2nd APL 2023 - Morning Daily News by Radio NUG


၂၀၂၃ ဧပြီလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ မြန်မာစစ်တပ်ကို ပြည်သူလူထု တစ်ရပ်လုံးက စိတ်အနာကြီး နာနေကြပြီဖြစ်လို့ အာဏာရှင်တွေရဲ့ စတေးခံ ဘ၀ကနေ ရုန်းထွက်လာကြဖို့ ဝန်ကြီးချုပ်ဆို

📌 ၂။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ E-Police Station ဌာနတွင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

📌 ၃။ ပြည်ထောင်စုဝန်ကြီးဒေါ်ဆူဇန်နာလှလှစိုးရဲ့ မိုးကုတ်တွင်းထွက်ရတနာ တစ်ဆက်စာ တော်လှန်ရေးရန်ပုံငွေ အတွက် ရောင်းချ

📌 ၄။ တော်လှန်ရေးနေ့ အခမ်းအနားဟောပြောပွဲမှာ CDMerများကို နွေဦးထီ လက်မှတ်တစ်စောင်ဆီ လက်ဆောင်ပေးခဲ့ရာ CDMerတစ်ဦး ကျပ်သိန်းတစ်ရာဆုကံထူး

📌 ၅။ ပြည်သူများ၏ ကြိမ်မြောက် For Our People လှုပ်ရှားမှုတွင်စစ်ကိုင်းဒေသအတွက် ပြည်သူနဲ့ အတူ NUGPay က ပါဝင်ကူညီသွားမယ်

📌 ၆။ "PROJECT စည်းရိုး" ကို ထောက်ပို့ပြည်သူတွေကနေ တစ်ဦးကို ၅၀၀၀၀ကျပ် နှုန်းနဲ့ "စည်းရိုး"ကာကူပေးကြဖို့ ဖိတ်ခေါ်

📌 ၇။ နောင်ပိုအောင် - ပင်ခုတ်- နတ်နန်း-ဖောင်းပြင် လမ်းတစ်လျှောက်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ပါ၍ ဖြတ်သန်းသွားခြင်းမပြုရန် ပြည်သူလူထုအား အရေးပေါ်ကြေညာ

📌 ၈။ ဆားလင်းကြီးမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စကစတပ်များ ဖမ်းဆီးခေါ်ဆောင်လာတဲ့ ပြည်သူနှစ်ဦးကို ဘိုက်သရက်ကျေးရွာမှာ သတ်ဖြတ် မီးရှို့ထားခဲ့

📌 ၉။ ကရင်ပြည်နယ်အတွင်း တပတ်တာထိတွေ့တိုက်ပွဲမှာ စစ်သုံ့ပန်းအဖြစ် ၁၂ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ကော်ပရာစစ်ကြောင်းအသိပေးထုတ်ပြန်

📌 ၁၀။ ပုလဲမြို့ပေါ်တွင် စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီးတစ်ဦးသေ၊ နှစ်ဦးထိခိုက်ဒဏ်ရာရ

📌 ၁၁။ ရေစကြိုမြို့နယ် အမှတ်()သုခဝတီရပ်ကွက် ကပ်ကျော်ဘုန်းကြီးကျောင်းဝိုင်းအတွင်းအခိုင်မာတပ်စွဲထားသောစကစတပ်သားများမိုင်း၆လုံးနဲ့ တိုက်ခိုက်ခံရပြီး ၅ဦးထိခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မြန်မာစစ်တပ်ကို ပြည်သူလူထု တစ်ရပ်လုံးက စိတ်အနာကြီး နာနေကြပြီဖြစ်လို့ အာဏာရှင်တွေရဲ့ စတေးခံ ဘ၀ကနေ ရုန်းထွက်လာကြဖို့ ဝန်ကြီးချုပ်ဆို


စကစလက်အောက်ခံ တပ်ဖွဲ့ဝင်များအမြန်ဆုံးအလင်းဝင်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ် ကပြောကြားရာမှာ ထည့်သွင်းဆိုပါတယ်။


"ခင်ဗျားတို့ အထင်ကြီးနေတဲ့  စစ်တပ်က အဘက်ဘက်က ယိုယွင်းနေပြီဖြစ်လို့ လက်နက်ကိုင်ဆောင်ခွင့် ဥပဒေထုတ်ပြီး ပြည်သူနဲ့ ပြည်သူ ရန်တိုက်ပေးတာတွေ။ တိုင်းရင်းသား အချင်းချင်း ရန်တိုက်ပေးတာတွေ၊ သက်ကြီးရွယ်အို စစ်မှုထမ်းဟောင်းတွေကိုတောင် ပြန်ထုတ်သုံးရနေတာတွေစတဲ့ ယုတ်ညံ့တဲ့ လုပ်ရပ်တွေက မနည်းကျားကန်နေရတဲ့ အခြေအနေကို သိမြင်ကြပါ။ မိမိတို့ကာကွယ် စောင့်ရှောက်ရမယ့် ပြည်သူကို ရန်သူလိုသဘောထားပြီး ကလေးသူငယ်၊ သက်ကြီးရွယ်အိုပါမချန် ပစ်ခတ်သတ်ဖြတ်ကြတဲ့အပြင် သက်မဲ့ အိုးအိမ်စည်းစိမ်တွေကိုပါ လုယက် သတ်ဖြတ်နေကြတဲ့ မြန်မာစစ်တပ်ကို ပြည်သူလူထုတစ်ရပ်လုံးက စိတ်အနာကြီး နာနေကြပြီဖြစ်သလို မြန်မာနိုင်ငံသားတွေရဲ့ စိတ်ရင်းအတိုင်း သည်းခံစိတ်ကြီးစွာနဲ့ ပြည်သူ့ရင်ခွင်တံတားကို ဖွင့်ထားပြီး အမြင်မှန်ရ စစ်အာဏာရှင်တွေရဲ့ စတေးခံ ဘ၀ကနေ ရုန်းထွက်လာကြမယ့် တပ်မတော်သား ရဲတပ်သားတွေ ကို အခုအချိန်အထိ လက်ကမ်းကြိုဆိုနေဆဲပါ" လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။


လက်ရှိမှာ ပြည်သူ့ရင်ခွင်ခိုလှုံကာ CDM ဝင်ရောက်လာသူ စစ်သားများနဲ့ ရဲတပ်ဖွဲ့ဝင် ၁၄၀၀၀ ဝန်းကျင်ရှိပြီဖြစ်ပါတယ်။


========================


📌📌 ၂။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ E-Police Station ဌာနတွင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ E-Police Station ဌာနတွင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ( / ၂၀၂၃ )အား မတ်လ၃၁ရက်နေ့ (၂၀ ၀၀)အချိန်တွင် စတင်ကျင်းပခဲ့ပါတယ်။


E-Police Station တာဝန်ရှိသူများမှ ဌာနလုပ်ငန်းများနှင့်ပတ်သက်ပြီး လုပ်ဆောင်နေမှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့်ကိစ္စများ၊ ပြည်သူလူထုအပေါ် ရက်စက်ယုတ်မာလျှက်ရှိသော အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များအား ပြည်သူ့ရဲတပ်ဖွဲ့မှ တရားဥပဒေနှင့်အညီ တရားစွဲတင်နိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။


ဆက်လက်၍ တက်ရောက်လာကြသော E-Police Station တပ်ဖွဲ့ဝင်များမှ လုပ်ငန်းတာဝန်များအလိုက် ဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ E-Police Station တွင် တာဝန်ထမ်းဆောင်နေသော ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ ပြည်ထောင်စုဝန်ကြီးဒေါ်ဆူဇန်နာလှလှစိုးရဲ့ မိုးကုတ်တွင်းထွက်ရတနာ တစ်ဆက်စာ တော်လှန်ရေးရန်ပုံငွေ အတွက် ရောင်းချ


ပြည်ထောင်စုဝန်ကြီးဒေါ်ဆူဇန်နာလှလှစိုးရဲ့ မိုးကုတ်တွင်းထွက် ရတနာ တစ်ဆက်စာ တော်လှန်ရေးရန်ပုံငွေ အတွက် ရောင်းချတယ်လို့ ဧပြီ၁ရက်နေ့မှာ တော်လှန်ရေးရန်ပုံငွေ ရှာဖွေပေးသူ မပန်ဆယ်လိုက အသိပေးဆိုထားပါတယ်။


"ဒုဝန်ကြီး မအိသဥ္ဇာမောင်ရဲ့ လက်စွပ်လေး USD5000 နဲ့ ရောင်းထွက်သွားတော့ ဝန်ကြီးဒေါ်ဆူဇန်နာလှလှစိုးကလည်း သူ့ရတနာတစ်ဆက်ကို တော်လှန်ရေးအတွက် လှူချင်လို့ ရောင်းပေးပါတဲ့။ မိုးကုတ်တွင်းထွက် ရတနာ တစ်ဆက်စာပါ။ ကရောင်းကြိုး၊ လက်ကောက်နဲ့ နားကပ် သုံးမျိုးပါဝင်ပါတယ်။ $12000 ရချင်ပါတယ်။ တော်လှန်ဝန်ကြီးတွေက အတွင်းပစ္စည်းတွေ ထုတ်ရောင်းပြီး တော်လှန်ရေးအတွက် ရုန်းနေကြပါပြီ။ ပါဝင်အားဖြည့်ဝယ်ယူပေးကြပါဦး"လို့ဆိုထားပါတယ်။


လက်ရှိမှာ နွေဦးတော်လှန်ရေးကို စစ်ရေးအရှိန်မြင့်တင်လျက်ရှိပြီး NUGအစိုးရက တစ်နှစ်တာ မဟာဗျူဟာ စီမံချက်အတိုင်းအကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။


========================


📌📌 ၄။ တော်လှန်ရေးနေ့ အခမ်းအနားဟောပြောပွဲမှာ CDMerများကို နွေဦးထီ လက်မှတ်တစ်စောင်ဆီ လက်ဆောင်ပေးခဲ့ရာ CDMerတစ်ဦး ကျပ်သိန်းတစ်ရာဆုကံထူး


တော်လှန်ရေးနေ့ အခမ်းအနားဟောပြောပွဲမှာ CDMerများကို နွေဦးထီ လက်မှတ်တစ်စောင်ဆီ လက်ဆောင်ပေးခဲ့ရာ CDMerတစ်ဦး ကျပ်သိန်းတစ်ရာဆုကံထူးခဲ့ပါတယ်။


မတ်လ၂၇ ရက် နေ့မှာ PSSTFက ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲ အခမ်းအနားကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားမှာ ဒုဝန်ကြီး ခူးထဲဘူး၊ ဒုဝန်ကြီး ငိုင်းတမ်းမောင်နဲ့ CDMဝန်ထမ်းများ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါတယ်။


အဆိုပါဟောပြောပွဲအခမ်းအနားမှာ ပါဝင်ကူညီသူတွေကို နွေဦးထီ လက်ဆောင် တစ်စောင်ဆီ ပေးအပ်ခဲ့ရာမှာ တစ်ဦးမှာ သိန်း ၁၀၀ ကျပ်ကံထူးရှင် ဖြစ်သွားခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၅။ ပြည်သူများ၏ ကြိမ်မြောက် For Our People လှုပ်ရှားမှုတွင်စစ်ကိုင်းဒေသအတွက် ပြည်သူနဲ့ အတူ NUGPay က ပါဝင်ကူညီသွားမယ်


ပြည်သူများ၏ ကြိမ်မြောက် For Our People လှုပ်ရှားမှုတွင်စစ်ကိုင်းဒေသအတွက် ပြည်သူနဲ့ အတူ NUGPay က ပါဝင်ကူညီသွားမယ်လို့ ဧပြီ ၁ရက်နေ့မှာ NUGPay က အသိပေးဖော်ပြထားပါတယ်။


"ပြည်သူများ၏ ကြိမ်မြောက် For Our People လှုပ်ရှားမှုတွင်စစ်ကိုင်းဒေသအတွက် ပြည်သူနဲ့ အတူ NUGPay က ပါဝင်ကူညီသွားပါမယ်။ လှူဒါန်းမှုများကို ယနေ့မှစ၍ ၂၀၂၃ ခုနှစ် ဧပြီလ ၁၅ ရက်နေ့ထိ လက်ခံသွားမှာ ဖြစ်ပြီး မြေပြင်အရောက် ပေးပို့သွားမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


NUGPay နှင့် ပြည်သူများ၏ကရင်နီအတွက် ခွန်အားတစ်လက်” Campaign မှ အလှူငွေ စုစုပေါင်း ၂၈၇ သိန်း ရရှိခဲ့ပြီး၊ တော်လှန်ရေးအင်အားစုများထံ လှူဒါန်းပြီး ဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၆။ "PROJECT စည်းရိုး" ကို ထောက်ပို့ပြည်သူတွေကနေ တစ်ဦးကို ၅၀၀၀၀ကျပ် နှုန်းနဲ့ "စည်းရိုး"ကာကူပေးကြဖို့ ဖိတ်ခေါ်


“ PROJECT စည်းရိုး" ကို ထောက်ပို့ပြည်သူတွေကနေ တစ်ဦးကို ၅၀၀၀၀ကျပ် နှုန်းနဲ့ "စည်းရိုး"ကာကူပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

"Targectပြည့်ဖို့ရာခိုင်နှုန်းကလည်း သုံးပုံတစ်ပုံတောင် မရှိသေးတာတစ်ကြောင်း လအစကလဲဖြစ်တာ တစ်ကြောင်းမို့ ပြည်တွင်းပြည်ပက ထောက်ပို့ပြည်သူတွေကို ကြားဖြတ် Challlengeလေး တစ်ခုခေါ်ချင်ပါတယ်ဗျ။

ထောက်ပို့ပြည်သူတွေကနေ တစ်ဦးကို ၅၀၀၀၀ကျပ် နှုန်းနဲ့ "စည်းရိုး"ကာကူပေးကြဖို့ ဖိတ်ခေါ်ပါတယ် တစ်ဦးကို ၅၀၀၀၀ ကျပ် နှုန်းနဲ့ အယောက်ရေ 14000က ပါဝင်ပေးကြမယ် ဆိုရင် ဒီ Projectက ရာနှုန်းပြည့် အောင်မြင်နိုင်မှာပါ"လို့ဆိုပါတယ်။


"စည်းရိုး− The Fence” ပရောဂျက်ဟာဆိုရင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာ ()အတွက်၂၁ ရက်အတွင်း လက်နက်ခဲယမ်းဖြည့်တင်းရန် မြန်မာကျပ်ငွေ သိန်း သောင်းကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ရည်ရွယ်တဲ့ ပရောဂျက်ဖြစ်ပါတယ်။ 


၂၀၂၃ ခုနှစ် မတ်လ ၂၀ ရက်နေ့ကနေ ဧပြီလ ရက်နေ့အထိ ၂၁ ရက်ကြာပြုလုပ်မယ့် ပရောဂျက်ဖြစ်ပြီး ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)ရဲ့ ဗျူဟာ ()ကို တာဝန်ရှိသူထံမှတစ်ဆင့် တိုက်ရိုက်ပေးအပ်မှာ ဖြစ်ပါတယ်။


========================


📌📌 ၇။ နောင်ပိုအောင် - ပင်ခုတ်- နတ်နန်း-ဖောင်းပြင် လမ်းတစ်လျှောက်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ပါ၍ ဖြတ်သန်းသွားခြင်းမပြုရန် ပြည်သူလူထုအား အရေးပေါ်ကြေညာ


ဟုမ္မလင်းမြို့နယ်တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး နောင်ပိုအောင် - ပင်ခုတ်- နတ်နန်း-ဖောင်းပြင် လမ်းတစ်လျှောက်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ပါ၍ ဖြတ်သန်းသွားခြင်းမပြုရန် ပြည်သူလူထုအား HPDF-124က အရေးပေါ်ကြေညာလိုက်ပါတယ်။ ဧပြီ ၁ရက်နေ့မှာ HPDF-124က အသိပေးဆိုထားပါတယ်။


"ဟုမ္မလင်းမြို့နယ်တွင် စစ်အုပ်စု၊ SNA တပ်များနှင့် ကျွန်ုပ်တို့ PDF ပူးပေါင်းမဟာမိတ်တပ်များ  တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေပါသဖြင့် မိဘပြည်သူများအနေဖြင့် စစ်ရေးသတိရှိကြပါရန် မေတ္တာရပ်ခံ သတိပေးအပ်ပါတယ်။ နောင်ပိုအောင် - ပင်ခုတ်- နတ်နန်း-ဖောင်းပြင် လမ်းတစ်လျှောက်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ပါ၍ မိဘပြည်သူများအနေဖြင့် ဤလမ်းပိုင်းများအား ယာယီ ဖြတ်သန်းသွားလာခြင်း မပြုကြပါရန်သတိပေးအပ်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင်စစ်အုပ်စုနှင့် SNA အသွားအလာများအား အချိန်မလပ် သတိပြုစောင့်ကြည့်ကာ သတင်းပေးကြရန် HPDF-124ကအသိပေးဆိုထားပါတယ်။


========================


📌📌 ၈။ ဆားလင်းကြီးမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စကစတပ်များ ဖမ်းဆီးခေါ်ဆောင်လာတဲ့ ပြည်သူနှစ်ဦးကို ဘိုက်သရက်ကျေးရွာမှာ သတ်ဖြတ် မီးရှို့ထားခဲ့


စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စကစတပ်များ ဖမ်းဆီးခေါ်ဆောင်လာတဲ့ ပြည်သူနှစ်ဦးကို ဘိုက်သရက်ကျေးရွာမှာ သတ်ဖြတ် မီးရှို့ထားခဲ့ပါတယ်။ ဧပြီ၁ရက်နေ့မှာ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဆိုပါတယ်။


"စကစတပ်တွေဖမ်းဆီးခေါ်ဆောင်လာသော ပြည်သူနှစ်ဦးအား ဗိုက်သရက်ကျေးရွာတွင် သတ်ဖြတ်မီးရှို့ ထားခဲ့ပါတယ်"လို့ဆိုပါတယ်။ အကြမ်းဖက် စစ်အုပ်စုဟာ နိူင်ငံတော်အာဏာကို လုယူပြီးနောက်ပိုင်း လူပေါင်းသုံးထောင် ကျော်ကို အကြမ်းဖက် သတ်ဖြတ်ခဲ့ကာ လူပေါင်းတစ်သောင်း ကျော်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။


========================


📌📌 ၉။ ကရင်ပြည်နယ်အတွင်း တပတ်တာထိတွေ့တိုက်ပွဲမှာ စစ်သုံ့ပန်းအဖြစ် ၁၂ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ကော်ပရာစစ်ကြောင်းအသိပေးထုတ်ပြန်


ဧပြီ ရက်နေ့မှာ စစ်ရေးသတင်းကို ကော်ပရာစစ်ကြောင်းက အသိပေးဆိုပါတယ်။


"မတ်လ၂၅ရက်တွင် မိမိတို့ဘက်မှ နံနက်၅နာရီခွဲခန့်မှစ၍ မြဝတီကုန်သွယ်ရေးဇုန်၊ သင်္ကန်းညီနောင် ရဲစခန်း၊  စစ်ကောင်စီတပ်ရင်း ၂၇၅ နှင့် ၃၅၅ တို့အား တပြိုင်နက်ထဲ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။ ထိုနေ့တွင်  ၂၇၅တပ်ရင်းမှ ဗိုလ်ကြီး()ဦး အပါအဝင် ရန်သူဘက်မှ (၁၁)ဦး သေဆုံးခဲ့ပြီး ()ဦးဒဏ်ရာရခဲ့ပြီး ဒုရဲမှူး()ဦး၊ တပ်ကြပ်ကြီး()ဦး၊ တပ်ကြပ်()ဦး၊ ဒုတပ်ကြပ်()ဦး၊ တပ်သား()ဦး နှင့် ဒုတပ်ကြပ်၏ဇနီး ()ဦး၊ စုစုပေါင်း ()ဦးအား မိမိတို့မှ စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီးနိုင်ခဲ့တယ်"လို့ဖော်ပြပါတယ်။


ရန်သူ့ထံမှ ပစ္စတို()လက်၊ AK Rifle()လက်၊ AKစက်လက်()လက်၊ G3()လက်၊ UZI()လက် AKကျည် ၁၉၆တောင့်၊ G3ကျည် ၃၈၅တောင့်၊ 9mm ၁၀၄တောင့် အပြင် အခြား စစ်အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရမိပါတယ်။


မတ်လ၂၉ရက် တွင် ရန်သူဘက်မှ လက်နက်ကြီး(၂၀)ကြိမ်အထက် ပစ်ခတ်ခဲ့ပြီး မိမိတို့ဘက်မှ Sniper Drone တို့ဖြင့် ပစ်ခတ်ခဲ့ရာ ရန်သူဘက်မှ ဗိုလ်ကြီး()ဦးနှင့် IO()ဦး သေဆုံးပြီး အခြားအဆင့်()ဦး ဒဏ်ရာရခဲ့တယ်လို့ကော်ပရာစစ်ကြောင်းကဆိုပါတယ်။


မတ်လ၃၀ရက် တွင် မိမိတို့ဘက်မှ သင်္ကန်းညီနောင်ရဲစခန်းအား Sniper ဖြင့်ပစ်ခတ်ခဲ့ရာ ရန်သူ()ဦး သေဆုံးခဲ့ပြီး ရန်သူဘက်မှလည်း လက်နက်ကြီးဖြင့် အကြိမ်ရေ(၂၀)ကျော် ပြန်လည်ပစ်ခတ်ကာတော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထားသောနယ်မြေအတွင်းသို့ နယ်ကျွံလာသည့် BGF ဗိုလ်ကြီး()ဦးအပါအဝင်()ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ၁၀။ ပုလဲမြို့ပေါ်တွင် စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီးတစ်ဦးသေ၊ နှစ်ဦးထိခိုက်ဒဏ်ရာရ


ဧပြီ ၁ရက်နေ့ မနက်()နာရီခွဲခန့်တွင် ပုလဲမြို့နယ်အခြေစိုက်၊ ယင်းမာပင်ခရိုင်တပ်ရင်း(၁၀)နှင့် ပုလဲမြို့နယ် ပကဖ တိုက်နယ်()တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။


"ဧပြီ ၁ရက်နေ့မနက်()နာရီခွဲခန့်တွင် ပုလဲမြို့နယ်အခြေစိုက်၊ယင်းမာပင်ခရိုင်တပ်ရင်း(၁၀)နှင့် ပုလဲမြို့နယ် ပကဖ တိုက်နယ်()တို့ ပူးပေါင်း၍ စစ်ကောင်စီတပ်သားများကို စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပုလဲမြို့ပေါ်ထိ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


မြို့ပေါ် ပတ်ကင်းထွက်လာတဲ့ စစ်ကောင်စီတပ်သား()ဦး ဗိုလ်ချုပ်ရင်ပြင်အနီး အရောက်ရှေ့ထွက်ပြောင်း ()လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစကစတပ်သား ()ဦးကျဆုံးပြီး ()ဦးဒဏ်ရာရခဲ့ပါတယ်။


========================


📌📌 ၁၁။ ရေစကြိုမြို့နယ် အမှတ်()သုခဝတီရပ်ကွက် ကပ်ကျော်ဘုန်းကြီးကျောင်းဝိုင်းအတွင်းအခိုင်မာတပ်စွဲထားသောစကစတပ်သားများမိုင်း၆လုံးနဲ့ တိုက်ခိုက်ခံရပြီး ၅ဦးထိခိုက်


မကွေးတိုင်း၊ ရေစကြိုမြို့နယ် အမှတ်()သုခဝတီရပ်ကွက် ကပ်ကျော်ဘုန်းကြီးကျောင်းဝိုင်းအတွင်း အခိုင်မာတပ်စွဲထားသော စကစတပ်သားများ မိုင်း၆လုံးနဲ့ တိုက်ခိုက်ခံရပြီး ၅ဦးထိခိုက်ခဲ့တယ်လို့ ဧပြီ ၁ရက်နေ့မှာ စစ်ရေးသတင်းကို ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်က အတည်ပြုဆိုပါတယ်။


"ဧပရယ်လ၁ရက် ရေစကြိုမြို့နယ် အမှတ်()သုခဝတီရပ်ကွက် ကပ်ကျော်ဘုန်းကြီးကျောင်းဝိုင်းအတွင်းသို့ အခိုင်မာတပ်စွဲထားသော စကစတပ်များအားနေ့လည်၂နာရီအချိန်ခန့်တွင် မိုင်း၆လုံးနဲ့ တိုက်ခိုက်ခဲ့ပါတယ်"လို့ ဆိုပါတယ်။ မိုင်းထိ၍ စကစတပ်က၂ဦး နေရာမှာတွင်ထိမှန်သွားခဲ့ကာ နောက်ထပ်၃ဦးမှာ အောက်ပိုင်းမပါတော့ကြောင်း စုံစမ်းသိရှိရပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိခိုက်မရှိပြန်လည်ဆုတ်ခွါနိုင်ခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment