11th MAY 2023 - Morning Daily News by Radio NUG


၂၀၂၃ မေလ ၁၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရကသာလျှင် ဒေသတွင်း ငြိမ်းချမ်းရေးကို ပြန်လည် ဆောင်ကြဉ်းပေးနိုင်မယ့် အစိုးရဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြားလိုက်

📌 ၂။  ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး

📌 ၃။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲက ကျောင်းဖွင့်ပွဲတက်ရောက်သူများမှာ သက်ဆိုင်ရာ လူမျိုးစု အဖွဲ့အစည်းများမှ လူမျိုးစုခေါင်းဆောင်များဖြစ်တယ်လို့ NUGပညာရေးဒုဝန်ကြီးရှင်းလင်း

📌 ၄။ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ကကျေးရွာများကို စကစများဝင်ရောက်စီးနင်း၍ ဒေသခံ ရှစ်ဦးကိုဖမ်းဆီးကာ စစ်ကြောရေးတွင်ညှဉ်းပန်းနှိပ်စက်နေ

📌 ၅။ ရွှေဘိုမြို့နယ်ဇီးဖြူကုန်းပျုရွာအား ကာကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်ရာ စကစဘက်ကပျူနဲ့ရဲများအပါအဝင် စကစတပ်ဖွဲ့ဝင် ၁၂ဦးသေဆုံး

📌 ၆။ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ နွားထိုး-မြင်းခြံ လမ်းပိုင်းတစ်နေရာအား ဝေဟင်မှ တိုက်ခိုက်ခဲ့ရာ စကစတပ်ကနှစ်ဦးသေဆုံး

📌 ၇။ မတ္တရာမြို့နယ်အတွင်း PDFတော်လှန်ရေးအင်အားစုအဖွဲ့စည်းများ အယောင်ဆောင်၍ ပြည်သူလူထုထံမှ ချိန်းခြောက်ငွေညှစ်တောင်းခံ

📌 ၈။ ခင်ဦး-ရေဦး ကားလမ်းပေါ်သို့ ရောက်ရှိလာတဲ့ စကစတပ်ဖွဲ့ဝင်နှစ်ဦးကို ကာကွယ်ရေးတပ်များ အသေပစ်ခတ်၍ သေနတ်နှစ်လက်သိမ်းဆည်းရရှိ

📌 ၉။ မသောက်မိသော မိုးခါးရေ"ရုပ်ရှင်ကိုKo Pauk ယူကျူတွင် အခမဲ့ပြသရာ ပရိသတ် တစ်သိန်း ကျော်ဝင်ရောက်ကြည့်ရှုအားပေး

📌 ၁၀။ click2donate ရဲ့  သိန်းတစ်ထောင်ကမ်ပိန်း စတင်

📌 ၁၁။ အကြမ်းဖက် စစ်ကောင်စီဘက်မှ တရုတ်နိုင်ငံ အပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း အညာဒေသမှ PDF များက ဆန္ဒထုတ်ဖော်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရကသာလျှင် ဒေသတွင်း ငြိမ်းချမ်းရေးကို ပြန်လည် ဆောင်ကြဉ်းပေးနိုင်မယ့် အစိုးရဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြားလိုက်


အမျိုးသားညီညွတ်ရေးအစိုးရကသာလျှင် ဒေသတွင်း ငြိမ်းချမ်းရေးကို ပြန်လည်ဆောင်ကြဉ်းပေးနိုင်မယ့် အစိုးရဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြားလိုက်ပါတယ်။


မေလအတွင်းကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၁၈/၂၀၂၃) တွင် ဝန်ကြီးချုပ်က ထည့်သွင်းပြောပါတယ်။


"ကျွန်တော်တို့ရဲ့ အိမ်နီးနားချင်းနိုင်ငံတွေနဲ့ အာဆီယံဘက်မှာလည်း မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ ခပ်စိပ်စိပ် လှုပ်ရှားဆောင်ရွက်နေကြတဲ့ အသံတွေလည်း ကြားရပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အရေးကိစ္စတွေကို အလေးထား စဉ်းစားပေးကြတဲ့ အိမ်နီးနားချင်းနိုင်ငံတွေ အားလုံးကို အထူးကျေးဇူးတင်သလို တဆက်တည်း အသိပေး ပြောကြားလိုတာက လူထုထောက်ခံမှု ရှိထားပြီး တရားမျှတမှုအတွက် ရင်ဆိုင်တိုက်ပွဲဝင်နေကြတဲ့ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရကသာလျှင် ဒေသတွင်း ငြိမ်းချမ်းရေးကို ပြန်လည် ဆောင်ကြဉ်းပေးနိုင်မယ့် အစိုးရဖြစ်ပြီး တိုင်းပြည်ကို ပုံမှန်အခြေအနေ ပြန်ရောက်အောင်၊ ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်း ပြန်လည် နေထိုင်ခွင့်ရအောင် ဆောင်ရွက်ပေးနိုင်မယ့် တစ်ခုတည်းသော အစိုးရဖြစ်တယ်ဆိုတာကို သိစေလိုပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ထိန်းချုပ် စိုးမိုးနယ်မြေများမှာ ပညာရေး၊ ကျန်းမာရေးအပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို တိုးမြှင့်ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၂။  ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၁၃/၂၀၂၃)ကို မေလ၁၀ရက်နေ့က ကျင်းပခဲ့ပါတယ်။


အစည်းအဝေးမှာ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ဒေါက်တာရွှေပုံနှင့် ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၊ အတွင်းဝန်တို့မှ အမှာစကားအသီးသီးပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး  ဝန်ကြီးဌာနများမှ ဌာနနှင့်သက်ဆိုင်သည်များကို ပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ  မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာနမှာ တာဝန်ရှိသူများမှ ပြန်လည်‌ဖြေကြားခဲ့ကြပါတယ်။


တွေ့ဆုံပွဲသို့ ဒုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲက ကျောင်းဖွင့်ပွဲတက်ရောက်သူများမှာ သက်ဆိုင်ရာ လူမျိုးစု အဖွဲ့အစည်းများမှ လူမျိုးစုခေါင်းဆောင်များဖြစ်တယ်လို့ NUGပညာရေးဒုဝန်ကြီးရှင်းလင်း


အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲက ကျောင်းဖွင့်ပွဲတက်ရောက်သူများမှာ သက်ဆိုင်ရာ လူမျိုးစု အဖွဲ့အစည်းများမှ လူမျိုးစုခေါင်းဆောင်များဖြစ်တယ်လို့ NUGပညာရေး ဒုဝန်ကြီးရှင်းလင်းဆိုပါတယ်။


မေလ၁၀ရက်နေ့မှာ NUGပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်ကရှင်းလင်းပြောကြားထားပါတယ်။


"ဒီပုံကတော့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲမှာရှိတဲ့ refugee community တစ်ခုမှ ဖြစ်ပါတယ်။ သက်ဆိုင်ရာ လူမျိုးစု အဖွဲ့အစည်းများမှ လူမျိုးစုခေါင်းဆောင်များဖြစ်ပါတယ်။ ဒီဒေသကကျောင်းတွေဟာ မူဝါဒအရ NUG - MOE ရဲ့ လုပ်ပိုင်ခွင့် ပြင်ပမှာရှိတာဖြစ်တဲ့အတွက် ၀န်ကြီးဌာနအနေနဲ့ အသိအမှတ်ပြုထားခြင်းမရှိပါ။ သို့သော် ပညာသင်ကြားနေတဲ့ ကလေးတွေနဲ့ CDM ဆရာ/မတွေကို ကူညီပေးနိုင်ဖို့ ချိတ်ဆက်ဆောင်ရွက်မှုတွေပြုလုပ်နေတဲ့ ဒေသဖြစ်ပါတယ်"လို့ဆိုထားပါတယ်။


အဆိုပါကျောင်းဖွင့်ပွဲတွင် ကျောင်းသားကလေးငယ်များ စောင့်ကြိုခြင်းနဲ့ ထီးမိုးပေးခဲ့မှုအပေါ် NUGအစိုးရလူကြီးများအပေါ် ဝေဖန်ထောက်ပြမှုများရှိခဲ့ပါတယ်။


========================


📌📌 ၄။ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ကကျေးရွာများကို စကစများဝင်ရောက်စီးနင်း၍ ဒေသခံ ရှစ်ဦးကိုဖမ်းဆီးကာ စစ်ကြောရေးတွင်ညှဉ်းပန်းနှိပ်စက်နေ


တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က ကျေးရွာများကို စကစများ ဝင်ရောက်စီးနင်း၍ ဒေသခံ ရှစ်ဦးကိုဖမ်းဆီးကာ စစ်ကြောရေးတွင်ညှဉ်းပန်းနှိပ်စက်နေတယ်လို့ သတင်းရရှိပါတယ်။


မေလ၁၀ရက်မှာ စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ AAPPကဖော်ပြပါတယ်။


မေလ ရက်နေ့ နံနက်ပိုင်းအချိန်တွင် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဝဲရစ်ကျေးရွာကို အင်အား ၅၀ ကျော် ပါဝင်သော အကြမ်းဖက်စစ်အုပ်စု၏ စစ်ကြောင်းက ဝင်ရောက်စီးနင်းပြီး ဒေသခံ ကိုမျိုးမြင့်လေးနှင့် ကိုကမ်းကမ်းတို့ကို ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။


 အဆိုပါ စစ်ကြောင်းသည် မေလ ရက်နေ့ နံနက်ပိုင်းအချိန်တွင် သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာကို ထပ်မံဝင်ရောက်စီးနင်းပြီး ဒေသခံ ခြောက်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။


ဖမ်းဆီးခံရသူ အားလုံးပေါင်း ရှစ်ဦးကို အကြမ်းဖက်စစ်အုပ်စု၏တပ်က သရက်ချောင်းမြို့နယ်၊ ကမြိုင်ကျေးရွာ၌ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်၍ စစ်ဆေးမေးမြန်းနေကြောင်း သိရှိရပါတယ်။


========================


📌📌 ၅။ ရွှေဘိုမြို့နယ်ဇီးဖြူကုန်းပျုရွာအား ကာကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်ရာ စကစဘက်ကပျူနဲ့ရဲများအပါအဝင် စကစတပ်ဖွဲ့ဝင် ၁၂ဦးသေဆုံး


ရွှေဘိုမြို့နယ်ဇီးဖြူကုန်းပျုရွာအား ကာကွယ်ရေးတပ်များပစ်ခတ်တိုက်ခိုက်ရာ စကစဘက်ကပျူနဲ့ရဲများအပါအဝင် စကစ တပ်ဖွဲ့ဝင် ၁၂ဦးသေဆုံးခဲ့ပါတယ်။


မေလ၁၀ရက်မှာ စစ်ရေးသတင်းကို ယင်းမာပင်ခရိုင်တပ်ရင်း၂၁မှအသိပေးဆိုပါတယ်။


"မေလ၉ရက်နေ့တွင်ရွှေဘိုမြို့နယ် ဇီးဖြူကုန်းပျုရွာအားနံနက်၄နာရီအချိန်တွင် ယင်းမာပင်ခရိုင် တပ်ရင်း၂၁မှ တပ်ခွဲ၁/တပ်ခွဲ၃၊ ဒေါင်းလုလင်(LPDF) ဂဠုန်တပ်တော်၊ နယ်စည်းမခြားမိုးကြိုးမုန်တိုင်း၊ မဟာညီနောင်ဖွားနှင့် အခြားသောမဟာမိတ်များက ၀င်ရောက်စီးနင်းတိုက်ခိုက်ရာ တိုက်ပွဲကြာချိန်၁နာရီခန့်ဖြစ်ပွားခဲ့ပြီး ပျုနဲ့စကစရဲ၁၂ယောက်(မျက်မြင်)သေဆုံးထိခိုက်ဒဏ်ရာများစွာလည်း ရှိနိုင်တယ်"လို့ဆိုပါတယ်။


ဒါ့အပြင်စကစဘက်က လက်ပစ်ဗုံး(တချို့) အီကွေ့မန့်(၄ထည်) ဦးထုပ်(၁လုံး) ရဲယူနီဖောင်း()ထည်၊ အူဇီသေနတ်ကျည်ဘောက်(၁ခု) jumper စက်အသေး၁လုံး၊ 9mmကျည်အတောင့်(၄၀)နှင့် ဆက်စပ်ပစ္စည်းအချို့ကိုလည်း သိမ်းပိုက်ရရှိခဲ့သော်လည်း တည်သီးတော(ပျုရွာ) နှမစားရစ်(ပျုရွာ) သလုံး(ပျုရွာ)ဘက်မှ တပ်ကူများအင်အားအလုံးအရင်းဖြင့်လာသောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ဆိုပါတယ်။


မဟာမိတ်တပ်ပေါင်းစုမှလည်း ၄ယောက်ဒဏ်ရာရ(မစိုးရိမ်ရ)ရရှိခဲ့ပါတယ်။


========================


📌📌 ၆။ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ နွားထိုး-မြင်းခြံ လမ်းပိုင်းတစ်နေရာအား ဝေဟင်မှ တိုက်ခိုက်ခဲ့ရာ စကစတပ်ကနှစ်ဦးသေဆုံး


မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ နွားထိုး-မြင်းခြံ လမ်းပိုင်းတစ်နေရာအား ဝေဟင်မှ တိုက်ခိုက်ခဲ့ရာ စကစတပ်ကနှစ်ဦးသေဆုံးခဲ့ပါတယ်။


မေလ၁၀ရက်မှာ Myingyan District Drone Strike Teamထံက စစ်ရေးသတင်းကိုသိရပါတယ်။


"မေလ ၉ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ နွားထိုး-မြင်းခြံ လမ်းပိုင်းတစ်နေရာအား ဝေဟင်မှ တိုက်ခိုက်ခဲ့ရာ၂ဦးသေဆုံးပြီး အများပြားဒဏ်ရာရရှိကာ ကား ၃စီး ပျက်စီးခဲ့ပါတယ်"လို့ဆိုပါတယ်။


အလားတူမေလ ၈ရက်နေ့ကလည်း မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် တောင်သာမြို့နယ် ရတနာပုံကျေးရွာတွင် ယာယီတပ်စွဲထားသော စကစစခန်းအား ဝေဟင်တိုက်ခိုက်မှု့ ပြုလုပ်ခဲ့ရာ စကစ ၄ဦးသေဆုံးကာ ၅ဦးဒဏ်ရာ ရရှိကာ တောင်သာမြို့ရှိ နာရေးကားများမှ လာရောက် သယ်ဆောင်သွားပါတယ်။


========================


📌📌 ၇။ မတ္တရာမြို့နယ်အတွင်း PDFတော်လှန်ရေးအင်အားစုအဖွဲ့စည်းများ အယောင်ဆောင်၍ ပြည်သူလူထုထံမှ ချိန်းခြောက်ငွေညှစ်တောင်းခံ


မတ္တရာမြို့နယ်အတွင်း PDFတော်လှန်ရေးအင်အားစုအဖွဲ့စည်းများ အယောင်ဆောင်၍ ပြည်သူလူထုထံမှ ချိန်းခြောက်ငွေညှစ်တောင်းခံစာများရှိလာတယ်လို့ဆိုပါတယ်။


မေလအတွင်းမှာ နဂါးနီပျောက်ကြား - မတ္တရာမြို့နယ်ကအသိပေးဆိုထားပါတယ်။


"မတ္တရာမြို့နယ်အတွင်း PDFတော်လှန်ရေးအင်အားစုအဖွဲ့စည်းများ အယောင်ဆောင်၍ ပြည်သူလူထုထံမှ ချိန်းခြောက်ငွေညစ် တောင်းခံစာများ တွေ့ရပါတယ်။  ဒါဟာ ပြည်သူလူထုနှင့် တော်လှန်ရေးအင်အားစု PDFများအပေါ်  သွေးခွဲရန်တိုက်ရန် အကြံအစည်ဖြင့် မသမာသူလူတစ်စုမှ တမင်အကောက်ကြံ ပြုလုပ်ခြင်းသာဖြစ်ပါသည်   ပြည်သူလူထုမှလည်း အကြောက်လွန်၍ ငွေပေးခြင်းများ အယုံလွယ်ခြင်းများ မပြုလုပ်ကြပါရန်"လို့ဆိုထားပါတယ်။


ဒါ့အပြင်ပြည်သူလူထုနှင့် တော်လှန်ရေးအင်အားစု PDFများအပေါ် ယုတ်မာအကောက်ကြံသောသူများအား စုံစမ်း စစ်ဆေးဖော်ထုတ်၍ ထိုက်တန်သည့်ပြစ်ဒဏ်အား ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ဆိုထားပါတယ်။


========================


📌📌 ၈။ ခင်ဦး-ရေဦး ကားလမ်းပေါ်သို့ ရောက်ရှိလာတဲ့ စကစတပ်ဖွဲ့ဝင်နှစ်ဦးကို ကာကွယ်ရေးတပ်များ အသေပစ်ခတ်၍ သေနတ်နှစ်လက်သိမ်းဆည်းရရှိ


ခင်ဦး-ရေဦး ကားလမ်းပေါ်သို့ ရောက်ရှိလာတဲ့ စကစတပ်ဖွဲ့ဝင်နှစ်ဦးကို ကာကွယ်ရေးတပ်များ အသေပစ်ခတ်၍ သေနတ်နှစ်လက်သိမ်းဆည်းရရှိခဲ့တယ်လို့သတင်းရရှိပါတယ်။


မေလ၁၀ရက်မှာ  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခင်ဦးက စစ်ရေးသတင်းကိုအတည်ပြုဆိုပါတယ်။


"စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မူးတိမ်ချောင်းတံတား တပ်စွဲထားသော စစ်ကောင်စီတပ်မှ လက်နက်ကိုင် () ယောက်သည်မေလ၁၀ရက်နေ့, နေ့လည် (၁၂း၄၀) နာရီအချိန်ခန့်တွင် ၎င်းတပ်စွဲနေရာမှ ခင်ဦး-ရေးဦး ကားလမ်းပေါ်သို့ ရောက်ရှိလာစဉ် ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြို့နယ် ပကဖ) နယ်မြေခံ ကာကွယ်ရေးအဖွဲ့ (LDF)များနှင့် ထိပ်တိုက်တွေ့၊ ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ် ရေးအဖွဲ့မှ စစ်ကောင်စီတပ်၏လက်နက်ကိုင်()ယောက်ကို အသေပစ်ခတ်နိုင်ခဲ့တယ်"လို့ဆိုပါတယ်။


ထို့အပြင်၎င်းတို့ကိုင်ဆောင်ခဲ့သော (MA 1- ၁လက်၊ AK 47-၁လက်၊ 5.56 ကျည်-၁၅တောင့်၊ ကျည်ဘောက် ()ဘောက်) ပစ္စည်းများကိုပါ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သိမ်းဆည်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။


အဆိုပါတိုက်ပွဲတွင် တိုက်ပွဲဖြစ်ချိန် ()မိနစ်ခန့်သာ ကြာမြင့်၍ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထိခိုက်မှု လုံးဝမရှိ အောင်မြင်စွာဆုတ်ခွာ၍  လက်နက်သိမ်း ထိတွေ့မှုတိုက်ပွဲ အောင်မြင်စွာဆင်နွှဲနိုင် ခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ၉။ မသောက်မိသော မိုးခါးရေ"ရုပ်ရှင်ကိုKo Pauk ယူကျူတွင် အခမဲ့ပြသရာ ပရိသတ် တစ်သိန်း ကျော်ဝင်ရောက်ကြည့်ရှုအားပေး


"မသောက်မိသော မိုးခါးရေ"ရုပ်ရှင်ကိုKo Pauk ယူကျူတွင် အခမဲ့ပြသရာပရိသတ် တစ်သိန်း ကျော်ဝင်ရောက်ကြည့်ရှုအားပေးခဲ့ပါတယ်။


မေလ၁၀ရက်တွင် ရုပ်ရှင်ပြသရေးကော်မတီကအသိပေးဆိုပါတယ်။


နိုင်ငံတကာတွင်ရုံတင်ပြသခဲ့ပြီးသော"မသောက်မိသော မိုးခါးရေ"ရုပ်ရှင်ကိုKo Pauk ယူကျူတွင်မေလ ရက်နေ့မှ အခမဲ့ စတင်ပြသခဲ့ရာ ယနေ့အချိန်ထိပရိတ်သတ် တစ်သိန်းကျော်ဝင်ရောက်ကြည့်ရှုပေးခဲ့သောမိုးခါးရေ မသောက်သူတစ်ယောက်စီတိုင်းကို အထူးကျေးဇူးတင်ရှိပါတယ်"လို့ဆိုပါတယ်။


တောထဲက သဘာဝတော်လှန်ရေးသမားအစစ်များနဲ့ ရိုက်ခဲ့တဲ့မိုးခါးရေ ရုပ်ရှင်ဟာ ကျပ်သိန်း ၁၀၀၀၀ ကျော်ရံပုံငွေရရှိခဲ့ပြီး ရရှိခဲ့တဲ့ ရံပုံငွေတွေကိုလည်း ကာကွယ်ရေးဝန်ကြီးဌာနနှင့်တိုင်ပင်ပြီး လိုအပ်သောနေရာများကို ခွဲဝေစီးဆင်းပြီးဖြစ်ပါတယ်။


========================


📌📌 ၁၀။ click2donate ရဲ့  သိန်းတစ်ထောင်ကမ်ပိန်း စတင်


click2donate ရဲ့  သိန်းတစ်ထောင်ကမ်ပိန်း စတင်နေပြီလို့ သိရပါတယ်။


မေလ၁၁ကနေ ၂၁ရက်အထိ ကမ်ပိန်းကာလသတ်မှတ်ထားတယ်လို့ Click2donateကအသိပေးဆိုထားပါတယ်။


" click2donate ရဲ့  သိန်းတစ်ထောင်ကမ်ပိန်းလေး စပါပြီခင်ဗျာ။ ငွေကူရမှာမဟုတ်ပါဘူး ကလစ်ကူရမှာပါခင်ဗျာ အချိန်ကူရမှာပါ။ လက်ရှိအခြေအနေအရ ကမ်ပိန်းလေးက fail သွားနိုင်တာသိပေမယ့် ပြည်သူတွေရဲ့အား ကလစ်ကာတွေရဲ့ အားကို ယုံလို့  ကျွန်တော် စွန့်စားကြည့်ချင်ပါတယ်"လို့ဆိုပါတယ်။ 


သိန်းတစ်ထောင်ကို ဆယ်ရက်အတွင်း ကလစ်ပြီး ရှာကြမှာဖြစ်တယ်လို့သိရပါတယ်။


"ပေ့ချ်မှာတင်ပေးတဲ့ ဝဘ်ဆိုက်တွေကို  အဓိက ဝင်ပေးရမှာဖြစ်ပြီး ကျန်တဲ့ဆိုဒ်တွေကိုလဲ အဆင်ပြေရင်ပိုဝင်လို့ရပါတယ်။page မှာတင်တဲ့ ဆိုက်တွေကိုတော့ VPN တွေမသုံးပဲ ကလစ်မှာဖြစ်ပါတယ်ခင်ဗျာ။  မြန်မာကလူတွေက မကလစ်ရတော့ဘူးလားဆိုတော့ လုံးဝမဟုတ်ပါဘူးခင်ဗျာ။  ကျွန်တော် မြန်မာကလူတွေက VPN နဲ့ ဘယ်ကိုကလစ် ပြည်ပကလူတွေက VPN မပါပဲ ဘယ်ကိုကလစ်ဆိုတာကို နေ့စဉ် အပိုင်းလိုက် တိတိကျကျ တင်ပြပေးမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။


ရရှိလာတဲ့ သိန်းတစ်ထောင်ကို စစ်ကိုင်း၊ ချင်း၊ မကွေးအတွက် သိန်း၅၀၀၊ ကရင်နီအတွက်သိန်း၂၀၀၊ တောင်ပိုင်းအတွက် သိန်း၂၀၀၊ မြို့ပြပျောက်ကြားများအတွက် သိန်း၁၀၀ပေးပို့မှာဖြစ်ပါတယ်။


========================


📌📌 ၁၁။ အကြမ်းဖက် စစ်ကောင်စီဘက်မှ တရုတ်နိုင်ငံ အပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း အညာဒေသမှ PDF များက ဆန္ဒထုတ်ဖော်


 အကြမ်းဖက် စစ်ကောင်စီဘက်မှ တရုတ်နိုင်ငံ ရပ်တည်နေမှုအပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း အညာဒေသမှ PDF များက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။


မေလ၁၀ရက်နေ့မှာ Eagle Brigadeက ဆန္ဒထုတ်ဖော်မှုကိုအသိပေးဆိုထားပါတယ်။


အကြမ်းဖက် စစ်ကောင်စီဘက်မှ တရုတ်နိုင်ငံ ရပ်တည်နေမှု ဆန့်ကျင်ကန့်ကွက်ကြောင်း အညာဒေသမှ PDF များက ဆန္ဒထုတ်ဖော်ကြပါတယ်။


ဆန္ဒထုတ်ဖော်ရာမှာ ဖက်ဆစ် စစ်တပ်ကို ထောက်ခံနေတာ ချက်ခြင်းရပ် ချက်ခြင်းရပ် စတဲ့ကြွေးကြော်သံများဟစ်ကြွေးခဲ့ကြပါတယ်။


အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် Eagle Brigade MVRF MFDF(Myaing Fighter Defense Force) YDF(Ywar Thar Aye Defense Force) တပ်ဖွဲ့များပါဝင်ကြောင်း သိရှိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။








#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment