၂၀၂၃ မေလ ၂၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ကြားကာလအုပ်ချုပ်ရေးယန္တရားကို ထူထောင်ပြီး စစ်ကောင်စီ ၏ အုပ်ချုပ်ရေးအာဏာ အဆုံးသတ်ရန် ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရမှ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးနှင့် ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်တို့ ကယ်လီဖိုးနီးယားပြည်နယ်ရှိ မြန်မာမိသားစုများအပါအဝင် ပြည်နယ်လွှတ်တော်အမတ်များနှင့်ပါတွေ့ဆုံ
📌 ၃။ အင်းတော်မြို့နယ် အနောက်ဖက်ခြမ်းရှိ နန့်သာအောင်းကုန်းဘုန်းတော်ကြီးကျောင်းမှာ တပ်စွဲထားသော စစ်ကောင်စီအရာရှိများပျော်ပါးရန်အတွက် မိန်းကလေးငယ် ၅ ယောက်အား ကျေးရွာမှ နေ့စဥ်ပေးပို့ရတဲ့ဖြစ်စဥ်ရှိခဲ့
📌 ၄။ သပိတ်ကျင်းမြို့နယ် ဆူးတောကျေးရွာကို မီးရှို့ပြီးပြန်လာသောစကစ တပ်များအပြည့်ပါ ဖောကား(၂)စီးကို ဖောက်ခွဲတိုက်ခိုက်
📌 ၅။ ရွှေဘို ခင်ဦး မြစ်ကြီးနားလမ်းဆုံတွင် တော်လှန်ရေးအင်အားစုများမှ မိုင်းဆွဲတိုက်ခိုက်ခဲ့၍ စကစဘက်ကလေးဦးသေဆုံး
📌 ၆။ သရုပ်ဆောင် ဒေါင်း ပါဝင်သရုပ်ဆောင်ထားသည့် ထိုင်းဇာတ်လမ်းတွဲ ဆုနှစ်ဆု ရရှိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ကြားကာလအုပ်ချုပ်ရေးယန္တရားကို ထူထောင်ပြီး စစ်ကောင်စီ ၏ အုပ်ချုပ်ရေးအာဏာ အဆုံးသတ်ရန် ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
မေလ၂၆ရက်
မေလ၂၅ရက် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်(၂၁/၂၀၂၃)ကျင်းပရာမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ကြားကာလအုပ်ချုပ်ရေးယန္တရားကို ထူထောင်ပြီး စစ်ကောင်စီ ၏ အုပ်ချုပ်ရေးအာဏာ အဆုံးသတ်ရန် ထည့်သွင်းပြောကြားခဲ့ပါတယ်။
"ကြားကာလအုပ်ချုပ်ရေးယန္တရားကို ထူထောင်ပြီး စစ်ကောင်စီ ၏ အုပ်ချုပ်ရေးအာဏာ အဆုံးသတ်ရန်၊ NUGအစိုးရ၏ အုပ်ချုပ်မှုအာဏာ သက်ရောက်စေဖို့ ပြည်သူလူထု၊ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးဖို့၊ တရားမျှတမှုတွေ ပြန်လည်ဖော်ဆောင်ရန်၊ လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေ ပြည်သူတွေဆီ ချောချောမွေ့မွေ့ရောက်ရှိနိုင်ရေးအတွက်ရည်ရွည်ချက်တွေနဲ့လုပ်ဆောင်နေသည်ဖြစ်၍ကောင်းမွန်သည့် ရည်ရွယ်ချက်တွေကို စုပေါင်းအင်အားများနှင့် ဆက်လက် အကောင် အထည်ဖော်ဆောင်ရွက်ပေးကြရန်"ဝန်ကြီးချုပ်ကဆိုပါတယ်။
ထို့အပြင် လက်ရှိ စိုးမိုးထိန်း ချုပ်သည့်နေရာများတွင် အုပ်ချုပ်ရေး၊ ကာကွယ်ရေးအဖွဲ့များမှ ဆက်သွယ်ရေး မပြတ် အချိတ်အဆက်မိရန် အားထုတ်ကြရမည်ဖြစ်သလို၊ စစ်ကြောင်း၊ လေကြောင်း သတင်းများကို ရပ်ရွာအဆင့်အထိ အချိန်မီပေးနိုင်ရန်၊ ပြည်သူတွေ စိတ်ချ အားကိုးသည့် အချက်အလက် ထုတ်ပြန်ရေးစနစ်များ ရှိနေရန် ဝန်ကြီးချုပ်ကဆိုခဲ့ပါတယ်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရမှ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးနှင့် ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်တို့ ကယ်လီဖိုးနီးယားပြည်နယ်ရှိ မြန်မာမိသားစုများအပါအဝင် ပြည်နယ်လွှတ်တော်အမတ်များနှင့်ပါတွေ့ဆုံ
မေလ၂၆
အမျိုးသားညီညွတ်ရေး အစိုးရမှ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးနှင့် ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်တို့သည် အမေရိကန်နိူင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ မြန်မာမိသားစုများအပါအဝင် ပြည်နယ်လွှတ်တော်အမတ်များနဲ့ပါတွေ့ဆုံခဲ့တယ်လို့သတင်းရရှိပါတယ်။
အမေရိကန်နိူင်ငံကို အလုပ်သဘောခရီးစဥ်အဖြစ်ရောက်ရှိနေတဲ့ ပြည်ထောင်စုဝန်ကြီးနှစ်ဦးဟာ မေလ၂၄ရက်နဲ့၂၅ရက်နေ့များမှာ တွေ့ဆုံမှုများ လုပ်ဆောင်ခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးမှ ပညာရေးနဲ့ကျန်းမာရေးဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုး နှင့် ဆက်သွယ်ရေး သတင်းအချက်အလက်နဲ့နည်းပညာဝန်ကြီး ဦးထင်လင်းအောင်တို့ သည် ၂၀၂၃ ခုနှစ် မေလ ၂၄ ရက်နေ့တွင် ကယ်လီဖိုးနီးယားပြည်နယ်မြို့တော် စက်ကရက်မက်တို မြို့သို့ရောက်ရှိပြီး Sacramento နှင့် Central Valley တစ်ဝိုက်ရှိမြန်မာမိသားစုများ နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကြရာ ပရိသတ် ၁၀၀ ခန့်တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
တွေ့ဆုံပွဲမှာ မြန်မာမိသားစုများမှ မြန်မာပြည်သူပြည်သားများ၏ ကျန်းမာရေး၊ ပညာရေး၊ ဆက်သွယ်ရေး၊ သတင်း နှင့် နည်းပညာ ဖွံ့ဖြိုးရေးတို့အတွက် အမေရိကန်ဒေါ်လာ ၃ သောင်းကျော်ကို လှူဒါန်းခဲ့ကြပါတယ်။
ထို့နောက် မေလ ၂၅ ရက်နေ့ နံနက်တွင်ပြာ်ထောင်စုဝန်ကြီးများသည် ကယ်လီဖိုးနီးယားပြည်နယ်လွှတ်တော် သို့ရောက်ရှိရာ၊ ပြည်နယ်ဆီးနိတ်လွှတ်တော်အမတ်များမှလွှတ်တော် အစည်းအဝေးမစတင်မီ အမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီးများအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ကာ မွန်းလွဲပိုင်းတွင် Senator Benjamin J Allen နှင့် မြန်မာပြည်ရေးရာကိစ္စရပ်များ သီးခြားဆွေးနွေးကြကြောင်းသိရှိရပါတယ်။
========================
📌📌 ၃။ အင်းတော်မြို့နယ် အနောက်ဖက်ခြမ်းရှိ နန့်သာအောင်းကုန်းဘုန်းတော်ကြီးကျောင်းမှာ တပ်စွဲထားသော စစ်ကောင်စီအရာရှိများပျော်ပါးရန်အတွက် မိန်းကလေးငယ် ၅ ယောက်အား ကျေးရွာမှ နေ့စဥ်ပေးပို့ရတဲ့ဖြစ်စဥ်ရှိခဲ့
မေလ၂၆
စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ် အနောက်ဖက်ခြမ်းရှိ နန့်သာအောင်းကုန်းဘုန်းတော်ကြီးကျောင်းမှာ တပ်စွဲထားသော စစ်ကောင်စီအရာရှိများပျော်ပါးရန်အတွက် မိန်းကလေးငယ် ၅ ယောက်အား ကျေးရွာမှ နေ့စဥ်ပေးပို့ရတဲ့ဖြစ်စဥ်ရှိခဲ့တယ်လို့ မေလအတွင်းမှာ NothernABSDF စစ်ကြောင်းက အသိပေးရှင်းလင်း ပြောကြားထားပါတယ်။
"အင်းတော်မြို့နယ် အနောက်ဖက်ခြမ်းရှိ နန့်သာအောင်းကုန်းဘုန်းတော်ကြီးကျောင်း၌ တပ်စွဲထားသော စစ်ကောင်စီအရာရှိများပျော်ပါးရန်အတွက် မိန်းကလေးငယ် ၅ ယောက်အား ကျေးရွာမှ နေ့စဥ်ပေးပို့နေရကြောင်း သိရပါတယ်။ ကျေးရွာသားများမှာ ရွာအား အန္တရာယ်ပြုမည်စိုးရိမ်သဖြင့် ယခုဖြစ်ရပ်အား မတိုင်တန်းရဲပဲ ကြိတ်မှိတ်ခံစားနေရသည်ကို မကြည့်ရက်သဖြင့် ဖရဲသီးတယောက်မှ တိုင်ကြားလာသည့်အတွက် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့်အရှက်တရား၊ဂုဏ်သိက္ခာတို့ကိုကာကွယ်ပေးရန်အတွက် မိမိတို့ABSDFစစ်ကြောင်းမှမဟာမိတ်ညီနောင်များနဲ့ပူးပေါင်းကာ သွားရောက်လှုပ်ရှားခဲ့ရခြင်းဖြစ်ပါတယ်"လို့ဆိုပါတယ်။
အဆိုပါဖြစ်စဥ်အတွက်အင်းတော်မြို့နယ်ဖက်သို့ NothernABSDF စစ်ကြောင်းသွားရောက်ပြီး ရှောင်တခင် စစ်ရေးလှုပ်ရှားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။
========================
📌📌 ၄။ သပိတ်ကျင်းမြို့နယ် ဆူးတောကျေးရွာကို မီးရှို့ပြီးပြန်လာသောစကစ တပ်များအပြည့်ပါ ဖောကား(၂)စီးကို ဖောက်ခွဲတိုက်ခိုက်
မေလ၂၆
သပိတ်ကျင်းမြို့နယ် ဆူးတောကျေးရွာကို မီးရှို့ပြီးပြန်လာသောစကစ တပ်များ အပြည့်ပါဖောကား(၂)စီးကို ဖောက်ခွဲတိုက်ခိုက်ခံရတယ်လို့ မေလ၂၆ရက်မှာ စစ်ရေးသတင်းကိုပြည်သူ့ကာကွယ်ရေးအဖွဲ့-ကြာညှပ်ကဆိုပါတယ်။
"မေလ၂၄ရက်ဆူးတောကျေးရွာကို မီးရှို့ပြီးပြန်လာသောစကစ အပြည့်ပါဖောကား(၂)စီးကို တွင်းငယ်ရွာအနီးတွင်း စောင့်ကြိုဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
တိုက်ခိုက်မှုတွင်စကစများသေဆုံးထိခိုက်မှု့ရှိနိုင်ပြီး ကာကွယ်ရေးတပ်များ ဘေးကင်းကြောင်းသိရပါတယ်။
========================
📌📌 ၅။ ရွှေဘို ခင်ဦး မြစ်ကြီးနားလမ်းဆုံတွင် တော်လှန်ရေးအင်အားစုများမှ မိုင်းဆွဲတိုက်ခိုက်ခဲ့၍ စကစဘက်ကလေးဦးသေဆုံး
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ရွှေဘို ခင်ဦး မြစ်ကြီးနားလမ်းဆုံတွင် တော်လှန်ရေးအင်အားစုများမှ မိုင်းဆွဲတိုက်ခိုက်ခဲ့၍ စကစဘက်ကလေးဦးသေဆုံးခဲ့တယ်လို့ မေလ၂၆ရက်မှာ စစ်ရေးသတင်းကို ခင်ဦးA.R.F KUအဖွဲ့ကအတည်ပြုဆိုပါတယ်။
ခင်ဦးမြေနီလျှိုတွင် ညအိပ်ခဲ့သော အကြမ်းဖက်စကစများသည် ရွှေဘို လေ့ကျင့်ရေးတပ်သို့ဦးတည်ထွက်ခွာသွားကြောင်းသိရပြီး ကားကြီး သုံးစီးဖြင့် လာကြိုသွားခဲ့ပါတယ်။
မေလ၂၅ရက်က ရွှေဘို ခင်ဦး မြစ်ကြီးနားလမ်းဆုံတွင် တော်လှန်ရေးအင်အားစုများမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာလေးဦးသေဆုံးခဲ့ပါတယ်"လို့ဆိုပါတယ်။
အဆိုပါ သေဆုံးစကစရုပ်အလောင်းများကို မြေနီလျှို ကျေးရွာမီးရှို့သည့်အထဲတွင် ထည့်သွင်း သွားကြောင်း ဒေသခံအဖွဲ့များထံမှ သိရှိရပါတယ်။
========================
📌📌 ၆။ သရုပ်ဆောင် ဒေါင်း ပါဝင်သရုပ်ဆောင်ထားသည့် ထိုင်းဇာတ်လမ်းတွဲ ဆုနှစ်ဆု ရရှိ
မေလ ၂၆
မေလ ၂၅ ရက်ညပိုင်း Nine Entertainment Awards 2023 ပွဲမှာ သရုပ်ဆောင် ဒေါင်း ပါဝင်သရုပ်ဆောင်ထားသော ထိုင်းရုပ်သံဇာတ်လမ်းတွဲ ဖြစ်သည့် "ကျောက်ဖရားမှ ဧရာဝတီသို့ "ရုပ်သံဇာတ်လမ်းတွဲတွင်ဆုနှစ်ဆု ရရှိတယ်လို့ သတင်းရရှိပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်မေလ ၂၅ ရက်နေ့ ညပိုင်းက ပြုလုပ်သည့် Nine Entertainment Awards 2023 ပွဲတွင် ကျောက်ဖရားမှ ဧရာဝတီသို့ ဇာတ်လမ်းတွဲအနေဖြင့် Creative Team of the Year နှင့် Drama of the Year ဆုနှစ်ဆု ရရှိခဲ့တာလို့သိရပါတယ်။
ဆုချီးမြှင့်ပွဲကို သရုပ်ဆောင် ဒေါင်းကိုယ်တိုင်တက်ရောက်ခဲ့ပြီး အခမ်းအနား စင်မြင့်ထက်ကနေ ၎င်း၏ ပရိသတ်များကို ကျေးဇူးတင်ကြောင်းနှင့် သတိတရရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment