၂၀၂၃ မေလ ၁၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ဘေးဒုက္ခပေါင်းစုံခံစားနေရတဲ့ မြန်မာပြည်သူတွေအတွက် နိုင်ငံတကာအနေနဲ့ ကူညီပံ့ပိုးမှုတွေ လုပ်ဆောင်ပေးကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်း
📌 ၂။ ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် သေဆုံးသူဦးရေနှင့် ထိခိုက်ပျက်စီးမှုစာရင်း NUG ထုတ်ပြန်
📌 ၃။ ဖားကန့်မြို့နယ်မှာ စကစတပ်များဟာ ရွာများကိုဝင်၍ အရပ်သားအိမ်များထံက ရွှေငွေများ သေနတ်ထောက်သိမ်းယူနေတယ်လို့ဆို
📌 ၄။ မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများအပါအဝင်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ကေအိုင်အို၊ MNDAAတို့က ထောက်ပံ့ငွေများပေးပို့လှူဒါန်း
📌 ၅။ မြောင်မြို့နယ် ပန်းညိုကျေးရွာမှ အရပ်သားနေအိမ်ပေါ်သို့ စကစတပ်များက ဒရုန်းနဲ့ဗုံးကြဲချ
📌 ၆။ စစ်ကိုင်းတိုင်း ကနီ၊ယင်းမာပင်မြို့နယ်တို့မှာ ခုနစ်ရက်တာတိုက်ပွဲအတွင်း စကစဘက်ကအယောက် ၆၀နှင့်အထက် သေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ဘေးဒုက္ခပေါင်းစုံခံစားနေရတဲ့ မြန်မာပြည်သူတွေအတွက် နိုင်ငံတကာအနေနဲ့ ကူညီပံ့ပိုးမှုတွေ လုပ်ဆောင်ပေးကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်း
မေလ၁၈ရက်
ဘေးဒုက္ခပေါင်းစုံခံစားနေရတဲ့ မြန်မာပြည်သူတွေအတွက် နိုင်ငံတကာအနေနဲ့ ကူညီပံ့ပိုးမှုတွေ လုပ်ဆောင်ပေးကြဖို့ မေလအတွင်းကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၁၉/၂၀၂၃ တွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောကြားခဲ့ပါတယ်။
"သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စတွေအတွက် ကျွန်တော်တို့ ပြည်တွင်းအားတွေ စုစည်းပြီး အကောင်းဆုံး ပူးပေါင်း ဆောင်ရွက် ကြတယ်ဆိုရင်တောင် နိုင်ငံတကာရဲ့ ပံ့ပိုးကူညီဆောင်ရွက်မှု မရရှိဘူးဆိုရင် ထိထိရောက်ရောက် ကူညီကယ်ဆယ်နိုင်ရေး လုပ်နိုင်ဖို့ဆိုတာ ခက်ခဲမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် မေလ ၁၄ ရက်နေ့ကလည်း ကျွန်တော်တို့ရဲ့ အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးကော်မတီနဲ့ ပူးပေါင်းပြီး မုန်တိုင်းကြောင့် ထိခိုက်နစ်နာမယ့် ပြည်သူတွေကို အထိရောက်ဆုံး အကူအညီပေးနိုင်ဖို့ နိုင်ငံတကာအဖွဲ့အစည်းများကို အရေးပေါ် အကူအညီ တောင်းခဲ့ကြတာ ဖြစ်ပါတယ်။ လူကြောင့်ဖြစ်တဲ့ ဘေးဒုက္ခရော၊ သဘာဝကြောင့် ဖြစ်တဲ့ ဘေးဒုက္ခရော ခံစားနေရတဲ့ ကျွန်တော်တို့ ပြည်သူတွေအတွက် နိုင်ငံတကာအနေနဲ့ ကူညီပံ့ပိုးမှုတွေ လုပ်ဆောင်ပေးကြဖို့ ဒီနေရာကနေ ထပ်မံတိုက်တွန်းလိုပါတယ်"လို့ဆိုပါတယ်။
မြန်မာနိူင်ငံမှာကယ်ဆယ်ရေးလှုပ်ရှားမှုများကို ကူညီပံ့ပိုးရန် ကနဦးအနေဖြင့် အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀ ကို အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတဆင့် အမေရိကန်ပြည်ထောင်စုက ပေးအပ်သွားမယ်လို့လည်းသတင်းရရှိပါတယ်။
========================
📌📌 ၂။ ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် သေဆုံးသူဦးရေနှင့် ထိခိုက်ပျက်စီးမှုစာရင်း NUG ထုတ်ပြန်
မေ ၁၇ ရက်
ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် သေဆုံးသူဦးရေနှင့် ထိခိုက်ပျက်စီးမှုစာရင်းကို မေလ၁၇ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူသားချင်းစာနာထောက်ရေးနှင့် ဘေးအန္တရယ်ဆိုင်ရာစီမံဝန်ကြီးဌာနကဖော်ပြပါတယ်။ မေလ၁၇ရက်နေ့အထိ စာရင်းများအရ မိုခါ မုန်တိုင်းကြောင့်သေဆုံးသူ ၄၅၅ဦးရှိပြီး ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းမှာ သေဆုံးမှုတို့များပြားခဲ့ပါတယ်။
ထိခိုက်ပျက်စီးမှုတွင်မြို့နယ်ပေါင်း၃၂မြို့နယ်ထိခိုက်ပျက်စီးမှုတို့ရှိခဲ့ပြီး အဆောက်အအုံ (၁၅၆၈)လုံး၊ လမ်း၊တံတားမီးတိုင် (၃၄ခု)၊ စိုက်ပျိုးမြေ(၄၂,၅၁၇) တို့ပျက်စီးခဲ့ပါတယ်။ လက်ရှိမှာ လူသားစာနာထောက်ပံ့မှုများအတွက် ကနဦးထောက်ပံ့ငွေကျပ် ၆၄၀၅၇၀၀၀တို့ကို ထောက်ပံ့သုံးစွဲ ပြီးဖြစ်ပါတယ်။
========================
📌📌 ၃။ ဖားကန့်မြို့နယ်မှာ စကစတပ်များဟာ ရွာများကိုဝင်၍ အရပ်သားအိမ်များထံက ရွှေငွေများ သေနတ်ထောက်သိမ်းယူနေတယ်လို့ဆို
မေလ၁၈ရက်
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ စကစတပ်များဟာ ရွာများကိုဝင်၍ အရပ်သားအိမ်များထံက ရွှေငွေများ သေနတ်ထောက်သိမ်းယူနေတယ်လို့ မေလ၁၈ရက်မှာ ဖားကန့်အဖြစ်အပျက်ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က အခုလိုဆိုထားပါတယ်။
"ဖါးကန့်မှာတော့ စကစ တွေ ဒမြလုံးလုံး ဖြစ်နေပြီ။တွေ့တဲ့ရွာတိုင်း တအိမ်မကျန် ရွှေငွေ သေနတ်ထောက် သိမ်းယူနေကြလို့ ပြည်သူတွေ ညတိုင်း ရင်သမမ ဖြစ်နေကြရတယ်။လမ်းမပေါ်မှာ ညစဉ် လူသတ်ထားတဲ့အလောင်းတွေ့လာရတာလည်း ကြာနေပြီ။ လမ်းမပေါ် ဘယ်နေရာကဖမ်းလာမှန်းမသိတဲ့ လူငယ်လူလတ်တွေကိုနှိပ်စက်ပြီး ရိုက်နက်သတ်ဖြတ်နေတာ ပတ်ဝန်းကျင်က ကြားနေ မြင်နေသော်လည်း ဘယ်သူမှ ထွက်မကြည့်ရဲတဲ့ အဖြစ်ပါ"လို့ဆိုပါတယ်။
အဆိုပါဖြစ်ရပ်များကို KIA, NUG အပါ အဝင် တော်လှန်ရေးအင်အားစုများက ရပ်တန့်ရန်ကြိုးစားနေပြီး စကစက အရပ်သားများအပေါ် ရာဇဝတ်မှုကျူးလွန်ရာတွင် ၄င်းတို့ထိန်းချုပ်နယ်မြေများက ရွာများမှာကျူးလွန်လေ့ရှိတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၄။ မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများအပါအဝင်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ကေအိုင်အို၊ MNDAAတို့က ထောက်ပံ့ငွေများပေးပို့လှူဒါန်း
မေလ၁၈ရက်
မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများအပါအဝင်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်အမျိုးသားညီညွတ်ရေးအစိုးရနဲ့ကေအိုင်အို၊ MNDAAတို့က ထောက်ပံ့ငွေများပေးပို့လှူဒါန်းခဲ့တယ်လို့ ရခိုင့်တပ်တော် AAကအသိပေးဖော်ပြပါတယ်။ မေလ၁၄ရက်နေ့ တိုက်ခတ်ခဲ့သော ဆိုက်ကလုန်းမုန်တိုင်းမိုခါကြောင့် ရခိုင်ပြည်နယ်မှာ ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ခဲ့တယ်လို့သိရပါတယ်။
အဆိုပါ မိုခါမုန်တိုင်းတိုက်ခတ်၍ ရခိုင်ပြည်နယ်တွင် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် အမျိုးသားညီညွတ်ရေးအစိုးရက ကျပ်သိန်းတစ်ထောင်၊ ကေအိုင်အိုမှ ကျပ်သိန်းသုံးထောင်၊မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ/ မြန်မာအမျိုးသားဒီမိုကရကတစ်မဟာမိတ်တပ်မတော် (MNTJP/ MNDAA)က ကျပ်သိန်းတစ်ထောင်ပေးအပ်လှူဒါန်းခဲ့ပါတယ်။
အဆိုပါလှူဒါန်းထောက်ပံ့မှုများအတွက် ရခိုင့်တပ်တော်AAကမုန်တိုင်းကယ်ဆယ်ရေးအလှူငွေပေးအပ်မှုသည့်အဖွဲ့အစည်းများကိုကျေးဇူးတင်လွှာပြန်လည်ပေးအပ်ခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၅။ မြောင်မြို့နယ် ပန်းညိုကျေးရွာမှ အရပ်သားနေအိမ်ပေါ်သို့ စကစတပ်များက ဒရုန်းနဲ့ဗုံးကြဲချ
မေလ၁၈
စစ်ကိုင်းတိုင်း၊မြောင်မြို့နယ် ပန်းညိုကျေးရွာမှ အရပ်သားနေအိမ်ပေါ်သို့ စကစတပ်များက ဒရုန်းနဲ့ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်းကို မေလ၁၇ရက် မနက်ပိုင်းမှာ အရပ်သားနေအိမ်များကို စကစက တိုက်ခိုက်ခဲ့တာလို့ CDSOMတပ်ဖွဲ့ က ဆိုပါတယ်။
"မြောင်မြို့နယ် ပန်းညိုကျေးရွာမှ ပြည်သူ့နေအိမ်ပေါ်သို့ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှ စခများဟာ ၄လုံးတွဲအီနာဂါများချိတ်ဆွဲကာ ဒရုန်းဖြင့်လာချရာ နေအိမ်ခေါင်မိုး၊အိပ်ယာများနှင့် ဘေးအကာအရံများပျက်ဆီးသွားခဲ့ပါတယ်။ လူတွေကတော့ ဘေးရောက်နေချိန်ဖြစ်၍ အထိအခိုက်မရှိခဲ့ဘူး"လို့ဆိုပါတယ်။
ယခင်ကလည်း ဧရာဝတီမြစ်နံဘေးရှိကျေးရွာများပေါ်သို့ မကြာခဏဒရုန်းဖြင့်လာချရာ ပြည်သူထိခိုက်သေဆုံးမှုများရှိခဲ့ပါတယ်။
========================
📌📌 ၆။ စစ်ကိုင်းတိုင်း ကနီ၊ယင်းမာပင်မြို့နယ်တို့မှာ ခုနစ်ရက်တာတိုက်ပွဲအတွင်း စကစဘက်ကအယောက် ၆၀နှင့်အထက် သေဆုံး
မေလ၁၈ရက်
စစ်ကိုင်းတိုင်း ကနီ၊ယင်းမာပင်မြို့နယ်တို့မှာ ခုနစ်ရက်တာတိုက်ပွဲအတွင်း စကစဘက်ကအယောက် ၆၀နှင့်အထက် သေဆုံးခဲ့တယ်လို့ မေလ၁၈ရက်မှာ စစ်ရေးသတင်းကို KLG PDFကအတည်ပြုဆိုပါတယ်။
"မေလ၁၁ရက်မှ ၁၇ရက်ရက်အထိတိုက်ပွဲကြာချိန်ခုနစ်ရက်အတွင်း စကစများဘက်မှ ၆၀ နှင့်အထက် သေဆုံးပြီး၃၀နှင့်အထက်ထိခိုက်ဒဏ်ရာရရှိမှုများအောင် တိုက်ခိုက်နိူင်ခဲ့ပါတယ်။တိုက်ပွဲအတွင်း မဟာမိတ်ညီနောင်များဘက်မှ ရဲဘော်သုံးဦး တိုင်းပြည်အတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ရပါတယ်"လို့ဆိုပါတယ်။
ထိုစစ်ဆင်ရေးတွင်KLG PDF၊ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး၊နဂါးညီနောင်အဖွဲ့၊ ယင်းမာပင်PDAအပါအဝင် ကာကွယ်ရေးတပ်ဖွဲ့ပေါင်း ၂၀နီးပါး စုပေါင်းတိုက်ခိုက်ခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment