12th APL 2023 - Morning Daily News by Radio NUG



၂၀၂၃ ဧပြီလ ၁၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာရှိ ပြည်သူလူထုများ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု မိသားစုဝင်များနဲ့အတူ  အင်မတန် ထိခိုက်ကြေကွဲဝမ်းနည်းရတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလဆို

📌 ၂။ အကြမ်းဖက်စစ်ကောင်စီဟာဘယ်သူ့ကိုမဆို ချနင်းရဲတဲ့ လူမျိုးတွေ ဖြစ်တာကြောင့် လူစည်ကားရာ နေရာတွေနဲ့ ပွဲတော်တွေကိုသတိထားသွားလာဖို့ ဝန်ကြီးချုပ်ဆို

📌 ၃။ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး ရည်မှန်းချက် အမြန်ဆုံး ပေါက်ရောက်အောင်မြင်စေရေး ပိုမို၍ အစွမ်းကုန် အားထုတ် လုပ်ဆောင်သွားမယ်လို့ NUGကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

📌 ၄။ ကန့်ဘလူမြို့နယ် ပဇီးကြီးရွာ လေကြောင်းတိုက်ခိုက်မှုဟာ ရက်စက်လွန်းတဲ့ အစုလိုက်အပြုံလိုက် လူသတ်မှုဖြစ်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး မှတ်ချက်ပြု

📌 ၅။ “The International Night of Geography” ညီလာခံတွင် အမျိုးသားညီညွတ်ရေးအစိုးရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး ဒေါ်ခင်မမမျိုးမှ တက်ရောက်မယ်

📌 ၆။ အရပ်သားလူထုကို ပစ်မှတ်ထားတဲ့ စစ်ရာဇဝတ်မှုကို စစ်ကောင်စီက ဆက်တိုက်ကျုးလွန်နေပြီလို့ဆို

📌 ၇။ ကန့်ဘလူမြို့နယ် ပစီကြီးရွာအား တစ်ရက်တည်း စကစတပ်က သုံးကြိမ်လေကြောင်းက ပစ်ခတ်တိုက်ခိုက်

📌 ၈။ ချင်းပြည်နယ်မင်းတပ်မြို့နယ် တိုက်နယ် ဖက်ရှိကျေးရွာ တစ်ရွာ အနီးတွင်စကစလေတပ်က ဂျက်ဖိုက်တာဖြင့်()ကြိမ် ဗုံးကျဲတိုက်ခိုက်

📌 ၉။ ရေးမြို့နယ် ဇီးဖြူသောင်ရွာ ပြည်သူ့စစ်ကိုတိုက်ခိုက်၍ လက်နက်၂လက်သိမ်းဆည်းရမိတယ်လို့ဆို

📌 ၁၀။ စစ်အုပ်စုက ဒီမိုကရေစီရေးလှုပ်ရှားသူနှင့်အရပ်သား (၁၅၁) ဦးကို သေဒဏ်အမိန့်ချမှတ်ခဲ့

📌 ၁၁။ ကဝမြို့နယ်တွင် ဆက်ကြေးကောက်ခံရန် ထွက်လာသော  ရဲတပ်ဖွဲ့ဝင် ()ဦးအား ပိ‌တောက်ဖူးစစ်ဆင်ရေးအဖြစ် အနီးကပ်ပစ်ခတ်ရာ ()ဦးပွဲချင်းပြီးသေဆုံး

📌 ၁၂။ စစ်မှုထမ်းဟောင်း မူးယစ်ဒိုင်တစ်ဦးအား လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရှင်းလင်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာရှိ ပြည်သူလူထုများ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု မိသားစုဝင်များနဲ့အတူ  အင်မတန် ထိခိုက်ကြေကွဲဝမ်းနည်းရတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလဆို


ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာရှိ ပြည်သူလူထုများ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုမိသားစုဝင်များနဲ့အတူ  အင်မတန် ထိခိုက်ကြေကွဲဝမ်းနည်းရတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလကဆိုပါတယ်။ ဧပြီ ၁၁ရက် ထုတ်ပြန်ချက်မှာ ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။


" ဧပြီလ ၁၁ ရက်နေ့ နံနက် ()နာရီကျော်ခန့်မှာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်ရှိ ပဇီကြီးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းကနေရက်ရက်စက်စက် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အပြစ်မဲ့ ဒေသခံပြည်သူတွေ အစုလိုက်အပြုံလိုက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိနေကြောင်း ဝမ်းနည်းစွာကြား သိရပါတယ်။ အသက်ဆုံးရှုံးသွားကြရသူတွေရဲ့ မိသားစုဝင်များနဲ့အတူ ကျွန်တော်တို့အားလုံး အင်မတန် ထိခိုက်ကြေကွဲဝမ်းနည်းရပါတယ်။ အကြမ်းဖက်စစ်ကောင်စီဟာ သူ့ရဲ့ တကယ့်ဇာတိရုပ်ကို ထပ်မံဖော်ထုတ်ပြသလိုက်တာဖြစ်ပြီး ရက်စက်ကြမ်းကြုတ်လွန်းတဲ့ စစ်ရာဇဝတ်မှုတစ်ခုကို ထပ်မံကျူးလွန်လိုက်ခြင်းဖြစ်ပါတယ်"လို့ဆိုပါတယ်။


အဆိုပါဖြစ်ရပ်ဟာ  တော်လှန်ရေးစိတ်ဓာတ်တွေဟာ နောက်ဆုတ်ယိမ်းယိုင်သွားမှာမဟုတ်ဘဲ အခုလိုဖြစ်ရပ်တွေက အားလုံးကို ဆထက်ထမ်းပိုး ဆက်လက်အားထုတ် တိုက်ပွဲဝင်သွားကြဖို့ ကြီးမားတဲ့ တွန်းအားဖြစ်တယ်လို့ ယာယီသမ္မတက ထပ်လောင်းဆိုပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်ကောင်စီဟာဘယ်သူ့ကိုမဆို ချနင်းရဲတဲ့ လူမျိုးတွေ ဖြစ်တာကြောင့် လူစည်ကားရာ နေရာတွေနဲ့ ပွဲတော်တွေကိုသတိထားသွားလာဖို့ ဝန်ကြီးချုပ်ဆို


အကြမ်းဖက်စစ်ကောင်စီဟာ ဘယ်သူ့ကို မဆို ချနင်းရဲတဲ့ လူမျိုးတွေ ဖြစ်တာကြောင့် လူစည်ကားရာ နေရာတွေနဲ့ ပွဲတော်တွေကို သတိထားသွားလာဖို့ ဧပြီ၁၁ရက်မှာ ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၁၄/၂၀၂၃တွင် ပြည်ထောင်စုဝန်ကြီးဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။


"ဒီလို အခြေအနေမှာ ပြည်သူတွေကို ဒီကနေတဆင့် သတင်းစကားပါးလိုတာတော့ အကြမ်းဖက်စစ်ကောင်စီဟာ သူတို့လိုချင်တဲ့ နည်းလမ်းပေါ် ရောက်ဖို့ ဘယ်သူ့ကိုမဆို ချနင်းရဲတဲ့ လူမျိုးတွေ ဖြစ်တာမို့ သတိဝီရိယနဲ့ သွားလာစေချင်ပါတယ်။ ခေတ်အဆက်ဆက်မှာလည်း ဒီလို လူစည်ကားရာ နေရာတွေ၊ ပွဲတော်တွေမှာ အကြမ်းဖက် လုပ်ရပ်တွေ ကျူးလွန်ပြီး တော်လှန်ရေး ဘက်တော်သားတွေကို လွှဲချတတ်တဲ့ ဖြစ်စဉ်တွေက ရှိခဲ့ပြီးသားမို့ အင်မတန် သတိထားဖို့ လိုအပ်ကြောင်း ပြောကြားလိုပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် တိုင်းပြည်ကို စစ်ကျွန်လက်အောက် တသက်လုံး ပြန်မကျရောက်စေဖို့ အသက်ပေးတိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးရဲဘော်တွေ၊ သူရဲကောင်းတွေ ဟာ မဟာအတာသင်္ကြန်ကာလမှာလည်း တော်လှန်ရေးအတွက် ဆက်လက် ကြိုးစား တိုက်ပွဲဝင်နေကြမှာပဲ ဖြစ်တယ်လို့ဝန်ကြီးချုပ်ကဆိုပါတယ်။


========================


📌📌 ၃။ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး ရည်မှန်းချက် အမြန်ဆုံး ပေါက်ရောက်အောင်မြင်စေရေး ပိုမို၍ အစွမ်းကုန် အားထုတ် လုပ်ဆောင်သွားမယ်လို့ NUGကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်


စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး ရည်မှန်းချက် အမြန်ဆုံး ပေါက်ရောက်အောင်မြင်စေရေး ပိုမို၍ အစွမ်းကုန် အားထုတ် လုပ်ဆောင်သွားမယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်လိုက်ပါတယ်။ ဧပြီလ (၁၁) ရက်နေ့ကန့်ဘလူ၊ ပဇီကြီးကျေးရွာ လေကြောင်း တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ထုတ်ပြန်ချက်တစ်စောင်ကို ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလယ်တိုက်နယ်၊ ပဇီကြီးကျေးရွာကို ၂၀၂၃ ခုနှစ်၊ဧပြီလ ၁၁ ရက်၊ ယနေ့မနက်ပိုင်းတွင် အာဏာသိမ်းအကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်များအပါအဝင် အရပ်သားပြည်သူ အများအပြား သေဆုံးခဲ့ရပါတယ်။


အသက်ဆုံးရှုံးသွားရသူများနှင့် ထိခိုက်ဒဏ်ရာရသူများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အထူးပင် ဝမ်းနည်းကြေကွဲရကြောင်းနှင့် သက်ဆိုင်သူများ၏ မိသားစုများနှင့် တသားတည်း အတူတကွရှိနေပါကြောင်း အထူး ဖော်ပြလိုပါတယ်လို့ဆိုပါတယ်။


အာဏာသိမ်းအကြမ်းဖက်စစ်တပ်သည် အရပ်သားနှင့် လက်နက်ကိုင်ဟူ၍ သတ်မှတ်ခွဲခြားခြင်းမရှိ အလွန်အကျွံ အင်အားသုံး တိုက်ခိုက်နေကြောင်း ယခုဖြစ်ရပ်က ထပ်မံသက်သေပြနေသလို စစ်ရာဇဝတ်မှု ထပ်မံကျူးလွန်ခြင်းလည်း ဖြစ်တယ်လို့ဆိုပါတယ်။


ဤအကြမ်းဖက်လုပ်ရပ်အပါအဝင် အကြမ်းဖက်လုပ်ရပ်များ အားလုံးသည်  စက်ဆုတ်ရွံရှာဖွယ် ကောင်းသော စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်စုပေါ် ကျုးလွန်သော ရာဇဝတ်မှုများ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု အဆုံးသတ်ပြီး စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်မှ အပြီးတိုင် ဖယ်ရှားနိုင်မှသာ တိုင်းပြည်လူထု တည်ငြိမ်အေးချမ်းမှုရပြီး သာယာဝပြောရေးဆီ ဦးတည် နိုင်မည်ဆိုသည်ကို ယနေ့ဖြစ်ရပ်က ထပ်လောင်း သတိပေးလိုက်သည်ဟု မိမိတို့မှတ်ယူပါတယ်။ ထိခိုက်ဆုံးရှုံးရသည့် လူထုဘဝများ အချည်းနှီးမဖြစ်စေရေး၊ တပြိုင်တည်းတွင် စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး ရည်မှန်းချက် အမြန်ဆုံး ပေါက်ရောက်အောင်မြင်စေရေး ပိုမို၍ အစွမ်းကုန် အားထုတ် လုပ်ဆောင်သွားမည့် အကြောင်း အခိုင်အမာ ကတိပြုလိုက်တယ်လို့ကာကွယ်ရေးဝန်ကြီးဌာနကဖော်ပြပါတယ်။


========================


📌📌 ၄။ ကန့်ဘလူမြို့နယ် ပဇီးကြီးရွာ လေကြောင်းတိုက်ခိုက်မှုဟာ ရက်စက်လွန်းတဲ့ အစုလိုက်အပြုံလိုက် လူသတ်မှုဖြစ်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး မှတ်ချက်ပြု


ကန့်ဘလူမြို့နယ် ပဇီးကြီးရွာ လေကြောင်းတိုက်ခိုက်မှုဟာ ရက်စက်လွန်းတဲ့အစုလိုက်အပြုံလိုက် လူသတ်မှုဖြစ်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကမှတ်ချက်ပြုဆိုလိုက်ပါတယ်။ ဧပြီ၁၁ရက်မှာ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကဆိုပါတယ်။


"ရက်စက်လွန်းတဲ့ အစုလိုက်အပြုံလိုက် လူသတ်မှုနောက်တစ်ခုပါ။ ကန့်ဘလူမြို့နယ် မလွယ်တိုက်နယ် ပစီကြီးရွာမှာ ဂျက်လေယာဥ်နဲ့ ဗုံးကြဲ MI35 ရဟတ်ယာဥ်နဲ့ ဘေးကြိမ်ပစ်ခတ်မှုကြောင့် အနည်းဆုံး ပြည်သူ (၅၃) ဦး သေဆုံးပြီး (၂၀) ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ကလးငယ်တွေ အမျိုးသမီးတွေ အများအပြားပါဝင်ပါတယ်။ မနေ့ကလည်း ချင်းပြည်နယ် ဖလမ်းမြို့ ဝေဘူလမြို့ကို လေကြောင်းက တိုက်ခိုက်လို့ အရပ်သား ()ဦး သေဆုံးခဲ့ပါသေးတယ်"လို့ဝန်ကြီးကဆိုပါတယ်။


ဧပြီ ၁၁ ရက်နေ့မနက် နာရီ ၄၅ မိနစ်တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်၊ ပဇီကြီးရွာအား စစ်ကောင်စီတပ်ဘက်မှ ဂျက်ဖိုက်တာနှင့် ဗုံးကြဲပြီး Mi35 ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ အပြစ်မဲ့ပြည်သူအများအပြားသေဆုံးခဲ့ပါတယ်။


========================


📌📌 ၅။ “The International Night of Geography” ညီလာခံတွင် အမျိုးသားညီညွတ်ရေးအစိုးရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး ဒေါ်ခင်မမမျိုးမှ တက်ရောက်မယ်


The International Night of Geography” ညီလာခံတွင် အမျိုးသားညီညွတ်ရေးအစိုးရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး ဒေါ်ခင်မမမျိုးမှ တက်ရောက်မယ်လို့ သတင်းရရှိပါတယ်။


အီတလီနိုင်ငံ ရောမမြို့တွင် ဧပြီလ ၁၄ ရက်နေ့“Link Campus University” တွင်ကျင်းပမယ့် “The International Night of Geography” ညီလာခံတွင် အမျိုးသားညီညွတ်ရေးအစိုးရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး ဒေါ်ခင်မမမျိုးမှ တက်ရောက်မိန့်ခွန်းပြောကြားသွားမယ်လို့သိရပါတယ်။


ညီလာခံတွင် မေ့လျော့ခံ ပဋိပက္ခများရှိရာ ပထဝီအနေအထားများဆိုင်ရာ ဆွေးနွေးမှုများနှင့် ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးမှ မြန်မာနိုင်ငံလက်ရှိအခြေအနေများကို တင်ပြဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဆက်လက်ပြီး သက်ဆိုင်ရာ လူကြီးမင်းများမှ ယီမင်နိုင်ငံနှင့် ဆီးရီးယားနိုင်ငံအခြေအနေများကို ဆွေးနွေးသွားမှာဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၆။ အရပ်သားလူထုကို ပစ်မှတ်ထားတဲ့ စစ်ရာဇဝတ်မှုကို စစ်ကောင်စီက ဆက်တိုက်ကျုးလွန်နေပြီလို့ဆို


အရပ်သားလူထုကိုပစ်မှတ်ထားတဲ့ စစ်ရာဇဝတ်မှုကို စစ်ကောင်စီက ဆက်တိုက်ကျုးလွန်နေပြီလို့ ဒုဝန်ကြီး ဂျာထွယ်ပန်က ဆိုပါတယ်။ ဧပြီ၁၁ရက် ကန့်ဘလူမြို့နယ် ပစီကြီးရွာဖြစ်စဥ်နဲ့ပတ်သက်လို့ ပညာရေးဒုဝန်ကြီးဂျာထွယ်ပန်ကသုံးသပ်ဆိုပါတယ်။


"အရပ်သားလူထုကို သက်သက်ကိုပစ်မှတ်ထားတဲ့၊ အင်မတန်ဆိုးဝါးတဲ့ စစ်ရာဇဝတ်မှုကို စစ်ကောင်စီက ဆက်တိုက်ကျုးလွန်နေပါတယ်။ ရှေ့ဆက်ပြီးလဲကျူးလွန်နေမှာဖြစ်ပါတယ်။ ဒီလိုကိစ္စတွေပေါ်လာတိုင်း တော်လှန်ရေးဘက်တော်သားတွေ ညီညွတ်မှု မပြိုကွဲပဲ အဓိကတရားခံဖြစ်တဲ့ စကစကို ဆက်လက်ဖိအားပေး ဝိုင်းဝန်းဆန့်ကျင်ကြဖို့ အရမ်းအရေးကြီးပါတယ်"လို့ ဆိုပါတယ်။


ဧပြီ ၁၁ ရက်နေ့မနက် နာရီ ၄၅ မိနစ်တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်၊ ပဇီကြီးရွာအား စစ်ကောင်စီတပ်ဘက်မှ ဂျက်ဖိုက်တာနှင့် ဗုံးကြဲပြီး Mi35 ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ အပြစ်မဲ့ပြည်သူ အများအပြားသေဆုံးခဲ့ရပါတယ်။


========================


📌📌 ၇။ ကန့်ဘလူမြို့နယ် ပစီကြီးရွာအား တစ်ရက်တည်း စကစတပ်က သုံးကြိမ်လေကြောင်းက ပစ်ခတ်တိုက်ခိုက်


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပစီကြီးရွာအား တစ်ရက်တည်း စကစတပ်က သုံးကြိမ်လေကြောင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဧပြီ ၁၁ရက် မနက်ပိုင်းတွင် တစ်ကြိမ်၊ မွန်းလွဲပိုင်းတွင်တစ်ကြိမ်၊ ညနေပိုင်းတွင်တစ်ကြိမ် စုစုပေါင်းသုံးကြိမ်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ သတင်းအရင်းအမြစ်များထံကသိရပါတယ်။


"နေ့ခင်းပိုင်းမှာ မနက်ပိုင်းက ဗုံးထိတဲ့ရုပ်အလောင်းတွေရှာဖွေနေတုန်း ထပ်ပစ်ခံရတယ်။ အဲဒီမှာ သုံးယောက် ထပ်သေဆုံးပါတယ်"လို့ဆိုပါတယ်။ ဧပြီ၁၁ရက် မနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပစီကြီးရွာအား စကစတပ်ကလေယာဥ်နဲ့ပစ်ခတ်ခဲ့ပါတယ်။ ပစ်ခတ်ရာတွင် လူတစ်ရာနီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူအများအပြားရှိခဲ့ပါတယ်။


========================


📌📌 ၈။ ချင်းပြည်နယ်မင်းတပ်မြို့နယ် တိုက်နယ် ဖက်ရှိကျေးရွာ တစ်ရွာ အနီးတွင်စကစလေတပ်က ဂျက်ဖိုက်တာဖြင့်()ကြိမ် ဗုံးကျဲတိုက်ခိုက်


ချင်းပြည်နယ်မင်းတပ်မြို့နယ် တိုက်နယ် ဖက်ရှိကျေးရွာ တစ်ရွာ အနီးတွင်စကစလေတပ်က ဂျက်ဖိုက်တာဖြင့်()ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။ ဧပြီ၁၁ရက် ည၇နာရီ၄၇အချိန်တွင် စကစလေတပ်က လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ Chin Deffence Force- Mindatကအတည်ပြုဆိုထားပါတယ်။


"အကြမ်းဖက် စစ်ကောင်စီသည် ဧပြီ၁၁ရက် ည၇ နာရီ၄၇အချိန်မင်းတပ်မြို့နယ် တိုက်နယ် ဖက်ရှိကျေးရွာ တစ်ရွာ အနီးတွင် ဂျက်ဖိုက်တာဖြင့်()ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


လတ်တလောမှာ ထိခိုက်ပျက်စီးမှုအတည်ပြုစုံစမ်းနေဆဲ ဖြစ်ပါတယ်။ ဧပြီ၁၀ရက်နေ့ကလည်း ချင်းပြည်နယ် ဝေဘူလမြို့သစ်ကို စကစလေတပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ CDM ကျောင်းအုပ်မိသားစုအပါအဝင် ၉ဦးသေဆုံးခဲ့ပါတယ်။


========================


📌📌 ၉။ ရေးမြို့နယ် ဇီးဖြူသောင်ရွာ ပြည်သူ့စစ်ကိုတိုက်ခိုက်၍ လက်နက်၂လက်သိမ်းဆည်းရမိတယ်လို့ဆို


မွန်ပြည်နယ် ရေးမြို့နယ် ဇီးဖြူသောင်ရွာ ပြည်သူ့စစ်ကိုတိုက်ခိုက်၍ လက်နက်၂လက်သိမ်းဆည်းရမိတယ်လို့ဆိုပါတယ်။ ဧပြီ၁၁ရက်မှာ ရေးပြောက်ကျားတပ်ဖွဲ့က ဗိုလ်ကျန်ရစ်က အသိပေးဆိုထားပါတယ်။


"ဇီးဖြူသောင်ရွာပြည်သူ့စစ်ဆီက နှစ်လက်စားပြီကွာ"လို့ဆိုပါတယ်။


အဆိုပါ ရေးမြို့နယ် ဇီးဖြူသောင်ရွာ ပြည်သူ့စစ်ကိုတိုက်ခိုက်ရာ ပြည်သူ့စစ်အဖွဲ့ဝင်သုံးဦးသေဆုံး၍ AKသေနတ်နှစ်လက်သိမ်းဆည်းရမိတယ်လို့သိရပါတယ်။ ဖေဖော်ဝါရီ၂ရက်နေ့ကလည်း ဗိုလ်အဆင့်ရှိသူတစ်ဦးအား လက်ပစ်ဗုံးနဲ့အတူ  ရေးပြောက်ကျားတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့ပါသေးတယ်။


========================


📌📌 ၁၀။ စစ်အုပ်စုက ဒီမိုကရေစီရေးလှုပ်ရှားသူနှင့်အရပ်သား (၁၅၁) ဦးကို သေဒဏ်အမိန့်ချမှတ်ခဲ့


စစ်အုပ်စုက ဒီမိုကရေစီရေးလှုပ်ရှားသူနှင့်အရပ်သား (၁၅၁) ဦးကို သေဒဏ်အမိန့်ချမှတ်ခဲ့ပါတယ်။ ဧပြီ၁၁ရက်မှာ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPPက အသိပေးဖော်ပြပါတယ်။


"အာဏာသိမ်းချိန်မှစ၍ ၂၀၂၃ ခုနှစ် ဧပြီလ ရက်နေ့အထိ အေအေပီပီမှ စုဆောင်းကောက်ယူထားသည့် စာရင်းများအရ စစ်အုပ်စုသည် ဒီမိုကရေစီရေးလှုပ်ရှားသူနှင့်အရပ်သား (၁၅၁) ဦးကို သေဒဏ်အမိန့်ချမှတ်ခဲ့ပြီးဖြစ်ပါတယ်။ အသက်အရွယ်သိရှိထားသော သေဒဏ်ချမှတ်ခံရသည့် ဒီမိုကရေစီအရေးလှုပ်ရှားသူ (၃၄) ယောက်တွင် (၅၈.) ရာခိုင်နှုန်းမှာ အသက် ၃၀ အောက် ပုဂ္ဂိုလ်များဖြစ်တယ်"လို့ဆိုပါတယ်။


၎င်းကို ကြည့်ခြင်းအားဖြင့် စစ်အုပ်စုသည်စစ်အာဏာသိမ်းမှုကို ဆန့်ကျင်၍ ဒီမိုကရေစီအရေးကို တက်တက်ကြွကြွ ထောက်ခံလှုပ်ရှားနေ သော လူငယ်များအပေါ် သေဒဏ်ချမှတ်ခြင်းကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားလုပ်ဆောင်နေသည်ကို တွေ့နိုင်တယ်လို့ AAPPကဖော်ပြပါတယ်။


========================


📌📌 ၁၁။ ကဝမြို့နယ်တွင် ဆက်ကြေးကောက်ခံရန် ထွက်လာသော  ရဲတပ်ဖွဲ့ဝင် ()ဦးအား ပိ‌တောက်ဖူးစစ်ဆင်ရေးအဖြစ် အနီးကပ်ပစ်ခတ်ရာ ()ဦးပွဲချင်းပြီးသေဆုံး


ပဲခူးတိုင်း၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ဆက်ကြေးကောက်ခံရန် ထွက်လာသော  ရဲတပ်ဖွဲ့ဝင် ()ဦးအား ပိ‌တောက်ဖူးစစ်ဆင်ရေးအဖြစ် အနီးကပ်ပစ်ခတ်ရာ ()ဦးပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ ဧပြီ၁၁ရက်မှာ ပဲခူးတိုင်းစစ်ဒေသခွဲက စစ်ရေးသတင်းကို ထုတ်ပြန်ပါတယ်။


ကဝမြို့နယ် ရှမ်းကန်-သပြုလမ်းမပေါ်၌ ဆက်ကြေးကောက်ခံရန် ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်()ဦးအား ကဝမြို့နယ်ပကဖ က ပိတောက်ဖူးစစ်ဆင်‌ရေးအဖြစ် ဧပြီလ(၁၁)ရက်နေ့ နံနက် (၁၀:၃၀)နာရီခန့်တွင် ပစ္စတိုဖြင့် အနီးကပ် ()ချက်ပစ်ခတ်ရာ ()ဦးပွဲချင်းပြီးသေဆုံးသွားတယ်လို့ဆိုပါတယ်။


၎င်းပိတောက်ဖူးစစ်ဆင်ရေးတွင် အကြမ်းဖက်စစ်ကောင်စီရဲတပ်ဖွဲ့()ဦးမှာ ဆိုင်ကယ်စီးလာစဉ် ကဝမြို့နယ်ပကဖမှ တော်လှန်ရေးရဲဘော်()ဦးကလည်း ဆိုင်ကယ်ပေါ်မှနေ၍ အနီးကပ်မျက်နှာချင်းဆိုင် ပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။ ထိုသို့ပစ်ခတ်ရာတွင် ဆိုင်ကယ်နောက်၌ လိုက်ပါစီးနင်းလာသော ရဲတပ်ဖွဲ့ဝင်()ဦးမှာ သေနတ်ကျည်ထိမှန်၍ နောက်သို့လန်ကျကာ ပွဲချင်းပြီးသေဆုံးသွားခဲ့ပါတယ်။


========================


📌📌 ၁၂။ စစ်မှုထမ်းဟောင်း မူးယစ်ဒိုင်တစ်ဦးအား လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရှင်းလင်း


စစ်မှုထမ်းဟောင်း မူးယစ်ဒိုင်တစ်ဦးအားလောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရှင်းလင်းခဲ့ပါတယ်။ ဧပြီ၁၁ရက် ညနေ၃နာရီ၃၀အချိန်မှာရှင်းလင်းခဲ့တာလို့ လောင်းလုံLLDFကအတည်ပြုဆိုပါတယ်။


အဆိုပါ စစ်မှုထမ်းဟောင်းဟာ မူးယစ်ဆေးဝါးများရောင်းချခြင်း၊ စစ်ကောင်စီနဲ့တွေ့ဆုံခြင်းတို့အပြင် ရွာထဲတွင်လည်း ၄င်းသေနတ်ကို ပစ်ဖောက်လေ့ရှိတယ်လို့ဆိုပါတယ်။ စစ်မှုထမ်းဟောင်း မူးယစ်ဒိုင်တစ်ဦးအား ရှင်းလင်းရာလက် နက် () လက်၊ကျည်ဆံများအပါအဝင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိတယ်လို့ဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment