၂၀၂၃ ဧပြီလ ၁၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အကြမ်းဖက်စစ်တပ်ရဲ့ ဖိနှိပ်သတ်ဖြတ်ခံနေရတာတွေကို တားဆီးနိုင်ဖို့ တော်လှန်ရေးကို အဆုံးသတ်ဖို့ အရေးကြီးတယ်လို့ ယာယီသမ္မတပြောကြား
📌 ၂။ ကယန်းလူမျိုးတို့၏ အန္တိမရည်မှန်းချက်တစ်ခုမှာ စစ်အာဏာရှင်စနစ်အပါအ၀င် အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေးဖြစ်တယ်
📌 ၃။ အကြမ်းဖက်စစ်ကောင်စီညံ့ဖျင်း၍ နိူင်ငံခြားရင်းနှီးမြုပ်နှံမှုများထွက်ခွာသွားသောကြောင့် လျှပ်စစ်ကဏ္ဍဆုံးရှုံးကာ လျှပ်စစ်မီးများပြတ်တောက်နေရခြင်းဖြစ်တယ်လို့ဆို
📌 ၄။ စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ပဇီးကြီးရွာပကဖ ရုံးဖွင့်ပွဲပြုလုပ်နေစဉ် စစ်ကောင်စီမှ လေကြောင်းမှဗုံးကြဲတိုက်ခိုက်၍ ပြည်သူအများအပြားသေဆုံး
📌 ၅။ စစ်ကောင်စီထံ မှတ်ပုံတင်ထားသောပါတီများကို မတရားအသင်းများအဖြစ်CDF-Hakha Council ကြေညာ
📌 ၆။ NUG ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ကာ အွန်လိုင်းမှတစ်ဆင့် ပညာသင်ကြားပေးနေသော ကျောင်းဆရာ၊ ဆရာမများအပေါ် ပစ်မှတ်ထားဖမ်းဆီးမှုများ အရှိန်မြှင့်လာပြီး ဆရာ၊ဆရာမ ၁၅ ဦးဖမ်းဆီးခံလိုက်ရ
📌 ၇။ PROJECT စည်းရိုး(၂၃) ရက်မြောက်နေ့မှာ၇၈ရာခိုင်နှုန်းအထိ ရောက်ရှိလာ၍ ပြည်သူလူထုအား ကမ်ပိန်းကိုဆက်လက်ပါဝင်ရန်တိုက်တွန်း
📌 ၈။ အမေရိကန်နိူင်ငံ နယူးယောက်မှာ လွတ်လပ်ခါမှာ အမျှဝေမယ်ရုပ်ရှင်ပြသမယ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အကြမ်းဖက်စစ်တပ်ရဲ့ ဖိနှိပ်သတ်ဖြတ်ခံနေရတာတွေကို တားဆီးနိုင်ဖို့ တော်လှန်ရေးကို အဆုံးသတ်ဖို့ အရေးကြီးတယ်လို့ ယာယီသမ္မတပြောကြား
ဧပြီ၁၁ရက်
ဧပြီလ (၁၁) ရက် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၄ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက အကြမ်းဖက်စစ်တပ်ရဲ့ ဖိနှိပ်သတ်ဖြတ်ခံနေရတာတွေကို တားဆီးနိုင်ရန်အတွက် အခုလိုပြောကြားခဲ့ပါတယ်။
"ကျနော်တို့နိုင်ငံရဲ့ အနေအထားက ကိုယ့်နိုင်ငံထဲမှာပဲ ပြည်သူတွေဟာ အကြမ်းဖက်စစ်တပ်ရဲ့ ဖိနှိပ်သတ်ဖြတ်ခံနေရတာတွေကို တားဆီးနိုင်ဖို့ဆိုတာ တော်လှန်ရေးကို အဆုံးသတ်ဖို့ အရေးကြီးသလို၊ လက်ရှိအချိန်မှာ နိုင်ငံတကာရဲ့ အကာအကွယ်တွေ အမြန်ဆုံးရဖို့လည်း လိုအပ်တာကြောင့် နိုင်ငံတကာဥပဒေနဲ့အညီ အရေးယူနိုင်ဖို့အတွက် သက်သေအထောက်အထားတွေရဖို့ အရေးကြီးပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင်အတင်းအကျပ် လုယူထားတဲ့ အာဏာကို မထိန်းသိမ်းနိုင်တဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်ဟာ အရှုံးကို တုံ့ပြန်ဖို့အတွက် နည်းမျိုးစုံနဲ့ လုပ်ဆောင်နေပြီး ပြည်သူနဲ့ ပြည်သူ့ဘက်တော်သားတွေကြားမှာ အထင်အမြင်လွဲမှားမှုတွေရအောင်လည်း လုပ်ဆောင်နေတယ်လို့ ယာယီသမ္မတကထပ်လောင်းပြောပါတယ်။
========================
📌📌 ၂။ ကယန်းလူမျိုးတို့၏ အန္တိမရည်မှန်းချက်တစ်ခုမှာ စစ်အာဏာရှင်စနစ်အပါအ၀င် အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေးဖြစ်တယ်
ဧပြီ၁၀ရက်ကျင်းပတဲ့ ၂၃ ကြိမ်မြောက် ကယန်းအမျိုးသားနေ့အခမ်းအနားမှာ ကယန်းလူမျိုးတို့၏ အန္တိမရည်မှန်းချက်တစ်ခုမှာ စစ်အာဏာရှင်စနစ်အပါအ၀င် အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေးဖြစ်တယ်လို့ လူ့အခွင့်ရေးရာ ဒုတိယဝန်ကြီး ခွန်ဗဟန်းထန်က ပြောပါတယ်။
"စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်ပေါ်ပေါက်လာသော လက်ရှိတော်လှန်ရေးကိုဆင်နွဲနေသည့် အင်အားစုအသီးသီးတွေ ကယန်းလူမျိုးများသည်လည်း အင်တိုက်အားတိုက် အသက်၊ သွေး ၊ချွေး၊ ဘ၀တို့ဖြင့်ပေးဆပ်ပြီး အခြားသောညီနောင် တိုင်းရင်းသားများနှင့်အတူ ဆက်လက်ပါ၀င် တိုက်ပွဲ၀င်လျက်ရှိပါကြောင်း၊ အစဥ်အလာအရ ကယန်းအမျိုးသားများသည် အမျိုးသာရေးအသိဖြင့် အခြားသောညီနောင် တိုင်းရင်းသားများနှင့်အတူ ကယန်းအမျိုးသားများ အစဉ်အဆက်တိုက်ပွဲဝင်ခဲ့ကြသည်မှာ သမိုင်းအသိပင်ဖြစ်ပါကြောင်း၊ ကယန်းလူမျိုးတို့၏ အန္တိမရည်မှန်းချက်တခုဖြစ်သည့် စစ်အာဏာရှင်စနစ်အပါအ၀င် အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် မမှိတ်မသုန် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း" ဆိုခဲ့ပါတယ်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ၊ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ဒုဝန်ကြီး ခွန်းဗဟန်းထန်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့တက်ရောက် အားပေးခဲ့ပါတယ်။
========================
📌📌 ၃။ အကြမ်းဖက်စစ်ကောင်စီညံ့ဖျင်း၍ နိူင်ငံခြားရင်းနှီးမြုပ်နှံမှုများထွက်ခွာသွားသောကြောင့် လျှပ်စစ်ကဏ္ဍဆုံးရှုံးကာ လျှပ်စစ်မီးများပြတ်တောက်နေရခြင်းဖြစ်တယ်လို့ဆို
ဧပြီ၁၁ရက်
အကြမ်းဖက်စစ်ကောင်စီညံ့ဖျင်း၍ နိူင်ငံခြားရင်းနှီးမြုပ်နှံမှုများထွက်ခွာသွားသောကြောင့် လျှပ်စစ်ကဏ္ဍဆုံးရှုံးကာ လျှပ်စစ်မီးများပြတ်တောက်နေရခြင်းဖြစ်တယ်လို့သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ဧပြီ၁၀ရက်မှာ Radio NUGကို ပြောပါတယ်။
(((( ဦးကျော်ဇော်-သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ))))
လတ်တလောမှာ မြန်မာနိူင်ငံမှ သဘာဓာတ်ငွေ့နဲ့စွမ်းအင်လုပ်ငန်းများမှာ တစ်ခုပြီးတစ်ခု စွန့်ခွာ ထွက်သွားလျက်ရှိနေပါတယ်။
========================
📌📌 ၄။ စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ပဇီးကြီးရွာပကဖ ရုံးဖွင့်ပွဲပြုလုပ်နေစဉ် စစ်ကောင်စီမှ လေကြောင်းမှဗုံးကြဲတိုက်ခိုက်၍ ပြည်သူအများအပြားသေဆုံး
ဧပြီ၁၁ရက်
ဧပြီ၁၁ရက် မနက်ပိုင်းမှာ စကစတပ်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာလို့ ဒေသခံ သတင်းအရင်းအမြစ်များကဆိုပါတယ်။
"ဧပြီလ၁၁ရက်နေ့ မနက်ပိုင်း စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီးကြီးရွာပကဖ ရုံးဖွင့်ပွဲပြုလုပ်နေစဉ် စစ်ကောင်စီမှလေကြောင်းမှ ပစ်ခက်တိုက်ခိုက်မှု ကြောင့် သတင်းရယူစဉ်အချိန်အထိ အရပ်သားပြည်သူ ၅၀ကျော်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်းများပြားသည့်အတွက် ကယ်ဆယ် ရေးလုပ်ငန်းများ လုပ်နေရတယ်"လို့ ဆိုပါတယ်။
လတ်တလောမှ ဗုံးထိရာ အနီးအနားတစ်ဝိုက်မှာ အစအနပင်ရှာမရအောင် ထိခိုက်ပျက်စီးသွားခဲ့ပြီး ဧပြီ၁၁ရက်နေ့ကလည်း ချင်းပြည်နယ် ဝေဘူမြို့သစ်ကို လေကြောင်းကဗုံးကြဲချရာCDM ကျောင်းအုပ်မိသားစုအပါအဝင် လူ၉ဦးသေဆုံးခဲ့ပါတယ်။
========================
📌📌 ၅။ စစ်ကောင်စီထံ မှတ်ပုံတင်ထားသောပါတီများကို မတရားအသင်းများအဖြစ်CDF-Hakha Council ကြေညာ
ဧပြီ၁၁ရက်
စစ်ကောင်စီထံ မှတ်ပုံတင်ထားသောပါတီများကို မတရားအသင်းများအဖြစ် ဧပြီ၁၁ရက်မှာ အမိန့်အမှတ် (၂/၂၀၂၃)ကို CDF-Hakha Council ကကြေညာခဲ့ပါတယ်။
CDF-Hakha Council မှ ၂၀၂၃ခုနှစ်၊ဇန်နဝါရီလ (၉)ရက်နေ့တွင် ကြေညာချက်အမှတ် (၁/၂၀၂၃) ဖြင့် ထုတ်ပြန်ခဲ့သည့်အတိုင်း တိုင်းပြည်နှင့်လူမျိုးအကျိုးထက် မိမိပါတီရှင်သန်နိုင်ရေးအတွက်သာရှေးရှုကာ အကြမ်းဖက်စစ်အာဏာရှင်သက်ဆိုးရှည်နိုင်ရေးအတွက် အာဏာသိမ်းစစ်ကောင်စီထံ မှတ်ပုံတင်ထားသောပါတီများကို ယနေ့မှစ၍ မတရားအသင်းများအဖြစ်ကြေညာလိုက်တယ်လို့ဆိုပါတယ်။
ယင်းပါတီများနှင့် အာဏာရှင်ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ပတ်သက်သူများအပေါ် လိုအပ်သော အရေးယူမှုများ ဆက်လက်ဆောင်ရွက်သွားမယ်လို့CDF-Hakha Councilကဆိုပါတယ်။
========================
📌📌 ၆။ NUG ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ကာ အွန်လိုင်းမှတစ်ဆင့် ပညာသင်ကြားပေးနေသော ကျောင်းဆရာ၊ ဆရာမများအပေါ် ပစ်မှတ်ထားဖမ်းဆီးမှုများ အရှိန်မြှင့်လာပြီး ဆရာ၊ဆရာမ ၁၅ ဦးဖမ်းဆီးခံလိုက်ရ
ဧပြီ၁၀ရက်နေ့မှာ လတ်တလောအခြေအနေများနဲ့ပတ်သက်ပြီး AAPPက အခုလို ဖော်ပြအသိပေးဆိုပါတယ်။
"နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့်သုတေသနဌာနမှ မီဒီယာစောင့်ကြည့်လေ့လာမှုအရ ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ကျောင်းဆရာ၊ ဆရာမများအပေါ် ပစ်မှတ်ထားဖမ်းဆီးမှုများ အရှိန်မြှင့်လာလျက်ရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ကာ အွန်လိုင်းမှတစ်ဆင့် ပညာသင်ကြားပေးနေသော မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်မှ Federal School of Aungmyaythazan ကို ဦးဆောင်သူ ဒေါ်အိရွှေစင်မြင့် အပါအဝင် ဆရာ၊ ဆရာမ စုစုပေါင်း (၁၅) ဦးမှာ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်"လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့ထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၁၃၀၀) ဦးရှိပြီး ထိုအထဲမှ (၁၇၄၂၁) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၅၅၈၆) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။
========================
📌📌 ၇။ PROJECT စည်းရိုး(၂၃) ရက်မြောက်နေ့မှာ၇၈ရာခိုင်နှုန်းအထိ ရောက်ရှိလာ၍ ပြည်သူလူထုအား ကမ်ပိန်းကိုဆက်လက်ပါဝင်ရန်တိုက်တွန်း
ဧပြီ၁၁ရက်
ဧပြီ၁၁ရက်မှာ PROJECT စည်းရိုးက ကမ်ပိန်းနဲ့ပတ်သက်လို့အခုလိုအသိပေးဆိုပါတယ်။
"PROJECT စည်းရိုး(၂၃) ရက်မြောက်နေ့မှာ Target ရဲ့ 78% ထိရောက်လာပါပြီ။(၂၁)ရက်ကနေ တစ်ပတ်တိတိထပ်တိုးထားတဲ့ရက်တွေမှာတော့ Targetရာခိုင်နှုန်းအပြည့်ဖြစ်ချင်ပါတယ်ဗျာ။ တစ်ချို့တော်လှန်ပြည်သူတွေဆို ၂ ခါ ၃ခါ ပြန်ကို စည်းရိုးကာကူကြတာမို့ အားလဲနာ ကျေးဇူးလဲတင်ရပါတယ်ဗျ"လို့ဆိုထားပါတယ်။ လတ်တလော နိုင်ငံအလိုက်ပါဝင်မှုတွင်အများဆုံးငွေကြေးမှာ မြန်မာ၊ စင်ကာပူ၊ထိုင်းနိူင်ငံတို့ဖြစ်ပါတယ်။
စည်းရိုး− The Fence” ပရောဂျက်ဟာဆိုရင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာ (၄)အတွက် “၂၁ ရက်အတွင်း လက်နက်ခဲယမ်းဖြည့်တင်းရန် မြန်မာကျပ်ငွေ သိန်း ၁ သောင်း”ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ရည်ရွယ်တဲ့ ပရောဂျက်ဖြစ်ပြီးလတ်တလောမှာ ဧပြီ၁၆ရက်နေ့အထိ ကမ်ပိန်းကာလတိုးမြှင့်ထားပါတယ်။ ပရောဂျက်မှရရှိငွေများကိုကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ရဲ့ ဗျူဟာ (၄)ကို တာဝန်ရှိသူထံမှတစ်ဆင့် တိုက်ရိုက်ပေးအပ်မှာဖြစ်ပါတယ်။
========================
📌📌 ၈။ အမေရိကန်နိူင်ငံ နယူးယောက်မှာ လွတ်လပ်ခါမှာ အမျှဝေမယ်ရုပ်ရှင်ပြသမယ်
ဧပြီ၁၁ရက်
အမေရိကန်နိူင်ငံ နယူးယောက်မှာ လွတ်လပ်ခါမှာ အမျှဝေမယ်ရုပ်ရှင်ပြသမယ်လို့ ဧပြီ၁၁ရက်မှာ အမေရိကန်အခြေစိုက် NYCBCအမှုဆောင် ကိုနေတင်မြင့်က ရုပ်ရှင်ပြသရေးပတ်သက်နဲ့ပတ်သက်ပြီးအခုလိုပြောဆိုထားပါတယ်။
((((((ကိုနေတင်မြင့်-NYCBCအမှုဆောင်))))))
အဆိုပါအမေရိကန်နိူင်ငံ နယူးယောက်မှာ လွတ်လပ်ခါမှာ အမျှဝေမယ်ရုပ်ရှင်ပြသရာမှာ လာရောက်ကြည့်ရှုသူများအား ဒါရိုက်တာကိုစိန်သီးနဲ့ကိုအောင်သော်တို့က တွေ့ဆုံ၍ သိရှိလိုသည်များကိုကြန်လည်ဖြေကြားမှာဖြစ်ပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment