10th MAY 2023 - Morning Daily News by Radio NUG


၂၀၂၃ မေလ ၁၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ လူထုတော်လှန်ရေးဟာ ဂိုဏ်းဂဏတိုက်ပွဲ ဝဲဂယက်ထဲ မြှုပ်မသွားအောင် အထူးသတိချပ်ကြဖို့ ယာယီသမ္မတတိုက်တွန်း

📌 ၂။  အကြမ်းဖက်စစ်တပ်ရဲ့ လက်ရှိအခြေအနေဟာ အဖက်ဖက်က ယိုယွင်းပျက်စီးနေတဲ့ အခြေအနေဖြစ်နေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၃။ ရေဦးနယ် အနောက်ခြမ်း တင်းတိမ်ယံရွာ ထန်းတော ဗောဓိစာသင်ကျောင်းတွင် မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်တပ်မှ တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးကျဲတိုက်ခိုက်

📌 ၄။ ကန့်ဘလူခရိုင်၊ ဇီးကုန်းတိုက်နယ်ရှိ ထောက်ရှာအိုင်ရွာအား စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီး၍ နေအိမ် ၈၃ လုံးမီးလောင်ပျက်ဆီးခဲ့

📌 ၅။ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်သော စကစတပ်များမှ ဒေသခံရွာသားသုံးဆယ်ခန့်ကို ဖမ်းဆီးထား

📌 ၆။ ရေးမြို့နယ် သံဖြူဇရပ်မြို့နယ်ကြားရှိ ကျားဖြူစစ်ကြောင်းစခန်း ကိုအကြမ်းဖက်စစ်တပ်က လေကြောင်းက နှစ်ရက်ဆက်တိုက်ပစ်ခတ်တိုက်ခိုက်၍ ကျားဖြူစစ်ကြောင်းမှ ရဲဘော် () ဦးကျဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ လူထုတော်လှန်ရေးဟာ ဂိုဏ်းဂဏတိုက်ပွဲ ဝဲဂယက်ထဲ မြှုပ်မသွားအောင် အထူးသတိချပ်ကြဖို့ ယာယီသမ္မတတိုက်တွန်း


လူထုတော်လှန်ရေးဟာ ဂိုဏ်းဂဏတိုက်ပွဲ ဝဲဂယက်ထဲ မြှုပ်မသွားအောင် အထူးသတိချပ်ကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလကပြောကြားပါတယ်။


မေလ ရက်အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၁၈ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။


"နွေဦးတော်လှန်ရေးဟာ စစ်မှန်တဲ့ လူထုတော်လှန်ရေးကြီး တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် လူထုတော်လှန်ရေးဟာ ဂိုဏ်းဂဏတိုက်ပွဲ ဝဲဂယက်ထဲ မြှုပ်မသွားအောင် အထူးသတိချပ်ကြဖို့ အထူးတိုက်တွန်းလိုပါတယ်။ နိုင်ငံရေးမှာ ဂိုဏ်းဂဏအစွဲအလမ်းတွေ ရှိတာ ထုံးစံပါပဲ။ ဒါကို ကျွန်တော်တို့အနေနဲ့ တည်တည်ငြိမ်ငြိမ် ချည်းကပ် ကိုင်တွယ်ကြဖို့ လိုပါတယ်။ မုန်တိုင်းဘယ်လောက်ပြင်းထန်ပါစေ လှေကို အားလုံး တက်ညီလက်ညီနှင့် လှော်ခတ်သွားရမှာဖြစ်ပြီး မုန်တိုင်းအလွန်မှာ သာယာပျော်ရွင်တဲ့အချိန်ကို အတူတကွ ရောက်သွားမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် တော်လှန်ရေး ကာလအတွင်းမှာ ပြဿနာကြီးကြီးမားမားတွေလည်း ပေါ်လာသလို၊ ပြဿနာ အသေးအမွှားတွေ လည်း ပေါ်ပေါက်လာပြီး သာမန်ညောင်ည အသေးအမွှားပြဿနာတွေနဲ့ ဝဲလည်လိုက်ပြီး လမ်းဆုံး မသွားကြဖို့ အထူးအရေးကြီးတယ်လို့ ယာယီသမ္မတကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၂။  အကြမ်းဖက်စစ်တပ်ရဲ့ လက်ရှိအခြေအနေဟာ အဖက်ဖက်က ယိုယွင်းပျက်စီးနေတဲ့ အခြေအနေဖြစ်နေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


အကြမ်းဖက်စစ်တပ်ရဲ့ လက်ရှိအခြေအနေဟာ အဖက်ဖက်က ယိုယွင်းပျက်စီးနေတဲ့ အခြေအနေဖြစ်နေပြီလို့ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် ၁၈/၂၀၂၃ တွင် ပြည်ထောင်စုဝန်ကြီးချုပ်က ပြောပါတယ်။


"အခုအချိန်ကာလဟာ နိုင်ငံရေးအရ ချိန်ဆ လုပ်ဆောင်ကြရတာတွေ အလွန်များတဲ့ ကာလတစ်ခုလည်း ဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ လက်ရှိအခြေအနေက အဖက်ဖက်က ယိုယွင်းပျက်စီးနေတဲ့ အခြေအနေဖြစ်နေတဲ့အတွက် တစ်ဖက်က သူ ဖိနှိပ်လို့ ရမယ့် နေရာ ဒေသတွေမှာ ရနိုင်သ‌လောက် ဖိနှိပ်မှုတွေ ပြုလုပ်နေပြီး တော်လှန်ရေးမှာ ပြည်သူတွေရဲ့ ပါဝင်နေမှုတွေကို အကြောက်တရားတွေနဲ့ ရပ်တန့်အောင် ပြုလုပ်နေသလို တစ်ဖက်ကလည်း တော်လှန်ရေးအင်အားစုတွေကြား အချင်းချင်း အယုံအကြည်မဲ့စေအောင် သွေးခွဲခြင်းတွေကိုလည်း အကွက်ကျကျ စီမံဆောင်ရွက်နေပါတယ်။ နိုင်ငံတကာဘက်မှာလည်း ကျွန်တော်တို့ တော်လှန်‌ရေး အင်အားစုတွေကို အကြမ်းဖက်တွေ ဖြစ်သယောင်၊ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေ အချင်းချင်း မညီညွတ်သယောင် သတင်းတွေ ထုတ်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေတာ အားလုံးလည်း ကြားသိထားပြီးဖြစ်တာကြောင့် အစစအရာရာ သတိကြီးကြီးထား စီမံဆောင် ရွက်ကြဖို့ လိုသလို မြန်မြန် ဆန်ဆန် တုံ့ပြန်မှုတွေလည်း လိုအပ်မှာဖြစ်ပါတယ်"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။


ဒါ့အပြင် နိုင်ငံတကာထံ မြန်မာနိုင်ငံရဲ့ အခြေအနေမှန်တွေနဲ့ ဖြစ်စဉ်အမှန်တွေ ထိထိ ရောက်ရောက် ရောက်ရှိနိုင်ရေးအတွက်လည်း  ဒီ့ထက်ပိုမို ကြိုးစားအားထုတ်ပေးကြဖို့ဝန်ကြီးချုပ်က တိုက်တွန်း ပြောကြားပါတယ်။


========================


📌📌 ၃။ ရေဦးနယ် အနောက်ခြမ်း တင်းတိမ်ယံရွာ ထန်းတော ဗောဓိစာသင်ကျောင်းတွင် မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်တပ်မှ တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးကျဲတိုက်ခိုက်


စစ်ကိုင်းတိုင်း၊ရေဦးနယ် အနောက်ခြမ်း တင်းတိမ်ယံရွာ ထန်းတောဗောဓိစာသင်ကျောင်းတွင် မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်တပ်မှ တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။


မေလ၉ရက်မှာ ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ ကစကစရဲ့လေကြောင်းတိုက်ခိုက်မှုကို အတည်ပြုဆိုပါတယ်။


"မေလ၉ရက် နေ့လည်ပိုင်း ရေဦးနယ် အနောက်ခြမ်း တင်းတိမ်ယံရွာ ထန်းတောဗောဓိစာသင်ကျောင်းတွင် မြေပြင်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်တပ်မှ တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကျောင်းဆောင်အချို့ပျက်ဆီးမှုရှိပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း လတ်တလော သိရပါတယ်"လို့ဆိုပါတယ်။


မေလ ၉ရက် နေ့လည် :၀၈ အချိန်ဝန်းကျင်ခန့်တွင် တံတားဦးလေတပ်မှ Jet Fighter တစ်စီးဖြင့် တင်းတိမ်ရွာအရှေ့ဘက် ထန်းတောဗောဓိစာသင်ကျောင်းအား အကြမ်းဖက်စစ်တပ်မှ ဗုံး လုံးကျဲ၊ လေယာဉ် စက်လက်များပစ်ခတ်ကာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။


ထန်းတောဗောဓိစာသင်ကျောင်းသည် အရပ်သားပြည်သူများနေထိုင်ရာ နေအိမ်များအကြားတွင် တည်ရှိပြီး အဆိုပါတိုက်ခိုက်မှု ဖြစ်စဉ်အတောအတွင်း ရွာသူရွာသားများ ကိုယ့်အိမ် ကိုယ်ရွာတွင် နေထိုင်နေစဉ်အချိန်လည်း ဖြစ်ပါတယ်။


အဆိုပါတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း အုတ်တံတိုင်းနှင့် မုခ်ပေါက်များ ဗုံးထိမှန်၊ စက်လက်ကျည်ထိမှန်ခဲ့ပြီး ကျောင်းဆောင်ပြတင်းအချို့ပျက်ဆီးကာ ဓာတ်ကြိုးများပါ ထိခိုက်ပျက်ဆီးခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၄။ ကန့်ဘလူခရိုင်၊ ဇီးကုန်းတိုက်နယ်ရှိ ထောက်ရှာအိုင်ရွာအား စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီး၍ နေအိမ် ၈၃ လုံးမီးလောင်ပျက်ဆီးခဲ့


ကန့်ဘလူခရိုင်၊ ဇီးကုန်းတိုက်နယ်ရှိ ထောက်ရှာအိုင်ရွာအား စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီး၍ နေအိမ် ၈၃ လုံးမီးလောင် ပျက်ဆီးခဲ့ပါတယ်။


မေလ၉ရက်မှာ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် ကအသိပေးဆိုပါတယ်။


"မေလ ရက်နေ့ မနက် နာရီတွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ဇီးကုန်းတိုက်နယ်ရှိ ထောက်ရှာအိုင်ရွာအား စစ်ကောင်စီ လက်အောက်ခံ ခြေမြန်တပ်ရင်း-၃၆၁မှ အကြမ်းဖက်ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့၍ အပြစ်မဲ့ပြည်သူပိုင်နေအိမ် ၈၃ လုံးမီးလောင်ပျက်ဆီးခဲ့ပြီး စစ်ကြောင်းနှင့်တိုးသည့် စစ်ရှောင်ပြည်သူ ၁၅ ဦးခန့်လည်း ဖမ်းဆီးခံရကာ ယခုချိန်ထိပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ရွာခံများထံမှသိရပါတယ်"လို့ဆိုပါတယ်။


၎င်းနှင့်တစ်ရက်တည်းမှာပင် ကာဘိုးတိုက်နယ်ရှိ ချင်မြစ်ကျင်းရွာအား စစ်ကောင်စီလက်အောက်ခံခြေမြန်တပ်ရင်း-၃၆၈ မှ အကြမ်းဖက်ပစ်ခတ်ဝင်ရောက်၍ ပြည်သူပိုင်နေအိမ်များအား မီးရှို့ဖျက်ဆီးနေပြီး နှစ်ညအိပ်တပ်စွဲကာ မေလ၉ရက်မနက်တွင် ချင်မြစ်ကျင်းရွာမှ ထွက်ခွာသွားပြီး ညောင်ပင်ဆိပ်ရွာဘုန်းကြီးကျောင်းသို့ ရောက်ရှိနေကြောင်း မြေပြင်သတင်းပေးပို့ချက်များအရသိရပါတယ်။


ယင်းစစ်ကောင်စီတပ်၏ အကြမ်းဖက်မီးရှို့ဖျက်ဆီးခြင်းကြောင့် ချင်မြစ်ကျင်းရွာမှ ပြည်သူပိုင်နေအိမ် မည်မျှ ဆုံးရှုံးသွားသည်ကို အတည်ပြု၍မရသေးသောကြောင့် ဆက်လက်စုံစမ်းလျက်ရှိပါတယ်။


========================


📌📌 ၅။ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်သော စကစတပ်များမှ ဒေသခံရွာသားသုံးဆယ်ခန့်ကို ဖမ်းဆီးထား


တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်သော စကစတပ်များမှ ဒေသခံရွာသားသုံးဆယ်ခန့်ကို ဖမ်းဆီးထားတယ်လို့သိရပါတယ်။


မေလ၉ရက်မှာ စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ AAPPကဖော်ပြပါတယ်။


မေလ ရက်နေ့ နံနက်ပိုင်းအချိန်တွင် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ပုဂေါဇွန်းကျေးရွာအုပ်စု၊ ဝက်ချောင်းကျေးရွာနှင့် ခမောင်းချောင်းကျေးရွာကို အင်အား ၅၀ ဝန်းကျင်ပါဝင်သော အကြမ်းဖက်စစ်အုပ်စု၏တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဝက်ချောင်းကျေးရွာမှ ဒေသခံ ၂ဝ ဦးနှင့် ခမောင်းချောင်းကျေးရွာမှ ဒေသခံ ၁ဝ ဦးကို ဖမ်းဆီး၍ ခမောင်းချောင်းကျေးရွာရှိ စာသင်ကျောင်း၌ ထိန်းသိမ်းထားကြောင်း သိရှိရတယ်လို့ဆိုပါတယ်။


စကစတပ်များဟာ နယ်မြို့များမှာ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ရုံသာမက လူသားဒိုင်းသဖွယ် အသုံးပြုမှုများလည်းရှိနေပါတယ်။


========================


📌📌 ၆။ ရေးမြို့နယ် သံဖြူဇရပ်မြို့နယ်ကြားရှိ ကျားဖြူစစ်ကြောင်းစခန်း ကိုအကြမ်းဖက်စစ်တပ်က လေကြောင်းက နှစ်ရက်ဆက်တိုက်ပစ်ခတ်တိုက်ခိုက်၍ ကျားဖြူစစ်ကြောင်းမှ ရဲဘော် () ဦးကျဆုံး


ရေးမြို့နယ် သံဖြူဇရပ်မြို့နယ်ကြားရှိ ကျားဖြူစစ်ကြောင်းစခန်း ကိုအကြမ်းဖက်စစ်တပ်က လေကြောင်းက နှစ်ရက်ဆက်တိုက်ပစ်ခတ်တိုက်ခိုက်၍ ကျားဖြူစစ်ကြောင်းမှ ရဲဘော် () ဦးကျဆုံးခဲ့တယ်လို့သတင်းရရှိပါတယ်။


မေလ၉ရက်မှာ ကျားဖြူတပ်ခွဲ ၁က အတည်ပြုဆိုထားပါတယ်။


"တော်လှန်ရေးမှာ အသက်ပေးဆပ်သွားတဲ့ ငါ့တပြည့်တွေရေ မင်းတို့ တာဝန်ကျေလွန်းခဲ့ပါပြီ လူငယ်ဘဝတွေ အနာဂါတ်တွေ အိမ်မက်တွေ အသက်တွေ ပုံပေးခဲ့တဲ့ မင်းတို့ကို အကို အမြဲ အမှတ်ရနေပါ့မယ်။ အလေးပြုပါတယ် ငါ့တပြည့်တွေရေ မင်းတို့အသက်ရဦးမလားလို့ အကိုအစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ အကိုတာဝန်မကျေခဲ့ဘူး။ မင်းတို့ကိုပြန်ရအောင်မယူနိုင်ခဲ့ဘူး။ကြမ်းတမ်းတဲ့လမ်းခရီးမှာ ကားချိုင့်တစ်ချက်ကျတိုင်း ဗိုလ်မှူးရေ ဖြေးဖြေးမောင်းပေးပါ ကျနော် အရမ်းနာလို့ပါဆိုတဲ့ရဲဘော်မြကြီးအသံဟာ အကို့နားထဲက မထွက်တော့ဘူး" လို့ ကျားဖြူတပ်ခွဲ၁မှ ဗိုလ်မှူး စောဝင်းဇော်ကဆိုထားပါတယ်။


ရေးမြို့နယ် သံဖြူဇရပ်မြို့နယ်ကြားရှိ ကျားဖြူစစ်ကြောင်း () စစ်ကြောင်းရုံး၊ တပ်ခွဲ ၁၊ တပ်ခွဲ နောက်တန်းစခန်းနေရာတို့အား မေလ၇ ရက်နေ့၊  ၁၀ နာရီ ၅၅ မိနစ် (၁၁ နာရီဝန်းကျင်) တွင် ပထမအကြိမ်စကစ တိုက်လေယာဉ်ဖြင့် ပေါင် (၅၀၀) ဗုံး () လုံးကြဲ တိုက်ခိုက်ခံခဲ့ရပြီး မေလ၈ရက်နေ့၊ နေ့လည် ၁၂ နာရီဝန်းကျင်တွင် ဒုတိယအကြိမ် Mi-35 ရဟက်ယာဉ်ဖြင့် ထပ်မံလာရောက် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။


တိုက်ခိုက်မှုကြောင့်ကျားဖြူစစ်ကြောင်းမှ ရဲဘော် () ဦး  တို့သည် အကြမ်းဖက် စစ်အာဏာရှင်စနစ်ကို တော်လှန်ရင်း ဂုဏ်ယူစွာဖြင့်အသက်ပေးခဲ့ရပြီး ရဲဘော် () ဦးထိခိုက်ဒဏ်ရာ (မပြင်းထန်) ရရှိခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment