၂၀၂၃ မေလ ၂၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပြည်သူတွေအားလုံးအတွက် အောင်မြင်မှုတွေဟာ လက်တစ်ကမ်းမှာ ရှိနေပြီလို့ ဝန်ကြီးချုပ်ပြောကြား
📌 ၂။ စစ်ကိုင်းနဲ့ တနင်္သာရီကို အပြည့်အဝထိန်းချုပ်နိူင်ပါက အိမ်နီးချင်းနိူင်ငံများ ဆက်ဆံရေးတိုးလာဖွယ်ရှိတယ်လို့ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်ပြောကြား
📌 ၃။ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကနေကာကွယ်နိုင်ဖို့ နဲ့အရေးပေါ်ပုန်းခိုနိုင်ဖို့ မဖြစ်မနေ ဗုံးခိုကျင်းတူးထားဖို့ NUG တိုက်တွန်း
📌 ၄။ စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းအတွင်းရှိ လူဦးရေ (၂၄၀,၀၀၀)ကျော်မှာလည်း အမိုးအကာနှင့် အရေးပေါ်စားနပ်ရိက္ခာများလိုအပ်လျက်ရှိ
📌 ၅။ မိုခါမုန်တိုင်းကြောင့် ဆားလင်းကြီးမြို့နယ်အတွင်း ကျေးရွာ (၁၅)ရွာတွင် မုန်တိုင်းဒဏ်နှင့်ရေဘေးကြုံတွေ့ခဲ့ရ
📌 ၆။ ကျိုက်ထီးရိုးဘုရားတောင်ခြေရှိ ကင်မွန်းချောင်ကျေးရွာနှင့် ဆောင်နိုင်ကြီးကျေးရွာသို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းအား စကစတပ်များက ဖျက်ဆီး
📌 ၇။ G7 နိုင်ငံများ ထိပ်သီးညီလာခံအနီး ဂျပန်ရောက် မြန်မာပြည်သူအင်အား ၁၀၀ ခန့်ဖြင့် တောင်းဆိုဆန္ဒပြ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပြည်သူတွေအားလုံးအတွက် အောင်မြင်မှုတွေဟာ လက်တစ်ကမ်းမှာ ရှိနေပြီလို့ ဝန်ကြီးချုပ်ပြောကြား
မေလ၂၀ရက်
မေလ၁၉ရက်တွင် ကျင်းပပြုလုပ်တဲ့ ကြားကာလ/ဗဟိုကော်မတီ နှင့် မိုခါမုန်တိုင်းသင့်မြို့နယ်များ တွေ့ဆုံပွဲတွင် ပြည်သူတွေအားလုံးအတွက် အောင်မြင်မှုတွေဟာ လက်တစ်ကမ်းမှာ ရှိနေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့မှာ အမြဲတမ်း ကျွန်တော်တို့ ရှိပါတယ်။ မတရားအာဏာလုထားတဲ့ အကြမ်းဖက် စစ်တပ်ကို ဒီလို စိတ်ဓာတ်တွေနဲ့ ရင်ဆိုင်လာတာ ၂ နှစ်ကျော် ရှိခဲ့ပါပြီ။ ကျွန်တော်တို့ နိုင်ငံက ပြည်သူတွေရဲ့ ဇွဲသတ္တိဟာ ကမ္ဘာ့သမိုင်းမှာ မှတ်တမ်းတင်စရာလည်း ဖြစ်ခဲ့ပါပြီ။ ရှေ့ဆက်ပြီးလည်း ဘယ်လို ဘေးဒုက္ခမျိုးကိုမဆို စုပေါင်းအင်အားနဲ့ တက်ညီလက်ညီ ဆက်လက် ကျော်ဖြတ် ကြရအောင်ပါ။ လူကပေးတဲ့ ဘေးဒုက္ခ၊ သဘာဝက ပေးတဲ့ ဘေးဒုက္ခတွေကို ဒီလို ခိုင်မာတဲ့ စိတ်ဓာတ်တွေနဲ့ ရင်ဆိုင်ကျော်ဖြတ်နေကြတဲ့ ကျွန်တော်တို့အားလုံးအတွက် အောင်မြင်မှုတွေဟာ လက်တစ်ကမ်းမှာ ရှိနေပြီဆိုတာကို ပြောကြားလိုပါတယ်"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။
လက်ရှိမှာ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးနွေဦးတော်လှန်ရေးဟာ နှစ်နှစ်တာကာလကိုလွန်မြောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာလည်း စစ်ရေးအရှိန်ကိုမြှင့်တင်လျက်ရှိပါတယ်။
========================
📌📌 ၂။ စစ်ကိုင်းနဲ့ တနင်္သာရီကို အပြည့်အဝထိန်းချုပ်နိူင်ပါက အိမ်နီးချင်းနိူင်ငံများ ဆက်ဆံရေးတိုးလာဖွယ်ရှိတယ်လို့ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်ပြောကြား
မေလ၂၀ရက်
စစ်ကိုင်းနဲ့ တနင်္သာရီကို အပြည့်အဝထိန်းချုပ်နိူင်ပါက အိမ်နီးချင်းနိူင်ငံများ ဆက်ဆံရေးတိုးလာဖွယ်ရှိတယ်လို့ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်က မေလအတွင်းမှာ သုံးသပ်ပြောကြားထားပါတယ်။
"ရွေ့နေရင် တဖြည်းဖြည်း အဟုန်ရလာပါလိမ့်မယ်။ဘွန်း၊ ထီ၊ မြေ၊ တိုက်ခန်း နဲ့ ပီဒီအက်ဖ် ထောက်ပို့အားလုံးရဲ့ကြိုးပမ်းမှုပါပဲ။မပြောလဲ သိကြမှာပဲ။ စစ်ကိုင်းနဲ့ တနင်္သာရီ အပီကိုင်နိုင်ရင် အိမ်နီးချင်း တွေ ခေါင်းစောင်းငဲ့ကြည့်ကျပါလိမ့်မယ်"လို့ဆိုပါတယ်။
လက်ရှိမှာ အိမ်နီးချင်းနိူင်ငံဖြစ်သည့် တရုတ်နဲ့ထိုင်း စတဲ့နိူင်ငံများဟာ စကစနဲ့ စီးပွားရေး၊ နိူင်ငံရေးဆက်ဆံမှုများပြုလုပ်လျက်ရှိပါတယ်။
========================
📌📌 ၃။ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကနေကာကွယ်နိုင်ဖို့ နဲ့အရေးပေါ်ပုန်းခိုနိုင်ဖို့ မဖြစ်မနေ ဗုံးခိုကျင်းတူးထားဖို့ NUG တိုက်တွန်း
မေလ၂၀
လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကနေ ကာကွယ်နိုင်ဖို့နဲ့ အရေးပေါ်ပုန်းခိုနိုင်ဖို့ မဖြစ်မနေ ဗုံးခိုကျင်းတူးထားဖို့ NUG အစိုးရက တိုက်တွန်းလိုက်ကြောင်းကို မေလ၂၀ရက်မှာ MOHADM က အသိပညာပေးဆိုထားပါတယ်။
"အကြမ်းဖက်စစ်တပ်ဟာ မြေပြင်မှာ ပြည်သူ့ခုခံစစ်တွေကို ကျရှုံးလျက်ရှိတာကြောင့် လေကြောင်းတိုက်ခိုက်မှုနဲ့ ပြည်သူတွေကို ဖိနှိပ်ဖို့ ကြိုးစားနေပါတယ်။စစ်ကောင်စီဟာ လက်နက်မဲ့ပြည်သူတွေကို ရန်သူလို သဘောထားပြီး အများပြည်သူနဲ့ သက်ဆိုင်တဲ့ စာသင်ကျောင်း၊ အိမ်တွေကိုပါ လေကြောင်းပစ်မှတ်ထား တိုက်ခိုက်နေတာပါ။ပြည်သူတွေအနေနဲ့ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကနေမိမိ ကိုယ်ကို ကာကွယ်နိုင်ဖို့ အရေးပေါ်ပုန်းခိုနိုင်ဖို့ မဖြစ်မနေ ဗုံးခိုကျင်းတူးထားဖို့ တိုက်တွန်းလိုပါတယ်"လို့ဆိုထားပါတယ်။
လက်ရှိမှာ လူသားစာနာဝန်ကြီးဌာနက ရန်ပုံငွေကျပ် (၁၁၉)သန်းခန့် အသုံးပြု၍ ကြားကာလ ပညာရေးဖော်ဆောင်နေသာ စာသင်ကျောင်းများတွင် ဗုံးခိုကျင်း (၇၉၈)ကျင်း တူးဖော်ပေးခဲ့ပြီး ဖြစ်ပါတယ်။
========================
📌📌 ၄။ စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းအတွင်းရှိ လူဦးရေ (၂၄၀,၀၀၀)ကျော်မှာလည်း အမိုးအကာနှင့် အရေးပေါ်စားနပ်ရိက္ခာများလိုအပ်လျက်ရှိ
မေလ၂၀ရက်
မေလ၁၉ရက်ကျင်းပတဲ့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်မြိုနယ်တာဝန်ခံများပေါင်းစပ်ညှိနှိုင်းမှုအစည်းအဝေးမှတဆင့်အခုလို သတင်းရရှိခဲ့ပါတယ်။
"မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့်စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်း(၄)မြို့နယ်၌ စိုက်ပျိုးသီးနှံ (စပါး၊ ပဲတီစိမ်း၊ မတ်ပဲနှင့်နှမ်း) ဧကပေါင်း (၄၂,၅၂၇)ဧက ရေလွှမ်းပျက်စီးဆုံးရှုံးခဲ့ရပြီး စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းအတွင်းရှိ(၉) မြို့နယ် ၌ တိရိစ္ဆာန် (ကျွဲ၊နွား၊ သိုး၊ ဆိတ်) အကောင်ရေ (၂,၃၄၆) ကောင်ထိခိုက်သေဆုံးခဲ့တယ်"လို့သိရပါတယ်။
စစ်ကိုင်းတိုင်း (၁၃)မြို့နယ်တွင်နေအိမ်(၄၉)လုံးနှင့် မကွေးတိုင်း(၁၁) မြို့နယ်တွင်နေအိမ် (၉၁)လုံး အမိုးလန်ပြိုကျပျက်စီးခဲ့ကာ စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်း အတွင်းရှိလူဦးရေ (၂၄၅,၉၅၁)ဦးမှာလည်း အမိုးအကာနှင့် အရေးပေါ်စားနပ်ရိက္ခာလိုအပ်လျက်ရှိကြောင်းသိရှိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မေလ ၁၉ရက်နေ့အထိ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ဒေသများဖြစ်သည့်ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ဘင်္ဂလားဒေ့ရှ်(ကော့ပဇား-ရိုဟင်ဂျာဒုက္ခသည်စခန်း)၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရန်ကုန်တိုင်းတို့ရှိ မုန်တိုင်းသင့်ပြည်သူများအား လူသားချင်းစာနာမှုဆိုင်ရာကိစ္စရပ်များအတွက် ငွေကျပ် (၈၄,၈၅၇,၀၀၀)ကျပ်ထောက်ပံ့ပြီးဖြစ်ရာ မကွေးတိုင်း နှင့်စစ်ကိုင်းတိုင်းတို့အတွက် ငွေကျပ် (၃၅,၁၅၇,၀၀)ကျပ်ကို ထောက်ပံ့နိုင်ခဲ့ပါတယ်။
အစည်းအဝေးသို့ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုဗဟိုကော်မတီ၊ ဥက္ကဌ ပြည်ထောင်စုဝန်ကြီးချုပ်၊ မန်းဝင်းခိုင်သန်းအပါအဝင် ကော်မတီအဖွဲ့ဝင် ဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ အတွင်းဝန်များ၊ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်မြေပြင်တာဝန်ခံများ တတ်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၅။ မိုခါမုန်တိုင်းကြောင့် ဆားလင်းကြီးမြို့နယ်အတွင်း ကျေးရွာ (၁၅)ရွာတွင် မုန်တိုင်းဒဏ်နှင့်ရေဘေးကြုံတွေ့ခဲ့ရ
မေလ၂၀
မိုခါမုန်တိုင်းကြောင့်ဆားလင်းကြီးမြို့နယ်အတွင်းကျေးရွာ (၁၅)ရွာမုန်တိုင်းဒဏ်နှင့်ရေဘေးကြုံတွေ့နေရကြောင်းကို မေလ၂၀ရက်မှာ ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးဆိုပါတယ်။
မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ဆားလင်းကြီးမြို့နယ်တောင်ယမားချောင်းဘက်တွင်ကျေးရွာ(၁၂)ရွာ၊မြောက်ယမားချောင်းဘက်တွင်ကျေးရွာ(၃)ရွာ စုစုပေါင်းဆားလင်းကြီးမြို့နယ်အတွင်းကျေးရွာ (၁၅)ရွာမုန်တိုင်းဒဏ်နှင့်ရေဘေးကြုံတွေ့ခဲ့ရပါတယ်လို့ဆိုပါတယ်။
ပျက်စီးဆုံးရှုံးမှုစာရင်းကိုမြို့နယ်ပအဖအနေဖြင့်ကွင်းဆင်းကောက်ယူလျက်ရှိပြီး လိုအပ်သည်များကိုကူညီထောက်ပံ့ပေးနေတယ်လို့လည်း သတင်းရရှိပါတယ်။
========================
📌📌 ၆။ ကျိုက်ထီးရိုးဘုရားတောင်ခြေရှိ ကင်မွန်းချောင်ကျေးရွာနှင့် ဆောင်နိုင်ကြီးကျေးရွာသို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းအား စကစတပ်များက ဖျက်ဆီး
မေလ၂၀ရက်
ကျိုက်ထီးရိုးဘုရားတောင်ခြေရှိ ကင်မွန်းချောင်ကျေးရွာနှင့် ဆောင်နိုင်ကြီးကျေးရွာသို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းအား စကစတပ်များက ဖျက်ဆီးခဲ့ပါတယ်။
မေလ၁၉ရက်ည ၇ နာရီခန့်တွင် အကြမ်းဖက်စစ်တပ်မှ ဘက်ဟိုးများဖြင့် လာရောက်ဖျက်ဆီးသွားကြောင်း တော်လှန်ရေးအင်အားစုများထံကသိရပါတယ်။
မေလ၁၉ရက်ညနေ ၅ နာရီခွဲခန့်အချိန်တွင် အကြမ်းဖက်စစ်တပ်သည် လက်နက်ကြီးတစ်ချက် ဆောင်နိုင်ကြီးဘက်သို့ ပစ်တင်ပြီး ည ၇ နာရီလောက်တွင် ဘက်ဟိုးများဖြင့် လမ်းကို ဖျက်ဆီးသွားခဲ့ပြီးလမ်းရဲ့အနက်သည် ၆ ပေခန့်ရှိခဲ့ပါတယ်။
ကျေးရွာချင်းဆက်လမ်းအား ဖျက်ဆီးသွားသည့်အတွက် ရွာသားများ ကား၊ ဆိုင်ကယ် သုံးပြု၍ မရတော့ကြောင်းသိရပါတယ်။
========================
📌📌 ၇။ G7 နိုင်ငံများ ထိပ်သီးညီလာခံအနီး ဂျပန်ရောက် မြန်မာပြည်သူအင်အား ၁၀၀ ခန့်ဖြင့် တောင်းဆိုဆန္ဒပြ
မေလ၂၀
G7 နိုင်ငံများ ထိပ်သီးညီလာခံ အနီးဂျပန်ရောက် မြန်မာပြည်သူအင်အား ၁၀၀ ခန့်ဖြင့် တောင်းဆိုဆန္ဒပြခဲ့ကြောင်းကို မေလ၁၉ရက်မှာ ဂျပန်ရောက်မြန်မာပြည်သူများက ဦးဆောင်ခဲ့တယ်လို့သတင်းရရှိပါတယ်။
ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ ယနေ့ စတင်ကျင်းပတဲ့ G7 နိုင်ငံများ ထိပ်သီးညီလာခံ အနီးသို့ဂျပန်ရောက် မြန်မာပြည်သူအင်အား ၁၀၀ ခန့်ဖြင့် တောင်းဆိုဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။
G7 နိုင်ငံများ ထိပ်သီးညီလာခံကိုမေလ၁၉ရက်မှ ၂၁ရက်အထိ ကျင်းပမှာဖြစ်ပြီးတော့ မြန်မာ့အရေးလည်းပါဝင်ဆွေးနွေးနိူင်ဖွယ်ရှိနေပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment