11th MAY 2023 - Evening Daily News by Radio NUG



၂၀၂၃ မေလ ၁၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တော်လှန်ရေးအင်အားစုအားလုံး လျှောက်တဲ့ လမ်းခရီး အတူတူပဲဖြစ်တာကိုမြင်ကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား

📌 ၂။ မီဇိုရမ်ပြည်နယ်ထဲတွင် Federal Education Hight School ဖွင့်လှစ်ခဲ့တဲ့သတင်းနှင့်ပတ်သက်ပြီး‌ ဝေါ်ဖန်မှုတွေပေးနေသည့်အပေါ် ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန် ပြန်လည်ရှင်းလင်းပြောကြား

📌 ၃။ အသစ်ထွက်ပေါ်လာသော ပညာရေးမူဝါဒကို အကောင်အထည်ဖော်ဆောင်ပါက CDM ကျောင်းသားတွေပါ အကျိုးခံစားရမယ်လို့ဒုဝန်ကြီးဦးမော်ထွန်းအောင် ပြောကြား

📌 ၄။ ပြည်သူ့ရင်ခွင်ဝင်လာသော ရဲနှင့်တပ်မတော်သားများ မြို့နယ်ဝန်ထမ်းရေးရာဌာနသို့စာရင်းပေးသွင်းရန် ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အသိပေး

📌 ၅။ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ () လယ်ဒိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် (၄၄) လုံးနဲ့ စာသင်ကျောင်း အပါအဝင် ခရစ္စယာန်ဘုရားကျောင်း များပါမီးလောင်ပျက်စီး

📌 ၆။ ဆန်ဖရန်စစ္စကိုရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုနဲ့ တရုတ်အစိုးရထံ သဝဏ်လွှာ ပေးပို့မယ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တော်လှန်ရေးအင်အားစုအားလုံး လျှောက်တဲ့ လမ်းခရီး အတူတူပဲဖြစ်တာကိုမြင်ကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား


မေလ၁၁ရက်


တော်လှန်ရေးအင်အားစုအားလုံး လျှောက်တဲ့ လမ်းခရီး အတူတူပဲဖြစ်တာကိုမြင်ကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလက အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၈ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့ပါတယ်။


"နိုင်ငံရေးရဲ့ သဘောဟာ နယ်ပယ်ကဏ္ဍအလိုက် လှုပ်ရှားမှုပုံစံတွေ မတူကြဘူးလို့ ယူဆပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ သတိချပ်သင့်တာက ကျွန်တော်တို့ အားလုံးဟာ တော်လှန်ရေးအရ ကိုင်စွဲတဲ့ နည်းနာတွေ မတူညီကြပေမယ့် လျှောက်တဲ့ လမ်းက အတူတူပဲဆိုတာကို သိမြင်ကြဖို့ ဖြစ်ပါတယ်။ကျွန်တော်တို့ဟာ လမ်းချင်းတူလို့ လူချင်း တွေ့ကြတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်လှေတည်းစီး တစ်ခရီးတည်း သွားသူချင်း တတ်နိုင်သမျှ ညီညီညွတ်ညွတ်နဲ့ ဖေးမ လျှောက်လှမ်းကြမှ သင့်တော်ပါ လိမ့်မယ်"လို့ဆိုပါတယ်။


ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအပေါ် ဝေဖန်မှုတွေ ၊အားမလို အားမရမှုတွေ ပေါ်ပေါက်နေတာကိုတွေ့မြင်နေရပြီး၄င်းမှာလည်း ဖြစ်သင့်ကြောင်း ယာယီသမ္မတကဆိုပါတယ်။


========================


📌📌 ၂။ မီဇိုရမ်ပြည်နယ်ထဲတွင် Federal Education Hight School ဖွင့်လှစ်ခဲ့တဲ့သတင်းနှင့်ပတ်သက်ပြီး‌ ဝေါ်ဖန်မှုတွေပေးနေသည့်အပေါ် ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန် ပြန်လည်ရှင်းလင်းပြောကြား



အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲတွင် NUG   Federal Education Hight School ဖွင့်လှစ်ခဲ့တဲ့သတင်းနှင့်ပတ်သက်ပြီး မေလ၁၀ရက်နေ့မှာ NUG ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်က အခုလို ပြန်လည်ရှင်းလင်းပြောကြားထားပါတယ်။


"အဲ့ဒီနေ့ သတင်းတွင် ဖေါ်ပြအသုံးပြုထားသောဓါတ်ပုံမှာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲမှာရှိတဲ့ refugee community တစ်ခုမှ ဖြစ်ပါတယ်။ သက်ဆိုင်ရာ လူမျိုးစု အဖွဲ့အစည်းများမှ လူမျိုးစုခေါင်းဆောင်များဖြစ်ပါတယ်။ ဒီဒေသကကျောင်းတွေဟာ မူဝါဒအရ NUG - MOE ရဲ့ လုပ်ပိုင်ခွင့် ပြင်ပမှာရှိတာဖြစ်တဲ့အတွက် ၀န်ကြီးဌာနအနေနဲ့ အသိအမှတ်ပြုထားခြင်းမရှိပါ။ သို့သော် ပညာသင်ကြားနေတဲ့ ကလေးတွေနဲ့ CDM ဆရာ/မတွေကို ကူညီပေးနိုင်ဖို့ ချိတ်ဆက်ဆောင်ရွက်မှုတွေပြုလုပ်နေတဲ့ ဒေသဖြစ်ပါတယ်"လို့ဆိုထားပါတယ်။


========================


📌📌 ၃။ အသစ်ထွက်ပေါ်လာသော ပညာရေးမူဝါဒကို အကောင်အထည်ဖော်ဆောင်ပါက CDM ကျောင်းသားတွေပါ အကျိုးခံစားရမယ်လို့ဒုဝန်ကြီးဦးမော်ထွန်းအောင် ပြောကြား


မေလ၁၁ရက်


မေလ၁၁ရက်မှာ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးမူဝါဒကို ရည်ညွှန်းပြီး အသစ်ထွက်ပေါ်လာသော ပညာရေးမူဝါဒကို အကောင်အထည်ဖော်ဆောင်ပါက CDM ကျောင်းသားတွေပါ အကျိုးခံစားရမယ်လို့ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်က ဆိုထားပါတယ်။


"ဘဝမှာ ကိုယ်မြင်ခြင်ခဲ့တဲ့ ပညာရေးမူဝါဒ၊ Multiculturalism ကိုမြင့်တင်ပြီး၊ ဒေသခံတွေရဲ့ အရင်းအမြစ်ကို တန်ဖိုးထားတဲ့ မူဝါဒ။ ဒါတွေ ဥပဒေ( အခြေခံ၊ ဥပဒေ၊ ပညာရေးဥပဒေ) အနေနဲ့ ရော၊ အဖွဲ့အစည်း အနေနဲ့ရော အကောင်အထည်ဖော်လာရင်နောက်မျိုးဆက်ထိ စောင့်စရာမလိုဘူး။အခု စီဒီအမ် ကျောင်းသားတွေပါ အကျိုးခံစားရမယ်"လို့ဆိုပါတယ်။


 ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒ (ဒုတိယမူကြမ်း) ကို ၂၀၂၃ ခုနှစ်၊ မေလ () ရက်နေ့တွင် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တွင် ဆွေးနွေးအတည်ပြုနိုင်ခဲ့ပြီး အများပြည်သူသိရှိရန် ထုတ်ပြန်ကြေညာခဲ့ပါတယ်။


========================


📌📌 ၄။ ပြည်သူ့ရင်ခွင်ဝင်လာသော ရဲနှင့်တပ်မတော်သားများ မြို့နယ်ဝန်ထမ်းရေးရာဌာနသို့စာရင်းပေးသွင်းရန် ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အသိပေး


မေလ၁၁ရက်


မေလ၁၁ရက်မှာ ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က CDMများ လစဉ် ပုံမှန် အထောက်အပံ့များ ရရှိစေရန် စာရင်းပေးသွင်းရန် အခုလို ထည့်သွင်းကြေညာခဲ့ပါတယ်။


"၂၀၂၂ ခုနှစ်၊ သြဂုတ်လ မှစ၍ ယနေ့ထိ လစဉ် ပြည်သူ့ရင်ခွင်ပံ့ပိုးငွေ ရရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ လက်ရှိတွင် ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ဝန်ထမ်းရေးရာဌာနတွင် စာရင်းပေးသွင်းပြီးသည့် ပြည်တွင်း နေထိုင်သူ တပ်မတော်သား ()ဦးနှင့် ရဲ (၅၀) ဦး ရှိပြီး ၄င်းတို့၏ ရပိုင်ခွင့်များအတွက် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်နှင့် အဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက်၍ မိမိတို့အနေဖြင့် လစဉ် ပုံမှန် အထောက်အပံ့များ ရရှိစေရန်ူ ကြိုးစားဆောင်ရွက်လျက်ရှိနေပါတယ်။ လက်ရှိတွင် ကန်ပက်လက်မြို့နယ်အတွင်း စာရင်းမသွင်းရ သေးသည့် တပ်မတော်သားနှင့် ရဲဝန်ထမ်း များကျန်ရှိနေသည်ဟု ကြားသိရသည့်အတွက် ရဲဌာန CDM တာဝန်ခံ မှတဆင့်သော်လည်းကောင်း၊ ဝန်ထမ်းရေးရာဌာန၊ ဌာနမှူးထံသို့လည်းကောင်း ဆက်သွယ်၍ လိုအပ်သည့် အချက်အလက်များ ပေးပို့နိုင်ရန် နှိုးဆော်တိုက်တွန်းအပ်ပါတယ်"လို့ဆိုပါတယ်။


ဌာနဆိုင်ရာ ဝန်ထမ်းများအနေနှင့်လည်း လစဉ် အရေးပေါ်အနေဖြင့် မီးဖွားစရိတ်နှင့် ဆေးကုသစရိတ် များရှိပါက  အထောက်အထားများနှင့်တကွ လျှောက်ထားနိုင်ပြီး မိမိတို့ဌာနမှ သက်ဆိုင်ရာ ဌာန Focal များနှင့် တိုက်ဆိုင်စစ်ဆေး၍ သတ်မှတ်ချက်အတိုင်း ထုတ်ပေးလျက်ရှိနေတယ်လို့အသိပေးဆိုပါတယ်။


========================


📌📌 ၅။ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ () လယ်ဒိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် (၄၄) လုံးနဲ့ စာသင်ကျောင်း အပါအဝင် ခရစ္စယာန်ဘုရားကျောင်း များပါမီးလောင်ပျက်စီး


မေလ၁၁ရက်


မေလ၁၁ရက်မှာ ကေအဲန်ယူဗဟိုက အခုလိုအသတင်းထုတ်ပြန်ထားပါတယ်။


"ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ () လယ်ဒိုမြို့နယ်တွင် ၂၀၂၃ ခုနှစ် မေလ () ရက်နေ့ နံနက် (၅း၃၀) အချိန်တွင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ပိုးလိုနိုဖိုးကျေးရွာမှ နေအိမ်()လုံးနှင့် လယ်ဝိုင်းကြီးကျေးရွာမှ ရွာလုံးကျွတ် နေအိမ်စုစုပေါင်း(၄၂)လုံး၊ စာသင်ကျောင်းတစ်ကျောင်း၊ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း၊ မူကြိုကျောင်းနှင့် ဘုံပစ္စည်းထားရာနေရာ အဆောက်အဦးအားလုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


 မေလ()ရက်နေ့ကလည်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ကေအဲန်ယူ-မူးမြို့နယ်၊ ရန်မျိုးအောင်ကျေးရွာတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့်  လူနေအိမ်(၁၈)လုံး မီးလောင် ပြာကျခဲ့ရပါတယ်။


========================


📌📌 ၆။ ဆန်ဖရန်စစ္စကိုရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုနဲ့ တရုတ်အစိုးရထံ သဝဏ်လွှာ ပေးပို့မယ်


အမေရိကန်နိူင်ငံ ဆန်ဖရန်စစ္စကိုရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုနဲ့ တရုတ်အစိုးရထံ သဝဏ်လွှာ ပေးပို့မယ်လို့ မေလ၁၁ရက်မှာ SanFrancisco BayArea Communityက အသိပေးဆိုပါတယ်။


မေလ၁၃ရက် နေ့လည် နာရီမှ နာရီ ဆန်ဖရန်စစ္စကိုရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ စုရုံးမှာဖြစ်တယ်လို့သိရပါတယ်။


"ခိုလှုံရာမဲ့ အရပ်သားများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် မြန်မာနိုင်ငံရှိ ရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင်များအား လုံး၀ထောက်ခံကြောင်း ပြသသည့် တရုတ်၏ နိုင်ငံရေး လုပ်ဆောင်ချက်နှင့် မူဝါဒကို ကျွန်ုပ်တို့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ပါတယ်"လို့ SanFranciscoBayAreaCommunity ကဆိုထားပါတယ်။


အဆိုပါစုရုံးမယ့်အခမ်းအနားသို့ အမေရိကန်ရောက် မြန်မာများ တက်ရောက်ဖို့လည်းဖိတ်ခေါ်နှိုးဆော်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment