5th MAR 2023 - Morning Daily News by Radio NUG


၂၀၂၃ မတ်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး အောင်မြင်ဖို့မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ အခက်အခဲနဲ့ ပြဿနာကိုအလေးထား ဖြေရှင်းပေးရန် ဝန်ကြီးချုပ်ဆို

📌 ၂။ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် ၃၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဂဠုန်စစ်ကြောင်း မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေ ၁၀ သိန်းကျပ်ကို ပေးအပ်

📌 ၃။ နွေဦးတော်လှန်‌ရေးဟာ နောက်ဆုံးတော်လှန်ရေးဖြစ်ပြီး ယခုမျိုးဆက်မှာတင် နိဂုံးချုပ်မှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာဆို

📌 ၄။တရားရုံးမရောက်ခင် ဥပဒေတာဝန်ခံများဟာ ပြည်သူလူထုရဲ့ အခွင့်အရေးများကို နစ်နာမှုမရှိစေရန်အတွက် လုပ်ကိုင်ဆောင်ရွက်နိုင်တယ်လို့ NUG တရားရေးဝန်ကြီးဆို 

📌 ၅။ ကမ္ဘာကြီးရဲ့ နေရာတိုင်းမှာ တော်လှန်ရေးကိုပါ ပြည်သူတွေ တစ်တပ်တစ်အားနဲ့ နိုင်သလောက်ပါဝင်နေပြီလို့ဆို

📌 ၆။ CRPH ပညာရေးကော်မတီနဲ့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီ၊ နေပြည်တော် ကောင်စီအတွင်းရှိ မြို့နယ်ပညာရေး ဘုတ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

📌 ၇။ iOS eainpyanlannကနေ တစ်နေ့ကို ၆သိန်းနဲ့ ၁၀သိန်း ကြားရနေ၍ ပြည်သူများ ပိုမိုကလစ်နှိပ်ပေးကြရန် Click2donate တိုက်တွန်း

📌 ၈။ ဖေဖော်ဝါရီလအတွင်း ကရင်နီပြည်နယ်အတွင်း တိုက်ပွဲပေါင်း (၃၅ ) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား( ၄၅) ဦးသေဆုံး

📌 ၉။ အင်းတော် မြို့ပေါ်တွင် PDF နှင့်အဆက်စပ်ရှိနေသူဟုဆိုကာ ပြည်သူ ၁၅ ဦးခန့်ဖမ်းဆီးခံရ

📌 ၁၀။ ယင်းမာပင်မြို့နယ် မြောက်နုံးရွာကို စကစတပ်များ  ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး အောင်မြင်ဖို့မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ အခက်အခဲနဲ့ ပြဿနာကိုအလေးထား ဖြေရှင်းပေးရန် ဝန်ကြီးချုပ်ဆို


ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး အောင်မြင်ဖို့မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ အခက်အခဲနဲ့ ပြဿနာကိုအလေးထား ဖြေရှင်းပေးရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကဆိုပါတယ်။ မတ်လအတွင်း ကျင်းပတဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် (/၂၀၂၃)တွင်  ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။


"ကျွန်တော်တို့ဖော်ဆောင်နေတဲ့ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး အောင်မြင်မှုဟာ မြေပြင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ အခက်အခဲနဲ့ ပြဿနာတွေကို ဘယ်လောက် အလေးထား ဖြေရှင်းပေးနိုင်လဲ ဆိုတဲ့အပေါ် မူတည်တာဖြစ်ပါတယ်။ ဒါကြောင့် တစ်ဖက်က လိုအပ်နေတဲ့ မူဝါဒတွေ ပြင်ဆင်သုံးသပ်ကြရမှာ ဖြစ်သလို တစ်ဖက်ကလည်း ထိထိရောက်ရောက် တွေ့ဆုံပြီး ညှိနှိုင်းအဖြေရှာတာမျိုးတွေ ပြုလုပ်ပေးကြပါ"လို့ဆိုပါတယ်။


ဒါ့အပြင်  မြို့နယ်တစ်မြို့နယ်ချင်းစီမှ တာဝန်ရှိသူတွေနဲ့ ဝန်ကြီးဌာန တာဝန်ရှိသူတွေ တွေ့ဆုံနိုင်မယ့် အစီအစဉ်ကို စတင်ကြဖို့လည်း ဝန်ကြီးချုပ်ကတိုက်တွန်းဆိုခဲ့ပါတယ်။


========================


📌📌 ၂။ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် ၃၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဂဠုန်စစ်ကြောင်း မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေ ၁၀ သိန်းကျပ်ကို ပေးအပ်


တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် ၃၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဂဠုန်စစ်ကြောင်း မွမ်းမံ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေ ၁၀ သိန်းကျပ်ကို ပေးအပ်ခဲ့ပါတယ်။ မတ်လ () ရက်မှာ ဂဠုန်စစ်ကြောင်း မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပခဲ့တယ်လို့ အသိပေးဖော်ပြပါတယ်။


သင်တန်းဆင်းပွဲအခမ်းအနားတွင် ဂဠုန်စစ်ကြောင်း မွမ်းမံသင်တန်းဆင်းရဲဘော်များမှ စစ်ကြောင်းပုံစံဖြင့် ချီတက်နေရာယူကာ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော် အား အလေးပြုခြင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် သစ္စာအဓိဌာန် ချက်အား ရွတ်ဆိုခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်မဟာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီဝင်ရဲဘော် ဒေဝမှ အဖွင့်အမှာစကားပြောကြားခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်းပေးပို့သော သဝဏ်လွှာနှင့် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားခြင်းတို့ကို လုပ်ဆောင်ခဲ့ပါတယ်။


ထို့နောက် ERO နယ်မြေအတွင်းရှိ နယ်မြေခံ တာဝန်ရှိသူများနှင့် ဂဠုန်စစ်ကြောင်းမှ တာဝန်ရှိသူများမှ ရဲဘော်များအား အမှာစကားပြောကြားခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ပေးပို့သည့် ဂုဏ်ပြုဆုငွေ ၁၀ သိန်းကျပ်ကို ပေးအပ်ခြင်းနှင့် မွန်းမံသင်တန်းတွင် ဆုရရှိသည့် ရဲဘော်များကို ဆုချီးမြှင့်ခြင်း၊ ဂဠုန်စစ်ကြောင်း ဒုစစ်ကြောင်းမှူးမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါတယ်။


ထို့နောက် မွမ်းမံသင်တန်းဆင်းရဲဘော်များမှ တာဝန်ရှိသူများကို စစ်ကြောင်းပုံစံဖြင့် အလေးပြုကာ ပြန်လည်ထွက်ခွာသွားခဲ့ပြီး အခမ်းအနားအစီအစဉ်အား အောင်မြင်စွာဖြင့် ပိတ်သိမ်းခဲ့ကြောင်း သိရပါတယ်။


========================


📌📌 ၃။ နွေဦးတော်လှန်‌ရေးဟာ နောက်ဆုံးတော်လှန်ရေးဖြစ်ပြီး ယခုမျိုးဆက်မှာတင် နိဂုံးချုပ်မှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာဆို


နွေဦးတော်လှန်‌ရေးဟာ နောက်ဆုံးတော်လှန်ရေးဖြစ်ပြီး ယခုမျိုးဆက်မှာတင် နိဂုံးချုပ်မှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာကဆိုပါတယ်။ မတ်လအတွင်းမှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက ဆိုပါတယ်။


"နွေဦးတော်လှန်‌ရေးဟာ နောက်ဆုံးတော်လှန်ရေးဖြစ်တယ်။ ဒီတော်လှန်ရေးကို ကျနော်တို့ နောက်မျိုးဆက်တွေ၊ ကလေးတွေကို တာဝန်မပေးရတော့ဘူး။ ဒီတော်လှန်ရေးဟာ ကျနော်တို့မျိုးဆက်မှာ နိဂုံးချုပ်မှာ ဖြစ်တယ်"လို့ဆိုပါတယ်။


အရေးတော်ပုံအောင်ပွဲသည် မြန်မာပြည်သူလူထု၏ လက်ထဲမှာရှိနေပြီး ကျရှုံးခြင်းသည် အကြမ်းဖက်စစ် အာဏာရှင်များ၏လက်ထဲမှာရှိနေပြီ ဖြစ်ကြောင်း ဝန်ကြီးကထပ်မံဆိုပါတယ်။


========================


📌📌 ၄။တရားရုံးမရောက်ခင် ဥပဒေတာဝန်ခံများဟာ ပြည်သူလူထုရဲ့ အခွင့်အရေးများကို နစ်နာမှုမရှိစေရန်အတွက် လုပ်ကိုင်ဆောင်ရွက်နိုင်တယ်လို့ NUG တရားရေးဝန်ကြီးဆို 


တရားရုံးမရောက်ခင် ဥပဒေတာဝန်ခံများဟာ ပြည်သူ လူထုရဲ့ အခွင့်အရေးများကို နစ်နာမှုမရှိစေရန်အတွက် လုပ်ကိုင်ဆောင်ရွက်နိုင်တယ်လို့ NUG တရားရေးဝန်ကြီး ဦးသိန်းဦးကဆိုပါတယ်။ မတ်လ ရက် မြို့နယ်ဥပဒေတာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေးအခမ်းအနားမှာ ဝန်ကြီးကဆိုပါတယ်။


 တရားရုံးမရောက်ခင် ဥပဒေတာဝန်ခံများသည် မိမိ၏ဒေသ၊ မိမိ၏စီရင်ပိုင်ခွင့် အာဏာအတွင်းတွင်ရှိသည့် ပြည်သူ လူထု၏ အခွင့်အရေးများကို နစ်နာမှုမရှိစေရန်အတွက် ဥပဒေနှင့်မညီသည့် ကိစ္စရပ်များ ရှိနေပါက လုပ်ကိုင်ဆောင်ရွက်နိုင်သည့် အခွင့်အရေးများရှိကြောင်း၊ မိမိဒေသတွင် ပြဿနာ များပေါ်ပေါက်လာလျှင် ဥပဒေတာဝန်ခံများနှင့် အရင်တွေ့ဆုံဖြေရှင်းရမည့် ဥပဒေဆိုင်ရာ ကိစ္စများကို မေးမြန်းစုံစမ်းလာပါက ဥပဒေတာဝန်ခံများမှ ဖြေကြားရမည့်ကိစ္စရပ်များဖြစ်ကြောင်း၊ ဥပဒေတာဝန်ခံများ၏ အလုပ်မှာ ၂၄ နာရီပတ်လုံး တာဝန်ရှိနေသည်ဆိုသည့် အဓိပ္ပါယ်ဖြစ်ကြောင်း၊ ဥပဒေရုံးဆိုင်ရာ ဥပဒေပြဿနာများ ပေါ်ပေါက်လာပါက တရားရုံး မရောက်ခင် ပြည်သူလူထုအတွက်ကို ဥပဒေနှင့်ကိုက်ညီမှု ရှိ မရှိ အကြံပေးရသည့်ကိစ္စများကို မလွဲမသွေ တွေ့ကြုံရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဥပဒေကို နှံ့နှံ့စပ်စပ်သိရှိထားရန် အင်မတန်အရေးကြီးကြောင်း"ဝန်ကြီးကဆိုပါတယ်။


ထိုအခမ်းအနားသို့ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ တွဲဖက်အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အကြံပေးပုဂ္ဂိုလ်၊ ရုံးအဖွဲ့မှူးများ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ နှင့် မြို့နယ် (၂၀) မြို့နယ်မှ ဥပဒေတာဝန်ခံများလည်း တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၅။ ကမ္ဘာကြီးရဲ့ နေရာတိုင်းမှာ တော်လှန်ရေးကိုပါ ပြည်သူတွေ တစ်တပ်တစ်အားနဲ့ နိုင်သလောက်ပါဝင်နေပြီလို့ဆို


ကမ္ဘာကြီးရဲ့ နေရာတိုင်းမှာ တော်လှန်ရေးကို ပြည်သူတွေ တစ်တပ်တစ်အားနဲ့ နိုင်သလောက်ပါဝင်နေပြီလို့ ဒုဝန်ကြီးဦးမော်ထွန်းအောင်ကဆိုပါတယ်။ မတ်လအတွင်းမှာ ဒုဝန်ကြီးဦးမော်ထွန်းအောင်က သုံးသပ်ဆိုထားပါတယ်။


"ကမ္ဘာကြီးရဲ့ နေရာတိုင်းမှာ တော်လှန်ရေးကို ပါဝင်ပံ့ပိုးပေးနေတဲ့ ပြည်သူတွေ တစ်တပ်တစ်အားနဲ့  နိုင်သလောက်ပါဝင်နေပါတယ်။ နည်းတယ်များတယ်မရှိပါဘူး။ သတင်းပေးနိုင်တဲ့သူကပေး၊ ပိုက်ဆံပေးနိုင်သူကပေး၊ လုပ်အားပေးနိုင်သူကပေး နဲ့ ပါဝင်မှုမှန်သမျှ အကျိုးရှိပါတယ်။ သေးငယ်သောအမှု အရာ မရှိ။ သစ္စာရှိရှိလုပ်ဆောင်ဖို့ပဲ အရေးကြီးပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ နွေဦးတော်လှန်ရေးကို အဆုံးသတ်အတွက် ၂၀၂၃ ခုနှစ်ကို အဆုံးအဖြတ် နှစ်အဖြစ် NUGက သက်မှတ်ထားပါတယ်။


========================


📌📌 ၆။ CRPH ပညာရေးကော်မတီနဲ့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီ၊ နေပြည်တော် ကောင်စီအတွင်းရှိ မြို့နယ်ပညာရေး ဘုတ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး


CRPH ပညာရေးကော်မတီနဲ့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီ၊ နေပြည်တော်ကောင်စီအတွင်းရှိ မြို့နယ်ပညာရေး ဘုတ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ CRPH ပညာရေးကော်မတီသည် ပညာရေးကဏ္ဍနှင့်စပ်လျဥ်း၍ မတ်လ ရက်နေ့ ဗီဒီယိုကွန်ဖရင့်မှတဆင့် ဆွေးနွေးခဲ့ပါတယ်။


တွေ့ဆုံပွဲတွင်  ပညာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီမှ တက်ရောက်လာကြသူများက အပြန်အလှန် မိတ်ဆက် စကားပြောကြား၍ ပညာရေးကော်မတီ အတွင်းရေးမှူးက တွေ့ဆုံရခြင်း ရည်ရွယ်ချက်နှင့် ပညာရေးကော်မတီ၏ ဖွဲ့စည်းပုံ၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဥ်များအား ရှင်းလင်း ပြောကြားခဲ့ပါတယ်။


ထို့နောက် စစ်ကောင်စီလက်အောက်ခံကျောင်းများတွင် မတက်ရောက်ဘဲ CDM ပြုလုပ်နေကြသည့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးအခြေအနေများ၊ ကျောင်းသားနှင့်မိဘများ၏ စိတ်ပိုင်းဆိုင်ရာအခြေအနေများ၊ လုံခြုံရေးအခြေအနေများ၊ ဖမ်းဆီးခံ၊ ခြိမ်းခြောက်ခံထားရသော ဆရာ၊ ဆရာမများ၏ အခြေအနေများ၊ဖက်ဒရယ်ကျောင်း တည်ထောင်ရေးအတွက် ပညာရေးကော်မတီအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်မှုအခြေအနေတို့ကိုဆွေးနွေးပြောကြားခဲ့ပါတယ်။


၎င်းနောက် ပညာရေးကော်မတီအဖွဲ့ဝင်များက မေးမြန်းလာသည့် မေးခွန်းများအား ပြန်လည်ဖြေကြား၍ CDM ဆရာ၊ ဆရာမများ၊ CDM ကျောင်းသား၊ ကျောင်းသူများအတွက် စီစဥ်ဆောင်ရွက်ထားမှုအခြေအနေများနှင့် ချိတ်ဆက်ပေးနိုင်သည့်အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၇။ iOS eainpyanlannကနေ တစ်နေ့ကို ၆သိန်းနဲ့ ၁၀သိန်း ကြားရနေ၍ ပြည်သူများ ပိုမိုကလစ်နှိပ်ပေးကြရန် Click2donate တိုက်တွန်း


iOS eainpyanlannကနေ တစ်နေ့ကို ၆သိန်းနဲ့ ၁၀သိန်း ကြားရနေ၍ ပြည်သူများ ပိုမိုကလစ်နှိပ်ပေးကြရန် Click2donate တိုက်တွန်းလိုက်ပါတယ်။ မတ်လအတွင်းမှာ Click2donate ကနေ အသိပေးဆိုထားပါတယ်။


“iOS တွေက ရှယ်ရနေပါတယ်ခင်ဗျာ။ ကလစ်တဲ့သူ  ၉၀၀ ဝန်းကျင်လောက်နဲ့တောင် တစ်နေ့ကို ၆သိန်းနဲ့ ၁၀သိန်း ကြားရနေပါတယ်။ ကလစ်တဲ့သူ ၉၀၀၀ လောက်ဖြစ်လာအောင် ဝိုင်းတွန်းပေးကြပါဦး"လို့ ဆိုထားပါတယ်။


iOS eainpyanlann ကိုဒေါင်းယူရန် Click2donateလူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။ Click2donate ဟာ ပြည်သူများကလစ်နှိပ်၍ ရရှိသောဝင်ငွေအား တော်လှန်ရေးအင်အားစုများသို့ ပြန်လည်ထောက်ပို့ပေးခြင်းဖြစ်ပါတယ်။


========================


📌📌 ၈။ ဖေဖော်ဝါရီလအတွင်း ကရင်နီပြည်နယ်အတွင်း တိုက်ပွဲပေါင်း (၃၅ ) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား( ၄၅) ဦးသေဆုံး


ဖေဖော်ဝါရီလအတွင်း ကရင်နီပြည်နယ်အတွင်း တိုက်ပွဲပေါင်း (၃၅ ) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား( ၄၅) ဦးသေဆုံးခဲ့ပါတယ်။ မတ်လ ရက်နေ့မှာ ဖေဖော်ဝါရီလစစ်ရေးသတင်းအနှစ်ချုပ်ကို KNDF က ဖော်ပြခဲ့ပါတယ်။


"ဖေဖော်ဝါရီလအတွင်း ကရင်နီပြည်နယ်အတွင်း တိုက်ပွဲပေါင်း (၃၅ ) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား( ၄၅) ဦးသေဆုံးကာ (၁၆) ဦးဒဏ်ရာရခဲ့ပါတယ်။ အဆိုပါတိုက်ပွဲများအတွင်း ကရင်နီပူးပေါင်း တပ်များမှ လက်နက်( ၃၄ ) လက်၊ နှင့် ခဲယမ်းများသိမ်းဆည်းရမိခဲ့ပါတယ်"လို့ဆိုပါတယ်။


အဆိုပါအကြမ်းဖက်စစ်ကောင်စီတပ်များအား တိုက်ခိုက်ရင်း KNDF မှ ရဲဘော် ( ) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်များဟာ ဖေဖော်ဝါရီလအတွင်း ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော်၊ ဖယ်ခုံမြိုနယ်တို့ တွင် အရပ်သားပြည်သူများ အား ပစ်မှတ်ထား၍ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ခြင်း၊ စစ်ဖက်-အရပ်ဖက် မခွဲခြားဘဲ၊ စစ်ရှောင်စခန်းများ၊ ကျေးရွာများ၊ ဘာသာရေး ဆိုင်ရာနေရာများအား လေကြောင်းဖြင့် စုစုပေါင်း () ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။


========================


📌📌 ၉။ အင်းတော် မြို့ပေါ်တွင် PDF နှင့်အဆက်စပ်ရှိနေသူဟုဆိုကာ ပြည်သူ ၁၅ ဦးခန့်ဖမ်းဆီးခံရ


စစ်ကိုင်းတိုင်း၊ အင်းတော် မြို့ပေါ်တွင် PDF နှင့်အဆက်စပ်ရှိနေသူဟုဆိုကာ ပြည်သူ ၁၅ဦးခန့်ဖမ်းဆီးခံခဲ့ရပါတယ်။ မတ်လ ရက်မှာ အင်းတော် တော်လှန်ရေးအင်အားစုကအတည်ပြုဆိုပါတယ်။


"အင်းတော် မြို့ပေါ်တွင် မတ်လ ရက်နေ့အတွင်း PDFနှင့် အဆက်စပ်ရှိနေသူဟုဆိုကာ ပြည်သူ ၁၅ ဦးခန့် ဖမ်းဆီးခံခဲ့ရကြောင်းသိရပါတယ်။ ဖမ်းဆီးခံရသူများတွင် CDM ဆရာမများ ပါဝင်ပါတယ်"လို့ဆိုပါတယ်။ 


လတ်တလောမှာ မြို့ပေါ်နေ ပြည်သူများ အထူးဂရုစိုက်ကြဖို့နဲ့ ဖမ်းဆီးခံရသူများနှင့် အဆက်စပ်ရှိလျှင်လည်း ရှောင်တိမ်းနေထိုင်ကြဖို့သတိပေးနှိုးဆော်ထားပါတယ်။


========================


📌📌 ၁၀။ ယင်းမာပင်မြို့နယ် မြောက်နုံးရွာကို စကစတပ်များ  ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး


ယင်းမာပင်မြို့နယ် မြောက်နုံးရွာကို ရန်သူစစ်ကောင်စီတပ်က  ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ မတ်လ ရက်နေ့မှာ မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ယင်းမာပင်က အသိပေးဆိုပါတယ်။


"စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် မြောက်နုံးရွာကို ရန်သူစစ်ကောင်စီတပ်က မတ်လ ရက်နေ့ ညဉီး အစောပိုင်းတွင်  ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တယ်"လို့ဆိုပါတယ်။


၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ စစ်တပ်နှင့် ဆက်စပ်အဖွဲ့များက နိုင်ငံတစ်ဝှမ်းရှိ အရပ်သားအိမ်ခြေ ၅၅၄၈၄ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ထိုသို့မီးရှို့ဖျက်ဆီးရာမှာစစ်ကိုင်းတိုင်းဒေသကြီးတွင် အိမ်ခြေ ၄၃၂၉၂ လုံး၊ မကွေးတိုင်း ဒေသကြီးတွင် ၈၈၆၃ လုံး၊ ချင်းပြည်နယ်တွင် ,၄၈၄ လုံးနှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အိမ်ခြေ ၁၈၄၅ လုံး မီးလောင်ပျက်စီးခဲ့ရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment