိပေးနှိုးဆော်ထားပါတယ်။


========================


📌📌 ၅။ ကရင်ပြည်နယ်ကျုံဒိုးမြို့နယ်မှ မြဝတီ မြို့နယ်အထိ မည်သည့်နည်းနှင့်မျှ ဖြတ်သန်းသွားလာခြင်းမပြုဖို့ သတိပေးထုတ်ပြန်


ကရင်ပြည်နယ်ကျုံဒိုးမြို့နယ်မှ မြဝတီ မြို့နယ် အထိ မည်သည့်နည်းနှင့်မျှ ဖြတ်သန်းသွားလာခြင်းမပြုဖို့ မတ်လ၂၅ရက်မှာ ကျားဖြူ စစ်ကြောင်းက သတိပေးထုတ်ပြန်လိုက်ပါတယ်။


"မတ်၂၅ ရက်နေ့မှ စ၍ ကရင်ပြည်နယ် ကျုံဒိုးမြို့နယ် မှ မြဝတီ မြို့နယ်အတွင်း စစ်ရေး၊ လုံခြုံရေးအခြေအနေများ ရှုပ်ထွေးနေပါသဖြင့် ပြည်သူလူထုအနေဖြင့် အဆိုပါ ကျုံဒိုးမြို့နယ်မှ မြဝတီ မြို့နယ် အထိ မည်သည့်နည်းနှင့်မျှ ဖြတ်သန်းသွားလာခြင်း လုံးဝ( လုံးဝ) မပြုလုပ်ကြပါရန် အထူးမေတ္တာရပ်ခံ အပ်ပါတယ်"လို့ဆိုထားပါတယ်။


ကရင်ပြည်နယ် မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုးမှာ မတ်လ၂၅ရက် မနက်ပိုင်းမှ စတင်ကာ KNU/KDFပူးပေါင်းအဖွဲ့နှင့်စစ်တပ်၊ BGF တို့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။


========================


📌📌 ၆။ သထုံခရိုင် ဘီးလင်းမြို့နယ်အတွင်းရှိ လယ်ဆော့လော့ BGF တပ်စခန်းကိုသိမ်းပိုက်ခဲ့ပြီး BGF တပ်သား ဦးသေဆုံးကာလက်နက်ငါးလက်သိမ်းဆည်းရမိ


မတ်လ၂၅ ရက်မှာ စစ်ရေးသတင်းကို ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) PPDF-KDက အတည်ပြုဆိုပါတယ်။


"မတ်လ၂၂ရက်နေ့တွင် KNU သထုံခရိုင် ဘီးလင်းမြို့နယ်အတွင်းရှိ လယ်ဆော့လော့ BGF တပ်စခန်းကို KNLA+PDF ပူးပေါင်းစစ်ကြောင်းနှင့်အတူ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒေါမ်) PPDF-KD မှ ရဲဘော်များပါဝင်ပူးပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


အဆိုပါစခန်းသိမ်းတိုက်ပွဲတွင် BGF တပ်သား ဦးသေ ဆုံးပြီး သေနတ် လက်နှင့် ခဲယမ်းအပါအဝင် ဆက်စပ် ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့ပါတယ်။ ပူးပေါင်းစစ်ကြောင်းမှ PDF ရဲဘော်တစ်ဦး ဦးခေါင်းရှပ်ထိဒါဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပါတယ်။


ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) PPDF-KD အနေဖြင့် သက်ဆိုင်ရာနယ်မြေအလိုက် မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ PDF များ LPDF များနှင့် ပူးပေါင်းကာ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်များကို မစ်ရှင်များ ဆက်လက်ဖော်ဆောင်သွားမယ်လို့ဆိုပါတယ်။


========================


📌📌 ၇။ အောင်ပွဲနဲ့ အိမ်ပြန်လမ်း ကလစ်သူလူငါးထောင်ပြည့်ပါက တစ်နေ့ဝင်ငွေ သိန်းတစ်ရာ ပြန်ရနိုင်တယ်လို့ Click2donate အသိပေး


မတ်လ၂၅ ရက်မှာ ပြည်သူများ ပိုမိုကလစ်နှိပ်ဖို့ Click2donateကဖော်ပြပါတယ်။


"အောင်ပွဲ အိမ်ပြန်လမ်းကြော်ငြာရှယ်တက်ပါတယ်ခင်ဗျာ။ ကလစ်တဲ့သူနည်းနေလို့ ပိုက်ဆံအရနည်းနေပါတယ်။ကလစ်တဲ့သူ ငါးထောင်ပြန်ရှိရင် ကျွန်တော်တို့ တနေ့ သိန်းတစ်ရာပြန်ရပါမယ်ခင်‌ဗျာ။ ငါးထောင်ပဲလိုပါတယ်။

အခုရှိနေတာ ၉၀၀ ကျော်ပါခင်ဗျာ"လို့ဆိုပါတယ်။ Click2donateဟာ ပြည်သူများကလစ်နှိပ်၍ ရရှိသော ဝင်ငွေများကို တော်လှန်ရေးအင်အားစုများထံ ပြန်လည်ထောက်ပို့ပေးအပ်ခြင်းဖြစ်ပါတယ်။


========================


📌📌 ၈။ "ဖောက်ပြန်သူမှန်သမျှ တော်လှန်ကြ"ဘန်နာကို ကိုင်စွဲကာ မြိုင်မြို့နယ်တစ်နေရာမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်သပိတ်မှောက်


ဖောက်ပြန်သူမှန်သမျှ တော်လှန်ကြဘန်နာကိုကိုင်စွဲကာ မြိုင်မြို့နယ်တစ်နေရာမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်သပိတ်မှောက်ခဲ့ကြပါတယ်။ မတ်လ ၂၅ ရက်မှာ မြိုင်မြို့နယ် အခြေခံပညာ အထွေထွေသပိတ်ကော်မတီက လူထုလှုပ်ရှားမှုကို အသိပေးဆိုပါတယ်။


"မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် ဒေသခံပြည်သူလူထုပူးပေါင်း၍ ယနေ့ မတ်လ (၂၅)ရက်နေ့တွင် "ဖောက်ပြန်သူမှန်သမျှ တော်လှန်ကြ""ဖက်ဆစ်ရွေးကောက်ပွဲကို တိုက်ဖျက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ကိုင်စွဲချီတက်" "၂၀၀၈ခြေဥပြန်အသက်သွင်းသူ ပြည်သူ့ရန်သူ"စသည့် စာသားပါ ဘန်နာများကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်"လို့ဆိုပါတယ်။


စကစတပ်များဟာ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးမှုများ ရှိသော်လည်း လူထုသပိတ်များက ပျောက်ပျက်မသွားဘဲရှိနေဆဲ ဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment